N Wallet Kachin

N Wallet Kachin မြန်မာနိုင်ငံသားများ N-Wallet ကို အသုံးပြုပြီး လွတ်လပ်လုံခြုံသော ငွေကြေးစီးဆင်းမှု ဆောင်ရွက်နိုင်ရန်။

ကျပန်းမိတ်ဖွဲ့ (𝐑𝐚𝐧𝐝𝐨𝐦 𝐂𝐡𝐚𝐭)Friend အသစ်ရှာမယ်ဆိုတဲ့သူတွေ၊ မိတ်ဆွေသစ် ရှာမည့်သူတွေ အတွက် အချိန် ၅ မိနစ်ပဲ လိုပါတယ်။မိတ်ဆွ...
09/12/2022

ကျပန်းမိတ်ဖွဲ့ (𝐑𝐚𝐧𝐝𝐨𝐦 𝐂𝐡𝐚𝐭)
Friend အသစ်ရှာမယ်ဆိုတဲ့သူတွေ၊ မိတ်ဆွေသစ် ရှာမည့်သူတွေ အတွက် အချိန် ၅ မိနစ်ပဲ လိုပါတယ်။
မိတ်ဆွေကနေ သူငယ်ချင်း၊ သူငယ်ချင်းကနေ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင် . . . ဆိုသူများအတွက် ကျပန်းမိတ်ဖွဲ့ နိုင်မည့် Random Chat . . လာပြီ
N-Social App ကို အသုံးပြုသူများအတွက် လူပေါင်းသန်းချီထဲမှာ တစ်ဦးစီနှင့် ကျပန်းမိတ်ဖွဲ့စကား ပြောနိုင်မည့် Random Chat ကို ထပ်မံ မိတ်ဆက်ပေးလိုက်ပါပြီ။ တစ်ကမ္ဘာလုံးရှိ မြန်မာတိုင်းရင်းသား မိတ်ဆွေသစ်များစွာကို ရှာဖွေဖို့ အခုပဲ N-Social App ကို Google Play Store မှ ဒေါင်းယူလိုက်ပါ။
လွတ်လပ်ယဉ်ကျေးစွာ ပြောဆိုရေးသားနိုင်ခွင့်၊ ထင်မြင်ယူဆပိုင်ခွင့်သည် ကမ္ဘာပေါ်ရှိ လူသားတစ်ဦးချင်းစီတိုင်း၏ ကိုယ်ပိုင်အခွင့်အရေး ဖြစ်ပြီး၊ ၎င်းထင်မြင် ယူဆချက်များကို လွတ်လပ်စွာ သုံးသပ်ပြောဆို ဆွေးနွေးနိုင်ခွင့် ရရေးသည် N-Social ဆိုရှယ်ပလက်ဖောင်း တီထွင်ရခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်ပါသည်။

𝐔𝐬𝐞𝐫 𝐀𝐜𝐜𝐨𝐮𝐧𝐭 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲?Q : အသုံးပြုသူ၏ လုံခြုံရေးက စိတ်ချရပါမလား ?N-Social အသုံးပြုသူများ သိချင်နေကြတဲ့ အများဆုံးမေးခွန်း...
08/12/2022

𝐔𝐬𝐞𝐫 𝐀𝐜𝐜𝐨𝐮𝐧𝐭 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲?
Q : အသုံးပြုသူ၏ လုံခြုံရေးက စိတ်ချရပါမလား ?
N-Social အသုံးပြုသူများ သိချင်နေကြတဲ့ အများဆုံးမေးခွန်းက ဒီ N-Social ကို သုံးလို့ အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များ လုံခြုံမှုရှိပါ့မလား ဆိုတာပါ။

