Yours Private Stylist Mandalay

Yours Private Stylist Mandalay BRANDED BEAUTY CORNER

အထူ KF94 လိုချင်ရင်ရပါမယ် ၁ထုတ်-၂၅၀၀ (၁ထုတ်-၁၀ခုပါ) အနည်းဆုံး ၅ ထုပ်ယူပေးပါနော်"လက်ကား အထုတ် ၂၀မှ စရမည်"Order confirm ပြ...
01/07/2021

အထူ KF94 လိုချင်ရင်ရပါမယ်
၁ထုတ်-၂၅၀၀ (၁ထုတ်-၁၀ခုပါ)
အနည်းဆုံး ၅ ထုပ်ယူပေးပါနော်

"လက်ကား အထုတ် ၂၀မှ စရမည်"

Order confirm ပြီးcancelမရပါ
အမဆီပစ္စည်း 10-14ရက်အတွင်းရောက်ပါ့မယ်

Mandalay မြို့တွင်းအိမ်ရောက်ငွေချေရတယ်နောိ

ကျန်မြို့များ ကြိုလွှဲရမည် ငွေဝင်မှ order confirmed မည်
kpay/ wave money လက်ခံပါတယ် bank transfer မရပါ

အားလုံးကိုတစ်ခုလောက်မေတ္တာရပ်ခံပါရစေအရင်က Ninja delivery service နဲ့ Royal delivery နဲ့ မြန်မာတစ်နိုင်ငံလုံး​ အိမ်ရောက်င...
07/06/2021

အားလုံးကိုတစ်ခုလောက်မေတ္တာရပ်ခံပါရစေ

အရင်က Ninja delivery service နဲ့ Royal delivery နဲ့ မြန်မာတစ်နိုင်ငံလုံး​ အိမ်ရောက်ငွေချေလုပ်ပေးတာပါရှင့် ကားဂိတ်ချ ဆိုရင်တော့ ကြိုလွှဲရပါတယ်

အခုကကြတော့ အားလုံးသိကြတဲ့အတိုင်း bank တွေက ငွေထုတ်ရခတ်ပါတယ် အပေါ်ကပြောထားတဲ့ delivery service တွေက အကုန် bank နဲ့ချိတ်ပြီး အလုပ်လုပ်ရတာပါ အခုလိုအခြေအနေမှာ မန္တလေးမြို့ကလွှဲလို့ အိမ်ရောက်ငွေချေဝန်ဆောင်မှုမပေးနိုင်တော့တာဖြစ်ပါတယ်

ဒါပေမဲ့ kpay နဲ့ wave money နဲ့တော့ လက်ခံပေးပါတယ် ဘာလို့ဆို သူတို့က ထုတ်ရရင် %ပေးရပေမဲ့ ဘဏ်တွေလောက်မခက်ပါဘူး

ဒါကြောင့် နားလည်ပေးနိုင်မယ်လို့လည်းမျှော်လင့်ပါတယိ 🙆‍♀️💟

Btw….ပစ္စည်းက တကယ်ပို့မှာလားတို့...ပစ္စည်းကရှိရောရှိလိူ့လားတို့ မယုံသင်္ကာနဲ့လာမမေးပါနဲ့နောိ တကယ်ယုံကြည်မှ လာမှာပါ 🙂 ပစ္စည်းလာဝယ်ပြီး ဆိုရင် ဘာသုံးသင့်တယိကစ နောက်ဆုံးသုံးတဲ့အထိ ဘယ်လိုသုံးရတယ်အစသေချာစေတနာနဲဲ့ instruction ပေးပေးပါတယ်နော်🙆‍♀️

Anyway, Love U All my Vitamins who always supported me😘😘😘

27/05/2021

𝘽𝙀𝘼𝙐𝙏𝙔𝙁𝙍𝙀𝙎𝙃 𝙒𝙖𝙧𝙚𝙝𝙤𝙪𝙨𝙚 𝙎𝙖𝙡𝙚 ရှိလို့မရောင်းဘူးလားလာမေးနေကြတယိ

ငွေစျေးက အရမ်းတက်နေလို့ မရောင်းပေးချင်လို့ပါနော် ဘာလို့ဆို sale သာပြောတာ အရင်ကဈေးတွေထက်ပိုကြီးနေမှာမို့ပါ

Deposit လည်းယူမှအဆင်ပြေမယ် waiting time လည်း 2လကျော်လောက်ကြာလောက်တယ် အဲ့ကြောင့်မရောင်းပေးချင်တာပါရှင့် ☹️

