MA EI - Financial Consultant

MA EI - Financial Consultant Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MA EI - Financial Consultant, Financial service, Mandalay.

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှစ်သစ်ကူးမှာ အတာပန်းများသဖွယ် ရွှင်လန်းအေးမြပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာမှုတွေနဲ့ပြည့်စုံ...
17/04/2025

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှစ်သစ်ကူးမှာ အတာပန်းများသဖွယ် ရွှင်လန်းအေးမြပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာမှုတွေနဲ့ပြည့်စုံကာ ဘေးအန္တရာယ်များလည်း ကင်းဝေးကြပါစေကြောင်း AIA Myanmar က ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သင်နဲ့ သင်ချစ်မြတ်နိုးရသူများအားလုံး တစ်နှစ်တာပတ်လုံးမှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး စိတ်လုံခြုံမှု၊ အေးချမ်းမှုနဲ့ အတူ ကျန်းမာ သက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများ ရရှိပိုင်ဆိုင်နိုင်စေဖို့ AIA Myanmar က အမြဲအတူရှိနေပါတယ်။

Wishing you a Myanmar New Year 1387 filled with the freshness of Atar Pan, good health, peace of mind and security.

May this year bring prosperity and restore peace to you and your family. AIA Myanmar will always be with you and your family to ensure joy and prosperity throughout the year.

လတ်တလောဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ ပြည်သူများ အိုးအိမ်ပျက်စီးဆုံးရှုံးခြင်းနှင့် ထိခိ...
09/04/2025

လတ်တလောဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ ပြည်သူများ အိုးအိမ်ပျက်စီးဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းတို့ တွေ့ကြုံနေရပါသောကြောင့် AIA Myanmar အနေနှင့် လိုအပ်သောအကူအညီများ ပံ့ပိုးကူညီပေးရန် အသင့်ရှိနေမည် ဖြစ်ပါသည်။

ယခုကဲ့သို့ အရေးပေါ်ကာလတွင် ငွေကြေးဆိုင်ရာအကူအညီရရှိရေးသည် မဖြစ်မနေလိုအပ်သည့်အတွက် ငလျင်ဒဏ်ခံရသော AIA Myanmar ၏ Member များအနေနှင့် လိုအပ်သောအချက်အလက်များ ပြည့်စုံပါက ပေါ်လစီဆိုင်ရာ အကျိုးခံစားခွင့်များကို ၂၄ နာရီအတွင်း စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

အာမခံပေါ်လစီနှင့်ပတ်သက်၍ အကူအညီများရယူလိုပါက SHER ၏ 24/7 Hotline 09944705440 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများ၏လုံခြုံရေးနှင့် လူမှုအသိုင်းအဝိုင်းများမှ လိုအပ်သည့်ပံ့ပိုးမှုများရရှိစေရန် AIA Myanmar အနေနှင့် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်။

Our hearts go out to the people across Myanmar affected by the recent earthquakes. AIA Myanmar is here to support those impacted during this challenging time.

We understand how crucial it is to receive financial support when facing such stress. For our valued AIA members affected by the earthquakes, we will process and payout any policy-related claim requests within 24 hours of receiving the required information. Please reach out to our 24/7 AIA Customer Hotline SHER at 09944705440 for any insurance policy-related support.

Given the impact on communities and individuals across Myanmar, we will continue to monitor and identify areas where we can provide much-needed assistance.

ကျန်းမာရေးအာမခံဘာကြောင့်ထားသင့်သလဲ???၁။ **ရုတ်တရက်ကျန်းမာရေးပြဿနာများအတွက် ကာကွယ်မှု**  ရောဂါဖြစ်ခြင်း၊ မတော်တဆထိခိုက်ခြ...
22/02/2025

ကျန်းမာရေးအာမခံဘာကြောင့်ထားသင့်သလဲ???

၁။ **ရုတ်တရက်ကျန်းမာရေးပြဿနာများအတွက် ကာကွယ်မှု**
ရောဂါဖြစ်ခြင်း၊ မတော်တဆထိခိုက်ခြင်း သို့မဟုတ် ဆေးကုသမှုခံယူရန် လိုအပ်သည့်အခြေအနေများတွင် ကျန်းမာရေးအာမခံသည် ငွေကြေးအခက်အခဲကို လျှော့ချပေးနိုင်ပါသည်။

၂။ **ဆေးကုသစရိတ်များ၏ ဝန်ထုပ်ဝန်ပိုးလျှော့ချခြင်း**
ဆေးရုံ၊ ဆေးခန်းများတွင် ကုသမှုခံယူရသည့်အခါ ကုန်ကျစရိတ်များသည် များပြားလေ့ရှိပါသည်။ ကျန်းမာရေးအာမခံသည် ထိုကုန်ကျစရိတ်များကို ဖြည့်ဆည်းပေးနိုင်ပါသည်။

