Life Insurance Shan State

Life Insurance Shan State အသက်အာမခံအကြောင်းအရာများနှင့် အသက်

 AIA မှ သင်နဲ့သင့်မိသားစု ကျန်းမာရေး စိတ်အေးစေဖို့တာဝန်ယူပေးမယ့်   1. မွေးစ ရက်၃၀ မှ အသက် ၈၀ထိ နှစ်ရှည်ကျန်းမာရေးအကာအကွယ...
01/02/2022


AIA မှ သင်နဲ့သင့်မိသားစု ကျန်းမာရေး စိတ်အေးစေဖို့တာဝန်ယူပေးမယ့်

1. မွေးစ ရက်၃၀ မှ အသက် ၈၀ထိ နှစ်ရှည်ကျန်းမာရေးအကာအကွယ်ပေးခြင်း။
2. ဆေးရုံတက်ရက်အနည်းဆုံးတရက်မှစ၍ ဆေးရုံ တွင်းကုန်ကျစရိတ် များအပြင် မတက်ခင် အထူးကုဆရာဝန်ဖြင့်ပြသခြင်း၊ ဆေးစစ်ခြင်း စသည်ဖြင့် ဆေးရုံတက်ခြင်းနှင့်ဆက်နွယ်သော ကုန်ကျစရိတ်များ ကို ကျခံပေးခြင်း။
3. နေ့တပိုင်းခွဲစိတ်မှူများ၊အရေးပေါ် မတော်တဆ ထိခိုက်မှူများ ၊ကျောက်ကပ်ဆေးခြင်း၊ ကင်ဆာဆေးသွင်းခြင်း များအတွက် ဆေးရုံ ဆေးခန်းစရိတ် ကျခံပေးခြင်း။
4. ပြည်တွင်းဆေးရုံ သာမက ပြည်ပဆေးရုံ များပါ စိတ်ကြိုက် ရွေးချယ်ပြီး ကျန်းမာရေးစောက်ရှောက်မှူ ခံနိုင်ခြင်း
5. မတော်တဆ သေဆုံးမှူအတွက် အသက်အာမခံ ပါရှိခြင်း
6. ကျန်းမာခြင်း ဆုလာဘ် အဖြစ် နှစ်စဥ် ပရီမီယံကြေး လျော့ပေါ့ ပေးသွင်းခွင့်ရှိခြင်း
7. ပြည်တွင်းပြည်ပ ဆေးရုံ စရိတ်များကို ဆေးရုံနှင့် AIA တိုက်ရိုက်ချိတ်ဆက်ပြီး ပေးချေနိုင်ခြင်း(Cashless Claim)

မိသားစုလုံခြုံဖို့က အရေးကြီးပါတယ်။
သင်နဲ့ သင်ချစ်ရသူတွေအတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး အလိုအပ်ဆုံးအချိန်မှာ ငွေကြေးအကာအကွယ်အကျိုးခံစားခွင့်ကို AIA One Health Solutions က ပေးအပ်သွားမှာပါ။
AIA One Health Solutions နဲ့ သင့်မိသားစု အနာဂတ် အတွက် ပူပင်သောကမရှိရအောင် စီမံပေးပါရစေ။

တန်ဖိုးထားချစ်ခင်ရတဲ့ သင့်မိသားစုနဲ့ သင့်ရဲ့ ကျန်းမာရေး အတွက် နောင်ရေး ပူပန်သောကမရောက်ရအောင်
အသက် ၈၀ ထိတာဝန်ယူပေးမယ့် AIA ရဲ့ ကိုယ်ပိုင်ကျန်းမာရေးအာမခံ One Health Solution ကို စတင်ရောင်းချပေးနေပါပြီ။
အသေးစိတ် သိလိုပါက အချိန်မရွေး မေးမြန်းစုံစမ်းနိုင်ပါတယ်။
ကျွန်တော် ကတော့ AIA Myanmar က လိုင်စင်ရ အေးဂျင့် တယောက်ဖြစ်ပါတယ်။
Sai Nay Aung Htun
IA(N)LI 01809
သိချင်တာလေး ရှိရင် ဖုန်း 09400625554 (သို့) Messenger မှတဆင့် မေးနိုင်ပါတယ်။






