Swe : Financial Advisor

Swe : Financial Advisor Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Swe : Financial Advisor, Financial service, Seikpyu.

03/05/2023

#ဝင်ငွေနည်းတဲ့သူတွေဘယ်လိုနည်းလမ်းသုံးပြီး‌ဝင်ငွေများလာအောင်ဖန်တီးမလဲ⁉️⁉️




မြတ်ဗုဒ္ဓရဲ့ဗျာဒိတ်ခံယူ ခဲ့တဲ့ကဆုန် လပြည့်နေ့ (ဗုဒ္ဓအခါဝောာ်နေ့ )မှာ7ရက်သားသမီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနှ...
03/05/2023

မြတ်ဗုဒ္ဓရဲ့ဗျာဒိတ်ခံယူ ခဲ့တဲ့
ကဆုန် လပြည့်နေ့ (ဗုဒ္ဓအခါဝောာ်နေ့ )မှာ

7ရက်သားသမီးများအားလုံး စိတ်ချမ်းသာ
ကိုယ်ကျန်းမာစွာနှင့် ဘေးအန္တရာယ်အခက်အခဲအမျိုးမျိုးမှ ကင်းဝေးပြီး ကောင်းကျိုးချမ်းသာ လိုရာပြည်ပါစေ🙏🙏



မီးမလာလည်း အဲယားကွန်းသုံးလို့ရနို..... See more
02/05/2023

မီးမလာလည်း အဲယားကွန်း
သုံးလို့ရနို..... See more

ပိုက်ဆံရှာဖို့ ကြိုးစားနေသ၍ ကျွန်တော်တို့မှတ်ထားရမဲ့ စည်းမျဥ်းလေးတခုရှိပါတယ်.. အဲ့ဒါလေးက -​" ရေလိုကျင့်ကြံပါတဲ့​ "အရာရာတ...
02/05/2023

ပိုက်ဆံရှာဖို့ ကြိုးစားနေသ၍ ကျွန်တော်တို့မှတ်ထားရမဲ့ စည်းမျဥ်းလေးတခုရှိပါတယ်.. အဲ့ဒါလေးက -​
" ရေလိုကျင့်ကြံပါတဲ့​ "

အရာရာတိုးတက်နေတဲ့ခေတ်ကြီးထဲမှာ ရောင်းကောင်းဖို့​ ကြော်ငြာနည်းလမ်းအသစ်အဆန်းတွေ၊ လုပ်ငန်းပုံစံ အသစ်အဆန်းတွေ ပေါ်လာတာမထူးဆန်းပါဘူး... 🤓

အရင်တုန်းက​ ကိုယ့်ပစ္စည်းကိုလူသိများအောင် ကြော်ငြာချင်တယ်ဆိုရင်
📌 သတင်းစာထဲထည့်ကြော်ငြာတယ်
📌 Vinyl ဆိုင်းဘုတ်တွေနဲ့ကြော်ငြာတယ်
📌 TV ချန်နယ်လ်တွေမှာ ကြော်ငြာထည့်တယ်
📌 လူအသွားအလာများတဲ့နေရာတွေမှာ free ကျွေးပြီး ဆွဲဆောင်​တယ်..

တနည်းမဟုတ်တနည်းနဲ့တော့ ကိုယ့်ပစ္စည်းကိုကြော်ငြာနေရတာပါပဲ..

ခေတ်ကြီးပြောင်းလာပြီး နည်းပညာတွေခေတ်စားလာတော့​ Facebook​ မှာ​ Boost​ လုပ်ပြီး​ကြော်ငြာ​ကြတယ်..

ပိုအဆင်မြင့်တဲ့ ကြော်ငြာနည်းတွေကိုသုံးလာကြတယ်

ပြောရရင်​ လုပ်ငန်းတွေကလဲ ခေတ်နဲ့အညီပြောင်းလဲနေရတာပေါ့.. 🤓

ကိုယ်ကလုပ်ငန်းရှင်ဆိုရင် ကိုယ့်စီးပွားရေးလုပ်ငန်းကိုလဲ ခေတ်နဲ့အညီပြောင်းလဲပေးရမှာက ကိုယ့်တာဝန်ပါ.. ခေတ်အပြင် Customer​ အပေါ်မူတည်ပြီးတော့လဲပြောင်းလဲပေးရမယ်

"ရေ​(Water)" ကို​ ဥပမာယူကြည့်ပါ.

