ပြည့်စုံဖြိုး အိမ်ဆောက်ပစ္စည်းရာင်းဝယ်ရေး

  • Home
  • Myanmar
  • Mandale
  • ပြည့်စုံဖြိုး အိမ်ဆောက်ပစ္စည်းရာင်းဝယ်ရေး

ပြည့်စုံဖြိုး အိမ်ဆောက်ပစ္စည်းရာင်းဝယ်ရေး Library

15/07/2024
15/07/2024

🍀ပဋိပက္ခအခြေအနေအတွင်း စိုးရိမ်စိတ်ကို စီမံခန့်ခွဲခြင်း 🍀

လူတိုင်းမှာ စိုးရိမ်စိတ်ဆိုတာ ရှိတတ်ပါတယ် ။ စိုးရိမ်စိတ်ဟာ သူ့ပမာဏနဲ့သူရှိတတ်ပြီး ပမာဏအနည်းအများအပေါ်မူတည်ပြီး သက်ရောက်မှု ကွာခြားလေ့ရှိပါတယ် ။

🌵အသင့်အတင့်စိုးရိမ်ခြင်း

စိုးရိမ်စိတ်ရှိတဲ့သူဆိုတာ ပံုမှန်ပါပဲ ။ လံုးဝမစိုးရိမ်တတ်တဲ့သူဆိုတာမရှိပါဘူး ။ စာမေးပွဲမဖြေနိုင်မှာစိုးရိမ်တယ် ။ ရံုးချိန်နောက်ကျမှာစိုးရိမ်တယ် ။ ကိုယ့်ပစ္စည်းတစ်ခုခု ပျောက်ရှသွားမှာစိုးတယ် ၊ ကိုယ်ချစ်သလို ပြန်မချစ်မှာစိုးတယ် ။သူနဲ့ဝေးသွားမှာစိုးတယ် .. စသဖြင့် သာမန်စိုးရိမ်စိတ်တွေဟာ လူ့ဘဝကို အသက်ဝင်လှုပ်ရှားနေစေတဲ့ သဘာဝဖြစ်စဉ်တစ်ခု၊ မောင်းနှင်အားတစ်ခုဖြစ်ပါတယ် ။ အသင့်အတင့်စိုးရိမ်တတ်ခြင်းဟာ တိုးတက်အောင်မြင်မှုအတွက် တွန်းအားတစ်ခုလည်း ဖြစ်နိုင်ပါတယ် ။

🌵အပြင်းအထန် စိုးရိမ်ခြင်း

တချို့စိုးရိမ်မှုတွေက သိသာပြင်းထန်လေ့ရှိပါတယ် ။ အပြင်းအထန်စိုးရိမ်လာတဲ့သူဟာ နှလံုးခုန်နှုန်းတွေ မြန်လာမယ် ၊ ချွေးတွေသန်လာမယ် ၊ မျက်လံုးတွေ ပြူးပြာလာမယ် ၊ကိုယ်ဟန်အမူအယာပျာယာခတ်လာမယ် ။ အဲ့ဒီလို စိုးရိမ်တတ်ကြသူတွေဟာ ဆံုးဖြတ်ချက်တွေ ဝေဝါးမှားယွင်းတတ်ပါတယ် ။ စိုးရိမ်စိတ်ဟာ အနားကလူတွေဆီကိုလည်း ကူးစက်တတ်ပါတယ်။ အထူးသဖြင့် ပဋိပက္ခအခြေအနေအတွင်း နေထိုင်ရှင်သန်ကြရသူတွေရဲ့ စိုးရိမ်စိတ်ဟာ ပံုမှန်ထက်ပိုပြီး မြင့်မားလေ့ရှိပါတယ် ။ နိုင်ငံရေး စီးပွါးရေး လူမှုရေး စတဲ့ အခြေအနေတွေမတည်ငြိမ်တဲ့ကြားမှာ ရှင်သန်ရတဲ့ သူတွေဟာ ကိုယ့်စိုးရိမ်စိတ်ကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မှသာ အမှားအယွင်းနည်းစွာ ဆံုးဖြတ် လုပ်ကိုင်နိုင်မှာဖြစ်ပါတယ် ။ ပဋိပက္ခအခြေအနေအတွင်းမှာ နေထိုင်ရှင်သန်ရသူတွေဟာ အနည်းနဲ့အများဆိုသလို စိတ်ကျန်းမာရေးကျဆင်းလေ့ရှိပါတယ် ။ ဥပမာအားဖြင့်ဆိုရင် မိသားစုတစ်စုအတွင်းမှာ အဖေနဲ့အမေက နေ့စဉ်နဲ့အမျှ အော်ဟစ်ရိုက်ပုတ် ဆူညံ ရန်ဖြစ်နေကြတဲ့အခါ ရန်ဖြစ်နေတဲ့ကာယကံရှင်တွေထက် သားသမီးတွေက ပိုပြီး စိတ်ကျန်းမာရေးထိခိုက်လေ့ရှိပါတယ် ။ ရန်ဖြစ်နေသူနှစ်ဦးဟာ ဘယ်သူမှန်လို့ ဘယ်သူမှားသည်ဖြစ်စေ သူတို့ရဲ့ မာနတွေ ဒေါသတွေ အမုန်းတွေ မကျေနပ်ချက်တွေကို ပေါက်ခွဲဖွင့်ထုတ်ရင်း ပြောချင်ရာပြော လုပ်ချင်ရာ လုပ်နေကြရတဲ့အတွက် စိတ်သက်သာမှုရနိုင်ပြီး ကြားထဲကမြေစာပင်သားသမီးတွေမှာတော့ စိတ်မလံုခြံုခြင်း၊ အကာအကွယ်မဲ့ခြင်း ၊ချောင်ပိတ်မိခြင်း ၊နှစ်ဘက်အမှားအယွင်းတွေကို ထောက်ပြပြောဆိုခွင့်မရခြင်း၊ ကိုယ့်ဆန္ဒ ကိုယ့်ခံစားချက်တွေကို ဖော်ထုတ်ခွင့်မရခြင်း ၊နှစ်ဖက်ကြောက်ရခြင်း စတဲ့ ခံစားချက်တွေကြောင့် တိတ်ဆိတ်နာကျင်မွန်းကြပ်စွာနဲ့ စိုးရိမ်သောကစိတ် ဖိစီးခံရလေ့ရှိပါတယ် ။

