ATA Accounting Firm

ATA Accounting Firm Precision in Numbers, Excellence in Service: Your Financial Success, Our Commitment

Merry X'mas to you all.        #ခရစ်စမတ်
24/12/2025

Merry X'mas to you all.

#ခရစ်စမတ်

11/10/2025

Business တည်ငြိမ်စွာတိုးတက်ကောင်းမွန်ဖို့ ...
မဟာဗြူဟာကျကျ စီစဥ်‌ဆောင်ရွက်နိုင်ဖို့ ...ဆိုရင်

မိမိတို့စီးပွားရေးလုပ်ငန်းရဲ့
လုပ်ငန်းဆောင်တာတွေကို သေချာလေ့လာပြီး စနစ်တကျစုစည်းဖော်ဆောင်ထားတဲ့
Financial Setup ဘဏ္ဍာရေးစနစ်တရပ်ကို
#လုပ်ငန်းတိုင်း လိုအပ်ပါတယ်။

တကယ်အလုပ်ဖြစ်တဲ့
ဘဏ္ဍာရေးစာရင်းအင်းစနစ်ကို ဖော်ဆောင်ပြီး အောင်မြင်မှုကို ရှင်းလင်းတိကျစွာ ရယူလိုက်ပါ။

ATA Accounting Firm
📞 09 517 9 521


Precision in Numbers, Excellence in Service: Your Financial Success, Our Commitment

မြန်မာပြည်သူပြည်သားများအားလုံး ချစ်ခင်မြတ်နိုးရသူများနှင့် အမြဲပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေလို့ သီတင်းကျွတ်လပ...
05/10/2025

မြန်မာပြည်သူပြည်သားများအားလုံး ချစ်ခင်မြတ်နိုးရသူများနှင့် အမြဲပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေလို့

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့လေးမှာ ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင် 😊🙏

စာရင်းသမားတွေဆိုတာ ဘယ်သူမှ မယုံဘူး။ဒေတာအချက်အလက်ခိုင်မာလား ကြည့်တယ်။စစ်ဆေးပြီး ဒေတာမှန်ကန်မှ ယုံတယ်။ဒါမှ  #စာရင်းသမားစစ်...
10/09/2025

စာရင်းသမားတွေဆိုတာ ဘယ်သူမှ မယုံဘူး။

ဒေတာအချက်အလက်ခိုင်မာလား ကြည့်တယ်။

စစ်ဆေးပြီး ဒေတာမှန်ကန်မှ ယုံတယ်။

ဒါမှ #စာရင်းသမားစစ်စစ်


☎️ 09 517 9 521




#စီးပွါးရေးအကြံပြုချက်များ
#စွန့်ဦးတီထွင်မှု #စီးပွားရေးတိုးတက်မှု

📊💵 ကောင်းမွန်တဲ့ ငွေသားစီးဆင်းမှုက သင့်လုပ်ငန်းကို ရှင်သန်စေပါတယ် 💵📊လုပ်ငန်းအများစုဟာ ❌ကုန်ပစ္စည်းမကောင်းလို့❌ရောင်းအားမ...
25/08/2025

📊💵 ကောင်းမွန်တဲ့ ငွေသားစီးဆင်းမှုက သင့်လုပ်ငန်းကို ရှင်သန်စေပါတယ် 💵📊

လုပ်ငန်းအများစုဟာ
❌ကုန်ပစ္စည်းမကောင်းလို့
❌ရောင်းအားမကောင်းလို့
ဆိုတဲ့ အချက်တွေကြောင့်သာ
ကျရှုံးတတ်တာမဟုတ်ဘဲ

Cashflow out သွားရင်လဲ
ကျရှုံးတတ်ကြပါတယ်။

✅ ငွေသားစီးဆင်းမှု (Cash flow) ဆိုတာ သင့်လုပ်ငန်းရဲ့ နှလုံးခုန်သံပါပဲ။

✅ ဒါဟာ သင့်ဝန်ထမ်းတွေ၊ ပေးသွင်းသူတွေနဲ့ အခြားကုန်ကျစရိတ်တွေကို ပေးချေဖို့အတွက် ဖြစ်ပါတယ်။

