Kaung Pyae Sone - Financial Accounting Services

Call Directions Contact the business

Kaung Pyae Sone - Financial Accounting Services Trusted Financial Partner for your Business Growth.

Our After-Service Support Includes:Free consultationOngoing accounting guidancePriority client supportMonthly follow-up😊...
03/08/2026

Our After-Service Support Includes:

Free consultation

Ongoing accounting guidance

Priority client support

Monthly follow-up

😊😊😊

ဂျူဂျူ.... ရေ 😍အလိုက်မသိတဲ့ အကောင်ပလောင်တွေရဲ့ လက်ကို ကိုင်နေမဲ့အစားစာရင်းတွေပဲ ကိုင်ရအောင်.... 😁တစ်ကျပ် နဲ့ လေးဆယ့်ငါးပ...
22/07/2026

ဂျူဂျူ.... ရေ 😍

အလိုက်မသိတဲ့ အကောင်ပလောင်တွေရဲ့ လက်ကို ကိုင်နေမဲ့အစား
စာရင်းတွေပဲ ကိုင်ရအောင်.... 😁

တစ်ကျပ် နဲ့ လေးဆယ့်ငါးပြား ပျောက်နေတာ ပြန်ရှာတွေ့သွားတဲ့ အခိုက်အတန့် မျိုးဆို ပျော်ရတဲ့ ဖီလင်က လွင့်နေတာပဲ လူက မိုးပေါ်ကို 😎
လွဲ နေ တဲ့စာရင်းတွေ ရှာရတာ အမေ ဖွက်ထားတဲ့ ပုဇွန်ခြောက်ကို ရှာရတာလောက် မခက်ခဲပါဘူးကွာ

လာပါ..ကိုကြီး တို့ အတူတူ အလုပ်လုပ်ရအောင် လေ...😇




နွေးထွေးပြီး စိတ်ရှည်တဲ့ ကိုကြီး နဲ့ လက်တွဲပြီး အလုပ်လုပ်ဖို့ စူပါဂျူနီယာလေးတွေ ကို ထပ်မံ ကမ်းလှမ်းပါဦးမယ် ဗျ မိဘမေတ္တာ ...
12/07/2026

နွေးထွေးပြီး စိတ်ရှည်တဲ့ ကိုကြီး နဲ့ လက်တွဲပြီး အလုပ်လုပ်ဖို့ စူပါဂျူနီယာလေးတွေ ကို ထပ်မံ ကမ်းလှမ်းပါဦးမယ် ဗျ မိဘမေတ္တာ လို့ မသုံးနှုန်း ဝံ့ပေမဲ့ ရင်ဝယ်သားလို့ ထားပြီး ဆက်ဆံတတ်တဲ့ ကိုကြီး တို့ Team မှာ အလုပ် လုပ်ရမဲ့ ညီမလေး တို့ ရမဲ့ ပျော်ရွှင်ခြင်း ဆိုတာ ဘာဖြစ်မလဲဆိုရင် စိတ်ချမ်းသာ ကျေနပ်ရခြင်းမျိုးပဲ ဖြစ်လိမ့်မယ် ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေခွင့်ရမဲ့ လုပ်ငန်းခွင် တစ်ခု မို့ အရမ်း မတွေဝေဘဲ လာစေချင်တယ်

စာရင်းပိုင်း အတွေ့အကြုံတွေ အများကြီး ရမယ် Software တွေ အများကြီး သင်ယူခွင့်ရှိမယ် ခရီးတွေထွက်ရမယ် ဘာစာရင်းလာလာ အေးဆေးဆိုတဲ့ အနေအထား ရောက်ဖို့ စိတ်ပါလက်ပါ သင်ပေးမဲ့ စီနီယာတွေ ရှိတယ်

