17/05/2026
အရင်တုန်းကတော့
“အမေဆိုတာ အားလုံးနားလည်ပေးနိုင်ရမှာပေါ့”
“သမီးစိတ်မကောင်းဖြစ်နေတာ အမေသိရမှာပေါ့”
“အမေက ဝိုင်းကူပေးရမှာပေါ့”
“အမေဆိုတာ နေတတ်ရမှာပေါ့” ဆိုပြီး တွေးခဲ့ဖူးတယ်။
ကိုယ်စိတ်ပင်ပန်းတဲ့အချိန်တိုင်း
အမေ့ကိုပဲ မျှော်လင့်ခဲ့တယ်။
အမေ မမှားနိုင်ဘူး၊ အမေက အမြဲခိုင်မာနေရမယ်လို့ ထင်ခဲ့တယ်။
ဒါပေမယ့် တစ်နေ့ကျတော့
“အမေလည်း တစ်ချိန်က တစ်ယောက်ရဲ့ သမီးလေးပဲ” ဆိုတာ နားလည်လာတယ်။
အမေလည်း ဒီဘဝကို ပထမဆုံး ဖြတ်သန်းနေတာပဲ။
အမေလည်း မသိတာတွေရှိတယ်၊ မှားတတ်တယ်၊ ပင်ပန်းတတ်တယ်။
အသက်ကြီးလာပေမယ့် ဘဝကို သင်ယူနေတုန်းပဲဆိုတာ သိလာတယ်။
အဲ့ဒီအချိန်မှ
အမေ့ကို “ဘာလို့ နားမလည်ပေးနိုင်တာလဲ” လို့ မမေးတော့ဘူး။
“အမေ ဘယ်လောက်တောင် ကြိုးစားခဲ့ရမလဲ” ဆိုတာကိုပဲ စတွေးမိလာတယ်။
အခုတော့
အမေ့ကို အပြစ်တင်တာထက်
နားလည်ပေးဖို့ ကြိုးစားတတ်လာပြီ။
အမေ့ကို မျှော်လင့်ချက်တွေနဲ့ ဖိအားပေးတာထက်
“အမေလည်း လူသားတစ်ယောက်ပဲ” ဆိုတာကို လက်ခံတတ်လာပြီ။
တကယ်တော့
ကြီးပြင်းလာတာဆိုတာ
မိဘတွေကို အပြစ်တင်နေတာကနေ
သူတို့ရဲ့ မပြည့်စုံမှုကို နားလည်ပေးတတ်လာတာမျိုး ဖြစ်မယ်ထင်တယ်။
ချစ်ရတဲ့ မေမေနဲ့ သမီးများအတွက်.. ❤️
✨ Team InfinityWealth