Central Bank of Myanmar - မြန်မာနိုင်ငံတော်ဗဟိုဘဏ်

  • Home
  • Myanmar
  • Naypyidaw
  • Central Bank of Myanmar - မြန်မာနိုင်ငံတော်ဗဟိုဘဏ်

Central Bank of Myanmar - မြန်မာနိုင်ငံတော်ဗဟိုဘဏ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Central Bank of Myanmar - မြန်မာနိုင်ငံတော်ဗဟိုဘဏ်, Commercial bank, Napyidaw, Office No. 55, Naypyidaw.

အမည်ပျက်စာရင်းသွင်းခံရမှုအတွက် မစိုးရိမ်ကြောင်း ဗဟိုဘဏ်တုံ့ပြန်~~~■ မြန်မာနိုင်ငံက နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရ...
22/10/2022

အမည်ပျက်စာရင်းသွင်းခံရမှုအတွက် မစိုးရိမ်ကြောင်း ဗဟိုဘဏ်တုံ့ပြန်
~~~
■ မြန်မာနိုင်ငံက နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ FATF ရဲ့ အမည်ပျက်စာရင်း ထည့်သွင်းခံရတာဟာ နိုင်ငံအတွက် စိုးရိမ်ဖွယ်ရာအခြေအနေမဟုတ်ကြောင်းနဲ့ ဒီကိစ္စကို အကြောင်းပြုပြီး ငွေကြေးဈေးကွက်မှာ မသမာတဲ့လုပ်ရပ်တွေ မလုပ်ကြဖို့ ဗဟိုဘဏ်က အောက်တိုဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ၂ဝ၁၁ ကနေ ၂ဝ၁၆ ခုနှစ်အတွင်း အမည်ပျက်စာရင်းထဲ ရှိနေရာကနေ လွတ်မြောက်ခဲ့တဲ့ အတွေ့အကြုံတွေအရ အခုလည်း ဒီစာရင်းကနေ လွတ်မြောက်ဖို့ လာမယ့်တစ်နှစ်အတွင်း စီမံချက်ချ ဆောင်ရွက်သွားမယ်လို့လည်း ဗဟိုဘဏ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံအတွက် စိုးရိမ်စရာအခြေအနေ မဟုတ်လို့ ပြည်သူတွေ မစိုးရိမ်ကြဖို့ ဗဟိုဘဏ်က ပြောနေပေမယ့် နိုင်ငံရေး၊ စီးပွားရေး ကျွမ်းကျင်သူတွေကတော့ ဒီလို အမည်ပျက်စာရင်း ထည့်ခံရတာဟာ စစ်ကောင်စီတင်မကဘဲ ပြည်သူလူထုအတွက်ပါ ထိခိုက်မယ့်အခြေအနေ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

နိုင်ငံရေး၊ စီးပွားရေးလေ့လာသုံးသပ်သူ ကိုကြည်စင်က “နိုင်ငံတကာက ငွေချေတာ ငွေလွဲှတာ ခက်ခဲမယ်။ ပြည်ပသွင်းကုန်တွေ ရှားပါးလာမယ်၊ ပြည်ပကပို့ကုန်တွေမှာ ကုန်ဈေးနှုန်းတွေ တက်လာဖို့ရှိတယ်။ ဒေါ်လာဈေးက ဒီလိုအခြေအနေမှာ ပြည်ပမှာရော နိုင်ငံတကာငွေကြေး ဈေးကွက်မှာရော ဖြစ်လေ့ဖြစ်ထရှိတဲ့ပုံစံတွေအရ ဈေးမတည်မငြိမ်ဖြစ်တာတွေ ရှိသလို၊ ဒီလိုအကျပ်အတည်း ကာလမှာ ပြည်တွင်းကနေ ဈေးကစားတဲ့သူတွေကြောင့်ရော ပိုဆိုးလာနိုင်တာပေါ့။” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ မြောက်ကိုးရီးယား၊ အီရန်နိုင်ငံပြီးရင် တတိယမြောက်နိုင်ငံအဖြစ် အမည်ပျက်စာရင်း ထည့်သွင်းခံရတာဖြစ်ပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းကြောင်း FATF က ကြေညာလိုက်တဲ့နောက် ပြည်တွင်းမှာ ရွှေဈေးနဲ့ ဒေါ်လာဈေး ချက်ချင်းတက်သွားပြီး အရောင်းအဝယ်တွေ ရပ်ဆိုင်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

