A.Rot Pickup & Delivery Services

A.Rot Pickup & Delivery Services We are local delivery company which is operating in Yangon and Mon State. We believed that, it is ve

"Marketing နည်းဗျူဟာတွေ ဘယ်လိုပဲများများ Word of Mouth လို့ ခေါ်တဲ့ တစ်ဆင့်စကား တစ်ဆင့် သတင်းပါးတဲ့ ဗျူဟာက အလွန်အဖိုးတန်...
15/08/2021

"Marketing နည်းဗျူဟာတွေ ဘယ်လိုပဲများများ Word of Mouth လို့ ခေါ်တဲ့ တစ်ဆင့်စကား တစ်ဆင့် သတင်းပါးတဲ့ ဗျူဟာက အလွန်အဖိုးတန်ပါတယ်"

⭕ ကြယ်သီးလေးတစ်လုံးကြောင့် ချမ်းသာသွားတဲ့ ဆိုင်ရှင်

👥 မြို့ကို တစ်ခါမှ မရောက်ဘူးတဲ့ လယ်သမားလင်မယားဟာ မြို့တက်လာခဲ့ကြပါတယ်။အကြောင်းကတော့ မြို့မှာကျောင်းတက်နေတဲ့ သားဖြစ်သူ မနက်ဖြန် ဘွဲ့ယူတော့မှာဖြစ်လို့ပါပဲ။

👉 ဖြစ်ချင်တော့ မနက်ဖြန် ဘွဲ့နှင်းသဘင် ခမ်းမမှထဲဝင်ရတော့ပါမယ်ဆိုကာမှ
လယ်သမားကြီးရဲ့ ကုတ်အကျီ ကြယ်သီးတစ်လုံးက ပြုတ်နေပါလေရော။
အချိန်ကလည်းမရှိ အသိကလည်း မရှိဆိုတော့ နီးစပ်ရာဆိုင်တစ်ဆိုင်လောက်မျာ အကူအညီတောင်းကြည့်မယ်ပေါ့။

🏬 ဒီလိုနဲ့ လင်မယား(၂)ယောက် ကုတ်အကျီတွေ ရောင်းတဲ့ အရောင်းပြခန်းတစ်ခု တွေ့ပါလေရော။ အားရဝမ်းသာနဲ့ အရောင်းစာရေးမလေးဆီမှာ ကြယ်သီလေး တစ်လုံးလောက်ရောင်းဖို့ အကူအညီတောင်းကြည့်တယ်။

👩‍🦰 လယ်သမားကြီး လင်မယားရဲ့ အပြင်အဆင်ကြည့်ပြီး အရောင်းစာရေးမလေးက မချေမငံနဲ့ ဒီဆိုင်က ကြယ်သီးရောင်းတဲ့ဆိုင်မဟုတ်ကြောင်း ပြောလိုက်တယ်။

😪 လယ်သမားကြီးလင်မယား(၂)ယောက်ဟာ လမ်းမှာတွေ့တဲ့ ကုတ်အကျီဆိုင်တွေကို ဝင်မေးကြည့်ပါတယ်။ ဒါပေမယ့်လည်း အဆင်မပြေပါဘူး။ နောက်ဆုံးဆိုင်တစ်ဆိုင်ပဲ ကျန်တော့တာ။ လယ်သမားကြီးတို့ လင်မယားလည်း ဒီတစ်ဆိုင်မှ မရလည်း ဒီတိုင်းပဲ ဝတ်သွားတော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။

👩‍🦰 ကံကောင်းချင်တော့ အဲ့ဒီဆိုင်က ကြယ်သီးရောင်းပေးရုံတင်မကဘဲ ကြယ်သီးပါတပ်ပေးလိုက်ပါတယ်။

👥 လယ်သမားကြီး လင်မယား ဝမ်းသာလိုက်တာကို မပြောပါနဲ့တော့။ နောက် ၂ လလောက်ကြာတဲ့အခါမှာတော့ အဲ့ဒီအကျီဆိုင်မှာ ဝယ်သူတွေ ကြိတ်ကြိတ်တိုးစည်းကားနေပါတယ်။

👍 အကြောင်းကတော့ လယ်သမားကြီးရဲ့ မိတ်ဆွေတွေက လယ်သမားကြီးထောက်ခံမှုနဲ့ လာဝယ်ကြတာပါ။ လယ်သမားကြီးကိုယ်တိုင်လည်း ကုတ်အကျီဝယ်မယ်ဆိုတိုင်း အဲ့ဒီဆိုင်မှာပဲ အမြဲဝယ်ယူပါတော့တယ်။ လယ်သမားကြီးက တောမှာ သြဇာကြီးမားတဲ့ သူဌေးကြီးတစ်ယောက်ဖြစ်ပါတယ်။

