Born to trade

Born to trade 𝗠𝗮𝘀𝘁𝗲𝗿𝗶𝗻𝗴 𝗧𝗵𝗲 𝗔𝗿𝘁 𝗢𝗳 𝗙𝗼𝗿𝗲𝘅 𝗧𝗿𝗮𝗱𝗶𝗻𝗴.

US President ရွေးကောက်ပွဲကာလတွေမှာ USD pairs တွေ Index တွေ commodities တွေကို အထူးသတိထား အရောင်းဝယ်လုပ်ကြပါ။ ဖြစ်နိုင်ရင...
06/11/2024

US President ရွေးကောက်ပွဲကာလတွေမှာ USD pairs တွေ Index တွေ commodities တွေကို အထူးသတိထား အရောင်းဝယ်လုပ်ကြပါ။

ဖြစ်နိုင်ရင် ခဏနားထားတာ ပိုကောင်းပါတယ်။

ထရမ့်နိုင်ခဲ့ရင်တော့ Usd ကပိုမာဖို့အလားလာရှိပါတယ်။

Forex Trading ဖြင့် Investment လုပ်မည်ဆိုပါက သတိထားပါ။ တစ်လကို ဘယ်လောက် % ရမယ်ဘာညာဆိုရင်တော့ အနှေးနဲ့အမြန် အလိမ်ခံရမှာပါ...
20/10/2024

Forex Trading ဖြင့် Investment လုပ်မည်ဆိုပါက သတိထားပါ။ တစ်လကို ဘယ်လောက် % ရမယ်ဘာညာဆိုရင်တော့ အနှေးနဲ့အမြန် အလိမ်ခံရမှာပါပဲ။ ကျန်တာမပြောလိုပါ။

ကျွန်တော်တို့လည်း investment လက်မခံပါ။

ကိုယ်တိုင် သိရှိနားလည်အောင် လုပ်တတ်ကိုင်တတ်အောင် သင်ကြားပေးသော Financial သင်တန်းသီးသန့်သာ ဖြစ်ပါတယ်ခင်ဗျာ။

Forex Trading နဲ့ လောင်းကစား တူသလား ❓    🎭  လူအများရဲ့အမြင်မှာ Forex သည်လောင်းကစား, ကျားဖြန့်, ရင်းနှီးမြှပ်နှံမှု ကိုဗန...
13/10/2024

Forex Trading နဲ့ လောင်းကစား တူသလား ❓

🎭 လူအများရဲ့အမြင်မှာ Forex သည်လောင်းကစား, ကျားဖြန့်, ရင်းနှီးမြှပ်နှံမှု ကိုဗန်းပြ ငွေလိမ်သွားတဲ့မသမာသူတွေကြောင့် ယုန်ထင်ကြောင်ထင်မြင်နေရခြင်းဖြစ်ပါတယ်။ Forex ရဲ့ဖြစ်တည်မှုက သမာရိုးကျ Business ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မော်ဒန်စီးပွားရေးတစ်ခုဖြစ်ပါတယ်။

Forex နဲ့လောင်းကစား ဘယ်လိုကွာခြားလဲ ❓
💸 လောင်းကစားဆိုတာ အရှုံးအမြတ်ကို ကံပေါ်မှာ အခြေခံထားပြီး မရေရာတဲ့ စိတ်ကူးယဥ္ခြင်းသာဖြစ်ပါတယ်။ ခေါင်းပန်းလှန်လို့ ခေါင်းကျရင်နိုင်မယ် ပန်းကျရင်ရှုံးမယ် ။ ဒါဟာလောင်းကစားဖြစ်တယ်။

💵 တစ်ဖက်မှာ Forex trading ကျတော့ Buy နဲ့ Sell ခလုတ်လေးကို တစ်ခါမနှိပ်ခင်မှာ market data တွေ trend တွေ နိုင်ငံတကာ စီးပွားရေး သတင်းတွေကိုစောင့်ကြည့်ရပါတယ်။ ငွေကို ဘယ်လောက်ပဲ သုံးရမယ် ဘယ်လောက်ရရင် အမြတ်နဲ့ပြန်ထွက်မယ် စတဲ့စနစ်တကျ တွက်ချက်မှုတွေကို လုပ်ပြီးမှ သာလျှင်အရောင်းဝယ်လုပ်ရတာဖြစ်ပါတယ်။

