15/02/2025
AIA One Health Solution Individual မှာ မျက်စိအတွက် အကာအကွယ် ရပါသလား???
ဒီမေးခွန်းအတွက် အဖြေကို approved claim case လေးနဲ့တကွ သက်သေပြလိုက်ပါတယ် 😄
Cr:Aye Thinzar Khine
အသက် (၅၉) နှစ်အရွယ်အန်တီရဲ့ မျက်စိအတွင်းတိမ်အတွက် Monofocal IOL Lens ထည့်ရခြင်းအတွက် ကျသင့်ငွေစုစုပေါင်း 2,293,000ks ကို ဆေးရုံမတက်ရပေမယ့်လဲ Day Procedure & Surgery Benefit အနေနဲ့ ပြန်လည်ရှင်းလင်းပေးခဲ့ပါတယ်.. သူဝယ်ယူခဲ့စဥ်က OHS Plan (3) သိန်း (၁၅၀) အကာအကွယ်အတွက် 766,000ks သာပေးသွင်းခဲ့ရပါတယ်..
မျက်စိအတွက်ဆို..
ဒီလို မျက်စိ အတွင်းတိမ်ကြောင့် Monofocal IOL Lens ထည့်ရခြင်းအတွက် အကျုံးဝင်ပါတယ်
ရောဂါကြောင့် မျက်စိနားတစ်ဝိုက် ထိခိုက်ခြင်းတွေကို ပြန်လည်တောင်းခံနိုင်ပါတယ် (အဆင့်အလိုက်တော့ အကျုံးဝင်တာ/ မဝင်တာဖြစ်နိုင်ပါတယ်)
ထိခိုက်ဒဏ်ရာရခြင်းကြောင့် ကုသမှုတွေအကျုံးဝင်ပါတယ်
အရေးအကြီးဆုံးကတော့ အာမခံမထားခင်က ရှိထားတဲ့ အတွင်းတိမ်အမျိုးအစားဆိုရင်တော့ လုံးဝ မရပါဘူးရှင့်
မျက်စိမှုန်တာကြောင့် မျက်မှန်လုပ်တာ/ စမ်းသပ်တာတွေတော့ မရပါဘူး..
အလှအပဆိုင်ရာမရပါဘူးရှင့်
ရိုးရိုးဆေးထည့်ရုံနဲ့ပျောက်တဲ့အသေးစားတွေဆိုရင်တော့ မရနိုင်ပါဘူးရှင့်
Han Su
Financial Services Consaultant
IA(N)LI-10409
T (+95) 9 795778715, (+95) 9 452929586
E [email protected]