👉 ဒီဇတ်လမ်းလေးက ပေးတဲ့ သင်ခန်းစာလေးကတော့
ဝယ်သူကို အထင်မသေးဖို့ပါ။ Marketing နည်းဗျူဟာတွေ ဘယ်လိုပဲများများ Word of Mouth လို့ ခေါ်တဲ့ တစ်ဆင့်စကား တစ်ဆင့် သတင်းပါးတဲ့ ဗျူဟာက အလွန်အဖိုးတန်ပါတယ်ဆိုတာ ဝေမျှရင်း Su Myat Mingalar ရဲ့ မိတ်ဆွေပေါင်း ရောင်းကောင်းကြပါစေ။

Credit to

 #ညဘက်တွင်အောက်ဆီဂျင်ထုတ်ပေးနိုင်သောအပင်များ 🪴🪴🪴အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ထုတ်ပေးကြတယ်...
28/07/2021

#ညဘက်တွင်အောက်ဆီဂျင်ထုတ်ပေးနိုင်သောအပင်များ 🪴🪴🪴
အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ထုတ်ပေးကြတယ်ဆိုတာကို လူတိုင်းသိပြီးသားဖြစ်ကြမှာပါ။ဒီလိုအပင်တွေက ညအခါမှာတော့ အောက်ဆီဂျင်ကိုယူ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်ကြပါတယ်။ ဒါကြောင့် ညဘက်မှာ သစ်ပင်အောက်မှာမအိပ်ကြဖို့လူကြီးတွေက ပြောခဲ့ကြတာပါ။ ဒါပေမယ့် ညဘက်မှာပါ အောက်ဆီဂျင်ထုတ်ပေးနိုင်တဲ့ အပင်အချို့လည်း ရှိနေပါသေးတယ်။

သူတို့ရဲ့ အစာချက်လုပ်မှုဖြစ်စဉ်က Crassulacean Acid Metabolism(CAM) လို့ခေါ်တဲ့ဖြစ်စဉ်မို့ပါ။ (အသေးစိတ်ကို ဆောင်းပါးအနေနဲ့ ထပ်မံဖော်ပြပေးပါမယ်) ဒါကြောင့် ဒီလိုအပင်တွေကိုသိထားပြီး အိမ်တွင်းမှာထားပေးမယ်ဆိုရင် အိမ်အတွင်းလေထုရဲ့သန့်စင်မှုကို ပိုကောင်းစေသလို ညဘက်အိပ်စက်ခြင်းကိုလည်း အကူအညီပေးနိုင်ပါတယ်။ ယခုလိုအချိန်မှာ အနည်းနဲ့အများ အကူအညီရစေဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။

၁။အလှစိုက်အုန်း(Areca Palm)

အိမ်တွင်းမှာစိုက်ဖို့ အကောင်းဆုံးအပင်တစ်ပင်ပါ။ အပူပိုင်းဒေသတောတွေမှာ တွေ့ရတတ်တဲ့မျိုးရင်းတစ်ခုဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ပေါက်ရောက်ရှင်သန်နိုင်ပါတယ်။ နေရောင်နဲနဲလေးရတဲ့နေရာမှာတောင် ကောင်းကောင်းရှင်သန်နိုင်တဲ့ အပင်တွေဖြစ်ကြပါတယ်။ ဒီအပင်တွေက လူကိုထိခိုက်စေနိုင်တဲ့ ဓာတ်ငွေ့အတော်များများ (formaldehyde, benzene)ကို စုပ်ယူပြီး အနီးအနားကလေထုရဲ့ အစိုဓာတ်ကိုထိန်းပေးပါတယ်။ နှာစီး၊နှာခေါင်းပိတ်နေတဲ့ ဝေဒနာ ခံစားနေရတဲ့လူတွေအတွက် အထူးသင့်တော်တဲ့အပင်ဖြစ်ပါတယ်။

၂။နဂါးစက်ပင်(snake plant)

ကျေးလက်ဒေသတော်တော်များများမှာတွေ့ရပြီး သူလည်း နာမည်ကြီးတဲ့ အိမ်တွင်းအလှစိုက်ပင်ပါ။ တိုက်ခန်းတွေနဲ့နေတဲ့သူတွေ၊ ရုံးခန်း၊အိပ်ခန်းတွေမှာ ထားသင့်တဲ့ အပင်တစ်မျိုးလည်းဖြစ်ပါတယ်။ အရွက်ပိုင်းလေးကနေပဲ အလွယ်တကူမျိုးပွားလို့လည်းရပါတယ်။ ဂရုစိုက်မှုသိပ်မလိုတဲ့ အပင်ဖြစ်ပြီး နေရောင်တိုက်ရိုက်မရတဲ့နေရာမှာတောင် ရှင်သန်နိုင်ပါတယ်။ ရေပုံမှန်လောင်းပေးစရာလည်းမလိုသလို ခြောက်သွေ့နေတဲ့ မြေမှာတောင် ဒီအပင်က ရှင်သန်ပါတယ်။ ညဘက်မှာ အောက်ဆီဂျင်တွေထုတ်ပေးမယ့် အပင်တစ်ပင်ပါ။