စက်ဝိုင်းပုံခွက်ထဲ​ ရေထည့်ထားရင်​ အထဲကရေဟာ ခွက်ရဲ့သဏ္ဍာန်ကိုယူပြီး စက်ဝိုင်းပုံဖြစ်လာတယ်ပေါ့နော်... 🍷
လေးထောင့်ပုံခွက်ထဲ ရေထည့်ထားရင် ရေက​လေးထောင့်ပုံဖြစ်နေမယ်.. 🔲

ရေသန့်ဘူးထဲပြောင်းထည့်လိုက်ရင် အထဲကရေက ရေသန့်ဘူးပုံစံအဖြစ်ပြောင်းလဲသွားတယ်.. 🍶

ဒီလိုပဲ​ လုပ်ငန်းလုပ်တဲ့အခါမှာလဲ​ ကိုယ့်လုပ်ငန်းက ကိုယ့်ရဲ့ Customer တွေကြိုက်နိုင်မဲ့ ပုံစံအတိုင်းပြောင်းလဲနိုင်ရပါမယ်...

ဒီလိုပြောင်းလဲနိုင်ဖို့ဆိုရင် ကိုယ်က​ကိုယ့်​ Customer​ တွေ​အကြောင်း​ ထုံးလိုကြေ၊ရေလိုနှောက် သိနေရမယ်

✅ ဘယ်အသက်အရွယ်တွေများလဲ?
✅ ယောကျ်ားကြီးတွေလား? မိန်းကလေးငယ်တွေလား?
✅ အိမ်ထောင်သည်မေမေတွေလား?
✅ ဘယ်လိုပုံစံပြင်ဆင်ပေးရင် ပိုကြိုက်တတ်ကြလဲ? အစရှိသဖြင့်ပေါ့..

ဥပမာ​ အနေနဲ့​လုပ်ငန်းတခုကိုပြရမယ်ဆိုရင် KFC​ လုပ်ငန်းစုကြီးကိုကြည့်ပါ​ 🍗

KFC​ တံဆိပ်တခုတည်းဆိုပေမဲ့​ Asia နိုင်ငံတွေမှာ ကြက်ကြော်တဲ့ပုံစံနဲ့ Sweden လိုအနောက်နိုင်ငံမှာ ကြက်ကြော်တဲ့ပုံစံချင်းမတူပါဘူးတဲ့... ✨

Sweden နိုင်ငံက​ KFC မှာ​ ကျွန်တော်တို့ဆီကလို အပေါ်က​ ကျွတ်ကျွတ်ရွရွတွေ​ အများကြီးမပါပါဘူး (ကျွန်တော်တို့ဆီက​ ကြက်သားတုံးနဲ့ ယှဥ်ရင် အကြွပ်သုံးထားတာတော်တော်ကွာပါတယ်)​

ဒါဟာ ဘာလို့လည်းဆိုတော့ Sweden နိုင်ငံသားတွေက အသားကိုပဲ ပိုစားချင်ကြတာဖြစ်ပြီး အကြွပ်တွေက ကြက်သားပါဝင်မှုကို နည်းသွားစေတယ်လို့ယူဆကြလို့ပါ.. 🍗

ဒါကြောင့်​အကြွပ်နည်းနည်းပဲပါရင် ပိုရောင်းကောင်းတာမလို့ သူ့ရဲ့​ ဟင်းချက်နည်း(Recipe) ကိုပြောင်းလဲလိုက်တာပေါ့

တနည်းအားဖြင့်ပြောရင်​
"ရေလိုကျင့်ကြံလိုက်တာပါပဲ"​ 💦

ဒါပေမဲ့​ နည်းလမ်းအသစ်တိုင်းက ပိုပြီးရောင်းကောင်းစေမှာ၊ ပိုပြီးအသုံးတည့်စေမှာမဟုတ်ပါဘူး..🙅🏻‍♂️

ဘာလို့လဲဆိုတော့​ တခါတရံ နည်းလမ်းအဟောင်းတွေက ပိုပြီးအသုံးတည့်တာမလို့ပါ..

