𝐒𝐚𝐟𝐞 𝐅𝐮𝐭𝐮𝐫𝐞 𝐰𝐢𝐭𝐡 𝐌𝐚𝐦𝐦𝐲 𝐍𝐰𝐞

  • Home
  • Myanmar
  • Myaing
  • 𝐒𝐚𝐟𝐞 𝐅𝐮𝐭𝐮𝐫𝐞 𝐰𝐢𝐭𝐡 𝐌𝐚𝐦𝐦𝐲 𝐍𝐰𝐞

𝐒𝐚𝐟𝐞 𝐅𝐮𝐭𝐮𝐫𝐞 𝐰𝐢𝐭𝐡 𝐌𝐚𝐦𝐦𝐲 𝐍𝐰𝐞 “မိသားစုအတွက် စိတ်ချရသော အာမခံ – ကျန်းမာရေး၊ ပညာရေး၊ ငွေစုဆောင်းမှု အားလုံးကို သင့်အတွက် စောင့်ရှောက်ပေးပါသည်။”💞🙏💞

🤍ကျန်းမာရေးအတွက် အာမခံထားထားတဲ့မောင်လေးကို အူအတက်ခွဲရလို့ဆေးရုံစရိတ် သိန်း ၂၀ ကျော်အတွက် Daiichi Life Myanmar ကနေ အကာကွယ...
29/05/2026

🤍ကျန်းမာရေးအတွက် အာမခံထားထားတဲ့မောင်လေးကို အူအတက်ခွဲရလို့ဆေးရုံစရိတ် သိန်း ၂၀ ကျော်အတွက် Daiichi Life Myanmar ကနေ အကာကွယ်ပေးတဲ့အတွက် တကယ်ကိုကြည်နူးရတဲ့နေ့ပါရှင်။

ကျွန်မ Daiich Life Insurance မှာ စ လုပ်ကတည်းက အခုထိ Customer 5ယောက်အထိ ကျန်းမာရေးအာမခံ အကာအကွယ်ပေးနိုင်ခဲ့ပါပြီ။

နောက်လည်း ချစ်ရသူများအတွက် အမြဲအကာကွယ်ပေးနိုင်ပါရစေ။

ကျန်းမာရေးအာမခံအတွက် သိချင်တာ၊ ထားချင်တာများရှိပါက အချိန်မရွေးဆက်သွယ်လို့ရပါတယ်ရှင်။

#ကျန်းမာ‌ရေးအာမခံ
#အာမခံ
#ကျန်းမာ‌ရေး

Daiichi Life Insurance Myanmar 🤍ဂုဏ်ယူစွာတက်ရောက်နေပါပြီ💓
02/04/2026

Daiichi Life Insurance Myanmar
🤍ဂုဏ်ယူစွာတက်ရောက်နေပါပြီ💓


Daiichi Life သည် ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ် ပြန်လည်ဆန်းသစ်ခြင်းများ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း ၂၀၂၆ခုန...
02/04/2026

Daiichi Life သည် ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ် ပြန်လည်ဆန်းသစ်ခြင်းများ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း ၂၀၂၆ခုနှစ် ဧပြီလ (၁) ရက်နေ့မှစတင်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြောင်းလဲလိုက်ပြီဖြစ်ပါကြောင်း အသိပေးလိုက်ပါတယ်ခင်ဗျာ။ ​

ယခုပြောင်းလဲမှုများနဲ့အတူ ကျွန်တော်တို့ Daiichi Life Myanmar သည် မြန်မာပြည်သူပြည်သားတစ်ဦးချင်းစီ၏ဘဝအနာဂတ်ခရီးလမ်းနှင့် နေ့စဥ်ဘဝလှုပ်ရှားမှုတွေတိုင်းအတွက်ချစ်ခြင်းများနဲ့ငွေကြေးကာကွယ်မှုတွေအပြင်အခွင့်အလမ်းသစ်များကိုအကန့်အသတ်မရှိစိတ်တိုင်းကြိုက်ပုံဖော်ပေးနိုင်ရန်ကြိုးစားဆောင်ရွက်သွားမည်ဟုကတိကဝတ်ပြုအပ်ပါတယ်။ ​