၃။ပင်စိမ်း (Tulsi)

ဟင်းခတ်အမွေးအကြိုင်တစ်မျိုးလည်းဖြစ်တဲ့ ပင်စိမ်းက ညဘက်မှာ အောက်ဆီဂျင်တွေထုတ်ပေးတဲ့အပင်လည်းဖြစ်နေပြန်ပါတယ်။ ပင်စိမ်းရွက်ကနေထုတ်လွှတ်တဲ့ အနံတစ်မျိုးက စိုးရိမ်ကြောင့်ကြမှုတွေကို ပြေလျော့စေပါတယ်။ လေလာရာပြတင်းပေါက်အနီးမှာ ပင်စိမ်းပင်တွေစိုက်ထားတာက ခုလိုအချိန်ကာလအတွက် ကောင်းမွန်စေမှာ အမှန်ပါပဲ။ မြေကျယ်ကျယ်မရှိသူတွေကလည်း ပင်စိမ်းပင်ကို အိုးလေးနဲ့စိုက်ပြီး အိပ်ရာနားမှာထားနိုင်ပါတယ်။

၄။ရှားစောင်း(Aloe Vera)

ရှားစောင်းကတော့ အသားအရေထိန်းသိမ်းမှုတွေအတွက် နာမည်ကြီးတဲ့အပင်ပါ။ ဒီအပင်ကလည်း ညဘက်မှာ အောက်စီဂျင်တွေထုတ်ပေးနိုင်ပါတယ်တဲ့ အမျိုးတို့ရေ။ ညဘက်တွေကောင်းကောင်းအိပ်မပျော်ရင် ရှားစောင်ပင်ကို အိပ်ခန်းထဲထည့်စိုက်ထားသင့်ပါတယ်နော်။ ရေအမြဲလောင်းပေးနေစရာလည်း မလိုသလို၊ ခြောက်ခြောက်သွေ့သွေ့အခြေအနေက ရှားစောင်းပင်ကြီးထွားဖို့ အကောင်းဆုံးပါ။ မြေလုံးဝခြောက်နေပြီဆိုမှသာ ရေလောင်းပေးရပါတယ်။

၅။ပိန်းပန်း (Peace Lily)

ဒေသအခေါ်အဝေါ်တွေကွဲပြားကြပေမယ့် အတော်များများမြင်ဖူးမယ့် ပန်းပင်လေးပါ။ ညဘက်မှာအောက်ဆီဂျင်ထုတ်ပေးတယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ အိမ်တွင်းအလှစိုက်ပင်တွေထဲ နာမည်ကြီးပါတယ်။ Benzene, Formaldehyde, Toluene, Carbon monoxide နဲ့ Xylene လို ဓာတ်ငွေ့တွေကို သန့်စင်ပေးပါတယ်။ ဒီပိန်းပန်းပင်လေးက အခန်းတွင်းရဲ့ စိုထိုင်းစကို ၅ ရာခိုင်နှုန်းတိုးစေပါတယ်။ ဒါက အိပ်ပျော်နေတဲ့အချိန် ကောင်းမွန်တဲ့ အသက်ရှုနှုန်းကို ရဖို့အတွက် အများကြီးအထောက်အကူပြုစေပါတယ်။ စိုက်ပျိုးပြုစုမှုကလည်း တိုက်ရိုက်နေရောင်မဟုတ်ရင်တောင် အဆင်ပြေပါတယ်။ အမြဲရေလောင်းပေးစရာမလိုသလို အိုးထဲကမြေခြောက်မှသာ ရေလောင်းပေးရုံပါပဲ။

၆။ ပင့်ကူဂမုန်း(spider plant)

နာမည်အတိုင်း အရွက်တွေက ပင့်ကူလက်တံတွေလို သွယ်သွယ်မျှင်မျှင်လေးတွေနဲ့ အတော်လေး လှတဲ့ အိမ်တွင်းအလှစိုက်ပင်ပါ။ အစိမ်းနဲ့အဖြူကြားလေးက ကြည့်လို့လည်းလှသလို ညဘက်အောက်ဆီဂျင်ထုတ်ပေးတဲ့ အပင်မို့ အိပ်ခန်းထဲထားဖို့ သင့်တော်တဲ့အပင်လေးပါ။ညနေခင်းအချိန်တွေဟာ မြို့ပြမှာဆို လေထုအညစ်ညမ်းဆုံးအချိန်တွေပါ။ ပင့်ကူဂမုန်းတွေ အခန်းထဲ၊ အိမ်ထဲမှာရှိမယ်ဆို လေထုညစ်ညမ်းလို့ အသက်ရှုရခက်တဲ့ ဒါဏ်တွေကို သက်သာစေမှာပါ။ ပင့်ကူဂမုန်းတွေက ရေဆင်းကောင်းတဲ့ မြေတွေမှာဆို ကောင်းကောင်းရှင်သန်ပါတယ်။ရေအများကြီးမလောင်းမိဖို့ ၊အမြစ်တွေမပုတ်ဖို့တော့ ဂရုစိုက်ပေးပါနော်။

