Steadfast Trading Co.,Ltd

Steadfast Trading Co.,Ltd Welcome to Steadfast Trading Co fun page.We are the sole distributor of MOTHERS Polish (USA),DIAX and WILSON (Japan)
www.steadfasttrading.com Integrity
2.
(2)

Steadfast Trading Co
- Established in 2011.
- As a sole distributor for some well-known foreign brands, distributing car care and automotive paint products through many branches covering the entire Myanmar. Our Vision
- To become an international standard quality company meeting customer satisfaction and establishing excellent collaboration with local and foreign partners. Our Mission
• To trade

nationwide efficiently
• To introduce fresh, reliable products to our customers
• To import high quality products with reasonable prices
• To train our staff to be highly motivated and have a smooth and healthy relationship with customers

Core Value
1. Fair dealing
3. Customer focus
4. Expertise
5. Teamwork

19/07/2022
🇲🇲 အာဇာနည်နေ့ တို့မမေ့ 🇲🇲 ~~~~~~~~~~~~~~~~~ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပီးသော သူရဲကောင်း အာဇာနည်ခေါင်းဆောင်များ ...
19/07/2022

🇲🇲 အာဇာနည်နေ့ တို့မမေ့ 🇲🇲
~~~~~~~~~~~~~~~~~
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပီးသော သူရဲကောင်း အာဇာနည်ခေါင်းဆောင်များ အားလုံးကို ရိုသေလေးစားစွာဖြင့် ဂါရဝပြုပါအပ်သည်။

🙏🏻 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏🏻 "သန္ဓေ၊ တောထွက် ၊ ဓမ္မစက် ၊မိန့်မြွက်သံချို၊ လဝါဆို" ၁၂.၇.၂၀၂၂  အင်္ဂါနေ့တွင်ကျရောက...
12/07/2022

🙏🏻 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏🏻
"သန္ဓေ၊ တောထွက် ၊ ဓမ္မစက် ၊မိန့်မြွက်သံချို၊ လဝါဆို"

၁၂.၇.၂၀၂၂ အင်္ဂါနေ့တွင်ကျရောက်‌သော "ဝါဆိုလပြည့် ဓမ္မစကြာနေ့" အခါသမယမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဘေးအန္တရာယ်ကင်းဝေးပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း Steadfast Trading Co.,Ltd မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။

အလုပ်သမားနေ့===========၂၀၂၂ ခုနှစ်  မေလ (၁) ရက် တနင်္ဂနွေနေ့ တွင်ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ (𝗟𝗮𝗯𝗼𝘂𝗿 𝗗𝗮𝘆) အား Steadfas...
01/05/2022

အလုပ်သမားနေ့
===========
၂၀၂၂ ခုနှစ် မေလ (၁) ရက် တနင်္ဂနွေနေ့ တွင်
ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ (𝗟𝗮𝗯𝗼𝘂𝗿 𝗗𝗮𝘆) အား Steadfast Trading Co.,Ltd မိသားစုမှ ဂုဏ်ပြုကြိုဆိုပါတယ်ခင်ဗျာ...

GSEC ရဲ့ 1st Graduation Ceremony မှာ ပူးပေါင်းပါဝင်ခွင့်ရတဲ့အတွက် Steadfast Trading Company အနေဖြင့်များစွာဝမ်းမြောက်ရပါ...
12/02/2022

GSEC ရဲ့ 1st Graduation Ceremony မှာ ပူးပေါင်းပါဝင်ခွင့်ရတဲ့အတွက် Steadfast Trading Company အနေဖြင့်များစွာဝမ်းမြောက်ရပါတယ် ... အနာဂတ်မှာ စီးပွါးရေး ပညာရှင် စီမံခန့်ခွဲမှု့ ပညာရှင်များစွာ မွေးထုတ်ပေးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်........

Have a Blessed Chinese New Year Celebrations to you and your loving family throughout this New Year.May this Tiger year ...
31/01/2022

Have a Blessed Chinese New Year Celebrations to you and your loving family throughout this New Year.
May this Tiger year bring with it Good Health, Joy, Peace, Prosperity and wealth to everyone in the Federation of Myanmar.