Risk ကတော့ အနည်းနဲ့အများရှိပါတယ်။ ဆုံးဖြတ်ချက်မှားတာပဲဖြစ်ဖြစ် market ကမျှော်လင့်ထားသလိုဖြစ်မလာတဲ့အချိန်တွေမှာ အရှုံးဆိုတာရှိနိုင်ပါတယ်။ဒါပေမဲ့ အရှုံးကို cover လုပ်ထားတဲ့နည်းလမ်းတွေက Forex မှာရှိပါတယ်။

✏️ ခြုံပြောရမယ်ဆိုရင် Gambling လို့​ေခါ်တဲ့​ေလာင်းကစားဟာ ကံအ​ေပါ်မှာ မူတည်တာ​ြဖစ်​ြပီး Forex Trading သည်စနစ်တကျ​ေလ့ကျင့်မှုနဲ့ဝမ်းစာ​ြပည့်မှသာ လုပ်လို့ရတဲ့ Modern Main Business တစ်ခု​​ြဖစ်​ေ​​ြကာင်း တင်​ြပလိုက်ရပါတယ်ခင်ဗျာ။

Revenge trading ကိုဘယ်လိုရှောင်မလဲ?     အဓိကကတော့ လက်ခံဖို့ပါ။ Trading မှာအရှုံးဆိုတာ မလွဲမသွေ ရင်ဆိုင်ရမဲ့အရာဖြစ်ပါတယ်။...
13/10/2024

Revenge trading ကိုဘယ်လိုရှောင်မလဲ?
အဓိကကတော့ လက်ခံဖို့ပါ။ Trading မှာအရှုံးဆိုတာ မလွဲမသွေ ရင်ဆိုင်ရမဲ့အရာဖြစ်ပါတယ်။ မရှုံးဖူးတဲ့ traders ကမ္ဘာပေါ်မှာမရှိသလို 100% မြတ်တ့ဲနည်းလမ်းဆိုတာလည်းမရှိလို့ ဖြစ်ပါတယ်။

အရှုံးကို အေးဆေးလက်ခံလိုက်ပြီး market နဲ့ခပ်ဝေးဝေးမှာ အနားယူပါ။ အရှုံးကို တနုံ့နုံ့ဖြစ်မနေဘဲ သင်ခန်းစာယူပြီး အာရုံပြောင်းပါ။

ဒီအချက်တွေသည် forex မှာ တကယ် survive ဖြစ်ဖို့အတွက် ဂုရုကြီးတွေရဲ့ တန်ဖိုးရှိအတွေ့ကြုံတွေကိုပြန်လည် ဖောက်သည်ချပေးလိုက်ပါတယ်။ အားလုံးပဲ အမြတ်ကြမ်းတဲ့ trader ကြီးတွေဖြစ်ကြပါစေ။

Forex trading လုပ်ဖို့အတွက် Diploma တစ်ခုရှိမှဖြစ်မှာလား❓        Trading နယ်ပယ်ထဲကို ခုမှစတင်ဝင်လာမယ့့် beginnners လေးတွ...
06/10/2024