ပဋိပက္ခအခြေအနေအတွင်း နေထိုင်ရသူတွေဟာ နေ့စဉ်နဲ့အမျှဆိုသလို မသေချာမရေရာမှုများနဲ့ကိုယ်မထိန်းချုပ်နိုင်တဲ့ အဖြစ်အပျက်တွေကြားမှာ စိန်ခေါ်မှုများနဲ့ ကြံုတွေ့ရင်ဆိုင်ကြရလေ့ရှိပါတယ် ။ ဒီအခြေအနေတွေက ပြင်းထန်တဲ့စိုးရိမ်မှုတွေကို ဖြစ်ပေါ်စေပြီး ဆံုးဖြတ်ချက်အမှားတွေလည်း ချမိတတ်ပါတယ် ။

🌵စိုးရိမ်ခြင်းကြောင့် ဆံုးရှံုးရခြင်း

တချို့လူတွေဟာ စိုးရိမ်စိတ်ကြောင့် ဆံုးရှံုးရတာတွေ ကြံုရတတ်သလို ပဋိပက္ခအခြေအနေကိုရင်းပြီး အမြတ်ထုတ်တတ်သူတွေရဲ့သားကောင်တွေလည်း ဖြစ်လာနိုင်ပါတယ် ။ ပဋိပက္ခကာလမှာ သတင်းအချက်အလက်မှန်မှန်ကန်ကန်ရဖို့ခက်ခဲတတ်သလို ကောလဟလ တွေရဲ့ ဖံုးလွှမ်းမှုကြောင့်လည်း စိုးရိမ်စိတ်မြင့်တက်လေ့ရှိပါတယ် ။ ဥပမာအားဖြင့်ဆိုရရင် ကောလဟလတွေကြောင့် ဘဏ်မှာထားတဲ့ကိုယ့်ငွေကြေးတွေ ဆံုးရှံုးမှာကြောက်စိတ်နဲ့ မလိုအပ်ဘဲ ငွေတွေ ထုတ်ကြ၊ စျေးတွေဝယ်ကြ လုပ်ကြတဲ့အခါ ကုန်စျေးနှုန်းကြီးမြင့်ခြင်းတွေ မြန်မာငွေ တန်ဖိုးကျဆင်းခြင်းတွေနဲ့အတူ ပဋိပက္ခကာလမှာ ကိုယ်ကျိုးရှာလိုသူများရဲ့စျေးကစားမှု လှည့်ကွက်တွေကြားမှာ ပိုပြီးဆံုးရှံုးရလေ့ရှိပါတယ် ။ ဒါဟာလည်း ပဋိပက္ခကာလမှာ စိုးရိမ်စိတ်ကြောင့် ဆံုးဖြတ်ချက်တွေ မှားယွင်းခြင်းပါပဲ ။

🌵အလွန်အမင်းစိုးရိမ်ခြင်း

အလွန်အမင်းစိုးရိမ်တဲ့အခါမှာတော့ စိတ်ဖိစီးခြင်းနဲ့ စိတ်ကျခြင်းတွေပါ များများစားစားပူးတွဲလာပြီး ခန္ဓာကိုယ်ဝေဒနာဖြစ်တဲ့အထိ ပြင်းထန်လာပါတော့တယ် ။ အကြောအချင်တောင့်တင်းနာကျင်ခြင်း ၊ခေါင်းကိုက်ခြင်း ၊မောပန်းခြင်း ၊ အသက်ရှူကြပ်ခြင်း၊ အိပ်မပျော်ခြင်း ၊သတိမေ့ခြင်း ၊စိတ်တိုခြင်း၊ ကတုန်ကယင်ဖြစ်ခြင်းကစလို့ နှလံုး သွေးတိုး စသဖြင့် ခန္ဓာကိုယ်ဝေဒနာများဖြစ်ပွါးစေတဲ့အထိ ထိခိုက်မှုရှိနိုင်တဲ့အပြင် ငယ်ဘဝ traumaတွေရှိတဲ့သူဆိုရင် ပဋိပက္ခကာလတွေမှာ ခံစားရတဲ့ anxiety တွေအပါအဝင် တခြားသောအကြောင်းအချက်များပါ ပူးပေါင်းလာတဲ့အခါ anxiety disorder လိုစိတ်ဝေဒနာမျိုးအထိတောင် ဖြစ်နိုင်ပါသေးတယ် ။

🌵ပဋိပက္ခအခြေအနေအတွင်း Anxiety ကို ဘယ်လိုလျှော့ချမလဲ

၁။ သတင်းရင်းမြစ်မခိုင်မာတဲ့ သတင်းတွေ ကို မဖတ်ရှုပါနဲ့ ။ လိုင်းပေါ်ကသတင်းတွေထက် လက်တွေ့မြေပြင်ကအခြေအနေတွေကို သတိထားလေ့လာပါ ။

၂။ နှစ်ဖက်သတင်းတွေကို နှိုင်းယှဉ်သံုးသပ်ချင့်ချိန်ယံုစားပါ။ ကောလဟလတွေကို မဆင်မခြင်မယံုပါနဲ့ ။ ကောလဟလထပ်ဆင့်ဖြန့်ဖြူးသူမဖြစ်အောင် သတိထားပါ ။

၃။ လွန်လွန်ကဲကဲ စိုးရိမ်ပူပန်မှုဖြစ်အောင် လှံု့ဆော်မှုတွေအပေါ်မှာ ခံစားချက်အများကြီးမထားမိအောင် သတိပြုပါ ။

၄။ အခြေအနေတူ လူတွေရဲ့ လက်တွေ့ဘဝကို မျှဝေခံစားပါ သတင်းဖလှယ်ပါ ။

၅။ပဋိပက္ခအတွင်း နစ်နာဆံုးရှံုးနာကျင်ခံစားရသူတွေရဲ့ခံစားချက်ကို နားလည်ပေးပါ ။စာနာဖေးမပါ။