မိသားစုလုံခြုံဖို့က အရေးကြီးပါတယ်။ သင်နဲ့ သင်ချစ်ရသူတွေအတွက် အလိုအပ်ဆုံးအချိန်မှာ ငွေကြေးအကာအကွယ်အကျိုးခံစားခွင့်ကို AIA...
24/12/2021

မိသားစုလုံခြုံဖို့က အရေးကြီးပါတယ်။
သင်နဲ့ သင်ချစ်ရသူတွေအတွက် အလိုအပ်ဆုံးအချိန်မှာ ငွေကြေးအကာအကွယ်အကျိုးခံစားခွင့်ကို AIA Universal Life က ပေးအပ်သွားမှာပါ။
AIA Universal Life နဲ့ သင့်မိသားစု အနာဂတ် အတွက် ပူပင်သောကမရှိရအောင် စီမံပေးပါရစေ။
AIA Universal Life - သင့်ဘဝခြေလှမ်းတိုင်းအတွက် သင်နဲ့အတူ။

အသေးစိတ် သိရှိလိုပါက အချိန်မရွေး မေးမြန်းစုံစမ်းနိုင်ပါတယ်။

ကျွန်တော် ကတော့ AIA Myanmar က လိုင်စင်ရ အေးဂျင့် တယောက်ဖြစ်ပါတယ်။
Sai Nay Aung Htun
IA(N)LI 01809
သိချင်တာလေး ရှိရင် ဖုန်း 09400625554 (သို့) Messenger မှတဆင့် မေးနိုင်ပါတယ်။

Protecting your family is important.
AIA’s Universal Life provides financial protection to you and your loved ones when they need it the most.

AIA Universal Life - with you every step of the way.




07/09/2021

အသက်အာမခံ ထားထားကြပါဗျ...

အခုလို အချိန်ကာလမှာ အာမခံနဲ့ပါတ်သက်ပြီး အားလုံးအတွက် အကျိုးရှိမှာလေး ၂ ခု ပြောပြချင်ပါတယ်။

၁။ စစ်ဘေးကြောင့်သေရင် အသက်အာမခံ လျော်ကြေးရလား။

အာမခံအမျိုးအစားအလိုက် မတူတာလေးတွေရှိပါတယ်။ အဓိက အချက်အနေနဲ့ စစ်ပွဲ၊ အဓိကရုဏ်းတွေမှာ ကိုယ်တိုင်ဝင်ပါတာမဟုတ်ဘဲ သေတာမျိုးဆိုရင် လျော်ကြေးရပါတယ်။

၂။ ကိုယ်တစ်ခုခုဖြစ်သွားလို့ ကျန်တဲ့မိသားစုကို စိတ်ပူနေရမှာစိုး‌နေရတဲ့သူမျိုးက ဘယ်လိုအာမခံ ထားသင့်သလဲ။

Universal Life Insurance ကောင်းပါတယ်။ အသေးစိတ်ရှင်းရမှာတွေ အများကြီးပေမယ့် အတိုချုပ်ပြောရရင် (အာမခံထားသူရဲ့ အသက်အပေါ်မူတည်လို့) တစ်နှစ်ကို ၇ သိန်းကနေ ၂၅ သိန်းအထိ နှစ်စဉ်သွင်းရုံနဲ့ ဘယ်အချိန်မှာပဲ ကိုယ်သေသည်ဖြစ်စေ မိသားစုက သိန်း ၁၀၀၀ ရပါလိမ့်မယ်။

ဒီအချိန်မှာ ကြော်ငြာသလို မတင်ချင်ပေမယ့် အားလုံးကို သိစေချင်လို့ လုပ်ထားသင့်တယ်ထင်လို့ ကိုယ်တိုင်လုပ်ထားတာလေးတွေပြောပြတာပါ။