ဒီလိုအပင်လေးတွေသိပြီဖြစ်လို့ ကိုယ့်အနီးအနားမှာထားပြီး သဘာဝက ထုတ်ပေးတဲ့ အောက်ဆီဂျင်ကို ရယူနိုင်ပါပြီ။

𝐙𝐚𝐰𝐠𝐲𝐢

Source
.Rot Company Limited

23/07/2021

Customers များရှင့် ယခုလက်ရှိဖြစ်ပေါ်နေသော တတိယလှိုင်း Covid 19 ရောဂါအခြေအနေ နှင့် နိုင်ငံရေး အခြေအနေ ကြောင့် ၊ ကျွန်တော်/ကျွန်မတို့ နှင့်အတူတူ အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းများ၏ လုံခြုံရေးနှင့် ကျန်းမာရေးကို ရှေးရှူ၍၊ A.Rot Delivery ဝန်ဆောင်မှူကို ဆက်လက် ပိတ်ထားမည်ဖြစ်ပါသည်။

Customers များ၏ အဆင်မပြေမှူများနှင့် မကြာခဏဝန်ဆောင်မှူနှင့်ပတ်သတ်၍ စုံစမ်းမေးမြန်းနေမှူအား ဝန်ဆောင်မှူ မပေးနိုင်သေးသည့်အတွက်လဲ အလွန့်အလွန်မှ အားနာလှပါသည်။

ပြန်ဖွင့်မည့်ရက်ကိုလဲ မဖွင့်ခင် FB page မှတစ်ဆင့် ကြိုတင်၍ အသိပေး အကြောင်းကြားပေးသွားပါမည်။

Customers များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကျပါစေ။ 🙏🙏🙏

မိဘပြည်သူများ အားလုံး မင်္ဂလာပါရှင့်🙏🙏🙏“သန္ဓေ၊ တောထွက်၊ ဓမ္မစက် မိန့်မြွက်သံချို လဝါဆို” ဆိုသည့်အတိုင်း ဝါဆိုလပြည့် ဓမ္မ...
23/07/2021

မိဘပြည်သူများ အားလုံး မင်္ဂလာပါရှင့်🙏🙏🙏

“သန္ဓေ၊ တောထွက်၊ ဓမ္မစက် မိန့်မြွက်သံချို လဝါဆို” ဆိုသည့်အတိုင်း ဝါဆိုလပြည့် ဓမ္မစကြာအခါတော် နေ့ထူးနေ့မြတ်သို့ ရောက်ရှိပြီးဖြစ်၍ မိဘပြည်သူများ အားလုံး ဓမ္မစကြာအခါတော် နေ့မြတ်ကြီးမှာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကျပါစေရှင် 🙏🙏🙏

ဤနေ့ထူးနေ့မြတ်လေး ပို၍ပြည့်စုံစေရန် ရည်ရွယ်၍ မိဘပြည်များ၏ ကျန်းမာရေးအတွက် ယခုဖြစ်ပေါ်နေသော Covid -19 ရဲ့ ကပ်ကြီးကြောင့်၊ ဝါဆိုရုံးပိတ်ရက်များတွင် အတတ်နိုင်ဆုံး အိမ်အပြင်မထွက်ကြပဲ ဥပုပ် သီတင်းဆောက်တည်ခြင်း၊ ကုသိုလ်ကောင်းမှူ ပြုလုပ်ခြင်းများတို့ကို မိမိတို့အိမ်မှနေ၍ ပြုလုပ်နိုင်ကြပါစေကြောင်း အထူးလေးစားတိုက်တွန်းလိုအပ်ပါတယ်ရှင် 🙏🙏🙏

မိဘပြည်သူများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်း နှင့်ပြည့်စုံကျပြီး မင်္ဂလာရှိသော လဝါဆိုနေ့ရက်များဖြစ်ကျပါစေရှင့်။ 🙏🙏🙏

Omo..Omo..😱😱.ကြည့်အုံး ...ဘယ်လောက်လှသလဲလို့? တစ်စုံကိုမှ  #5500 ကျပ်ထဲရယ် 🥰🥰အရမ်းလဲတန်တယ်, အရမ်းလဲလှတဲ့ ညအိပ်ဝတ် အကျီာ C...
31/01/2021

Omo..Omo..😱😱.ကြည့်အုံး ...ဘယ်လောက်လှသလဲလို့? တစ်စုံကိုမှ #5500 ကျပ်ထဲရယ် 🥰🥰

အရမ်းလဲတန်တယ်, အရမ်းလဲလှတဲ့ ညအိပ်ဝတ် အကျီာ Cotton သား စစ်စစ်လေးတွေမို့လုံးဝ မပူ ဘူးရှင့် 🥰🥰

နွေရာသီရောက်တော့မှာနော် .. Cotton တွေက နွေမှာအေး ဆောင်းမှာနွေးဆိုတော့၊ ညညပိုင်း ပူမှာတော့ မစိုးရိမ်နဲ့ လို့...