ဖုန်းငွေဖြည့်ကဒ်မှာဆိုရင် အခုနောက်ပိုင်း​ ရိုက်ထည့်ရမဲ့ နံပါတ်အပြင်​ Scan လုပ်ဖို့​ QR Code လေးပါလာပါတယ်...
သို့သော်​လူတွေက​ နံပါတ်ပဲရိုက်ထည့်ပြီး ဖြည့်နေကြတုန်းပါ.. 📲

နည်းလမ်းအသစ်ရှာဖွေတာက ကောင်းသလို
တခါတရံနည်းလမ်းအဟောင်းတွေက ပိုအလုပ်ဖြစ်နေတာမျိုးလဲရှိတတ်ပါတယ်... ✅

ဒါ့ကြောင့်​အလွယ်တကူ​ပုံစံပြောင်းလို့ရတဲ့ ရေလိုမျိုး လုပ်ငန်းရှင််တွေကို ကျင့်ကြံစေချင်ပါတယ်.. 🍶

ကိုယ့်ရဲ့​ Customer တွေကို​အမြဲလိုလိုစောင့်ကြည့်ပြီး သူတို့ရဲ့​အကြံပေးချက်တွေ၊ Feedback တွေကအစ မကောင်းကြောင်းပြောတာအဆုံး​အကုန်​လိုက်မှတ်ပြီး ပြောင်းလဲသင့်တဲ့နေရာတွေကို ပြောင်းလဲစေချင်ပါတယ်... ✨

စာတော့နည်းနည်းရှည်သွားပြီဗျာ..
အကျိုးရှိသွားလိမ့်မယ်လို့မျှော်လင့်မိပါတယ်💖

📊 The Marketing Nerds


လူနပ် ချမ်းသာ သို့မဟုတ် လူချမ်းသာ လူနပ်••••(1)လူနပ်တွေက ခက်ခဲနေသောကာလမျိုးမှာတောင် ငွေကို ရအောင် ရှာနိုင်ကြတယ်။(ကျွန်တော...
30/04/2023

လူနပ် ချမ်းသာ သို့မဟုတ် လူချမ်းသာ
လူနပ်••••

(1)လူနပ်တွေက ခက်ခဲနေသော
ကာလမျိုးမှာတောင် ငွေကို ရအောင်
ရှာနိုင်ကြတယ်။(ကျွန်တော်တို့က
မီးပြတ်လို့၊နေပူလို့ ညည်းညူနေကြ
ချိန်မှာ ၎င်းတို့က electronic devices
တွေ၊အသုံးအဆောင်တွေ၊ဆိုလာပြား
တွေကို ရောင်းဖို့ရန် နည်းလမ်းရှာကြ၊
ရောင်းနိုင်ရန် အခွင့်အရေးကိုရှာနေကြ)
အဲဒီလို နပ်ကြတော့ ငွေရှာနိုင်။ငွေ၀င်
ကြပါသည်။

(2)လူချမ်းသာတွေက အဲဒီ သူတို့ရှာ
ထားပြီးတဲ့ ငွေတွေကို ဘယ်လို စီမံ
ထိန်းသိမ်းရမလဲဆိုတာကို သိကြပါ
တယ်။ဥပမာအားဖြင့် inflationမြင့်
တက်နေရင် ဘယ်လို အက်ဆက်၊
အရာမျိုးတွေ၌ ၎င်းတို့ရဲ့ ငွေကြေး
တွေကို ပြောင်းပြီး ထားရမလဲ ဆို
တာသိကြပါတယ်။Inflationအ
ကြောင်းမသိ၊နားမလည်ရင် လူနပ်
မဟုတ်သလို၊၎င်းရဲ့ ငွေရှာတဲ့အလုပ်
ဟာလည်း(ဒီကနေ့ကာလ နိုင်ငံအများ
စုတို့၌ inflationမြင့်တက်နေချိန်းမျိူး
၌ )အိတ်ပေါက်နဲ့ဖားကောက်ရ
သလို၊အကျိုးနည်းအချည်းနှီး ဖြစ်
စေနိုင်ပါလိမ့်မည်။

(3)လူနပ်/ချမ်းသာတွေက ၎င်းတို့ရဲ့
၀င်ငွေလမ်းကြောင်းကနေ ရလာတဲ့ငွေ
တွေကို( inflationကြောင့် အပွန်းအပဲ့
မခံချင်ကြ၊ယုတ်လျော့မခံချင်ကြလို့)
အဲဒီငွေတွေကနေ နောက်ထပ်ငွေတွေ
များစွာ တိုးပွားလာအောင် ငွေကနေ
ငွေကိုပြန် ရှာခိုင်းတတ်ကြတာကိုတွေ့
ရပါသည်။ငွေကနေ ငွေကို ရှာခိုင်းတာ
က လူတွေကို ခိုင်းသလို အချိန်၊လုပ်
အား ၊အကန့်အသတ်မျိူးဟူ၍လည်း
မရှိနိုင်ဘဲ ၊၂၄နာရီပတ်လုံးအထိ ခိုင်း
လို့လည်း ရနိုင်ပါသည်။

