Mg Shinn

Mg Shinn Learn everything from here

07/02/2023
ဖုန်းအဟောင်း(Second ဖုန်း)တစ်လုံး ပြန်ဝယ်တော့မယ်ဆိုရင် ဘယ်အချက်တွေကို အဓိကထားစစ်ဆေးသင့်လဲ(သိထားသင့်တာလေး)
26/03/2022

ဖုန်းအဟောင်း(Second ဖုန်း)တစ်လုံး ပြန်ဝယ်တော့မယ်ဆိုရင် ဘယ်အချက်တွေကို အဓိကထားစစ်ဆေးသင့်လဲ(သိထားသင့်တာလေး)

News & Media

ဘဝမှာ ပိုက်ဆံတွေ ရှိနေတဲ့အချိန်တွေ ကြုံဖူးသလိုလမ်းဘေးမရောက်ရုံတမယ် ဖြစ်ခဲ့ရတဲ့အချိန်တွေလည်းကြုံဖူးခဲ့တယ်။သာမာန်အဆင်ပြေပါ...
25/03/2022

ဘဝမှာ ပိုက်ဆံတွေ ရှိနေတဲ့အချိန်တွေ ကြုံဖူးသလို

လမ်းဘေးမရောက်ရုံတမယ် ဖြစ်ခဲ့ရတဲ့အချိန်တွေလည်းကြုံဖူးခဲ့တယ်။

သာမာန်အဆင်ပြေပါတယ်ဆိုရုံလောက်လည်းဖြစ်ဖူးကြုံဖူးတာမို့ ငွေ ဆိုတဲ့အရာရဲ့တန်ဖိုးကိုကောင်းကောင်းသိတယ်။

ပိုက်ဆံရှိရင်တစ်မျိုး ပိုက်ဆံမရှိရင်တစ်မျိုးပြောင်းလဲဆက်ဆံတတ်တဲ့ ဆွေမျိုး၊အပေါင်းသင်းတွေလည်းဘဝမှာ ကြုံခဲ့ဖူးပြီမို့ လူတွေရဲ့အကြောင်းကိုလည်း သေချာသိတယ်။

Credit -𝑇𝑟𝑖𝑠𝑡𝑎𝑛 𝑃𝑦𝑛𝑒

22/03/2022

အရက်ရောင်းသူက
ဘယ်ကိုမှမသွားရဘဲရောင်းနေရပြီး
နွားနို့ရောင်းသူက အိမ်တိုင်းစေ့ ရောက်နေရတယ်။

ကြေးမုံပြင်က မှန်တယ်
ကိုယ်ငိုရင် ဘယ်တော့မှသူမရီဘူး။

ဖယောင်းတိုင်တွေထွန်းပြီး
သေသူကို သတိတရ ဝမ်းနည်းကြပေမယ့်
ဖယောင်းတိုင်မှုတ်ပြီး
မွေးနေ့ပွဲတွေ ကျင်းပကြတယ်။

ခြေကျင်းစွပ်ကို သိန်းချီပေးဝယ်ရတယ်။
ပြီးတော့ ခြေထောက်မှာ စွပ်ကြတယ်။
ဒါပေမယ့်
ဆံပင်ချည် သရေပင်က ရာဂဏန်းပဲ
တန်ဖိုးရှိပြီး ခေါင်းမှာနေရာရတယ်။

ဒါကြောင့် တန်ဖိုးထက်
လုပ်ဆောင်ရမယ့် နေရာက
အဓိက ဖြစ်လာတယ်။

မှန်ကန်တဲ့ အကြံပေးသူဟာ
ဆားခါးနဲ့တူတဲ့
မိတ်ဆွေစစ်ဖြစ်တယ်လို့ ယူဆပြီး
အလိုလိုက် အကြိုက်ဆောင်
အချိုသတ်ပေါင်းသူတွေဟာ သကြားလိုပါပဲ။

ဆားခါးက ပိုးပုရွက်မကျဘဲ ၊
သကြားကတော့ ပိုးပုရွက်ကြောင့်
ပျက်စီးခြင်းကိုရောက်ရတယ်။

ကောင်းတဲ့လမ်းကို
ဘယ်သူမှ မသွားချင်ကြဘူး။
မကောင်းတဲ့ လမ်းကိုတော့
အားလုံးသွားကြတယ်။

