11/05/2024
ဗဟုသုတဖြစ်စေရန်
ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်
Grade 10,11,12 စသည် အတန်း သုံးတန်းစလုံးမှာ
အဆင့်သတ်မှတ်ချက် Grade A ရရှိလျှင် ကိုယ်ကြိုက်နှစ်သက်ရာတက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။
အဆင့်သတ်မှတ်ချက် Grade B နှင့် Cရရှိတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာ ရွေးချယ်ရမှာဖြစ်ပါတယ်။
# Grade 10 (ဒသမတန်း)
-ကျောင်းတွင်းစစ်စာမေးပွဲ
# Grade 11 (ဧကဒသမတန်း)
-ကျောင်းတွင်းစစ်စာမေးပွဲ
# Grade 12 (ဒွာဒသမတန်း)
-ကျောင်းတွင်းစစ်စာမေးပွဲ
-နိုင်ငံတော်အစိုးရစစ်စာမေးပွဲ
စာမေးပွဲ နှစ်ခု ရှိပါသည်။
Grade 12 (ဒွာဒသမတန်း)တွင် ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါကအခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ် (High School completion certificate) ရရှိမည်ဖြစ်သည်။
ထိုလက်မှတ်ဖြင့်
-ကောလိပ်များ
-Instituteများ
-ပညာရေးကောလိပ်
-GTI အစရှိသည့်တို့တွင်
ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။
သို့သော် နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲကိုဖြေဆိုအောင်မြင်မှသာလျင် တက္ကသိုလ် များတွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
Grade 12 (ဒွာဒသမတန်း) နိုင်ငံတော်အစိုးရစစ်စာမေးပွဲသည် Grade အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်သည်။
ထိုရလဒ် Grade အနေအထားအပေါ်မူတည်ပြီး တက္ကသိုလ်များ ကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
ထိုစာမေးပွဲတွင်
A ရရှိသောကျောင်းသား/သူများသည် ကြိုက်နှစ်သက်ရာတက္ကသိုလ်များကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သည်။
B နှင့် C အစရှိသဖြင့် ရရှိသောကျောင်းသား/သူများသည်ထိုGrade များကိုလက်ခံဖြေဆိုခွင့်ပြုသောတက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။
များသည်လည်း ဘာသာရပ်တိုင်းအတွင်ကောင်းရန်မလိုပါ။
# သို့သော် မိမိ အဓိက ရွေးချယ်မည့်တက္ကသိုလ်တစ်ခုကိုတော့ G10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။
@ ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင်
-English
-Physics
-Chemistry
-Biology စသည့်ဘာသာ လေးဘာသာ၏ Grade ကိုသာကြည့်၍ ဝင်ခွင့်ဖြေဆိုခွင့်ပြု/မပြု ဆုံးဖြတ်မည်ဖြစ်သည်။
@ Engineering နှင့် IT တက္ကသိုလ်များအတွက်ဆိုလျှင်
-English
-Math
-Physics
-Chemistry စသည့်ဘာသာ လေးဘာသာ၏ Grade များကိုသာ ကြည့်၍ ဝင်ခွင့်ဖြေဆိုခွင့်ပြု/မပြု ဆုံးဖြတ်မည်ဖြစ်သည်။
# ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့ မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်များကို ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။
12 (ဒွာဒသမတန်း)မှာ Gradeကောင်းဖို့လိုသလို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေရာမှာလည်းအဆင်ပြေ အောင်မြင်စေဖို့ Grade 10,11,12 သုံးနှစ်စာသင်ခန်းစာတွေကိုလည်း
ကျွမ်းကျင်ပိုင်နိုင်ခဲ့ဖို့လိုပါတယ်။
ကောင်းရုံနဲ့လည်း တက္ကသိုလ်တက်ခွင့်ရရှိမည်မဟုတ်ပါ။
# ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရဦးမှာဖြစ်ပါတယ်
# ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။
မှတ်ချက်
တတ်မြောက်အောင်သင်ခြင်းသည်
သင့်ကလေးငယ်၏ ဘဝ ဖြစ်သည်
Crd MGHL