The Arakan Times

The Arakan Times Development Media Group (DMG) broadcasts accurate, comprehensive, and unbiased news and information regarding Arakan (Rakhine) State, Myanmar.

■ ထိုးစစ် နှစ်ပတ်ပြီးနောက် ရသေ့တောင်မြို့ကို AA က သိမ်းပိုက်The Arakan Times မတ်လ ၁၈ ရက်ရခိုင်ပြည် ရသေ့တောင်မြို့ပေါ်က န...
17/03/2024

■ ထိုးစစ် နှစ်ပတ်ပြီးနောက် ရသေ့တောင်မြို့ကို AA က သိမ်းပိုက်

The Arakan Times
မတ်လ ၁၈ ရက်

ရခိုင်ပြည် ရသေ့တောင်မြို့ပေါ်က နောက်ဆုံးကျန်နေသော စစ်ကောင်စီတပ်ရင်း ၃ ခုစလုံးကို နှစ်ပတ်ခန့် ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ယမန်နေ့ မတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် AA က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်သည်။

ရသေ့တောင်မြို့ပေါ်တွင် နောက်ဆုံးကျန်နေသော စစ်ကောင်စီတပ်ရင်းများမှာ ခမရ ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်းတို့ဖြစ်ကြပြီး ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အပြင်းအထန် ခုခံသည့်ကြားမှ AA သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြို့သိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် စစ်ကောင်စီတပ်သားများအပြင် စစ်မှုထမ်းရန် အတင်းအဓ္ဓမခေါ်ယူခြင်းခံရသော မွတ်ဆလင်အလောင်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း AA က ဆိုသည်။

မွတ်ဆလင်များမှာ စစ်မှုထမ်းဥပဒေအား ခုတုံးလုပ်ပြီး စစ်ကောင်စီမှ လောလောလတ်လတ် စစ်သင်တန်းပေးထားသော မွတ်ဆလင်များဖြစ်ကြသည်။

ယင်းအပြင် ယင်းတပ်စခန်းများမှ စစ်ကောင်စီတပ်သား ၂၀၀ ခန့်မှာ စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

16/03/2024

မင်းပြားမှာ ရခိုင် ၃ ဦးနှင့် ချင်း ၂ ဦးကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့ဟု ထွက်ပြေးလွတ်မြောက်လာသူပြော

The Arakan Times
မတ်လ ၁၆

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မာန်တောင်ချောင်းဝမှာ ရခိုင်တိုင်းရင်းသား ၃ ဦးနှင့် ချင်းလူမျိုး ၂ ဦးကို အကြမ်းဖက်မြန်မာစစ်တပ် (စစ်ကောင်စီ) က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာသူ ဦးမောင်လှဝင်းက ပြောသည်။

ဦးမောင်လှဝင်းအပါအဝင် ရခိုင်ဒေသခံ ၁၀ ဦးခန့်ကို အကြမ်းဖက်စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက္ခိုင့်တပ်တော် AA က ကယ်ထုတ်လာသော ဦးမောင်လှဝင်းက ပြောဆိုခြင်းဖြစ်သည်။

မင်းပြားမြို့နယ် တိုင်းဗဟို (၉) မှ ထွက်ပြေးလွတ်မြောက်နေသော အကြမ်းဖက် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များသည် ရခိုင်ဒေသခံများကို ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြခြင်းဖြစ်သည်။

မင်းပြားမြို့ကို အကြမ်းဖက် စစ်တပ်က ထပ်မံ ဗုံးကြဲတိုက်ခိုက်The Arakan Timesမတ်လ ၁၆ ရက်ရခိုင်ပြည် မင်းပြားမြို့ကို အကြမ်းဖ...
16/03/2024

မင်းပြားမြို့ကို အကြမ်းဖက် စစ်တပ်က ထပ်မံ ဗုံးကြဲတိုက်ခိုက်

The Arakan Times
မတ်လ ၁၆ ရက်

ရခိုင်ပြည် မင်းပြားမြို့ကို အကြမ်းဖက်စစ်တပ် (စစ်ကောင်စီ) က ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက်အချိန်တွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ စာသင်ကျောင်းများ ပျက်စီးသွားသည်။

အကြမ်းဖက်စစ်တပ် ကြဲချသော ဗုံးမှာ မင်းပြားမြို့ မင်းဗာကြီးရပ်ကွက်မှ အခြေခံပညာအလယ်တန်း ကျောင်း (ခွဲ) ကို ကျရောက်ခဲ့၍ စာသင်ကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

နံနက် ၉ နာရီကျော်အချိန်က ဗုံးကြဲချခြင်းဖြစ်ပြီး စာသင်ကျောင်း၏ ခြံစည်းရိုး၊ အုတ်နံရံ၊ အမိုး၊ မျက်နှာကျက်နှင့် စာသင်ခန်းဆောင်များ ပျက်စီးသွားသည်။

ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသော မြို့များနှင့် ရပ်ရွာများကို အကြမ်းဖက်မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခြင်းများကို တိုက်ပွဲမရှိဘဲ နေ့စဉ်နှင့်အမျှ လာရောက် တိုက်ခိုက်ခြင်းများရှိနေ၍ ဒေသခံပြည်သူများမှာ အသက်လုပြေးလွှား တိမ်းရှောင်နေရကြောင်း သိရသည်။

AA က မြို့ ၃ မြို့ကို တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေThe Arakan Timesမတ်လ ၁၆ ရက်ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော...
16/03/2024

AA က မြို့ ၃ မြို့ကို တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေ

The Arakan Times
မတ်လ ၁၆ ရက်

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့ပေါ်က အကြမ်းဖက် စစ်ကောင်စီတပ်များကို တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း မတ်လ ၁၅ ရက်နေ့ ညက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်ကို လေးဘက်လေးရံမှ ဝိုင်းရံပိတ်ဆို့ထားကာ ဖြတ်တောက် တိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်ပြောသည်။

ရသေ့တောင်မြို့ အခြေစိုက် တပ်ရင်းများဖြစ်သည့် “ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)” တို့ကို အကြမ်းဖက် မြန်မာစစ်တပ်က ကြည်း၊ ရေ၊ လေ ပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသော်လည်း တစ်ဆင့်မြှင့်ထိုးစစ်ကို AA က ဆင်နွှဲနေသည်ဟု ဆိုသည်။

ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

မောင်တောမြို့နယ်အတွင်း၌လည်း လက်ကျန်နယ်ခြားစောင့်စခန်းအချို့အား သိမ်းပိုက်ရယူရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည့်နည်းတူ စခန်းစွန့်ထွက်ပြေးနေကြသည့် အကြမ်းဖက်တပ်ဖွဲ့ဝင်အချို့အား လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

Address

Sittwe

Alerts

Be the first to know and let us send you an email when The Arakan Times posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Arakan Times:

Share