AMITA Insurance Solutions

AMITA Insurance Solutions သင်နှင့်သင့်မိသားစု အနာဂါတ် လုံခြုံစိတ်ချ​စေဖို့အတွက်
“ကာကွယ်ခွင့်ပြုပါ”

ဘာဖြစ်လို့ အသက်အာမခံလုပ်ဖို့ လိုအပ်တာလဲ???သင့်မိသားစုကို...၁။ ငွေကြေးအရ အကာအကွယ်ပေးနိုင်ခြင်း၂။ အနာဂတ်အတွက်ငွေကြေး ကြိုတ...
20/08/2026

ဘာဖြစ်လို့ အသက်အာမခံလုပ်ဖို့ လိုအပ်တာလဲ???

သင့်မိသားစုကို...

၁။ ငွေကြေးအရ အကာအကွယ်ပေးနိုင်ခြင်း

၂။ အနာဂတ်အတွက်ငွေကြေး ကြိုတင်စုဆောင်းခြင်း

၃။ သင့်ရင်သွေး၏ အနာဂတ်ပညာရေးအတွက် စိတ်အေးရခြင်း

၄။ သင့်ရဲ့ အငြိမ်းစားကာလအတွက် ကြိုတင်ပြင်ဆင်ခြင်း

အသက်အာမခံနှင့် ပတ်သက်ပြီး အနည်းငယ်လွဲမှားနေတဲ့ အယူအဆလေးတွေရှိကြပါတယ်။

တကယ်တော့ အသက်အာမခံဆိုတာ သင်ကျန်းမာနေစဥ် အလုပ်လုပ်နိုင်စဥ်ကာလမှာ ဝယ်ယူထားသင့်တဲ့ အာမခံဖြစ်ပြီး သင့်အနေနှင့် မမျှော်လင့်တဲ့ အခြေအနေများနှင့်တွေ့ကြုံရတဲ့အခါ ငွေကြေးအရ ကာကွယ်မှုရှိခြင်း၊ ဒါ့အပြင် သင်ချစ်ရတဲ့သူတွေ ရဲ့ အနာဂတ်ကို ငွေကြေးအရ ကာကွယ်ပေးနိုင်တဲ့ အစီအစဥ်တစ်ခုပဲဖြစ်ပါတယ်။

နောက်နေ့မှာ ဘာဖြစ်မလဲဆိုတာကို မသိနိုင်တဲ့ လူ့ဘဝအတွက် လူတိုင်းမှာကြိုတင်စီစဥ်ထားခြင်းဆိုတာရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့အနာဂတ်ငွေကြေး အတွက် စိတ်အေးရစေဖို့နှင့် ကျွန်တော်တို့ရဲ့ အိပ်မက်တွေ ပျောက်ပျက်မသွားအောင် အသက်အာမခံ ထားရှိခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။


📌 𝐊𝐁𝐙 𝐋𝐈𝐅𝐄 ကို ပရီမီယံကြေး ပေးသွင်းတဲ့အခါ  ဒါလေးတော့ သိထားပါ 🙆‍♀️𝐊𝐁𝐙 𝐋𝐈𝐅𝐄 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 ရဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေအတွက် လုံခြုံစိတ်ချရ...
15/08/2026

📌 𝐊𝐁𝐙 𝐋𝐈𝐅𝐄 ကို ပရီမီယံကြေး ပေးသွင်းတဲ့အခါ ဒါလေးတော့ သိထားပါ 🙆‍♀️

𝐊𝐁𝐙 𝐋𝐈𝐅𝐄 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 ရဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေအတွက် လုံခြုံစိတ်ချရတဲ့ ငွေပေးချေမှုဖြစ်စေဖို့ တရားဝင် ဒီ 𝐏𝐚𝐲𝐦𝐞𝐧𝐭 𝐂𝐡𝐚𝐧𝐧𝐞𝐥 တွေကနေ ပရီမီယံကြေး ပေးသွင်းပေးပါ

ပရီမီယံကြေး (အာမခံကြေး) ကို 💁‍♀️ 𝐊𝐁𝐙 𝐌𝐨𝐛𝐢𝐥𝐞 𝐁𝐚𝐧𝐤𝐢𝐧𝐠, 💁‍♀️ 𝐊𝐁𝐙 𝐏𝐚𝐲 ( 𝐐𝐮𝐢𝐜𝐤 𝐏𝐚𝐲 ) တို့နဲ့ ပေးသွင်းလို့ရသလို ဒီ 𝐁𝐚𝐧𝐤 𝐀𝐜𝐜𝐨𝐮𝐧𝐭 တွေမှာလည်း Official ပေးသွင်းနိုင်ပါတယ်ရှင်