လူတော်တော်များများအစွဲမှားနေတဲ့ အချက်ကလေးကိုအသိပညာပေးချင်လို့ပါDexamethsone ဆိုတဲ့ဆေးအကြောင်းပါပဲCOVID မှာ Dexamethasone...
26/07/2021

လူတော်တော်များများအစွဲမှားနေတဲ့ အချက်ကလေးကိုအသိပညာပေး
ချင်လို့ပါ

Dexamethsone ဆိုတဲ့ဆေးအကြောင်းပါပဲ

COVID မှာ Dexamethasone ဆိုတဲ့ဆေးကဘယ်လိုလုပ် ဘုရားဆေး နတ်ဆေးဖြစ်လာမှန်းတော့ ကျွန်တော်လည်းအတိအကျ မသိ....

ဒီဆေးကိုသုံးရတဲ့ ရည်ရွယ်ချက်က RECOVERY Trial လို့ခေါ်တဲ့ COVID patient တွေ အများအပြားကိုစမ်းသပ်ပြီးမှ ပေါ်လာတဲ့ ထိရောက်တဲ့ အချက်အလက်တွေကို သိပ္ပံနည်းကျတွက်ချက်ပြီးမှ ရလာတဲ့ ရလဒ်ပေါ်အခြေခံပြီးမှ တတ်ကျွမ်းတဲ့ ဆရာဝန်တွေ ဆေးဝန်ထမ်းတွေသုံးကြတာပါ

အသေးစိတ်ကလေးနည်းနည်းပြောပြပါမယ်

🌟အလွန်းဆိုးရွားသောအရေးပေါ်လူနာဖြစ်ရပါမယ်
🌟အရေးပေါ်လူနာသည် အောက်ဆီဂျင် (သို့) အသက်ရှူစက်တပ်ထားရပါမယ်
🌟ပေးရမယ့်အချိန်ကလည်း ရောဂါ လက္ခဏာ စပြပြီး ၇ ရက်အတွင်းမှသာပေးလျှင်ပိုကောင်းပါတယ်
🌟ချွင်းချက်အနေနဲ့ ရောဂါ လက္ခဏာ ၇ ရက်အတွင်းမဟုတ်သော်လည်း အရေး​ပေါ်လူနာသည် အောက်ဆီဂျင် ရှူနေရပါက တတ်ကျွမ်းသော ဆရာဝန်ဆုံးဖြတ်ချက်နဲ့ အသုံးပြုလို့ရပါတယ်

ဘာလို့ ဒီဆေးကိုအဲ့လောက်တောင် သတိရှိရှိသုံးဖို့ပြောထားတာလည်းဆိုတာဒီနေရာမှာစဉ်းစားရမယ့်အချက်ပါ

ဒါကတော့ ဘေးထွက်ဆိုးကျိုးတွေပါပဲဗျာ......

☠️ ဆီးချိုအမှတ်တက်ခြင်း
☠️ထပ်မံ၍ရောဂါပိုးဝင်ရောက်နိုင်ခြင်း ( တပူပေါ် တပူဆင့်ပေါ့ဗျာ)
☠️သွေးပေါင်တက်ခြင်း
☠️ညဘက်အိပ်မပျော်ခြင်း
☠️ယာယီစိတ်ရောဂါဝေဒနာရခြင်း
☠️ကြွက်သားများအားအင်ချိနဲ့ခြင်း
ဒါတောင် ဘေးထွက်ဆိုးကျိုးတွေက မကုန်သေးပါဘူး အဖြစ်များတဲ့
လက္ခဏာ တွေကိုပြောတာပဲရှိပါသေးတယ်

ဒီထက်ထပ်ပြောရင် မိုးလင်း သွားနိုင်ပါတယ်

အဲ့တော့ ထပ်ပြောရပါဦးမယ်

Dexamethasone တစ်ခုပဲလား ဆိုတော့ မဟုတ်ပါဘူး

သူ့ရဲ့ မိသားစု ဝင်လေးတွေကိုလည်း ထည့်တွက်ရပါဦးမယ်

ဒီဆေးတွေကတော့......