ဒါကြောင့်
အရက်ရောင်းသူက ဘယ်မှမသွားရဘဲ
နွားနို့ရောင်းသူက အိမ်တိုင်းထိသွားရတယ်။

နံရံပေါ်ကဓာတ်ပုံရဲ့ဝန်ကို
တကယ်ထမ်းထားတာက သံချောင်းလေး။
ဒါပေမယ့်
လူတွေချီးမွမ်းကြတာက
သူ့ပေါ်ချိတ်ထားတဲ့ ဓာတ်ပုံ။

လူတွေက
သူတို့ကို တိရိစ္ဆာန်လို့ ပြောရင်
ထသတ်ချင်ကြပြီး
ကျားလို ခြင်္သေ့လို ရဲရင့်လိုက်တာဆိုရင်တော့
ကျေနပ်နေကြပြန်ပါလေရော ။

မင်္ဂလာပွဲတွေမှာ
လူတွေက အရှေ့ကနေ လိုက်ကြပြီး
မသာပို့ချိန်ကြ နောက်ရောက်သွားကြတယ်။

ဒါကိုမြင်ရတော့ လောကကြီးက
ပျော်နေချိန်မှာ သင့်ရှေ့ကနေကြပြီး
ဝမ်းနည်းချိန်မှာ
နောက်ကို ဆုတ်သွားတတ်ကြတဲ့
သင်ခန်းစာကို ယူမိတယ်။

မွေးမယ် သေမယ် ဖြစ်နေကြအုံးမယ့်
တလောကလုံးမှာ အမြဲတမ်းကျန်ခဲ့မယ့်
ကိုယ့်သမိုင်းလေးကိုတော့
လက်ရေးလှအောင် အမှန်ကန်ဆုံး
ရေးနိုင်ကြစေချင် ပါတယ်။

.

၂၀၂၂ ရဲ့ ပထမဆုံး Cyclone ဟာ မြန်မာနိုင်ငံကိုဘဲ ကံဆိုးစွာ ရောက်လာခဲ့ပါတယ်(အောက်က Link ထဲဝင်ကြည့်ရင်မုန်တိုင်းဘယ်နားရောက်န...
21/03/2022

၂၀၂၂ ရဲ့ ပထမဆုံး Cyclone ဟာ မြန်မာနိုင်ငံကိုဘဲ ကံဆိုးစွာ ရောက်လာခဲ့ပါတယ်

(အောက်က Link ထဲဝင်ကြည့်ရင်
မုန်တိုင်းဘယ်နားရောက်နေပြီဆိုတာရယ်
တနာရီ ဘယ်လောက်နုန်းနဲ့တိုက်နေလဲဆိုတာကို
တွေ့ရမှာပါ)

မူလလမ်းကြောင်းအတိုင်းဆိုပါက မော်တင်စွန်းကနေ ဖြတ်သန်းနိုင်ပြီး လမ်းကြောင်းသွေဖယ်မည်ဆိုပါက
လပွတ္တာ ပြင်စလူဘက်ကနေ ရွေ့လျားနိုင်ပါတယ်

ဘယ်လိုဘဲဖြစ်ဖြစ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ မုန်တိုင်းဖြတ်သန်းမယ့် လမ်းကြောင်းပေါ်မှာ ရောက်နေခဲ့ပါပြီ။

မုန်တိုင်းအခြေအနေကို တိုက်ရိုက်ကြည့်ရှုလို့ရနိုင်မယ့် Link ဖြစ်ပါတယ်

2008 ခုနှစ် Nargisရဲ့ အတွေ့အကြုံအရ ကျနော်တို့ ပြည်သူတွေ အထူးသဖြင့် ဧရာဝတီကပြည်သူတွေ လက်တွေ့ခံစားပြီးပြီမလို့ အကောင်းဆုံးကျော်ဖြတ်နိုင်မှာပါ

အရင်တစ်ကြိမ် အထိနာတာဟာ self-awareness မရှိလို့ ပေးဆပ်ခဲ့ရတာဖြစ်ပါတယ် ။ Natural Disaster Prevention Plan တွေဟာ ၁၄ နှစ်ကြာခဲ့ပြီမလို့ Cyclone Shelter တွေဟာ အဆင်ပြေမှပြေပါလိမ့်မယ်။
တစ်ကြိမ် ကြုံဖူးထားလို့ အရမ်းစိတ်ပူ စိုးရိမ်နေကြမယ်ဆိုပင်မယ့် အတွေ့အကြုံကဘဲ ဒီတစ်ကြိမ်ဘေးကင်းမယ့် သင်ခန်းစာဖြစ်သွားမှာပါ