၆။ လက်တွေ့ဘဝနဲ့ကင်းကွာတဲ့ မျှော်လင့်ချက်တွေကို လျှော့ချပါ ။ positive thinking နဲ့ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းဆောင်တာတွေကိုမပျက်မကွက် လုပ်ဆောင်ရင်း တစ်နေ့ချင်း တည်ငြိမ်စွာဖြတ်သန်းပါ ။

၇။Exercise ပံုမှန်လုပ်ပါ ၊ သို့မဟုတ် လမ်းမှန်မှန်လျှောက်ပါ

၈။တရားထိုင်ပါ သို့မဟုတ် အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ ။

၉။ကျန်းမာရေးကောင်းမွန်အောင် အစားအသောက်အနေအထိုင်ဂရုစိုက်ပါ ။ သင့်တော်သောနည်းလမ်းနဲ့ relaxလုပ်ပါ ။

၁၀။ချစ်ခြင်းမေတ္တာစိတ်နဲ့ ကိုယ့်အနားကချစ်ရသူတွေကို ပိုပြီး နွေးထွေးကြင်နာဂရုစိုက်ပါ ၊

၁၁။ ဒုက္ခရောက်နေသူတွေကို အတတ်နိုင်ဆံုးကူညီစောင့်ရှောက်ဖေးမပါ။

၁၂။ကိုးကွယ်ယံုကြည်ရာဘာသာတရားရဲ့အဆံုးအမကို ခံယူပါ။

ဘဝမှာ ဘယ်လိုအခြေအနေပဲ ကြံုကြံု စိတ်ကျန်းမာရေးကောင်းမွန်အောင် အသိနဲ့သတိနဲ့နေထိုင် နိုင်တာဟာလည်း အရည်အချင်းတစ်ခုပါပဲ ။ စိတ်ကျန်းမာရေးရော လူကျန်းမာရေးပါ ကောင်းမွန်နေတဲ့သူဟာ ဘဝရဲ့အခါးတွေကို ကြံ့ကြံ့ခံနိုင်သလို ဘဝရဲ့အချိုတွေကိုလည်း မြိန်ရေယှက်ရေသံုးဆောင်နိုင်တာမို့ပါ ။

စိုးရိမ်စိတ်ဖိစီးမှုတွေကို လျော့ချနိုင်ပြီး ပိုမိုကောင်းမွန်တဲ့စိတ်ကျန်းမာသောဘဝကို တည်ဆောက်နိုင်ကြပါစေ…။

မေတ္တာဖြင့်..
#ပုညခင်
18.11.2023
[ဤဆောင်းပါးကို shareလိုက shareနိုင်ပါသည် ။ ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ]

12/07/2024

ပြည့်စုံဖြိုး မှာဘာပစ္စည်း
ပဲဝယ်ဝယ် Kpay နဲ့ရှင်းမလား
Bank account နဲ့ရှင်းမလား
အားလုံးနဲ့ လက်ခံပါတယ်​နော်
မိတ်​ဆွေတို့နဲ့ လက်တွဲပြီး
အခက်အခဲမှန်သမျှ
အရာအားလုံးကို အတူတူ​ကျော်ဖြတ်ကျမယ်

သီတင်းကျွတ်အခါသမယ မှာ မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး စီးပွားဥစ္စာများ ဒီရေအလ...
09/10/2022

သီတင်းကျွတ်အခါသမယ မှာ
မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး စီးပွားဥစ္စာများ ဒီရေအလားတိုးတက်ကြီးပွားကြပါ‌‌စေကြောင်း

