19/01/2021
🔶 မီးအာမခံ Fire Insurance🔶
🏠မိမိပိုင်ဆိုင်သည့် အိုးအိမ်၊တိုက်တာ၊တန်ဖိုးကြီးစက်ပစ္စည်း၊ကုန်ပစ္စည်း၊ပရိဘောဂ နှင့် အိမ်သုံးပစ္စည်း များမီးလောင်ကျွမ်းခြင်းကြောင့် ဆုံးရှုံးမှုဖြစ်ခြင်းမှ လျော်ကြေးရရှိနိုင်ရန် မီးအာမခံ ထားရှိနိုင်ပါသည်။
✅ပိုင်ရှင်၊ပူးတွဲပိုင်ရှင်၊ပိုင်ရှင်၏ဇနီး(သို့)ခင်ပွန်း၊ပစ္စည်းအပ်နှံမှုကို လက်ခံထားရှိသူများက အာမခံထားရှိနိုင်သည်။
✅အဆောက်အဦ၊ပရိဘောဂ၊အိမ်သုံးပစ္စည်း၊စက်ကိရိယာ၊လုပ်ငန်းသုံးပစ္စည်း၊ကုန်ပစ္စည်း(ကုန်ကြမ်း၊ကုန်ချော) အစရှိသည်တို့ကို မီးအာမခံထားရှိနိုင်ပါသည်။
✅အနည်းဆုံး(၁၀)ရက်မှ အများဆုံး (၁)နှစ်အထိထားရှိနိုင်ပါသည်။
✳️ပေးသွင်းရမည့် ပရီမီယံနှုန်းမှာ အာမခံထားငွေအပေါ် ၀.၁၃% မှ ၃.၅% အထိရှိပါသည်။
✳️ပရီမီယံနှုန်းကို အဆောက်အဦ၏ အတန်းအစား၊အသုံးပြုပုံ၊ပတ်ဝန်းကျင်အခြေအနေ နှင့် အာမခံထားရှိမည့်ငွေတန်ဖိုး အပေါ်မူတည်ပြီး တွက်ချက်ပါသည်။
🔰မီးအာမခံနှင့်တွဲဖက်၍ အပိုအန္တရာယ်အကာအကွယ်များကို ဝယ်ယူနိုင်ပါသည်။(၁)အဓိကရုဏ်း၊သပိတ်မှောက်ခြင်းနှင့်မသမာဖျက်ဆီးမှုများ
(၂)လေယာဥ်ဖြင့်ထိခိုက်ပျက်စီးမှု
(၃)ကုန်းလမ်းသွားယာဥ်ဖြင့် ထိခိုက်ပျက်ဆီးမှု (၄)မြေကျွံ၊မြေပြိုမှု
(၅)မြေငလျင်မီး(မီးအပါအဝင်ငလျင်ကြောင့်ပြိုအက်ပျက်စီးမှု)
(၆)ပေါက်ကွဲပျက်စီးမှု
(၇)အလိုအလျောက်မီးစွဲလောင်မှု
(၈)လေပြင်းမုန်တိုင်းအမျိုးမျိုး
(၉)ရေကြီးမှု၊ရေလျှံမှု
(၁၀)ဖောက်ထွင်းခိုးယူမှု
(၁၁)စစ်ဘေးအန္တရာယ်
✅မီးလောင်ကျွမ်းမှု၊မိုးကြိုးပစ်ခြင်း၊အိမ်သုံးဓါတ်ငွေ့ ပေါက်ကွဲမှုနှင့် မီးငြိမ်းသတ်ခြင်းကြောင့်ပျက်စီးခြင်းတို့အတွက် လျော်ကြေးရပါမည်။
✅အာမခံသက်တမ်းတစ်နှစ်ပြည့်ပြီးနောက် ၎င်းသက်တမ်းအတွင်းလျော်ကြေးတောင်းခံသည့်ကိစ္စရပ်ဖြစ်ပွားခြင်းမရှိခဲ့ပါကဆက်လက်သက်တမ်းတိုးထားရှိမည့်နှစ်များအတွက် ပရီမီယံနှုန်းအပေါ်တွင် သတ်မှတ်ရာခိုင်နှုန်းများလျှော့ပေးသွားပါမည်။
✅ပရီမီယံကြေးကို တစ်လုံးတစ်ခဲတည်း ပေးသွင်းရပါသည်။
❎မီးလောင်နေစဥ်အတွင်း ပစ္စည်းများခိုးယူခံရခြင်း၊အကြမ်းဖက်သူများမှဖျက်ဆီးခြင်းကြောင့်ပျက်စီးခြင်း၊နူကလီးယားနှင့် ပတ်သက်၍ ပျက်စီးဆုံးရှုံးခြင်း၊ရေဒီယိုသတ္တိ ကြွခြင်းကြောင့်ပျက်စီးဆုံးရှုံးခြင်း တို့အတွက်လျော်ကြေးမရရှိနိုင်ပါ။
📣အထူးသတိပြုရန်မှာ အာမခံထားရှိသည့်ပစ္စည်းပိုင်ရှင် အပြောင်းအလဲဖြစ်ခြင်း၊နေရာရွှေ့ပြောင်းခြင်း၊တန်ဖိုးပြောင်းလဲမှုရှိခြင်း၊အနေအထားပြောင်းလဲမှု ဖြစ်ခြင်းတို့ကို အကြောင်းကြားရန်လိုအပ်ပါသည်။