Profit Trading With SMK

Profit Trading With SMK

04/11/2022

ရိုးသားပါ
ကိုယ်မရသင့်တာကို မယူချင်ပါနဲ့
ကိုယ်မရသင့်တာကို ယူလိုက်မိရင်ကိုယ်မလိုချင်တာတွေကိုပါလက်ခံရတတ်တယ်☕

 #ငွေများများလိုချင်ရင် ငွေကိုများများခိုင်းတတ်ဖို့တော့လိုတာပေါ့😉👇     နေ့စဉ်နှင့်အမျှ ကိုယ့်ရဲ့ငွေတွေကို လက်ထဲ ၊ ဘဏ်ထဲမ...
04/11/2022

#ငွေများများလိုချင်ရင် ငွေကိုများများခိုင်းတတ်ဖို့တော့လိုတာပေါ့😉👇

နေ့စဉ်နှင့်အမျှ ကိုယ့်ရဲ့ငွေတွေကို လက်ထဲ ၊ ဘဏ်ထဲမှာပဲထားနေသမျှတော့ ငွေတွေကအိပ်နေအုံးမှာပဲ။

ဒီတော့ ကိုယ်ကဝင်ငွေလမ်းကြောင်းတိုးချဲ့ချင်တယ် ငွေများများဝင်ချင်တယ်ဆိုရင် ဗေဒင်မမေးနဲ့ ယတြာမချေနဲ့ လက်ရှိလုပ်ငန်းအပြင် အခြားစီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမှုတွေပြုလုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

သူဌေးဖြစ်ချင်ရင်တော့ စွန့်စားရဲဖို့တော့လိုတာပေါ့။ ကိုယ်က ဒီလုပ်ငန်းပဲလုပ်တတ်လို့ ဒါပဲလုပ်မယ်ဆိုရင် ဒီလုပ်ငန်းကရတဲ့ဝင်ငွေထပ် ပိုလိုချင်လို့တော့မရဘူးပေါ့။

ဒီနေ့မှာတော့ ကျွန်တော်က Main Businessအနေနဲ့ရော Second Businessအနေနဲ့ပါ လုပ်ကိုင်ရအဆင်ပြေတဲ့ Forex Market လေးနဲ့မိတ်ဆက်ပေးပါရစေ။

Forexဆိုတာ ဘယ်လိုလုပ်ငန်းမျိုးလဲဆိုရင်.......
လူကြီးမင်းဆီမှာ ဖုန်း(သို့မဟုတ်)Laptopတစ်လုံးရှိယုံနဲ့ အင်တာနက်ချိတ်ဆက်ပြီး အိမ်ထဲကအိမ်ပြင်ထွက်စရာမလိုဘဲ #နိုင်ငံတကာဈေးကွက် တွေမှာ ဝင်ရောက်အရောင်းအဝယ်ပြုလုပ်ပြီး အကျိုးအမြတ်တွေရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။

တခြားသော စီးပွားရေးတွေနဲ့ မတူတဲ့ Forex Marketရဲ့ အားသာချက်တွေကတော့.....

🔹ကမ္ဘာ့စျေးကွက်ကြီးတွင် အရင်းအနှီးနည်းနည်းဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း။

🔹ဝန်ထမ်းစရိတ်၊ဆိုင်ခန်းစရိတ်စသည့်အခြားသောကုန်ကျစရိတ်များမရှိဘဲ လုပ်ကိုင်နိုင်ခြင်း။

🔹နေရာဒေသမရွေး၊အင်တာနက်လိုင်းရှိယုံဖြင့် လုပ်ကိုင်နိုင်ခြင်း။

🔹လက်ရှိစီးပွားရေးတဖက်ဖြင့် လုပ်ကိုင်နိုင်ခြင်း။

🔹တနလင်္ာနေ့မှသောကြာနေ့အထိ ၂၄နာရီပတ်လုံး မိမိကြိုက်နှစ်သက်တဲ့အချိန် အရောင်းအဝယ်ပြုလုပ်နိုင်ခြင်း။

🔹ရင်းနှီးမြုပ်နှံမှု မပြုလုပ်ခင်စျေးကွက်တွင်အစမ်းအရောင်းအဝယ် ပြုလုပ်နိုင်ခြင်း။

🔹ရောင်းသူ၊ဝယ်သူစောင့်ဆိုင်းစရာမလိုဘဲ အရောင်းအဝယ်order စက္ကန့်ပိုင်းဖြင့်ပြီးမြောက်ခြင်းတို့ဘဲဖြစ်ပါတယ်။

Forex Marketမှာလည်း အခြားသောစီးပွားရေးလုပ်ငန်းတွေလိုပဲ အရှုံးအမြတ်ရှိပါတယ်။ကိုယ်ကForex Marketကို စနစ်တကျမလေ့လာဘဲ အလောင်းကစားဆန်ဆန်အရောင်းအဝယ်ပြုလုပ်မည်ဆိုပါက ရှုံးနိုင်ပါတယ်။