ပြည့်​စုံ​ဖြိုး အိမ်ဆောက်ပစ္စည်းဆိုင် မိသားစုမှ

ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

09/10/2021

နေစရာအိမ်ဆောက်မယ်ဆိုရင်
~~~~~~~~~~~~~~~~~~~
(တန်ဖိုးရှိလွန်းလို့သိမ်းထားခဲ့တာပါ။အခုခေတ်မှာ လုပ်ဖို့မပြောနဲ့သိသူတောင်နည်းသွားပြီ)

ဆရာကြီးဒဂုန် ရဲ့စာတွေဖတ်ရင်း
တွေ့မိလို့သိမ်းထားခဲ့တဲ့ထဲက
အိမ်ဆောက်ရင် လိုအပ်ချက်တွေကို
သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
မြင်လဲမြင်ဆရာ ပါ။
သူရေးခဲ့တဲ့ စာစုကို
ပြန်ဖော်ပြလိုက်ပါတယ်။

အသက်တွက်ပြီးမှအိမ်ဆောက်ပါ
အိမ်ဆောက်တော့မယ်ဆိုရင်အသက်တွက်ပြီးမှ
အိမ်ဆောက်သင့်တယ်လို့ ဆိုပါတယ်။
ဒီအချက်ကို လင်္ကာလေးနဲ့ညွှန်းထားပုံက
အိမ်သစ်ဆောက်လိုများလူဗိုလ်၊
သက်ကိုရှစ်နဲ့စား
တစ်ခုကြွင်းမူသူဌေးယူ၊
နှစ်မူသူကြွယ်သား။ လေးခုကြွင်းငြားရွှေလှေခါး၊
ငါးကားရွှေပြဿဒ်။
သုံး၊ခြောက်၊ခုနှစ်၊သုံးဘုံလစ်၊
အိမ်သစ်မဆောက်အပ်တဲ့။
လင်္ကာရဲ့သဘောကဒီလိုပါ။
ကိုယ့်ရဲ့ အသက်ကို (၈)နဲ့ စားလိုက်ပါ။
၁=ကြွင်းရင် ဒီနှစ်မှာ
အိမ်ဆောက်တဲ့အတွက် သူဌေးဖြစ်နိုင်သလို၊
၂=ကြွင်းရင်လည်း သူကြွယ်ဖြစ်တတ်ပါသတဲ့။
၄-ကြွင်းရင် ဘ၀ရဲ့ အဆင့်မြင့်မှုကို ရရှိပြီး၊
၅=ကြွင်းရင် လည်း တို့ထက်ကောင်းပါတယ်။

၃၊ ၆၊၇နဲ့ ဝြကွင်းရင်တော့ ဒီအသက်၊
ဒီနှစ်ထဲမှာ အိမ်သစ် မဆောက်သင့်ပါဘူး။ ဆောက်ရင်ဆောက်သူအဖို့ ဘေးရန်များတာ၊ စီးပြားက်တာ၊ ရောဂါဘယ ပြားမ်ား တာတွေဖြစ်နိုင်တယ်နဲ့တူပါတယ်။

အိမ်သစ်ဆောက်မယ့်မြေရွေးရဦးမယ်အိမ်သစ်ဆောက်သင့်တဲ့ အသက်ရောက်လိုကအိမ်
သစ်ဆောက်ဖို့စီစဉ်ပြီဆိုရင်၊ ဆောက်မယ့်မြေလည်းရွေးချယ်ရပါဦးမယ်။ စနစ်တကျရွေးချယ်မှအိမ်ရှင်အတွက် ကောင်းမွန်ပြီး ဘေးရန်အသွယ် သြယ္က ကင်းဝေးနိုင်ပါမယ်၊ မြေရွေးနည်း လင်္ကာကတော့ ဒီလိုပါ။

အဆင်းဖြူငြားမြေပုဏ္ဏား၊စီးပွားဖြစ်တတ်စွာ။
အဆင်းနီလွင်မြေဘုရင်၊မင်းလျှင်ဖြစ်တတ်ပါ။
အဆင်းနက်ကမြေဒါသ၊ဒုက္ခဘေးတွေ့ရာ။
အဆင်းဝါဘိမြေပကတိ၊သုခိအဝေရာ။
အဆင်းပြာလျှံ၊ကေသပံ၊နိုင်ငံတည်ထောင်ရာ။
မြေမင်းပုဏ္ဏားကျောင်းအိမ်များ၊ဆောက်ထားဇရပသြာ။
မြေဒါသမှာဥယျာဉ်သာ၊
လယ်မှာလုပ်လေပါ၊
မြေပကတိကိုရဟန်းဆို၊
နေလို့ကောင်းလေစွ။

လင်္ကာရဲ့သဘောကမြေရဲ့အဆင်းအရောင်ကိုကြည့်ပြီး အိမ်၊ ကျောင်း၊ ဇရပ်၊ ဥယျာဉ်တို့တည်ထား သင့်တယ်ဆိုတဲ့သဘောပါ။ သေသေချာချာပြောရရင်
အဆင်းဖြူတဲ့ မြေကို
မြေပုဏ္ဏားလို့ ခေါ်တယ်။
ဒီမြေမှာအိမ်ဆောက်ရင် အိမ်ရှင်ဟာစီးပွားတက်မယ်။ ချမ်းသာမယ်။
မြေအဆင်းနီရင် ဒီမြေကိုမြေဘုရင်လို့ သတ်မှတ် တယ်။ ဒီမြေမှာ အိမ်ဆောက်ရင် အိမ်ရှင်ဟာအကြီး အကဲဖြစ်မယ်။ အများရဲ့ ကြည်ညိုလေးစားမှုကို ခံရမယ်။
အဆင်းနက်တဲ့ (မြေသြဇာ၊ မြေဆီမြေနှစ်များတဲ့) မြေကို မြေဒါသလို့ ခေါ်တယ်။
ဒီမြေမှာ အိမ်မဆောက်သင့်ဘူး။ ဘေးရန်များတတ်တယ်။
ဒီမြေဟာ (မြေဆီ မြေနှစ် များတဲ့အတွက် ) ဥယျာဉ် စိုက်ပျိုးတာ၊ လယ်လုပ်ကိုင်တာသာ
လုပ်သင့်ပါ သတဲ့။
အဆင်းအရောင် ခပ်ပြာပြာရှိတဲ့မြေကိုတော့ ကေသပ လို့ခေါ်ပြီး နိုင်ငံအကြီးအကဲတွေရဲ့
အေရးပါတဲ့ အဆောက်အအုံတွေ ဆောက်သင့်တယ်လို့ယူဆရပါ တယ်။
မြေအဆင်းဟာ ဝါရင်ပကတိ မြေသားအဖြစ် သတ်မှတ်ပါတယ်။
ဒီမြေဟာ အိမ်တို့၊ ဇရပ်တို့ ထက်ရဟန်း သံဃာတော်များ သီတင်းသုံးရာ ကျောင်းဆောက်သင့်ပါတယ်။ ရဟန်းသံဃာတော် များကြည်လင် အေးချမ်းစွာ သီတင်းသုံးပျော်မွေ့စေ နိုင်တဲ့မြေမျိုးပါ။
