MTA Accounting & Auditing

MTA Accounting & Auditing Accounting and Auditing Service

27/01/2021
ဇန်နဝါရီလ (၄)ရက် မြန်မာ့လွတ်လပ်ရေးနေ့အားMTA Accounting and Auditing Service မှဂုဏ်ယူဝံ့ကြွားစွာကြိုဆိုလိုက်သည်...
03/01/2021

ဇန်နဝါရီလ (၄)ရက် မြန်မာ့လွတ်လပ်ရေးနေ့အား
MTA Accounting and Auditing Service မှ
ဂုဏ်ယူဝံ့ကြွားစွာကြိုဆိုလိုက်သည်...

ကျက်သရေအဖြာဖြာနှင့်ပြည့်စုံသော ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့တွင်မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့်တကွ ကမ္ဘာသူ ကမ္ဘာ...
02/08/2020

ကျက်သရေအဖြာဖြာနှင့်ပြည့်စုံသော
ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့တွင်
မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့်တကွ
ကမ္ဘာသူ ကမ္ဘာသားအပေါင်း
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း
MTA မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်

ယနေ့ ကျရောက်သော ( ၇၃ )နှစ်မြောက် အာဇာနည်နေ့ကို အောက်မေ့ သတိရစွာဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
19/07/2020

ယနေ့ ကျရောက်သော ( ၇၃ )နှစ်မြောက် အာဇာနည်နေ့ကို အောက်မေ့ သတိရစွာဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

Gong Xi ...... Gong Xi
04/02/2019

Gong Xi ...... Gong Xi

😱😱😱 RISK 😱😱Total Risk = Business Risk + Audit Risk ဆို​တော့🔒🔐 Business Risk ကို အရင်​​ပြောရမယ်​ဆိုရင်​​တော့1. Financial ...
06/10/2018

😱😱😱 RISK 😱😱
Total Risk = Business Risk + Audit Risk
ဆို​တော့

🔒🔐 Business Risk ကို အရင်​​ပြောရမယ်​ဆိုရင်​​တော့

1. Financial Risk
2. Operational Risk
3. Compliance Risk ​တွေရှိပါတယ်​။

≧=ʘ‿ʘ=≦≧=ʘ‿ʘ=≦≧=ʘ‿ʘ=≦≧=ʘ‿ʘ=≦≧=ʘ‿ʘ=

💸 1. Financial Risk
ခုလတ်​တ​လော ဆိုရင်​ Exchange Rate ​တွေ အရမ်းမြင့်​လာခြင်းက USD နဲ့ ချိတ်​ဆက်​လည်​ပတ်​ ရတဲ့ လုပ်​ငန်း​တော်​​တော်​များ အတွက်​ အကျပ်​ အတည်း​တွေ ဖြစ်​​နေပါတယ်​၊
Exchange rate risk ကို ​ရှောင်​လွဲ ဖို့ နဲ့ သက်​သာ​အောင်​လုပ်​ထားတဲ့($ နဲ့ ဝယ်​ထားတာကို $ နဲ့ ပြန်​ Mark-up price လုပ်​ခြင်း) လုပ်​ငန်း​တွေ လည်း သိပ်​ မ​ချောင်​ပါဘူး၊
မြန်​မာ​ကျပ်​​ငွေ တစ်​ခုတည်းနဲ့ လည်​ပတ်​​နေတဲ့ လုပ်​ငန်းဆိုရင်​​တောင်​ ဆက်​စပ်​ ပစ္စည်း​တွေပါ ​ဈေးနှုန်းမြင့်​တက်​လာတာမျိုး ၊
မဝယ်​ မဖြစ်​ မဟုတ်​ရင်​ ​စောင့်​ကြည့်​ အ​ခြေအ​နေမှာပဲ ရှိ​နေရင်​ ၊ဝယ်​သူ​တွေ ငြိမ်​​နေကြတာ​ကြောင့်​ ပုံမှန်​ Income ပါ ကျတာ​ပေါ့။
လုပ်​ငန်း တစ်​ခု က ရှုံး​နေတယ်​ ဆိုဦး​တောင်​ Liquidity ရှိ​နေရင်​ လည်​ပတ်​လို့ ရ​နေနိုင်​ပါ​သေးတယ်​၊
ဒါ​ပေမယ့်​ အရှုံး ကြီး ရှုံးလာမယ်​ ၊ ဆက်​တိုက်​ ရှုံးလာမယ်​၊ အရှုံး​တွေ ဆက်​တိုက်​ ပုံလာ​တော့ မယ်​ ဆိုရင်​ liquidity ပါ ကျ လာပီး ​ငွေ ကြပ်​လာမယ်​။
ငွေကြပ်​လာပီ ဆိုရင်​ Investment ထပ်​ထည့်​ မှာလား? အခြား အစီအစဉ်​​တွေ နဲ့ ထွက်​​ပေါက်​​တွေ ရှာ​တော့ မလား? Income ​တွေ ဘယ်​လိုနည်း နဲ့ ရ​အောင်​ထပ်​ရှာမလဲ ?
ငွေကြပ်​လာခြင်း​ကြောင့်​ ​နောက်​ထပ်​ ဆက်​ပီး ​နောက်​ဆက်​တွဲ Operation Failiure ​လုပ်​ငန်း လုပ်​​ဆောင်​တဲ့ ​နေရာ​တွေမှာပါ အခက်​ အခဲ အကြပ်​ အတည်း​တွေပါ ဖြစ်​လာ​တော့မယ်​ ​တွေပါ ။

