AIA Life Insurance Consultant _Thi Thi Mon

AIA Life Insurance Consultant _Thi Thi Mon Positive Thinking always help to you to get success in life �

ဆိုးရွားလှတဲ့ ကင်ဆာရောဂါတွေအတွက် AIA ရဲ့Cancer care product နဲ့ ကြိုတင်အကွာအကွယ်စီမံထားလို့ ရနေပါပြီရှင့်။
10/11/2024

ဆိုးရွားလှတဲ့ ကင်ဆာရောဂါတွေအတွက် AIA ရဲ့Cancer care product နဲ့ ကြိုတင်အကွာအကွယ်စီမံထားလို့ ရနေပါပြီရှင့်။

ရင်သားကင်ဆာက ရင်သားဆဲလ်များမှာ ဖြစ်ပေါ်တဲ့ကင်ဆာပါ။

အရေပြားကင်ဆာပြီးနောက်၊ ရင်သားကင်ဆာက အမျိုးသမီးများမှာ အဖြစ်အများဆုံးကင်ဆာဖြစ်ပါတယ်။ ရင်သားကင်ဆာဟာ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပွားနိုင်ပေမယ့် အမျိုးသမီးတွေမှာတော့ ပိုအဖြစ်များပါတယ်။

ရင်သားကင်ဆာက အချို့ရင်သားဆဲလ်များ ပုံမှန်မဟုတ်ဘဲ ကြီးထွားလာသောအခါမှာ ရင်သားကင်ဆာဖြစ်တတ်ပါတယ်။ ကင်ဆာဆဲလ်များက ကျန်းမာတဲ့ဆဲလ်များပြုလုပ်သည်ထက် ပိုမိုလျင်မြန်စွာ ခွဲဝေပြီး ဆက်လက်စုပုံကာ အကျိတ်တစ်ခု သို့မဟုတ် အစုလိုက်အပြုံလိုက် ဖြစ်ပေါ်လာပါတယ်။ ဆဲလ်များသည် ရင်သားမှတဆင့် lymph node (ဆဲလ်အစုအဝေး) သို့မဟုတ် ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်ပါတယ်။

ရင်သားကင်ဆာ အများစုက နို့ထွက်သည့်ပြွန်အတွင်း ဆဲလ်များ (invasive ductal carcinoma) ၊ lobules (invasive lobular carcinoma) ဟုခေါ်သော ဂလင်းတစ်ရှူးများ စတဲ့နေရာမှာလည်း စတင်နိုင်ပြီး ရင်သားအတွင်းရှိ အခြားဆဲလ်များ သို့မဟုတ် တစ်ရှူးများလည်း စတင်နိုင်ပါတယ်။

ရင်သားကင်ဆာဖြစ်နိုင်ခြေ ဆက်စပ်နေသော အကြောင်းရင်းများမှာ-

✅အမျိုးသမီးဖြစ်ခြင်း = အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ရင်သားကင်ဆာဖြစ်နိုင်ချေ ပိုများပါတယ်။

✅ရင်သားအခြေအနေ = ရင်သားအသားစစစ်ဆေးခြင်း (LCIS) သို့မဟုတ် ရင်သားမှာ ပုံမှန်မဟုတ်သော hyperplasia ကိုတွေ့ရှိပါက ရင်သားကင်ဆာဖြစ်နိုင်ခြေများပါတယ်။ ရင်သားတစ်ဖက်မှာ ရင်သားကင်ဆာဖြစ်ဖူးရင် တခြားရင်သားမှာ ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။

✅ရင်သားကင်ဆာ မိသားစုမျိုးရိုး = မိခင်၊ ညီမ သို့မဟုတ် သမီးငယ်များ အထူးသဖြင့် ငယ်ရွယ်စဉ်မှာ ရင်သားကင်ဆာရှိကြောင်း စစ်ဆေးတွေ့ရှိပါက မိမိမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေ တိုးလာပါတယ်။

✅ဓါတ်ရောင်ခြည်ထိတွေ့မှု = ကလေး သို့မဟုတ် ငယ်ရွယ်တဲ့အရွယ်မှာရင်ဘတ်ကို ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူပါက ရင်သားကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။

✅အဝလွန်ခြင်း= အဝလွန်ခြင်းက ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားပါတယ်။

✅ငယ်ငယ်ရွယ်ရွယ်နဲ့ ရာသီလာချိန်ခြင်း = အသက် 12 နှစ်မတိုင်ခင် ရာသီလာချိန်က ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

✅အသက်ကြီးလာတဲ့အခါမှာ သွေးဆုံးခြင်းစတင်သည်=

အသက်ကြီးလာတဲ့အခါ သွေးဆုံးချိန်ကစပြီး ရင်သားကင်ဆာဖြစ်နိုင်ချေ ပိုများပါတယ်။

✅ကိုယ်ဝန်မဆောင်ဖူးခြင်း = ကိုယ်ဝန်မဆောင်ဖူးသော အမျိုးသမီးများက ရင်သားကင်ဆာဖြစ်နိုင်ချေများပါတယ်။