ဒီလမှာအိမ်သစ်ဆောက်ပါအိမ်သစ်ဆောက်ဖို့ အသက်လဲရောက်ပြီ၊ ဆောက်သင့်တဲ့ မြေလဲရပြီ၊ ကဲ အိမ်သစ်ဆောက်ကြစို့။ အဲတစ္ခု ကျန်သေးတယ်။ ဘယ္လမွာ ဆောက်မလဲ။ လင်္ကာလေးကို ဖက်ကြည့်ပါဦး။

လတန်ခူးမှာအိမ်ဆောက်ခါ၊ ချမ်းသာပြည့်ကြွယ်၀။
လကဆုန္ကားဆန္စပါး၊ ပေါများကြွယ်တက်လှ။
ဝါခေါငျလမှာအိမျဆောကျခါ၊ ဥစ္စာတိုးပွားရ။
နတ်တော်လတွင်အိမ်ဆောက်လျှင်၊ ပေါ်ထင်ကျော် စောစွ။
ပြာသိုလမှာလူတကာ၊များစွာချီးမွမ်းရ။
တပေါင်းလ၀ယ်၊ချမ်းသာကြွယ်၊ဆောင်းဖွယ်
ဤခြောက်လ။
လင်္ကာက ပြောထားတာကလေးက ရှင်းရှင်းကလေး ပါနော်၊ အကျဉ်းရုံးပြောရရင် တန္ခူးလ၊ ကဆုန္လ၊ ဝါခေါင်လ၊ နတ်တော်လ၊ ပြာသိုလ၊ တပေါင်းလ စတဲ့ မြန်မာလတွေမှာ အိမ်သစ်ဆောက်သင့်တယ်။ ဆောက်ရင် ကောင်းတယ်။ သူ့လနဲ့သူစီးပွားတက် တာ၊ စပါးထြတ္တာ၊ ချမ်းသာတာ၊ ထင်ပေါ်ကျော် ကြားတာတွေ ဖြစ်မယ်။ ဒါကြောင့် အဲဒီခြောက်လမှာ အိမ်သစ်ဆောက်သင့်ပြီး စပါးစိုက်တဲ့လ၊ အလုပ္မ်ား တဲ့လတွေမှာဖြစ်တဲ့ နယုန္လ၊ ဝါဆိုလ၊ ဝါဆိုလ၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း။ တပိုတြဲစတဲ့ လေတြမွာ အိမ်သစ်မဆောက်သင့်ပါဘူး။ လရွေးပြီးရင်၊နေ့လဲရွေးပေးဦး။ အဲဒီလိုအိမ်သစ်ဆောက်ဖို့ လရွေးပြီးတာနဲ့ ကြိုက်တဲ့နေ့မှာ စတင်ပြီးဆောက်လို့မဖြစ်သေးပါဘူး သင့်လျှော်တဲ့နေ့ ရွေးဖို့ကိုလဲ လင်္ကာနဲ့ပဲ လမ်းညွန်ထားပါတယ်။
လင်္ကာကလေးကဒီလိုပါ။
တနင်္ဂနွတွေင်အိမ်ဆောက်လျှင်၊ မရွှင်စိတ်သောက။
နေ့တနင်္လာလွန်ချမ်းသာ၊ အင်္ဂါ လာဘ်ကြီးရ။
ဗုဒ္ဓဆောက်ခါဆင်းရဲစွာ၊ ရံခါ ချမ်းသာရ။
ကြာသပတေးမှာအိမ်ဆောက်ခါ၊ ရောဂါကင်းစင်ပ။
နေ့ကားသောကြာအေးကြည်စွာ၊
ရံဖန်ပူပင်ရ။
စနေနေ့မူအိမ်ဆောက်သူ၊
ဗိုလ်လူညှင်းပမ်းကြ။

ဒီလင်္ကာသဘောအရ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေတို့မှာ အိမ်သစ်စမဆောက်သင့်ဘူး၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မှာအသင့်အသင့်ကောင်းပေမယ့် စေန၊ တနင်္ဂနွမှောတော့ လုံး၀ မကောင်းနိုင်ဘူး။ စပြီး ဆောက်သင့်တဲ့ ရက်တွေကတော့ တနင်္လာနေ့၊ အင်္ဂါနေ့၊ ကြာသပတေးနေ့ တို့ပါပဲ။ ဘာကြောင့် ဆောက်လုပ်သင့်သလဲဆိုတာကတော့ လင်္ကာမှာပါပြီးသားပါ။
မြေကျစ်အားကဟောတဲ့ဗေဒင်ကိုယ်အိမ်ဆောက်ဖို့ရွေးထားတဲ့မြေရဲ့မြေကျစ်အား(မြေရဲ့သိပ်သည်းခြင်း) က ကိုယ့်ကိုဗေဒင်ဟော တတ်ပါသတဲ့ ။
ဟောပုံက
အိမ်ကျောင်းဆောက်ရာ၊ မြေကိုသာ၊ သေချာမှတ် ပြီးမှ။
ပေါက်ပေါက်ဆန်ပန်း ဓိဌာန်မှန်း၊ ချိန်နော် ကြည့်အပ်လှ။
တစ်ကျပ်ပြည့်လတန်၊ ဆင်းရဲတက် နှစ်ကျပ် ဒုက္ခရ။
သုံးကျပ်လေးကျပ်၊ မတောင်းတက်၊ ငါးကျပ် မေတ္တာမျှ။
ခြောက်ကျပ်မှာ လာဘ်၊ ခုနှစ်ကျပ် အရပ်ပြောင်းရွေ့ရ။
ရှစ်ကျပ်ဥစ္စာ ၊ ပေါများပါ၊
ကိုးမွာ သိဒ္ဓိကပ်၊
တစ်ဆယ်ဘေးမှတ်၊ ဆယ့်တစ်ကျပ်၊တိုးတက်သက်ဇီ၀။
ဆယ့်နှစ်ဆယ့်သုံး၊ ချိန်ကျပ်နှုန်း ရွှင်ပြုံးချမ်းသုခ။
ဆယ့်လေးချစ်ခင်၊ ဆယ့်ငါးကွင်းလူရှင်မှန်တတ်စွ။
ဆယ့်ခြောက်ကောင်းစွန်၊တစ်ဆယ့်ခွန်၊အလွန်မျက်ထွက်စွ။
ချိန်ကျပ်ကောင်းစွာ၊ အိမ်ကျောင်းရာ၊ ဆောက်ခါ နေထိုင်ကြ။
ကြံတိုင်းလည်းအောင်၊ သိဒ္ဓိဆောင်၊လူ့ဘောင်ကျော် စောလှ။ တဲ့

ဒီလင်္ကာကို ( Burmese to Burmese )ဘာသာပြန် ရရင်-
အိမ်တို့၊ ကျောင်းတို့ဆောက်ဖို့မြေနေရာ တိတိ က်က် ရပြီဆိုရင်