🔹 𝐊𝐁𝐙 𝐁𝐚𝐧𝐤
KBZ (Current) 219 103 219 006 03001
KBZ (Special) 219 513 219 006 03001

🔹 𝐀𝐘𝐀 𝐁𝐚𝐧𝐤
AYA (Saving) 200 284 155 29
AYA (Special) 400 289 468 01

🔹 𝐘𝐎𝐌𝐀 𝐁𝐚𝐧𝐤
YOMA (Saving) 002 044 124 503 041
YOMA (Call) 005 345 460 002 180
Wave Money Wave Account : 09880904264

🔹 𝐔𝐀𝐁 𝐁𝐚𝐧𝐤
UAB (Saving) 042 100 100 003 492
UAB (Special) 042 106 010 000 1649

🔹 𝐀 𝐁𝐚𝐧𝐤
A Bank (Saving) 002 101 020 000 7399
A Bank (Special) 002 101 120 001 2367

🔹 𝐌𝐀𝐁 𝐁𝐚𝐧𝐤 (Call) 002 01 63 002 034 931 011

🔹 𝐒𝐡𝐰𝐞 𝐁𝐚𝐧𝐤 210 06 800 1746

🔹 𝐌𝐎𝐁 𝐁𝐚𝐧𝐤 000 260 530 0000 159

🔹 𝐂𝐁 𝐁𝐚𝐧𝐤
CB Bank (Saving) 008 860 030 000 0353
CB Bank (Special) 008 860 090 000 0477

🔹 𝐌𝐃 𝐁𝐚𝐧𝐤
MD Bank (YGN) 001 301 031 040 001 627
MD Bank (MDY) 003 303 031 040 003 855

📌 သတိထားဖို့အနေနဲ့

- ငွေမလွှဲခင် တရားဝင် 𝐀𝐜𝐜𝐨𝐮𝐧𝐭 ဟုတ်မဟုတ် အရင် စစ်ဆေးပါ။
- တရားဝင် 𝐀𝐜𝐜𝐨𝐮𝐧𝐭 ကိုသာ ငွေပေးသွင်းပါ။
( တခြား 𝐀𝐜𝐜𝐨𝐮𝐧𝐭 များသို့ ငွေပေးသွင်းချေခြင်းသည် တရားဝင်မည်မဟုတ်ပါ )
- သံသယဖြစ်စရာ ကြုံလာပါက 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 – 09 9544 777 88 ကိုဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်ရှင် ...

သင့်အနာဂတ် လုံခြုံစိတ်ချဖို့ အတွက် ဒီနေ့ပဲ 𝐊𝐁𝐙 𝐋𝐢𝐟𝐞 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 နဲ့ ယုံကြည်စွာ လက်တွဲလိုက်ပါ ...


ဘဝမှာ ဘယ်လို အာမခံချက်မျိုးတွေရှိမလဲ?ဘဝမှာ ဘာကိုအာမခံလို့ရနိုင်မလဲ...?လူကြီးမင်းရဲ့ အသက်၊ ပိုင်ဆိုင်မှု၊ ချစ်ခင်မြတ်နိုး...
11/08/2026

ဘဝမှာ ဘယ်လို အာမခံချက်မျိုးတွေရှိမလဲ?

ဘဝမှာ ဘာကိုအာမခံလို့ရနိုင်မလဲ...?