✅သွေးဆုံးပြီးနောက် ဟော်မုန်းကုထုံး=သွေးဆုံးခြင်းရဲ့ လက္ခဏာများနဲ့ ရောဂါလက္ခဏာများကို ကုသရန် အီစထရိုဂျင်နှင့် ပရိုဂျက်စတီရုန်း ပေါင်းစပ်ထားတဲ့ ဟော်မုန်းကုထုံးများ သောက်သုံးတဲ့ အမျိုးသမီးများက ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေ ဒီဆေးတွေ သောက်သုံးတာကို ရပ်လိုက်တဲ့အခါ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျသွားပါတယ်။

✅အရက်သောက်ခြင်း= အရက်သောက်ခြင်းက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

ရင်သားကင်ဆာရောဂါလက္ခဏာတွေက ဘာတွေလဲ?

✅ရင်သား သို့မဟုတ် ဂျိုင်းမှာ အကျိတ်များထွက်လာခြင်း
✅ရင်သားတစ်စိတ်တစ်ပိုင်း ထူလာခြင်း သို့မဟုတ် ရောင်ရမ်းခြင်း
✅ရင်သားအရေပြား ယားယံခြင်း သို့မဟုတ် ပိန်သွားခြင်း
✅နို့သီးခေါင်း ဧရိယာ သို့မဟုတ် ရင်သားတွင် နီရဲခြင်း
✅နို့သီးခေါင်း အထဲဝင်ခြင်း သို့မဟုတ် နို့သီးခေါင်းဧရိယာမှာ နာကျင်ခြင်း
✅နို့သီးခေါင်းများ အရည်ထွက်ခြင်း
✅ရင်သား အရွယ်အစား သို့မဟုတ် ပုံသဏ္ဍာန်ပြောင်းလဲမှု တစ်ခုခု
✅ရင်သားရဲ့ မည်သည့်နေရာတွင်မဆို နာကျင်ခြင်းတွေဖြစ်ပါတယ်။

ရင်သားကင်ဆာကိုဘယ်လိုရှာဖွေနိုင်သလဲ ?

✅ရင်သားအလုံးကို စစ်ဆေးခြင်း
✅ရင်သား နဲ့ lymph node နှစ်ခုလုံးကို စစ်ဆေးမည်ဖြစ်ပြီး အလုံးအခဲများ သို့မဟုတ် အခြားတဲ့ မူမမှန်မှုများ ရှိမရှိကို စစ်ဆေးမည်ဖြစ်ပါတယ်။
✅ရင်သား အာထရာဆောင်း

✅Mammogram

Mammogram သည် ရင်သားဓာတ်မှန်ရိုက်ခြင်း ဖြစ်ပါတယ်။

✅(biopsy) အတွက် ရင်သားဆဲလ်နမူနာကို ဖယ်ရှားခြင်း

အသားစစစ်ဆေးခြင်းက ရင်သားကင်ဆာကို ရှာဖွေဖော်ထုတ်ရန် တစ်ခုတည်းသော တိကျသောနည်းလမ်းဖြစ်ပါတယ်။

✅(MRI) ရင်သားသံလိုက်ပဲ့တင်ရိုက်ခတ်မှုပုံရိပ်

MRI စက်သည် ရင်သားအတွင်းပိုင်းပုံများကို ဖန်တီးရန်အတွက် သံလိုက်နှင့် ရေဒီယိုလှိုင်းများကို အသုံးပြုထားပါတယ်။

ရင်သားကင်ဆာကိုဘယ်လို ကုသလို့ရသလဲ ?

ရင်သားကင်ဆာက ပျောက်နိုင်ချေများတဲ့ ကင်ဆာဖြစ်ပါတယ်။

✅ကင်ဆာအလုံးကို ဖယ်ရှားခြင်း (lumpectomy)

သေးငယ်တဲ့အကျိတ်များကို ဖယ်ရှားရန်အတွက် lumpectomy ကို အကြံပြုနိုင်ပါတယ်။ အကျိတ်ပိုကြီးတဲ့ လူအချို့က အကျိတ်ကို ကျုံ့သွားစေရန် ခွဲစိတ်မှုမပြုလုပ်မီ ဓာတုကုထုံးကို ခံယူပြီး lumpectomy လုပ်ထုံးလုပ်နည်းဖြင့် လုံးလုံးဖယ်ရှားပစ်ပါတယ်။

✅ရင်သားတစ်ခုလုံးကို ဖယ်ရှားခြင်း (mastectomy)

Mastectomy သည် ရင်သားတစ်ရှူးအားလုံးကို ဖယ်ရှားရန် ခွဲစိတ်မှုတစ်ခုဖြစ်ပါတယ်။ နို့သီးခေါင်းနဲ့ Ar**la (စုစုပေါင်း သို့မဟုတ် ရိုးရှင်းသော သားအိမ်ခေါင်းခွဲစိတ်မှု) အပါအဝင် နို့သီးခေါင်းများ၊ ပြွန်များ၊ အဆီတစ်ရှူးများနှင့် အရေပြားအချို့ကို ဖယ်ရှားလိုက်ပါတယ်။