Forex trading လုပ်ဖို့အတွက် Diploma တစ်ခုရှိမှဖြစ်မှာလား❓
Trading နယ်ပယ်ထဲကို ခုမှစတင်ဝင်လာမယ့့် beginnners လေးတွေ စိတ်ထဲမှာ ကျွန်တော်အပါဝင် သိချင်ခဲ့တဲ့ မေးခွန်းတစ်ခုလည်းဖြစ်ပါတယ်။ Diploma ကြီးလက်ဝယ် ကိုင်ထားမှ အကောင်းစားကျောင်းကြီးတွေတက်ပြီးမှ Trading life ထဲမှာ ဝင်ဆန့့်မယ်လို့ မှတ်ယူထားတတ်ကြပါတယ်။
အမှန်ကတော့ အဲ့ဒီလို လုံးဝ(လုံးဝ) မဟုတ်ပါဘူး။ လိုအပ်တာကတော့ right knowledge, Skills နဲ့ experience တွေကပဲ စကားပြောသွားမှာဖြစ်ပါတယ်။
အထက်ပါအချက်တွေကို ဖြည့်ဆည်းဖို့အတွက် အောက်ပါ အဆင့့်တွေကို လိုက်နာရင် ရေရှည်မှာ အကျိုးရှိမည့့် Trader တစ်ယောက်ဖြစ်လာမှာ ဧကန်ဖြစ်ပါတယ်။

📗No 1. Formal Education

Forex trading လုပ်ဖို့အတွက် ပထမဆုံး သိရမည့် အခြေခံအချက်လေးတွေသိရပါမယ်။ Canldestick, Chart, Risk management , trading platform အသုံးပြုနည်း စတဲ့ အခြေခံ အကျဆုံး အချက်လက်တွေကို သင်ရပါမယ်။
ခုမှ စသင်မယ်ဆိုရင်လည်း Babypips , Investopedia, Udemy တို့လို website တွေမှာ အခမဲ့ သင်ပေးထားတာတွေရော သင်တန်းကြေးအနည်း ငယ်လောက်ပေးရုံနဲ့သင်လို့ရတာတွေ တစ်ပုံကြီးရှိပါတယ်။ လေ့လာလို့ကို မကုန်ုန်နိုင်ပါဘူး။ အချိန်ကုန်သက်သာချင်ရင်တော့ ကျွန်တော့်ဆီသာ လာခဲ့ပါ။ 😊

📗No 2. Knowledge and Skills

TA , FA အကြောင်းတွေကို သိရမယ်။
TA မှာဆိုရင် Chart သုံးနည်း indicator သုံးနည်း trend ဆွဲနည်း စတာတွေကို သိရမယ်။
FA မှာဆိုရင်လည်း Economic calendars တွေ central banks policies အစည်းဝေးတွေ စသဖြင့်သိဖို့လိုအပ်မယ်။ စစ်ပွဲဖြစ်လို့ ရွှေစျေးတက်တယ် ရေနံစျေး တက်နိုင်ချေရှိတယ် စတဲ့ အချက်လက်တွေကို ဆက်စပ်တွေးပြီး TA နဲ့ဘယ်လိုပြန်ပေါင်းစပ်ရမယ် စတာတွေကို သိဖို့လိုပါမယ်။
Risk management လုပ်တတ်ဖို့ capital ကို ဘယ်လိုခွဲခြမ်းပြီး invest လုပ်ရမယ် position size တွက်ရမယ် စတာတွေကို သိဖို့လိုအပ်ပါတယ်။

📗No 3 Experience

သိသင့့်သိထိုက်တာတွေ အားလုံးသိပြီဆိုတာနဲ့ လေ့ကျင့်လို့ရပြီ။ ပထမှာှာ demo မှာကျင့်မယ်။ နောက်ပိုင်း real money နည်းနည်းနဲ့စကျျင့်မယ်။ သို့ funded ဖြေမယ်။ ကိုယ့်ထက် စီနီယာတွေကို မေးမြန်းမယ် ပြန်ကျင့်မယ် စတဲ့ environment ကောင်းတစ်ခုကို ဖန်တီးထားမယ်။ ကိုယ်ကလည်း နည်းမှန်လမ်းမှန်နဲ့စဥ္ဆက်မပြတ်လေ့လာနေမယ်ဆိုရင် Trading life ထဲမှာ လက်မ​ေထာင်​ြပီး ရပ်တည်လို့ရပါ​ြ​ပီ။

Born To Trade ရဲ့ special class ကို  7ရက်အတွင်းစိတ်ကြိုက်သင်တန်းကြေးဖြင့် ပေးသွင်းတက်ရောက်နိုင်ပါပြီ။ ရရှိလာသော သင်တန်းက...
15/09/2024