မြေပေါ်မှာ ဆန်၊ ပန်း၊ ပေါက်ပေါက် နဲ့ဖြန့်ကြဲပူဇော်ရမယ်၊ အဓိဋ္ဌာန်ပြု သစ္စာဆိုပြီးတိကျမှန်ကန်တဲ့အတိတ်နမိတ်ပေါ်အောင်ဆုတောင်းရမယ်။
ပြီးရင်တူရွင်းနဲ့မြေကိုတစ်ကော်ကော်လိုက် လိုက်ရမယ်။
ရတဲ့ မြေ တစ်ကော်စာကို ကျပ်သားနဲ့ ချိန်ကြည့်ရမယ်။ မြေတစ်ကော်စာချင်း တူပေမယ့် အလေးချိန်မတူနိုင်ဘူး။ ဒါက မြေကျပ်အား (ဝါ) မြေရဲ့ သိပ်သည်းမှုချင်း မတူလို့ပါ။ ဒီမြေကျစ်အား ဟာ အိမ်ဆောက်မယ့်သူအတွက် အတိတ်နိမိတ် ပါပဲ။ ဘယ်လိုအတိတ်နမိတ်လဲဆိုတော့-
တူရင်းမြေတစ်ကော်စာဟာ-
တစ်ကျပ်သားရှိရင်ဆင်းရဲမယ်။
နှစ်ကျပ်သားရှိရင်ဘေးဒုက္ခတွေ့မယ်။
သုံးကျပ်သားရှိရင်လေးကျပ်သားရှိရင်သိပ်မကောင်းဘူး။ ငါးကျပ်သားရှိရင်လူတကာရဲ့ချစ်ခင်မှုကိုခံရမယ်။
ခြောက်ကျပ်သားရှိရင်လာဘ်ရမယ်။
ခုနှစ်ကျပ်သားရှိရင် အရပ်တစ်ပါးကို ပြောင်းရွေ့ ရတတ်တယ်။
ရှစ်ကျပ်သားရှိရင်ဥစ္စာဓနပေါများမယ်။
ကိုးကျပ်သားရှိရင်သိဒ္ဓိအပေါင်းနဲ့ပြည့်စုံနိုင်တယ်။
ဆယ်ကျပ်သားရှိရင်တော့ ဘေးဥပါဒ်အန္တရာယ်တွေ့ ကြုံရတက်တယ်။
ဆယ့်တစ်ကျပ်သားရှိရင်အသက်ရှင်မယ်။
ဆယ့်နှစ်ကျပ်၊ ဆယ့်သုံးကျပ်သားရှိရင် ပျော်ရွှင် ချမ်းသာစွာနေရမယ်။
ဆယ့်လေးကျပ်သားရှိရင် ချစ်သူခင်သူပေါများမယ်။
ဆယ့်ငါးကျပ်သားရှိရင်တော်မှန်တဲ့သူဖြစ်မယ်။
ဆယ့်ခြောက်ကျပ်သားရှိရင်ကောင်းတယ်။
ဆယ့်ခုနှစ်ကျပ်သားရှိရင်တော့ဒေါသထွက်စရာ။ အမျက်ထွက်တာတွေ ဖြစ်မယ်။

ရိုးရာဓလေ့ပန္နက်ရိုက်ပုံဒီလိုမြေကို စနစ်တကျရွေး၊ အိမ်ဆောက်မယ့်၊ နှစ်၊ လ၊ ရက်တွေ သေသေချာချာရွေးပြီးလို့ အိမ်ဆောက် ပြီဆိုရင် စစချင်းဆောင်ရွက်ရမှာက ပန္နက်ရိုက်ခြင်း ပါပဲ။

ပန္နက်ရိုက်ရာမှာထုံးတမ်းအစဉ်အလာအရ မြေစောင့်နတ်ကို ပူဇော်ရပါတယ်။ ပူဇော်ရာမှာ တင်လှူရတဲ့၊ အရာတွေကတော့ အသားသက်လွတ် ထမင်းနှင့်ယိုစုံပါ။
ဒါတွေကို ဖက်သန့်သန့်နဲ့ထည့် ပြီး ပူဇော်ရပါတယ်။ ပူဇော်ရာမှာရတဲ့ ဆုတောင်း ကေတာ့ ဒီလိုပါ။ (ရိုးရာ အစဉ်အလာ ထိန်းသိမ်း မှတ်တမ်းတင်တဲ့အနေနဲ့ ထည့်သွင်းဖော်ပြပါရစေ)။
ဉုံ ဘုမ္မိရာဇာ၊ မြေသင်္ချာကို၊ အစိုးရသည့် နဂါး သနင်း၊မြေနတ်မင်း၊ ကောင်းခြင်းတိုင်မြဲ၊ ပန္နက်သဲက၊ စသည်ရုံပေါင်း၊ ခြပုန်းတောင်ပို့၊ဤသို့တစ်ကြောင်း၊ ရှေးသူဟောင်းတို့၊
မကောင်းချွတ်လွဲ၊မြေထဲလားမြုပ်၊ အရုပ်ဆင်းချ၊ ဆိုရေးစသား၊ ဒေါသကင်းရေး၊ ကောင်းရာဆေးလော့၊ သူ့သွေးသွန်ရာ၊ ဆရာပြု ဟောင်း၊ မကောင်းတစ်ဆေ၊ နေ့တွင်သည်ကား၊ ဝေးဝေးရှား၊ ဘုရားရုပ်တု၊ ဆင်းတုမလွတ်၊ ဓာတ် တော် မွေတော်၊ ရှိငြားသော်လည်း၊ ကော်ရော်ရိုညွတ် နတ်တကာတို့၊ မပါစေကြောင်း။ ရေကြောင်းဆေး မည်။ အလျှံတည်၊ အရောင်ညီးညီး၊ လင်ပန်းကြီး နှင့်၊ ပွဲကြိုနတ်ယကာ၊ ကိုင်စွဲကာဖြင့်၊အင်းကားလက်ျာ၊ ဆေးကားလက်ဝဲ၊ ကိုင်စွဲအနေ မြေတွင်ချ ၊ ပသမလွတ်၊ယွင်းချွတ်သော်လည်း၊ နတ်ရှင့်ပွဲတော်၊ စားတော်ခေါ်လော့၊ ဇဟိ ံတတ္တိ ံ ဘုံဉ္ဇာဟိ ဘုဉ္ဇာဟိဒီလို ပူဇော်ဆုတောင်းပြီးရင် ဆန်ပေါက်ပေါက်တွေနဲ့ မြေကွက်အနှံ့ ကြဲဖြန့်ရပါတယ်။ ပြီးတော့မှ ပန္နက်ချကြလေ့ရှိကြပါတယ်။
တိုင်ထူရင်ရှောင်ရမယ့်အသားအိမ်ဆောက်ရာမှာ မသုံးသင့်တဲ့အသားတွေကိုလဲညွန်ပြထား
တာရှိပါသေးတယ်။ အဲဒီအသားတွေကတော့ မိချောင်း၊ မအူ၊ သခွပ်၊ သျှိသျှား၊ သီးသား၊
သပြေသား၊ သစ်ဆိမ့်သား၊ ရေသာသား၊ ကေလာသား၊ လက်ပံသား၊လဲဝါတို့ဖြစ်ပါတယ်။

