27/07/2024
အရပ်စာချုပ်ဖြင့် ဝယ်ယူခြင်းအကြောင်း
အိမ်/ခြံ/မြေ တွေကို အရပ်စာချုပ်နဲ့ဝယ်ခြင်းဟာ အပြည့်အဝ ဝယ်ယူခြင်း မဟုတ်ပါဘူး ။ တရားဝင် ဝယ်ယူခြင်း မမြောက်ပါဘူး ။
ဘာကြောင့်လဲဆိုတော့..
( ၁ ) စာချုပ်ဟာ မှတ်ပုံတင်စာချုပ် မဟုတ်ဘူး။ အရပ်စာချုပ်သာဖြစ်ပါတယ်။
(၂) တံဆိပ်ခေါင်းခွန် ထမ်းဆောင်မထားဘူး။
(၃) စာချုပ်ကို မှတ်ပုံတင်ကြေးပေးပြီး မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်မထားဘူး။ ရုံးမှာ စာချုပ်မရှိဘူး။
(၄) မြေစာရင်းနဲ့ စည်ပင်ဌာနမှာ မိမိအမည်ပြောင်း လျှောက်ထားလို့မရဘူး။ မိမိအမည်မပေါက်နိုင်ဘူး။ ဂရန်မရနိုင်ပါဘူး။
( ၅ ) မြေပုံ၊ မြေရာဇဝင်မှာ မိမိအမည်မပေါက်ဘူး။
ဒီလို အရပ်စာချုပ်နဲ့သာ ဝယ်ယူထားခြင်းကို တစ်ပိုင်းတစ်စ ဆောင်ရွက်ခြင်း ” PART PERFORMANCE လို့ခေါ်ပါတယ်။ အပြည့်အဝ ဆောင်ရွက်ထားခြင်း မဟုတ်တဲ့အတွက် ပိုင်ဆိုင်ခွင့်မရနိုင်ဘူး။ တစ်ပိုင်းတစ်စ အခွင့်အရေးသာ ရနိုင်တယ်။ မြေရဲ့ ပိုင်ဆိုင်ခွင့်အကြောင်း တရားရုံးမှာ အရေးဆိုလို့မရပါဘူး။
ပိုင်ဆိုင်ခွင့်ကို အကြောင်းပြုပြီးတော့ အိမ်မြေအပေါ် ကျူးကျော်သူကို နှင်ထုတ်လို့ မရဘူး ။
ကိုယ်ကအခြားသူကို တရားဝင် ပြန်လည်ရောင်းချ လို့မရဘူး။ ရောင်းချခဲ့ရင်လည်း ဝယ်သူဟာ တရားဝင်ပိုင်ရှင် အဆင့် မရနိုင်ဘူး။
ဒါပေမဲ့ ရောင်းသူက ကိုယ့်ကို ဒီမြေပေါ်က နှင်ထုတ်လိုမှု ဆိုလာရင်တော့ -
သူနဲ့ကိုယ်နဲ့ ချုပ်ဆိုထားတဲ့ အရပ်ကတိ စာချုပ်ကို ရုံးတော်ကို တင်ပြပြီး ( ဒိုင်း )အဖြစ် ခုခံကာကွယ်နိုင်တယ် ။ ကိုယ့်ကို နှင်ထုတ်လို့မရပါဘူး။
ဒါကြောင့် တစ်ပိုင်းတစ်စ ဆောင်ရွက်ခြင်း ၊ ဝယ်ယူခြင်းဟာ ဓားအဖြစ် ထိုးခုတ်လို့ မရဘူး ။ ဒိုင်းအဖြစ်သာ ခုခံကာကွယ်နိုင်ပါတယ်။ (PART PERFORMANCE IS A SHIELD, NOT A SWORD)
ကူးယူဖော်ပြပါသည်
#ဥပဒေရေးရာ