✅lymph node များစွာကို ဖယ်ရှားခြင်း (axillary lymph node dissection)

ကင်ဆာက lymph node များကို ပျံ့နှံ့သွားခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန်၊ အကျိတ်မှ lymph node များကို ပထမဦးဆုံး လက်ခံရရှိသည့် lymph node များကို ဖယ်ရှားခြင်းရဲ့ အခန်းကဏ္ဍကို ခွဲစိတ်ဆရာဝန်မှ ဆွေးနွေးမည်ဖြစ်ပါတယ်။
အဆိုပါ lymph node များမှာ ကင်ဆာမတွေ့ရှိပါက ကျန်ရှိတဲ့ lymph node များမှာ ကင်ဆာတွေ့ရှိနိုင်ခြေမှာ သေးငယ်ပြီး အခြား node များကို ဖယ်ရှားရန်မလိုအပ်ပါ။

✅ရင်သားနှစ်ဖက်ကို ဖယ်ထုတ်ခြင်း

မျိုးရိုးဗီဇ ဖောက်ပြန်မှု သို့မဟုတ် ခိုင်မာသော မိသားစုရာဇဝင်ကြောင့် အခြားရင်သားကင်ဆာဖြစ်နိုင်ခြေ အလွန်တိုးလာပါက အချို့ အမျိုးသမီးများမှာ အခြား (ကျန်းမာသော) ရင်သားကို ဖယ်ရှားခြင်း (contralateral prophylactic mastectomy) ကို ရွေးချယ်နိုင်ပါတယ်

Credit
မူရင်းရေးသားသူ

မိုက်ကယ်ဂျက်ဆင်ဟာ အသက်(၁၅၀)လောက်ထိ နေသွားချင်ခဲ့ပါတယ်။ ဒါကြောင့် ဆံဖျားကနေ ခြေမအဆုံး သူ့ရဲ့ကျန်းမာရေးကို စောင့်ရှောက်ဖို...
06/11/2024

မိုက်ကယ်ဂျက်ဆင်ဟာ အသက်(၁၅၀)လောက်ထိ နေသွားချင်ခဲ့ပါတယ်။ ဒါကြောင့် ဆံဖျားကနေ ခြေမအဆုံး သူ့ရဲ့ကျန်းမာရေးကို စောင့်ရှောက်ဖို့ မိသားစုဆရာဝန် (၁၂)ယောက်ထိ သူခန့်ထားခဲ့တယ်။

သူ နေ့စဉ်စားမယ့် အစားအသောက်တွေကိုလည်း ဓာတ်ခွဲခန်းမှ ဂရုတစိုက်စစ်ဆေးပြီးမှသာ စားသောက်လေ့ရှိပါတယ်။ သူ့ရဲ့ နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်းများကို ကြပ်မတ်ပေးဖို့ ဝန်ထမ်း(၁၅)ယောက်လောက် ထပ်မံခန့်အပ်ထားခဲ့တာပါ။

သူ့ရဲ့ အိပ်ယာမှာ အောက်စီဂျင်ပမာဏကို ထိန်းညှိပေးနိုင်တဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ ဆေးပညာအရ အစားထိုးလို့ရနိုင်တဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းအမျိုးမျိုးကို လှူဒါန်းမယ့်သူတွေကလည်း တစ်ခုခုဆို မိုက်ကယ်ဂျက်ဆင် အတွက် တန်းလှူနိုင်ဖို့ အသင့်ရှိနေပါတယ်။ သူတို့ရဲ့စားဝတ်နေရေးကို မိုက်ကယ်ဂျက်ဆင်ကပဲ ထောက်ပံ့ပေးထားရတာဖြစ်ပါတယ်။

ဒီလိုအဖက်ဖက်က ဂရုတစိုက်ပြင်ဆင်ထားပြီးနောက် သူဟာ အသက်(၁၅၀)လောက်ထိနေသွားနိုင်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။ ဒါပေမယ့် သူ မအောင်မြင်ခဲ့ပါဘူး.....

(၂၀၀၉)ခုနှစ် ၊ ဇွန်လ (၂၅)ရက် သူ့ အသက်(၅၀)နှစ် အရွယ်မှာတော့ မိုက်ကယ်ဂျက်ဆင် ရဲ့ နှလုံးဟာ လုံးဝအလုပ်မလုပ်တော့ပါဘူး။ မိသားစုဆရာဝန်(၁၂)ယောက် အပါအဝင် အခြားသောဆရာဝန်ကြီးများစွာ ဝိုင်းဝန်းကြိုးစားခဲ့ကြပေမယ့် သူတို့ဟာ မိုက်ကယ်ဂျက်ဆင် ကို မကယ်တင်နိုင်ခဲ့ကြဘူး။ (၂၅)နှစ်လုံးလုံး ဆရာဝန်ညွှန်ကြားချက်မပါဘဲ ခြေတစ်လှမ်းတောင် မလှမ်းတဲ့သူတစ်ယောက်ဟာ အသက်(၁၅၀)ပြည့်အောင် နေချင်ပေမယ့် မနေခဲ့ရပါဘူး။