Prednisolone
Methyprednisolone
Hydrocortisone ဒါတွေကလည်းအတူတူပါပဲဗျာ

ကျားမြှီးကိုမဆွဲခင် ကျားအကြောင်းသိအောင်လုပ်ရသလိုပဲ

ဆေးမသုံးခင် ဆေးအကြောင်းသိအောင်လုပ်သင့်ပါတယ်လို့ပြောရင်

အားလုံးအကျိုးအတွက် ဒီစာလေးရေးလိုက်ပါတယ်.....

အားလုံးပဲ ကျန်းမာကြပါစေ🙏🏻🙏🏻🙏🏻🙏🏻🙏🏻

Credit...Charity Clinic

မိတ်ဆွေများကို တစ်ခုလေး ထပ်သတိပေးချင်တာက ကျန်းမာရေး အာမခံလေးတွေ ၀ယ်ထားကြဖို့ပါပဲ AIA Myanmar မှ September လကုန်ထိ Covid ...
11/07/2021

မိတ်ဆွေများကို တစ်ခုလေး ထပ်သတိပေးချင်တာက
ကျန်းမာရေး အာမခံလေးတွေ ၀ယ်ထားကြဖို့ပါပဲ

AIA Myanmar မှ September လကုန်ထိ Covid Stronger benefits ပေးထားသေးပါတယ်

ဒီကာလမှာ ကျန်းမာရေး အာမခံ မရှိသေးသူတွေ
ကျန်းမာနေချိန်မှာ ထားထားကြပါ
ကိုဗစ် ဖြစ်လာမှ ထားချင်ရင် ထားလို့မရတော့ပါဘူး

အာမခံကြေးက လူလတ်ပိုင်းတွေဆို
၁ နှစ်စာမှ ၂ သိန်းဝန်းကျင်ပဲ ကျမှာပါ
ကိုဗစ်များဖြစ်ခဲ့ရင် ၅ သိန်း စရပြီ
Positive ကာလ ၂၁ ရက် ကျော်ရင် ၁၀ သိန်း
ICU ထဲရောက်ရင် သိန်း၁၀၀ ရမယ်
သေဆုံးခဲ့လဲ သိန်း ၁၀၀ ရပါမယ်

ဒါပေမယ့် တစ်ခုရှိတာက
ကိုဗစ်ဖြစ်နေပြီလို့ ပါးစပ်ကပဲ ပြောလို့တော့
ပိုက်ဆံရမှာ မဟုတ်ပါဘူး
Positive ဖြစ်တဲ့ အထောက်အထား
ဆရာဝန်ဆေးလက်မှတ် တွေတော့ အချက်အလက် ပြည့်စုံရပါမယ်
အဲ့လိုမှသာလျှင် ရနိုင်ပါမယ်
ပြီးတော့ အာမခံထားပြီး ၁၄ ရက်အတွင်း ကိုဗစ်ဖြစ်နေလဲ မရပါဘူး
ဖြစ်နေရက်နဲ့ အာမခံလာထားပြီး ပိုက်ဆံထုတ်တာတွေ ရှိနေလို့ပါ
ဒါက အရေးအကြီးဆုံးအချက်တွေပါပဲ

​ဘယ်သူမှ အသက်မပိုပါပါဘူး
ဒီလိုဆိုးရွားနေတဲ့အခြေအနေမှာ
ကြပ်တည်းနေတဲ့အချိန်မှာ ကိုယ့်အသက်
ကိုယ့်ကျန်းမာရေးကနေ ဒီလို ပြန်ရနိုင်တယ် ဆိုတာ
သိစေချင်တာပါပဲ
မပြောကောင်း မဆိုကောင်း
ကိုဗစ်ကြောင့် ကိုယ်သေခဲ့တောင်
မိသားစုအတွက် ကျောလုံလုံ ပိုက်ဆံချန်ခဲ့နိုင်မှာမို့ပါ

