အလင်္ကာအိမ်ခြံမြေ

အလင်္ကာအိမ်ခြံမြေ ပြင်ဦးလွင်မြို့၏ ယုံကြည်စိတ်ချနိုင်မှုအရှိဆုံး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း

မေမြို့ မှာ နေမယ်ဆိုရင် ဘယ်ရပ်ကွက်မှာ အနေချင်ဆုံးလဲ????ရပ်ကွက်ကြီး ဘယ်နှစ်ခု ရှိလဲ????မေမြို့ ကို စိတ်၀င်စားကြသူများအတွက...
19/05/2024

မေမြို့ မှာ နေမယ်ဆိုရင်
ဘယ်ရပ်ကွက်မှာ အနေချင်ဆုံးလဲ????
ရပ်ကွက်ကြီး ဘယ်နှစ်ခု ရှိလဲ????

မေမြို့ ကို စိတ်၀င်စားကြသူများအတွက် _
မြို့လေး၏ ရပ်ကွက်များကို
ယေဘုယျသဘော သိရှိစေရန်
ရည်ရွယ်ရေးသားထားသော
post လေး ဖြစ်တာကြောင့်
အသေးစိတ်လိုအပ်များရှိပါက
နားလည်ပေးကြပါရန်

ရပ်ကွက်ကြီး(၁) ✅
ညံကွဲ၊ ယူဂိုဆလပ် စသဖြင့် လူအများသိကြသော ရပ်ကွက်။ မြို့လယ်ခေါင် မြို့ဟောင်းနေရာ။

ရပ်ကွက်ကြီး (၂)✅
မြမာလာ. သုမင်္ဂလာ။ မြို့ဟောင်း ... သို့ပေမယ့် မြို့သစ်နဲ့ကပ်လျက်တစ်ဆက်တည်းရှိသော ရပ်ကွက်။ စျေး၀ယ်လို့ကောင်းတဲ့ ဇရပ်ကတုံးစျေး တည်ရှိရာ ရပ်ကွက်။

ရပ်ကွက်ကြီး(၃)✅
ဟော်ကုန်း။ မြို့ဟောင်းစစ်စစ်.. ပုလဲဖြူဆွယ်တာ၊ ရှမ်းမလိုင်တို့လို့ ပြင်ဦးလွင်ရဲ့ လူသိများသောဆိုင်များရှိရာ ရပ်ကွက်။

ရပ်ကွက်ကြီး(၄)✅
ရပ်ကွက်ကြီး(၂) နဲ့ မျက်နှာချင်းဆိုင်.. မန်း-လားရှိုးလမ်း ဟိုဘက် သည်ဘက်။ မင်မင်ကြိုက်တဲ့ may myo coffee ဆိုင်ရှိတဲ့ ရပ်ကွက်။ မြို့လည်ခေါင် စစ်စစ်။

ရပ်ကွက်ကြီး(၅)✅
နာမည်ကျော် နန်းမြိုင်လမ်း၊ စန္ဒာလမ်းတို့ ရှိရာရပ်ကွက်။ နာရီစင်၊ မြို့မစျေး၊ ဆေးရုံကြီးတို့ တည်ရှိရာ ... မြို့ကို ၀င်လိုက်တာနဲ့ WE ❤️ PYIN OO LWIN (လမ်းညာဘက်ခြမ်း) မှာ မြင်ရတဲ့ ရပ်ကွက်။

ရပ်ကွက်ကြီး(၆)✅
လတ်တလော လူကြိုက်အများဆုံး ရပ်ကွက်တွေထဲက တစ်ခု။ ဂရမ်မြေ မြို့ဟောင်းဆို ရပ်ကွက်ကြီး(၆) ကို အရွေးများကြတယ်။ ပြင်ဦးလွင်ရသ အပြည့်အ၀ ရတယ်၊ ရပ်ကွက်သန့်ပြီး VIP ဆန်တယ်။ ကန်တော်ကြီး၊ ကန်တော်လေး ၊ ရုက္ခဗေဒဥယျာဥ်ရှိရာ ရပ်ကွက်ပေါ့။

ရပ်ကွက်ကြီး(၇)✅
ရွာသစ်ကလေး။ ရပ်ကွက်ကြီး (၁) နဲ့ (၃) တို့ရဲ့ အနောက်ကပ်လျက်။

ရပ်ကွက်ကြီး (၈) နဲ့ (၁၀) ✅
ပဒေသာမြို့သစ်။ မန်း-လားရှိုးလမ်းနဲ့ နီးသော ၊ ကားကြီး၀င်းနဲ့ သီရိရတနာစျေး ရှိသော ရပ်ကွက်က ရပ်ကွက်ကြီး (၁၀)... အဲ့ဒီ့ကမှ ဆက်သွားလို့ချယ်ရီလမ်းကျော်သွားရင် ရပ်ကွက်ကြီး (၈)..
မြို့သစ် .. ဂရန်၊ မြေပေးမိန့် မြေအမျိုးအစားထဲက အရောင်းအ၀ယ်အသွက်ဆုံး ရပ်ကွက်။