✅ သင့်လုပ်ငန်းတိုးတက်ဖို့နဲ့ အနာဂတ်အစီအစဉ်တွေအတွက် တွန်းအားဖြစ်စေပါတယ်။

🚨 ခိုင်မာတဲ့ ငွေသားစီးဆင်းမှုမရှိရင် အမြတ်ရနေတဲ့ လုပ်ငန်းတွေတောင် ပြိုလဲသွားနိုင်ပါတယ်။

👉 သင့်ရဲ့ ငွေသားစီးဆင်းမှုကို အမြဲတမ်း စောင့်ကြည့်၊ စီမံခန့်ခွဲပြီး ကာကွယ်ပါ။

#ဘာဖြစ်လို့လဲဆိုတော့ ငွေသားစီးဆင်းမှုက သင့်လုပ်ငန်းကို ရှင်သန်စေလို့ပါပဲ။

လုပ်ငန်းများအားလုံး တိုးတက်ကြီးပွါးအောင်မြင်ကြပါစေရှင်


☎️ 09 517 9 521




#စီးပွားရေးအကြံပြုချက်များ #ငွေသားစီးဆင်းမှု #စွန့်ဦးတီထွင်မှု #စီးပွားရေးတိုးတက်မှု

အရသာရှိသော အစားအစာများနဲ့ ပျော်ရွှင်ကျေနပ်နေတဲ့ ကာစတမ်မာတွေရှိနေရုံနဲ့‌တော့ အောင်မြင်တဲ့ စားသောက်ဆိုင်တဆိုင်လို့ ပြောလို...
19/08/2025

အရသာရှိသော အစားအစာများနဲ့ ပျော်ရွှင်ကျေနပ်နေတဲ့ ကာစတမ်မာတွေရှိနေရုံနဲ့‌တော့ အောင်မြင်တဲ့ စားသောက်ဆိုင်တဆိုင်လို့ ပြောလို့ မရသေးပါဘူး။

အချို့စားသောက်ဆိုင်တွေ ရောင်းနေရရက်နဲ့ ပိတ်သိမ်းသွားရတာမျိုးတွေ တွေ့ဖူးကြားဖူးကြတယ်မဟုတ်လားရှင်။

အောင်မြင်တဲ့ Restaurant တဆိုင်ဖြစ်စေဖို့ အလေအလွင့်မရှိဘဲ စနစ်တကျလည်ပတ်နေတဲ့ Kitchen မီးဖိုချောင်လိုအပ်ပြီး ဒီနေရာမှာတော့ ခိုင်မာတဲ့ ကုန်ပစ္စည်းစာရင်းစီမံခန့်ခွဲမှု (Inventory Management)က အမှန်တကယ် အရေးပါလာပါတယ်။

Inventory Management က ဘယ်လိုအထောက်အကူပြုလဲလို့ မေးလာရင်...

#ငွေကြေးလည်ပတ်မှုကောင်းခြင်း
သက်တမ်းကုန်ဆုံးလွယ်သည့် ပါဝင်ပစ္စည်းများကို လိုအပ်သလောက်သာ ဝယ်ယူစေခြင်းဖြင့် ငွေကြေးစီးဆင်းမှု ကောင်းမွန်စေပါတယ်။

#ဟင်းပွဲလက်ရာ_လတ်ဆတ်ကောင်းမွန်စေခြင်း လိုအပ်သလောက်သာ ဝယ်ယူခြင်းကြောင့် လတ်ဆတ်သော ပါဝင်ပစ္စည်းများက ဟင်းလျာများရဲ့ အရသာကို ကောင်းမွန်စေကာ ၀ယ်သူများကို အမြဲတမ်း ကျေနပ်စေပါတယ်။

#အလေအလွင့်နည်းပါးစေခြင်း
လတ်ဆတ်သော ပါဝင်ပစ္စည်းများကြောင့် အလေအလွင့် နည်းပါသွားမှာပါ။

#စီမံရလွယ်ကူခြင်း
ကုန်ပစ္စည်းစာရင်းကို အသေးစိတ်မှတ်သားထည့်သွင်းခြင်းဖြင့် ဆိုင်၏ ရောင်းအားကောင်းသော ရက်များကို ပိုမိုသိရှိနားလည်လာကာ ကုန်ပစ္စည်းမှာယူခြင်းများကို ပိုမိုစနစ်ကျစွာဖြင့် အလွယ်တကူစီမံနိုင်လာမှာပါ။