၂ဝ၂၁ ခုနှစ် ဧပြီ ၁၅ ရက်နေ့က ရန်ကုန်တိုင်း လှိုင်မြို့နယ်တွင် တွေ့ရသည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတချို့။

ငွေကြေးခဝါကျစေ
21/10/2022

ငွေကြေးခဝါကျစေ

ဘဏ်အတွင်းထည့်ထားသည့် ငွေများကိုပြန်လည်ထုတ်ပေးမည် မဟုတ်ကြောင်း KBZနှင့် အခြားဘဏ်များ အတည်ပြုပြောကြား။
26/07/2022

ဘဏ်အတွင်းထည့်ထားသည့် ငွေများကိုပြန်လည်ထုတ်ပေးမည် မဟုတ်ကြောင်း KBZနှင့် အခြားဘဏ်များ အတည်ပြုပြောကြား။

၂၀၂၂ ခုနှစ် စာရင်းကိုင်ပညာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ ‌ကိုအောင်ခင်ဆင့်(MBA(Hons))
27/05/2022

၂၀၂၂ ခုနှစ် စာရင်းကိုင်ပညာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ ‌ကိုအောင်ခင်ဆင့်(MBA(Hons))

လတ်ရင်းနောင်ကြေးရုပ်ထုအား လေလံတင်ရောင်းချမည်။(ထုထည်)အလျား - ၉ ပေအနံ - ၃ ပေခွဲကြေး ၈၀ %သံ ၁၃ %ခဲမဖြူ ၆.၅ %ရွှေ ၀.၅ %ကြမ်း...
24/05/2022

လတ်ရင်းနောင်ကြေးရုပ်ထုအား လေလံတင်ရောင်းချမည်။

(ထုထည်)
အလျား - ၉ ပေ
အနံ - ၃ ပေခွဲ
ကြေး ၈၀ %
သံ ၁၃ %
ခဲမဖြူ ၆.၅ %
ရွှေ ၀.၅ %

ကြမ်းခင်းဈေး - ၉,၆၀၀,၀၀၀ ကျပ်
တိုးနှုန်း - ၅၀,၀၀၀ ကျပ်

အသေးစိတ်စုံစမ်းသိရှိလိုပါက ၀၉-၇၇၂၁၇၇၉၆၉ ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

အွန်လိုင်း‌ပေါ်က ချေးငွေလုပ်ငန်းအမည်ခံသော ငွေကြေးလိမ်လည်သည့် အဖွဲ့အစည်းအတုများ
24/05/2022

အွန်လိုင်း‌ပေါ်က ချေးငွေလုပ်ငန်းအမည်ခံသော ငွေကြေးလိမ်လည်သည့် အဖွဲ့အစည်းအတုများ

သခင်ကိုယ်တော်လတ်ပုံဖြင့် ငွေစက္ကူများရိုက်နှိပ်ရန် ဆောင်ရွက်နေနေပြည်တော်၊ မေ ၂၄မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးစီးဆင်...
24/05/2022

သခင်ကိုယ်တော်လတ်ပုံဖြင့် ငွေစက္ကူများရိုက်နှိပ်ရန် ဆောင်ရွက်နေ

နေပြည်တော်၊ မေ ၂၄

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ရန်နှင့် ငွေဈေးအတက်အကျကို ထိန်းသိမ်းထားနိုင်ရန် စီမံကိန်းအရပ်ရပ်နှင့်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၆ နာရီက နေပြည်တော် ဗဟိုဘဏ်၌ ပြုလုပ်သော အစည်းအဝေးတွင် ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှဆွေက စီမံကိန်းအရပ်ရပ်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုသို့ပြောကြားခဲ့ရာတွင် လာမည့်နှစ်အတွင်း ငွေစက္ကူများကို ပုံစံပြောင်းလဲရန်ရှိပြီး အထူးသဖြင့် ၁၀၀၀ ကျပ်တန်ငွေစက္ကူများကို ယခင် ခြင်္သေ့ပုံအစား သခင်ကိုယ်တော်လတ်ပုံနှင့် အစားထိုးရိုက်နှိပ်ထုတ်ဝေသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

BTS အဖွဲ့၏ ဘဏ်အကောင့်ကို ပိတ်ရန် ဦးကိုလတ် ညွှန်ကြားရန်ကုန်၊ မေ ၂၃ကိုးရီးယားလိင်တူချစ်သူအဖွဲ့တစ်ခုဖြစ်သော BTS အဖွဲ့၏ ဘဏ်အ...