တခြား design အနေအထား လှလှလေး စုံစုံလေးတွေလဲ အောက်က page မှာအများကြီး ဝင်ရောက်လေ့လာနိုင်တယ်နော်။ 🙏

မင်မင်တို့က page owner မဟုတ်လို့၊ မှာချင်ရင် အောက်က link မှာ ဝင်ရောက်မှာယူနိုင်ပါတယ်ရှင့်။ 🙏🙏🙏

လိုချင်တဲ့ design လေးတွေအတွက် အာ့ page မှာ "Hi" သာလုပ်လိုက်။ အရမ်းချောတဲ့ page owner မမလေးက reply လုပ်ပါလိမ့်မယ်နော် 😀😀😍😍

Thank you so much.

Link 👇👇👇
https://www.facebook.com/hazzelmarketplace/
Icon for this message
Hazzelry
Clothing Store

လာမည့် ရုံးပိတ်ရက်မှာ ခလေးတွေကို   ပေးဖို့အတွက် မှာဖြစ်တဲ့  #ဝါရှင်တန်အာလူးကြော်လေး တွေပါ။ ဒီလိုလေးတွေ  #လှူချင်တယ် အမျာ...
29/01/2021

လာမည့် ရုံးပိတ်ရက်မှာ ခလေးတွေကို ပေးဖို့အတွက် မှာဖြစ်တဲ့ #ဝါရှင်တန်အာလူးကြော်လေး တွေပါ။ ဒီလိုလေးတွေ #လှူချင်တယ် အများကြီး မှာချင်တယ်ဆိုရင် ၊ အောက်က 👇👇 Link ဒါမှမဟုတ် မင်မင်တို့စီမှာ ဒိုင်ရဲ့ ဖုန်းနံပတ် လာရောက်တောင်းယူနိုင်ပါတယ်ရှင့်။ အများနဲ့ ဝယ်ရင် တအားတန်တယ်။

မြင်ချင်တာနဲ့ကို စားချင်နေတာနဲ့ဖောက်စား ပစ်လိုက်ပြီး "Donation" အတွက်ကျန်ပါအုံးမလား စိုးရိမ်မိတယ်။ 😁😁

အရသာက အငံအပေါ့ အနေတော်မို့ ၊ လူကြီးရော ခလေးရော အဆင်ပြေ။ ပိုကြိုက်တာလေးက ဆီလဲမရှိဘူး။ စားရတာ weight တတ်မှာတောင် မကြောက်ရဝူး။ 😀😀

ခလေးတွေကို လိုက်ဝေမဲ့နေ့ ကိုမစောင့်နိုင်ဝူး😍😍
ဘယ်လောက်တောင် ပျော်ကျမလဲ မသိဝူး။

အများကြီးမှာလို့ လျော့ပေးတဲ့ ၊ စေတနာအပြည့်နဲ့ ရောင်းပေးတဲ့ #ဝါရှင်တန်အာလူးကြော်ထုတ်လုပ်ရေး မိသားစုကိုလဲ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်။

ဒီထက်မက အများကြီး အောင်မြင်ပါစေရှင့်။ 🙏🙏🙏

https://www.facebook.com/Warshington-%E1%80%9D%E1%80%AB%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA-%E1%80%A1%E1%80%AC%E1%80%9C%E1%80%B0%E1%80%B8%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-100392414645011/

  လိုအပ်သူများအတွက် အမေးအဖြေ ကဏ္ဍ😍..အဆင်ပြေတဲ့ Deli ရှာနေတယ်ဆိုတဲ့ သူတွေအတွက် 😍   Shop Business သမားရော၊ မ shop သမားရော ...
28/01/2021

လိုအပ်သူများအတွက် အမေးအဖြေ ကဏ္ဍ😍..အဆင်ပြေတဲ့ Deli ရှာနေတယ်ဆိုတဲ့ သူတွေအတွက် 😍
Shop Business သမားရော၊ မ shop သမားရော မေးတတ်ကျလွန်းလို့ 😀😀
အစ်မရေ ...
(1)အစ်မရေ၊ Online Shop တော့မဟုတ်ဘူး။ အိမ်ကပို့လာတဲ့ အထုတ်တွေ ကားဂိတ်မှာထုတ်ပြီး ညီမကို လာပို့ပေးလို့ရမလားရှင့်? ညီမဘက်က ကားဂိတ်တင်စရာရှိရင်ရော လာယူပြီး ဂိတ်သွားတင်ပေးလားမ။
- 💯% ရ 😀။ ရတာပေါ့ Covid ကာလမှာ မလိုအပ်ရင် အပြင်မထွက်နဲ့။ ငွေကျပ် 1000/2000 ကိုမကြည့်နဲ့လို့😍။ မလိုအပ်ပဲနဲ့လဲ အပင်ပန်းခံ အပြင်မထွက်နဲ့။ အေးအေးဆေးဆေးတာ အနားယူပြီး ယူပေးရတာတွေ၊ ကားဂိတ်သွားတင်ပေးရတာတွေရှိရင်၊ မနက်ဖြန်တင်ချင်ရင် ညကတည်းက ကြို‌ပြော။ လာခဲ့မယ်။ Ok? 😍

