Grace Finance Ministry

Grace Finance Ministry ငွေကြေးအသိပညာနှင့် ကျမ်းစာနှင့်အညီ ငွေကြေးစီမံခန့်ခွဲခြင်းအကြောင်းအရာတို့ကို မျှဝေသင်ကြားပေးပါသည်။

16/07/2024
15/03/2024

ငွေဝင်လိုက်၊ သုံးလို့ကုန်လိုက်။
လမကုန်ခင် ငွေကုန်လိုက်။
သုံးမလောက်ဖြစ်လိုက်။

ဒါက လူတွေကို ကြွက်ပြေးလမ်း
ဝင်္ဂဘာမှာ သွားနေစေတဲ့အချက်ပဲ။

ကုမ္ပဏီကောင်းကောင်းမှာ
လစာကောင်းကောင်းရရင်တောင်
အသုံးစရိတ်တွေက တက်လာပြီး
သုံးမလောက် ဖြစ်တတ်သေးတယ်။

လူဆိုတဲ့သဘောက ဒီနေ့ငွေဝင်ရင်
တစ်သက်လုံး ဒီလိုဝင်နေမယ်ထင်တတ်ကြပြီး
အသုံးလွန်တတ်ကြတယ်။

အရေးကြီးတာ ငွေကြေးကြောင့်
ချုပ်နှောင်မှု မဖြစ်ဖို့
Lifestyle ကို တော်တော်ဂရုစိုက်ရတယ်။

တစ်ခါသုံးတဲ့ အရာတွေထက်
လစဥ်ကုန်တဲ့အရာတွေကို
တော်တော် ဂရုပြုရတယ်။
သူက တစ်သက်လုံး အကျင့်ပါသွားနိုင်တယ်။

Live below your means
ငွေဝင်တာရဲ့ ၁၀% နဲ့ နေနိုင်အောင်
လေ့ကျင့်လို့ တချို့
personal finance expert တွေကဆိုကြတယ်။

ဒီလိုဖြစ်ဖို့အတွက်က
လစာနည်းတဲ့အချိန် ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ဒီအတွက် ကိုယ့်ကို ငွေရှာပေးတဲ့
investment portfolio ကို
သေချာတည်ဆောက်ဖို့လိုတယ်။
ဒီလိုလုပ်ဖို့ ဝင်ငွေတစ်ခုတည်းနဲ့
ရပ်တည်လို့ မလွယ်ဘူး။
အန္တရာယ်ကြီးတယ်။

ဒါကြောင့် အလွတ်တန်းပညာရှင်ပဲဖြစ်ဖြစ်၊
ဒါမှမဟုတ် side hustle တစ်ခု
အားတဲ့အချိန် စမှရမှာ။

တခြားနိုင်ငံကြီးတွေဖြစ်တဲ့
US မှာတောင် tech ပိုင်းဆိုင်ရာ
အလုပ်တွေ ပြုတ်နေတဲ့အချိန်
တတိယနိုင်ငံတွေက ကျွန်တော်တို့လိုလူတွေဆို
ပိုပြီးတောင် သတိထားရတယ်။

ဘာရယ်တော့ မဟုတ်ဘူး။
စဥ်းစားမိတာလေး။

၁။ ကိုယ့်ကို ငွေပြန်ရှာပေးမည့်အရာတွေမှာ
ငွေသုံးဖို့ မနှမြောနဲ့။
၂။ ငွေကြေးကို သေချာစီမံခန့်ခွဲမှုလုပ်။
စားလို့မကုန် မှားလို့ကုန်တတ်တယ်။
၃။ ပွားဖို့ နည်းလမ်းရှာ။

Phyo Paing @ Derek

07/02/2024

ချမ်းသာသောသူသည် ဆင်းရဲသောသူကို အုပ်စိုးရ၏။
ချေးယူသောသူသည်လည်း ချေးပေးသောသူ၏ကျွန်ဖြစ်ရ၏။

26/01/2024

ဝင်ငွေ ထွက်ငွေ ၃ မျိုး

၁။ ဝင်ငွေနဲ့ ထွက်ငွေ ညီမျှခြင်း
၂။ ဝင်ငွေထက် ထွက်ငွေများခြင်း
၃။ ဝင်ငွေထက် ထွက်ငွေနည်းခြင်း