ရပ်ကွက်ကြီး (၉)✅
နန္ဒ၀န် ။ မြို့အ၀င် .. ဌေးဌေးကြွယ်ဆီဆိုင်ရှိတဲ့ရပ်ကွက်။ အခုတလော နာမည်ကြီး လူသိများလာတဲ့ မောဓနုရှမ်းရိုးရာအစားအစာ၊ Mr.Black Coffee၊ ရှမ်း(မ်) မလိုင်ဆိုင်၊ Aurora ဝိုင် နဲ့ ယိုစုံ၊ 383 BBQ Beerဆိုင်တွေရှိတဲ့ May Myo Local Area ရှိတဲ့နေရာ။

🚩 ရပ်ကွက်ကြီး (၁) ကနေ (၁၀) အထိက ပြင်ဦးလွင်ရဲ့ စည်ပင်နယ်နိမိတ်ထဲပါတာဖြစ်လို့ ဂရန်မြေ၊ မြေပေးမိန့် တို့ အများဆုံးရှိသော ရပ်ကွက်များ ( ချွင်းချက်တချို့ရှိပါသည် )

ရပ်ကွက်ကြီး ( ၁၁ )✅

ရေငယ်။ မဟာအံ့ထူးကံသာဘုရားကြီး (ပြည်ချစ်ဘုရား ) တည်ရှိရာရပ်ကွက်။ လမ်းကျယ်တယ်၊ ရပ်ကွက်သန့်တယ်လို့ လူသိများတဲ့ ရပ်ကွက်။

ရပ်ကွက်ကြီး ( ၁၂ )✅
ရေချမ်းအိုး။ ပဒေသာမြို့သစ်နဲ့ ကပ်နေသော ရပ်ကွက်။ လူစည်တယ်- အိမ်ခြေစိပ်တယ်_မြို့ရှောင်လမ်း နဲ့ မန်း- လားရှိုးလမ်းကို တိုးလျှိုပေါက်သွားနိုင်သော ရပ်ကွက်။

ရပ်ကွက်ကြီး ( ၁၃ )✅
ဆင်ခေါင်းလေး။ မန္တလေးဘက်ကလာရင် မြို့ထဲကို မ၀င်ဘဲ မြို့ရှောင်လမ်းအတိုင်းသွားရင် လမ်းညာဘက်မှာ တည်ရှိတဲ့ ရပ်ကွက်။ သီးသန့် အေးဆေး တောရိပ်တောင်ရိပ်နဲ့ စိမ်းစိမ်းလမ်းလမ်း ကျယ်ကျယ်၀န်း၀န်း နေချင်သူများ သဘောကျတဲ့ ရပ်ကွက်။

ရပ်ကွက်ကြီး (၁၄) ✅
ညောင်နီ။ VIP ရပ်ကွက်။ ရပ်ကွက်သန့်၊ အိမ်ကြီးအိမ်ကောင်းများရှိပြီး မြို့ထဲ ကန်တော်ကြီး ဘက်နှင့် မြို့ရှောင်လမ်းဘက် နှစ်ဘက်စလုံးနှင့် နီးသော ရပ်ကွက်။

ရပ်ကွက်ကြီး (၁၅) ✅
ဖောင်းတော။ မြို့ရှောင်လမ်း နှင့် ကျောက်ဆည်လမ်း နှစ်ခုပေါ်မေးတင်ထားသော ရပ်ကွက်။ တနှစ် နှစ်နှစ်အတွင်း လူနေထူထပ်လာပြီး တိုက်လှလှလေးများနဲ့စည်ကားလှပြီး မေမြို့ရဲ့ ဝင်ဒါမီယာဆန်တဲ့ နေရာတခု။

ရပ်ကွက်ကြီး (၁၆) (၁၇) (၁၈)✅
စည်သာ၊ ကံကြီးကုန်း၊ အနီးစခန်း၊ နွယ်နှင်း၊ စျေးကုန်း၊ ဆင်ခေါင်းကြီး၊ ဒိုးကွင် ။ အနီးစခန်းလေယာဥ်ကွင်း အနီးတစ်ဝိုက်မှ ပြင်ဦးလွင်မြို့အ၀င် ဒိုးကွင်ဆည်အထိ ရပ်ကွက်များ။ ပြင်ဦးလွင်နဲ့ မန္တလေးကြား မန်း- လားရှိုး လမ်းဘေး ရပ်ကွက်များဖြစ်တာကြောင်း မန္တလေးမြို့ခံများ အကြိုက်ဆုံး ရပ်ကွက်။