Covid benefit အကောင်းဆုံး ဖြစ်တဲ့
AIA Myanmar မှာ Insurance စီစဉ်ပေးပါမယ်

အားလုံးပဲ နေကောင်းကျန်းမာ စိတ်ချမ်းသာကြပါစေ



ကျွန်တော် ကတော့ AIA Myanmar က လိုင်စင်ရ အေးဂျင့် တယောက်ဖြစ်ပါတယ်။
Sai Nay Aung Htun
IA(N)LI 01809
သိချင်တာလေး ရှိရင် ဖုန်း 09400625554 (သို့) Messenger မှတဆင့် မေးနိုင်ပါတယ်။






Today Test စစ်ဆေးသူ 10,378 ဦး  ပိုးတွေ့သူ 2,318 ဦး  ပိုးတွေ့နှုန်း 22.34 % #လက်ဆေးပါ ်ပါ #လူစုလူဝေးရှောင်ပါ #ကျန်းမာရေ...
04/07/2021

Today Test

စစ်ဆေးသူ 10,378 ဦး

ပိုးတွေ့သူ 2,318 ဦး

ပိုးတွေ့နှုန်း 22.34 %

#လက်ဆေးပါ
်ပါ
#လူစုလူဝေးရှောင်ပါ
#ကျန်းမာရေးအာမခံထားပါ




ဇွန်လ ၁ရက်နေ့ကစပြီး ဒီနေ့ ၆ရက်နေ့ထိ မြန်မာပြည်မှာ ကိုဗစ်လူနာပေါင်း ၆၈၂ ယောက်တွေ့တယ်လို့ ကြေ​ညာထားပါတယ်။ ဒါက စစ်ဆေးတွေ့ရှ...
07/06/2021

ဇွန်လ ၁ရက်နေ့ကစပြီး ဒီနေ့ ၆ရက်နေ့ထိ မြန်မာပြည်မှာ ကိုဗစ်လူနာပေါင်း ၆၈၂ ယောက်တွေ့တယ်လို့ ကြေ​ညာထားပါတယ်။ ဒါက စစ်ဆေးတွေ့ရှိရသလောက်စာရင်းပဲ ရှိပါတယ်။ ဒီထက်ပိုပြီး များနိုင်ပါတယ်။

အရင်က ကိုဗစ်ဖြစ်ရင် အခမဲ့ ကုသပေးတဲ့ Center တွေ၊ ဆေးရုံတွေ အများကြီး ရှိပေမယ့် အခုကတော့ အစိုးရဆေးရုံအနည်းငယ်နဲ့ တချို့သော ပုဂ္ဂလိက ဆေးရုံတွေမှာ ကုသရမှာပါ။ ပုဂ္ဂလိက ဆေးရုံတချို့က Deposit ငွေအနေနဲ့ သိန်းဆယ်ဂဏန်းလောက် ကြိုပေးရတယ်လို့လည်း သိရပါတယ်။ ပြောရမယ်ဆိုရင် ကိုယ့်တာဝန် ကိုယ်ယူပြီး ကုရမယ့်သဘောပါ။

ဒါကြောင့် မိတ်ဆွေတို့ကို ကျန်းမာရေးအာမခံ ဝယ်ထားကြဖို့ တိုက်တွန်းလိုပါတယ်။ မိမိဝယ်ယူထားတဲ့ ယူနစ်အလိုက် ဆေးရုံစရိတ် ရရှိနိုင်မယ့်အပြင် AIA ကနေဝယ်ယူသူတွေကို ကိုဗစ်ဖြစ်တာနဲ့ အနည်းဆုံး ငါးသိန်း အပိုထောက်ပံ့​ပေးဦးမှာ ဖြစ်ပါတယ်။

ကိုဗစ်မဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေ လုပ်ရမှာဖြစ်သလို ​ဖြစ်လာခဲ့ရင်လည်း ဆေးရုံစရိတ်ကို တဖက်တလမ်းက အကူအညီ ဖြစ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားဖို့လည်း အရေးကြီးပါတယ်။

