20/12/2025
Chubb Life Myanmar မှာ ကျွန်မကို ချစ်ခင် ယုံကြည်စွာဖြင့် အာမခံအကာကွယ်ရယူထားကြသော လေးစားရတဲ့ မိတ်ဆွေသူငယ်ချင်းများအားလုံးကို
စိတ်မကောင်းစွာ အားနာခြင်းများစွာဖြင့်
အနူးအညွန့် တောင်းပန်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်ရှင် 😔
Chubb Life Myanmar သည် မြန်မာနိုင်ငံမှ ဆက်လက်လုပ်ဆောင်ရန် အခက်အခဲရှိသည့်အတွက် အပြီးတိုင်လုပ်ငန်းပိတ်သိမ်းပြီဖြစ်သောကြောင့်
15.12.2025 မှစ၍ ၏ policy စာချုပ်ပါ အကာအကွယ်သဘောတူညီချက်များ ရပ်ဆိုင်းသွားပြီဖြစ်ပါသည်။
သို့အတွက်ကြောင့်
Customer တွေအတွက် နစ်နာမှုမရှိအောင် စီစဉ်ပေးခဲ့တာမို့ စိတ်ပူစရာမလိုကြောင်း နှင့် Refund တွေအားလုံးပြီးစီးသည့်အထိ အကောင်းဆုံးဝန်ဆောင်မှုပေး၍ ဆက်လက်ကူညီပေးသွားမည့်အကြောင်းကို ရိုသေလေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်ရှင့် .. နားလည်မှုများစွာဖြင့် စောင့်ဆိုင်းရပ်တည်ပေးကြသည့်အတွက်လည်း အထူးပဲ ကျေးဇူးတင်ရှိပါသည်ရှင့် 🙏🙏🙏
ကျွန်မကိုယ်တိုင်လည်း အာမခံအကာအကွယ် ရယူထားသူ Policy Owner တစ်ယောက်ဖြစ်တဲ့အတွက် .. အကာအကွယ်ဆက်မရနိုင်တော့တဲ့အပေါ်မှာ အင်မတန်မှ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ် ရှင့် .. ၁၅ ရက်နေ့နောက်ပိုင်း အာမခံအကာအကွယ်မရှိတော့ပဲ သွားလာနေထိုင်စားသောက်ရတာ safety ဖြစ်တဲ့ Peace of Mind လည်းပျောက်ဆုံးနေတဲ့အတွက် တစ်ကယ့်ကိုရင်ထဲမှာ လစ်ဟာနေရတာပါပဲရှင် 😔
ဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး Update သတင်းများကို အချိန်နှင့်တပြေးညီ informed လုပ်ပေးဖို့ အဆင်သင့်ရှိနေပေးပါမယ် .. နားလည်လက်ခံပေးမှုတွေအတွက်လည်း ရင်ထဲကနေ အထူးပဲကျေးဇူးတင်ရှိကြောင်း ပြောပါရစေရှင့် 🙏🙏🙏
Win Lek Lek Kyaw
Financial Advisor
Chubb Life Myanmar
20.12.2025