၃။ **အနာဂတ်အတွက် ဘဏ္ဍာရေးလုံခြုံမှု**
ကျန်းမာရေးအာမခံသည် မမျှော်လင့်ထားသော ကျန်းမာရေးအခြေအနေများအတွက် ဘဏ္ဍာရေးအရ ပြင်ဆင်မှုတစ်ခုဖြစ်ပြီး၊ အနာဂတ်တွင် ငွေကြေးအခက်အခဲများကို ရင်ဆိုင်ရခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။

၄။ **အရည်အသွေးမြင့်ဆေးကုသမှုရရှိရန်**
ကျန်းမာရေးအာမခံသည် ပိုမိုကောင်းမွန်သော ဆေးကုသမှုများနှင့် ဆေးရုံ၊ ဆေးခန်းများသို့တက်ရောက်ကုသမှု့ကို ရရှိစေနိုင်ပါသည်။

၅။ **မိသားစုအတွက် စိတ်ချရမှု**
ကျန်းမာရေးအာမခံသည် မိသားစုဝင်များအတွက် စိတ်ချရမှုကို ဖြစ်စေပြီး၊ မလိုလားအပ်သော ငွေကြေးဝန်ထုပ်များမှ ကင်းဝေးစေနိုင်ပါသည်။

၆။ **စိတ်ဖိစီးမှုလျှော့ချခြင်း**
ကျန်းမာရေးအာမခံထားခြင်းဖြင့် ရောဂါဖြစ်ပွားသည့်အခါတွင် စိတ်ဖိစီးမှုနည်းပြီး ကုသမှုကို အာရုံစိုက်နိုင်ပါသည်။

ထို့ကြောင့် ကျန်းမာရေးအာမခံသည် လူတစ်ဦးချင်းစီနှင့် မိသားစုများအတွက် မရှိမဖြစ်လိုအပ်သော ဘဏ္ဍာရေးကာကွယ်မှုတစ်ခုဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက09951636955ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်😊



14/02/2025
🍀ကိုယ်ချစ်တဲ့သားသမီးလေးတွေကို ပညာရည်တိုးတက်ဖို့အတွက် Private School, International Schoolစတဲ့ကျောင်းကောင်းကောင်းတွေမှာရွ...
25/01/2025

🍀ကိုယ်ချစ်တဲ့သားသမီးလေးတွေကို ပညာရည်တိုးတက်ဖို့အတွက် Private School, International Schoolစတဲ့ကျောင်းကောင်းကောင်းတွေမှာရွေးချယ်ထားကြတယ်မို့လားးးးးး

🍀အဲ့ဒီလိုပဲ မတော်တဆထိခိုက်အန္တရာယ်နဲ့ ကျန်းမာရေးအခြေအနေမျိုးကြုံလာခဲ့ရင် အကောင်းဆုံးဆေးရုံတွေမှာ ကုသပေးနိုင်ဖို့အတွက် ငွေပမာဏအနည်းငယ်နဲ့ ကျန်းမာရေးအကာအကွယ်လေးလဲ မဖြစ်မနေယူထားကြဖို့တိုက်တွန်းချင်ပါတယ်.....

✅အသေးစိတ်အချက်လက်လေးတွေသိရှိချင်တယ်ဆိုရင်တော့👉👉
👩‍💻MalEi
☎09951636955
{ Cb,vb,Telegram,whatapp } ကနေဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်❣



"အာမခံဆိုတာ အသက်ကယ်ကြိုးတချောင်းပါ"လူအများစုက မကြာခဏမေးကြတယ် –“ကျန်းမာနေတုန်း အာမခံကြေးအတွက် ဘာလို့ငွေကုန်ခံမှာလဲ?”“တစ်ခ...
19/01/2025

"အာမခံဆိုတာ အသက်ကယ်ကြိုးတချောင်းပါ"

လူအများစုက မကြာခဏမေးကြတယ် –

“ကျန်းမာနေတုန်း အာမခံကြေးအတွက် ဘာလို့ငွေကုန်ခံမှာလဲ?”

“တစ်ခုခုဖြစ်လာမှ အာမခံထားလို့မရဘူးလား?”

“ဘာမှမဖြစ်ရင် အာမခံကုမ္ပဏီက အမြတ်ထုတ်တာမဟုတ်လား?”