🔧 2. Operational Risk
Income နဲ့ Profit တိုးချင်​​တော့ လုပ်​ငန်း ​တော်​​တော်​များများ က ငါးစာ ပဲ မြင်​ပီး ငါးမျှားချိတ်​မမြင်​ကြ​တော့တဲ့ အ​နေအထား​တွေ ဖြစ်​လာကြမယ်​၊
ပြိုင်​ဘက်​ ကို ဖိုက်​ပီး အပြုတ်​ ဖြုတ်​ Market ​နေရာရဖို့ အတွက်​ Price War ​တွေ၊ Promotion ​တွေ​ပေးကြပီး အပြိုင်​​ဈေးကွက်​လုကြမယ်​၊
အဲ့​နေရာ မှာ ​ရောင်းအားတိုးချင်​ ​တာ၊ ​ရောင်းအား ဘာလို့ တိုးချင်​တာလဲ?
Market Share ​တွေလိုချင်​လို့၊ Market Leader ဖြစ်​ချင်​လို့?
ဒီလုပ်​ငန်းကို ဝါသနာ အရ လုပ်​ကို လုပ်​ချင်​လို့?
ဘယ်​လိုပဲ​နေ​နေ Profit Oriented Organization ​တွေရဲ့
အဓိက ရည်​ရွယ်​ချက်​က​တော့ အမြတ်​ အစွန်း နဲ့
ပိုင်​ဆိုင်​မှု ပမာဏ ​တွေ တိုးလာချင်​လို့ပဲ မဟုတ်​လား?
ပိုမြတ်​ချင်​လို့ဆိုတဲ့ ​နေရာမှာ ပို​ရောင်းရ or
Income ပိုဝင်​ရင်​ မြတ်​မှာပဲ လို့ အကြမ်းဖျင်းယူဆ ပီး Price ​တွေချ ၊ Promotion ​တွေလုပ်​၊ Marketing Strategy ​တွေ၊ Expenses ​တွေပိုသုံးပီး ​ဈေးကွက်​ရ​အောင်​လုပ်​ကြတဲ့ ​နေရာမှာ
Sale ဆိုတဲ့ Income ပမာဏ ကြီးက​တော့ Special တက်​လာပါရဲ့၊ ​နောက်​ဆုံး နှစ်​ချုပ်​၊ လချုပ်​ ချုပ်​ကြည့်​လိုက်​ရင်​ အရင်​က ​ရောင်းအား ​လောက်​​တောင်​ မမြတ်​တဲ့ ကိစ္စမျိုး၊
Gross Profit and Net Profit Magin % ​တွေကျ လာကြတာ ​တွေ ကြုံလာကြ​တော့မယ်​။

ဘာဖြစ်​လို့ပါလိမ့်​ ? ? ? ? ?

ဘယ်​​လောက်​​ရောင်းရရင်​ လိုချင်​တဲ့ အမြတ်​ရမလဲ?
လို့ တွက်​ချက်​ခိုင်းထားတဲ့ တွက်​ချက်​မှု​တွေ မှားယွင်း​နေလို့လား ?