A : Facebook နှင့် အခြားသော ဆိုရှယ်မီဒီယာများထက် ပိုပြီး လုံခြုံမှုရှိပါတယ်။ ဘာကြောင့်လဲ -
(၁) N-Social အသုံးပြုဖို့ Gmail အကောင့်တစ်ခုပဲ ရှိဖို့လိုပါတယ်၊
(၂) မိမိ၏ Gmail အကောင့်ကိုသုံးပြီး Google Login ဖြင့် ဝင်ရတာပါ၊
(၃) Google Login ဖြစ်တာကြောင့် Google တွင်သာ လူကြီးမင်း၏ အချက်အလက်များရှိပြီး၊ N-Social မှ လူကြီးမင်း၏ Gmail အမည်တစ်ခုကိုသာ သိခွင့်ရှိပါတယ်၊
(၄) Google က လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို N-Social ကို လုံးဝပေးမည်မဟုတ်ပါ၊
(၅) N-Social App မှ လူကြီးမင်း၏ Location (တည်နေရာ)၊ ဖုန်းနံပါတ် ဘာတစ်ခုမှ တောင်းဆိုထားခြင်း မရှိပါ၊
(၆) အသုံးပြုသူ၏ အချက်အလက်များကို နောက်ကွယ်တွင် သိမ်းဆည်းထားခြင်း မရှိခြင်း (ဆိုလိုသည်မှာ လူကြီးမင်းက ဖျက်လိုက်သည့် အကြောင်းအရာကို N-Social မှ အခြားတစ်နေရာတွင် သီးခြားသိမ်းဆည်းထားခြင်း မရှိပဲ၊ လုံးဝ ဖျက်ပေးလိုက်ခြင်းမျိုး ဖြစ်ပါသည်)
အကောင်းဆုံး အချက်မှာ
(၇) မည်သူမဆို မိမိကိုယ် အခြားသူ မသိစေချင်ပါက နှစ်သက်ရာ အမည်နှင့် သုံးနိုင်ပြီး၊ အသုံးပြုသူ မည်သူမည်ဝါဆိုသည်ကို တီထွင်သူများပင် မသိနိုင်သည့် အချက်ဖြစ်ပါသည်။
-
လွတ်လပ်ယဉ်ကျေးစွာ ပြောဆိုရေးသားနိုင်ခွင့်၊ ထင်မြင်ယူဆ ပိုင်ခွင့်သည် ကမ္ဘာပေါ်ရှိ လူသားတစ်ဦးချင်းစီတိုင်း၏ ကိုယ်ပိုင်အခွင့်အရေး ဖြစ်ပြီး၊ ၎င်းထင်မြင် ယူဆချက်များကို လွတ်လပ်စွာ သုံးသပ်ပြောဆို ဆွေးနွေးနိုင်ခွင့်နှင့် အသုံးပြုသူ၏ ဘေးကင်းလုံခြုံမှု ရှိရေးသည် N-Social ဆိုရှယ်ပလက်ဖောင်းကို တီထွင်ရခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်ပါသည်။
-
Google Play Store မှ ဒေါင်းလော့ချပြီး အသုံးပြုနိုင်ပါတယ်၊ သတင်းမီဒီယာ၊ iOS အသုံးပြုသူများနှင့် content creator များအတွက် Google Chrome Browser မှ အသုံးပြုနိုင်မည့် Web Links ကို မက်စေ့ချ်မှ တောင်းယူ နိုင်ပါတယ်။

𝗡-𝗦𝗼𝗰𝗶𝗮𝗹 𝗔𝗽𝗽 𝗨𝘀𝗲𝗿𝘀 𝟭𝟬𝟬𝗞 +N-Social App ကို Google Play Store မှ ဒေါင်းလော့လုပ်ပြီး အသုံးပြုနေသူ ဦးရေဟာ 100K ကျော်သွားပါပြ...
07/12/2022