ကျွန်မလဲ အာမခံရဲ့ နောက်ကွယ်က အမှန်တရားကို နဲနဲဖောက်သည်ချချင်နေတာ🤭

အာမခံဆိုတာက မမျှော်လင့်ထားတဲ့ risk တွေ ဖြစ်မလာခင် သင်နဲ့ သင့်မိသားစုကို ကြိုတင်ကာကွယ်ပေးတဲ့ သဘောပါ။

ကျွန်မမိတ်ဆွေ ကိုထွန်းဆိုရင် အသက် ၃၅ နှစ်ပဲရှိသေးတော့ "ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပဲ"

သူနဲ့ အာမခံအကြောင်း ဆွေးနွေးလိုက်တိုင်း
“အခုအချိန် အာမခံမလိုပါဘူး” ဆိုပြီး အမြဲပြောလေ့ရှိတယ်။

နှစ်နှစ်လောက်နေတော့ သူအူမကြီးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတော့ ကျွန်မစိတ်မကောင်းအရမ်းဖြစ် မိတယ်။

အာမခံလဲ မရှိတဲ့အတွက် ဆေးကုသစရိတ်ကိုသူ့မိသားစုက အိမ်ရောင်းရပြီးပါ ဖြေရှင်းခဲ့ရတယ်တဲ့။

ရှာထားသမျှငွေတွေလဲကုန် လူလဲဆုံးဖြစ်ပြီး ကျန်ရစ်သူမိသားစုမှာလဲ ငွေကြေးအခက်အခဲတွေနဲ့ အပူအပင်တွေတသီကြီးနဲ့ပေါ့

ကိုထွန်းသာ အာမခံအကာအကွယ်ကို အစောတဲက ယူထားခဲ့မယ်ဆိုရင် –

✅ ဆေးကုသတဲ့ ကုန်ကျစရိတ်တွေကို အာမခံငွေတွေနဲ့ကုသနိုင်မယ်
✅ ကိုယ့်အတွက်နဲ့ မိသားစုအတွက်ရည်ရွယ်ပြီး ရှာဖွေစုဆောင်းထားတဲ့ ငွေတွေကိုလဲ သုံးစရာမလိုဘူး
✅ ကျန်းမာရေး မကောင်းတဲ့ ခက်ခဲတဲ့အချိန်ကာလတွေကို ဆေးကုသစရိတ်ပူစရာမလိုပဲ စိတ်ချလက်ချဖြတ်သန်းနိုင်မယ် မဟုတ်လား?

အာမခံဆိုတာ ကျန်းမာမှာလား? မကျန်းမာမှာလား မသေချာတဲ့ အနာဂတ်အတွက် အကာအကွယ် ယူထားခြင်းပါ။

ဒါကြောင့် ကျန်းမာနေစဉ်မှာ အာမခံထားထားပါ။ မကျန်းမာတဲ့အခါ အာမခံငွေတွေနဲ့ ဆေးကုသစရိတ်တွေကို ဖြေရှင်းပါ။

မကျန်းမာတဲ့အချိန်မှ အာမခံထားခြင်ပါတယ်ဆိုရင် ဘယ်အာမခံကုမ္ပဏီမှ လက်မခံတော့ဘူးနော်🤗

အိမ်မီးမလောင်ခင် မီးသတ်ဆေးဘူး ဆောင်ထားသလို၊ ကားဘီးမပေါက်ခင် ကားဘီးအပိုဆောင်ထားသလို၊ မိုးမရွာခင် ထီးဆောင်ထားသလိုပေါ့ရှင် ☔

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းတာမို့ အခုပဲ အာမခံအကာအကွယ် ယူဖို့အတွက်

မိတ်ဆွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အာမခံအကာအကွယ် အမျိုးအစားကို သိလိုတယ်ဆိုရင်

💡 Comment (သို့မဟုတ်) Message မှာ Hi လို့သာပို့လိုက်ပါ။

ကျွန်မရဲ့ ဝါသနာအရ "အခမဲ့" ဆွေးနွေးတိုင်ပင်ပေးပါမယ်။ မိတ်ဆွေအတွက် အာမခံအကာအကွယ်ကိုလဲ လိုအပ်မှ ယူပါနော်။ အားနာစရာမလိုပါ။

📞 ဆက်သွယ်ရန်: 09951636955
(Messenger/Viber/Telegram)

မိတ်ဆွေရဲ့အနာဂတ်အတွက် စိတ်ချလုံခြုံမှုကို အခုစတင်တည်ဆောက်လိုက်ပါ။

သင်နဲ့ သင့်မိသားစု အနာဂတ်က တန်ဖိုးရှိပါတယ်ရှင်။

Ei Ei Zin
Financial Services Consultant
IAIA(N)LI-13527
09951636955
[email protected]
AIA Myanmar.


29/11/2023

video

Address

Mandalay

Telephone

+959750049944

Website

Alerts

Be the first to know and let us send you an email when MA EI - Financial Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share