Keep Safe, everyone you a blessed Chinese New Year 2022.

Gong Xi Fa Cai!
Steadfast Trading Company Limited

မြန်မာသက္ကရာဇ် ၁၃၈၃ ခုတန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်တွင် ကျရောက်သော( ၁၀၁ ) ကြိမ်မြောက် "အမျိုးသားနေ့" ကို Steadfast Tr...
28/11/2021

မြန်မာသက္ကရာဇ် ၁၃၈၃ ခုတန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်တွင် ကျရောက်သော( ၁၀၁ ) ကြိမ်မြောက် "အမျိုးသားနေ့" ကို Steadfast Trading Co.,Ltd မှ ဂုဏ်ပြုကြိုဆိုပါသည်။

.,Ltd

"မြန်မာလူမျိုးတို့ရဲ့နေ့ထူးနေ့မြတ် တန်ဆောင်မုန်းလပြည့်နေ့ အကြောင်း သိကောင်းစရာ"မြန်မာလူမျိုးတို့ရဲ့နေ့ထူးနေ့မြတ် တန်ဆောင...
18/11/2021

"မြန်မာလူမျိုးတို့ရဲ့နေ့ထူးနေ့မြတ် တန်ဆောင်မုန်းလပြည့်နေ့ အကြောင်း သိကောင်းစရာ"
မြန်မာလူမျိုးတို့ရဲ့နေ့ထူးနေ့မြတ် တန်ဆောင်မုန်းလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့နေ့ဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားရှင်ကို ဆီမီးထွန်းညှိ ပူဇော်တဲ့ပွဲတော်ဖြစ်သည့်အပြင် ကထိန်သင်္ကိန်းကပ်လှူခွင့်ရတဲ့ နောက်ဆုံးနေ့လည်းဖြစ်ပါတယ်။ ဘုရားရှင်က အဇာတသတ်မင်းကို တန်ဆောင်မုန်းလပြည့်နေ့မှာ သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူတဲ့အတွက်ကြောင့်လည်း တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလအခါတော်နေ့” လို့လည်း ခေါ်ဆိုကြပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပွဲတော်တွေကလည်း အများကြီးပါပဲ။ သာမညဖလအခါတော်နေ့ ပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲ၊ ကထိန်သင်္ကန်းကပ်လှူပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပွဲ၊ မဲဇလီဖူးသုပ်ဝေငှပွဲ၊ ကျီးမနိုးပွဲ၊ ပံ့သကူပစ်ပွဲတွေ ကျင်းပပြုလုပ်လေ့ရှိပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့မှာ သာမညဖလသုတ်တော် ဟောကြားတဲ့အပြင် သီတင်းကျွတ်လပြည့်နေ့လိုပဲ ဆီးမီးထွန်းညှိပူဇော်ကြပါတယ်။မြန်မာနိုင်ငံတော်သည် ထေရဝါဒဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရာ နိုင်ငံဖြစ်တဲ့အတွက် ကထိန်ပွဲအပြင် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲလည်းကျင်းပကြပါတယ်။ မသိုးသင်္ကန်းဆိုတာက နေ့မကူး၊ ရက်မကူးစေဘဲ တစ်ရက်အတွင်း အပြီးရက်လုပ်လှူဒါန်းရတဲ့ သင်္ကန်းဖြစ်တဲ့အတွက် မသိုးသင်္ကန်းလို့ ခေါ်တာဖြစ်ပါတယ်။ အရင်ခေတ်နဲ့ အခုခေတ် မသိုးသင်္ကန်းရက်လုပ်ပုံက အနည်းငယ်ကွဲပြားလာပါတယ်။