Born To Trade ရဲ့ special class ကို 7ရက်အတွင်းစိတ်ကြိုက်သင်တန်းကြေးဖြင့် ပေးသွင်းတက်ရောက်နိုင်ပါပြီ။ ရရှိလာသော သင်တန်းကြေးများအား ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ပြန်လည်လှူဒါန်းသွားမှာဖြစ်လို့ အားလုံး join ဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ Peace Myanmar ☮️

မှတ်ချက် - ဒုက္ခသည်ရေဘေးသင့်သူများအတွက်အခမဲ့

𝗧𝗿𝗮𝗱𝗶𝗻𝗴  𝗣𝘀𝘆𝗰𝗵𝗼𝗹𝗼𝗴𝘆 𝟰====================ကျတော်တို့တွေဟာ အမူကျင့်ရဲ့ သတ္တဝါတွေဖြစ်တယ်။ အမူကျင့်ကိုမှ ကျနော်တို့ဆီမှာ 2 မ...
03/09/2024

𝗧𝗿𝗮𝗱𝗶𝗻𝗴 𝗣𝘀𝘆𝗰𝗵𝗼𝗹𝗼𝗴𝘆 𝟰
====================
ကျတော်တို့တွေဟာ အမူကျင့်ရဲ့ သတ္တဝါတွေဖြစ်တယ်။ အမူကျင့်ကိုမှ ကျနော်တို့ဆီမှာ 2 မျိုးခွဲခြားသတ်မှတ်လို့ရတယ်။ လုပ်တဲ့အကျင့်နဲ့မလုပ်တဲ့အကျင့်။

ပထမဆုံး လေ့လာရပါတယ်။ ပြီးရင်လေ့ကျင့်ရပါတယ်။ နောက်ဆုံးက လက်တွေ့အသုံးချရပါတယ်။ ထပ်ထပ်ခါ အသုံးချပါများလေ ကျတော်တို့ရဲ့ အသွေးသားထဲက လက်ခံပြီး ကိုယ်နဲ့တစ်သားထဲဖြစ်သွားမှာပါ။ စက်ဘီးစီးတတ်တဲ့ သူတစ်ယောက်ကို တစ်ရေးနှိုးပြီး စက်ဘီးစီးခိုင်းရင်လည်း လဲကျမှာမဟုတ်ပါဘူး။
အဲ့လိုမျိုးဖြစ်တဲ့ထိ ကျတော်တို့ လေ့ကျင့်ရမှာဖြစ်ပါတယ်။

ကျတော်တို့ ရွေးချယ်တုံ့ပြန်တဲ့အပေါ်မူတည်ပြီး ဖြစ်လာတာများပါတယ်။ စနစ်တကျ လေ့လာပြီး တော့ လေ့ကျင့်ရင် ရမယ်။ မကျင့်ရင်မရဘူး။

ကျတော်တို့ တခုခုဖြစ်ရင် သူများကို အရင်ဆုံးလက်ညိှုးထိုးတတ်ကြပါတယ်။ ကိုယ့်စိတ်ကိုယ် ဖြေသာသလိုတော့ ဖြစ်ပေမဲ့ မှန်ကန်တဲ့လုပ်ရပ်တော့မဟုတ်ပါဘူး။ market ကိုအပြစ်တင်မယ်။ broker ကိုအပြစ်တင်မယ်။ သတင်းတွေကို အပြစ်တင်မယ်စသဖြင့် ကုန်မှာတောင်မဟုတ်ပါဘူး။ အပြစ်တင် / ဆင်ခြင်ပေး/စောဒက တက်တာတွေက ကျတော်တို့တွက် စိတ်သက်သာရာ ရနိုင်ပေမဲ့ အကျိုးလုံးဝမရှိဘူး။ မကောင်းမှန်းသိရင် ရှောင်လိုက် broker မကောင်းရင် တခြား broker ပြောင်းသုံး။ Market မကောင်းရင် တခြားကောင်းတဲ့ market ရှာ ဒါမှမဟုတ် စောင့် စသဖြင့် ကျတော်တို့ရဲ့ trader mindset ကို အသေးဖွဲလေးတွေက စပြီး ကျင့်ယူသင့်ပါတယ်။