ရပ်ကွက်ကြီး (၁၉) (၂၀)✅
ငါးရံ့ချောင်း၊ နောင်ခမ်းကြီး။ လမ်းသာပြီး မြေကွက်စျေးသင့်၊ နေထိုင်ရန် သင့်လျော်တာကြောင့် စိတ်၀င်စားခံလာရသော ရပ်ကွက်များ။

ရပ်ကွက်ကြီး (၂၁)✅
မိုးကြိုး၊ သဲဖြူချောင်း။ မိုးကုတ်လမ်းကို မေးတင်ထားပြီး၊ မန်းလားရှိုးလမ်းနှင့်သော်လည်းကောင်း၊ မြို့ထဲနှင့်လည်းကောင်း နီးသော ရပ်ကွက်။ စျေးနီး၊ ကျောင်းနီး၊ လမ်းခရီးသာတာကြောင့် နှစ်အနည်းငယ်အတွင်း လူနေထူထပ်လာသော ရပ်ကွက်။

Crd;
AM Family

🌲 ပြင်ဦးလွင် ဒီဇင်ဘာဥယျာဉ်/လီဆူ-Village တို့အနီး လားရှိုးလမ်းမကြီးမှ ကားနဲ့ ၂မိနစ် ထုံးဘိုရွာမြေ မှ မြေကွက်လှလှလေး ရောင်...
10/05/2024

🌲 ပြင်ဦးလွင် ဒီဇင်ဘာဥယျာဉ်/လီဆူ-Village တို့အနီး လားရှိုးလမ်းမကြီးမှ ကားနဲ့ ၂မိနစ် ထုံးဘိုရွာမြေ မှ မြေကွက်လှလှလေး ရောင်းပေးပါရစေရှင်

➡️ ပေ (၄၀*၆၀)= သိန်း ၅၉၀ (ညှိနှိုင်း)

🌲December ဥယျာဥ် / MicoHill / Lisu Village မဟာအံ့ထူးကံသာဘုရား၊ ပွဲကောက်​ရေတံခွန် တို့ကိုလဲ အလွယ်တကူသွားနိုင်သည့်နေရာ မှာတည်ရှိပါတယ် ..

🌲စာချုပ်စာတမ်း
- မြေအရောင်းအဝယ်စာချုပ်
- မြေအဆင့်ဆင့်လွှဲပြောင်းစာချုပ်
- စာရွက်စာတမ်းပြည့်စုံစွာဖြင့် တရားလွတ်တော်ရှေ့နေနဲ့ ချုပ်ဆိုပေးသွားမှာပါ

🌲 လှပတဲ့ အိမ်လေးတွေနဲ့ သာယာတဲ့နေရာလေးကို စိတ်ဝင်စားရင်

📲 092024245ကို ဆက်လို့ရပါတယ်ရှင်

🙏မင်္ဂလာပါခင်ဗျာ🛣️မန္တလေး-လားရှိုးလမ်းမကြီးမှ စက္ကန့် ၃၀ ခန့်🙏မဟာအံ့ထူးကံသာဘုရားကြီးနှင့်🌲Mico hill resort ကြားရှိ  #ကုန...
09/05/2024

🙏မင်္ဂလာပါခင်ဗျာ
🛣️မန္တလေး-လားရှိုးလမ်းမကြီးမှ စက္ကန့် ၃၀ ခန့်
🙏မဟာအံ့ထူးကံသာဘုရားကြီးနှင့်
🌲Mico hill resort ကြားရှိ
#ကုန်းဘောရွာမှ မြေကွက်အရောင်းပါခင်ဗျာ
💢ပေ ၆၀*၄၀ ပေ၊သိန်း ၇၅၀ ညှိနှိုင်း

👉တည်နေရာ
🌲ပြင်ဦးလွင်မြို့
#ကုန်းဘောရွာမြေ

💢မြေအကျယ်အနေ
✔️ပေ ၆၀* ၄၀ (ထောင့်ကွက်)

💢အုတ်တံတိုင်းပါပြီး
🔥မီးကြိုးမီးတိုင်အသင့်ရှိသောနေရာ
🛣️မြေကွက်ရှေ့ ကွန်ကရစ်လမ်း
💁ပတ်၀န်းကျင် အိမ်အလှလေးများရှိ