အမှတ်တံဆိပ်အသစ်ပြောင်းလဲခြင်းမှာ လူကြီးမင်း၏ ပေါ်လစီအကာအကွယ်နှင့် အကျိုးခံစားခွင့်များကိုသက်ရောက်ခြင်းမရှိပါကြောင်းလည်းအသိ‌ပေးအပ်ပါသည်။ ​

ကျွန်မတို့ ရည်မှန်းထားတဲ့ပန်းတိုင်တွေတကယ်ဖြစ်လာဖို့ဆိုရင် တစိုက်မတ်မတ်ကြိုးစားဖို့လိုအပ်သလို ကိုယ့်ကိုယ်ကိုယ်သေချာသုံးသပ...
13/01/2026

ကျွန်မတို့ ရည်မှန်းထားတဲ့ပန်းတိုင်တွေတကယ်ဖြစ်လာဖို့ဆိုရင် တစိုက်မတ်မတ်ကြိုးစားဖို့လိုအပ်သလို ကိုယ့်ကိုယ်ကိုယ်သေချာသုံးသပ်ပြီးလက်တွေ့မှာသေချာအကောင်အထည်ဖော်နိုင်ဖို့လည်းလိုအပ်ပါတယ်။ ​

ရည်မှန်းထားတာတွေပြည့်မြောက်ဖို့ ကိုယ့်ရဲ့နေ့စဥ်လုပ်‌ဆောင်တဲ့အလေ့အကျင့်ကောင်းတွေနဲ့အတူ တစ်လှမ်းချင်းစတင်ပြီး တိုးတက်မှုတွေကိုအမြဲဆန်းစစ်နေမယ်၊ လိုအပ်တဲ့ပညာတွေကိုလည်းအမြဲတမ်းထပ်ဖြည့်နေမယ်ဆိုရင် လိုချင်တဲ့ရည်မှန်းချက်အိပ်မက်တွေအမြန်ဆုံးအကောင်အထည်ဖော်နိုင်မှာ အသေအချာပါပဲရှင်။​

ကျွန်မတို့ဒိုင်အိချိကလည်းလူကြီးမင်းတို့ရည်မှန်းချက်အိပ်မက်တွေအကောင်အထည်ဖော်နိုင်ဖို့အမြဲအတူရှိနေမှာပါ။ ​

ဒီနေ့မှာ ကျန်းမာရေးအာမခံ အကာကွယ်အတွက် ဘဏ်အကောင့်ထဲကို ငွေလက်ခံရရှိသွားတဲ့ ကျွန်မချစ်ရသူအစ်မတစ်ဦးရဲ့ Review လေးပါရှင်🥰📌ငလ...
06/01/2026

ဒီနေ့မှာ ကျန်းမာရေးအာမခံ အကာကွယ်အတွက် ဘဏ်အကောင့်ထဲကို ငွေလက်ခံရရှိသွားတဲ့ ကျွန်မချစ်ရသူအစ်မတစ်ဦးရဲ့ Review လေးပါရှင်🥰