ဒီလိုအချက်များကြောင့် Inventory Management ကုန်ပစ္စည်းစာရင်းစီစဥ်ဆောင်ရွက်ခြင်းသည် စားသောက်ဆိုင်တိုင်း၏ ခိုင်မာတဲ့ အောင်မြင်မှုအတွက် အရေးပါဆုံးသော ကိစ္စရပ်ဖြစ်ကြောင်း အသိပေးပါရစေရှင်။

လုပ်ငန်းများအားလုံး တိုးတက်ကြီးပွါးအောင်မြင်ကြပါစေရှင်


☎️ 09 517 9 521


💰 Sales တွေကို သင်တွေ့တယ်။📈 လုပ်ငန်းတိုးတက်လာမှုကို သင်တွေ့တယ်။👍 အမြတ်အစွန်းကို သင်တွေ့တယ်။👉 ဒါပေမဲ့ ဒီအရာတွေအားလုံးရဲ့န...
07/08/2025

💰 Sales တွေကို သင်တွေ့တယ်။

📈 လုပ်ငန်းတိုးတက်လာမှုကို သင်တွေ့တယ်။

👍 အမြတ်အစွန်းကို သင်တွေ့တယ်။

👉 ဒါပေမဲ့
ဒီအရာတွေအားလုံးရဲ့နောက်ကွယ်က
#စာရင်းကိုင်တွေကိုရော_သင်မြင်ရဲ့လား ။

👩‍💼 သူတို့က ကိန်းဂဏန်းတွေကို မှတ်သားစာရင်းသွင်းနေရုံမဟုတ်ပါဘဲ…

📊 သင့်စီးပွားရေးဆုံးဖြတ်ချက်တွေကို လမ်းညွှန်ပေးတယ်၊

💰 သင့်ငွေဝင်ငွေထွက်ကို စီမံပေးတယ်၊

🧾 အခွန်ကိစ္စတွေကို မှန်ကန်အောင် လုပ်ဆောင်ပေးတယ်၊

📈 စနစ်တကျနဲ့ Risk နည်းနည်းနဲ့ လုပ်ငန်းကြီးထွားဖို့ ကူညီပေးပါတယ်။

Salesman များ နဲ့တခြားသူတွေက
ဂရုစိုက်ခံ၊ အာရုံစိုက်မှုခံနေရချိန်မှာ

#စာရင်းကိုင်တွေ ကတော့
ချီးကျူးဂုဏ်ပြုသံမပါဘဲ
လုပ်ငန်းလည်ပတ်နေအောင်
လုပ်ဆောင်ပေးနေပါတယ်။

🙌 သူတို့အတွက်
ထိုက်တန်တဲ့ ချီးကျူးဂုဏ်ပြုမှုကို
ပေးဖို့အချိန်တန်ပါပြီ။

ဘာလို့လဲဆိုတော့ စာရင်းကိုင်တွေမရှိရင်
သင့်လုပ်ငန်းဟာ တိကျသေချာမှုမရှိဖြစ်နေမှာပါ။

ဒါကြောင့်
💡 ကိန်းဂဏန်းတွေကို လေးစားပါ။
👍 စာရင်းကိုင်ကို တန်ဖိုးထားပါ။


☎️ 09 517 9 521


📊 Business လုပ်ငန်းတစ်ခု စတင်ကတည်းက မဖြစ်မနေကြိုတင်ပြင်ဆင်ထားရမှာက တိကျမှန်ကန်တဲ့ စာရင်းအင်းစနစ်တစ်ခုပါ။👩‍💼 ခုမှစတင်တဲ့ ...
01/08/2025

📊 Business လုပ်ငန်းတစ်ခု စတင်ကတည်းက မဖြစ်မနေကြိုတင်ပြင်ဆင်ထားရမှာက တိကျမှန်ကန်တဲ့ စာရင်းအင်းစနစ်တစ်ခုပါ။

👩‍💼 ခုမှစတင်တဲ့ စီးပွားရေးလုပ်ငန်းဖြစ်စေ
🧑‍💼 အောင်မြင်နေပြီးသား လုပ်ငန်းတစ်ရပ်ပဲဖြစ်စေ

မည်သည့်လုပ်ငန်းမဆို
အချိန်တိုင်းမှာ
ငွေကြေးနှင့်စာရင်းဇယားပိုင်းတွေကို
ရှင်းလင်းစွာ သိရှိနားလည်နေဖို့လိုအပ်ပါတယ်။