လူကြီးမင်းရဲ့ အသက်၊ ပိုင်ဆိုင်မှု၊ ချစ်ခင်မြတ်နိုးမှုတွေ ...ဒါတွေအတွက် ကြုံလာနိုင်မဲ့ အခက်အခဲ(risks) စတာတွေကို အကာအကွယ်ပေးနိုင်ဖို့ အာမခံချက်တွေရှိပြီးပြီလား?
ပြိုလဲပျက်စီးသွားတဲ့ လူကြီးမင်းတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ငွေရေးကြေးရေး(financial)အရ အကာအကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော
အကာအကွယ်ကတော့ အာမခံ(insurance)ဆိုတဲ့
ငွေကြေးစီမံခန့်ခွဲမှု(financial planning)ပဲ ဖြစ်ပါတယ်။
အနာဂတ်ဆိုတာ ကြိုတင်မှန်းဆလို့မရနိုင်ပါဘူး။
သို့သော် ကြုံတွေ့လာနိုင်တဲ့အခက်အခဲတွေအတွက်
ကြိုတင်ပြင်ဆင်မှုတွေလိုအပ်ပါတယ်။
ဥပမာ- လူကြီးမင်း တို့ရဲ့ပိုင်ဆိုင်မှုအချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားရင် ငွေကြေးအရအခက်အခဲတွေ ကြုံလာနိုင်ပါတယ်။ ပျက်စီးသွားတဲ့အရာကို အစားထိုးဖို့ ငွေကြေးလိုအပ်ချက်ကလေးတွေရှိလာနိုင်ပါတယ်။

ဒီလိုအခြေအနေမှာ အာမခံက ဘယ်လို အကာအကွယ်မျိုးပေးနိုင်မလဲ?

အာမခံဆိုတာဟာ လူကြီးမင်းတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ငွေကြေးအရ အကာအကွယ်ပေးခြင်းပဲဖြစ်ပါတယ်။
ငွေကြေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို လျော့ကျလာစေရန်အတွက် အာမခံလုပ်ငန်းများဟာ အကူအညီပေးနိုင်တဲ့ တစ်ခုတည်းသော သော့ချက်ဖြစ်ပါတယ်။
ငွေကြေးဆိုင်ရာ အခက်အခဲတွေအတွက် လူကြီးမင်းအနေနဲ့ ဘယ်လို စီမံထားမလဲဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။
ကျွန်တော်တို့ AMITA Insurance Solutions အနေနဲ့ လူကြီးမင်းတို့ရဲ့ ငွေကြေးဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ အကြံဉာဏ်ကောင်းများ ပေးနိုင်ဖို့ ရောက်ရှိလာပါပြီ ခင်ဗျာ။

AMITA Insurance Solutions
Office: 09455270070

Office Address: No 224 Building 1 /B
6th Floor,Bo Gyoke Aung San Road
Nyaung Shwe Haw Gone Yard
CityHeart Condo

မီးအာမခံကအိုးအိမ်နဲ့စီးပွားရေးအဆောက်အဦတွေအတွက်ပဲလား??အတွင်းပစ္စည်းတွေအတွက်ရောအကာအကွယ်ဖြစ်ပါသလား??မီးအာမခံထားသူအများစုအနေ...
07/08/2026

မီးအာမခံကအိုးအိမ်နဲ့စီးပွားရေးအဆောက်အဦတွေအတွက်ပဲလား??

အတွင်းပစ္စည်းတွေအတွက်ရောအကာအကွယ်ဖြစ်ပါသလား??

မီးအာမခံထားသူအများစုအနေနဲ့ မိမိတို့ရဲ့ပိုင်ဆိုင်မှုအိုးအိမ်အတွက်သာမက
🛡️အိမ်အတွင်းပစ္စည်းတွေဖြစ်တဲ့ ပရိဘောဂပစ္စည်းများ နှင့် အိမ်သုံးပစ္စည်းများ၊
🛡️စက်ရုံပစ္စည်း၊ စက်ယန္တရားများ၊ စက်ကိရိယာများ နှင့် ဆက်စပ်နေသောပစ္စည်းများ၊
🛡️ထုတ်လုပ်မှုပစ္စည်းများ၊ ကုန်ကြမ်းများ၊ လုပ်ငန်းဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ပြီးကုန်ချောပစ္စည်း များစတဲ့အတွင်းပစ္စည်းများကိုပါ အာမခံအကာအကွယ်ရယူထားပါက ဆုံးရှုံးမှုများနှင့်ကြုံရတဲ့အခါ အကာအကွယ်ရရှိနိုင်ပါတယ်။



#မီးအာမခံ #အာမခံ

ဆိုင်ကယ်သော့ ... ရှိ।ဖုန်း ... ရှိ।ပိုက်ဆံအိတ် ... ရှိ।ဆီ….ရှိဦးထုတ်……ရှိဒါပေမဲ့ "အာမခံ" ကော ရှိရဲ့လား?မတော်တဆမှုဆိုတာက ...
29/07/2026

ဆိုင်ကယ်သော့ ... ရှိ।
ဖုန်း ... ရှိ।
ပိုက်ဆံအိတ် ... ရှိ।
ဆီ….ရှိ
ဦးထုတ်……ရှိ
ဒါပေမဲ့ "အာမခံ" ကော ရှိရဲ့လား?