မသိုးသင်္ကန်းကို ကထိန်ကာလဖြစ်တဲ့ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ နေ့စဉ်ရက်ဆက် ရက်လုပ်တာမဟုတ်ပါဘူး။ ကထိန်ကာလရဲ့နောက်ဆုံးနေ့ တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင် လဆန်း ၁၄ ရက် ညနေပိုင်းမှာ စတင်ရက်လုပ်ကြရပြီး လပြည့်နေ့ အရုဏ်မတက်ခင် အပြီးချုပ်လုပ်ကပ်လှူကြရပါတယ်။ မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲကို ထင်ရှားတဲ့ဘုရားတွေမှာ စည်းကမ်းသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့ကို မြန်မာလူမျိုးတွေက ဆေးပေါင်းခတဲ့ညလို့ သတ်မှတ်ထားကြတဲ့အတွက် မဲဇလီဖူးသုပ်ကာ ဝေငှစားကြပါတယ်။ ညဉ့်သန်းခေါင်ယံအချိန်မှာ မဲဇလီဖူးသုပ်စားမယ်ဆိုရင် ဆေးဖက်ဝင်တယ်။ သိဒ္ဓိမြောက်တယ်လို့ မြန်မာလူမျိုးတွေက ယူဆထားကြပါတယ်။ အဲဒီနေ့မှာပဲ မြို့နယ်ရပ်ကွက်တွေနဲ့ ကျေးလက်ဒေသတွေမှာ ကျီးမနိုးပွဲတော်လည်း ကျင်းပကြပါတယ်။ ရှေးတုန်းကတော့ ကျီးမနိုးပွဲဆိုတာ ကိုယ်စွမ်းကိုယ်စ၊ ဆေးမင်အစွမ်းကို စမ်းကြတဲ့ပွဲဖြစ်ပြီး ချစ်စရာကောင်းတဲ့အလေ့အထတစ်ခုပါ။ ဆေးမင်ထိုးပြီး သဒ္ဓိတင်ဖို့လိုတဲ့ ကာလသားတွေကို ဒီနေ့မှာ ဆေးမင် ထပ်ဆင့်ထိုးနှံပြီး သိဒ္ဓိအသစ်တင်ပေးကြပါတယ်။ ဒါဟာ မင်ကြောင်ထိုးတဲ့ ဒုတိယမြောက်တစ်ခေါက်ဖြစ်ပြီး ဂဝံ၊ ကြောင်ရုပ်၊ သူရဿတီနတ်သမီးရုပ်တို့ကို ဖြည့်သွင်းထိုးနှံပါတယ်။ ဒီလိုထိုးပြီးရုံနဲ့ ကာလသားတို့တာဝန်မကျေပါဘူး ထိုးခဲ့တဲ့ ဆေးမင်တွေကို ဘယ်လောက်အောင်မြင်ပြီးစီးတယ်ဆိုတဲ့အကြောင်း လက်တွေ့စမ်းသပ်ရတဲ့ ထုံးတမ်းရှိပါတယ်။
ဒါကြောင့် ဆေးမင်ဝိုင်းကနေ ထွက်လာပြီး မှောင်ရိပ်ခိုကာ ရွာပတ်ခိုးရပါတယ်။
ဒီလိုနဲ့ ခိုးလို့ရလာတဲ့ပစ္စည်းတွေကို ရွာလယ်စည်းဝိုင်းထဲ စုပုံထည့်ထားရပါတယ်။ ဒီခိုးရာပါပစ္စည်းတွေကို ရောင်းလို့ရတဲ့ငွေနဲ့သင်္ကန်း ပရိက္ခရာတွေကိုဝယ်ယူပြီး ခေါင်းတုံးပြီးဖြစ်နေတဲ့ ခိုးသားတွေကို ရှင်ပြု၊ ရဟန်းခံခြင်းအမှုကို ပြုပါတယ။် ကျီးမနိုးခင်အချိန်မှာ ဒါတွေအားလုံးကို အပြီးအစီးလုပ်ဆောင်ကြတဲ့ပွဲမို့ ဒီပွဲကို ကျီးမနိုးပွဲလို့ခေါ်ပါတယ်။ အခုခေတ်မှာတော့ အိမ်အပြင်မှာရှိတဲ့ပစ္စည်းတွေကို အခြားနေရာမှာ ရွေ့ထားတာ၊ ပစ္စည်းတွေကိုခိုးယူတာတွေလုပ်ကြပါတယ်။
တန်ဆောင်မုန်းလမှာ ပံ့သကူပစ်ပွဲလည်း ကျင်းပကြပါသေးတယ်။ ပံ့သကူပစ်ပွဲက အခြားပွဲတွေလို လူစုလူဝေးနဲ့ ကျင်းပရတဲ့ပွဲမျိုးမဟုတ်ဘဲ လူတွေမမြင်နိုင်တဲ့နေရာ၊ ညမှောင်ချိန်မှာ ပိုက်ဆံ၊ ပစ္စည်းတွေကို တိတ်တဆိတ်စွန့်ပစ်လှူဒါန်းတဲ့ပွဲဖြစ်ပါတယ်။ ဘုရားဝင်းတွေမှာ အများဆုံးသွားရောက်ပစ်ချလှူဒါန်းကြတာများပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မှာဆိုရင် ပံ့သကူပစ္စည်း အရှာထွက်တဲ့ ကလေး၊လူငယ်လူရွယ်တွေ များစွာကိုလည်း တွေ့ရပါတယ်။