အဲ့ဒီ တွက်​ချက်​တဲ့ တွက်​ချက်​မှုကို Analysis ​လေးလုပ်​ကြည့်​ရ​အောင်

Sale Unit Require to Achieve Target Profit
(Fixed Cost + Target Profit) ÷ Contribution Per Unit
ဆိုတဲ့ Equation နဲ့ တွက်​ကြည့်​မယ်​ဆိုရင်
အဲ့ Equation မှာပါဝင်​တဲ့ Elements ​3ခု ရှိပါတယ်​။

💣 1. Fixed Cost
ပုံ​သေစရိတ်​ လို့​ခေါ်တဲ့ ​ရောင်းရတဲ့ or
ထုတ်​လုပ်​တဲ့ ပစ္စည်း အ​ရေအတွက်​​ပေါ်မှာ မှီတည်​ မှု မရှိ​နေတဲ့ စရိတ်​က များများ ​ရောင်း or
ထုတ်​လုပ်​ရင်​ Cost per Unit တစ်​ခုခြင်းဆီ​ပေါ်မှာ ကျတဲ့ စရိတ်​က ​လျှော့နည်းသွားတဲ့ စရိတ်​ က အကြမ်းဖြင်းအားဖြင့်​ မှန်​​နေ​ပေမယ့်​၊
တကယ့်​ လက်​​တွေ့မှာ Semi Fixed Cost ​တွေ၊
Step Fixed Cost ​တွေ များ​နေတာကို လည်း သတိထားရပါမယ်​။

ဥပမာ - လုပ်​ငန်းသုံး လျုပ်​စစ်​ မီတာခ ရဲ့ နှုန်းထားကိုကြည့်​ရင်​​တောင်​ သတ်​မှတ်​ထားတဲ level Unit ကို ​ကျော်​လွန်​ရင်​ နှုန်း မတူ​တော့ပါဘူး။

Step Fixed Cost ​တွေ ဖြစ်​သွားပါတယ်​။

အဲ့​တော့ များတိုင်း Fixed Cost မသက်​သာ​တော့တာကို လည်း စဉ်းစားရပါမယ်​။

2. Target Profit က​တော့ လိုချင်​တဲ့ Profit ဆို​တော့ ထူးထူးခြားခြားမရှိ။

3. Contribution
ဆိုတာက Sale Price ထဲ က Variable Cost ဆိုတဲ့ ​ရောင်း or ထုတ်​ သ​လောက်​ ကုန်​ကျတဲ့
Direct Material Cost ကုန်​ကြမ်းပစ္စည်း ​၊
Labour Cost အလုပ်​သမားစရိတ်​၊
Variable Overhead Cost 
Eg- ထုပ်​ပိုးမှု စရိတ်​ လိုမျိုး​တွေ ၊
Admin နဲ့ Sale & Distribution က
variable cost ​တွေ ကို နှုတ်​ ပီးမှ ကျန်​တဲ့ အမြတ်​ ကို ဆိုလိုခြင်းဖြစ်​ပါတယ်​။

Gross Profit ဆိုတာက Accounting ရဲ့ Profit ဖြစ်​ပီး၊
Management Accounting မှာ Contribution ဆိုတာ Decision Making လုပ်​ဖို့ရာနဲ့
ဈေးကွက်​ပြိုင်​ တိုက်​နိုင်​ဖို့ အတွက်​ အ​ရေးကြီးပါတယ်​။
အဲ့​နေရာမှာ ​အ​ပေါ်က equation ကိုပြန်​​ပြောရရင်
ရောင်း​ဈေး​တွေ ချ တာ၊ Cost ​တွေ တိုး​စေခြင်းက ပထမ တွက်​ထားတဲ့ Elements ​တွေရဲ့ တန်​ဖိုးကို ​ပြောင်းသွား​စေပါ​တော့တယ်​။

Sale Price -Variable Cost per unit= Contribution per unit က ပိုင်း​ခြေ ဖြစ်​ပီး
ရောင်း​ဈေး နည်းသွား​တော့ ပိုင်း​ခြေ နည်းသွားရင်​ ရလဒ်​က ပိုများ သွားမယ်​။
Sale Unit ​တွေ ပိုတက်​သွားမှာပဲ။

အဲ့လိုပဲ Fixed Cost ​တွေပိုများလာရင်​ ပိုင်း​ဝေ ပိုကြီးသွားပီး ရလဒ်​ ဖြစ်​တဲ့ Sale Unit ​တွေ ပိုများ သွားပါမယ်​။

Sale ဆိုတဲ့ ​နေရာမှာလည်း
အပြင်​မှာ ဘယ်​လုပ်​ငန်းက မှ ပစ္စည်းတစ်​မျိုးတည်း မ​ရောင်းပါဘူး၊