ခုချိန်ရှိတာလေးတွေနဲ့ဘဲ သုံးနှင့်ကြနော် 🥺

ဒေါ်လာပြန်ငြိမ်မှ sale တွေအများကြီးထပ်တင်ပေးပါ့မယိ

Thank u my dears😘

Goli နောက်ထပ် ၁ဖာ ထပ်ရောက်ပါတယ် ၂၂၀၀၀ နဲ့ဘဲထပ်ရောင်ပေးပါ့မယ်USA direct ပါနော် ၃၅ဘူး ဘဲရပါ့မယ်နော်
27/05/2021

Goli နောက်ထပ် ၁ဖာ ထပ်ရောက်ပါတယ်

၂၂၀၀၀ နဲ့ဘဲထပ်ရောင်ပေးပါ့မယ်

USA direct ပါနော်

၃၅ဘူး ဘဲရပါ့မယ်နော်

Sis လေးတွေ ဖတ်ရအောင် information sharing 🧐
27/05/2021

Sis လေးတွေ ဖတ်ရအောင် information sharing 🧐

26/05/2021

Hello ကာကာလေးတို့
message reply ကြာနေရင် sorryနော်
Messager က error တတ်နေတာ စာတွေမမြင်ရဖြစ်နေလို့ပါ☹️

13/05/2021

မိမိထံ စျေးဝယ်သူ ကာကာများ၏ အခြေနေ

ယခင် 👉👉
အိမ်အရောက်ငွေချေ လုပ်ပေးပါ။😌

ယခု 👉👉
ငွေကြိုရှင်းပါမယ်။
အခုလွှဲလိုက်မယ်။
အရင်နံပါတ်ပဲ မဟုတ်လား။
ဟုတ် ခု လွှဲလိုက်ပြီရှင့်။ 😼😼

Crd..

 ုန်Goli ခုချိန်ယူရင် ၂၂၀၀၀ နဲ့ရပါ့မယ်၁ဘူးဝယ်ရင် CDM or စစ်ဘေးရှောင်နေတဲ့ပြည်သူတွေအတွက် 500 လှူပေးပါ့မယ်ဘူး၄၀ ဘဲရပါ့မယ်န...
25/04/2021

ုန်

Goli ခုချိန်ယူရင် ၂၂၀၀၀ နဲ့ရပါ့မယ်

၁ဘူးဝယ်ရင် CDM or စစ်ဘေးရှောင်နေတဲ့ပြည်သူတွေအတွက် 500 လှူပေးပါ့မယ်

ဘူး၄၀ ဘဲရပါ့မယ်နော်

EGO Size-39လေးလိုချင်ရင် instock ရမယ်နောိဈေးတန်လို့ ပိုဝယ်ပေးထားတယ်နောိ 🇬🇧 UK directed
01/02/2021

EGO Size-39လေးလိုချင်ရင် instock ရမယ်နောိ
ဈေးတန်လို့ ပိုဝယ်ပေးထားတယ်နောိ
🇬🇧 UK directed

27/01/2021
Review😻
27/01/2021

Review😻

[ROUTINE] THE ROSIE EDIT'S HAIR CARE - PART 2

ဖူးပွင့်ရဲ့ hair routine က weekly care intensive hair mask ရယ် deep conditioning oil treatment ရယ် ပြီးတော့ ခေါင်းလျှော်ပြီးရင် hair serum or hair coat စိတ်ကူးပေါက်သလိုသုံးတယ်။

Hair Mask သုံးတာက ဖူးပွင့် salon သွားပြီး treatment လုပ်ရတာပျင်းလို့။ ဆံပင်ကိုတခုခုလုပ်ထားရင် ဆိုင်မှာသွားပြီး treatment ယူတာကပိုကောင်းတာပေါ့။ ဒါပေမယ့် ဖူးပွင့်ကဆံပင်ကို ဘာဆိုဘာမှ မကလိထားတော့ အိမ်မှာလုပ်တာနဲ့လုံလောက်တယ်။ စိတ်ကူးပေါက်ရင်တော့ဆိုင်သွားပြီးတော့treatment ယူပါတယ် ဒါပေမယ့် ဖူးပွင့်က ဆိုင်မှာခေါင်းလျှော်ဦးဟဲ့ ပေါင်းဆေးထည့်ဦးဟဲ့ ပေါင်းချောင်အောက်မှာထိုင်ဦးဟဲ့ dryer မှုတ်ဦးဟဲ့ hair setting လုပ်ဦးဟဲ့ လုပ်တာတွေကိုစိတ်မရှည်ဘူး။ အလိုလိုစိတ်မရှည်တာ။ 🤣 ဒါကြောင့်တစ်နှစ်မှာမှ သုံးခါလေးခါလောက်ဘဲဆိုင်ရောက်တယ်။ Treating myself ပေါ့လေ။