မတော်တဆမှုဆိုတာက "ဟေ့လူ ... ကျန်ခဲ့ဦးမယ်" လို့ လှမ်းအော်ပြီးမှ ဖြစ်တာမဟုတ်ဘူးနော်။

ဩော် ... အာမခံရှိရင်တော့ ရင်တုန်ပန်းတုန်ဖြစ်စရာ
မလိုဘူးပေါ့။

သင့်ရဲ့ "ရှိ" တဲ့အထဲမှာ အာမခံကိုပါ ထည့်ထားဖို့ မမေ့နဲ့ဦး။

#အာမခံ #မမေ့နဲ့ #ဘဝ #စိုးရိမ်စရာမလို

"မနက်ဖြန်မှာ ဘာဖြစ်မယ်ဆိုတာ ကြိုမသိနိုင်ပေမဲ့… သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေ လေထဲမပါသွားအောင် ကြိုတင်ကာကွယ်ထားလို့ ရပါတယ...
24/07/2026

"မနက်ဖြန်မှာ ဘာဖြစ်မယ်ဆိုတာ ကြိုမသိနိုင်ပေမဲ့… သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေ လေထဲမပါသွားအောင် ကြိုတင်ကာကွယ်ထားလို့ ရပါတယ်။"
နေ့တိုင်း ကျွန်တော်တို့ ကြိုးစားရုန်းကန်နေကြတာ ဘာအတွက်ကြောင့်လဲ?
မိသားစုရဲ့ အနာဂတ်၊ အပင်ပန်းခံ စုဆောင်းထားတဲ့ ပိုင်ဆိုင်မှုတွေနဲ့ လုံခြုံစိတ်ချရတဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို့ မဟုတ်ပါလား။

ဒါပေမဲ့ ဘဝဆိုတာ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေနဲ့ ပြည့်နှက်နေပါတယ်။

ကြိုးစားစုဆောင်းထားသမျှ မမျှော်လင့်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့် တစ်ညတည်းနဲ့ မပျောက်ကွယ်သွားရအောင်

ကျန်းမာရေး သို့မဟုတ် ရာသီဥတု/သဘာဝဘေး ကြုံလာရချိန်မှာ မိသားစုနဲ့ စီးပွားရေးအပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်ရအောင်

သင့်ရဲ့ အိပ်မက်တွေနဲ့ စီးပွားရေးလုပ်ငန်း ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်နိုင်အောင်

🛡️ အာမခံဆိုတာ ကုန်ကျစရိတ်တစ်ခု မဟုတ်ပါဘူး။
ဒါဟာ မုန်တိုင်းထန်တဲ့ အခါမျိုးမှာ သင့်ရဲ့ မိသားစုနဲ့ စီးပွားရေးကို လုံခြုံစွာ ကာကွယ်ပေးထားမယ့် “စိတ်အေးချမ်းမှု ဒိုင်းလွှား” တစ်ခုပါ။

မနက်ဖြန်အတွက် စိုးရိမ်ပူပန်နေမယ့်အစား ဒီနေ့ပဲ သင့်ရဲ့ တန်ဖိုးရှိတဲ့ အနာဂတ်ကို စိတ်ချရတဲ့ ကာကွယ်မှုတွေနဲ့ စတင်လိုက်ပါ။

📞 အသေးစိတ် ဆက်သွယ်မေးမြန်းရန် - [09455270070]


လွန်ခဲ့တဲ့ခြောက်လလောက်ကညနေစောင်းအချိန်မှာ လူငယ်တစ်ယောက် ဆိုင်ကယ်အက်စီးဒင့်ဖြစ်တယ်။   အခင်းဖြစ်ရာမှဘဲ ဆုံးသွားတယ်။ပြည်ပမှ...
17/07/2026

လွန်ခဲ့တဲ့ခြောက်လလောက်က
ညနေစောင်းအချိန်မှာ လူငယ်တစ်ယောက်
ဆိုင်ကယ်အက်စီးဒင့်ဖြစ်တယ်။
အခင်းဖြစ်ရာမှဘဲ ဆုံးသွားတယ်။