အဲ့​တော့ CPA ရဲ့ Part-I Cost & Management ဘာသာရပ်​ က CVP-Cost Volume Profit ခန်းမှာ Sale Mix ​တွေ အ​ကြောင်းသင်​ရပါတယ်​။ Contribution များတဲ့ ပစ္စည်း နဲ့ Contribution နည်းတဲ့ ပစ္စည်း​တွေရှိပါတယ်​။
လက်​​တွေ့မှာ ​ဈေးကွက်​​ပေါက်​​ဈေး​တွေ အရ အရင်းများပီး ​ဈေးတင်​လို့မရဘဲ အမြတ်​နည်းတဲ့ ပစ္စည်း​တွေ ရှိပါတယ်​။
အရပ်​စကားနဲ့ ​ပြောရင်​ ကျန်​တဲ့ တာနဲ့ သိပ်​မကျန်​တာ​ပေါ့။
ပို ​ရောင်းရတာက သိပ်​မကျန်​ တဲ့ ပစ္စည်းဆိုရင်​ ​ရောင်းရတယ်​ဆိုတဲ့Sale Amount ကြီးတက်​လာ ပဲမြင်​ရပီး
Sale Target ,Commission နဲ့ Incentive ကို Amount နဲ့ ဖြတ်​လို့က အ​ရောင်းသမား​တွေ က commission ​တွေ ပိုက်​ပီး ၊
လုပ်​ငန်းက အရှုံးပိုက်​ ကျန်​ခဲ့ရမယ့်​ Risk ၊
အဲ့လရဲ့ Target ​တွေ မမှီ မှီ​အောင်​ တွန်းထိုး​ရောင်း၊ ​Commission ​ပေးပီး ​နောက်​လ မှ
Sale Return ​တွေပြန်​ ၊ လုပ်​ငန်းက မိတ်​ပျက်​မှာဆိုးလို့ပြန်​လက်​ခံ ၊ သံသရာ​တွေကို လည်​ ​နေ​ရော။

ပီး​တော့ ​ရေသာခို အ​ချောင်​လိုက်​၊ သာ​ပေါင်း ညာစား ဝန်​ထမ်းမျိုး​တွေ ရဲ့ ကိစ္စ​တွေ။

တူရာ တူရာ အုပ်​စု ဖွဲ့ ပညာ ပြကြတဲ့ ကိစ္စ​တွေ ၊
ကိစ္စ တစ်​ခုခု ဆို ပူး​ပေါင်း ပါဝင်​ မှု မရှိ ​ထောက်​ခံချက်​ယူ ငြင်းချက်​ ထုတ်​ကြတဲ့ ကိစ္စ​တွေ ၊ လက်​တစ်​လုံးခြား လိမ်​လည်​တဲ့ ကိစ္စ​တွေ။

Line of Comment မရှင်းတာ၊ Authorized person ​တွေကို ဟို လူ့​ပြောပီးသလို၊ ဒီလူ့ ​ပြောပီးသလို​တွေ၊
အထက်​လူကြီး အချင်း ရန်​တိုက်​​ပေးတာမျိုး​တွေ၊ ​သွေးထိုး လှုံ​ဆော်​တာမျိုး​တွေ စတဲ့ ကိစ္စရပ်​​တွေပါ။

Theory စာ​တွေ့မှာ အဲ့လို မျိုး​တွေ မပါ​ပေမယ့်​၊
တကယ့်​လက်​​တွေ့ လုပ်​ငန်းခွင်​ ဘဝ ​တွေ မှာ​တော့ ပြသနာ​ပေါင်း ​သောင်း​ခြောက်​​ထောင်​ပါ။

👮 3. Compliance Risk
က​တော့ Company ဆိုရင်​ Company Law ကို လိုက်​နာရမယ့်​ အပြင်​၊ Tax Lawနဲ့ သက်​ဆိုင်​ရာ အဖွဲ့အစည်း များရဲ့ အမိန့်​ညွှန်​ကြားချက်​​တွေ ကိုပါလိုက်​နာရန်​လိုအပ်​ပါတယ်​။
Industrial အလိုက်​ သီးသန့်​ လိုက်​နာ ရမယ့်
ဥပ​ဒေ ​တွေ နဲ့ ကျင့်​ဝတ်​ သိက္ခာ​တွေ ပြဌာန်း ထားရင်​လည်း လိုက်​နာရပါမယ်​။

မလိုက်​နာနိုင်​ကြရင်​​တော့ လုပ်​ငန်းရဲ့
Going Conern ​ရှေ့ဆက်​ ရပ်​တည်​ နိုင်​မယ့်​ အလား အလာ​တွေ ကိုပါ ထိခိုက်​လာပါ​တော့မယ်​။

သူများနိုင်​ငံ က ရင်းနှီးမြှုပ်​နှံ့ ချင်​သူ​တွေကလည်း
ကိုယ့်​ Business ကို ပူး​ပေါင်း၊ ချိတ်​ဆက်​မယ်​ ဆိုရင်​ လည်း ကိုယ့်​ လုပ်​ငန်းက Compliance ဘယ်​​လောက်​ရှိလဲ ၊ ဥပ​ဒေ နဲ့ အညီ လုပ်​​ဆောင်​ ​နေရဲ့လား?