ကိုယ့်ဘာသာအားလုံးလုပ်ရတာကြိုက်လို့ hair treatment mask ကိုအိမ်မှာဘဲလုပ်ဖြစ်တာများတယ်။ တစ်ပါတ်တစ်ခါ မဟုတ်ရင် ဆယ်ရက်တစ်ခါလုပ်တယ်။ ခေါင်းလျှော်ပြီး ခေါင်းကိုမခြောက်တခြောကိသုတ်။ ပြီးရင် ဆံပင်အလယ်ကနေ အဖျား။ အလယ်ကအဖျားနော်။ Hair conditioner တွေ treatment တွေကိုအရင်းကနေထည့်ရင် ဆံပင်ကြီးလေးပြီး စောစောစီးစီးဆံပင်အဆီပြန်လာရော။ ဒါကြောင့် shampoo ကလွဲပြီး ဘယ် treatment ကိုမဆိုဆံပင်အလည်ကအဖျားဘဲထည့်ပါ။ Hair mask ကို ဆယ်မိနစ်လောက်ထားတယ်။ ပြီးရင် ဆေးချလိုက်တယ်။ ပြီးရင် သုတ်ပြီးရာသီဥတုအေးရင် dryer သုံးတယ်။ မဟုတ်ရင်ဒီတိုင်းလေးဘဲလေနဲ့ပေးခြောက်တယ်။

လောလောဆယ်သုံးနေတဲ့ hair mask က Tsubaki က အသစ်ထွက်တဲ့ Premium Repair Mask ။ သူပြောတာက salon ကရတဲ့ result ကိုအိမ်မှာဘဲရတယ်ဆိုလို့ ဝယ်လိုက်တာ။ သုံးပြီးရင် ဆံသားက ပျော့ပြီးစင်းကျသွားတယ်။ ပျော့တုန်တုန်လေးဖြစ်နေတာ။ ခေါင်းသုတ်ပြီးရင်လည်း အိအိလေး။ အနံ့က ပျားရည်နဲ့ဂျုံရောထားသလိုမျိုး။ ဆံပင် rebonding လုပ်ထားတာ ဖြောင့်ထားတဲ့သူဆိုရင် အိစင်းတာက ပိုပြီး effective ဖြစ်မယ်။ ကောက်ထားတဲ့သူတွေမသုံးသင့်ပါ။ သုံးပြီးရင် ဆံပင်က weight လေးနဲ့ဖြစ်သွားလို့ ကောက်သားပြေမှာစိုးလို့။

where i buy - May's Treasure Cosmetics

စျေးက ၃၅၀၀၀ လား ၃၀၀၀၀ လားမသိဘူး။ တစ်ခါသုံး ထမင်းစားဇွန်းတစ်ဇွန်းစာလောက်သုံးရင် ဖူးပွင့်ဆံပင်အတွက်လောက်တယ်။ ဆံပင်က ပုခုံးကျော်ကျော်မှာ။

Hair coat and serum အပိုင်းက ဖူးပွင့်ရဲ့ old school favourite ဖြစ်တဲ့ Lolane haircoat ရယ် Innisfree camellia hair serum ရယ်ကိုစိတ်ကူးပေါက်တာကိုယူသုံးတယ်။

Lolane က ဆံပင်ကို weight လေးနဲ့ ဆံသားပြောင်ပြောင် သပ်သပ်ရပ်ရပ်လေးဖြစ်ချင်ရင်လိမ်းတယ်။ မြန်မာပြည် market မှာသူ့ဘဲကြိုက်တယ်။ အခြားဟာတွေပြောင်းသုံးကြည့်တယ် သူ့လောက်ကိုမကြိုက်ဘူး။ သူ့မှာ vitamin E လည်းပါတယ် သိလား။ ဟိုအမကြီးကိုပြောပေးနော်။ ဒါက synthetic vitamin E မို့ organic certificate မရထားရှာဘူးလို့ ဖူးပွင့်ရှင်းပြတယ်လို့ပြောပေးနော် 😝 မီးကစတာနော်။ စိတ်မဆိုးရဘူး။ 😝