ပြည်ပမှာနေကြသူချင်းမို့
သူ့အခန်းက ပစ္စည်းလေးတွေသိမ်းပေးဖို့
သူ့သူငယ်ချင်းက သွားတယ်။

စားပွဲပေါ်က လက်တော့က
ဖွင့်လက်စ၊
စားလက်စ လက်ဖက်သုပ်ပန်းကန်လေးနဲ့
တဝက်ကျန်နေသေးတဲ့ ကော်ဖီခွက်၊
မလျှော်ရသေးတဲ့အဝတ်တချို့၊
စာမပြန်ရသေးတဲ့ သူ့ချစ်သူရဲ့မက်ဆင်ဂျာက
ပြောလက်စ မက်ဆေ့လေးတွေ။

တစ်ခုခုကိုသွားဝယ်ဖို့ ခဏထွက်သွားပုံဘဲ။

ဘာကိုမှ လက်စမသတ်ထားခဲ့ဘူး။

ခဏနေပြန်ရောက်မယ်လို့
သူကိုယ်တိုင်လည်း ထင်ခဲ့ပုံဘဲ။

ခဏတဖြုတ်ဆိုပြီး ထထွက်သွားတဲ့ လူငယ်တယောက် သူ့အခန်းလေးဆီ ဘယ်တော့မှပြန်မရောက်လာခဲ့ဘူး။

သူကိုယ်တိုင်မသိခဲ့ရတဲ့ တမလွန်ခရီးကိုထွက်သွားရတယ်။

မနက်ဖြန်မှာ ဘာလုပ်မယ်လို့သာ ကျမတို့တွေးနေခဲ့တာ။
ကျမတို့ရဲ့မနက်ဖြန်တွေက မသေချာဘူးလေ။

"အခုခဏလေးပါ မကြာပါဘူး ပြန်လာမှာပေါ့"
ဆိုတဲ့စကားတွေ အတွေးတွေကလည်း
မသေချာပါဘူး။

ငါငယ်သေးတယ် ဆိုတာ မရှိသလို
အသက်ကြီးမှ သွားရမယ့် ခရီးလို့လည်း
အပိုင်တွက်လို့မရ ပါဘူး။

မမျှော်လင့်ထားတဲ့ တစ်နေ့မှာ
ရုတ်တရက်ကြီး တမလွန်ခရီးနှင်ရမယ်ဆိုရင်
ဘာတွေပြင်ဆင်ပြီးပြီလဲ။

ညာမရတဲ့ နေရာမှာ
ဖြေရမယ့် အဖြေတွေအတွက် အဆင်သင့်ဖြစ်ပြီလား။

မမျှော်လင့်တဲ့ တစ်နေ့မှာ နေဝင်ခဲ့ရင် ???
ဘာတွေပြင်ဆင်ထားပြီးပြီလည်း???

*Internship ပညာသင်Program မှ Insurance Industry သို့* AMITA Insurance Solutions အနေဖြင့် အခြေအနေအမျိုးမျိုးကြောင့် ဘာလုပ...
10/07/2026

*Internship ပညာသင်Program မှ Insurance Industry သို့*

AMITA Insurance Solutions အနေဖြင့် အခြေအနေအမျိုးမျိုးကြောင့် ဘာလုပ်ရမှန်းမသိပဲ လမ်းပျောက်နေတဲ့လူငယ်တွေ ၊ အလုပ်ခွင်ဝင်ဖို့ experience မရှိတဲ့လူငယ်တွေအတွက် internship program လေး စီစဉ်ပေးထားပါတယ် ။

*Career Opportunities*

ဒီ internship program ကိုပြီးဆုံးအောင် join ပြီး insurance industry ကို ဝင်ရောက်ဖို့ အခွင့်အလမ်းတွေလည်း ရနိုင်သေးတာမို့ လူကြီးမင်းတို့ရဲ့ cv လေးတွေကို အခုပဲချက်ချင်းပို့လိုက်ပါ !!!!