☎️ဆက်သွယ်ရန်
092024245

🌲 ပြင်ဦးလွင်၊ ရပ်ကွက်ကြီး (၁၁) ရေငယ် ၊ မန္တလေးလားရှိုးလမ်းမကြီးမှ ပေ ၂၀၀ ခန့်အကွာ ၊ ဘုရားကြီးအတက်လမ်း အနီး မူလရွာမြေစစ်စ...
08/05/2024

🌲 ပြင်ဦးလွင်၊ ရပ်ကွက်ကြီး (၁၁) ရေငယ် ၊ မန္တလေးလားရှိုးလမ်းမကြီးမှ ပေ ၂၀၀ ခန့်အကွာ ၊ ဘုရားကြီးအတက်လမ်း အနီး မူလရွာမြေစစ်စစ်လေး ၂ ကွက် ရောင်းပေးပါရစေရှင် …

🌲 ပေ ၄၀ x ၆၀ = ၂၃၀၀ သိန်း ( ညှိနှိုင်း)

🌲 အုတ်တံတိုင်း ၊ သံပန်းတံခါးတပ်ဆင်ပြီး

လမ်းသာပြီး ခိုင်မာတဲ့ နေရာကောင်းလေး ဖြစ်လို့ စိတ်ဝင်စားရင်

📲 092024245ကို ဆက်သွယ်ပြီး မေးမြန်းလို့ရပါတယ်ရှင် ..
#ရွာမြေ
#ပြင်ဦးလွင်အိမ်ခြံမြေ

🌲ပြင်ဦးလွင် ၊ မဟာအံ့ထူးကံသာဘုရားကြီးအနီး၊ရပ်ကွက်ကြီး (၁၁) ရေငယ် ၊ ခရေလမ်း ၃ ကွက်ငုတ်က နေရာကောင်းမြေကွက်လေးကို ရောင်းပေးပ...
07/05/2024

🌲ပြင်ဦးလွင် ၊ မဟာအံ့ထူးကံသာဘုရားကြီးအနီး၊ရပ်ကွက်ကြီး (၁၁) ရေငယ် ၊ ခရေလမ်း ၃ ကွက်ငုတ်က နေရာကောင်းမြေကွက်လေးကို ရောင်းပေးပါရစေရှင် ..

🌲တည်နေရာ
🔹ပြင်ဦးလွင်၊ ရပ်ကွက်ကြီး (၁၁) ရေငယ်၊ သဟဇာတ (၁) လမ်း

🌲ပေအကျယ်နှင့် စျေးနှုန်း
🔹ပေ ၄၀ x ၆၀ = ၁၄၅၀ သိန်း (ပိုင်ရှင်တိုက်ရိုက်ညှိနှိုင်းနိုင်)

➡️ စက်ရေတွင်းတူးပြီး

📲 092024245 ကိုဆက်သွယ်ပြီး အသေးစိတ် မေးမြန်းလို့ရပါတယ်ရှင် ..

မေမြို့ခေါ် ပြင်ဦးလွင် ဖြစ်ပေါ်လာပုံ*********************************မေမြို့၊ပြင်ဦးလွင်၊ ပန်းမြို့တော်၊ တောင်လှေကားမြို့...
27/04/2024

မေမြို့ခေါ် ပြင်ဦးလွင် ဖြစ်ပေါ်လာပုံ
*********************************

မေမြို့၊ပြင်ဦးလွင်၊ ပန်းမြို့တော်၊ တောင်လှေကားမြို့ဟူသောအမည်နာမများစွာ ပိုင်ဆိုင်သည့်မြို့ကလေးသည် မြန်မာနိုင်ငံသားတော်တော်များများရောက်ဖူး ကြသလို ကမ္ဘာလှည့်ခရီးသည်များနှစ်သက်သောမြို့လည်း ဖြစ်သည်။ ပြင်ဦးလွင်ကလူစိတ်ဝင်စား ရသည်ကို ညွှန်းရမည်ဆိုလျှင်ပြင်ဦးလွင် ပိုင်ဆိုင်သောဂုဏ်ပုဒ်များစွာရှိနေပါသည်။ မေမြို့ပန်းနှင့်ဂန္ဓမာထွက်သောမြို့၊ ဆွယ်တာမြို့၊စံဂျူးမလိုင်မြို့၊ ဟင်းသီးဟင်းရွက်မြို့၊ကော်ဖီနှင့်ယိုမျိုးစုံထွက်သောမြို့၊ ဗိုလ်လောင်းမြို့၊ ရထားလုံးရှိသောမြို့၊ အလှဆုံးပန်းခြံရှိသောမြို့၊ဘော်ဒါကျောင်း၊ နွေရာသီတွင်လူတိုင်းတောင့်တ သောတောင်စခန်းမြို့၊ မြန်မာနိုင်ငံ၏ Hollywood မြို့စသည်တို့ဖြစ်သည်။