📌ငလျင်အပြီးမှာကျန်းမာရေးအာမခံလေး ဝယ်ထားဖြစ်လိုက်တယ်။ များပြား‌တဲ့ဆုံးရှုံးမှုတွေနဲ့ကြုံခဲ့ရပြီး ဘာဖြစ်ဖြစ်အာမခံလေးရှိတော့ဖြေသာပါတယ်လေဆိုပြီးငွေကြေးအမောင့်ကလည်းမများသောပမာဏလေးမို့ ၁နှစ်စာဝယ်ထားခဲ့တယ်။ကိုယ်မဖြစ်ခဲ့ရင်တောင် သူများအတွက် အလှူဆိုတဲ့စိတ်လေးနဲ့တော့ထားခဲ့လိုက်တာပေါ့။ ဒါပေမယ့် ၃/၄ လအကြာမှာတော့ ခရီးထွက်စရာပေါ်လာတော့ ဆေးစစ်ရင်း အထူးကုဆရာတစ်ယောက်နဲ့ပြလိုက်တာ ဒါလည်းသာမာန်ပါပဲ ၂၁ရက်ဆေးပေးလိုက်တယ် အနာနဲ့ဆေးမတွေ့တော့ နောက်ဆရာဝန် လွှဲလိုက်တာ အရေးပေါ်ခွဲစိတ်ရမယ် Urgent ဖြစ်ပါလေရော။ ဒါနဲ့ခွဲမယ်ပေါ့ ကုန်ကျစရိတ်တောင်မမေးပါဘူးကျန်းမာရေးကအဓိကဆိုပြီး ကုသခဲ့တယ်။ အဲဒီမှာ ကျန်းမာရေးအာမခံဝယ်ယူချင်းရဲ့အကျိုးကိုမမျှော်လင့်ပဲခံစားခွင့်ရခဲ့ပါတယ်။ ဘယ်လောက်ထိအဆင်ပြေလည်းဆိုရင် အာမခံရှိတဲ့အတွက် ဆေးရုံက Deposit တောင်မသွင်းရဘူး။ ကုမ္ပဏီအနေနဲ့ကလည်း ပေးချင်လွန်းလို့ငွေကိုင်စောင့်နေတဲ့အပြင် ကုန်ကျစရိတ်ကိုအပြည့်အဝပေးလို့ အားနာရတဲ့အဆုံး day care ကုသစရိတ်တောင်ထပ်မတင်ရက်လောက်အောင်ကို စေတနာတွေပါလွန်းပါတယ်။Agent ဆိုသည်မှာလည်း မိုးမလင်းခင်ကတည်းက စားသောက်စရာအပြည့်နဲ့ ရောက်လာပြီး တစ်ချိန်လုံးအားပေးနေတာ
အရမ်းကို စိတ်ကျေနပ်မှုအပြည့်အဝရရှိခဲ့သလို ကျေးဇူးတွေအထပ်ထပ်တင်ရသော လူသားအကျိုးပြုမှုဝန်းကျင်လေးတစ်ရပ်ကို ကျေးဇူးတင်စွာ အမှတ်ရနေမှာပါ။ ဒီထက်မက အောင်မြင်ပါစေရှင့် 🙏🙏🙏

Photo Credit ပါရှင်
-ichi Life Insurance Myanmar Ltd.


Mammy Nwe

Insurance Agent တစ်ယောက်အတွက်တော့ မိမိတာဝန်ယူနေတဲ့ Client တစ်ဦးချင်းစီအတွက် အပြည့်အဝကူညီပေးနိုင်တဲ့အခါ ကျေနပ်ပီတိဖြစ်ရသလ...
12/12/2025

Insurance Agent တစ်ယောက်အတွက်တော့ မိမိတာဝန်ယူနေတဲ့ Client တစ်ဦးချင်းစီအတွက် အပြည့်အဝကူညီပေးနိုင်တဲ့အခါ ကျေနပ်ပီတိဖြစ်ရသလို မိမိအပေါ် Customer များအပေါ်မှာ ကိုယ်စိတ်နှစ်ပါးလုံခြုံအေးချမ်းအောင် ကာကွယ်ပေးနေတဲ့ အာမခံကုမ္ပဏီအတွက် ရောင်းအားအမြင့်ဆူံရအောင် ဆောင်ရွက်နိုင်ခြင်းသည်လည်း ကျေနပ်စရာတစ်ခုပါပေ💓💓

#အနာဂတ်ပြဿနာတွေ_ကြိုတင်အဖြေရှာ_စီမံကာကွယ်ထားပါ

ကျွန်မ Customer တစ်ယောက် အိမ်တံခါးအထွက် မလွတ်လို့တိုက်မိသွားတာ။ လျော်ကြေးတောင်းထားတာကို ... အခု Company ကပေးနေပြီ။ ငွေထု...
12/12/2025