ဒီလိုပဲ ကိုယ်က Forex Marketကို စနစ်တကျ လေ့လာပြီး အရှုံး၊ အမြတ်ကို ကောင်းကောင်းစီမံခန့်ခွဲ အရောင်းအဝယ်ပြုလုပ်မည်ဆိုပါက အခြားသောစီးပွားရေးဈေးကွက်တွေမှာမရနိုင်တဲ့ အကျိုးအမြတ်မျိုးကို သက်သောင့်သက်သာ ရရှိနိုင်တဲ့ လုပ်ငန်းမျိုးလည်းဖြစ်ပါတယ်။

🛑လူကြီးမင်းတို့အနေဖြင့် Forex Marketကြီးထဲတွင် အရောင်းအဝယ်ပြုလုပ်ပြီး အကျိုးအမြတ်ရှာဖွေလိုခြင်း ၊ trading accountဖွင့်လိုခြင်း၊ အခြေခံသင်တန်း အထူးသင်တန်းများ တက်ရောက်လိုပါက ကျနော်Ko Swamအား မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။

#စီးပွားရေး
,


တစ်ကမ္ဘာလုံးအတိုင်းအတာအရ           နေ့စဉ်$6.6Trillionနီးပါးအရောင်းအဝယ်လုပ်နေကြတဲ့ကမ္ဘာ့အကြီးမားဆုံး Marketတစ်ခု      မကြ...
04/11/2022

တစ်ကမ္ဘာလုံးအတိုင်းအတာအရ
နေ့စဉ်$6.6Trillionနီးပါးအရောင်းအဝယ်လုပ်နေကြတဲ့ကမ္ဘာ့အကြီးမားဆုံး Marketတစ်ခု

မကြာခင်နှစ်ပိုင်းတွေအတွင်းမြန်မာနိုင်ငံမှာပါအကြီးမားဆုံးဖြစ်လာတော့မယ့်စီးပွားရေးလုပ်ငန်းတစ်ခု

📊 Forex Market 📊

ယနေ့ခေတ်လူငယ်များ၊စီးပွားရေးလုပ်ငန်းရှင်များ၊အပိုဝင်ငွေရချင်သူများ၊ဒုတိယစီးပွားရေး (Second Business) လုပ်ကိုင်ချင်သူများမဖြစ်မနေတတ်ရောက်သင့်တဲ့သင်တန်းဖြစ်ပါတယ်။

နိုင်ငံရေးတွေ၊Covidတွေနဲ့မို့အလုပ်မဖြစ်မှာတွေ၊ရပ်နားထားရမှာတွေ၊အရောင်းအဝယ်ဖြစ်ပါ့မလားဆိုပြီးလုံးဝတွေးပူစရာမလိုပါဘူး။ ကျတော်တို့ Tradingလုပ်ငန်းကိုသာလာ joinပြီးလေ့လာကြည့်လိုက်ပါ။

Forex Tradingစီးပွားရေးကိုစိတ်ဝင်စားပြီး စတင်လေ့လာချင်တဲ့လူကြီးမင်းများအတွက်အခြေခံမှစပီးသင်တန်းဖွင့်လှစ်သင်ကြားပေးနေပါပြီ။

ဒီစီးပွားရေးရဲ့ အဓိက အားသာချက်တွေကတော့

◾️ ငွေဖြစ်မြန်စေတယ်(အရောင်းအဝယ်ဖြစ်မြောက်ဖို့ စက္ကန့်ပိုင်း၊မိနစ်ပိုင်း ပဲကြာပါတယ်)

◾️ အင်တာနက်လိုင်းရှိတဲ့ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမဆို ဒီ စီးပွားရေးကို လုပ်ကိုင်လို့ရနိုင်ပါတယ်၊

◾️ဆတိုးရောင်းဝယ်ခွင့်တွေရှိမယ်၊

◾️စီးပွားရေးတစ်ခုအဖြစ်စတင်မယ့်ဆိုင်ခန်းငှားခ၊ ဝန်ထမ်းငှားခ၊ ပရိဘောဂစရိတ် စတဲ့ အထွေထွေကုန်ကျစရိတ်တွေလည်းလုံးဝမလိုပါဘူး

◾️တစ်ပတ်ကို၅ရက်၊တစ်ရက်ကို24နာရီနီးပါးအရောင်းအဝယ်လုပ်လို့ရနိုင်ပါတယ်၊

ဒီသင်တန်းမှာဘာတွေသင်ပေးမှာလဲဆိုရင်


နိုင်ငံတကာဈေးကွက်များအကြောင်း


နိုင်ငံတစ်ကာမှ ကုမ္ပဏီကြီးများရဲ့စတော့ရှယ်ယာတွေကိုအရောင်းအဝယ်လုပ်လို့ရတဲ့စတော့စျေးကွက်အကြောင်း၊


မြန်မာနိုင်ငံမှာဖွံ့ဖြိုးစပြုလာတဲ့ငွေတိုက်စာချုပ်များအကြောင်း၊


Forex Businessမှာဘယ်လိုဝင်ရောက်လုပ်ကိုင်နိုင်ကြောင်း


Onlineကိုအသုံးပြုပြီးအရောင်းအဝယ်လုပ်ခြင်းဆိုင်ရာနည်းပညာများအကြောင်း


အကျိုးအမြတ်ရအောင်အရောင်းအဝယ်လုပ်တဲ့နည်းဗျူဟာများ


စျေးကွက်မှာလက်တွေ့အရောင်းအဝယ်လုပ်မယ့် meta trader 4 software အကြောင်းအသေးစိတ်


စျေးကွက်ဘယ်လိုခန့်မှန်းသုံးသပ်ရမလဲ စတဲ့ သင်ခန်းစာများပါဝင်ပါတယ်
----------------------