မိသားစုတွေကွဲသွားခဲ့လျှင် ပြန်ဆုံမယ့် စုရပ်
သတ်မှတ်ထားပါ (ဒါအရေးအကြီးဆုံးပါဘဲ)
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းသင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများမှာ ပါဝင်ကူညီခဲ့စဉ်က မိသားစုကွဲသွားပြီး အခုအထိ သေလားရှင်လားမသိရတဲ့ ရင့်နင့်ဖွယ် အဖြစ်အပျက်မျိုးတွေ မကြုံစေချင်တော့ပါ

မုန်တိုင်း Windy လမ်းကြောင်းကို အဆက်မပြတ် ကြည့်ရှုနေပါ ဒီကနေ့ည (ဦးပိုင်း) အထိ ကျနော်တို့မှာ
ပြင်ဆင်ချိန်တွေ ရွှေ့ပြောင်းချိန်တွေ
အများကြီးကျန်ပါသေးတယ်

စိတ်အေးအေးထားပြီး ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပါ ပြန်လည်ထူထောင်ရေးအတွက် အားလုံးကရှိနေမှာပါ

Cyclone ကိုသာ ဘေးကင်းစွာ ကျော်ဖြတ်ပေးခဲ့ကြပါ

🆘မိမိတို့ ခတ္တခိုလှုံရာ နေရာနှင့် အနီးဆုံးရှိမည့် ပေ၂၀ အထက် ကုန်းမြင့်တစ်ခုအား ရှာဖွေထားပါ
🆘အဆိုပါကုန်းသို့ သွားရန် အတိုဆုံးလမ်းကြောင်းအား
ရှာဖွေထားပါ
🆘ဘေးအန္တရာယ်ဖြစ်ပွါးပါက အဆိုပါကုန်းမြေသို့သာပြေးပါ၊ (အများပြေးသော နေရာအနိမ့်များအား လိုက်ပါမပြေးရ)

*ဂျပန်နိုင်ငံ ဆူနာမီ ဖြစ်ပွါးစဉ်က ကမာအိရှိ ဒေသမှာ ကြိုတင်ပြေးရန် နေရာသတ်မှတ်ထားသော်လည်း အမှန်တကယ်ဖြစ်ပွါးချိန်တွင် မြေနိမ့်ပိုင်းရှိ အဆောက်အဦးအလွတ်ထဲသို့ ရောယောင် ပြေးမိသဖြင့် လူအစုလိုက် အသက် ဆုံးရှုံးခြင်းမျိူး ဖြစ်ပွါးခဲ့ဖူးသည်*

🆘မိသားစုများ ကွဲပြားခဲ့ပါက ပြန်ဆုံရန် ဆုံမှတ်တစ်ခု ကြိုတင်သတ်မှတ်ပါ
🆘ရေပေါ်တွင် ပေါလာပေါနိုင်မည့် ကော်ပုံးကဲ့သို့ ပစ္စည်းများအားရှာဖွေပါ
🆘ဖုန်းနဲ့အရေးကြီးစာရွက်များအား ရေလုံအိတ်ထဲသို့ ထည့်ကာ လည်ပင်း၌ဆွဲထားပါ

အားလုံးပို့သတဲ့မေတ္တာများနဲ့ ဧရာဝတီမြေ
ဘေးကင်းပါစေ🙏

We all with you, Ayeyarwady

https://earth.nullschool.net/ /wind/surface/level/orthographic=-263.69,12.06,911

https://www.windy.com/?12.125,94.867,6,m:d5GaiNk

ရေးသားမျှဝေပေးတဲ့ "ကိုဝေယံမိုး" ကို အထူး Credit ပေးပါတယ်။


See current wind, weather, ocean, and pollution conditions, as forecast by supercomputers, on an interactive animated map. Updated every three hours.