ကျွန်မ Customer တစ်ယောက် အိမ်တံခါးအထွက် မလွတ်လို့တိုက်မိသွားတာ။ လျော်ကြေးတောင်းထားတာကို ... အခု Company ကပေးနေပြီ။ ငွေထုတ်ဖို့ ပြင်ပြီးသားပုံပြဖို့ ကားကမအားလို့မပြင်ရသေးဘူး...... ‌တိန်🧑‍🦳

💞💞ကျန်းမာရေးအာမခံအတွက် အကာကွယ်ရနေပြီဖြစ်တဲ့ Customer လေးတွေအတွက်ပါရှင်
12/12/2025

💞💞ကျန်းမာရေးအာမခံအတွက် အကာကွယ်ရနေပြီဖြစ်တဲ့ Customer လေးတွေအတွက်ပါရှင်

အသက်အာမခံထားထားပြီးပူလောင်နေရမယ်ဆိုရင် ထားမနေပါနဲ့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်ပူလောင်နေရတာမျိုးဖြစ်နေရင် မထားပါနဲ့ အသက်အာ...
07/12/2025

အသက်အာမခံထားထားပြီး
ပူလောင်နေရမယ်ဆိုရင် ထားမနေပါနဲ့
ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်ပူလောင်နေရတာမျိုးဖြစ်နေရင် မထားပါနဲ့

အသက်အာမခံဆိုတာ
အိမ်ရဲ့အဓိကငွေရှာနေတဲ့သူတစ်ယောက်ဟာ
အကြောင်းတခုခုကြောင့် သေဆုံးတာ/ ထာဝရမသန်စွမ်း(ဒုက္ခိတ)ဖြစ်သွားတာမျိုးဆို
အိမ်ရဲ့မိသားစုအခြေအနေ ရုတ်တရက်ယိမ်းယိုင်မသွားအောင် ဒေါက်တိုင်တစ်ခုအနေနဲ့ကြိုထောက်ထားတဲ့ plan တစ်ခုပါ ။

ဒီလိုမှမဟုတ်ဘဲ
အသက်အာမခံကြေးသာ နှစ်တိုင်းသွင်းနေရတယ်
ဘာမှလည်းမဟုတ်ဘူး
ရွှေဝယ်ထားလိုက်ရင် ၊ ဒေါ်လာဝယ်ထားလိုက်ရင်
တော်တော်မြတ်နေပြီ ။ ဘဏ်မှာအပ်ထားလိုက်ရင်အတိုးရနေပြီ ...အစရှိတဲ့ တခြားသောမတူညီတဲ့လုပ်ငန်းတွေနဲ့နှိုင်းယှဉ်ပြီး ပေသီးခေါက်နေမယ်
ယူထားလိုက်မိတာမှားပြီဆိုပြီး နှစ်စဉ်ပရီမီယမ်ကြေးသွင်းခါနီတိုင်း စိတ်ညစ်နေရင်
ကိုယ့်ပိုက်ဆံနဲ့ကိုယ် အပူယူထားသလိုဖြစ်နေမှာမို့
မတန်ပါဘူးနော်
မထားပါနဲ့

အသက်အာမခံရဲ့အနှစ်သာရအမှန်က အပေါ်မှာရေးခဲ့သလို
ကိုယ့်ဝင်ငွေ ကိုယ့်ဘတ်ဂျက်နဲ့နိုင်နင်းတဲ့ပမာဏနဲ့
ပုံမှန်သွင်းသွားရတဲ့ နိုင်ငံတော်ကအသိအမှတ်ပြုထားတဲ့တရားဝင်လုပ်ငန်းတစ်ခုပါ။
( စတင်ခဲ့တာ နှစ်အတော်ကြာပါပြီ )