Camellia hair serum ကကျတော့ ဆံပင်ကို ခပ်ပေါ့ပေါ့လေးဖြစ်ချင်ရင်သုံးတယ်။ ဆံပင်ဖြန့်ချထားလို့ ဝဲဝဲလေးနဲ့လှချင်ရင်ပေါ့နော်။ သူကသုံးပြီးရင် လိမ်းထားမှန်းမခံစားရဘူး။ ပြီးတော့ အနံ့လေးလည်းမွှေးတယ်။ သူ့ကိုသုံးတာ အရမ်းမကြာသေးတော့ longterm benefit တော့မသိသေးဘူး။ ဖူးပွင့်ကတော့ သူ့ကိုသုံးတာ ဆံပင်အားဖြည့်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့သုံးတယ်။ ခုထိတော့ သူ့ကိုသုံးလို့ ဆံပင်တွေ တခုခုဖြစ်တာမခံစားရဘူး။

where i buy - Lolane @ Ocean Super Center, Innisfree @ Innisfree KL
Lolane ကတော့ ဈေးမကြီးဘူး။ ဘူးအကြီးမှ ခြောက်ထောင်ဝန်းကျင်ထင်တယ်။ တစ်ဘူးဆိုနှစ်ပေါက်အောင်သုံးပါလေ့။ Innisfree က အဖေဝယ်ခဲ့ပေးတာဆိုဆော့ ဈေးမမေးမိလိုက်ဘူး။

Deep conditioning oil treatment ကတော့ ဖူးပွင့်ကိုယ်တိုင်စိတ်ကြိုက်စပ်တဲ့ oil blend ကို ခေါင်းမလျှော်ခင် တစ်နာရီလောက် တစ်ခေါင်းလုံးလိမ်းပြီးထားထား။ ပြီးရင် shampoo နဲ့လျှော်ချ။ ဒီ oil treatment က ဖူးပွင့်ဆံသားတွေနက်ပြီး ဆံပင်မကျွတ်အောင်ဆိုပြီး သုံးလတစ်ခါလုပ်တာ။ Oil blend ကတော့ စိတ်ကူးနဲ့လိုက်ပြီးပြောင်းတယ်။ သိချင်ရင်တော့ နောက်မှပြောမယ်လေနော်။ ခုကစာလည်းရှည်နေပြီ။

နောက် hair routine post ကျမှ အပူချောင်းနဲ့ဆံပင်ကောက်တတ်တဲ့ဖူးပွင့် ဆံသားတွေမခြောက်မပြတ်အောင် ဘာ protective serum တွေ hair lotion တွေလိမ်းတယ်ဆိုတာကိုရေးတော့မယ်။ ခုတော့ bye bye~!

Love Love Love,
Rosie

Shiseido ရဲ့ brand အခွဲ Tsubaki Hair Mask Zero waiting time မလို့ တန်းရေဆေးချလည်း Salonတွေမှာလျှော်ထားသလို effect ရတယ် န...
27/01/2021

Shiseido ရဲ့ brand အခွဲ Tsubaki Hair Mask

Zero waiting time မလို့ တန်းရေဆေးချလည်း Salonတွေမှာလျှော်ထားသလို effect ရတယ်

နောက်င်္ပြးသူက Silicone free လည်းဖြစ်တယ် High treatment effect မလို့ ၁ပတ်မှာအများဆုံး၂ကြိမ်ဘဲသုံးသင့်တယ်

Made in Japan & imported from Korea

ပုံမှန် sale ရှ်တောင် 30000 လောက်ရှိတယ်
အခုက full size 180 g ကို 24000ဘဲကျမယ် ( WS ဈေးသက်သက်ရှိမယ်)

Waiting time က March လလောက်မှရမယ်နော်

(လိုချင်ရင်တော့ တမ်းမှာပေးပါ sale မရှိတော့ရင် ဒီဈေးနဲ့မရပါဘူး)

Address

Mandalay
05031

Opening Hours

Monday 09:00 - 23:45
Tuesday 21:00 - 23:45
Wednesday 00:00 - 23:45
Thursday 09:00 - 23:45
Friday 09:00 - 23:45
Saturday 21:00 - 23:45
Sunday 09:00 - 23:45

Website

Alerts

Be the first to know and let us send you an email when Yours Private Stylist Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yours Private Stylist Mandalay:

Share