𝗡-𝗦𝗼𝗰𝗶𝗮𝗹 𝗔𝗽𝗽 𝗨𝘀𝗲𝗿𝘀 𝟭𝟬𝟬𝗞 +
N-Social App ကို Google Play Store မှ ဒေါင်းလော့လုပ်ပြီး အသုံးပြုနေသူ ဦးရေဟာ 100K ကျော်သွားပါပြီ။ ယခုလို မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ခြင်းက တိုင်းရင်းသားပြည်သူအပေါင်း၏ ယုံကြည်အားပေးမှုကြောင့် ဖြစ်ပါတယ်။
လွတ်လပ်ယဉ်ကျေးစွာ ပြောဆိုရေးသားနိုင်ခွင့်၊ ထင်မြင်ယူဆပိုင်ခွင့်သည် ကမ္ဘာပေါ်ရှိ လူသားတစ်ဦးချင်းစီတိုင်း၏ ကိုယ်ပိုင်အခွင့်အရေး ဖြစ်ပြီး၊ ၎င်းထင်မြင် ယူဆချက်များကို လွတ်လပ်စွာ သုံးသပ်ပြောဆို ဆွေးနွေးနိုင်ခွင့်နှင့် အသုံးပြုသူ၏ ဘေးကင်းလုံခြုံမှု ရှိရေးသည် N-Social ဆိုရှယ်ပလက်ဖောင်း တီထွင်ရခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်ပါသည်။
မကြာခင်အချိန်မှာလည်း အသုံးပြုသူတိုင်း၏ နေ့စဉ်ဘဝအတွက် ဆိုရှယ်မီဒီယာ သုံးရုံသာမက၊ ချစ်သူရှာဖွေခြင်းမှ စပြီး၊ စီးပွားရေးလုပ်ငန်းအမျိုးမျိုး လုပ်ဆောင်နိုင်သည့် စနစ်များ၊ ငွေကြေးပေးချေမှုကို ကလစ်တစ်ချက်ဖြင့် လုပ်ဆောင်မည့်စနစ်၊ Cele / ပရဟိတ သမားများအတွက် Live တွင် တစ်ခါတည်း အလှူငွေနှင့် ချီးမြှင့်ငွေများ လက်ခံနိုင်ခြင်း တို့အပြင် သတင်းမီဒီယာများ အတွက် သတင်း TV Channel များ ထုတ်လွှင့်နိုင်ရန် အထိ လုပ်ဆောင် ပေးသွားမှာ ဖြစ်ပါသည်။
ဒါကြောင့် အခုအချိန်က စပြီး N-Social App ကို အကျွမ်းတဝင်ရှိဖို့ လေ့လာအသုံးပြုကြဖို့ နေရာကြိုယူထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

𝗡 𝗦𝗼𝗰𝗶𝗮𝗹 ကို သုံးပြီး သူငယ်ချင်း မိတ်ဆွေ အသစ်များကို ယခုပဲ ရှာဖွေလိုက်ပါ...N-Social ဆိုရှယ်မီဒီယာ အပ်ပလီကေးရှင်းတွင် ယခု...
29/11/2022

𝗡 𝗦𝗼𝗰𝗶𝗮𝗹 ကို သုံးပြီး သူငယ်ချင်း မိတ်ဆွေ အသစ်များကို ယခုပဲ ရှာဖွေလိုက်ပါ...
N-Social ဆိုရှယ်မီဒီယာ အပ်ပလီကေးရှင်းတွင် ယခုဆိုရင် အသုံးပြုသူများစွာ ရှိလာပါပြီ၊ မိတ်ဆွေသစ်များစွာကလည်း လူကြီးမင်းတို့ကို စောင့်ကြိုနေပါပြီ၊ Facebook နှင့် ပုံစံမတူပဲ ဆန်းသစ်တဲ့ ပုံစံ၊ မြန်မာနိုင်ငံသား တိုင်းရင်းသားများအတွက် အသင့်တော်ဆုံးပုံစံ၊ အသုံးပြုသူများ၏ လုံခြုံရေးကို ဦးစားပေးထားသည့်စနစ်များဖြင့် ထွက်ရှိလာသည့် ဆိုရှယ်မီဒီယာ App အသစ်ကို ယခုပဲ Google Play Store မှ Download လုပ်ကာ အသုံးပြုနိုင်ပါပြီ။

ပြည်ပရောက် တိုင်းရင်းသားပညာရှင်များ တီထွင်ထားသည့် App အသစ်ကို သုံးပြီး ကမ္ဘာတစ်လွှားရှိ မြန်မာတိုင်းရင်းသားအားလုံး ဆုံစည်းကြပါစို့။

N-Social App မှာ မိမိ ပရိုဖိုင်ပုံ ဘယ်လိုပြောင်းမလဲ လာမေးနေကြတယ် user များအတွက် . . .N-Social screen ၏ ညာဘက်အောက်ဆုံးရှိ...
22/11/2022

N-Social App မှာ မိမိ ပရိုဖိုင်ပုံ ဘယ်လိုပြောင်းမလဲ လာမေးနေကြတယ် user များအတွက် . . .