👨‍💻သင်တန်းကြေး
One by one + Video Lessons Class 🔸 Normal 240000 Ks ♨️
Now 150000 Ks (Save 100,000 Ks)✔️✔️

One by One (Face to Face)Class 🔸 150,000 Ks

One by One ( ZOOM ) Class 🔸150,000 Ks

Online Video Lesson Class 🔸100,000 Ks

မန္တလေး နှင့် ရန်ကုန်ရုံးခွဲတွင်လည်း လစဉ်သင်တန်းများပို့ချပေးလျက်ရှိပါတယ်....
#အချိန်ညှိနှိုင်းပီးသင်ယူနိုင်ပါတယ်ခင်ဗျာ

သင်တန်းအပ်နှံရန်နှင့်အသေးစိတ်စုံစမ်းရန်👇

"Profit Trading With SMK" Page Messangerတွင် အသေးစိတ်လာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ💌

Page Link⬇️
https://www.facebook.com/Profit-Trading-With-SMK-107326708416813/

📅 ရုံးသို့ လူကိုယ်တိုင်လာရောက်စုံစမ်းမေးမြန်းလိုပါက Messangerမှတစ်ဆင့် ဆက်သွယ်ကာ ကြိုတင်
Free Appointment ယူရပါမည် .....



#စီးပွားရေး

🍀ငှက်ပျောသီး ဘယ်လိုရောင်းလဲဗျ? ဆိုင်ရှင်က ပြန်ဖြေတယ်ငှက်ပျောသီးတစ်ဖီး နှစ်ထောင်တစ်လုံးချင်း နှစ်ရာ ပါ။အဲဒီ့ အချိန်မှာပဲ ...
03/11/2022

🍀ငှက်ပျောသီး ဘယ်လိုရောင်းလဲဗျ?
ဆိုင်ရှင်က ပြန်ဖြေတယ်
ငှက်ပျောသီးတစ်ဖီး နှစ်ထောင်
တစ်လုံးချင်း နှစ်ရာ ပါ။

အဲဒီ့ အချိန်မှာပဲ ဆိုင်ထဲကို
အမျိုးသမီးတစ်ယောက် ဝင်လာပြီး
" ကျမ ငှက်ပျောသီးဝယ်ချင်လို့
ငှက်ပျောသီး ဘယ်စျေးလဲ " လို့
မေးပြန်တယ်။

ဆိုင်ရှင်က ပြန်ဖြေတယ်။
ငှက်ပျောသီးက တစ်ဖီး တစ်ထောင် တစ်လုံးချင်းကျ တစ်ရာပါ

ဒါကိုကြားတော့
ပထမဝယ်သူအမျိုးသားက ဒေါသထွက်နေတဲ့
အကြည့်နဲ့ ဆိုင်ရှင်ကိုကြည့်လိုက်တယ်။

အဲဒါကို ရိပ်စားမိတဲ့ဆိုင်ရှင်က
ပထမဝယ်သူအမျိုးသားကို ဟိုအမျိုးသမီး
မမြင်အောင် မျက်စေ့တစ်ဖက် မှိတ်ပြပြီး
ခနလေး စောင့်ဖို့ပြောတယ်။

အမျိုးသမီးက
ဝယ်ခြမ်းပြီးတော့ ဆိုင်ထဲကအထွက်မှာ နှုတ်က
" ဆိုင်ရှင်ကြီးကို ကျေးဇူးတင်ပါတယ်ရှင်
ကျမကလေးတွေ ဗိုက်ဆာနေကျတာ
ဒါတွေကိုစားပြီး အရမ်းပျော်သွားကြလိမ့်မယ် "
လို့ ပြောရင်း ထွက်သွားပါတယ်။

အမျိုးသမီးထွက်သွားတော့မှ
ဆိုင်ရှင်က ပထမဝယ်သူကို
ကျနော် ခင်ဗျားကို သက်သက်စျေးတင်ပြီး
ရောင်းတာ မဟုတ်ပါဘူး။

ဒီအမျိုးသမီးက
ဖတဆိုး ကလေး ၄ ယောက်ရဲ့မိခင်
မုဆိုးမတစ်ယောက်ပါ။

ဒါပေမယ့် သူမက
ဘယ်သူ့ဆီကမှ ဘယ်လိုအကူအညီမှ
ယူလေ့မရှိဘူး။

ကျနော် သူ့ကိုကူညီဖို့
အများကြီးကြိုးစားကြည့်ပြီးပါပြီ
မအောင်မြင်ဘူး။

အဲဒါနဲ့
ကျနော်လည်း နည်းလမ်းတစ်ခု
စဉ်းစားမိသွားတယ်။

ဒီအမျိုးသမီး ကျနော့်ဆိုင်မှာ
ဘာပဲ လာဝယ် လာဝယ်
အနည်းဆုံးစျေးနှုန်းနဲ့
လျှော့ပြီးရောင်းပေးလိုက်မယ်။

