CB Bank - Myitthar

CB Bank - Myitthar Let's Win-Win Together! အောင်မြင်မူကိုအတူတကွ မျှဝေ

‘သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့)’ယနေ့ကျရောက်သော သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် မြန်မာပြည်သူ ပြည်သားအာ...
08/10/2022

‘သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့)’

ယနေ့ကျရောက်သော သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် မြန်မာပြည်သူ ပြည်သားအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ ရောဂါဘယကင်းဝေးပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း CB Bank မိသားစုက ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

Happy Thadingyut Lighting Festival

As we celebrate this special occasion with bright lights, may you and your family be filled with joy, good health, and prosperity. We wish you an abundance of wealth and happiness.

ဘဏ်ပိတ်ရက် အသိပေးကြေညာခြင်း၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ (တနင်္လာနေ့) သည် ‘သီတင်းကျွတ်ရုံးပိတ်ရက်’ ဖြစ်ပြီး အများပြည...
07/10/2022

ဘဏ်ပိတ်ရက် အသိပေးကြေညာခြင်း

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ (တနင်္လာနေ့) သည် ‘သီတင်းကျွတ်ရုံးပိတ်ရက်’ ဖြစ်ပြီး အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါသဖြင့် အဆိုပါနေ့တွင် CB Bank ရုံးချုပ်နှင့် ဘဏ်ခွဲများအားလုံး ပိတ်ထားမည်ဖြစ်ပါကြောင်း မိတ်ဟောင်း မိတ်သစ်များအား လေးစားစွာဖြင့် ကြိုတင်အသိပေး ကြေညာအပ်ပါသည်။

အဆိုပါဘဏ်ပိတ်ရက်တွင် CB Bank ၏ ATM (ငွေထုတ်စက်)၊ CRM (ငွေသွင်းစက်)၊ CB Pay ၊ iBanking ၊ Digital Payment အစရှိသည်တို့ကို ပုံမှန်အတိုင်း ဝန်ဆောင်မှုရရှိမည်ဖြစ်ပြီး CB Bank ၏ Agents များထံတွင်လည်း ဝန်ဆောင်မှုများ လွယ်ကူစွာ ရယူဆောင်ရွက်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ယနေ့ကျရောက်သည့် ‘ဒီပါဝလီနေ့’ တွင် ချစ်ခင်လေးစားရပါသော မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ...
03/11/2021

ယနေ့ကျရောက်သည့် ‘ဒီပါဝလီနေ့’ တွင် ချစ်ခင်လေးစားရပါသော မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း CB Bank က ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

CB Bank Customer ကြီးများအား အပတ်စဉ် ပြည်တွင်းငွေလွှဲခ အခမဲ့ အစီအစဉ်အကြောင်း အသိပေးကြေညာခြင်းCB Bank ၏ ပြည်တွင်းငွေလွှဲဝ...
30/08/2021

CB Bank Customer ကြီးများအား အပတ်စဉ် ပြည်တွင်းငွေလွှဲခ အခမဲ့ အစီအစဉ်အကြောင်း အသိပေးကြေညာခြင်း

CB Bank ၏ ပြည်တွင်းငွေလွှဲဝန်ဆောင်မှုအသုံးပြုနေသော Customer ကြီးများအတွက် ဝန်ဆောင်ခများ သက်သာစေရန်လျှော့ချပေးရေး အစီအစဉ်အနေဖြင့် အောက်ဖော်ပြပါ ပြည်တွင်းငွေလွှဲများအား ငွေလွှဲခ အခမဲ့ (Free) ဖြင့် ဝန်ဆောင်မှု စတင်ရယူနိုင်ပါပြီ။

• CB Bank တွင် Special Account ဖွင့်လှစ်ထားသည့် မည်သည့် ဘဏ်ခွဲ၏ Special Account ကိုမဆို နယ်ကျော်ငွေသားပေးသွင်းခြင်း ( ငွေလွှဲခြင်း ) အတွက် ငွေလွှဲခ အခမဲ့ ဖြစ်ပါသည်။

ဘဏ်ပိတ်ရက်အသိပေးကြေညာခြင်း ယခုအခါ Covid-19 ရောဂါ ကူးစက်ပြန့်ပွားနေသောကြောင့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှ ဩဂုတ်လ ၂၀ ရက...
13/08/2021