မိုက်ကယ်ဂျက်ဆင်ရဲ့စျာပနအခမ်းအနားကို လူပေါင်း(၂)သန်းခွဲလောက်က တိုက်ရိုက်ကြည့်ရှုခဲ့ကြပြီး ဒါဟာ ယနေ့အချိန်ထိ စံချိန်မှတ်တမ်းတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။ သူကွယ်လွန်တဲ့ (၂၀၀၉)ခုနှစ် ၊ ဇွန်လ (၂၅)ရက် ဒေသစံတော်ချိန် ညနေ(03:15)မှာ Wikipedia, Twitterနဲ့ AOL's instant messenger တို့ဟာ လုံးဝပြတ်တောက်သွားသည်အထိ ဖြစ်ခဲ့တယ်။ လူပေါင်းရှစ်သိန်းလောက်က Google မှာ မိုက်ကယ်ဂျက်ဆင် နာမည်ကို တစ်ပြိုင်နက်ရှာဖွေခဲ့ကြတယ်လို့ မှတ်တမ်းတွေကဆိုပါတယ်။

မိုက်ကယ်ဂျက်ဆင်ဟာ သေခြင်းတရားကို စိန်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း သေခြင်းတရားကသာ သူ့ကိုပြန်လည်စိန်ခေါ်သွားခဲ့ပါတယ်။

ဒီနေ့ကမ္ဘာမှာတော့ ရုပ်ဝတ္ထုပစ္စည်းတွေ အံ့မခန်းတိုးတက်ထွန်းကားနေတာဖြစ်လို့ ကျွန်တော်တို့အားလုံးဟာ အဲဒီနောက်ကို တကောက်ကောက်လိုက်နေကြရတယ်။ ဒါကိုမှားတယ်လို့လည်း ပြောလို့မရပါဘူး။ ရုပ်ဝတ္ထုများကို ဗဟိုပြုပြီး လည်ပတ်နေတဲ့ ကမ္ဘာတစ်ခုဖြစ်လာတာကြောင့် ကျွန်တော်တို့ဟာ အဲဒီနောက်ကိုလိုက်ကြရမှာပဲ။ ဒါပေမယ့် နေ့မအားညမနား လိုက်နေတာကရော အဓိပ်ပါယျရှိပါ့မလား။

ကျွန်တော်တို့ဟာ တစ်ပတ်ကိုတစ်ခါလောက် မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးဖြစ်ခဲ့ကြလို့လား။ ကျွန်တော်တို့ဟာ ကိုယ်ရှာထားတဲ့ပိုက်ဆံရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုတောင် ကိုယ့်ကိုပျော်ရွှင်စေမယ့် အရာတွေအတွက် သုံးဖြစ်ခဲ့ကြရဲ့လား။ ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ့်အတွက်ကိုယ် အချိန်နည်းနည်းပေးဖို့၊ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်ပိုက်ဆံနည်းနည်းသုံးဖို့ လိုပါလိမ့်မယ်။

တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ပိုင်တာ ဘာမှမရှိပါဘူး။ စာရွက်စာတမ်းတွေပေါ်မှာ ကျွန်တော်တို့နာမည် ခဏလေးရေးထိုးထားခွင့်ရရုံနဲ့ ကျွန်တော်တို့ဟာ ကိုယ်ပိုင်ပြီလို့ အထင်ရောက်နေခဲ့ကြတာပါ။

" ဒါ ငါ့အိမ် ၊ ဒါ ငါ့ကား "စသဖြင့် ကျွန်တော်တို့ ကြွေးကြော်လိုက်တိုင်းမှာ သေခြင်းကပြုံးနေလိမ့်မယ်ထင်ပါတယ်။

ချမ်းသာအောင် လုပ်စရာမလိုဘူးလို့ ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး။ ဆင်းရဲတာနဲ့စာရင် ချမ်းသာတာက အဆပေါင်းများစွာ ပိုကောင်းပါတယ်။ ချမ်းသာတာက ပြဿနာ တစ်ခုမဟုတ်ပါဘူး။ ပိုက်ဆံချည်းပဲ ချမ်းသာနေပြီး စိတ်မချမ်းသာရတာကသာ ပြဿနာဖြစ်ပါတယ်။ ကျွန်တော်တို့က ကိုယ့်ဘဝကို ကိုယ့်စိတ်တိုင်းကျ အသုံးချဖို့လိုပါတယ်။ ဒါမှမဟုတ် ဘဝက ကိုယ့်ကိုပြန်ပြီး အသုံးချသွားပါလိမ့်မယ်။

တကယ်တော့ ဘဝမှာနေပျော်ဖို့အတွက် အရေးအကြီးဆုံးက ရောင့်ရဲမှု ၊ ကိုယ့်ဘဝကိုယ် စိတ်ကျေနပ်မှုနဲ့
စိတ်အေးချမ်းမှုတွေပဲ ဖြစ်ပါတယ်။