ကိုကြီးတို့လည်း ဝန်ထမ်းဘဝ က လာခဲ့တဲ့သူမို့ ဝန်ထမ်းတွေရဲ့ ခံစားချက်ကို အပြည့်အဝ ခံစားဖူးတယ် ဝန်ထမ်းဘဝ တုန်းက စိတ်ညစ်ခဲ့ရဖူးတဲ့ တချို့ရက်တွေ ကို ငါသာ Team တစ်ခုကို ဦးဆောင်ခဲ့ရင် ဒါမျိုး မလုပ်ဘူးဆိုတဲ့ စိတ်နဲ့ KPS ကို စတင်ခဲ့တာမို့ ကိုကြီးရဲ့ ညီမတွေ စိတ်မပင်ပန်း တဲ့ လုပ်ငန်းခွင် တစ်ခု ဖြစ် နေပါလိမ့်မယ်

သတ်မှတ်ချက်က စာရင်းပိုင်း နဲ့ပတ်သတ်တဲ့ အခြေခံ လက်မှတ် တစ်ချို့ ရယ် Computer Excel ရယ် ကြိုးစားပမ်းစား သင်ယူတတ်မြောက်ချင်တဲ့ စိတ် ရယ် လိုအပ်တယ်

လုပ်ငန်း ခွင်က မန္တလေး အထိုင်မို့ ဆိုင်ကယ်လိုင်စင် လူလိုင်စင် တော့ ရှိရမယ်နော် နေစရာလေး စီစဉ်မပေးနိုင်တာတော့ ကိုယ့်ညီမတွေ ခွင့်လွှတ်

ဝန်ထမ်းဆိုတာမျိုးထက် ညီအကိုမောင်နှမတွေ လို ဖြစ်ကုန်ကြတာမလို့
စာရင်းတွေ လုပ်ရုံမကဘဲ ညီမလေး သာ စိတ်ပါရင် ဘုရားလည်းရှစ်ခိုးရသလို ဘားလည်း အတူ ဒိုးရမယ် sep မတိုင်ခင် အလုပ်ဝင်ထားရင်တော့ Sai Sai Show ပွဲတောင် အတူ ပျော် ရဦးမယ် ဗျာ

ဘယ်လို လဲ CV လေးပို့ပေးဖို့ Ready ပဲလား

Zoom နဲ့ပဲ ဗျူးမယ် ဗျာ

09-771900450 Vb ဒါမှမဟုတ် [email protected] မှာ ရှိနေပါမယ်

ကောင်းသောနေ့လေး ဖြစ်ပါစေ....။

23/05/2026

Manual စာရင်းတွေ လုပ်ဖြစ်တယ် တစ်နှစ်စာအရှုံးအ​မြတ်လည်း ချုပ်ဖြစ်တယ် အဆင်ပြေလားဆို...အဆင်ပြေပါတယ်

ဒါ​ပေမဲ့ ဒီထက်ပိုပြီး Update ဖြစ်ချင်တယ် ပိုပြီး မြန်ဆန်ချင်တယ် ပိုပြီး လွယ်ကူစေချင်တယ် လစဥ် အရှုံးအမြတ်လည်း သိချင်တယ် Computer Software System တစ်ခုအဖြစ် ပုံဖော်ချင်တယ်

လိုအပ်တဲ့ Data တွေ အချိန်နဲ့တပြေးညီ ရချင်တယ် ဒါမှ လည်း ဒီထက်ပိုပြီး ကောင်းမွန်တဲ့ လုပ်ငန်း တစ်ခုကို တည်ဆောက်နိုင်မှာဆို ပြီး

စကားပြောကောင်းတဲ့ ညီမလေးနဲ့ Meeting စလုပ်ဖြစ်ခဲ့ရင်း စန်းမိသားစု ရဲ့ လုပ်ငန်း ခွင် ထဲ စိတ်ရောကိုယ်ပါ အားသွန်ခွန်စိုက် ကြိုးစားပေးခဲ့တယ်

ပြောသမျှ ဖြစ်ချင်တဲ့ အရာတိုင်းကို စာရင်း သဘောတရားထဲက သွေဖီ မသွားအောင် ထိန်းရင်း အကောင်းဆုံး ပုံဖော်ပေးဖြစ်ခဲ့တယ်