N-Social screen ၏ ညာဘက်အောက်ဆုံးရှိ ကျွန်ုပ် (Me) ကို နှိပ်ပါ။

(၁) ပရိုဖိုင်ပြင်ရန် ဘေးရှိ အစက်သုံးစက်ကို နှိပ်ပါ၊
(၂) ဓာတ်ပုံတင် ကို နှိပ်ပါ၊
(၃) Pick Photo ကို နှိပ်ပါ၊
(၄) ပရိုဖိုင်တင်မည့် နှစ်သက်ရာ ပုံကို ရွေးချယ်ပြီး ဖော်ပြလိုသလို ချိန်ညှိပါ၊
(၅) Submit ကို နှိပ်ပါ၊
(၆) ပရိုဖိုင်ပုံ ပြောင်းလဲသွားပါမည်၊
(၇) မိမိ အသုံးပြုသော ပရိုဖိုင်ပုံ ‌ပြောင်းသွားသည့် နေရာများကို တွေ့ရပါမည်။

အိုကေနော်။ အမည်ပြောင်းချင်ရင်လည်း နာမည်ပြင်ဆင်မည်ကို နှိပ်ပြီး ကြိုက်နှစ်သက်ရာ အမည်ပြောင်းနိုင်ပါတယ်။

ဂိမ်းမဆော့တတ်လည်း 𝐍-𝐓𝐨𝐤𝐞𝐧 ရှာလို့ရတယ်ဆိုတာ ?ဟုတ်ပါတယ်၊ ဂိမ်းဆော့ရင်း Mint တဲ့ ခေတ် မကုန်သေးပေမဲ့ . . . ဂိမ်းတွေဆော့မှ N-...
21/11/2022

ဂိမ်းမဆော့တတ်လည်း 𝐍-𝐓𝐨𝐤𝐞𝐧 ရှာလို့ရတယ်ဆိုတာ ?

ဟုတ်ပါတယ်၊ ဂိမ်းဆော့ရင်း Mint တဲ့ ခေတ် မကုန်သေးပေမဲ့ . . . ဂိမ်းတွေဆော့မှ N-Token ရမယ်ဆိုတဲ့ သီအိုရီက 𝗡-𝗦𝗼𝗰𝗶𝗮𝗹 𝗔𝗽𝗽 (ဆိုရှယ်မီဒီယာ) အတွက်တော့ မဟုတ်တော့ပါဘူး။

N-Token စုဆောင်းသူများအတွက် VPN ဖွင့်ထားပြီး၊ FB သုံးသလိုပဲ N-Social (ဆိုရှယ်မီဒီယာ) ကို ပုံမှန်အသုံးပြုမယ်ဆိုရင် N-Token ရရှိနိုင်ပါပြီ။

ဒါဆို ဘာတွေလုပ်ရမလဲ ?
N-Social က အသုံးပြုရ အရမ်းကို လွယ်ပါတယ်၊ Facebook, Instagram, Tik Tok, Telegram သုံးနေသူများအတွက်တော့ နာရီပိုင်းလောက်လေး အသုံးပြုလိုက်တာနဲ့ သိရှိသွားနိုင်မည် ဖြစ်ပါတယ်။

ဒါဆို လုပ်ဆောင်ရမှာကတော့ N-Social မှာ မိမိမြင်ရသည့် အခြားသူများ၏ ပို့စ်များ ( စာသား၊ ပုံ၊ ဗီဒီယို၊ ယူကျူလင့်ခ် ဗီဒီယို ) ကို ဝင်ရောက် ကြည့်ရှုပေးပြီး၊ ကော်မန့်ရေးခြင်း၊ Comment Reaction ပေးခြင်း၊ GIF မန့်ခြင််းနှင့် မိမိကိုယ်တိုင် နှစ်သက်ရာ အကြောင်းအရာ ပုံ၊ စာ၊ ဗီဒီယိုပို့စ်များတင်ခြင်းကို လုပ်ဆောင်ပေးနေရမှာ ဖြစ်ပါတယ်။ ပုံမှန် အချိန်တစ်ခုပေးပြီး အသုံးပြုနေဖို့ လိုပါမည်။