အခုတန်ဆောင်မုန်းလပြည့်နေ့ဟာ ကုသိုလ်ကောင်းမှုများစွာပြုလုပ်လို့ရတဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာလူမျိုးတွေလည်း ဒီတန်ဆောင်မုန်းနေ့မှာ ကုသိုလ်ကောင်းမှုအစုစုကိုပြုလုပ် အားထုတ်ပွားများနိုင်ကြပါစေလို့ Steadfast Trading Co.,Ltd မှဆုမွန်ကောင်း တောင်းအပ်ပါသည်။

.,Ltd

ဝါလကင်းလွတ်သီတင်းကျွတ် အခါသမယလေးမှာ ချစ်ရတဲ့မိသားစုတွေနဲ့အတူတူ "မီးထွန်းပွဲတော်" ကိုဆင်နွှဲရင်း သီတင်းကျွတ်ရက်မြတ်လေးမှာ...
20/10/2021

ဝါလကင်းလွတ်သီတင်းကျွတ် အခါသမယလေးမှာ ချစ်ရတဲ့မိသားစုတွေနဲ့အတူတူ "မီးထွန်းပွဲတော်" ကိုဆင်နွှဲရင်း သီတင်းကျွတ်ရက်မြတ်လေးမှာ အေးအေးချမ်းချမ်းပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေကြောင်း STEADFAST မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ.....

.,Ltd

ဝါဆိုလပြည့် ဓမ္မစကြာနေ့ 🙏🙏🙏=======================ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအဖို့ ထူးခြားသော နေ့ထူးနေ့မြတ်ကြီး တ...
23/07/2021

ဝါဆိုလပြည့် ဓမ္မစကြာနေ့ 🙏🙏🙏
=======================
ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအဖို့ ထူးခြားသော နေ့ထူးနေ့မြတ်ကြီး တစ်ရက်ပင် ဖြစ်ပါတယ်။

ဝါဆိုလပြည့်နေ့ကို သန္ဓေ၊တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း

🙏ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား မယ်တော် မာယာထံတွင် ပဋိသန္ဓေတည်တော်မူသော နေ့
🙏သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီး လေးပါးကို နတ်များ ဖန်ဆင်းပြသရာ သံဝေဂရ၍ တောထွက်တော်မူသောနေ့
🙏ဘုရားအဖြစ်သို့ ရောက်ပြီး ပဉ္စဝဂ္ဂီ (၅) ဦးကို တရားဦးဓမ္မစကြာကို ဟောကြားတော်မူသောနေ့
🙏သာဝတ္ထိပြည် သရက်ဖြူပင်ရင်း၌ တိတ္တိသင်းကိုနှိမ်နှင်း၍ ရေအစုံ၊ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူသောနေ့တို့မှာ ဤဝါဆိုလပြည်နေ့ပင် ဖြစ်ပါတယ်။

🙏ထို့ပြင် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့မှာလည်း ဝါဆိုလပြည့်နေ့ပင်ဖြစ်ပြီး ပဉ္စဝဂ္ဂီ (၅) ဦး သာသနာတော်ကို ဝင်ရောက်ပြီး မြတ်စွာဘုရားသာသနာတော်၌ ပထမဆုံး ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး စုံလင်စွာ စတင်ပေါ်ပေါက်သော နေ့မှာလည်း ဝါဆိုလပြည့်နေ့ပင် ဖြစ်ပါတယ်။

🙏ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့ဖြစ်သည့်အပြင် ဧဟိ ဘိက္ခုဟူသောစကားကို စတင်ကြားရသော နေ့မှာလည်း ဝါဆိုလပြည့်နေ့ပင်ဖြစ်ပါတယ်။