စိတ်မကောင်းစရာ တစ်ခုကတော့
အဲဒီအရာတွေကို ဘယ်မှာမှ ဝယ်လို့မရနိုင်တာပါပဲ။

မူရင်းရေးသားသူကို လေးစားစွာဖြင့်

အသက်အာမခံလုပ်ငန်းကို MLM စနစ်နဲ့ရောထွေးမှားယွင်းလေ့ရှိကြတဲ့အတွက် ရှင်းပြပါရစေ....🍀အသက်အာမခံမှာ တရားဝင်လိုင်စင်လိုအပ်ပါတယ...
06/11/2024

အသက်အာမခံလုပ်ငန်းကို MLM စနစ်နဲ့ရောထွေးမှားယွင်းလေ့ရှိကြတဲ့အတွက် ရှင်းပြပါရစေ....

🍀
အသက်အာမခံမှာ တရားဝင်လိုင်စင်လိုအပ်ပါတယ်
လိုင်စင်သင်တန်းကို ရက်အပြည့်တက်ရပြီး လိုင်စင်စာမေးပွဲဟာ အရည်အချင်းပြည့်မီတဲ့လူတွေမှသာ အောင်မြင်တာဖြစ်ပါတယ်။ သင်တန်းမတက်ဘဲဝင်ဖြေခွင့်မရှိသလို စာမကျေဘဲနဲ့လည်းမအောင်ပါဘူး
ပတ်သက်ရာပတ်သက်ကြောင်း လမ်းကြောင်းနဲ့လည်း လိုင်စင်ယူလို့မရပါဘူး။
လိုင်စင်ဟာ သက်တမ်းအားဖြင့် (၂)နှစ်ဖြစ်ပါတယ်။

ဆေးကုသခွင့် ရှေ့နေလိုက်ခွင့် ကားမောင်းခွင့်
အိမ်ခြံမြေအကျိုးဆောင်ခွင့်စတဲ့ တခြားသက်မွေးလုပ်ငန်းတွေမှာလည်း လိုင်စင်အသီးသီးလိုအပ်ပါတယ်။

🌹
MLM စနစ်မှာ agent လိုင်စင်မလိုအပ်ပါဘူး။
Member ဝင်မယ် ပစ္စည်းတွေကိုငွေကြိုသွင်းပြီးထုတ်ယူမယ် ပြီးရင်ဖြန့်ချိမယ်
ပစ္စည်းဝယ်နိုင်တယ် ဖြန့်နိုင်တယ်ဆို
ဘယ်သူမဆိုလုပ်လို့ရပါတယ် ။
ဒီသဘောနဲ့သွားပါတယ်

🍀
အသက်အာမခံဟာ ဝန်ဆောင်မှုကိုရောင်းချရတာပါ
အကောင်အထည်ဖော်ပြလို့မရပါဘူး
အာမခံတစ်စောင်ရောင်းချပြီးရင် အဆိုပါအာမခံရဲ့သက်တမ်းကိုလိုက်ပြီး ၃နှစ်၊၅နှစ်၊၁၀နှစ်စသ‌ဖြင့် service ပေးနေရပါတယ်
တချို့အာမခံတွေဆိုရင်
အနှစ်၂၀ အနှစ်၄၀စသဖြင့်သက်တမ်းရှိကြပါတယ်

ပြောရရင် customer နဲ့ agent က ကာလရှည်ဆက်ဆံနေရမယ့် လုပ်ငန်းဖြစ်ပါတယ်။
ရောင်းပြီး,ပြီးတဲ့ ရေတိုလုပ်ငန်းမဟုတ်ပါဘူး

🌹
MLM စနစ်ကတော့ လူသုံးကုန် အလှကုန် ဆေးဝါးတွေကိုရောင်းချရတာမို့ အကောင်အထည်ချပြလို့ရပါတယ် ရောင်းရတဲ့ပစ္စည်းကိုမြင်နေရပါတယ်
ပစ္စည်းကိုသဘောကျတဲ့လူကဆက်သုံးမှာဖြစ်ပြီး
မကြိုက်တော့ရင် ထပ်မဝယ်တော့တာမို့
Customer နဲ့ရေရှည်ဆက်ဆံရေးရှိထားစရာ (သိပ်)မလိုအပ်ပါဘူး ။
customer ကဆက်သုံးချင်ရင် agent ပြန်လုပ်နိုင်ပါတယ်

🍀
အသက်အာမခံလုပ်ငန်းမှာ
Agent ကိုယ်တိုင်က အသက်အာမခံတစ်စောင်မဖြစ်မနေဝယ်ပြီး member ဝင်ရတာမျိုးမရှိပါဘူး
( ဝယ်ချင်ဝယ် မဝယ်ချင်နေပါ )
အာမခံအစောင်ရေတွေအများကြီးကြိုဝယ်ထားပြီး လူတွေကိုလိုက်ရောင်းလို့လည်း မရပါဘူး။