ပြင်ဦးလွင်မည်သို့ဖြစ်ပေါ်လာပါသနည်း။
1850 ခုနှစ်တွင်မြန်မာနန်းတွင်းအရာရှိတို့ သည် ပြင်စာရွာနှင့်ပြင်ကြီးကျေးရွာ အကြား ရှမ်းရွာလေးတစ်ရွာကိုရောက်ရှိခဲ့စဉ် ထိုရွာကိုပြင်ဦးဟုခေါ်ခဲ့သည်။ ကုန်းမြင့်လွင်ပြင်ထက်တွင်တည်ရှိသောကြောင့် ပြင်ဦးလွင်ဟု မှည့်လိုက်သည်။ အင်္ဂလိပ်တို့ မြန်မာတစ်နိုင်ငံလုံးကိုသိမ်းပိုက် ပြီးနောက် 1887 ခုနှစ် တွင်အမှတ် (5) ဘင်္ဂလားခြေလျင်တပ်ရင်းမှ ဗိုလ်မှူးကြီး H.O May သည်ပြင်ဦးလွင်ရွာတွင် စစ်အခြေစိုက်တပ် ထိုင်ရသည်။ ပြင်ဦးလွင်၏ ရေမြေတောတောင်သဘာဝ၊ ပင်လယ်ရေအမြင့်၊ ရာသီဥတုတို့သည် အင်္ဂလန်နှင့် အနည်းငယ်ဆင်တူသည်ဟု သတိထားမိလာပြီး မန္တလေး နှင့် ရန်ကုန်နွေအပူဒဏ်များရှောင်ရှားနိုင်ပြီး ထိုရွာကိုအိန္ဒိယရှိ Darjeeling နှင့် Simla ကဲ့သို့တောင်စခန်းမြို့တည်ရန် အကြံပြုသည်။ ဝန်ရွှင်တော်မင်းကြီး Mr. Smeaton ICS (Indian Civilian Service)မှ အင်္ဂလိပ်မြို့ ပုံပေါက်မြို့ငယ်တစ်မြို့တည်ဆောက်ရန် ဆုံးဖြတ်လိုက် သည်။

1896 တွင်ဗိုလ်မှူးကြီး May သည်မြို့နာမည် ပေးပွဲအတွက် ရွာလူကြီးမိဘများကို အစည်းဝေးဖိတ်ခဲ့ သည်။ ရွာသူကြီးဦးစံက ဗိုလ်မှူးကြီး May ထူထောင် သူဖြစ်သဖြင့် မေမြို့ဟုခေါ်ဆိုရန်အကြံပြုခဲ့ရာမှ မေမြို့ဟုအမည်တွင်သွားခဲ့သည်။ ထိုအချိန်၌ရွာတွင် အိမ်ခြေ-(23)အိမ်သာရှိခဲ့သည်။


အင်္ဂလိပ်တို့သည် 1896မှ 1900 ပြည့်နှစ်များအတွင်း မြို့အကွက်ရိုက်ခြင်း၊ လမ်းဖောက်ခြင်း၊ အဆောက်အဦးဆောက်ခြင်း များဆောင်ရွက်ခဲ့သည်။ အင်္ဂလိပ်မြို့ပုံစံငယ်တွင် အဓိကအားဖြင့် ဘုရင်ခံအိမ်၊ ဘူတာ၊ ရုံးများ၊ စာတိုက်၊ဘဏ်၊ပန်းခြံ၊ ဂေါက်ကွင်း၊ မြင်းစီးကွင်း ၊ အစရှိသည် တို့ကို ဆောက်လုပ်သည်။ အိမ်တော်ကြီးများ ကို မြေ 2-3-4 ဧကများပေါ်တွင် Tudor Style, Edwardian Style, Geogian Style တို့ဖြင့် ဆောက်လုပ်ကာ မြင်းခင်းပြင်များနှင့် အိမ်ရှေ့တွင်ပန်းမျိုးစုံ စိုက်ပျိုး၍အလှဆင် ကြသည်။ လမ်းများဖောက်လုပ်ပြီးချိန်လမ်းဘေးဝဲယာ ဝက်သစ်ချ ၊ ချယ်ရီ ၊ထင်းရှူးပင်နှင့် ငှက်ဖျားကာကွယ်သည်ဟူသော ယူကလစ်ပင်တို့ကို စိုက်ပျိုးကြသည်။ ယခုစျေးကြီးလမ်း ကို Hospital Approach Road၊ ဗိုလ်ချုပ်လမ်းကို Bund Road ၊ ချယ်ရီလမ်းကို Massionary Road စသဖြင့် မှည့်ခေါ်ကြသည်။