(2)နယ်မှာ Online Shop လုပ်နေပါတယ် မ။ ရန်ကုန်က ဝယ်တဲ့ Customers တွေမှာ ငွေကောက်ပေးလားရှင့်။ ဂိတ်ကနေ ပစ္စည်းတင်လာပြီး တင်လာတဲ့ပစ္စည်းကို ထုတ်၊ ဖွင့်ဖောက်ပြီး အထဲမှာ ပါတဲ့ တစ်ထုတ်ခြင်းစီရဲ့ လိပ့်စာအတိုင်း ပို့ပေးလားမ ??? 😁
- ခွင့်ပြုမယ်ဆိုရင် သိပ့်လုပ်ပေးတာပေါ့ရှင့်။ အရမ်းလုပ်ပေး၊ ခဏခဏ လုပ်ပေးနေကျမို့ " မရေ ညီမလေး အထုတ်တစ်ထုတ် အစ်မတို့နာမည်နဲ့ ပို့လိုက်ပြီး၊ အာ့ထုတ်လေးရရင် အထုတ်ထဲက လိပ့်စာအတိုင်းတာ တစ်ထုတ်ချင်းစီ ပြန်ပို့ပေးပါနော်" လို့သာ messanger မှာစာပို့လာ။ အသေးစိတ်ကို Chat Box မှာတွေဝေမနေပဲ ခုပဲ လာ" Hi" လိုက်တော့။ 😍

(3) မရေ ...ညီမလေးက အလုပ်တစ်ဖက်နဲ့မို့ Customers က ဟိုနေ့မှ လာပို့ပေးပါ ဘာညာ ဆိုညီမလေးက သူတို့ ပို့ခိုင်းတဲ့နေ့ မအားလို့ မလုပ်ပေးလိုက်ရဘူး။ အဲ့ဒါကြောင့်မို့လို့ ညီမလေး အားတဲ့အချိန်လေးမှာပဲ အစ်မတို့နဲ့ အပ်ပြီး အဲ့နေ့မှ သွားပို့ပေးပါလို့ မှာထားရင် အဲ့လိုမျိုးလေးရော သိမ်းထားပေးလားမ ? မှာလို့ရလားမ? လုပ်ပေးလား မ?
- ကိုယ့် Customers ရဲ့ပြသာနာက ကိုယ့်ရဲ့ ပြသာနာပဲမို့ . ကောင်းကင်ကြီးလောက်ရ။ 😁 ဟုတ်တာပေါ့ အလုပ်တစ်ဖက်နဲ့ Online Shop လုပ်တယ်ဆိုတာ တအားပင်ပန်းတာ။ ကြားထဲ ရုံးအလုပ်ကလဲ deadline အမှီလုပ်ပေးနေရတယ်လေ။ သိပ့်နားလည်ပေးတာပေါ့လို့။ လာယူပေးရမဲ့နေ့ကိုသာ ကြိုတင်အကြောင်းကြားပေး။ လာယူပေးမယ်။ ဟိုနေ့မှပို့ ပေးပါ။ ဒီနေ့မှ ဒါလေးပို့‌ ပေးနော် ဆိုတဲ့ list လေးတာ သေချာလေးပေး။ ကျန်တာ A.Rot တာဝန်ထား။