CRD
21/03/2022

CRD

သင်အခု အသုံးပြုနေတဲ့ စမတ်ဖုန်း Brand က ဘာလဲ ? စမတ်ဖုန်းလောကမှာ ရပ်တည်လာတဲ့ ဒီ Brand ရဲ့ သက်တမ်းကရော ဘယ်လောက်ရှိပြီလဲ...

21/03/2022

ဖုန်းတစ်လုံးဝယ်မယ်ဆို ram များမှကောင်းတယ်ထင်တဲ့ သူတွေ ram ဆိုတာ ဘာလဲ ??

ကြားဖူးကြလား? Game ဆော့ရင် Ram 4 မှကောင်းတာ ram 6 မှ မိုက်တာဆိုပြီး....

Ram အကြောင်းပြောပြပါ့မယ်..
Ram ဆိုတာ Random access memory လို့ခေါ်ပါတယ်... မြန်မာလိုဆိုရင် အချိန်တိုမှတ်ညဏ်ပေါ့

Ram က ဘာအလုပ်လုပ်လဲဆိုတော့ ကျွန်တော်တို့
Apps တစ်ခုဖွင့်လိုက်ရင် အဲ့ Apps ကို Ram ပေါ်တင်ပေးလိုက်တယ်ပေါ့ဗျာ... နောက်တစ်ခါပြန်ဝင်ရင်
Loading မလိုပဲ background မှာ Run ခိုင်းထားတဲ့သဘောပါပဲ...

အဲ့တော့ Ram များရင်ဘာကောင်းလဲ .. Background မှာ များများ Run လို့ရတာပေါ့.. ဒီလောက်ပါပဲ

အခုခေတ်မှာဆိုရင်တော့ အနဲဆုံး Ram 3 Ram 4 လောက်ဆို အဆင်ပြေပါတယ်...

ပြောချင်တာက ဖုန်း Company တွေက User တွေအကြိုက် ဂျွတ်ပလွတ် CPU တွေကို Ram အများကြီးနဲ့ ထုတ်တော့.. ငါ့ဖုန်းက Ram များပြီးထစ်တာ မရတာတွေ ကြုံနေရလို့ ရေးပေးတာပါ

အဲ့တော့ ဖုန်းတစ်လုံးဝယ်မယ်ဆိုရင် Ram ကိုခေါင်းထဲအရမ်းမထည့်ပဲ ဖုန်း CPU လေးကို အလေးထားကြည့်ပြီးဝယ်ကြပါလို့ .. ပြောချင်တာပါ 😍

အထာကျကျဖုန်းဝယ်ကြပါ..ဘော်ဒါတို့

အရေးပေါ်မိုဘိုင်းဖုန်းအားသွင်းနည်း..မိုဘိုင်းဖုန်း ဆိုတာ ဒီနေ့ခေတ်မှာမရှိမဖြစ်အရာတွေဖြစ်လာပါပြီ ။တောထဲတောင်ထဲ ခရီးထွက် တ...
18/03/2022

အရေးပေါ်မိုဘိုင်းဖုန်းအားသွင်းနည်း
..မိုဘိုင်းဖုန်း ဆိုတာ ဒီနေ့ခေတ်မှာမရှိမဖြစ်အရာတွေဖြစ်လာပါပြီ ။

တောထဲတောင်ထဲ ခရီးထွက် တဲ့အခါမျိုးမှာ GPS စနစ်အသုံးပြုဖို့အတွက် မိုဘိုင်းဖုန် းဟာအလွန်အရေးပါတဲ့အရာတစ်ခုပါ ။

Power Bank တွေရှိတယ်ဆိုပေမယ့် မီးလုံးဝမရတဲ့နေရာမျိုးမှာ

ဖုန်းရော ပါဝါဘန့်ရော အားကုန် သွားတဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲ။

AA ဓါတ်ခဲလေးတွေဟာ ကျောပိုးအိတ်ထဲအလွယ်တကူထည့်ယူသွားလို့ရတဲ့ဓါတ်ခဲလေးတွေပါ။

ဒီ AA ဓါတ်ခဲလေးတွေကိုသုံးပြီး အရေးပေါ် Power Bank လေးဘယ်လိုပြုလုပ်သွားရမလဲဆိုတာကိုပြောပြပါမယ်။

USB ကြိုးတစ်ချောင်းကို ဖြတ်လိုက်မယ်ဆိုရင် အစိမ်း ၊ အဖြူ ၊ အနီ နဲ့ အနက် ကြိုးလေးချောင်းတွေ့ပါမယ် ။