မြိုတွင်းသယ်ယူ ပို့ဆောင်ရေးအတွက် လန်ချားနှင့်မြင်းလှည်းများထားရှိသည်။ ရန်ကုန်မှလန်ချားများလာဆွဲရာတွင် အတက်အဆင်းများပြီးပင်ပန်းကြသဖြင့် ရန်ကုန်သို့ပြန်ပြေးကြသည်။ မြင်းလှည်းကို ဟိန္ဒူ ၊ မွတ်ဆလင်များက အဓိကမောင်းနှင်ကြသည်။ မြင်းလှည်း (2) မျိုးရှိသည်။ ရထားလုံးနှင့် ဒေါက် Cart (ယခုကန်တော်ကြီးအသွားလမ်း ပေါ်ရှိ Woodland Cafe နှင့် Hotel Pyin Oo Lwin ရှေ့ရပ်ထားသော) အမိုးပွင့်လှည်းတို့ဖြစ်သည်။ ဒေါက်ကတ်သည် မျက်နှာဖြူ အရာရှိများသာစီးခွင့်ရှိပြီး ရထားလုံးကို လူတိုင်းစီးခွင့် ပြုသည်။ လွတ်လပ်ရေးရပြီး အင်္ဂလိပ်များပြန်ကုန် သဖြင့် နဂိုသတ်မှတ်ချက်ကြောင့် စီးမည့်သူမရှိသဖြင့် ဒေါက်ကတ်မှာ ပျောက်ကွယ်သွား လေသည်။

ဘုရင်ခံအိမ်ကို 1900 ပြည့်တွင်ဆောက်လုပ် ပြီးစီးပြီးဂေါက်ကွင်းငယ် အပြင်1902တွင် အိမ်ပတ်ဝန်းကျင် ပန်းစိုက်ပျိုးရန် အိန္ဒိယမှပန်းပညာရှင် Mr. Surup ကိုတာဝန်ပေးသည်။ Surup သည်နိုင်ငံခြားမှ ပန်းမျိုးစိတ် (300)ကျော်ကို ယူလာပြီး မေမြို့တွင်စိုက်ပျိုး ရာမှ ပန်းမြို့တော်ကိုအစပျိုးခဲ့သူ ဖြစ်သည်။ ဧပြီ (1)ရက် 1900 ပြည့်နှစ်တွင် မန္တလေး-ကွမ်းလုံ မီးရထားလမ်း ဖွင့်ပွဲပြုလုပ်ခဲ့ပြီး ယခင်လားဝန်တင်လမ်းကို ကတ္တရာလမ်းဖောက်လိုက်သည်။ ရှမ်းပြည်ထွက်ကုန်နှင့် မန္တလေးမှ ရေထွက်ပစ္စည်းများရောင်းဝယ်ဖောက်ကား လာပြီး ကုန်စည်စီးဆင်းမှုမြန်လာကာ ၅ ရက်တစ်စျေးမှာ ပိုမိုစီကားလာခဲ့သည်။

တရုတ်၊ ကုလား၊ ဗမာတို့သည်ယခုမြို့လည် နေရာတွင်အခြေချပြီး ဘုန်းကြီးကျောင်း ၊ဟိန္ဒူကျောင်း၊ ဗလီ၊ ဘုံကျောင်းများဆောက်လုပ်ကြသည်။ နိုင်ငံခြားသာသနာပြုနှင့်နိုင်ငံခြားကျောင်းများ ပေါ်ပေါက်လာပြီး အင်္ဂလိပ်တို့က ထိုကျောင်းများတွင် ပညာသင်ကြသည်။ Goverment Anglo-Vernacular High School, Anglo-Tamil School, St.Albert's Missionary School, St.Joseph Convent School, American Baptist Girl School များပေါ်ထွက်လာခဲ့သည်။

ဒေသ၏အဓိကထွက်ကုန်များမှာ ပန်း၊ဟင်းသီးဟင်းရွက်၊ ဝိုင်၊ ဆွယ်တာ၊နို့နှင့်နို့ထွက်ပစ္စည်း၊ ကုလားမုန့်အချို ၊ယို တို့ဖြစ်သည်။ အင်္ဂလိပ်တို့က ကိတ်နှင့်စက်ပစ္စည်းရောင်း သည်။ တရုတ်က စားသောက်ဆိုင်၊ အရက်ဆိုင်၊ အပေါင်ဆိုင်များဖွင့်လှစ်သည်။