အခွန်​​ပေး​ဆောင်​မှု​တွေ က တကယ်​ ​ပေး​ဆောင်​ရမယ့်​ ပမာဏ အတိုင်း အလိမ်​ အလှည့်​​တွေ မရှိဘဲ ​ပေး​ဆောင်​ထားရဲ့ လား​တွေ ပါ ကြည့်​မယ့်​ အပြင်​၊
ချိတ်​ဆက်​ မယ့်​ Company က
Public Listed ဆိုရင်​ သူ့နိုင်​ငံ ဥပ​ဒေ နဲ့ ငြိမယ့်​ ကိစ္စ​တွေ ကိုသူတို့ ရဲ့
Corporate Governance ကို အထိခိုက်​မခံနိုင်​ ရင်​ သူနဲ့ ကိုယ်​နဲ့ မပူး​ပေါင်းနိုင်​​တော့ မယ့်​ risk ​တွေပါ ။

ဒီ​နေရာ မှာ Business Ethic ဆိုတာ​လေးလည်း ​ပြောချင်​ပါတယ်​။ အကြမ်းဖျင်းအားဖြင့်​ 3Ps ​ပေါ့
1. Profit
2. People
3. Planet
တွေနဲ့ ပတ်​သတ်​ပီး လိုက်​နာ ​ဆောင်​ရွက်​နိုင်​ဖို့​တွေ ပါလိုအပ်​လာပါတယ်​။

Profit Oriented အ​နေနဲ့ လုပ်​​နေ​ပေမယ့်​ People ဆိုတဲ့ လူ​တွေ Sociaty နဲ့ ပတ်​သတ်​တဲ့ ကိစ္စရပ်​​တွေ၊ Planet လို့​ခေါ်တဲ့ ကမ္ဘာ​မြေ အတွက်​အကျိုးပြု မှု​တွေ အပြင်​ စွန့်​ပစ်​ ပစ္စည်းများကို စနစ်​တကျ ဆိုးကျိုးမဖြစ်​​စေ​အောင်​ ပြုလုပ်​နိုင်​ရပါမယ်​။

အဲ့ဒါ​တွေ ​ကြောင့်​ ခု ဆို CSR ဆိုတဲ့ Corportae Social Responsibility ​တွေ ဆို​တွေ နဲ့ Profit + လူထု အကျိုးပြုမှု​တွေ၊ သဘာဝပတ်​ဝန်းကျင်​ ထိန်းသိမ်း မှု​တွေ တွဲ ရက်​ဖြစ်​လာတယ်​။ ​ကောင်းရင်​ ​ကောင်းသလို မ​ကောင်းရင်​ မ​ကောင်း သလို Company ​တွေရဲ့ Image ​တွေနဲ့ ပါတွဲလာတယ်​။

အဲ့ဒီ Business Risks ​တွေ ကိုလည်း Auditor က သိထားမှ သာလျှင်​ Auditor ရဲ့ Judgement
မှန်​ကန်​ပီး​တော့ Opinion မှန်​မှန်​ ကန်​ကန်​ ​ပေးနိုင်​မှာပါ။
Client က Audit မစစ်​ရင်​သူဟာသူ က​တော့ Audit Risk ရှိမှာ မဟုတ်​ဘူး​လေ။
Audit Risk ဆိုတာက Auditor ရဲ့ Risk ပါ။
Audit Risk ဆိုတာရဲ့ အဓိက အချက်​ က​တော့ FSs ကို Inappropriate Audit Opinion ​ပေးမိခြင်းပါ။
နောက်​ကျ Audit Risk ကို ထပ်​​ပြောပါမယ်​။

USD Rate အရမ်းတက်​ချိန်​ ​ရေးရင်း မအားလို့ ကြာသွားပါတယ်​။ :D

Address

75st Bet: 31x32
Mandalay
959

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 08:00 - 17:00

Telephone

+959797775811

Website

Alerts

Be the first to know and let us send you an email when MTA Accounting & Auditing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MTA Accounting & Auditing:

Share