ဒီလို လုပ်ဆောင်နေမယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခုတွင် ကြော်ငြာများ စမြင်လာရမှာ ဖြစ်ပါတယ်။ ကြော်ငြာမှာ Inter ဆိုသည့် ပိတ်လို့ရသည့် ကြော်ငြာများနှင့် N-Token ရနိုင်သည့် Reward ကြော်ငြာများကို တွေ့ရမှာ ဖြစ်ပါတယ်။ Reward ကြော်ငြာများကို အဆုံးထိ ကြည့်ရှုပေးပြီး၊ Reward granted ဆိုသည့် Token ရရှိကြောင်း အတည်ပြုသည့် စာသားအား ကြော်ငြာပြီးဆုံးချိန်မှာ မြင်တွေ့ရပါမည်။

*** N-Token (အသည်းပုံ) တိုးလာသည့်ပုံစံမှာ Reward granted ကြော်ငြာတစ်ခါ ကြည့်ပြီးသည့်ကို System မှ စစ်ဆေးပြီးနောက်၊၊ System မှ တစ်နာရီခြား တစ်ခါ လူကြီးမင်း၏ အကောင့် အသည်းပုံ အရေအတွက် ပြသည့်နေရာတွင် ပေါင်းထည့် ဖြည့်သွင်းပေးခြင်း ဖြစ်ပါသည်။ ကြော်ငြာများ မြင်တွေ့နိုင်ရန် အဆင်ပြေသည့် VPN တစ်ခုကို သုံးနိုင်ပါသည်။ ၎င်းကြော်ငြာတစ်ခုသည် N-Token တစ်ခု ရရှိပါသည်။

မိမိတွင် ရရှိလာသည့် N-Token (အသည်း) အရေအတွက်များကို App Screen ညာဘက် အပေါ်ထောင့်တွင် မြင်နေရမည် ဖြစ်ပြီး၊ ၎င်းမြင်နေရသည့် N-Token (အသည်း) အရေအတွက်သည် လူကြီးမင်းပိုင်ဆိုင်သည့် N-Token အရေအတွက်ပဲ ဖြစ်ပါသည်။

၎င်း N-Token (အသည်း) များကို အခြားသူများ၏ ပို့စ်တွင် အသည်း (Like) ပေးမိလျှင် အသုံးပြုလိုက်လျှင် လူကြီးမင်းထံမှ နှုတ်သွားမည်ကို သတိပြုရန် လိုပါသည်။

ဒါဆို အခြားသူ၏ ပို့စ်ကို ဘယ်လိုမျိုး နှစ်သက်ကြောင်း ပြမလဲ မေးစရာရှိလာပါမည် ?

ဟုတ်ပါတယ်၊ အခြားသူ၏ ပို့စ်ကို နှစ်သက်လို မိမိ၏ N-Token ကို ပေးလိုသည့် ဆန္ဒရှိလျှင် Like ပေးပါ၊ ဆယ်ခုလောက် တခါတည်းပေးခြင်လျှင် Super Like ပေးပါ။

အဲလိုတော့ မဟုတ်ဘူး မိမိခံစားမှုကိုပဲ ပြလိုလျှင် Comment Reaction များ ( 😂😂 ❤️❤️ 😍😍 🙏🙏 😢😢 😡😡 ) ပေးနိုင်ပါသည်။ ၎င်းအပြင် comment တွင် GIF ပုံများဖြင့်လည်း ဖော်ပြလို့ ရပါသည်။

𝗡-𝗦𝗼𝗰𝗶𝗮𝗹 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ကို Google Play Store တွင် Download ရယူနိုင်ပါပြီ။ အသုံးပြုနည်းကိုလည်း YouTube ရှိ 𝗡 𝗦𝗼𝗰𝗶𝗮𝗹 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

(၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့- - - - - - - - - - - - - - - - - - - - - - - - မတရားဖိနှိပ်သည့် ရန်ကုန်တက္ကသိုလ်ဥ...
17/11/2022

(၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့
- - - - - - - - - - - - - - - - - - - - - - - -
မတရားဖိနှိပ်သည့် ရန်ကုန်တက္ကသိုလ်ဥပဒေကို ကျောင်းသားထုက သပိတ်မှောက်ခဲ့သည့် ၁၉၂၀ ပြည့် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့သည်
- ကောလိပ်သပိတ် စတင်တဲ့နေ့၊
- မတရားအုပ်ချုပ်သည့် နယ်ချဲ့အစိုးရကို ထိထိရောက်ရောက် တော်လှန်တဲ့နေ့၊
- အမျိုးသား တော်လှန်ရေး စတင်တဲ့နေ့ ဖြစ်ပါတယ်။