23/05/2022

BTS အဖွဲ့၏ ဘဏ်အကောင့်ကို ပိတ်ရန် ဦးကိုလတ် ညွှန်ကြား

ရန်ကုန်၊ မေ ၂၃

ကိုးရီးယားလိင်တူချစ်သူအဖွဲ့တစ်ခုဖြစ်သော BTS အဖွဲ့၏ ဘဏ်အကောင့်များကို ပိတ်ရန် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးကိုလတ်က ညွှန်ကြားခဲ့သည်။

ယနေ့ည ၈ နာရီက ရန်ကုန်ဗဟိုဘဏ်ရုံးခွဲ၌ ပြုလုပ်ခဲ့သော ဒါရိုက်တာများအဖွဲ့အစည်းအဝေးတွင် ဦးကိုလတ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့နောက် အဆိုပါ BTS အဖွဲ့ဝင်များ၏ ခရက်ဒစ်ကတ်များကိုပါ ပိတ်ပင်ရန် Visa ၊ PayPal အစရှိသော အဖွဲ့အစည်းများကိုပါ ပေးပို့အကြောင်းကြားသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေလဲလှယ်နှုန်းများ
23/05/2022

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေလဲလှယ်နှုန်းများ

ကျွဲကို အမေရိကန်နွားဟု လိမ်လည်ပေါင်နှံသူအား အရေးယူရန်ကုန်၊ မေ ၂၃ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ရုံးခွ...
23/05/2022

ကျွဲကို အမေရိကန်နွားဟု လိမ်လည်ပေါင်နှံသူအား အရေးယူ

ရန်ကုန်၊ မေ ၂၃

ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ရုံးခွဲတွင် နွားကို ကျွဲဟု လိမ်လည်ပေါင်နှံငွေချေးထုတ်သွားသူအား အရေးယူခဲ့သည်။

ဖြစ်စဉ်မှာ မြောက်ဒဂုံ၊ ကျောက်စိမ်းလမ်း ၉ တွင်နေထိုင်သော ဝင်းကိုကိုလတ်(၃၉ နှစ်)သည် နံနက် ၁၀ နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ရုံးခွဲတွင် ၎င်းပိုင်ဆိုင်သည်ဟု ယူဆရသော ကျွဲတစ်ကောင်အား အမေရိကန်နွားဟု လိမ်လည်ပြောဆိုကာ အဆိုပါနွားကို ပေါင်နှံပြီး ငွေကျပ် ၉ သိန်း ၆ သောင်း ၉ ထောင်ကျပ်ကို ချေးထုတ်သွားခဲ့သည်။

ထို့နောက် ဘဏ်မန်နေဂျာ ဦးတင့်လွင်က မယုံသင်္ကာမကင်းသဖြင့် ထိုနွားကို ကျွမ်းကျင်သူများနှင့် စစ်ဆေးကြည့်ခဲ့ရာ နွားမဟုတ်ဘဲ ကျွဲဖြစ်နေကြောင်း သိခဲ့ရသဖြင့် ဝင်းကိုကိုလတ်အား မြို့နယ်ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက လိုက်လံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ ဝင်းကိုကိုလတ်ကို ပုဒ်မ ၃ ခုဖြင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်မျိုးဦးက မြောက်ဒဂုံမြို့နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည်။

Address

Napyidaw, Office No. 55
Naypyidaw
00969

Telephone

+959450059582

Website

Alerts

Be the first to know and let us send you an email when Central Bank of Myanmar - မြန်မာနိုင်ငံတော်ဗဟိုဘဏ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share