အဲဒါဆိုရင်
သူ့ကိုကူညီရာလည်းရောက်မယ်။

ပြီးတော့ ဒီအမျိုးသမီးရဲ့
ဘယ်သူ့ရဲ့ အကူအညီမှမလိုဘူးဆိုတဲ့
ယုံကြည်ချက်ကိုလည်း မထိခိုက်တော့ဘူးပေါ့။

ပြီးတော့
ဒီအမျိုးသမီးက တစ်ပါတ်လုံးမှာမှ
တစ်ရက်ပဲလာဝယ်တာ။ သူမ လာဝယ်တဲ့
နေ့ဆိုရင် ဆိုင်ကပိုပြီးရောင်းရတယ်။

အဲဒီတော့မှ ပထမဝယ်သူလည်း
သဘောပေါက်သွားပြီး စိတ်ထဲလဲ
မကောင်းဖြစ်သွားမိတယ်။

တစ်ပါးသူကို ကူညီခြင်းရဲ့အရသာကို
ကူညီဖူးသူတွေပဲ သိပါတယ်လို့ ပြောရင်း
ဝယ်ခြမ်းပြီးပြန်သွားပါတော့တယ်။

ဒီအဖြစ်အပျက်မှာ
ဆိုင်ရှင်ပုဂ္ဂိုလ်ဟာ အတုယူသင့်တဲ့သူပါ။

တစ်ဖက်သားကို
ကူညီလည်း ကူညီလိုက်တယ်။

တစ်ဖက်သားရဲ့
စိတ်ခံစားချက်ကိုလည်း ငဲ့ကွက်တယ်။
ယုံကြည်ချက်ကိုလဲ မပျက်ယွင်းစေဘူး။

သူစျေးလျှော့ပေးတာ
တနည်းအားဖြင့် သွယ်ဝိုက်သောနည်းနဲ့
ပေးကမ်းလှူဒါန်းလိုက်တာပါ။

တစ်ဖက်သားက သိတောင်မသိလိုက်ပါဘူး။

ကျနော်တို့ အားလုံးလည်း ဒီလိုဆိုင်ရှင်ကို
အတုယူပြီး လက်တွေ့ ပြုလုပ်နိုင်စွမ်း
ရှိသူတွေ ဖြစ်ကြရအောင်လားဗျာ။



စာပေဗဟုသုတများ နေ့စဉ်ဖတ်ရှု့နိုင်ရန် Pageကို like and follow လုပ်ထားနိုင်ပါတယ်။ ❣️
https://www.facebook.com/Profit-Trading-With-SMK-107326708416813/

Market Breaking News 🆕 ယနေ့ည 8:30 အချိန်မှာ XAUUSD ကို လှုပ်ခတ်စေနိုင်သည့် Us သတင်းများ ထွက်ရန်ရှိပါတယ်။             ယခု...
01/11/2022

Market Breaking News 🆕

ယနေ့ည 8:30 အချိန်မှာ XAUUSD ကို လှုပ်ခတ်စေနိုင်သည့် Us သတင်းများ ထွက်ရန်ရှိပါတယ်။

ယခုသတင်း Result ကြောင့် Market အပေါ်ကြီးကြီးမားမားရိုက်ခတ်နိုင်သဖြင့် သတင်းမထွက်မှီ 15 mins အလိုနှင့်သတင်းထွက်ပြီး ချက်ခြင်း အရောင်းအဝယ် မလုပ်မိစေရန် အကြံပေးချင်ပါတယ် ။

Trading Business နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုသည်ဖြစ်စေ/သင်တန်းတက်ရောက် လေ့လာလိုသည်ဖြစ်စေ

Trading Accountဖွင့်ပြီး ကိုယ်တိုင်အရောင်းအဝယ်ပြုလုပ်လိုသည်ဖြစ်စေ Page Messenger မှသော်လည်းကောင်း၊ ရုံးသို့ကိုယ်တိုင်လာရောက် ဆွေးနွေးနိုင်ပါတယ်ဗျ ။

📅 ရုံးသို့ လူကိုယ်တိုင်လာရောက်လိုပါက
Page Cb သို့ ဆက်သွယ်ကာ ကြိုတင်
Free Appointment ယူရပါမည် .....

Office
=================

Office 1️⃣ 58B၊ 103*104လမ်းကြား ချမ်းမြသာစည် မြို့နယ်၊မန္တလေးမြို့။

Office 2️⃣ အမှတ် (တ-4/52)
62-A လမ်း ၊ 103 လမ်းနှင့် 103-A လမ်းကြား ၊ ချမ်းမြသာစည် မြို့နယ် ၊ မန္တလေးမြို့ ။

Office
=============

အခန်းနံပါတ်(905), SoHo Business Tower
9လွှာ- ဗိုလ်မြတ်ထွန်းလမ်း၊ အောက်ဘလောက်၊ ဗိုလ်တစ်ထောင်မြို့နယ်။

စပါးရိပ်ချိန်ဆိုရင် ခေါင်းဖြတ်ထားတဲ့ မြွေတွေကို အခွေလိုက်ထည့်ထားတဲ့ လင်ပန်းကိုယ်စီရွက်ပြီး မြွေလိုက်ရောင်းတဲ့ မိန်းကလေးတ...
01/11/2022