ကျန်းမာရေးအာမခံထားမယ်ဆိုရင်တော့ ကျွန်တော့် ဆီကို အမြန်ဆုံး ဆက်သွယ်လိုက်ပါနော်။




07/05/2021

အခုလို အချိန်ကာလမှာ အာမခံနဲ့ပါတ်သက်ပြီး အားလုံးအတွက် အကျိုးရှိမှာလေး ၃ ခု ပြောပြချင်ပါတယ်။

၁။ စစ်ဘေးကြောင့်သေရင် အသက်အာမခံ လျော်ကြေးရလား။

အာမခံအမျိုးအစားအလိုက် မတူတာလေးတွေရှိပါတယ်။ အဓိက အချက်အနေနဲ့ စစ်ပွဲ၊ အဓိကရုဏ်းတွေမှာ ကိုယ်တိုင်ဝင်ပါတာမဟုတ်ဘဲ သေတာမျိုးဆိုရင် လျော်ကြေးရပါတယ်။

၂။ ကိုယ်တစ်ခုခုဖြစ်သွားလို့ ကျန်တဲ့မိသားစုကို စိတ်ပူနေရမှာစိုး‌နေရတဲ့သူမျိုးက ဘယ်လိုအာမခံ ထားသင့်သလဲ။

Universal Life Insurance ကောင်းပါတယ်။ အသေးစိတ်ရှင်းရမှာတွေ အများကြီးပေမယ့် အတိုချုပ်ပြောရရင် (အာမခံထားသူရဲ့ အသက်အပေါ်မူတည်လို့) တစ်နှစ်ကို ၇ သိန်းကနေ ၂၅ သိန်းအထိ နှစ်စဉ်သွင်းရုံနဲ့ ဘယ်အချိန်မှာပဲ ကိုယ်သေသည်ဖြစ်စေ မိသားစုက သိန်း ၁၀၀၀ ရပါလိမ့်မယ်။

၃။ ငွေကိုဘယ်မှာထားရမှန်းမသိဖြစ်နေတဲ့သူတွေဆိုရင်ရော ဘယ်လိုအာမခံမျိုး ထားသင့်သလဲ။

စိတ်ချရတဲ့ နိုင်ငံတကာအာမခံကုမ္ပဏီတွေမှာ ငွေစုအသက်အာမခံပုံစံမျိုး ငွေကိုရွှေ့ထားလို့ရပါတယ်။

ဒီအချိန်မှာ ကြော်ငြာသလို မတင်ချင်ပေမယ့် အားလုံးကို သိစေချင်လို့ လုပ်ထားသင့်တယ်ထင်လို့ ကိုယ်တိုင်လုပ်ထားတာလေးတွေပြောပြတာပါ။

Credit ZarniThaung

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတော့မယ်။ ဒီအချိန်မှာ နှစ်သစ်ကူးလက်တွေ အတွက် စဥ်းစားနေပါသလား။Life insurance. ..Health insura...
29/12/2020

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတော့မယ်။ ဒီအချိန်မှာ နှစ်သစ်ကူးလက်တွေ အတွက် စဥ်းစားနေပါသလား။

Life insurance. ..Health insurance က ဦးစားပေး ရွေးချယ်သင့်ပါတယ်

သင်ချစ်တဲ့သူတွေအတွက် (သို့) သင်ကိုယ်တိုင် ဝယ်ယူလိုခြင်းအတွက် စိတ်ကူးထားတဲ့ ဆန္ဒတွေလည်း ရှိနေကောင်း ရှိနေပါလိမ့်မယ်။

ဟုတ်ပါတယ်။ နှစ်သစ်ဟာ မိမိကိုယ်ကို ပြန်လည်ပြင်ဆင်ရန် အားသစ်ယူရန် ကုသရန် အချိန်ကောင်းလည်း ဖြစ်ပါတယ်။

နှစ်ကူးလက်ဆောင်များအတွက် နောက်ဆုံးပေါ်ကိရိယာများ သို့မဟုတ် ဖက်ရှင်ပစ္စည်းများဟာ အဆင်သင့်သုံးနိုင် ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သည်ဟု လူအများစုက ယူဆထားကြသော်လည်း ဒီအရာများဟာ နှစ်အနည်းငယ်အတွင်း စတိုင်ကျသွား ပျောက်ကွယ်သွားကြပါတယ်။