ကုမ္ပဏီပေါင်းစုံက အေးဂျင့်ပေါင်းစုံက
ကော်မရှင်ရလိုမှု ၊အ‌ရောင်းကမ်ပိန်းတွေရလိုမှု ၊ ဆုတံဆိပ်တွေယူလိုမှုနဲ့ မနိုင်မနင်းအာမခံကြေးတွေထားခိုင်းတာဟာ
နောက်ပိုင်းနှစ်တွေမှာ ပရီမီယမ်သွင်းခါနီးတိုင်းစိတ်ညစ်နေရမှာပါ

အသက်အာမခံဆိုတာ
Peace of mind ရဖို့ လုပ်ငန်းစဉ်တခုဖြစ်ပါတယ်
စိတ်လုံခြုံမှုကို အရင်ရယူတဲ့ကိစ္စပါ
( အလျော်ရတာက နောက်ပိုင်းမှပါ )

ဒါ့ကြောင့်
တကယ့်စိတ်လုံခြုံမှုရစေဖို့
ကျွမ်းကျင်တဲ့ အကြံပေးနဲ့တိုင်ပင်ပါ
မိမိနိုင်နင်းတဲ့ ဘက်ဂျက်အနေအထားနဲ့သာထားပါ

အားလုံးပဲ နားလည်နိုင်ကြပါစေ။

အသက်အာမခံဆိုင်ရာ ဆွေးနွေးတိုင်ပင်လိုရင်
မက်ဆန်ဂျာကနေ အချိန်မရွေးဆက်သွယ်နိုင်ပါတယ်

Credit
Min Yel Kyaw Swar

🧑‍💼 စမတ်ကျတဲ့ သူဌေးကြီးတို့အတွက်: ဝန်ထမ်းတွေရဲ့  #ကျန်းမာရေး အာမခံထားပေးခြင်းရဲ့ အကျိုးကျေးဇူး (၅) ချက်🏢​လုပ်ငန်းတစ်ခုရဲ...
05/12/2025

🧑‍💼 စမတ်ကျတဲ့ သူဌေးကြီးတို့အတွက်: ဝန်ထမ်းတွေရဲ့ #ကျန်းမာရေး အာမခံထားပေးခြင်းရဲ့ အကျိုးကျေးဇူး (၅) ချက်

🏢​လုပ်ငန်းတစ်ခုရဲ့ အဓိက အင်အားစုက ဝန်ထမ်းတွေပါပဲ။ သူတို့ ဘေးကင်းလုံခြုံ၊ စိတ်ချရမှသာ လုပ်ငန်းက အရှိန်အဟုန်မပျက် ရှေ့ဆက်နိုင်မှာပါ။ ဒါကြောင့် မမျှော်လင့်တဲ့ မတော်တဆမှုတွေကနေ ကာကွယ်ဖို့ ဝန်ထမ်းတွေကို အာမခံထားပေးခြင်းဟာ ရေရှည်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။

🧑‍🚒​ဝန်ထမ်းများအတွက် မတော်တဆ ထိခိုက်မှု အာမခံ (Group Accident Insurance) ထားပေးခြင်းဖြင့် လုပ်ငန်းရှင်ကြီးများ ရရှိမည့် အဓိက အကျိုးကျေးဇူးများကတော့-

​၁။ ကုမ္ပဏီရဲ့ ငွေကြေးတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ခြင်း
​ဝန်ထမ်းတစ်ဦး မမျှော်လင့်ဘဲ ထိခိုက်မှုကြီးကြီးမားမား ကြုံလာတဲ့အခါ ကုသစရိတ်နဲ့ နစ်နာကြေးများအတွက် ကုမ္ပဏီကနေ အများအပြား ရုတ်တရက် စိုက်ထုတ်ပေးရခြင်းကို ရှောင်ရှားနိုင်ပါတယ်။
​အာမခံကနေ ကုန်ကျစရိတ်များကို တာဝန်ယူဖြေရှင်းပေးခြင်းကြောင့် လုပ်ငန်းရဲ့ ငွေကြေးစီးဆင်းမှု (Cash Flow) ကို ထိန်းညှိရာမှာ စိတ်ပူစရာ မလိုတော့ပါဘူး။

