တောင်သူ့ကွန်ရက်

တောင်သူ့ကွန်ရက် တောင်သူများနှင့်တစ်သားတည်း အမြဲအတူရှိနေမယ့်
"တောင်သူ့ကွန်ရက်"

🌱Call for Applications 🌱👨‍💼Position - Innovative Input service Assistant       (သွင်းအားစု ဝန်ဆောင်မှု လက်ထောက်)📍Locatio...
29/10/2025

🌱Call for Applications 🌱

👨‍💼Position - Innovative Input service Assistant (သွင်းအားစု ဝန်ဆောင်မှု လက်ထောက်)

📍Location - Aungpan ,Southern Shan State

Interested candidates are invited to submit their CV and a cover letter outlining their suitability for the role to [email protected] or Viber : 09942909049 by 29 October 2025.

သီတင်းကျွတ်အခါသမယမှသည် မိဘပြည်သူ တောင်သူများအားလုံး ကျန်းမာခြင်း ၊ ပျော်ရွှင်ခြင်း ၊ ကြွယ်ဝချမ်းသာခြင်းတို့ဖြင့်ပြည့်စုံ...
04/10/2025

သီတင်းကျွတ်အခါသမယမှသည် မိဘပြည်သူ တောင်သူများအားလုံး ကျန်းမာခြင်း ၊ ပျော်ရွှင်ခြင်း ၊ ကြွယ်ဝချမ်းသာခြင်းတို့ဖြင့်ပြည့်စုံကြပါစေ... မေတ္တာလွှမ်း၍ လုံခြုံသောမိသားစုဘဝများကိုပိုင်ဆိုင်နိုင်ကြစေကြာင်း တောင်သူ့တံတား Taungthutada, TTTD – Farmers’ Bridge မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အောက်တိုဘာလ ၈ ရက် ၂၀၂၅ (ဗုဒ္ဓဟူးနေ့) တွင် ပုံမှန်အတိုင်း ပြန်လည်ဝန်ဆောင်မှုပေးသွားပါ။

From Sunday, October 5, 2025, to Tuesday, October 7, 2025, will be Myanmar public holidays for the Thadingyut Festival.

Taungthutada, TTTD – Farmers’ Bridge wishes you peace, good health, happiness, prosperity, and success. May you and your loved ones be safe, healthy, and surrounded by love and togetherness.
Our team will resume normal office hours on October 8, 2025.

Happy Myanmar Peasants' Day! မတ်လ(၂)ရက်နေ့တွင်ကျရောက်သော တောင်သူလည်သမားနေ့အား ဂုဏ်ပြုအပ်ပါသည်။တောင်သူလယ်သမားနေ့မှသည် တော...
02/03/2025

Happy Myanmar Peasants' Day!
မတ်လ(၂)ရက်နေ့တွင်ကျရောက်သော တောင်သူလည်သမားနေ့အား ဂုဏ်ပြုအပ်ပါသည်။

တောင်သူလယ်သမားနေ့မှသည် တောင်သူ့တံတားအဖွဲ့အစည်းအနေဖြင့် တောင်သူများ၏ အခက်အခဲစိန်ခေါ်မှုများကို လက်တွဲညီတူဖြေရှင်းသွားမည်ဖြစ်ပြီး တောင်သူများ၏လူမှုဘဝ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် လိုအပ်သောနည်းပညာအကူအညီများအပြင် အကျိုးအမြတ်ပိုမိုရရှိမည့် ခိုင်မာသောစျေးကိုကွက်ဖော်ဆောင်ပေးမည့် အဖွဲ့အစည်းတစ်ရပ်အနေဖြင့်ရပ်တည်ပါမည်။

Together with our farmers, we celebrate the shared-success and the challenges we have overcome along
the way. Taungthutada, TTTD - Farmers’ Bridge is collaborating with our supporters and partners to deliver innovative services and new initiatives tailored to their needs, maximizing their profitability and improving their quality of life. Notably, the local chili trade event, new crop exploration by the TTTD team, and making inputs accessible and affordable through different touch points under challenging circumstances are ideal situations that demonstrate our commitment to farmers

We still have a lot to do to achieve the dream we share with farmers and their future generations. Our farmers play a major role in the economy of Myanmar and today give us the opportunity to deeply remind ourselves to do more, and appreciate them for their hard work and contribution to this country.