Paid Internship(3 Posts)
*Requirements*

- ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ရမည်။
- ပညာအရည်အချင်း အထက်တန်း
အောင်ပြီးသူဖြစ်ရမည်။
- Computer အခြေခံတတ်ကျွမ်းရမည်။
- ပရဟိတစိတ်ရှိသူဖြစ်ရမည်။
- တက်ကြွပြီး သင်ယူလိုစိတ်အပြည့်ရှိရမည်။
- Teamနှင့်အတူ ပူးပေါင်းလုပ်ကိုင်နိုင်ရမည်။

Working Hours
- 9:00AM to 5:00PM
- Mon - Fri

AMITA Insurance Solutions
Office: 09455270070
Office Address: No 224 Building 1 /B
6th Floor,Bo Gyoke Aung San Road
Nyaung Shwe Haw Gone Yard
CityHeart Condo, Taunggyi

လျှောက်ထားလိုပါက
[email protected]သို့ (18.7.2026) နေ့နောက်ဆုံးထားပြီး )
CV Form ပေးပို့လျှောက်ထားနိုင်ပါသည်။


ကလေးတွေရဲ့ အနာဂတ်ကို အလင်းပေးပါ 🌟အခုခေတ်မှာ ကလေးတွေရဲ့ ပညာရေးအတွက် စိတ်ပူပန်မှုတွေက မိဘတိုင်းရဲ့ ရင်ထဲမှာ ရှိနေပါတယ် .. ...
05/07/2026

ကလေးတွေရဲ့ အနာဂတ်ကို အလင်းပေးပါ 🌟

အခုခေတ်မှာ ကလေးတွေရဲ့ ပညာရေးအတွက် စိတ်ပူပန်မှုတွေက မိဘတိုင်းရဲ့ ရင်ထဲမှာ ရှိနေပါတယ် .. 👨‍👩‍👧‍👦

ကျောင်းစရိတ်တွေ၊ ကျူရှင်စရိတ်တွေ၊ စာအုပ်ဖိုးတွေက တစ်နေ့ထက်တစ်နေ့ မြင့်တက်လာပြီး မိသားစုရဲ့ ဝင်ငွေနဲ့ မမျှမတ ဖြစ်လာတဲ့အခါ ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး တွေးပူနေကြပါတယ် .. 💸📚

မမျှော်မှန်းနိုင်တဲ့ အခြေအနေတွေကြောင့် ကလေးတွေရဲ့ ပညာရေးလမ်းကြောင်း ရပ်တန့်သွားမှာကိုလည်း စိုးရိမ်နေကြရပါတယ်.. 😟

ဒီလို စိန်ခေါ်မှုတွေကြားထဲကနေ ကလေးတွေရဲ့ အနာဂတ်ပညာရေးကို စိတ်အေးလက်အေးနဲ့ ပြီးဆုံးအောင် သင်ကြားပေးနိုင်ဖို့အတွက် 𝐊𝐁𝐙 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐚𝐥 𝐋𝐢𝐟𝐞 က မိဘတွေအတွက် ခိုင်မာတဲ့ အာမခံချက်တစ်ခုပါပဲ.. 🛡️🎓

ကလေးတွေ အနာဂတ်ကို 𝐊𝐁𝐙 𝐋𝐈𝐅𝐄 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐚𝐥 𝐋𝐢𝐟𝐞 နဲ့ အလင်းပေးလိုက်ပါ 💡🌈




#𝐈𝐭’𝐬_𝐧𝐨𝐭_𝐟𝐨𝐫_𝐲𝐨𝐮_𝐈𝐭’𝐬_𝐟𝐨𝐫_𝐲𝐨𝐮𝐫_𝐤𝐢𝐝𝐬

ကားအာမခံ အခြေခံသိကောင်းစရာများ (FAQ)Q1. ကားအာမခံဆိုတာ ဘာလဲ?A: မမျှော်လင့်ထားတဲ့ ကားမတော်တဆမှုတွေ၊ သဘာဝဘေးအန္တရာယ်တွေ၊ ဒါ...
01/07/2026

ကားအာမခံ အခြေခံသိကောင်းစရာများ (FAQ)
Q1. ကားအာမခံဆိုတာ ဘာလဲ?
A: မမျှော်လင့်ထားတဲ့ ကားမတော်တဆမှုတွေ၊ သဘာဝဘေးအန္တရာယ်တွေ၊ ဒါမှမဟုတ် ခိုးယူခံရမှုတွေ ကြုံလာတဲ့အခါ ဖြစ်ပေါ်လာမယ့် ငွေကြေးဆုံးရှုံးမှုတွေကို အာမခံကုမ္ပဏီက တာဝန်ယူဖြေရှင်းပေးတဲ့ အကာအကွယ်စနစ်တစ်ခု ဖြစ်ပါတယ်။