နံပါတ် ၃ ဖြစ်အောင် ငွေကြေးအသိပညာရှိဖို့လို

*ငွေ+ငွေ*------------ဝန်ထမ်းကငွေရှာပညာသင်တယ်၊လုပ်ငန်းရှင်ကငွေကိုခိုင်းစားတဲ့ပညာသင်တယ်။ဝန်ထမ်းကငွေစုတယ်၊လုပ်ငန်းရှင်ကရင်း...
23/01/2024

*ငွေ+ငွေ*
------------

ဝန်ထမ်းကငွေရှာပညာသင်တယ်၊

လုပ်ငန်းရှင်ကငွေကိုခိုင်းစားတဲ့ပညာသင်တယ်။

ဝန်ထမ်းကငွေစုတယ်၊

လုပ်ငန်းရှင်ကရင်းနှီးမြုပ်နှံတယ်။

ဝန်ထမ်းကဘဏ်ကိုငွေချေးပြီးအတိုးယူတယ်၊

လုပ်ငန်းရှင်ကဘဏ်ကအတိုးနဲ့ချေးပြီး

တိုးတက်ချမ်းသာဖို့ကြိုးစားတယ်။

ဝန်ထမ်းကလစာတိုးရဖို့ကြိုးစားတယ်၊

လုပ်ငန်းရှင်ကအမြတ်စွန်းပိုရဖို့ကြိုးစားတယ်။

သင်တကယ်ချမ်းသာချင်ရင်💰💵

၁။ပိုက်ဆံရှာတဲ့ပညာသင်ပါ

၂။ပိုက်ဆံကိုအုပ်ချုပ်တဲ့ပညာသင်ပါ

၃။ပိုက်ဆံရှာပေးမဲ့သူငှားပါ

ခင်ဗျားတို့ကျွန်တော်တို့ဆင်းရဲတာ

ပိုက်ဆံကိုစနစ်တကျမအုပ်ချုပ်နိုင်လို့ပဲ

17/01/2024

ဤအရာများက သင့်ကို ဆင်းရဲသထက် ပို၍ဆင်းရဲစေလိမ့်မည်...

1. Financial Literacy မရှိ၊ မတတ်ခြင်း
2. Money management မလုပ်တတ်ခြင်း
3. Money အပေါ် ဘုရား၏အကြံစည်မသိခြင်း
4. ဝင်ငွေထက် သုံးငွေများခြင်း
5. Delay Instant Gratification မလုပ်နိုင်ခြင်း
6. Parkinson's law ကို မချိုးဖျက်နိုင်ခြင်း
7. Impulse buying ကို မထိန်းချုပ်နိုင်ခြင်း
8. Income source တခုတည်းသာ မှီခိုနေခြင်း
9. Needs vs Wants မခွဲခြားတတ်ခြင်း
10. Skills development မရှိခြင်း
11. အလွယ်တကူ အကြွေးယူတတ်ခြင်း
‌12. မိမိရဲ့ငွေကို အလုပ်ရှာမပေးနိုင်ခြင်း
13. ဝင်ငွေထွက်ငွေစာရင်း မလုပ်၊ မစိစစ်ခြင်း
14. Savings စနစ်တကျမလုပ်ခြင်း

ခုချိန်က Big Sales, Promotion, Discount, Year End Clearance Sales အမျိုးမျိုးချတဲ့အချိန်ဆိုတော့ Financial Literacy မရှိတ...
28/12/2023

ခုချိန်က Big Sales, Promotion, Discount, Year End Clearance Sales အမျိုးမျိုးချတဲ့အချိန်ဆိုတော့ Financial Literacy မရှိတဲ့သူတွေ၊ Financial Management မလုပ်တဲ့သူတွေအတွက်တော့ တကယ့်ဖြားယောင်းသွေးဆောင်မှုပါဘဲ။
တကယ်လိုအပ်တဲ့အရာလား၊ ဒါမှမဟုတ် လိုချင်တဲ့အရာဘဲလား၊ ခွဲခြားတတ်ဖို့လိုပါတယ်။
ဈေးဘယ် ‌လောက်ဘဲချချ၊ discount ဘယ်လောက်ဘဲပေးပေး၊ ကိုယ်တကယ်လိုအပ်တဲ့အရာမဟုတ်ရင် မဝယ်သင့်ပါ။ ငွေဆိုတာ ကိုယ့်အိတ်ကပ်ထဲက ထွက်သွားရင် ကိုယ့်ငွေမဟုတ်တော့၊ သူများငွေဖြစ်သွားပြီ။
"မလိုအပ်တဲ့အရာတွေ လျှောက်လျှောက်ဝယ်ရင် နောက်မှာ တကယ်လိုအပ်တဲ့အရာတွေ ထုတ်ရောင်းရလိမ့်မယ်။" ဝါရင်ဘတ်ဖစ်
"အသုံးအစွဲအသေးအဖွဲလေးတွေကို ဂရုစိုက်ပါ။ သင်္ဘောကြီးကိုတောင် ရေယိုပေါက်သေးသေးလေးက နစ်မြုပ်စေနိုင်တယ်။" ဘင်ဂျမင်ခရင်ကလင်