နှစ်နာရီစာ ဆွေးနွေးမှုအပြီးမှာ ဖြစ်ချင်တဲ့ ပုံစံကို နှစ်ဆယ့်တစ်ရက်နဲ့ အကောင်အထည်ဖော်ပေးနိုင်ခဲ့ပါတယ်

စန်းမိသားစု ဆိုတဲ့ ဆိုင်နာမည်အတိုင်း မိသားစု ဆန်တဲ့ အမျိုးတွေကြား ရင်းနှီးကျွမ်းဝင်စွာ အလုပ် လုပ်ရတာ တစ်ကယ် စိတ်ကျေနပ် ပျော်ရွှင်ရပါတယ်

အစောပိုင်း က စာရင်းတွေ မှားရင် ကျွန်တော်ဆူမှာ စိုးလို့ ကြောက်ကြတဲ့ အမ ကြီး တွေလည်း အခု ဆို မကြောက်တော့ဘူးနော် ( အခုဆို ကျွန်တော့်ကို ပြန်ဆူနေလို့ ​ပြန်ကြောက်နေရပြီ 😂 )

Owner သွားချင်တဲ့ လမ်းကြောင်းပေါ်မှာ​ရောက်​အောင်ကျွန်တော်စီစဉ်ပေးတဲ့ စာရင်းတွေထဲ ကြိုးစားပမ်းစား လိုက်ပါ ခဲ့ကြတဲ့ အမျိုးတွေ အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ် ( အခုက စပြီး စာရင်းတွေလွဲရင် အန်တီကြွေ ကို တိုင်မှာမို့ အတိုင်မခံချင်ရင် နုတ်ပိတ်ပါဗျို့ 😝 )

KPS ရဲ့ Accounting Service အပြီးမှာ Monthly Report & Auditing ကို ထပ်မံ အပ်နှံခဲ့တဲ့အတွက်လည်း

ကျေးဇူးတင်ပါတယ် ခင်ဗျာ 😊






05/05/2026

Yar Zar Tattoo Supply Shop 😊




ညီမလေး ကတော့ ငယ် တဲ့ အချိန်မှာ သင်တန်းတွေ တတ်မယ် လုပ်ငန်း အစုံဆီက နေ  လုပ်ငန်းအတွေ့အကြုံတွေယူမယ်  လေ့လာမယ် ညီမလေး က လေ တ...
17/02/2026

ညီမလေး ကတော့ ငယ် တဲ့ အချိန်မှာ သင်တန်းတွေ တတ်မယ် လုပ်ငန်း အစုံဆီက နေ လုပ်ငန်းအတွေ့အကြုံတွေယူမယ် လေ့လာမယ် ညီမလေး က လေ တစ်ဆင့်ချင်းကြိုးစားပြီး JA Accountant SA CA FM အဲ့တာတွေ ဖြစ်ချင်တယ် စာရင်းတွေ လုပ်နေရတာ ပျော်တယ် စာရင်း လမ်းကြောင်းကနေ သွေဖယ်နေတဲ့ အလွဲတွေ ကို ပြင်ပေးရတာ ကြိုက်တယ် ……ဆိုတဲ့ ညီမငယ်လေးတွေ အတွက် ကိုကြီး ရဲ့ ကမ်းလှမ်းချက်လေး ပါ 🙏🙏🙏

မန္တလေး မှာ လက်ရှိ လည်ပတ်နေတဲ့ စာရင်းပိုင်းဆိုင်ရာ ဝန်ဆောင်မှု ပေးနေတဲ့ KPS မှာ JA နှစ်ယောက် လက်တွဲခေါ်ဖို့ စီစဉ်ထားပါတယ်

ကိုကြီး ရဲ့ ကြိုဆိုမှု လေးကို ပြောပြဦးမယ် 😀

နွေးထွေးတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင် တစ်ခု ဖန်တီးပေးနိုင်တယ် လုပ်ငန်းပိုင်းဆိုင်ရာ မှာ မသိတာ နားမလည်တာ ကို ရှင်းပြပေးပြီး လက်တွဲ ခေါ်မယ် နားလည်တတ်ကျွမ်းမှု ပေါ် မူတည်ပြီး အဆင့်တွေ တိုးပေးမယ် ရင်ဝယ်သားလို ထားမယ် 😍