💵သင်က ငွေကို သုံးလိုက်ရင် အဲဒီငွေ
ဟာ တခြားသူအတွက် အလုပ်လုပ်
ပေးသလို ဖြစ်သွားပြီး၊ငွေကို ရင်းနှီး
မြှုပ်နှံမှု လုပ်ရင်တော့ အဲဒီငွေဟာ
ကိုယ့်အတွက် အလုပ်လုပ်ပေးသလို
ဖြစ်ပါသည်။

#ကေနိူ





Sun,Apr 30

အရင်းအနှီးမရှိဘဲ ငွေဘယ်လိုရှာနိုင်မလဲ⁉️⁉️  ခုခေတ်မှာ onlineကိုသာကောင်းကောင်းအသုံးချတတ်မယ်ဆိုရင် ဝင်ငွေရှာလို့ အလွယ်ဆုံးပ...
26/04/2023

အရင်းအနှီးမရှိဘဲ ငွေဘယ်လိုရှာနိုင်မလဲ⁉️⁉️

ခုခေတ်မှာ onlineကိုသာကောင်းကောင်းအသုံးချတတ်မယ်ဆိုရင် ဝင်ငွေရှာလို့ အလွယ်ဆုံးပါ။
စီးပွားရေးလုပ်ဖို့ အရင်ခေတ်ကလို ပစ္စည်းတွေရင်းပြီး ငွေအရင်းနှီးအများကြီးရှိမှ စီးပွားရေးလုပ်လို့ရတဲ့ခေတ်ကကုန်သွားပါပြီ။
တဂယ်လို့ရင်းနိုင်‌အုံးတောင် ကိုယ့်လုပ်ငန်းကြီးထွားဖို့နဲ့ ဝင်ငွေများများဖန်တီးဖို့က Onlineပေါ်နေရာတခုရအောင်တည်ဆောက်မှသာ အလုပ်ဖြစ်ပါလိမ့်မယ်။
ကိုယ့်မှာ အဲလိုအရင်းနှီးလဲ မရှိရင်လဲ ဘာမှစိတ်ညစ်စရာမလိုပါဘူး။ကိုယ်ဘာကျွမ်းကျင်လဲ ကိုယ်ကျွမ်းကျင်တဲ့အရာကိုလူတွေများများသိအောင်ချပြလိုက်ပါ။
နောက်ပိုင်းမှာ လူတွေကိုယ့်ကိုလက်ခံ လာပြီး အဲဒီကနေ ငွေလုပ်သွားလို့ရပါတယ်။အဲအတွက်ဘာအရင်းအနှီးမှရှိစရာမလိုဘဲအချိန်နဲ့ လူရင်းဖို့ပဲလိုတာပါ(ဘယ်အရာဘဲလုပ်လုပ် တခုမဟုတ် တခုရင်းဖို့တော့ လိုတာပေါ့)။
ဒါကြောင့် ဒီနေ့နည်းပညာခေတ်က internet ရှိယုံနဲ့သာမာန်လူ‌ေတွ သိန်းဆယ်ချီ ရာချီ စီးပွားရှာလို့ရတဲခေတ်။ငွေရှာရလွယ်ကူဆုံး ခေတ်ဖြစ်ပါတယ်။




ငွေကြေးကြွယ်ဝချမ်းသာဖို့ အတန်းပညာ အများကြီးတက်မြှောက်ဖို့လို လား⁉️⁉️ကမ္ဘာကျော်ဘီလျံနာအများစုက ကျောင်းပညာတွေ အများကြီး တတ...
25/04/2023

ငွေကြေးကြွယ်ဝချမ်းသာဖို့ အတန်းပညာ အများကြီးတက်မြှောက်ဖို့လို လား⁉️⁉️

ကမ္ဘာကျော်ဘီလျံနာအများစုက ကျောင်းပညာတွေ အများကြီး တတ်မြောက်ကြသူ‌ေတွမဟုတ်ပါဘူး။

MBA ဘွဲ့မရပဲ အချမ်းသာဆုံး စာရင်းဝင်နေတဲ့သူတွေရှိသလို MBA ဘွဲ့ရပြီ ဝန်ထမ်းဖြစ်နေတဲ့သူတွေလည်း ရှိပါတယ်။

အိမ်တစ်လုံးလိုချင်တာကြောင့် engineer ပညာတွေ သင်ယူနေဖို့မလိုသလို ချမ်းသာဖို့ပညာရပ်တိုင်းကို လူတိုင်း မ‌တတ်မြောက်နိုင်ပါဘူး။