ရဟန်းသံဃာတော်များသည် ဝါဆိုလပြည့်နေ့တွင် ဝါတွင်း သုံးလပတ်လုံး မိမိတို့ သီတင်းသုံးရာ ကျောင်းအတွင်းမှ အရပ်တစ်ပါးသို့ ပြောင်းရွှေ့သွားလားခြင်းမပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါတွင်း (၃) လပတ်လုံး ဝါဆိုဝါကပ်မှုများကို ပြုကြပါသည်။ ရဟန်းတော်များ ဝါတွင်း (၃)လပတ်လုံး ငြိမ်သက်စွာ တရားအားထုတ်လျက်ရှိစဉ် ချမ်းမြေ့မှုရှိစေရန်အလို့ငှာ လူတို့က ကုသိုလ်ဒါနများ ပြုကြခြင်းဖြင့် ထောက်ပံ့ကြပါသည်။ ဝါကပ်သော ရဟန်းသံဃာများကို ပန်း၊ဆီမီးတို့ဖြင့် ပူဇော်ကြရာမှ ဝါဆို၊ ဝါကပ်ခြင်းကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စသည်ဖြင့် ဝေါဟာရများ ပေါ်ပေါက်လာပါတယ်။

ဝါဆိုလပြည့်နေ့တွင် မြတ်စွာဘုရားက တရားဦးအဖြစ် ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီ (၅)ဦးတို့အား မိဂဒါဝုန်တော၌ ဟောကြားခြင်းကို အစွဲပြု၍ ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ဟု သတ်မှတ်ခေါ်ကြခြင်းလည်း ဖြစ်ပါတယ်။

ဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်တို့က အလှူဒါနများပြုကြခြင်း၊ ဘုရားကျောင်းကန်များကိုသွားရောက်ကာ ဝါဆိုပန်းများ ဆပ်ကပ်လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များ ရွတ်ဖတ်ပူဇော်ကြခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းများ ပြုလုပ်ခြင်း အမှုများကို လုပ်ဆောင်လေ့ရှိကြပါတယ်။

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့တွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် လိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။ 🙏🙏🙏

(၇၄) နှစ်မြောက် အာဇာနည်နေ့မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ ကြိုးပမ်းစဉ်ကာလဖြစ်သော (၁၉၄၇) ခုနှစ်၊ ဇူလိုင် (၁၉) ရက်နေ့၌ ဗိုလ်ခ...
19/07/2021

(၇၄) နှစ်မြောက် အာဇာနည်နေ့

မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ ကြိုးပမ်းစဉ်ကာလဖြစ်သော (၁၉၄၇) ခုနှစ်၊ ဇူလိုင် (၁၉) ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံရေးတွင် အလွန်အရေးပါသော ခေါင်းဆောင်ကြီးကိုးဦးတို့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပါသည်။ အဆိုပါနေ့အား 'အာဇာနည်နေ့' အဖြစ် သတ်မှတ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ် နေ့ရက်တစ်ရက်အဖြစ် သတ်မှတ်ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် (၇၄) နှစ်မြောက် အာဇာနည်နေ့ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့တွင် ကျရောက်သော အာဇာနည်နေ့အား အောက်မေ့အမှတ်ရစွာဖြင့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးကိုးဦးတို့အား ဦးညွှတ်ဂါရဝပြုအပ်ပါသည်။

#အာဇာနည်နေ့
.,Ltd

Address

No 23, Yadana Street
Thingangyun

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Steadfast Trading Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Steadfast Trading Co.,Ltd:

Share