ထို့နောက် AA ဓါတ်ခဲလေးလုံးကို ဆက်ပါ ။ အပေါင်းဘက်ကို ကြိုးအနီ နဲ့ အနုတ်ဘက်ကိုကြိုးအမဲနဲ့ဆက်သွယ်ပါ။

ပြီးရင်တော့ ဓါတ်ခဲတွေက ကြိုးနဲ့ USB က ကြိုးတွေကို အရောင်တူချင်းဆက်ပေးပါ ။ အစိမ်းရောင်နဲ့ အဖြူရောင်ကြိုးကတော့ သုံးဖို့မလိုအပ်ပါဘူး။

အားလုံးချိတ်ဆက်ပြီးတဲ့အခါ ဖုန်းမှာ အားသွင်းကြိုးထိုးလိုက်ပါ ။ မီးအားဝင်နေတာကိုတွေ့ရပါလိမ့်မယ်။

သာမန်အားသွင်းကြိုးနဲ့သွင်းတာထက် ၄ ဆလောက်ကြာနိုင်ပေမယ့် အရေးပေါ်အခြေအနေမျိုးအတွက်အကောင်းဆုံး နည်းလမ်းလေးတစ်ခုပါပဲ။

Credit

zawgyi

မိုဘိုင်းဖုန်း ဆိုတာ ဒီနေ့ခေတ်မှာမရှိမဖြစ်အရာတွေဖြစ်လာပါပြီ ။

တောထဲတောင်ထဲ ခရီးထွက် တဲ့အခါမျိုးမှာ GPS စနစ်အသုံးပြုဖို့အတွက် မိုဘိုင်းဖုန် းဟာအလွန်အရေးပါတဲ့အရာတစ်ခုပါ ။

Power Bank တွေရှိတယ်ဆိုပေမယ့် မီးလုံးဝမရတဲ့နေရာမျိုးမှာ

ဖုန်းရော ပါဝါဘန့်ရော အားကုန် သွားတဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲ။

AA ဓါတ်ခဲလေးတွေဟာ ကျောပိုးအိတ်ထဲအလွယ်တကူထည့်ယူသွားလို့ရတဲ့ဓါတ်ခဲလေးတွေပါ။

ဒီ AA ဓါတ်ခဲလေးတွေကိုသုံးပြီး အရေးပေါ် Power Bank လေးဘယ်လိုပြုလုပ်သွားရမလဲဆိုတာကိုပြောပြပါမယ်။

USB ကြိုးတစ်ချောင်းကို ဖြတ်လိုက်မယ်ဆိုရင် အစိမ်း ၊ အဖြူ ၊ အနီ နဲ့ အနက် ကြိုးလေးချောင်းတွေ့ပါမယ် ။

ထို့နောက် AA ဓါတ်ခဲလေးလုံးကို ဆက်ပါ ။ အပေါင်းဘက်ကို ကြိုးအနီ နဲ့ အနုတ်ဘက်ကိုကြိုးအမဲနဲ့ဆက်သွယ်ပါ။

ပြီးရင်တော့ ဓါတ်ခဲတွေက ကြိုးနဲ့ USB က ကြိုးတွေကို အရောင်တူချင်းဆက်ပေးပါ ။ အစိမ်းရောင်နဲ့ အဖြူရောင်ကြိုးကတော့ သုံးဖို့မလိုအပ်ပါဘူး။

အားလုံးချိတ်ဆက်ပြီးတဲ့အခါ ဖုန်းမှာ အားသွင်းကြိုးထိုးလိုက်ပါ ။ မီးအားဝင်နေတာကိုတွေ့ရပါလိမ့်မယ်။

သာမန်အားသွင်းကြိုးနဲ့သွင်းတာထက် ၄ ဆလောက်ကြာနိုင်ပေမယ့် အရေးပေါ်အခြေအနေမျိုးအတွက်အကောင်းဆုံး နည်းလမ်းလေးတစ်ခုပါပဲ။

Credit

ပျက်နေလိုက်
09/03/2022

ပျက်နေလိုက်

Address

No(37/A), 11th, Thirimyine
Mawlamyine
10012

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959971118335

Website

Alerts

Be the first to know and let us send you an email when Mg Shinn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mg Shinn:

Share