ဘဏ်ပိတ်ရက်အသိပေးကြေညာခြင်း


ယခုအခါ Covid-19 ရောဂါ ကူးစက်ပြန့်ပွားနေသောကြောင့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ အများပြည်သူရုံးပိတ်ရက်ရှည်အဖြစ် သတ်မှတ်ထားပါသဖြင့် အဆိုပါနေ့များတွင် CB Bank ရုံးချုပ်နှင့် ဘဏ်ခွဲများအားလုံး ပိတ်ထားမည်ဖြစ်ပါကြောင်း မိတ်ဟောင်း မိတ်သစ်များအား လေးစားစွာဖြင့် ကြိုတင်အသိပေး ကြေညာအပ်ပါသည်။


အဆိုပါ ဘဏ်ပိတ်ရက်များတွင် CB Bank ၏ Digital Banking Channel များဖြစ်သည့် CB Pay, iBanking, Mobile Banking, CB Bank Card များကို အသုံးပြုပြီး ငွေလွှဲခြင်း၊ e-Commerce များ၊ POS များမှ ဈေးဝယ်ခြင်းနှင့် ငွေပေးချေခြင်း၊ Mobile Top Up နှင့် Bill Payment အစရှိသည့်ဝန်ဆောင်မှုများကို ပိတ်ရက်မရှိ ဆောင်ရွက်နိုင်ပါသည်။

CB Pay နှင့် iBanking အခက်အခဲများရှိပါက Contact Centre (01-231 7770 နှင့် [email protected]) သို့ ဆက်သွယ်နိုင်ပါသည်။



CB Bank Customer ကြီးများသို့ အသိပေးကြေညာခြင်းCB Bank Customer ကြီးများအနေဖြင့် ပြည်တွင်းငွေလွှဲပေးပို့ခြင်း၊ ပြည်တွင်းင...
01/05/2021

CB Bank Customer ကြီးများသို့ အသိပေးကြေညာခြင်း

CB Bank Customer ကြီးများအနေဖြင့် ပြည်တွင်းငွေလွှဲပေးပို့ခြင်း၊ ပြည်တွင်းငွေလွှဲထုတ်ယူခြင်း၊ CB Bank Account သို့ ငွေပေးသွင်းခြင်း၊ Worker Remittance ထုတ်ယူခြင်း၊ Top-up ပြုလုပ်ခြင်း ဝန်ဆောင်မှုများကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ CB Pay Agent များထံတွင် ရယူနိုင်ပါပြီ။

ပြည်တွင်းငွေလွှဲထုတ်ယူမည့်သူများအနေဖြင့် CB Pay Agent များထံတွင် သတ်မှတ်ပမာဏအတိုင်း ထုတ်ယူနိုင်ပြီး လက်ရှိတွင် ဝန်ဆောင်မှုပေးနေသည့် CB Pay Agent ၁,၀၀၀ ကျော်ရှိကာ Agent ကြီး ၅၀ စာရင်းကို အောက်ဖော်ပြပါလင့်ခ်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

ထို့အပြင် CB Pay Application မှတစ်ဆင့် OK Dollar သို့ ငွေလွှဲပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ OK Dollar Agent များထံတွင် လည်းငွေသားထုတ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

CB Pay Agent Lists ကြည့်ရှုရန် :
https://www.cbbank.com.mm/files/media/top50cbpayagents.pdf

Announcement to CB Bank Customers

Our customers can access various form of banking services such as local transfer (send/receive), account transfer to CB Bank accounts, receiving worker remittance & mobile bill top-up at over 1000 CB Pay Agents around Myanmar. We have attached the locations of our top 50 CB Pay Agents.

Alternatively, through CB Pay application, our customers can transfer to OK Dollar Agents and cash out as needed.

To view CB Pay Agent Listhttps://www.cbbank.com.mm/files/media/top50cbpayagents.pdf

CB Pay မှတဆင့်အခြားဘဏ်များသို့ ငွေလွှဲနိုင်ပါပြီ!CB Pay ကိုအသုံးပြု၍ ငွေကျပ် (၁,၀၀၀) မှ သိန်း (၅၀) အထိ Account to Accoun...
01/07/2020

CB Pay မှတဆင့်အခြားဘဏ်များသို့ ငွေလွှဲနိုင်ပါပြီ!