(1904) တွင် အိန္ဒိယစစ်ဦးစီးချုပ် လော့ဒ်ကလစ်ခ်ျ ကမန္တလေးရှိ အင်္ဂလိပ်တပ်၊ ကုလားတပ်များကို မေမြို့သို့ပြောင်းရွှေ့ သည်။စစ်တပ်ဦးရေသည်မြို့နေလူဦးရေနှင့် အတူတူဖြစ်လာရာ တပ်မြေနှင့် အရပ်မြေပြန်ခွဲသည်။ယနေ့ စစ်တက္ကသိုလ်အနီးရှိ ကချင်တပ်၊ ချင်းတပ်၊ ကုလားတပ်၊ ဂေါ်ရခါးတပ်တို့သည် ယခင်ကတည်းကရှိခဲ့သည်။ သစ်တစ်ပင်တောင်မှ ရေကန်ကြီးတစ်ခုဆောက်ကာ ရေပေးဝေရေးပြုလုပ်ခဲ့သည်။ အင်္ဂလိပ်တို့တည်ခဲ့သော ဂေါက်ကွင်းသည် (18)ကြွင်းနှင့် ဧက (500)ပေါ်တွင် တည်ခဲ့ပြီး ထိုခေတ်က ကမ္ဘာ့အဆင့်မှီ ဂေါက်ကွင်းတစ်ကွင်း ဖြစ်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ဖြစ် ခါနီးဘုရင်ခံ Sir Dorman Smith သည် Anglican Church တွင်သူ့သမီးမင်္ဂလာဆောင်ပွဲ ကျင်းပခဲ့သည်။ ထို့နောက် သူ့အိမ်တော်ရှေ့တွင် မန္တလေးမှပုဏ္ဏားများပင့်၍ မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာဘိသိက်သွန်းပေးခဲ့သည်။
အင်္ဂလိပ်တို့သည်အင်္ဂလန်တွင်မွေးဖွားသူကိုသာ အထက်တန်းလွှာဟု သတ်မှတ်သဖြင့် ကိုယ်ဝန်ဆောင် အင်္ဂလိပ်အမျိုးသမီးများမီးဖွားလိုလျှင် အင်္ဂလန်သို့ ပြန် ကြရသည်။နောင်မေမြို့တွင် ဆေးရုံဖွင့်လှစ်ပြီးနိုင်ငံခြား ဆရာဝန်နှင့် Nurse များထားရှိပေးသဖြင့် မေမြို့မှာမွေးလျှင် အထက်တန်းလွှာ တွင်းထည့်ပေးလိုက်သည်။

Botanical Garden ကိုဧက (240) ပေါ်တွင် Sir Alex Roger မှဆောက်လုပ်ပေးခဲ့သည် ပထမကမ္ဘာစစ်တွင် တူရကီစစ်သုံ့ပန်းများကို ခေါ်ယူ၍ ကန်တော်ကြီးကိုတူးဖော်ပေးခဲ့သည်။ ထိုအချိန်ဘုရာခံ ၏အမည်မှာ Sir Harcode Butler ဖြစ်သဖြင့် ထိုကန်ကို Butler Lake ဟုခေါ်သည်။ 1917မှစတင်တူးဖော်ရာ 1920တွင်ပြီးစီးကြောင်း ကန်ရေလွှဲပေါက်တွင် ကမ္ဗည်းကျောက်တိုင်ရေးထိုးထား သည်။ရုက္ခဗေဒနည်းစနစ်ဖြင့် အကွက်ချစိုက်ပျိုးခဲ့ပြီး 1924 တွင် ပြီးစီးခဲ့သည်။ London မြို့ရှိ Kew ပန်းခြံဆောက်ခဲ့သော Mr & Mrs Cuffe တို့မှဆောက် လုပ်ပေးခဲ့သည်။
မြို့လည်ခေါင်ရှိ Purcel Tower နာရီစဉ်ကိုကို နိုင်ငံခြားသားများ တကူးတကဓာတ်ပုံရိုက် နားထောင်လေ့ရှိသည်။ ထိုနာရီကို မန္တလေးမြို့ (26×83)ထောင့်ရှိ ကာတစ်ဆေးတိုက်မှ အာမေးနီးယန်းလူမျိုး Mr Purcel မှ 1936 တွင် George V ၏ငွေရတု နန်းတက်သောအထိန်းအမှတ်အဖြစ် လှူဒါန်းခဲ့သည်။ ထိုနာရီသည် အင်္ဂလန်နိုင်ငံ Gillette & Johnson Co. မှ အနည်းငယ်ထုတ်သောနာရီဖြစ်ပြီး Big Ben နာရီသံမျိုးဖြစ်သည်။ တစ်ပတ် ၂ ကြိမ်သံပတ်လှည့်ပေးရပြီး ဒုတိယကမ္ဘာစစ်အတွင်း ကလီစာများအခိုးခံရသည်ကို ဦးသိန်းနာရီဆိုင်မှ ပြန်လည်ပြုပြင်ပေးခဲ့သည်။ 15 Min တိုင်းတစ်ကြိမ် တီးခတ်သည်။ ပွဲကောက်ရေတံခွန်ကို အင်္ဂလိပ်တို့က Hampshire ဟုခေါ်ခဲ့သည်။