​၂။ ဝန်ထမ်းများ စိတ်ဓာတ်ခွန်အား တိုးတက်စေခြင်း
​ဝန်ထမ်းတွေအတွက် အာမခံထားပေးခြင်းဟာ သူတို့အပေါ် တန်ဖိုးထားကြောင်း ပြသတဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အလုပ်အပေါ် သစ္စာရှိမှုကို မြင့်တက်စေပါတယ်။
​လုပ်ငန်းခွင်မှာ လုံခြုံမှုရှိတယ်လို့ ခံစားရတဲ့အတွက် စိတ်ဖိစီးမှုတွေ လျော့နည်းပြီး အလုပ်ကို ပိုမို အာရုံစိုက်ကာ အကျိုးဖြစ်ထွန်းစေပါတယ်။

​၃။ အရည်အချင်းရှိ ဝန်ထမ်းကောင်းများ ဆွဲဆောင်နိုင်ခြင်း
​ယနေ့ခေတ်မှာ ဝန်ထမ်းကောင်းတွေဟာ လစာအပြင် အာမခံလိုမျိုး အပိုဆောင်း အကျိုးခံစားခွင့် (Employee Benefits) တွေကိုပါ လိုချင်ကြပါတယ်။
​ပြည့်စုံတဲ့ အကျိုးခံစားခွင့် အစီအစဉ်က ကုမ္ပဏီကို ပိုမိုဆွဲဆောင်မှုရှိစေပြီး အခြားသော လုပ်ငန်းများနဲ့ ယှဉ်ပြိုင်ရာမှာ အသာစီးရစေပါတယ်။

​၄။ ဥပဒေရေးရာ တာဝန်ခံမှုကို လျှော့ချပေးခြင်း
​ဝန်ထမ်းတစ်ဦး မတော်တဆ ထိခိုက်မှုကြုံလာတဲ့အခါ ကုမ္ပဏီရဲ့ လုပ်ငန်းရှင်အနေနဲ့ ဥပဒေအရ တာဝန်ယူပေးရမယ့် ကိစ္စရပ်တွေ ရှိပါတယ်။
​သင့်လျော်တဲ့ အာမခံအစီအစဉ် ထားရှိထားခြင်းက ဥပဒေနဲ့အညီ တာဝန်ကျေရာရောက်သလို၊ ဖြစ်လာနိုင်တဲ့ အမှုအခင်းနဲ့ ကုန်ကျစရိတ်များကိုပါ လျှော့ချပေးနိုင်ပါတယ်။

​၅။ လုပ်ငန်းစဉ် စဉ်ဆက်မပြတ် လည်ပတ်နိုင်ခြင်း
​အလုပ်ခွင် မတော်တဆမှုတစ်ခု ဖြစ်ပေါ်လာတဲ့အခါ အာမခံကုမ္ပဏီက ငွေကြေးနှင့် စီမံခန့်ခွဲမှုပိုင်းကို ကူညီဖြေရှင်းပေးခြင်းကြောင့် လုပ်ငန်းရဲ့ နေ့စဉ် လည်ပတ်မှုတွေ အဓိက ထိခိုက်မှုမရှိဘဲ ဆက်လက်လုပ်ကိုင်နိုင်ပါတယ်။

​ဝန်ထမ်းတွေကို အကောင်းဆုံး အကာအကွယ်ပေးရင်း လုပ်ငန်းကိုလည်း စိတ်ချလက်ချ တိုးချဲ့နိုင်ဖို့ Dai-ichi ရဲ့ Group Health Insurance အကြောင်း အသေးစိတ် သိရှိလိုပါက ညီမဆီ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင်။
​

#ဝန်ထမ်းအကျိုးခံစားခွင့်
#လုပ်ငန်းရှင်

Address

Myaing

Website

Alerts

Be the first to know and let us send you an email when 𝐒𝐚𝐟𝐞 𝐅𝐮𝐭𝐮𝐫𝐞 𝐰𝐢𝐭𝐡 𝐌𝐚𝐦𝐦𝐲 𝐍𝐰𝐞 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share