အသက်အာမခံဆိုတာ အသက်အရွယ်/ကျန်းမာရေးအခြေအနေ/အလုပ်အကိုင်/အာမခံထားငွေစတဲ့အချက်အပေါ်မူတည်ပြီး လူတစ်ယောက်အတွက် သီးသန့်တစ်စောင်ထွက်လာတာမျိုးပါ။

🌹
MLM စနစ်မှာတော့ member ဝင်ပြီးရင်
ငွေရင်းနိုင်ရင် ပစ္စည်းအများကြီးကြိုယူထားလို့ရပါတယ်
ကိုယ့် network ကြီးရင်ကြီးသလို ရောင်းချနိုင်ပါတယ်

🍀

နောက်ထပ် လူအများကြီးရောထွေးနေကြတာ
Recruiting ကိစ္စပါ
အသက်အာမခံမှာ recruitment က
မဖြစ်မနေလုပ်ရတဲ့ကိစ္စမျိုးမရှိပါဘူး
လုပ်ချင်လုပ် မလုပ်ချင်နေလို့ရပါတယ်
network based process ဖြစ်တဲ့အတွက်
နယ်ပယ်အစုံအထိ အာမခံမျိုးစုံရောက်ရှိနိုင်ဖို့က recruitment လုပ်မှ နေရာစုံအထိရောက်နိုင်မှာပါ။

( လူခေါ်ပေးရတယ်ဆိုတဲ့အသုံးအနှုန်းမကြာခဏကြားရပါတယ် ဒါကဒီလောကမှာမှမဟုတ်ဘဲ လုပ်ငန်းတိုင်းမှာ distributors တွေလိုကိုလိုအပ်ပါတယ် )

🌹
MLM စနစ်မှာလည်း သူတို့ products တွေကိုဆက်လက်ဖြန့်ချိပေးမယ့် agents / distributors တွေ လိုအပ်ပါတယ် ဒါ့ကြောင့် recruitment အမြဲလုပ်နေကြရပါတယ် ။

🍀
နောက်တစ်ခုက
အဆင့်ဆင့် management လုပ်ရတယ်ဆိုတဲ့ကိစ္စပါ
အသက်အာမခံလုပ်ငန်း ၉၀% က လစာမပေးပါဘူး
Commission and bonus စနစ်နဲ့သွားပါတယ်
ဘာလို့လည်းဆိုတော့ အလုပ်မလုပ်ဘဲထိုင်နေတဲ့လူတွေအတွက်လစာပေးဖို့မလိုအပ်လို့ပါ ။

Agent တွေရဲ့ များပြားလှတဲ့ကိစ္စမျိုးစုံ
Customer တွေရဲ့ complain ပေါင်းစုံ
သူတို့ရဲ့အမည်ပြောင်းခြင်း ဖုန်းနံပါတ်/Gmail/ လိပ်စာပြောင်းခြင်း အကျိုးခံစားခွင့်ထားသူပြောင်းလဲခြင်း အာမခံကြေးပြောင်းလဲခြင်း အလုပ်အကိုင်ပြောင်းလဲခြင်း အာမခံကြေးအချိန်မီမသွင်းခြင်းစတဲ့ဖြစ်စဉ်အားလုံးကို
ရုံးတစ်ခုတည်းကဖြေရှင်းပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ ဒါ့ကြောင့် management level အဆင့်ဆင့်ထားထားပါတယ်

🌹
MLM စနစ်မှာလည်း ပစ္စည်းဖြန့်ချိခြင်း ကော်မရှင်ခွဲဝေခြင်းနဲ့ distributors တွေကို ထိန်းဖို့ layer by layer သွားကြပါတယ်

🍀
အသက်အာမခံလုပ်ငန်းအတွက် ရရှိတဲ့ကော်မရှင်ဟာ ကုမ္ပဏီကပေးတာဖြစ်ပါတယ် ။
customer ကမပေးဆောင်ရပါဘူး ။ ကော်မရှင်ပေးလိုက်တဲ့အတွက် အသက်အာမခံကြေးက‌
ဈေးတက်မသွားပါဘူး။

🌹
MLM စနစ်အတွက် ကော်မရှင်ကတော့
ပစ္စည်းရဲ့မူရင်းတန်ဖိုးနဲ့ နောက်ဆုံးစားသုံးသူလက်ထဲရောက်လာတဲ့ဈေးနှုန်းကြားက ကွာခြားသွားအမြတ်ငွေထဲက အချိုးကျခွဲဝေကြတာဖြစ်ပါတယ်။

🍀

အသက်အာမခံလုပ်ငန်းအားလုံးက
ပြည်တွင်းမှာတရားဝင်မှတ်ပုံတင်ကြရပါတယ်။
နိုင်ငံတော်ဆီကနေ ငွေတိုက်စာချုပ်တွေအများကြီးကို ကျပ်ငွေဘီလီယံနဲ့ချီအောင်ဝယ်ထားရပါတယ် ။ လုပ်ငန်းလိုင်စင်/ agent လိုင်စင်အားလုံးကို ထိန်းချုပ်ထားပါတယ်။ အဆင့်ဆင့်စစ်ဆေးပြီးမှ တရားဝင်လုပ်ကိုင်ခွင့်ချပေးခဲ့တာပါ။