CB Pay ကိုအသုံးပြု၍ ငွေကျပ် (၁,၀၀၀) မှ သိန်း (၅၀) အထိ Account to Account စနစ်ဖြင့် ပြည်တွင်း နှင့် ပြည်တွင်းရှိ နိုင်ငံခြားဘဏ်များစွာသို့ (၂၄)နာရီ / (၇)ရက် အချိန်၊ နေရာမရွေး ငွေလွှဲနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

CB Pay မှတဆင့် ငွေလွှဲရာတွင် ငွေလက်ခံမည့်သူ၏ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ အကောင့်နံပါတ်တို့ကို ရိုက်ထည့်ပေးရမည်ဖြစ်ပါသည်။

ဘဏ်ဖွင့်ရက် နေ့လည် (၁၂)နာရီ မတိုင်မီ ပြုလုပ်သောငွေလွှဲများအတွက် သက်ဆိုင်ရာငွေလွှဲလက်ခံမည့်ဘဏ်သို့ နေ့ချင်းပေးပို့ပေးပါသည်။

ဘဏ်ဖွင့်ရက်နေ့လည် (၁၂)နာရီ နောက်ပိုင်း ပြုလုပ်သောငွေလွှဲများနှင့် ဘဏ်ပိတ်ရက်များတွင် ပြုလုပ်သော ငွေလွှဲများအတွက် နောက်တစ်နေ့ ဘဏ်ဖွင့်ရက်တွင် သက်ဆိုင်ရာငွေလွှဲလက်ခံမည့်ဘဏ်သို့ ပေးပို့ပေးပါသည်။

CB Pay Registration via CB JCB-MPU ATM Card Number : https://cbbank.me/CBPayRegister

CB Pay Application Download Link: http://onelink.to/xvmhe6

CB Pay more information: https://cbbank.me/359xGRn


ဘဏ်သွားစရာမလိုဘဲ CB Pay ကို CB JCB-MPU ATM Card နံပါတ်နဲ့ Register လုပ်လို့ရတယ်!ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်...
12/06/2020

ဘဏ်သွားစရာမလိုဘဲ CB Pay ကို CB JCB-MPU ATM Card နံပါတ်နဲ့ Register လုပ်လို့ရတယ်!

ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများစွာကို အချိန်၊ နေရာမရွေး ဆောင်ရွက်နိုင်တဲ့ CB Pay ကိုကိုယ်တိုင် အလွယ်တကူ CB JCB-MPU ATM Card နံပါတ်နဲ့ Register ပြုလုပ်နိုင်တယ်နော်..

အသေးစိတ်အချက်အလက်များကို CB Bank Contact Centre ဖုန်းနံပါတ် (01-2317770) သို့ (24/7) ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

CB Pay more information: https://cbbank.me/359xGRn

CB Pay Application Download Link: http://onelink.to/xvmhe6


ဘဏ်သွားပြီးငွေလွှဲထုတ်ဖို့ လူတိုးမှာစိုးရင် CB Pay Agent တွေ အသင့်ရှိပါတယ်။CB Pay Agent ဆိုတာကတော့ CB Bank နှင့်ချိတ်ဆက်...
10/06/2020

ဘဏ်သွားပြီးငွေလွှဲထုတ်ဖို့ လူတိုးမှာစိုးရင် CB Pay Agent တွေ အသင့်ရှိပါတယ်။

CB Pay Agent ဆိုတာကတော့ CB Bank နှင့်ချိတ်ဆက်ပြီး အပ်ငွေလက်ခံခြင်း၊ ငွေလွှဲလက်ခံခြင်း၊ ပြည်တွင်း/ပြည်ပ ငွေလွှဲထုတ်ပေးခြင်း စတဲ့ဝန်ဆောင်မှုများကို ပြုလုပ်ပေးတဲ့ Agent တွေပဲဖြစ်ပါတယ်။