(4) အစ်မရေ ...ငွေရော ကြိုရှင်းပေးလားရှင့်။
- ငွေကြိုရှင်းတာက ကျတော့ ...ငွေပမာဏ နဲများပေါမူတည်‌နေတာမလို့ ways လာအပ်တဲ့နေ့ အသေးစိတ်အတွက် chat box ကနေ မေးလို့ရပါတယ်ရှင့်။ 🙏🙏🙏 အရမ်းများရင်တော့ ငွေကောက်ပြီးမှ ချစ်တို့ အဆင်‌ ပြေတဲ့ ဘဏ်အကောင့် တစ်ခုခုကနေ ပစ္စည်းပို့ပြီးတာနဲ့ ပြန်လွှဲပေးပါပြီး။ စိတ်ချပါ။ ပုံမှန်သုံးနေကျ Clients တွေက A.Rot ကို ယုံကြည်လွန်းလို့၊ 7သိန်းဖိုး၊ 12 သိန်းဖိုး၊ 16သိန်းဖိုးတွေ၊ 4 ၊ 5၊ 6 သိန်းဖိုး ပစ္စည်းတန်ဘိုးတွေရော၊ ငွေတွေရော ကောက်ပေးရလွန်း ၊သိမ်းပေးရလွန်းလို့ပါနော်။ နောက်ပိုင်း လှည့်ကို မေးတော့မှာမဟုတ်ဘူး။ ရတယ်မ အေးဆေး။ နောက်မှလွှဲ။ အားမှလွှဲပေးနော် ဖြစ်လာမှာ 😍😍။
ဒါပေမဲ့ မင်မင်တို့က ပစ္စည်းပို့ပြီးတာနဲ့ ပို့ရတဲ့ လမ်းကြောင်းများရင် နောက်တစ်နေ့မှာ စရင်းပိတ်ပြီး အတတ်နိုင်ဆုံး မြန်မြန်ငွေလွှဲပေးပါပြီး။ လမ်းကြောင်း တစ်ကြောင်း နှစ်ကြောင်းဆိုရင်တော့ ဒီနေ့ပို့ ဒီနေ့ ပြန်လွှဲပေးပါပြီး။ မင်မင်တို့က"ယုံကြည်မှူကို ဘယ်တော့မှ အလွဲသုံးစားမလုပ်ဘူး၊ ဒါကို ဦးနှောက်မှာရော၊ နှလုံးသားထဲမှာရော ထာဝရ လက်ကိုင်ထားလို့" ငွေရေးကြေးရေး ပိုင်းဆိုင်ရာ အယုံအကြည်အတွက် comments မှာလေ့လာ သုံးသပ်နိုင်ပါတယ်ရှင့်.

(5)ညီမလေးက ခုမှစပြီး Online Business လုပ်နေလို့ ways ကနဲနေလို့ တစ်ခါတလေ တစ်ကြောင်းပဲရှိတယ်။ အဲ့လိုမျိုးဆိုလဲ လာယူပေးလားရှင့် ?
- သိပ့်ယူပေးတာပေါ့ရှင့် 😍။ အပြုံးပန်း ဝေဝေဆာဆာနဲ့တောင် ကြိုဆိုလိုက်ပါအုံးမယ်။ တကူးတက ကိုယ့်စီလာအပ်တာ ကျေးဇူးတောင် တင်ရအုံးမယ်။ စိတ်မပူနဲ့ အားမနာနဲ့ ခုပဲ "Hi" သာလုပ်လိုက်တော့။

(6) ကားဂိတ်ရော၊ စာတိုက်ရော တင်ပေးလား၊ ပို့ပေးလားမ။ ကားဂိတ် ပစ္စည်းရော သွားထုတ်ပေးလားမ။
- ဟုတ် အရင်တုန်းကတော့ မင်မင်တို့ အခက်အခဲအခြေအနေ တစ်ခုကြောင့် မပို့ပေးပေမဲ့ ..ခုတော့ ဂိတ်တင်ပေး၊ ပို့ပေးပါပြီးရှင့်။ ပစ္စည်းလဲ ထုတ်ပေးပါတယ်ရှင့်။ ကားဂိတ် ရော၊ စာတိုက်ရော တင်ချင်ရင် ဆက်သွယ်လို့ရပါတယ်ရှင့်။

(7) အစ်မရေ ...ညီမလေးက တစ်ခါအပ်ရင် ways နဲနဲများတယ်။ အဲ့သလိုဆိုရင် လျော့ပေးလား။ ပုံမှန်ဈေးပဲ ယူသလား?
-...ကိုယ့်ထမင်းရှင်ကို ကျေးဇူးမဆပ်ပဲ A.Rot တို့မနေပါဘူးရှင့်။ သိပ့်လျော့ပေးတာပေါ့။ တစ်ခါအပ် ၇ ကြောင်း၊ တစ်ခါအပ် ၁၀ ကြောင်း ဈေးရှိသီးသန့်ရှိလို့ ၊ မြန်မြန် "Hi" လာခဲ့လိုက်တော့နော်။ 😀😍😍

ဟုတ်ပြီး ခုလောက်ဆိုရင် မင်မင် တင်ထားတဲ့ အမေးအဖြေကဏ္ဍလဲ စုံလောက်ပြီးပေါ့။ မစုံသေးဝူး သိချင်တာရှိသေးတယ်ဆိုရင်လဲ ခုပဲ "Hello" လာခဲ့လိုက် 😍😍😍 စောင့်မျှော်နေမိပါပြီး။

မင်မင်တို့နဲ့ အလုပ်အတူတူလုပ်ရင် , ပျော်ရွှင်ရမယ်၊ စိတ်ချရမယ်၊ ပေးရတဲ့ services fee ထက်လဲ ပိုတန်စေရမယ် 😍😍😍😍။
အပြောနဲ့ အလုပ် ကိုက်ညီမှူရှိမရှိ သိချင်ရင် အရင်ဆုံး အောက်က comments တွေဖတ်ရှူ့ လေ့လာပြီး၊ လူကိုယ်တိုင် အစမ်းသုံးကြည့်လိုက်တာပေါ့နော်။ 😀😀