# Farmers’Brdige ’Day

ကျေးလက်တောင်သူဘဝများကိုမြှင့်တင်ပေးပြီး ပြည်တွင်းကုန်စိမ်းစျေးကွက်တွင်ဦးဆောင်လုပ်ကိုင်လိုသည့် လူငယ်များအတွက် တောင်သူ့စျ...
18/02/2025

ကျေးလက်တောင်သူဘဝများကိုမြှင့်တင်ပေးပြီး ပြည်တွင်းကုန်စိမ်းစျေးကွက်တွင်ဦးဆောင်လုပ်ကိုင်လိုသည့် လူငယ်များအတွက် တောင်သူ့စျေးမှ "စျေးကွက်ဖွံ့ဖြိုးရေးတာ၀န်ခံ" ရာထူးဖြင့် အမျိုးသားဝန်ထမ်း (၁)ဦးခေါ်ယူနေပါသည်။

ရာထူး - Senior Crop Sourcing & Market Development

*Key Responsibilities: အဓိကလုပ်ငန်းတာဝန်များ*

- အကျိုးတူစိုက်ပျိုးတောင်သူများ၏သီးနှံများကိုစျေးကွက်ချိတ်ဆက်ရောင်းချပေးရန်။

- တောင်သူ/ကုန်သည်/လက်လီ/လက်ကား ဖောက်သည်များအတွက် သီးနှံများရှာဖွေပေးခြင်းအပြင် ၊ ခိုင်မာသောဆက်ဆံရေးတည်ဆောက်၍ လိုအပ်ပါကစျေးကွက်ချဲ့ထွင်ခြင်း ၊ စျေးကွက်သစ်ရှာဖွေခြင်းတို့ကိုဆောင်ရွက်ရမည်။

- အမှာစာ ၊ ရောင်းဝယ်မှုစာရင်းမှတ်တမ်းများကိုထိန်းသိမ်းနိုင်ရမည်။

- စျေးကွက်အပြောင်းအလဲများ၊ ပြိုင်ဘက်လုပ်ငန်းများ၊ စျေးကွက်အခွင့်လမ်းများကိုမျက်ခြေမပျက်လေ့လာ၍ လုပ်ငန်းအောင်မြင်တိုးတတ်အောင်ဆောင်ရွက်ရမည်။

- လုပ်ငန်းလည်ပတ်မှုတိုးတက်ကောင်းမွန်စေရန်အတွက် လုပ်ငန်းတွင်း၊ လုပ်ငန်းပြင်ပအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ဆောင်ရွက်ရမည်။

- ကုန်သွယ်မှုနှင့် ၊ စျေးကွက်ခန့်မှန်းချက်အစီရင်ခံစာများကို သက်ဆိုင်ရာဌာနသို့ လစဥ်တင်ပြပေးရမည်။

*Job Requirements - လိုအပ်ချက်များ*
(အောက်ဖော်ပြပါ လိုအပ်ချက်များနှင့်အများဆုံးကိုက်ညီသူဖြစ်ပါက လျှောက်ထားနိုင်ပါသည်။)

- ကျေးလက်ဒေသနှင့်တောင်သူဘဝများတိုးတက်အောင်ဆောင်ရွက်လိုစိတ်ရှိသူဖြစ်ရမည်။

- စိုက်ပျိုးရေး (သို့)စီးပွားရေး ဒီမလိုမာရရှိထားသူများကိုဦးစားပေးခန့်ပါမည်။ အခြေခံပညာအထက်တန်းအောင်မြင်ထားသူများလည်းလျှောက်ထားနိုင်ပါသည်။

- ပြည်တွင်း ကုန်စိမ်းစျေးကွက်အကြောင်းသိရှိသူ၊ တောင်သူအစုဖွဲ့ များတွင်စျေးကွက်အတွေ့အကြုံရှိသူဖြစ်ရမည်။

- စိုက်ပျိုးလူမှုအခြေပြုစီးပွားရေး အကြောင်းသိရှိထားသူ (သို့မဟုတ်) လေ့လာတတ်မြောက်လိုစိတ်ရှိသူဖြစ်ရမည်။