စပါးရိပ်ချိန်ဆိုရင် ခေါင်းဖြတ်ထားတဲ့ မြွေတွေကို အခွေလိုက်ထည့်ထားတဲ့ လင်ပန်းကိုယ်စီရွက်ပြီး မြွေလိုက်ရောင်းတဲ့ မိန်းကလေးတွေကို မနက်ခင်းတိုင်း တွေ့ရတတ်တယ်။

ကျွန်တော်(စာရေးသူ) တို့ ဖဒိုမြို့က စျေးထဲမှာ
မြွေသည်တွေ အများကြီးရှိပါတယ်။

လင်းမြွေ ၊ ရေမြွေ ၊ မြွေပွေး အစုံပဲ..
မြွေပွေးဆိုရင်တော့ စျေးကြီးတယ်။
တစ်ကောင်ကို တစ်သောင်းဝန်းကျင် ပေးရတယ်။
လင်းမြွေတို့ ရေမြွေတို့က ပိသာချိန်နဲ့ရောင်းတာမို့ စျေးသိပ်မကြီးဘူး..။

ဒါကြောင့် မြွေဖမ်းသမားတွေက မြွေပွေးကို ဦးစားပေးလိုက်ရှာပြီး ဖမ်းကြတယ်။
တစ်ညကို နှစ်ကောင်ပဲရ..
နှစ်သောင်း နေ့တွက်စီပြီလေ..။

ကျွန်တော့် အိမ်နားမှာ မြွေလိုက်ဖမ်းတဲ့
မြွေမုဆိုး ကရင်ဖထီးကြီးတစ်ယောက်ရှိတယ်။
တစ်နေကုန် အရက်လေးသောက်လိုက်
အိပ်လိုက်နဲ့ ညကျမှ နှစ်ခွမှိန်းလေးကိုင်
ဝါးပလိုင်းလေးလွယ် ၊ ဓားမတိုလေး ခါးကြားထိုးပြီး ကွမ်းလေးတဖွီဖွီဝါးလို့ မြွေလိုက်ဖမ်းတော့တာပဲ။

သူ့ခြေထောက်တစ်ဖက်က နည်းနည်းဆာနေတော့ လမ်းလျှောက်ရင် မြန်မြန်မလျှောက်နိုင်ဘူး။
ဒါပေမဲ့ ည ၃ နာရီလောက်ဆိုရင် အိမ်ရှေ့ကနေ တောစီးဖိနပ်သံ တဂွက်ဂွက်နဲ့ သူအိမ်ပြန်လာတဲ့အသံကိုကြားရတယ်။
ကရင်သီချင်းလေး ခပ်တိုးတိုး ဆိုလာပြီ ဆိုရင်တော့ ကျိန်းသေတယ်။
မြွေပွေး နှစ်ကောင်လောက် မိလာပြီ။

ခြေထောက်ဆာတာတာနဲ့ ဒီအတီးက
အင်မတန်လျှင်မြန်တဲ့ မြွေဆိုတဲ့ သတ္တဝါကို ဘယ်လိုဖမ်းလဲဆိုတာ ကျွန်တော်စိတ်ဝင်စားတယ်။
တစ်နေ့တော့ ကျွန်တော် အဲဒီအတီးအိမ်ကို သွားလည်ရင်း သူ့ကို အင်တာဗျူးတာပေါ့..။

"အတီး..အတီးက ခြေထောက်လည်း
မသန်ဘဲနဲ့ ဒီလောက်မြန်တဲ့ မြွေတွေကို
ဘယ်လိုဖမ်းလဲဗျ..''

ကျွန်တော့်စကားကို အတီးက ပြုံးပြီး
ကွမ်းတစ်ယာထုတ်ဝါးလို့ ပြန်ဖြေပါတယ်။

"ငါက ခြေထောက်မသန်တော့ လင်းမြွေတို့ ရေမြွေတို့ကို မဖမ်းနိုင်ဘူးကွ..
ဒီကောင်တွေက လူတွေ့ရင် ထွက်ပြေးရော.. ဒါကြောင့်ငါက မြွေပွေးပဲ ဖမ်းတယ်..''

"အတီးက မြွေပွေးကိုရော ဘယ်လိုဖမ်းလဲ..''

"မြွေပွေးက လူတွေ့ရင် ထွက်မပြေးဘူးကွ.. လူကို ရန်မူမယ်ဆိုပြီး အသင့်အနေအထားနဲ့ ငြိမ်နေတာ..သူက အဆိပ်ပြင်းတယ်လေ..
ဘယ်သူ့ကိုမှ ထီမထင်ဘူးကွ..
လာမထိနဲ့ သေသွားမယ်ဆိုတဲ့ မာန်ကအပြည့်..
အဆိပ်ပြင်းတဲ့ မြွေချင်းအတူတူ
ငန်းတော်ကျားက လူတွေ့ရင် ရှောင်သွားရော..
မြွေပွေးကတော့ သူ့ကိုထိရင် ဆတ်ခနဲ
လှမ်းပေါက်တာ.. အဲဒီတော့ သူ့ခေါင်းနားကို မှိန်းနဲ့ အသာလေးကပ်သွားပြီး ထိလုထိခင်ကျမှ မှိန်းနှစ်ခွနဲ့ ခေါင်းကိုအမြန်ထိုးချလိုက်ရင် ဒီကောင့်ကို မိတာပဲ..ဟဲဟဲ..
မြွေထဲမှာ အဆိပ်ပြင်းပါတယ်ဆိုတဲ့
မြွေပွေးက ဖမ်းလို့အလွယ်ဆုံးကွ..
ဒီကောင်က သူ့ကိုယ်သူ မာန်တက်နေတော့
ငါ့မှိန်းကို ဂရုမစိုက်ဘူး..''