1950 တွင် BE တပ်ကထိုအနီးစခန်းချသဖြင့် BE Fall ဟုခေါ်ဆိုခဲ့သည်။ 1963 တွင်အိမ်ကြီးများကို ပြည်ပိုင် သိမ်းခဲ့ပြီး၊ မေမြို့မှပြင်ဦးလွင်သို့ 1990 ခန့်တွင်ပြောင်းလဲခေါ်ဝေါ်ကာ 2000 ခုနှစ်တွင် ရုက္ခဗေဒဥယျာဉ်ကို အမျိုးသားကန်တော်ကြီးဥယျာဉ်ဟု ပြောင်းလဲခေါ်ဝေါ် ပါကြောင်း တင်ပြလိုက်ပါသည်။

(source..သုခုမှအလင်းတန်းများ)

📌ပြင်ဦးလွင်📌ရကက(၁၀)📌ပဒေသာမြို့သစ်✅ပေ၄၀’၆၀🏠RC၁ထပ်✅အိမ်အပါအိမ်ကောင်း⬆️အိမ်အရှေ့ပေ၄၀ကွန်ကရစ်လမ်း⬆️Mb-1⬆️Single-1🌸(ဇ)ရပ်ကွက်...
20/03/2024

📌ပြင်ဦးလွင်
📌ရကက(၁၀)
📌ပဒေသာမြို့သစ်
✅ပေ၄၀’၆၀
🏠RC၁ထပ်
✅အိမ်အပါအိမ်ကောင်း
⬆️အိမ်အရှေ့ပေ၄၀ကွန်ကရစ်လမ်း
⬆️Mb-1
⬆️Single-1
🌸(ဇ)ရပ်ကွက်
🌿ဂရန်အမည်ပေါက်
🌿သက်တမ်းအသစ်
💶သိန်း(၅၅၀၀)
✅ပိုင်ရှင်တိုက်ရိုက်ညှိုနှိုင်းလို့ရပါမည်။
📞09-2024245

Country Side မှာ ဝင်လမ်းထွက်လမ်းကောင်း ရှုခင်းကောင်း ခြံကျယ်ကျယ်နဲ့ နေချင်သူများအတွက်***********************************...
16/03/2024

Country Side မှာ ဝင်လမ်းထွက်လမ်းကောင်း ရှုခင်းကောင်း ခြံကျယ်ကျယ်နဲ့ နေချင်သူများအတွက်
******************************************
မြေကွက်ကျယ်လိုချင်သူများ
စိုက်ပျိုးရေခြံပြုလုပ်လိုသူများ
အိမ်ကြီးကြီးဆောက်ပြီး ခြံကျယ်ကျယ်နေချင်သူများအတွက်
ပြင်ဦးလွင်မြို့
ရေသရောက်ကုန်း
လူနေအိမ်များကြား
မြေကွက်၀.၈၅ ဧကအကျယ်
ပုံစံ၇ပါပြီး
ပါဝါရ
၂၀၀၀သိန်း
Viewကလည်းအရမ်းလှတဲ့နေရာပါ
#အလင်္ကာ အိမ်ခြံမြေ
📞📞092024245

မင်္ဂလာပါရှင်ပြင်ဦးလွင် ရကက ၂၁ မိုးကြိုးပစ် ရွှေဥမင်မိုးညိုဘုန်းကြီး အနီးကအိမ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်🏠🏠🏠ပေအကျယ် ၄...
15/03/2024

မင်္ဂလာပါရှင်

ပြင်ဦးလွင် ရကက ၂၁ မိုးကြိုးပစ်
ရွှေဥမင်မိုးညိုဘုန်းကြီး အနီးကအိမ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်
🏠🏠🏠

ပေအကျယ် ၄၀*၃၀
ရေမီးအစုံ အိမ်အသစ်စစ်စစ်လေး...
ဈေး သိန်း ၁၅၅၀( ညှိနှိုင်း)

မြေအရှုပ်အရှင်းကင်း ပိုင်ဆိုင်မှုခိုင်မာစိတ်ချရပါသည်
(ပိုင်ရှင်တိုက်ရိုက်ပါ)

📞📞📞092024245

Address

Cherry Street
Maymyo

Telephone

+79296773184

Website

Alerts

Be the first to know and let us send you an email when အလင်္ကာအိမ်ခြံမြေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share