နယ်ချဲ့တွေဟာ သူတို့ကို ပြန်မတော်လှန်နိုင်အောင်၊ နယ်ချဲ့အုပ်ချုပ်ရေးကို အကျိုးပြုစေမယ့် ပညာရေးကို ဥပဒေနဲ့ချုပ်ချယ်ထားပြီး အောက်ခြေလူတန်းစားတွေ ပညာဆက်လက် သင်ယူခွင့် မရအောင် ကန့်သတ်ခဲ့ကြပါတယ်။ အောက်ခြေလူတန်းစားတွေဟာ ပညာသင်ယူခွင့် ဆုံးရှုံးခဲ့ကြရတာပေါ့။

ဒါ့အပြင် ကျောင်းသားတွေ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတဲ့ကြားကပဲ ဘုရင်ခံ ဆာရယ်ဂျီရယ်ဂရက်ဒေါက်က ကျောင်းသားထုရဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှုပြီး တက္ကသိုလ်အက်ဥပဒေကို ၁၉၂၀ နှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ အတည်ပြု ပြဌါန်းခဲ့ပါတယ်။

ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ပြီး သခင်ပညာရေး၊ အမျိုးသားပညာရေးကို တောင်းဆို ဖော်ပြတဲ့ တိုက်ပွဲဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုသမိုင်းမှာ အရေးပါတဲ့ လှုပ်ရှားမှုကြီး ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ၁၉၂၂ ခုနှစ်၊ ဇွန်လ ၁၇ - ၁၈ရက်နေ့ ရန်ကုန်မြို့ ဂျူဗလီဟောမှာ ကျင်းပေတဲ့ ဂျီစီဘီအေ အထူးကွန်ဖရင့်က ၁၉၂၀ပြည့်နှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို "အမျိုးသားနေ့" အဖြစ် တညီတညွတ်တည်း ဆုံးဖြတ် အတည်ပြုခဲ့ကြတယ်။ မတရားဖိနှိပ် အုပ်ချုပ်သည့် နယ်ချဲ့အစိုးရကို ထိထိရောက်ရောက် စတင်တော်လှန်တဲ့နေ့ ဖြစ်တဲ့အတွက် "အမျိုးသားအောင်ပွဲနေ့" လို့လည်း ခေါ်ကြပါသေးတယ်။

အမျိုးသားနေ့ကို ရွေးချယ်သတ်မှတ်တဲ့အခါ အမျိုးသားရေး လက္ခဏာကို ပြသတဲ့အနေနဲ့ ဒီဇင်ဘာ ၅ ရက် ကိုမသတ်မှတ်ဘဲ မြန်မာရက်စွဲဖြစ်သည့် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကိုပဲ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ . .
ယနေ့တိုင် ခေတ်အဆက်ဆက် အသက်သွေး၊ ချွေးပေးဆပ်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများ၊ မျိုးချစ်သူရဲကောင်းတွေကို လေးစားတဲ့အနေနဲ့ မမေ့သင့် မမေ့အပ်တဲ့ "အမျိုးသားအောင်ပွဲနေ့"အကြောင်းကို ဂုဏ်ယူလေးစားစွာဖြင့် ဖော်ပြလိုက်ပါသည်။

အမည်ပျောက် (Anonymous) - ဆိုတာဘာလဲ ?N-Social အသုံးပြုသူများအတွက် လုံခြုံမှုရှိတာထက် ပိုလုံခြုံစေမည့် N-Social ၏ အမိုက်စာ...
14/11/2022

အမည်ပျောက် (Anonymous) - ဆိုတာဘာလဲ ?