- ပေါင်းသင်းဆက်ဆံရေးကောင်းမွန်၍ ၊ ကျန်းမာသန်စွမ်းသူဖြစ်ရမည်။ ခရီးသွားနိုင်သူဖြစ်ရမည်။

- Microsoft Office အသုံးပြုနိုင်ရမည်။

- စာရင်းဇယားနှင့်ဒေတာအချက်လက်များကို တိကျသေချာအောင်မှတ်တမ်းရယူနိုင်သူဖြစ်ရမည်။

- ကား (သို့မဟုတ်)ဆိုင်ကယ်မောင်းတက်သူဖြစ်ပါက ဦးစားပေးခန့်ထားမည်။

- ဒေသတွင်းတိုင်းရင်းသားဘာသာစကားတစ်ခုခုပြောဆိုနိုင်သူအား ဦးစားပေးခန့်ထားပါမည်။

- လူငယ်များဦးဆောင်လည်ပတ်သည့်လုပ်ငန်းခွင်ဖြစ်သည့်အတွက် အသက်(၃၀)အောက်လူငယ်များကို ဦးစားပေးခန့်ထားပါမည်။

ခံစားခွင့်များ
- အခြေခံလစာ အတွေ့ကြုံပေါ်မူတည်၍ ၆သိန်းကျပ်အထိ
- လစဥ်ဖုန်းဘေထောက်ပံ့ပေးမှု
- နေရာထိုင်ခင်းထောက်ပံ့ပေးခြင်း
- IKBZ အာမခံ

စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများအနေဖြင့် CV Form အား [email protected] (သို့မဟုတ်) Viber : 09799520032 သို့ဆက်သွယ်၍ [25-Feb-2025] ရက်နေ့ထက်နောက်မကျစေဘဲ ပေးပို့လျှောက်ထားနိုင်ပါသည်။

ကလော ၊ အောင်ပန်း ၊ ဟဲဟိုး မြို့နယ်ရှိ တောင်သူများအနေနဲ့ ဆိုလာရေတင်စက် အငှားဝန်ဆောင်မှု/အရစ်ကျဝယ်ယူမှုအတွက် တောင်သူ့မိတ်ဆ...
29/01/2025

ကလော ၊ အောင်ပန်း ၊ ဟဲဟိုး မြို့နယ်ရှိ တောင်သူများအနေနဲ့ ဆိုလာရေတင်စက် အငှားဝန်ဆောင်မှု/အရစ်ကျဝယ်ယူမှုအတွက် တောင်သူ့မိတ်ဆွေထံသို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ဟဲဟိုးရှိ ကြက်သွန်သီးနှံရေတင်ခြင်းအတွက် တစ်ရာသီစာ အငှားဝန်ဆောင်မှုအတွက် သွားရောက်တပ်ဆင်ပေးဖြစ်ခဲ့ပါတယ်။

တောင်သူတွေအတွက် ဆီဖိုးကုန်ကျစရိတ်လုံးဝမရှိစေဘဲ ဝင်ငွေတိုးစေဖို့ ဆိုလာရေတင်စက်တွေကို ငှားရမ်းအသုံးပြုလို့ရပြီနော်...ကလော ...
09/01/2025

တောင်သူတွေအတွက် ဆီဖိုးကုန်ကျစရိတ်လုံးဝမရှိစေဘဲ ဝင်ငွေတိုးစေဖို့ ဆိုလာရေတင်စက်တွေကို ငှားရမ်းအသုံးပြုလို့ရပြီနော်...