ဒီနာရီကို လိုချင်တယ်။ Discount လည်း 73% ထိတောင် အများကြီးချထားတယ်။ ၂ သိန်းကျော်တန်ကို ၆ သောင်းဝန်းကျင်နဲ့ဝယ်လို့ရမယ်။ ဒါပေမယ့် ကိုယ့်မှာနာရီကောင်းတစ်လုံးရှိထားပြီဖြစ်လို့ ဒီနာရီက ကိုယ်လိုအပ်တဲ့အရာမဟုတ်ဘဲ၊ လိုချင်တဲ့အရာဘဲဖြစ်နေပါတယ်။ အဲတော့ ဈေးဘယ်လောက်ဘဲချချ ဝယ်စရာမလိုဘူး။

True!
27/11/2023

True!

22/10/2023

ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိဿဟာယဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။
(ယောဘဝတ္ထု၊ ၂၂:၂၁)

တခုတည်းသော အရေးကြီးဆုံး ရင်းနှီးမြှုပ်နှံခြင်း - မိမိကိုယ်ကို၌ ရင်းနှီးမြှုပ်နှံခြင်း(The single most important investme...
20/09/2023

တခုတည်းသော အရေးကြီးဆုံး ရင်းနှီးမြှုပ်နှံခြင်း - မိမိကိုယ်ကို၌ ရင်းနှီးမြှုပ်နှံခြင်း
(The single most important investment - investing in yourself)

၁။ ကျွန်တော်တို့၏ဦးနှောက်ဟာ အကြီးမားဆုံးသော Asset ဖြစ်ပါတယ်။ Money making machine လည်းဖြစ်ပါတယ်။ မိမိ၏ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သင်ယူလေ့လာရမယ်။ New skills တွေရနိုင်အောင် သင်ယူရမယ်။ Skills နောက်ကို ငွေက လိုက်လာတယ်။
၂။ မိမိ၏စီးပွါးလုပ်ငန်းတိုးတက်‌အောင်မြင်ဖို့အတွက် လိုအပ်တဲ့ အချက်အလက်နဲ့အသိပညာများ ရယူနိုင်ရန် သင်ယူ‌ လေ့လာရမယ်။
၃။ မိမိဘဝတိုးတက်အောင်မြင်ရေးအတွက် အရေးကြီးတဲ့အချက်အလက်တွေမှာ up to date ဖြစ်နိုင်ဖို့ လေ့လာသင်ယူရမယ်။
၄။ ငွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး ‌မိမိဆီမှာ ငွေမြဲနိုင်ဖို့ ငွေကြေးအသိပညာ Financial Education ကို လေ့လာသင်ယူရမယ်။ ငွေနဲ့ကင်းတဲ့သူ၊ ငွေမလိုတဲ့သူ တယောက်မျှမရှိပါ။

ငွေ….. ငွေ….. ငွေ….. 👉ငွေရဖို့  နေပူ မိုးရွာမရှောင် ပင်ပန်းကြီးစွာ အလုပ်လုပ်ကြတယ်…👉ငွေကြောင့် ပူပန်ကြောင့်ကြမှု၊ သောကဖိစ...
15/09/2023

ငွေ….. ငွေ….. ငွေ…..

👉ငွေရဖို့ နေပူ မိုးရွာမရှောင် ပင်ပန်းကြီးစွာ အလုပ်လုပ်ကြတယ်…
👉ငွေကြောင့် ပူပန်ကြောင့်ကြမှု၊ သောကဖိစီးမှု ခံရကြတယ်…
👉ငွေကြောင့် ပြဿနာတက်၊ ရန်ပွဲတွေ ဖြစ်ကြတယ်…
👉ငွေကြောင့် အပေါင်းအသင်း မိတ်ဆွေတွေ ကွဲကွာပြီး ဆက်ဆံရေးတွေ ပျက်စီးရတယ်…
👉ငွေကြောင့် လင်မယားတွေ ကွဲကွာပြီး မိသားစုဘဝတွေ ပျက်ဿုန်းခဲ့ရတယ်…
👉ငွေကြောင့် လူသတ်မှု၊ သေဆုံးမှုတွေ ဖြစ်ကြတယ်…