"အော်....''

ကျွန်တော့်ရင်ထဲ အတွေးတွေ တသီကြီးနဲ့
ဖထီးအိမ်က ပြန်လာခဲ့တယ်။
အဆိပ်မရှိတဲ့ ရေမြွေတို့ လင်းမြွေတို့ကမှ
အန္တရာယ်က လွတ်နိုင်သေးတယ်..
ငါအဆိပ်ပြင်းတာပဲဆိုပြီး မာန်တက်နေတဲ့
မြွေပွေးကတော့ မြွေမုဆိုးလက်မှာ သေတာပဲ..
အဆိပ်တည်းဟူသော မာန်မာနကို
အားကိုးမိပြီး သူတစ်ပါးကို အထင်သေးမိတဲ့
မြွေပွေးတွေဟာ မြွေမုဆိုးအတွက်
ဖမ်းရအလွယ်ဆုံးဆိုပါလား...

ကျွန်တော် ဆက်ပြီး တွေးမိတယ်..

ကျွန်တော်တို့ လူ့ဘောင် လူ့ပတ်ဝန်းကျင်မှာလည်း
လူမြွေပွေးတွေ အများအပြား..
"ဟင်း...ငါ့ကိုလာမထိနဲ့နော်..သေသွားမယ်...
ငါ့ကို ဘာမှတ်နေလဲ...
ငါလုပ်လိုက်ရ မင်းဘဝပျက်သွားမယ်..
ဟေ့ကောင် သားကြီး..ငါနဲ့တော့ မငြိစေနဲ့နော်..''
ဆိုတဲ့ အစွယ်တဖွေးဖွေး လူမြွေပွေးတွေကို
တွေ့တိုင်း ခြေထောက်တစ်ဖက်ဆာနေတဲ့
မြွေမုဆိုး ကရင်ဖထီးကြီးကို ပြေးမြင်ပြီး
ကျွန်တော်ပြုံးမိပါတယ်။

ကိုယ့်ကိုယ်ကိုယ်လည်း ပြန်လည်ဆင်ခြင်တယ်။
စီးပွားရေးလေး အဆင်ပြေလာတိုင်း ၊
အောင်မြင်မှုတွေ ရလာတိုင်း ၊
နောက်ဆုံး...Facebook မှာ ဖော်လိုဝါလေး
တိုးလာတိုင်း ၊
ကိုယ့်ကိုယ် ချီးကျူးသံတွေ ညံလာတိုင်း
"ငါကွ..''ဆိုတဲ့ မာန်မာနတွေ တရိပ်ရိပ်တက်လာ
နေခဲ့ပါလား။
ကိုယ့်ခေါင်းပေါ်မှာ ဖထီးကြီးရဲ့ ခက်ရင်းနှစ်ခွ
မှိန်းကြီး လာဝဲနေပြီဆိုတာ မသိဘဲနဲ့
ယစ်မူးသာယာနေတဲ့ မာန်မာနအဆိပ်တွေ ၊
မာန်မာန အစွယ်တွေ...။

ဖထီးကြီးအိမ်ကနေ ပြန်လာပြီးနောက်ပိုင်း
ရင်ထဲမှာ အသိဥာဏ်တစ်ချို့ လင်းလက်လို့
သွားပါတော့တယ်။
မာန်တက်မယ်ကြံတိုင်း ကွမ်းလေးတဖွီဖွီနဲ့
ခြေထောက်မသန်တဲ့ ဖထီးကြီးရဲ့ ပုံရိပ်ကို
မြင်ယောင်ပြီး အသိ သတိဝင်လာတယ်။

မိတ်ဆွေတို့ ခေါင်းပေါ်မှာရော..
ဖထီးကြီးရဲ့ မှိန်းကြီး ရောက်နေပြီလား..
မော့ကြည့်ကြစေချင်ပါတယ်... ..



စာပေဗဟုသုတများ နေ့စဉ်ဖတ်ရှု့နိုင်ရန် Pageကို like and follow လုပ်ထားနိုင်ပါတယ်။ ❣️
https://www.facebook.com/Profit-Trading-With-SMK-107326708416813/

✅ဒီနေ့မှာတော့ ဒုတိယစီးပွားရေးအဖြစ် ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်လာကျတဲ့ Forex လောကကြီးထဲကို ခြေဆန့်လာသူတိုင်းကို ကျွန်တ...
01/11/2022

✅ဒီနေ့မှာတော့ ဒုတိယစီးပွားရေးအဖြစ် ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်လာကျတဲ့ Forex လောကကြီးထဲကို ခြေဆန့်လာသူတိုင်းကို ကျွန်တော် ကိုစွမ်းမှ Welcome ပါ။

✅ကျနော်တို့‌နိုင်ငံရဲ့ Formအရ လုပ်ငန်းအသစ်တွေဆို ကြောက်တက်တဲ့စိတ်က အမြဲဖုံးလွမ်းခြင်းကို ခံရတာများပါတယ်။

✅ဒါပေမယ့် တချို့သူတွေက အမြင်မှန်တယ်ပြောရမလား၊ အမြင်ကျယ်လာကျတယ်ပြောရမလား?