မိဘတိုင်ခြောက်လုံးရဲ့အမည်သညာမြန်မာ့ရိုးရာ အိမ္ပုံစံအရ အဓိကက်တဲ့ တိုင်ခြောက် လုံးရှိပါတယ်။ ဒီတိုင်ခြောက်လုံးတည်ပုံနဲ့ အမည်တွေကတော့ဟောဒီပုံစံအတိုင်းပါပဲဗျာ။

အရှေ့မြောက် (စုံပင်လယ်)
အရှေ့တောင် ( ဦးယူ )
အလယ်မြောက် ( ကျငန်းမ )
အလယ်တောင် ( ကျငန်းဖို )
အနောက်မြောက် ( သပြေ )
အနောက်တောင် ( ကုမ်ဘီ )

အဲဒီ တိုင်ခြောက်လုံးမထူခင်မှာ တိုင်စိုက်မယ့်ကျင်း ထဲကို
ဟောဒီအတိုင်းဆိုင်ရာရာ သွန်းလောင်းမြုပ်နှံရ ပါတယ်။
ကျငန်းဖိုကျင်းထဲ ပတ္တမြားစိမ်းရေလောင်းရမယ်။
ကျငန်းမကျင်းထဲကို ခဲရေ လောင်းရမယ်။
ဦးယူတိုင်စိုက်မယ့်ကျင်းထဲကို ကြေးနီမြုပ်ရမယ်။
စုံပင်လယ်တိုင်စိုက်မယ့်ကျင်းထဲကို ဆန် မြုပ်ရမယ်။
ကုမ်ဘီတိုင်စိုက်မယ့် ကျင်းထဲကို ကြေးဖြူမြုပ်ရမယ်။
သပြေတိုင်စိုက်မယ့်ကျင်းထဲကို ခဲမဖြူမြှပ်ရမယ်။
ဒီတိုင်တွေကို မစိုက်မီက တစ်ခါတည်းမှန်ကန်အောင် စနစ်တကျစိုက်ထူရမယ်။ ပန္နတ်သေသေချာချာ ချပြီး မှထူရမယ်။ ထူပြီးတော့မှမကြိုက်လို့သဘောမကျလို့ဆိုပြီး ပြန်နှုတ်၊ ပြန်စိုက်တာမျိုးမဖြစ်စေရဘူး။
ဒါတွေလဲရှောင်ရဦးမယ် ။
အိမ်ဆောက်ရာမှာ ရှောင်သင့်တာတွေလဲ ရှိပါသေး တယ်။
အဲဒါတွေကတော့ -
အိမ်ဖြစ်တဲ့အတွက် တိုင်တွေ၊ ဘောင်တွေမှာ ကနုတ် ပန်းဆွဲတွေ ဘာတွေနဲ့ တန်ဆာမဆင်ရဘူး။
ထုတ်တန်းမစွပ်ခင် ယက်မတင်တာမျိုး မလုပ်ရဘူး။
ယက်မတင်ပြီးမှ ထုတ်တန်းစွပ်ရမယ်။
ကြမ်းခင်းထက်ကျော်ပြီး ရှည်ထွက်နေတဲ့ တိုင်တွေ မရှိသင့်ဘူး။ ရှိနေရင် ဖြတ်ပစ်ရမယ်။
ခေါင်ရိုးနဲ့ (ခေါင်လျှောက်ခွ) မတင်ခင်မှာလဲ ကြမ်းမဖောက်ရဘူး။
ထုတ်တွေ၊ တန်းတွေ အစွန်းထွက်တာ မရှိစေရဘူး။
ရှည်ထွက်နေရင်ဖြတ်ပစ်ရမယ်။
ပြီးတော့ အိမ်မဆောက်ခင်က ၀ငျးထရံကို ကြိုပြီး ခတ်မထားရဘူး။
အိမ်ဆောက်ပြီးမှ ၀ငျးခတျရမယျ။
အိမ်သစ်ပြီးလို့ အိမ်သစ်တက်တော့မယ်ဆိုရင် သပြေသားကိုင်ပြီးမှ တတ်ရပါမယ်။
ကျောင်းသစ် တက်တော့မယ်ဆိုရင် သနပ်သားဆောင်ပြီးမှ တက်ရ မယ်။
ဒါမွ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းမယ်လို့ ဆိုပါတယ်။
အိမ်အကာအကွယ်
အိမ်သစ်မှာ နေထိုင်ကြမယ့် မိသားစုတွေ ဘေးဥပါဒ် အန္တရာယ်တွေ ကင်းဝေးအောင် ကာကွယ်ကြပုံလဲ ရှိပါသေးတယ်။
ကာကွယ်ပုံမှာ --
အရှေ့တောင်ကတိုင်မှာ သိ
အနောက်တောင်က တိုင်မှာ န
အနောက်မြောက်ကတိုင်မှာ ဗိ
အရှေ့မြောက်ကတိုင်မှာ ဘု
ဆိုပြီး ရေးသားရခြင်းပါပဲ။
အဲဒီ စာတစ်လုံးစီရဲ့ အရှည်ကတော့ -
သိ = သိကြား
န = နဂါး
ဗိ = ဗိဿနိုး
ဘု = ဘုရား ဖြစ်ပါတယ်။
ဒီစာရေးထားတဲ့ တိုင်တွေကိုလဲ ရွှေရည်၊ ငွေရည်၊ စိန်ရည်၊ ကျောက်ရည်တို့ သွန်းလောင်းပေးရပါ တယ်။ ဒီလိုပြုခြင်းအားဖြင့် အိမ်သူအိမ်သားများဖို့ ဥပါဒ်အန္တရာယ် ကင်းရှင်းပြီး စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ပါသတဲ့ ခင်ဗျာ။
အခုတင်ပြခဲတဲ့ အကြောင်းအရာတွေကတော့ မြန်မာ့ ရိုးရာထုံးတမ်းအစဉ်အလာအရ အိမ်သစ်၊ ကျောင်း သစ် ဆောက်ရာမှာ ပြုလုပ်ဆောင်ရွက်၊ ရှောင်ကြ၊ ဆောင်ကြတဲ့အချက်တွေပါ။ ခေတ်နဲ့ လျော်ညီစွာ ရှိတယ်၊ မလျော်ညီတယ်ဆိုတာကိုတော့ စာဖတ္သူ တို့ကို ဆုံးဖြတ်ခွင့်ပေးပြီး ရိုးရာဓလေ့ထုံးစံတစ်ရပ်ကို မှတ်တမ်းတင်တဲ့အနေနဲ့ ဖော်ပြလိုက်ရပါတယ်။

Credit to original uploader
*t

တံတားဦးမြို့နယ် ချောင်းခွရွာတွင်ဆိုင်ခွဲဖွင့်ထားသော ပြည့်စုံဖြိုးအိမ်ဆောက်ပစ္စည်းဆိုင် မှMain customer ကြီးများကိုကိုဗစ...