ဘဏ်အသိအမှတ်ပြုဖြစ်တဲ့အတွက် စိတ်ချရတယ်။ ဝန်ဆောင်မှုမြန်ဆန်မယ်။ လူတိုးနေစရာမလိုဘူး။ ဘဏ်ကိုသွားရမှာ ဝေးနေလို့ အချိန်မမှီမှာစိုးလို့ အလောတကြီး ဖြစ်စရာမလိုဘူး။ ဝန်ဆောင်မှုပေးချိန်ဟာ ဘဏ်အချိန်နှင့်မတူဘဲ ဆိုင်ဖွင့်သည့်အချိန်အတိုင်းဖြစ်တဲ့အပြင် စနေ၊တနင်္ဂနွေလို ဘဏ်ပိတ်ရက်တွေမှာပါ ဝန်ဆောင်မှုရယူနိုင်ပါတယ်။

ဒါကြောင့် အလုပ်မရှုပ်ဘဲ ဘဏ်ဝန်ဆောင်မှုတွေရယူဖို့ အနီးအနားမှာ CB Pay သင်္ကေတရှိတဲ့ Agent တွေဆီမှာ ငွေလွှဲ၊ ငွေထုတ်ပြုလုပ်ကြပါစို့။

CB Pay App ကို Huawei ရဲ့ App Gallery မှာ Download လို့ရပြီနော်!Customer များပိုမိုအဆင်ပြေစေရန်ရည်ရွယ်၍ CB Bank နဲ့ Huaw...
13/05/2020

CB Pay App ကို Huawei ရဲ့ App Gallery မှာ Download လို့ရပြီနော်!

Customer များပိုမိုအဆင်ပြေစေရန်ရည်ရွယ်၍ CB Bank နဲ့ Huawei Mobile တို့ပူးပေါင်းပြီး CB Bank ရဲ့ (24/7) ဝန်ဆောင်မှုတစ်ခုလဲဖြစ်၊ ငွေရေးကြေးရေး ကိစ္စတွေကို လွယ်ကူရိုးရှင်းစွာဆောင်ရွက်နိုင်တဲ့ CB Pay App ကို Huawei ရဲ့ App Gallery မှာ Download လုပ်ပြီး ကိုယ်တိုင်ဖွင့်လှစ်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

CB Pay more information : https://cbbank.me/359xGRn

"CB Bank ATM/ CRM စက်များတွင် ငွေသွင်း/ ငွေထုတ်ပမာဏတိုးမြှင့်သတ်မှတ်ကြောင်း အသိပေးကြေညာခြင်း"CB Bank ​၏ ATM/ CRM စက်များ...
12/05/2020

"CB Bank ATM/ CRM စက်များတွင် ငွေသွင်း/ ငွေထုတ်ပမာဏတိုးမြှင့်သတ်မှတ်ကြောင်း အသိပေးကြေညာခြင်း"

CB Bank ​၏ ATM/ CRM စက်များတွင် CB MPU Debit Card နှင့် တစ်ရက်လျှင် အများဆုံး သိန်း(၂၀)ကျပ် အထိ ငွေသွင်း/ ငွေထုတ် ပြုလုပ်နိုင်သော ပမာဏကို ယာယီတိုးမြှင့်ပြောင်းလဲ သတ်မှတ်ထားကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

Customer များအနေဖြင့် ATM/ CRM စက်များအသုံးပြုနေစဉ် တစ်ဦးနှင့်တစ်ဦး Social Distancing ကိုလိုက်နာရန်နှင့် ATM/ CRM စက်များအသုံးပြုပြီးတိုင်း လက်ကို Hand Sanitizers ဖြင့် စနစ်တကျသေချာစွာဆေးကြောရန် လိုအပ်ပါသည်။

ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အတူတကွလိုက်နာခြင်းဖြင့် COVID-19ကို တိုက်ထုတ်ကြပါစို့။

Address

Myittha
NO.18,GENERALAUNGSANROAD,BETWEEN6TH&7THSTREET,SHANPYWALQUR,MYITTHAR.

Opening Hours

Monday 09:30 - 15:00
Tuesday 09:30 - 15:00
Wednesday 09:30 - 15:00
Thursday 09:30 - 15:00
Friday 09:30 - 15:00

Telephone

+956660380

Alerts

Be the first to know and let us send you an email when CB Bank - Myitthar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share