Real live trading မှာ တကယ် survive ဖြစ်ဖို့က emotions ကိုသတိထားဖို့နဲ့ focus လုပ်တတ်ဖို့ပဲလိုပါတယ်။candlestick patterns ...
30/07/2024

Real live trading မှာ တကယ် survive ဖြစ်ဖို့က emotions ကိုသတိထားဖို့နဲ့ focus လုပ်တတ်ဖို့ပဲလိုပါတယ်။
candlestick patterns ပေါင်းရာချီပါတဲ့ စာအုပ်ရှိပါတယ်။ တကယ်အလုပ် ဖြစ်မဖြစ်ကတော့ ကိုယ် အသုံးချတဲ့ပေါ်မှာပဲ မူတည်ပါတယ်။ကျနော်သိတဲ့ pro တွေကတော့ 5 ခုအပြင်ပိုမသုံးပါဘူး။

Trade တစ်ခုကို Entry ဝင်ရင် တစ်ခါတစ်လေ ကိုယ်မှန်းထားတာထက် ပိုပြီးStrong ဖြစ်ခဲ့ရင် လောဘကြီးပြီး နောက်တစ်ခေါက် ထပ်ဝင်လာချ...
04/07/2024

Trade တစ်ခုကို Entry ဝင်ရင် တစ်ခါတစ်လေ ကိုယ်မှန်းထားတာထက် ပိုပြီးStrong ဖြစ်ခဲ့ရင် လောဘကြီးပြီး နောက်တစ်ခေါက် ထပ်ဝင်လာချင်ပါလိမ့်မယ်။ ငါမှန်းထားတာ မှန်ရဲ့သားနဲ့ ဒီလောက်ပဲ ရတယ် ဘာညာဆိုပြီး စိတ်တိုင်းမကျ ဖြစ်တတ်ပါတယ်။
အမှန်က အဲ့လို မရလိုက်တာကို လွမ်းမနေသင့်ဘဲ ရပြီးသားအတွက် ကိုယ့်ကိုယ်ကို appreciate လုပ်သင့် ချီးကျူးသင့်ပါတယ်။ အသားလွတ် ဘဝင်မြင့်ခိုင်းတာ လည်း မဟုတ်ပါဘူး။တစ်နည်းအားဖြင့် နောက်အကြိမ်တွေမှာ confidence ရှိရှိလုပ်နိုင်ဖို့ ဖြစ်ပါတယ်။
Market မှာ 100% မှန်တဲ့ strategy မရှိပါဘူး။ Market နဲ့ ကိုယ့်ရဲ့ emotion လွန်ဆွဲတာက အဓိက ဖြစ်ပါတယ်။

𝗧𝗿𝗮𝗱𝗶𝗻𝗴 𝗣𝘀𝘆𝗰𝗼𝗹𝗼𝗴𝘆 𝟯 Trading မှာ ဘာကြောင့် ရှုံးတာလဲ===========================တရက်ကို 10 $လောက်ပဲရှာမယ်။ တလမှာ ရက် 20 ma...
29/06/2024

𝗧𝗿𝗮𝗱𝗶𝗻𝗴 𝗣𝘀𝘆𝗰𝗼𝗹𝗼𝗴𝘆 𝟯
Trading မှာ ဘာကြောင့် ရှုံးတာလဲ
===========================
တရက်ကို 10 $လောက်ပဲရှာမယ်။ တလမှာ ရက် 20 market ဖွင့်တော့ လကုန်ရင် ဒေါ်လာ 200 ရပြီဆိုတဲ့ အတွေးမျိူးရှိရင် ခုထဲကဖျောက်ထားပါ။

market မှာအခြေနေမပေးဘဲ အတင်းလုပ်ယူမိသလို ဖြစ်သွားရင် ကုန်တတ်ပါတယ်။ ကိုယ်မှန်းထားတဲ့ limit ကလည်းမပြည့်သေးဘူး။ လုပ်ရဦးမယ်ဆိုတဲ့ စိတ်ကြီးက ဦးဆောင်နေတယ်ဆိုရင် ရှုံးနိုင်ချေ ပိုများပါတယ်။ ကျတော်တို့ စိတ်ထဲ အဲလို အတွေးတွေ ပေါ်လာပြီဆိုရင် market နားကို လုံးဝ ယောင်လို့တောင် မကပ်ပါနဲ့။