✅ပညာရှိစကားပုံ၊ “ငွေမရှိသည်အတွက် ညည်းတွားတတ်ကြပေမယ့်၊ အသိပညာမရှိသည်အတွက်မူ ညည်းတွားသောသူမရှိချေ။”
✅ငွေကြေးအသိပညာမရှိသောသူတို့က ငွေသာ အရာရာ၊ ငွေသာ အရှင်သခင်၊ ငွေသာ ကိုးကွယ်ရာလို့ ထင်မှားပြီး ငွေရဖို့အတွက်ဆို ဘာမဆိုလုပ်ဖို့ ဝန်မလေးတတ်ကြဘူး…
✅ငွေကြေးအသိပညာရှိသောသူတွေကတော့ ငွေကို မိမိတို့၏အစေခံကောင်းသဖွယ် ဆက်ဆံပြီး လိမ္မာစွာ… အကျိုးရှိရှိ အသုံးပြုတတ်ကြတယ်…

✅“လူမိုက်နှင့် ငွေအတူ မနေ” ဆိုတဲ့စကားပုံအတိုင်း၊ ငွေကြေးအသိပညာမရှိတဲ့သူတွေဆီမှာ ငွေက မမြဲတတ်ဘူး… ငွေကြေးအသိပညာရှိတဲ့ လူလိမ္မာပညာရှိများဆီမှာတော့ ငွေဟာ မြဲစွာ ရှိနေတတ်တယ်…

✅ငွေဆိုတာကလည်း မရှိလို့မဖြစ်တဲ့အရာပါဘဲ… လိုအပ်သမျှအရာအားလုံးနီးပါးကို ငွေနဲ့ဘဲ ဖလှယ်ပြီး ဝယ်ရတာကိုး…

✅ဒါကြောင့် ငွေရှိနေမှ… မိမိဆီမှာ ငွေမြဲနေမှ အဆင်ပြေမယ်… ဆိုတော့ ငွေရှိနိုင်ဖို့ … မိမိဆီမှာ ငွေမြဲနိုင်ဖို့ဆိုရင် ငွေနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးရှိမှ ရမယ်… ငွေနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနိုင်ဖို့က ငွေကြေးအသိပညာရှိမှဖြစ်မယ်…

✅ဒီလို လူတိုင်းမှာ ရှိသင့်ရှိထိုက်တဲ့ ငွေကြေးအသိပညာတွေ မျှဝေဖို့နှင့် ငွေနှင့် ကောင်းမွန်ဆက်ဆံရေးရှိစေဖို့ နောက်လ ၁၃ ရက် (အောက်တိုဘာလ ၁၃ ရက်) နေ့မှာ
Personal Finance သင်တန်းဖွင့်သွားမှာ ဖြစ်ပါတယ်…

✅ငွေကြေးအသိပညာရှိခြင်းက ငွေနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးသာမက၊ ဝင်ငွေပိုရှာနိုင်မှုကိုလည်း ရရှိစေမယ်… ဒီလိုနဲ့ ငွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိမယ်… ဝင်ငွေလည်း ပိုရှာနိုင်မယ်ဆိုရင်… အနာဂတ်ကတော့ ဆူးခင်းလမ်းမဟုတ်တော့ဘဲ… ပန်းခင်းလမ်းဖြစ်လာတော့မယ်…

✅နောက်ဆုံးမှာတော့ ဒါတွေအားလုံးဟာ မိမိရဲ့ရွေးချယ်မှုအပေါ်မှာ မူတည်နေပြန်တယ်… ငွေကြေးအသိပညာရှိလာအောင် ရွေးချယ်ပြီး သင်ယူလေ့လာမလား… ဒါမှမဟုတ် အရင်လိုဘဲ ဒုန်းရင်း ဒုန်းရင်းနဲ့ ပြန်ကမလား… မိမိရဲ့ရွေးချယ်မှုသာ အဓိကပါ (ကံ မဟုတ်ဘူးနော်…)

✅သင်တန်းနဲ့ပတ်သက်တဲ့ အသေးစိတ်ကြည့်ရန်👇👇👇
https://fb.watch/n46AwdGF2_/?mibextid=Nif5oz

✅ဆက်သွယ်စုံစမ်းလိုပါက
📩Chat box (သို့မဟုတ်) ☎️09 778893038

Address

Maymyo

Website

Alerts

Be the first to know and let us send you an email when Grace Finance Ministry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category