Q2. ကားအာမခံ အမျိုးအစား ဘယ်နှခု ရှိသလဲ?
A: မြန်မာနိုင်ငံမှာ အဓိကအားဖြင့် အမျိုးအစား (၂) ခု ရှိပါတယ်။

အလုံးစုံကားအာမခံ (Comprehensive Insurance): မိမိကား ထိခိုက်ပျက်စီးမှု၊ တစ်ပါးသူ ထိခိုက်ပျက်စီးမှု (လူ/ကား/ပစ္စည်း)၊ ကားခိုးခံရမှု၊ မီးလောင်မှုနဲ့ သဘာဝဘေးအန္တရာယ်အားလုံးကို အကျုံးဝင် ကာကွယ်ပေးပါတယ်။

အများပြည်သူထိခိုက်မှု အာမခံ (Third Party Liability - TPL): မတော်တဆမှုဖြစ်ရင် မိမိကားကို မကာကွယ်ပေးပါဘူး။ မိမိကြောင့် ထိခိုက်သွားတဲ့ တစ်ပါးသူရဲ့ ကား၊ ပစ္စည်း ဒါမှမဟုတ် လူကိုပဲ နစ်နာကြေးပေးလျော်တဲ့ အခြေခံအကျဆုံး အမျိုးအစား ဖြစ်ပါတယ်။ (မြန်မာနိုင်ငံမှာ ကားတိုင်း မရှိမဖြစ် ထားရှိရမယ့် ဥပဒေအရ မဖြစ်မနေ အာမခံ အမျိုးအစားဖြစ်ပါတယ်)။

Q3. အာမခံထားဖို့ ဘာစာရွက်စာတမ်းတွေ လိုအပ်သလဲ?
A: အခြေခံအားဖြင့် အောက်ပါတို့ လိုအပ်ပါတယ်-

ယာဉ်ပိုင်ရှင်ရဲ့ မှတ်ပုံတင် (မိတ္တူ)

ကားကင်မရာ/အနီးကပ်ပုံများ (အလုံးစုံအာမခံအတွက်)

ယာဉ်မှတ်ပုံတင်စာအုပ် (ကညန စာအုပ်)

Q4. ပရီမီယံ (Premium) ဆိုတာ ဘာလဲ?
A: အာမခံအကာအကွယ် ရရှိဖို့အတွက် အာမခံကုမ္ပဏီကို သင်ပေးသွင်းရတဲ့ အာမခံကြေး (ငွေပမာဏ) ကို ခေါ်တာပါ။ များသောအားဖြင့် တစ်နှစ်စာအတွက် တစ်ကြိမ်တည်း ပေးသွင်းရပါတယ်။

Q5. နစ်နာကြေး (Claim) ဘယ်လိုတောင်းရမလဲ?
A: မတော်တဆမှုဖြစ်ပြီးချင်း အောက်ပါအတိုင်း ဆောင်ရွက်ရပါမယ်-

ချက်ချင်းအကြောင်းကြားပါ: အာမခံကုမ္ပဏီရဲ့ Hot Line နံပါတ်ကို ချက်ချင်းဖုန်းဆက်ပြီး အကြောင်းကြားပါ။

ဓာတ်ပုံရိုက်ပါ: ဖြစ်ပွားတဲ့နေရာ၊ ပျက်စီးမှုအခြေအနေတွေကို ဓာတ်ပုံရိုက်ထားပါ။

စာရွက်စာတမ်းစုဆောင်းပါ: ရဲစခန်းထောက်ခံစာ (လိုအပ်ရင်)၊ ဆေးရုံထောက်ခံစာ (လူထိခိုက်ရင်) နဲ့ claim form ကို ဖြည့်စွက်ပြီး တင်ပြရပါမယ်။

ဒီအချက်အလက်တွေက သင့်အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ Amita Insurance Solutions အနေနဲ့ သင့်ကားအတွက် အကောင်းဆုံး အာမခံအစီအစဉ်တွေကို အကြံပေး ဝန်ဆောင်မှုပေးဖို့ အသင့်ရှိပါတယ်ခင်ဗျာ။

Address

No. 224, Building (1), 6(B), City Heart Condo, BoGyoke Aung San Road, Taunggyi City
Taunggyi
06101

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959455270070

Website

Alerts

Be the first to know and let us send you an email when AMITA Insurance Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AMITA Insurance Solutions:

Shortcuts

Share