😘😘😘
.Rot Delivery Services

✅A.Rot Delivery တွင် စက်ဘီး Delivery အမျိုးသား  (3)ဦး ထက်မံခေါ်ယူနေပါပြီးရှင့်။ အောက်ပါမြို့နယ်တွင်းနေထိုင်သူ ဦးစားပေးပါ...
27/01/2021

✅A.Rot Delivery တွင် စက်ဘီး Delivery အမျိုးသား (3)ဦး ထက်မံခေါ်ယူနေပါပြီးရှင့်။

အောက်ပါမြို့နယ်တွင်းနေထိုင်သူ ဦးစားပေးပါမည်။

(ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ ကမာရွက်၊ အလုံ၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ မရမ်းကုန်း၊ စမ်းချောင်း နေထိုင်သူ ဦးစားပေးမည်။

အလုပ်ချိန်
✅တစ်ပတ် = 5ရက်

✅လိုအပ်ချက်များ ✅
- အသက် 19-25 အတွင်းဖြစ်ရမည်။
-လုပ်ငန်း အတွေ့အကြုံမလို။
-သင်ယူစိတ် သိလိုစိတ်ရှိရမည်။
- ယဉ်ကျေး သိမ်မွေ့စွာ ပြောဆို ပြုမူတတ်ရမည်။
- စိတ်ရှည်စွာ ပင်ပန်းဒဏ်ကို ခံနိင်ရမည်။
- ရာသီဥတု ဒဏ်ခံနိင်ရမည်။
-တကိုယ်ရည်သန့်ရှင်းမှု ရှိရမည်။
-ငွေကြေးနဲ့ ပတ်သတ်ပြီး ယုံကြည်စိတ်ချရသူ ဖြစ်ရမည်။
-ကိုယ်ကျင့်တရား ကောင်းမွန်ရမည်။
-Googl Map သုံးတတ်ရမည်။
-သွက်လတ် ဖြတ်လတ်မှု ရှိရပါမည်။

✅အကျိုးခံစားခွင့်များ✅
- လစာ
- လစဉ် Bonus
-ဝန်ထမ်း ဝတ်စုံ သုံးစုံ ။
- Masks နဲ့ လက်ဆေးဆပ်ပြာရည်ထောက်ပံ့မှု။
- အစားအစာ ထောက်ပံ့မှူ။

✅လိုအပ်သောစာရွက် စာတမ်းများ ✅
1.ဓာတ်ပုံကပ်ထားသော 9တန်း/ဆယ်တန်းအောင်လက်မှတ် မိတ္တူ
2. မှတ်ပုံတင်မိတ္တူ
3.မှတ်ပုံတင်မူရင်း
5. CB bank/KBZ Bank အကောင့် ရှိရမည်။ လစာကို ဘဏ်မှတာ လွှဲပါမည်။
6.နေရပ် လိပ့်စာ အတိအကျ။

*မှတ်ချက်*
❌❌အလုပ်ချိန်အတွင်း အရက် ဘီယာ သောက်စားထားခြင်း လုံးဝ ခွင့်မပြုပါ။ သိရှိပါက ချက်ခြင်းအလုပ်ထုတ်ပါမည်။❌❌

စိတ်ဝင်စားပါက
Ph- FB Messenger
သို့မဟုတ်
( [email protected]) တွင်လဲ ပေးပို့ လျှောက်ထားနိင်ပါသည်။

😀😀😀
24/01/2021

😀😀😀

It's not about how much   you make on your daily business, it's about how many people   your business daily. We believe ...
22/01/2021

It's not about how much you make on your daily business, it's about how many people your business daily.

We believe that, "Trust" = "Happiness".
We make sure to share our happiness to Community as much as we can.

We want our community , people who works with us "Smile, Happy and Sleep-well" without worrying about what they should not.

Because there's a lot more challenging in our daily lives, we should not be worried about small things like sending parcels boxes.

Let us take care of it instead. 🙏

Contact us @ 09425294068 / [email protected]

Please meet our team members.😀😀😀
20/01/2021

Please meet our team members.😀😀😀

ဟူးမန်း တို့အဆင်ပြေကျရဲ့လား? စိုးရိမ်လတ်တာ 😀😀😘🙏🙏
19/01/2021

ဟူးမန်း တို့အဆင်ပြေကျရဲ့လား? စိုးရိမ်လတ်တာ 😀😀
😘🙏🙏

Address

Nay Pyi Taw

Opening Hours

Monday 09:00 - 18:30
Tuesday 09:00 - 18:30
Wednesday 09:00 - 18:30
Thursday 09:00 - 18:30
Friday 09:00 - 18:30
Saturday 09:00 - 18:30
Sunday 10:00 - 18:30

Website

Alerts

Be the first to know and let us send you an email when A.Rot Pickup & Delivery Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share