ငွေကြေးစီးဆင်းမှုဖြစ်စဉ်ဖြစ်တဲ့အတွက် agent တွေရဲ့ personal data/ bank account အားလုံးကိုမဖြစ်မနေပေးထားရပါတယ် ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း အာမခံလုပ်ငန်းအားလုံးမှာ ပါဝင်ပတ်သက်နေသူအားလုံးရဲ့ bank account အားလုံးကိုလွှတ်ပေးထားတာမျိုး ဘယ်မှာမှမရှိပါဘူး ။

ဒါ့အပြင် အခုပြည်တွင်းမှာရှိနေတဲ့အသက်အာမခံကုမ္ပဏီ၅ခုစလုံးက နိုင်ငံတကာမှာလည်း လက်ရှိဝန်ဆောင်မှုပေးနေဆဲ ထိပ်တန်းရောက်နေတဲ့ကုမ္ပဏီတွေဖြစ်ပါတယ် ။
အာမခံအပိုင်းသာမက ဘဏ်လုပ်ငန်း စတော့ရှယ်ယာလုပ်ငန်းတွေပါလုပ်ကိုင်နေကြတာဖြစ်ပါတယ်။သက်ဆိုင်ရာ websites တွေမှာအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ။ ပြည်တွင်းမှာပဲရှိတဲ့ local အာမခံကုမ္ပဏီတွေလည်းရှိပါသေးတယ်။

🌹
MLM လုပ်ငန်းတွေရဲ့ ကုမ္ပဏီနာမည်တွေ နဲ့ လက်ရှိမှာတရားဝင်လုပ်ကိုင်ခွင့် ရ/မရ ကျွန်တော်မသိပါဘူး။ MLM products အများစုက ထိုင်း၊တရုတ်စတဲ့နိုင်ငံတွေကနေလာကြတာများပါတယ် ။

တကမ္ဘာလုံးဖြန့်ချိတာမျိုး (သိပ်)မတွေ့ရပါဘူး
နိုင်ငံအများစုကတော့ အခုလို MLM စနစ်နဲ့ပစ္စည်းဖြန့်ချိတာကို ခွင့်မပြုပါဘူး။

**********

တူညီတဲ့အချက်တွေလည်း ရှိကြပါတယ်။
ကော်မရှင် + bonus ခံစားခွင့်ရတာ
နေ့တိုင်းရုံးတက်စရာမလိုတာ
ရောင်းရင်ရောင်းသလောက် ဝင်ငွေရကြတာ ပြည်တွင်းပြည်ပခရီးစဉ်တွေပို့ပေးကြတာ
ရောင်းအားကောင်းသူတွေကို Dinner စီစဉ်ပေးတာ ဆုတံဆိပ်တွေပေးတာ Promotion တွေပေးတာ
ဒီအချက်တွေကတော့ တူညီပါတယ်။

( MDRT လို တကမ္ဘာလုံးကအသိအမှတ်ပြုတဲ့ဆုမျိုးတွေကိုတော့ အသက်အာမခံ‌လောကမှာပဲရှိပြီး
MLM စနစ်မှာတော့ သူတို့ကုမ္ပဏီကသူတို့ဖာသာပေးတဲ့ဆုမျိုးတွေသာ တွေ့ရပါတယ်
Global Awards မျိုး Worldwide recognized မျိုး
MLM စနစ်မှာ မရှိပါဘူး )

လုပ်ငန်းနှစ်ခုစလုံးက
အလုပ်မလုပ်ရင် ဘာမှခံစားခွင့်မရတဲ့ စနစ်ပါ
မနက်ရုံးတက်/ညနေရုံးဆင်း အလုပ်ရှိရှိမရှိရှိ အချိန်တန်လကုန်ရင်လစာထုတ်လို့ရတဲ့
လခစားအလုပ်မျိုးမဟုတ်ပါဘူး ။
လုပ်ရင်ရမယ် မလုပ်ရင်မရတဲ့
တိကျပြတ်သားတဲ့စနစ်မျိုးတွေပါ။

************************************

" ကော်မရှင်ရမယ် "
" လူခေါ်ရတယ် " စတဲ့အသုံးအနှုန်းတွေကြောင့်
အသက်အာမခံ industry အပေါ် တခြားသောလုပ်ငန်းတွေနဲ့ရောထွေးတတ်ကြပါတယ် ။