ဒါကြောင့် မိတ်ဆွေရဲ့ စိတ်ထဲမှာ အတန်းပညာရှိမှ ငွေတွေ အများကြီးရှာနိုင်မယ်။MBAဘွဲ့ ရမှ စီးပွားရေးကို လုပ်နိုင်မယ်ဆိုတဲ့အ‌ေတွး‌ေတွကို ရပ်တန့်လိုက်ပါ။
ငွေကြေးအောင်မြင်မှုရဖို့ စီးပွားရေးနဲ့ငွေကြေးပညာကိုသာ စနစ်တကျ သင်ယူတတ်မြောက်မယ်ဆိုရင် ကြီးပွားချမ်းသာစေမှာဖြစ်ပါတယ်။



သင်ချာဉာဏ်ရည် ဘယ်လောက်ရှိလဲ⁉️⁉️Commentမှာ တချက်ဖြေကြည့်ခဲ့နော်.......
24/04/2023

သင်ချာဉာဏ်ရည် ဘယ်လောက်ရှိလဲ⁉️⁉️

Commentမှာ တချက်ဖြေကြည့်ခဲ့နော်.......

အကြွေးဝန်မပိ‌ေစဖို့ ဖြေရှင်းနည်း‼️‼️အကြွေးမှာ အကြွေးကောင်း (Good Debt) နဲ့ အကြွေးဆိုး (Bad Debt) ဆိုပြီးနှစ်မျိုးရှိပါတယ...
22/04/2023

အကြွေးဝန်မပိ‌ေစဖို့ ဖြေရှင်းနည်း‼️‼️

အကြွေးမှာ အကြွေးကောင်း (Good Debt) နဲ့ အကြွေးဆိုး (Bad Debt) ဆိုပြီးနှစ်မျိုးရှိပါတယ်။ Bad Debt နဲ့ပတ်သက်လို့ အကြွေးဝန်ပိလာရင် ဖြေရှင်းဖို့အတွက် ဒီနည်းလမ်းတွေက အသုံးတည့်နိုင်ပါတယ်။

🚩 ကြွေးမြီတွေကို ပြန်သုံးသပ်ပါ

ကိုယ့်ရဲ့အကြွေးတွေက ဘယ်ကနေဖြစ်တာတာလဲ သုံးသပ်ဖို့လိုပါတယ်။ ဘယ်‌အရာတွေမှာ အသုံးများနေတာလဲ၊ ဘယ်နေရာတွေမှာ အကြွေးနဲ့လွယ်လွယ်သုံးဖြစ်နေတာလဲ သတိပြုဖို့လိုပါတယ်။ ဒီနေ့ခေတ်မှာဆို Digital Money (Mobile Banking Kpay၊ wave) စတဲ့၊ ဈေးဝယ်ရတာတွေက သိပ်လွယ်လာပါတယ်။Digital Moneyသုံးရတာ လွယ်ကူပေမယ့် ကိုယ့်အိပ်ကဒ်ထဲကငွေ လွယ်လွယ်နဲ့ ကုန်ပြီး များများသုံးဖြစ်တဲ့အတွက် အ‌ေကြွးဝန်မပိ‌ေအာင် ဈေးဝယ်ရင် ငွေသားသုံးတာက အကောင်းဆုံးပါ။(ကိုယ်ဘယ်လောက် သုံးမိတယ်ဆိုတာ မြင်နေတော့ သတိလွတ်ပြီးများများ မသုံးဖြစ်တော့ပါဘူး)

🚩 ဘတ်ဂျက် သေချာဆွဲပါ

လူအများစု အကြွေးပိတာရဲ့ အဓိကအကြောင်းရင်းက ဝင်ငွေနဲ့ ထွက်ငွေ ကိုမျှတအောင်လုပ်ပေးတဲ့ ဘတ်ဂျက်မဆွဲတာကြောင့်ပါ။ တချို့ ဝင်ငွေ ဘယ်လိုဝင်တာသိတယ်။ ထွက်ငွေဘယ်လိုသုံးလိုက်မှန်းမသိတာတွေ တစ်ပုံကြီး။ မလိုအပ်တဲ့ အသုံးစရိတ်တွေကို လျှော့ချတာက ကိုယ့်ရဲ့အကြွေးဝန်ကို လျော့ကျစေမှာပါ။