✅ကျွန်တော် ရှေ့တွေမှာပြောခဲ့သလို ငွေကိုကောင်းကောင်းအသုံးချတက်ဖို့ဆိုတာ ရင်းနှီးမြုပ်နှံခြင်းပါပဲ။ မိမိရဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုတည်းက ယခုအချိန်ထိ ရပ်တည်‌နိုင်အောင်အကျိုးဖြစ်နေ‌ သေးတယ်ဆိုရင် လက်ရှိလုပ်ငန်းထက် အရံစီးပွားရေးတစ်ခု ထက်ရှိနေမယ်ဆိုရင် ဘယ်လောက်၀င်‌ငွေနှစ်ဆတိုးပြီး ဘယ်လောက် coverပေးမလဲဆိုတဲ့အမြင်ရသွားကျမယ်လို့ ယူဆမိပါတယ်။

✅ဒါကြောင့် အခုလို ခေတ်ကာလအနေအထားအရ ဒုတိယစီးပွားရေးရှိဖို့ကို ပစ်မှတ်ထားလာကျပြီး ဒီထက်ပိုပြီး စီးပွားရေးကို လုပ်ချင်စိတ်တွေ လုပ်လိုစိတ်တွေ ပြင်းပျလာကျတာ ကျနော်တို့မျက်မြင်ပဲမဟုတ်လား။မိတ်‌ဆွေတို့မှာ လုပ်ချင်စိတ်နဲ့ လက်တွေ့လုပ်လိုစိတ်ရှိနေရင် ထလုပ်လိုက်ပါ ရပ်မနေ သရွေ့ နောက်မကျသေးပါဘူး။

✅ခေတ်ကိုနောက်ပြန်ဆွဲချင်နေတဲ့ မိတ်ဆွေတို့ရှိနေသေးရင် တကယ်ရုန်းထွက်ကြည့်ပါ။ အမှောင်ထဲမှာ အောင်းနေသရွေ့တော့ နေရောင်ခြည်ရဲ့ တောက်ပခြင်းကို ဘယ်တွေ့မလဲ?

✅ဒီလိုပဲကျနော်တို့ဘ၀ နောက်ထပ်Levelတစ်ဆင့်တက်ဖို့ဆိုတာ နောက်ထပ်Levelတစ်ခုရောက်အောင်သွားဖို့လိုပါတယ်။

✅ဒီလိုLevelတစ်ခုတက်တိုင်း အခြေခိုင်ဖို့ အရင် တည်ဆောက်ရပါမယ်။ ဒါကြောင့် ကျွန်‌တော်ကလည်း
Forex Trading ကိုလည်း အခြေခိုင်အောင် အရင်တည်ဆောက်ပါလို့ပြောချင်ပါတယ်။

✅တစ်ကမ္ဘာလုံး အရောင်းအ၀ယ်လုပ်နေကြပြီး မိနစ်အပိုင်းအတွင်း ငွေဖြစ်မြန်နေတဲ့ Forex Marketမှာ လူတိုင်းကို လုပ်ကိုင်ခွင့်တွေ၊ အကျိုးအမြတ်တွေကို တန်းတူအခွင့်အ‌ရေးပေးထားပြီးသားပါ။

✅ မိမိမှာ အရင်းအနှီးရှိမယ်၊ ဖုန်းတစ်လုံးရှိမယ် အင်တာနက်မိနေရုံဖြင့် Trading လောကထဲကို၀င်နိုင်မှာဖြစ်ပြီး အဓိက လိုအပ်ချက်က သင်ယူမှုပါ။

✅ဒါကြောင့်လဲ ဖုန်းကိုအချိန်ကုန်ခံ ကြည့်နေမယ့်အစား ဖုန်းထဲကနေ အ၀ယ်အရောင်း Orderတွေ တင်ပြီး ဒုတိယစီးပွားရေးအဖြစ် ရွေးချယ်လာကြတာပေါ့။

✅Forex Tradingက အကျိုးအမြတ်ကိုလည်းသိချင်ကြမယ်ထင်ပါတယ်။ မိမိအရင်းအနှီးငွေရဲ့ (၅%ကနေ၃၀%)အထိ တစ်နေ့တာ အကျိုးအမြတ်ကို မိမိကျွမ်းကျင်မှု နှင့် ကျနော်ကိုစွမ်းရဲ့ အကြံပေးဆောင်ရွက်မှုအပေါ်မူတည်ပြီး ရရှိသွားနိုင်ပါတယ်ခင်ဗျ။