စိတ်ထဲမှာ အမှန်ကို မြင်နိုင်မှာ မဟုတ်ပါဘူး။ market က uptrend သွားနေတယ်ဆိုရင်လည်း ကိုယ်က downtrend ကိုမြင်လို့မြင် စသဖြင့်ဖြစ်တတ်ပါတယ်။ ငါဝင်ရောင်းလိုက်ရင် ကျသွားနိုင်လောက်တယ် စသဖြင့် တယောက်ထဲ ကိုယ့်ကိုယ် စကားတွေပြော လုပ်ချင်သလိုတွေ လုပ်မိတတ်ပါတယ်။

ကံကောင်းထောက်မစွာနဲ့ ကိုယ့် entry ကမှန်ခဲ့သည် ရှိဦးတော့ နောက်တစ်ကြိမ် ဒီလိုအခြေနေမှာ ဒီလိုမျိူး ထပ်ဖြစ်ဖို့ဆိုတာ သိပ်မလွယ်တော့ပါဘူး။ တနည်းအားဖြင့် luck ကိုအားကိုးတဲ့ လောင်းကစားစိတ်တွေ ဖြစ်လာနိုင်ပါတယ်။

နောက်ထပ် တစ်မျိုးက ကိုယ်က entry ဝင်လိုက်ပါပြီရဲ့။ lot size စတဲ့ risk တွေကို အကုန်သေချာတွက်ပြီး စိတ်အေးလက်အေး ထားလိုက်တယ်။ market ရဲ့သဘောအရ pullback ဆိုတာဆွဲလေ့ဆွဲထရှိပါတယ်။ ကိုယ်က အဲ့အချိန်မှာ သေချာတွက်ထားပါလျက်နဲ့ stoploss ထိမှာကြောက်ပြီး ပိတ်တာတွေ လုပ်မိတတ်ပါတယ်။ ကိုယ်ပိတ်ပြီးမှ market က ကိုယ်မှန်းထားတဲ့ အတိုင်းသွားရင် နှမြောတဲ့ စိတ်နဲ့ entry လိုက်ဝင်မိတတ်ပါတယ်။မှှီရာ ကားနဲ့လိုက်ပြီး မရမက entry လိုက်ဝင်​ြပီဆိုရင် နိုင်ဖို့ထက် ရှုံူးတဲ့ဘက် ပိုအားသာသွားတတ်ပါတယ်။

စိတ်ကို Restart ချပါ music သို့ တခြားသောစိတ်အပန်းဖြေရာ တစ်ခုခုကိုလေ့လာကြည့်ပါ။   Tradersအတော်များများက Trade တစ်ခု entry...
26/06/2024

စိတ်ကို Restart ချပါ music သို့ တခြားသောစိတ်အပန်းဖြေရာ တစ်ခုခုကိုလေ့လာကြည့်ပါ။
Tradersအတော်များများက Trade တစ်ခု entry ဝင်ရဖို့အသည်းသန်ကြိုးစားနေရချိန်မှာ တခြားသော ကိုယ်ရည်ကိုယ်သွေးကို လျစ်လျူရှုမိရင်လည်း ပျက်သုန်းသွားနိုင်ပါတယ်။ ပုဆိန်လုံးဝမသွေးဘဲ သစ်ပင်ပဲခုတ်ချင်နေတဲ့ သူလိုမဖြစ်ပါစေနဲ့။
စိတ်ကို အနားပေးရမှ ရေရှည်ဆက်သွားနိုင်မှာဖြစ်ပါတယ်။

Address

Naypyidaw
15014

Alerts

Be the first to know and let us send you an email when Born to trade posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share