12/09/2021

တံတားဦးမြို့နယ် ချောင်းခွရွာတွင်
ဆိုင်ခွဲဖွင့်ထားသော
ပြည့်စုံဖြိုးအိမ်ဆောက်ပစ္စည်းဆိုင် မှ
Main customer ကြီးများကို
ကိုဗစ်ကာလအချိန်မှာ အလုပ်အကိုင်များရှားပါးနေချိန်
မိတ်ဆွေတွေရဲ့ စားဝတ်နေရေးအတွက်
မိမိတို့တတ်စွမ်းသမျှ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

ရှေ့ဆက်လဲလက်တွဲပြီး အတူတကွကြိုးစားကြမယ်လေ
မိတ်ဆွေများအားလုံး ကျန်းမားခြင်းသုခ
ချမ်းသာခြင်းသုခတွေ ရရှိခံစားနိုင်ပါစေလို့
ပြည့်စုံဖြိုး အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး
မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ခေတ်မီသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကိုပုံဖော်ထုဆစ်ကျမယ့် တန်းဖိုးဖြတ်မရနိုင်သောနိုင်ငံခေါင်းဆာင်များ ကျဆုံးသော၇၄ ...
19/07/2021

ခေတ်မီသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို
ပုံဖော်ထုဆစ်ကျမယ့် တန်းဖိုးဖြတ်မရနိုင်သော
နိုင်ငံခေါင်းဆာင်များ ကျဆုံးသော
၇၄ နှစ်မြောက် အာဇာနည်နေ့ကို
ပြည့်စုံဖြိုး အိမ်ဆောက်ပစ္စည်းဆိုင် မိသားစုမှ
ဝမ်းနည်းခြင်း များစွာဖြင့် အလေးပြုပါ၏။

[Unicode]လူကြီးမင်းတို့ ၊ မိတ်ဆွေတို့ရဲ့ လုပ်ငန်းခွင်မှာ Safety အတွက်ပစ္စည်းလိုရင် ပြည့်စုံဖြိုးကို သတိရလိုက်ပါSafety အင...
25/12/2020

[Unicode]လူကြီးမင်းတို့ ၊ မိတ်ဆွေတို့ရဲ့ လုပ်ငန်းခွင်မှာ
Safety အတွက်ပစ္စည်းလိုရင် ပြည့်စုံဖြိုးကို သတိရလိုက်ပါ
Safety အင်္ကျီ‌တွေ ရောင်စုံရှိတယ်နော်။
လက်လီ/လက်ကား ဘာပဲလိုလို ဖုန်းဆက်လိုက်နော်။

092012788 , 092027797

[Zawgyi]လူကြီးမင်းတို့ ၊ မိတ်ဆွေတို့ရဲ့ လုပ်ငန်းခွင်မှာ
Safety အတွက်ပစ္စည်းလိုရင် ပြည့်စုံဖြိုးကို သတိရလိုက်ပါ
Safety အင်္ကျီတွေ ရောင်စုံရှိတယ်နော်။
လက်လီ/လက်ကား ဘာပဲလိုလို ဖုန်းဆက်လိုက်နော်။

092012788 , 092027797

လူကြီးမင်းတို့ ၊ မိတ်ဆွေတို့ရဲ့ လုပ်ငန်းခွင်မှာ Safety အတွက်ပစ္စည်းလိုရင် ပြည့်စုံဖြိုးကို သတိရလိုက်ပါSafety ဦးထုပ်တွေ ရ...
25/12/2020

လူကြီးမင်းတို့ ၊ မိတ်ဆွေတို့ရဲ့ လုပ်ငန်းခွင်မှာ
Safety အတွက်ပစ္စည်းလိုရင် ပြည့်စုံဖြိုးကို သတိရလိုက်ပါ
Safety ဦးထုပ်တွေ ရောင်စုံရောက်ပြီနော်။
လက်လီ/လက်ကား ဘာပဲလိုလို ဖုန်းဆက်လိုက်နော်

092012788 , 092027797

တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်၊ ၁၃၈၂ ခုနှစ်ယနေ့ကျရောက်သော နှစ် (၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုကြိုဆိုပါ၏။မ...
09/12/2020

တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်၊ ၁၃၈၂ ခုနှစ်
ယနေ့ကျရောက်သော နှစ် (၁၀၀) ပြည့်
အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုကြိုဆိုပါ၏။

မှ

ပြည့်စုံဖြိုး အိမ်ဆောက်ပစ္စည်းအမျိုးမျိုးရောင်း၀ယ်းရေး

Address

61 Street And 128 Street
Mandale

Telephone

+9592027797

Website

Alerts

Be the first to know and let us send you an email when ပြည့်စုံဖြိုး အိမ်ဆောက်ပစ္စည်းရာင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပြည့်စုံဖြိုး အိမ်ဆောက်ပစ္စည်းရာင်းဝယ်ရေး:

Share