ဒီနှစ်မှာတော့ မတူကွဲပြားတဲ့ အရာတစ်ခုခုကို
စမ်းကြည့်ကြပါဦး။

ဘဝအာမခံ ကဲ့သို့သော (များသောအားဖြင့်) သင်မရဖူးခဲ့သော/ အခြားသူများလည်း မရဖူးခဲ့သော လက်ဆောင်ကို မိမိကိုယ်ကို (ဒါမှမဟုတ်) မိမိတို့ ချစ်တဲ့သူတွေကို ဘာကြောင့် မပေးဖြစ်ခဲ့ကြသလဲ။

ဒီလက်ဆောင်ဟာ နောက်ဆုံးပေါ် မိုဘိုင်းဖုန်းတွေလိုတော့ လူကြိုက်များသော ရွေးချယ်မှု မဖြစ်နိုင်ပါ။ သို့သော် နောက်ဆုံးပေါ်ကိရိယာများနှင့် မတူဘဲ အသက်အာမခံ အကာအကွယ် ဝယ်ယူခြင်းသည် သင့်အတွက်ရော သင့်မိသားစုအတွက်ရော သင်ချစ်ရသောသူတွေအတွက်ပါ ရေရှည်တွင် ပိုကောင်းစေပါတယ်။
ဒါဟာ သင်ချစ်တဲ့သူတွေအတွက်
တစ်သက်တာရဲ့ လက်ဆောင်တစ်ခု ဖြစ်ပါတယ်။

=== နှစ်သစ်ကူးလက်ဆောင်အဖြစ် သင့်ဘဝအာမခံကို ဘာကြောင့် ဝယ်ယူရတာလဲ။ === ⠀

ဒီအတွက် သင်တွေဝေနေပါက ရှေ့လာမယ့် နှစ်သစ်မှာ အသက်အာမခံ ၀ယ်ရန် အကြောင်းပြချက် အချို့ ရှိပါတယ်။

အသက်အာမခံဟာ ...
✅ ချစ်ရတဲ့မိသားစုရဲ့ နောင်ရေးငွေကြေးအကာအကွယ် အတွက်တစ်သက်တာ လက်ဆောင်တစ်ခု ဖြစ်ပါတယ်။
✅ သင်ထင်ထားတာထက် စျေးနှုန်းသက်သာပါတယ်။
✅ သင့်ကို စိတ်အေးချမ်းသာမှုတွေ
ပေးစွမ်းပါတယ်။
✅ ငွေကြေးစီမံခန့်ခွဲမှုစီမံကိန်းရဲ့ အရေးကြီးတဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
✅ ခိုင်မာတဲ့ ငွေကြေးအမွေအနှစ်တစ်ခုအား ချန်ထားနိုင်ရန်အတွက် နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

နောက်နေ့မှာ ဘာဖြစ်မလဲဆိုတာကို မသိနိုင်တဲ့ လူ့ဘဝအတွက် လူတိုင်းမှာ ကြိုတင်စီစဉ်ထားခြင်းဆိုတာရှိဖို့ လိုအပ်ပါတယ်။ ရေရှည်အတွက် အစီအစဉ်ချထားတာဟာ ဘယ်တော့မှ မမှားပါဘူး။ အနာဂတ်ငွေကြေးအတွက် စိတ်အေးရစေဖို့နှင့် မိသားစုအပေါ် ထားရှိထားတဲ့ သင်တို့ရဲ့ အိပ်မက်တွေ ပျောက်ပျက်မသွားဖို့ ကူညီရင်းနှီးမြုပ်နှံပေးမယ့် ငွေပင်ငွေရင်း အသက်အာမခံပေါ်လစီကို ရွေးချယ်လိုက်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။
__________________________________________
နှစ်သစ်မှာ သင်ရွေးချယ်လိုက်တဲ့
နှစ်ကူးလက်ဆောင်ဟာ
သင့်မိသားစုအနာဂတ်ကို လုံခြုံစေပါလိမ့်မယ်
__________________________________________