မှားတာ လုပ်မိရင်တောင် ငါ ပဲ ဆူမယ် ငါ့ကလေး ကို မထိနဲ့ မကြိုက်ဘူးဆိုတဲ့ ခံယူချက် နည်းနည်းရှိလို့ ရန်ဖြစ်ပြီး ပြန်လာရင်တောင် နိုင်ခဲ့လား လို့ အရင် မေးမယ် 🤓

စာရင်းသမား တစ်ယောက် ထားရမဲ့ စိတ်ထားတွေ အကျင့်တွေ သိက္ခာတွေ အကုန် သင်မယ် 😇

လုပ်ငန်း တစ်ခုထဲမှာ အသေမထားဘဲ ဆိုင် ပေါင်းစုံ မှာ လေ့လာခွင့်ပေးမယ် Software ပေါင်းစုံ သင်ရမယ် 😉

လက်ရှိ တတ်နေတဲ့ စာရင်းပိုင်း ဆိုင်ရာ သင်တန်းတွေ အတွက် မေးသမျှ ဖြေနိုင် ပြီး လိုအပ်ရင် Guide ပါ လုပ်ပေးဦးမယ် 🥳

စာရင်းပိုင်းထဲမှာ ကျင်လည်နေတဲ့ လူဖြစ်လို့ ညီမလေး ပျောက်နေတဲ့ လမ်းကြောင်းတွေ အတွက် စေတနာ အကြံဉာဏ်တွေ က လိုသလောက် ရနေဦးမယ် ☺️

အပြော လား လက်တွေ့လား သိရဖို့ ဒွိဟ ဖြစ်မနေနဲ့ ကိုကြီးဆီ CV သာ လာတင်လိုက်တော့ 😎

09-771900450 Vb
[email protected] မှာ ကိုကြီး ရှိမယ် နော်

ကောင်းသော နေ့လေး ဖြစ်ပါစေ….။




KPS မှ စာရင်းပိုင်း တာဝန်ယူထားတဲ့ မိတ်ဆွေ Client မုန့်ထုတ်လုပ်ဖြန့်ချီရေး ဆိုင်အတွက် ဝန်ထမ်းလေး လိုအပ်လျှက်ရှိနေပါသဖြင့်...
30/01/2026

KPS မှ စာရင်းပိုင်း တာဝန်ယူထားတဲ့ မိတ်ဆွေ Client မုန့်ထုတ်လုပ်ဖြန့်ချီရေး ဆိုင်အတွက် ဝန်ထမ်းလေး လိုအပ်လျှက်ရှိနေပါသဖြင့်....စိတ်ဝင်စားသော အမျိုးကောင်း သား အမျိုးကောင်းသမီး များကို ဖိတ်ခေါ်ပါတယ် ခင်ဗျာ

09982308239 vb မှာ CV များပေးပို့ လျှောက်ထားနိုင်ပါတယ်

ဆိုင်လိပ်စာ - MDY စျေးချို အနီး
အလုပ်ချိန် - 7:00-4:30
ပိတ်ရက် - လပြည့်လကွယ် ( ကြားဥပုသ် နေ့တစ်ဝက်)
ခြောက်လတစ်ကြိမ် ရာထူးတိုး လစာတိုး ရှိသည်။

ကြိုးစား မဲ့သူတိုင်း အတွက် စောင့်မျှော်နေသော အခွင့်အရေးများ 🥰



#စာရင်းပိုင်းဆိုင်ရာ ဆွေးနွေးချင်ပါက 09982308239

#စာရင်းပိုင်းဝန်ထမ်းများ လိုအပ်ပါက 09771900450

သို့ ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959771900450

Website

Alerts

Be the first to know and let us send you an email when Kaung Pyae Sone - Financial Accounting Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kaung Pyae Sone - Financial Accounting Services:

Shortcuts

Share