N-Social အသုံးပြုသူများအတွက် လုံခြုံမှုရှိတာထက် ပိုလုံခြုံစေမည့် N-Social ၏ အမိုက်စား စနစ်တစ်ခုပါ။

N-Social အသုံးပြုသူတိုင်းက အမည်အစစ်၊ အကောင့်အစစ်နှင့် သုံးစွဲရန် မလိုအပ်ခဲ့ပါဘူး။
ဒီလိုပဲ လက်ရှိ N-Social မှာ မိမိသုံးနေတဲ့ အကောင့်အနေဖြင့် မဟုတ်ပဲ အမည်မဲ့ ပို့စ်တင်ခြင်း၊ အမည်ဖျောက် Like ၊ အမည်ပျောက် ကောမန့် များကို ကာလံဒေသံပေါ်မူတည်ပြီး လုပ်ဆောင်နိုင်ပါတယ်။ ဒါတွေကို ဘယ်လိုလုပ်ရမလဲ။

(က) Anonymous (အမည်ဖျောက်) ပို့စ်တင်ရန်။

မိမိ၏ N-Social အကောင့်ကိုပါ မဖော်ပြလိုပဲ၊ အကြောင်းအရာ တစ်ခုခုကို ပြောကြားလိုပါက၊ ၎င်း Anonymous (အမည်ဖျောက်) ပို့စ် ကို အသုံးပြုနိုင်ပါသည်။ ပို့စ်အသစ်တင်ရန်ကို နှိပ်ပါ၊ ၎င်းနောက် (၁) စာသားနှင့် ပို့စ်တွင် ထည့်သွင်းလိုသည် ပုံ / ဗီဒီယိုကို ဖြည့်ပါ၊ (၂) အမည်ဖျောက် ကို အမှန်ခြစ်ပါ၊ (၃) ပို့စ်တင် ကို နှိပ်ပါ။ (၄) ၎င်းနောက် Anonymous အနေဖြင့် ပို့စ်တင်သွားသည်ကို မြင်ရပါမည်။

(ခ) Anonymous (အမည်ပျောက်) Like။

တစ်ဦးတစ်ယောက်၏ ပို့စ်တွင် Like / Super Like ပေးရာတွင် မိမိအကောင့်ကို မဖော်ပြစေလိုပါက Anonymous Like / Super Like ကို အသုံးပြုနိုင်ပါသည်။ (၁) Like, Comment, Views နေရာကို နှိပ်ပါ၊ (၂) ပေါ်လာသည့်နေရာရှိ အရှေ့ အသည်းပုံ ??? သည် Anonymous Like ဖြစ်ပြီး၊ အနောက် အသည်းပုံ ??? သည် Anonymous Super Like ဖြစ်ပါသည်၊ နှစ်သက်သလို နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါသည်။

(ဂ) Anonymous Comment (အမည်ပျောက်ကောမန့်)။

တစ်ဦးတစ်ယောက်၏ ပို့စ်အောက်တွင် မိမိ၏ သဘောထားတစ်ခုခုအား မှတ်ချက်ပေးရာတွင် လက်ရှိ N-Social သုံး အကောင့်အမည်ကို မဖော်ပြလိုပဲ မှတ်ချက်ပေးရာတွင် အသုံးပြုနိုင်ပါသည်။ (၁) ကောမန့်စာသားကို ရေးပါ၊ (၂) အမည်ပျောက်ကောမန့်တွင် အမှန်ခြစ်ပါ၊ (၃) ဘေးရှိ ပို့စ်မြှားကို နှိပ်ပါ၊ (၄) ၎င်းနောက် Anonymous အနေဖြင့် မှတ်ချက်ပြုထားသည်ကို မြင်တွေ့ရပါမည်။

လုံခြုံစိတ်ချဘေးကင်းစွာ အသုံးပြုနိုင်ပြီး တိုင်းရင်းသားလူငယ်ပညာရှင်များ တီထွင်ထားသော အကောင်းဆုံး ဆိုရှယ်ပလက်ဖောင်း N-Social App ကို အသုံးပြု၍ မိမိ၏ သဘောထား၊ မိမိ၏ နှစ်သက်ရာ အကြောင်းအရာများကို ယခုပဲ တင်နိုင်ပါပြီ။ မိတ်ဆွေများကိုလည်း လာရောက်အသုံးပြုဖို့ ယခုပဲ ဖိတ်ခေါ်လိုက်ပါ။

Address

Myitkyina

Website

Alerts

Be the first to know and let us send you an email when N Wallet Kachin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share