🚩 အတိုးနှုန်းများတာတွေကို အရင်ပေးပါ

ကိုယ်ချေးထားတာက Digital Money နဲ့ချေးထားတာ၊ ငွေသားအကြွေး တွေယူထားတာ၊ အသေးစားချေးငွေလုပ်ငန်းတွေကနေ စာချုပ်နဲ့ချေးထားတာ၊ ရပ်ကွက်ထဲ နီးစပ်ရာကယူထားတာ စသဖြင့် အတိုးနှုန်းမျိုးစုံနဲ့ဖြစ်နိုင်တယ်။ အဲဒီမှာ အတိုးနှုန်းအမြင့်ဆုံးတွေကို အရင်ဆပ်နိုင်လေ အတိုးသက်သာလေပါပဲ။

🚩 အတတ်နိုင်ဆုံးပမာဏကို ဆပ်ဖြစ်အောင်ကြိုးစားပါ

များများပြန်ဆပ်နိုင်လေ အကြွေးမြန်မြန်ကင်းလေပါ။ “The Richest Man In Babylon” စာအုပ်မှာတော့ Alfred H. Shrewsbury ဟာ ဘေလီလုံမြို့သားကုလားအုပ်ကုန်သည်ကြီး ဗန်စာ ရဲ့အကြွေးဆပ်နည်းကို နမူနာယူပြီး လစဉ် ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို ပုံမှန်ဆပ်သွားရင်းက မကြာခင်မှာ အကြွေးတွေအားလုံးကျေအောင်ဆပ်နိုင်တဲ့အကြောင်း ပြောထားပါတယ်။ အဓိကက ကိုယ့်ဝင်ငွေနဲ့ အကြွေးကိုချိန်ပြီး အချိန်မဆွဲဘဲ အတတ်နိုင်ဆုံး ပမာဏနည်းနည်းစီ ပြန်ခွဲဆပ်တတ်ရပါမယ်။

🚩 အချိန်မှန် ဆပ်ပါ

ဆပ်စရာရှိတာတွေကို အချိန်မှန်ဆပ်တာက နောက်ကျလို့ အတိုးပိုပေးလိုက်ရတာ ယုံကြည်မှုပျက်ပြားတာကိုလည်း ရှောင်ရှားပြီးဖြစ်စေပါတယ်။ အကြွေးနွံနစ်ကြခြင်းရဲ့အကြောင်းရင်းတစ်ခုက ပုံမှန်မဆပ်တာကြောင့်ပါ။ နည်းနေချိန်မှာပြန်ဆပ်ရင် အကြွေးကသိပ်မသိသာပေမဲ့ များလာမှဆပ်ရတဲ့အခါ မနိုင်ဝန်ဖြစ်တတ်ပါတယ်။

ဒါကြောင့် အကြွေးဝန်မပိချင်ရင်အပေါ်က ပြောထားတဲ့ အချက်တွေကို လုပ်ဆောင် လေ့ကျင့်ကြည့်ပါ။

Ref;



22/04/2023

ငွေရှာရတာ ထက်သုံးရတာထက်ပိုခက်တယ်။

‌ဝင်ငွေတိုးပွားအောင်လုပ်တာထက် ရှိနေတဲ့ငွေကို ပျောက်ပျက်မသွားအောင်ထိန်းသိမ်းရတာက ပိုခက်တယ်။

ငွေသိန်း၁၀၀ရှိလာ‌ရင် ဒီငွေကို တိုးပွားဖို့ ဘယ်နေရာမှာ ရင်းနှီးမြှုပ်နှံသင့်လဲဆိုတာသိဖို့ ပိုပြီး‌ေတာ့ခက်တယ်။

ဒါကြောင့် ငွေရှာပြီး ငွေကြေးပညာမရှိရင် ရလာတဲ့ငွေကိုသုံးစွဲနည်း စီမံခန့်ခွဲနည်း ‌ကိုယ့်ငွေ မ‌ေပျာက်ပျက်ဖို့ ဘယ်နေရာ‌ေတွမှာ ရင်းနှီးမြှုပ်နှံနည်း‌ေတွ သိဖို့ ငွေကြေးပညာကို အသက်မွေးဝမ်းကြောင်းပညာရပ်တခုလို လူတိုင်းသင်ယူဖို့လိုတယ်။




22/04/2023

Stock share၊stock exchange 💱💱ဆိုတာဘယ်လိုလည်ပတ် အလုပ်လုပ်ကြတာလဲ⁉️⁉️




Address

Seikpyu

Website

Alerts

Be the first to know and let us send you an email when Swe : Financial Advisor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share