တစ်ခုသိရမှာက
ဘယ်နိုင်ငံမဆို လူသားတွေရှိနေသမျှ
ဘဏ်လုပ်ငန်း နဲ့ ဆေးရုံတွေရှိနေမှာဖြစ်ပြီး
အဆိုပါလုပ်ငန်းနှစ်ခုရှိနေသရွေ့ အသက်အာမခံ/ကျန်းမာရေးအာမခံ/ပညာရေးအာမခံလုပ်ငန်းဆိုတာ တရားဝင်ရှိနေမှာပဲဖြစ်ပါတယ် ။
ဘာအကြောင်းနဲ့မှ ပျောက်ကွယ်သွားမှာမဟုတ်ဘူးဆိုတာ သိထားရမှာပါ ။

ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်
အသက်အာမခံလုပ်ငန်း‌တွေရဲ့အခြေခံလုပ်ငန်းလည်ပတ်ပုံတွေက အားလုံးအတူတူပါပဲ ။

တိုးတက်ပြီးသားနိုင်ငံတွေမှာလည်း
အာမခံဆိုတာ ဘယ်နေရာဖြစ်ဖြစ်အမြဲပါဝင်နေပြီး
ဖွံ့ဖြိုးမှုနောက်ကျနေသေးတဲ့မြန်မာနိုင်ငံမှာတော့
အခြေချခဲ့တာ သက်တမ်း ၅နှစ်သာ ကြာပါသေးတယ် ။

မည်သူတစ်ဦးတစ်ယောက်
မည်သည့်လုပ်ငန်းကိုမှ ထိခိုက်စေလိုခြင်းမရှိပါ။
အများအမြင်ရောထွေးနေတာတွေကို
သိသင့်သလောက်သိစေရန်သာ
ဘက်မလိုက်ဘဲရည်ရွယ်ရေးသားပါသည် ။

အားလုံးပဲ
အဆင်ပြေကြပါစေ။
Min Yel Kyaw Swar

Credit to owner

27/10/2024

ဒီနေ့ထိတော့ကျန်းမာနေသေးတယ် မသေချာတဲ့မနက်ဖန်‌‌အတွက်ရော ဘာတွေပြင်ဆင်ထားပီးပီလဲ??
💡သင့်အနာဂတ်အတွက်သင်စီမံခွင့်ရှိပါတယ်။

27/10/2024

🧑‍🦳 Retirement plan 🧓

🎋နောက် ၁၀နှစ် ၊အနှစ် ၂၀ အဲ့ဒီအချိန်မှာ ကိုယ်ဘယ်လိုပုံစံမျိုးနေချင်တာလဲ၊ကိုယ်က အသက် ဘယ်လောက်အထိပဲအလုပ်လုပ်မှာလဲ၊ ကိုယ်ရဲ့ဘဝကိုဘယ်လိုဖြတ်သန်းချင်တာလဲ၊ကိုယ့်ရဲ့ လုပ်ချင်တဲ့အရာတွေကဘာလဲ ၊ကိုယ့်ရဲ့ဖြစ်တည်မှုအတွက် အမှီအခိုကင်းကင်းနဲ့ သက်တောင့်သက်သာ အသက်ကြီးချင်တယ် ဆိုရင် retire plan ကိုလုပ်ဖို့လိုအပ်ပါတယ်။

🏜️ဘဝရဲ့‌‌ နေဝင်ချိန်နီးခါမှ ဘယ်သူကစားသောက်နေထိုင်ဖို့ထောက်ပံ့မှာလဲ ၊ဘယ်သူကဆေးကု‌‌ ပေးမှာလဲ၊ဘယ်သူကအနားမှာရှိပေးမှာလဲ၊ဒီအရာအားလုံးအတွက် ကိုယ့်မှာ plan မရှိထားဘူးဆိုရင် တွေးကြည့်တာနဲ့တင် စိုးရိမ်ဖို့ကောင်းပါတယ်။

💰ကိုယ့်ရဲ့ အိုစာမင်းစာ အထုတ်သည်သာ ကိုယ့်အတွက်အသေချာဆုံးပါ။

ကိုယ် retire ယူမယ့်အချိန်ထက် အနှစ်20 လောက်ကြိုလုပ်ထားနိုင်ရင်အကောင်းဆုံးပါပဲ။
မြန်မြန်လုပ်နိုင်လေ ပိုကောင်းလေ စုဆောင်းရမယ့်ငွေ နည်းလေပါပဲ။

Retire plan ဘယ်လိုလုပ်မှာလဲ ??
ဘယ်လောက်စုဆောင်းမှာလဲ ??
ဘာတွေ အကျိုးခံစားခွင့်ရှိမှာလဲ ??

အာမခံကို retire plan အတွက် tools တစ်ခုအနေတဲ့ အသုံးပြုမယ်ဆိုရင် ဘာတွေအကျိုးများမှာလဲ ??

ပြောပြပေးချင်ပါတယ်ရှင်👍

အာမခံနဲ့ပတ်သတ်တဲ့ အကြောင်းအရာများကိုသိလိုပါကအခမဲ့အကြံ‌ ပေးပါတယ်ရှင်။👍

Thi Thi Mon
Financial Services consultant
AIA Rich Life
09425364782

Address

14-A , Pabeidan Quarter
Mawlamyine

Opening Hours

Monday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when AIA Life Insurance Consultant _Thi Thi Mon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share