ကလော ၊ အောင်ပန်း မြို့နယ်များရှိ ကျေးရွာများမှ တောင်သူတွေအနေနဲ့ ကျွန်တော်တို့ "တောင်သူ့မိတ်ဆွေ"ရဲ့ ဆိုလာအငှားဝန်ဆောင်မှုအပြင် ၊ အရစ်ကျနဲ့ဝယ်ယူလို့ရအောင်လည်း ဆောင်ရွက်ပေးထားပါတယ်။

ကြက်သွန် ၊ ငရုတ် ၊ ဂေါ်ဖီ ၊ ဟင်းသီးဟင်းရွက် နှင့် ပန်းစိုက်ပျိုးတဲ့တောင်သူများအတွက် သီးနှံအလိုက် ရေထွက် ၃လက်မခွဲရှိတဲ့ ဆိုလာပန့်အစုံလိုက်ကို အနည်းဆုံး တစ်ရာသီ (၄လစာ) ငှားရမ်းအသုံးပြုနိုင်ပါတယ်။

စိုက်ခင်းအနေထားလာရောက်စစ်ဆေးပေးခြင်းနှင့် တပ်ဆင်ပေးခြင်းတို့အတွက်လည်း အခမဲ့ လာရောက်ဆောင်ရွက်ပေးသွားမှာပါ။

တောင်သူ့တံတား အဖွဲ့အစည်းနှင့်အကျိုးတူလယ်ယာစိုက်ပျိုးတောင်သူ (Contract Farmers) ဖြစ်ပါက အာမခံမလိုဘဲ အရစ်ကျစနစ်နဲ့ ဝယ်ယူရရှိနိုင်မှာလည်းဖြစ်ပါတယ်။

ဆိုလာရေတင်စက်ငှားရမ်းခြင်း (သို့မဟုတ်) အရစ်ကျ ဝယ်ယူဖို့စိတ်ဝင်စားတဲ့တောင်သူများအနေဖြင့်
တောင်သူ့တံတား Hotline:09942909049 , 09693311185 သို့မဟုတ် Page Messenger သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

သွင်းအားစုအရောင်းဆိုင်တွေအနေနဲ့ ကိုယ်ပိုင် online shop (အခမဲ့) ဖွင့်နိုင်ပြီနော်...တောင်သူ့တံတားရဲ့ အရောင်းကိုယ်စားလှယ်က...
24/12/2024

သွင်းအားစုအရောင်းဆိုင်တွေအနေနဲ့ ကိုယ်ပိုင် online shop (အခမဲ့) ဖွင့်နိုင်ပြီနော်...

တောင်သူ့တံတားရဲ့ အရောင်းကိုယ်စားလှယ်ကွန်ယက်နဲ့ချိတ်ဆက်ထားတဲ့ ကလော၊ အောင်ပန်း၊ ပင်းတယ မြို့နယ်များရှိ ရွာပေါင်း ၆၀+ ကျော်ကို တိုက်ရိုက်ရောင်းချလို့ရနိုင်မှာ​ပါ။ ရောင်းချတဲ့ပစ္စည်းတွေကိုလည်း တောင်သူ့တံတားမှ အစဆုံး ရွာအရောက်သွားရောက်ပို့ဆောင်ပေးသွားမှာဖြစ်လို့ ဆိုင်တွေအတွက်လည်း လုံးဝအလုပ်မရှုပ်စေမှာ သေချာပါတယ်။

ဒါတင်မကပါဘူး
တစ်ဆိုင်လုံးရဲ့ stock တွေကို inventory control system နဲ့လည်း ထိန်းချုပ်လို့ရနိုင်ပါမယ်။ လုံခြုံတဲ့ Cloud system ကို အသုံးပြုထားတာဖြစ်လို့ အဝေးရောက်နေရင်တောင် ကိုယ့်ရဲ့ဆိုင်ကို အချိန်မရွေးနေရာမရွေး စီမံလို့ ရနိုင်မှာပါခင်ဗျာ။

အပတ်စဥ် ၊ လစဥ် ၊ နှစ်စဥ် ရောင်းအား report တွေကအစ ထုတ်ကြည့်လို့ရမှာဖြစ်သလို customer တွေနဲ့လည်း တိုက်ရိုက်ဆက်သွယ် ပြောဆိုနိုင်မယ့် live chat system လည်းထည့်သွင်းပေးထားပါတယ်။

Order တွေကို စနစ်တကျစီမံနိုင်တဲ့အပြင် စျေးအပြောင်းအလဲတွေရှိရင်လည်း အချိန်မရွေးပြောင်းလဲနိုင်စေဖို့ Vendor App ကိုလည်းထုတ်ပေးထားပါတယ်။