Credit ကျော်ကျော် (တောင်ငူ)




#ကျန်းမာရေးအာမခံ

ကာတွန်းဆိုတာ အပြင်လက်တွေ့ဘဝကို ထင်ဟပ်စေလို့ လူတွေကြိုက်ကြတာပါ။ သူ့တို့ရဲ့ အနုပညာပြကွက်လေးတွေက တကွက်ဆိုတကွက် ဆိုသလောက် လူ...
03/12/2020

ကာတွန်းဆိုတာ အပြင်လက်တွေ့ဘဝကို ထင်ဟပ်စေလို့ လူတွေကြိုက်ကြတာပါ။ သူ့တို့ရဲ့ အနုပညာပြကွက်လေးတွေက တကွက်ဆိုတကွက် ဆိုသလောက် လူတွေရဲ့ ရင်ထဲကို ရောက်စေပါတယ်။ ခေတ်အလိုက် ကာတွန်းတွေကိုကြည့်ရင် အဲ့ဒီခေတ်ရဲ့ ဘဝကို သိနိုင်ပါတယ်။

အခုကာတွန်းလေးကို ကြည့်ပြီး ရင်ထဲမှာ စိတ်မကောင်းဖြစ်ရပါတယ်။ ရောဂါတခုဖြစ်လာရင် ရောဂါခံစားရ​သူကော၊ မိသားစုမှာပါ ​သောကပေါင်းများစွာကို ရင်ဆိုင်ရတာပါ။ အထူးသဖြင့် ဆေးကုသစရိတ်ကို အဓိကပူပန်ရပါတယ်။ တချို့ရောဂါတွေက ကုသနိုင်ရဲ့သားနဲ့ ပိုက်ဆံမရှိလို့ လက်လွတ်လိုက်ရတာတွေ ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးပါ။ တချို့ကြတော့လည်း ရောဂါပျောက်သွားသလို ပိုင်ဆိုင်မှုတွေလည်း ပျောက်သွားကြပါတယ်။

ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတိုင်းမှာ အာမခံဆိုတာ အဆန်းတကြယ် မဟုတ်သလို လူတိုင်းနီးပါးမှာလည်း အနည်းဆုံး ကျန်းမာရေးအာမခံ ရှိကြပါတယ်။ ကျန်းမာရေးအာမခံ မရှိလို့ကတော့ ဆေးရုံဆေးခန်းသွားဖို့ မစဥ်းစားနဲ့ ဆိုသလိုပါပဲ။

အခုဆိုရင် မြန်မာနိုင်ငံမှာလည်း အာမခံအမျိုးအစား တော်တော်များများ ရရှိနေပါပြီ။ မိတ်ဆွေတွေအားလုံးကို တိုက်တွန်းချင်တာကတော့ ကျန်းမာရေးအာမခံကို မိသားစုဝင်အားလုံးအတွက် ဝယ်ယူထားစေချင်တာပါပဲ။ မြန်မာပြည်မှာ ကျန်းမာရေးအာမခံဟာ လူတိုင်းနီးပါးလက်လှမ်းမှီနိုင်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်ပါတယ်။ ဒါကိုတောင် မဝယ်ယူထားရင်တော့ ဆေးရုံရောက်မှ နောင်တရနေပါမယ်။ အခုဆိုရင် ကိုဗစ်ရောဂါအတွက် အပိုဆောင်း အထောက်အပံ့တောင်ရနေလို့ ပိုပြီးဝယ်ယူထားသင့်တာပါပဲ။

ဘယ်မှာဘယ်လို ဝယ်ရမှန်းမသိရင်တော့ ကျွန်​တော့်ကိုသာ ဆက်သွယ်လိုက်ပါ။ အစအဆုံး ကူညီဆောင်ရွက်ပေးပါမယ်ခင်ဗျာ။

(ကာတွန်းဆရာကို ခရက်ဒစ်ပေးပါတယ်)
Credit PraveenHariPradhanVictor






Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Life Insurance Shan State posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share