အစကတည်းက စနစ်တကျဖော်ဆောင်ထားတဲ့ Financial Setup စာရင်းအင်းစနစ်တစ်ရပ်မရှိသေးရင် ချက်ချင်းအရေးတယူပြု ဖော်ဆောင့်သင့်ပါတယ်။

✨ ကျွန်မတို့ ATA Accounting Firm က
မိတ်ဆွေတို့ကို

✅ လုပ်ငန်းနဲ့ကိုက်ညီတဲ့စာရင်းကိုင်စနစ် ရွေးချယ်ခြင်း
✅ မှန်ကန်တိကျတဲ့စာရင်းရေးသွင်းခြင်း
✅ Cash Flow ကောင်းမွန်စေရန် လိုအပ်သည်များကို အကြံပြုခြင်းတို့ဖြင့်
ဝန်ဆောင်မှုပေးနေပါတယ်။

တကယ်အလုပ်ဖြစ်တဲ့ ဘဏ္ဍာရေးစာရင်းအင်းစနစ်ကို ဖော်ဆောင်ပြီး အောင်မြင်မှုကို ရှင်းလင်းတိကျစွာ ရယူလိုက်ပါ။


☎️ 09 517 9 521


📈📊 ရှင်းလင်းတိကျတဲ့ ဘဏ္ဍာ‌‌ရေးစာရင်းအင်းစနစ်တရပ်မရှိဘဲ လုပ်ငန်းတခုဟာ အောင်မြင်နိုင်ပါ့မလား ???‌လူနည်းနည်းနဲ့သာ လုပ်ကိုင်...
25/07/2025

📈📊 ရှင်းလင်းတိကျတဲ့ ဘဏ္ဍာ‌‌ရေးစာရင်းအင်းစနစ်တရပ်မရှိဘဲ လုပ်ငန်းတခုဟာ အောင်မြင်နိုင်ပါ့မလား ???

လူနည်းနည်းနဲ့သာ လုပ်ကိုင်နေတဲ့ လုပ်ငန်းငယ်တရပ်ဆို အောင်မြင်ကောင်း အောင်မြင်နိုင်ပေမဲ့

👎 အကောင်းဆုံးရလဒ်ကိုတော့ ရမှာမဟုတ်ဘူး။

👎 အောင်မြင်မှုကို ရေရှည်ထိန်းထားနိုင်မှာမဟုတ်ဘူး။

သေချာတာတော့
လူများစွာပါဝင်တဲ့ လုပ်ငန်းကြီးတွေမှာဆိုရင်တော့ အောင်မြင်နိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။

ဒါကြောင့်
Business တည်ငြိမ်စွာတိုးတက်ကောင်းမွန်ဖို့အတွက်
မိမိတို့စီးပွားရေးလုပ်ငန်းရဲ့
လုပ်ငန်းဆောင်တာတွေကို သေချာလေ့လာပြီး စနစ်တကျစုစည်းဖော်ဆောင်ထားတဲ့
Financial Setup ဘဏ္ဍာရေးစနစ်တရပ်ကို
#လုပ်ငန်းတိုင်း လိုအပ်ပါတယ်။

တကယ်အလုပ်ဖြစ်တဲ့
ဘဏ္ဍာရေးစာရင်းအင်းစနစ်ကို ဖော်ဆောင်ပြီး အောင်မြင်မှုကို ရှင်းလင်းတိကျစွာ ရယူလိုက်ပါ။

ATA Accounting Firm
📞 09 517 9 521


မြန်မာနှစ်သစ် ၁၃၈၆ ခုနှစ်မှာ မြန်မာပြည်သူပြည်သားများအားလုံး ကျန်းမာပျော်ရွင်ကြပါစေလို့ ATA Accounting Firm မှ နှစ်သစ်ဆုမ...
17/04/2024

မြန်မာနှစ်သစ် ၁၃၈၆ ခုနှစ်မှာ မြန်မာပြည်သူပြည်သားများအားလုံး ကျန်းမာပျော်ရွင်ကြပါစေလို့ ATA Accounting Firm မှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင် ☺️🙏


#နှစ်သစ်ဆုမွန်ကောင်း

Address

13/A, 57B Street, Bet: 112A Street & 113 Street
Mandalay
050401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ATA Accounting Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share