သွင်းအားစုဆိုင်တွေအနေနဲ့ ကိုယ့်ဆိုင်နာမည်နဲ့ online shop ဖွင့်ဖို့အတွက်ဆိုရင် နှစ်စဥ်ကြေး လစဥ်ကြေးပေးဖို့ လုံးဝမလိုဘဲ အခမဲ့ ဖွင့်လှစ်နိုင်ဖို့အတွက် တောင်သူ့စျေးရဲ့ "တောင်သူ့မိတ်ဆွေ" အဖွဲ့မှ ပံ့ပိုးဆောင်ရွက်ပေးထားပါတယ်။

*MLM ကုန်ပစ္စည်းများခွင့်မပြုပါ။*

စိတ်ပါဝင်စားတဲ့ သွင်းအားစုအရောင်းဆိုင်များနှင့် ကုမ္ပဏီများအနေနဲ့ Hotline - 09942909049 (သို့) [email protected] (သို့) Page Messenger သို့ဆက်သွယ်ပြီး ဆိုင်ခန်းဖွင့်လှစ်နိုင်ပါတယ်။

မင်္ဂလာပါ ရှင့် ကျွန်မတို့တောင်သူ မိတ်ဆွေ tik tok link ကို follow လုပ်ထားပြီး စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတများကိုဝင်ရောက်...
07/06/2024

မင်္ဂလာပါ ရှင့် ကျွန်မတို့တောင်သူ မိတ်ဆွေ tik tok link ကို follow လုပ်ထားပြီး စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတများကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်

365 likes, 6 comments. “ ”

13/04/2024

Happy Thingyan from Taungthutada, TTTD - Farmers' Bridge!

#တောင်သူ့တံတား

Taungthutada, TTTD - Farmer’s Bridge celebrates International Women’s Day 2024At TTTD, women hold distinctive roles as f...
08/03/2024

Taungthutada, TTTD - Farmer’s Bridge celebrates International Women’s Day 2024

At TTTD, women hold distinctive roles as farmers, managers, operation associates, sales agents, field associates, and members of the management team. They are contributing their dedication, expertise and hard-work towards TTTD's vision and development as social business in Myanmar. They are also here to pursue their dreams, and many of the women's colleges played critical roles in the success of TTTD and will continue to create impacts, inclusive rural community and agriculture development.

We would like to express our heartfelt gratitude to investors, donors, partners, advisors, mentors, traders, buyers, and customers for their unwavering support in every aspect.

Here's our challenge: to maintain a testament to our commitment to inspire inclusion in TTTD.

’sDay

ကျွန်ုပ်တို့နေ့စဥ်လိုအပ်နေတဲ့ စားနပ်ရိက္ခာများဖူလှုံစေရေးအတွက် ကြိုးစားစိုက်ပျိုးထုတ်လုပ်ပေးကြသော တောင်သူများအတွက်...မတ်...
02/03/2024

ကျွန်ုပ်တို့နေ့စဥ်လိုအပ်နေတဲ့ စားနပ်ရိက္ခာများဖူလှုံစေရေးအတွက်
ကြိုးစားစိုက်ပျိုးထုတ်လုပ်ပေးကြသော တောင်သူများအတွက်...
မတ်လ(၂)ရက်နေ့ တွင်ကျရောက်သည့် "တောင်သူလယ်သမား" နေ့ကို
တောင်သူ့မိတ်ဆွေ မှ ဂုဏ်ပြုအပ်ပါသည်။

ကျွန်ုပ်တို့တောင်သူ့တံတားအနေဖြင့် ကျေးလက်ဒေသ တောင်သူများ၏
ရင်ဆိုင်နေရသော အခက်အခဲစိန်ခေါ်မှုများကို တောင်သူများနှင့်အတူ
လက်တွဲ၍ တစ်ဖက်တစ်လမ်းမှ အမြဲရင်ဆိုင်ကူညီဖြေရှင်းပေးသွားနေပါမည်။

တောင်သူများနှင့်အတူ တောင်သူ့မိတ်ဆွေ

Address

Taunggyi
06011

Telephone

+959942909049

Website

Alerts

Be the first to know and let us send you an email when တောင်သူ့ကွန်ရက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to တောင်သူ့ကွန်ရက်:

Share