✅ဒါကြောင့် မိတ်ဆွေတို့က Forex Tradingမှာ အကျိုးအမြတ်တွေရယူလိုပါက ကျွန်တော်ကိုစွမ်းအနေနဲ့ လက်တွဲသွားဖို့အဆင်သင့်ပါဗျ။

✅Trading Account ဖွင့်လိုသည်ဖြစ်စေ၊ သင်တန်း‌တက်ရောက်လိုသည်ဖြစ်စေ ကျွန်တော့်ရဲ့Messangerကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

❤️အားလုံးပဲ မင်္ဂလာရှိတဲ့ နေ့ရက်လေးဖြစ်ပါစေ🙏

Min Khant-Forex Advisor


Consultant Company

✨Forex Trading Basicအခြေခံသင်တန်း✨📌ခုလိုကာလမှာလူငယ်တွေ အိမ်မှာစားလိုက်အိပ်လိုက်gameဆော့လိုက်နဲ့ လုပ်မိနေပြီလား❓တကယ်တော့အ...
01/11/2022

✨Forex Trading Basicအခြေခံသင်တန်း✨

📌ခုလိုကာလမှာလူငယ်တွေ အိမ်မှာစားလိုက်အိပ်လိုက်gameဆော့လိုက်နဲ့ လုပ်မိနေပြီလား❓
တကယ်တော့အခုလိုချိန်မှာ လူငယ်တွေအနေနဲ့ ကိုယ့်ဘဝတက်လမ်းအတွက် စီးပွားရေးပညာရပ်တစ်ခု ကိုလေ့လာထားသင့်ပါတယ်။

Gameဆော့ရတာ စိတ်ဝင်စားစရာကောင်းတယ်မလား❓
Okayဒါဆို gameဆော့ရတာထက်လည်း စိတ်ဝင်စားဖို့ကောင်းမယ်၊ ကိုယ်လေ့လာရင်လေ့လာသလောက် ပိုက်ဆံတွေလဲ ရှာနိုင်မယ်ဆိုရင် စိတ်ဝင်စားရဲ့လား?

📌အခုချိန်မှာ ကိုယ့်ရဲ့လုပ်ငန်းကိုင်ငန်းတွေအဆင်မပြေဖြစ်နေတဲ့ လူကြီးမင်းတို့အနေနဲ့ကော ဘာလုပ်ဖို့စိတ်ကူးထားလဲ❓
ဘဏ်ထဲကငွေတွေကို ဘယ်မှာရင်းနှီးမြုပ်နှံရမလဲမသိသေးတဲ့လူကြီးမင်းများအတွက် ကျွန်တော်တို့Forex Marketကြီးထဲမှာ ဖုန်းတစ်လုံး(သို့)laptopတစ်လုံးရှိယုံဖြင့် အင်တာနက်ရှိသည့်မည်သည့်နေရာတွင်မဆို အရောင်းအဝယ်ပြုလုပ်နိုင်ပါပြီ‌။ဒီလိုတစ်ကမ္ဘာလုံးအရောင်းအဝယ်ပြုလုပ်နေကြတဲ့ Forex Marketကြီးထဲမှာ လူကြီးမင်းကိုယ်တိုင်အရောင်းအဝယ်ပြုလုပ်နိုင်ဖို့ဆိုရင် အခုကတည်းကသင်တန်းတက်ပြီးလေ့လာထားလို့ရပါတယ်။

✅Forex Marketကြီးထဲတွင် ကိုယ်တိုင်ကိုယ်ကျ အရောင်းအဝယ်ပြုလုပ်နိုင်သည်ထိ စာတွေ့ကော၊ လက်တွေ့ပါ ဝါရင့်ဆရာ/ဆရာမများဖြင့် စနစ်တကျသင်ကြားပို့ချပေးနေပါသည်။

📢သင်တန်းတွင်သင်ကြားပေးမည့်အကြောင်းအရာများကတော့...

💁Financial Market
Financial Maketများအကြောင်း အသေးစိတ်

💁Profit Trading
အကျိုးမြတ်ရရှိအောင် ဈေးကွက်မှာ ရောင်း၀ယ်ပြုလုပ်ခြင်းနည်းဗျူဟာများ

💁Follow News
နိုင်ငံတကာအရေးကြီးသတင်းတွေကနေအကျိူးအမြတ်ရယူပုံ

💁Market Analysis
ဈေးကွက်ကိုစနစ်တကျခန့်မှန်းသုံးသပ်ပုံ

💁Stock_Share_Market
ကမ္ဘာ့ နာမည်ကြီး ကုမ္ပဏီ Apple, Facebook, စသဖြင့် စတော့ တွေရဲ့ ဝယ်/ရောင်း အကျိုးမြတ်ရှာ စျေးကွက်အကြောင်း

💁Bond_Market
မြန်မာပြည်မှာ ဖွံဖြိုးစ ပြုလာတဲ့ အာမခံရှိတဲ့ အစိုးရ ငွေတိုက် စာချုပ်တွေကို ဘယ်လို ဝယ်ယူရမလဲ ဆိုတဲ့အကြောင်း

💁Commodities_Market
လူတွေ အရမ်းကြိုက်တဲ့ ကုန်စည်တွေကို ရောင်း/ဝယ် လုပ်ပြီး အကျိုးမြတ်ယူနည်း စျေးကွက်အကြောင်း

💁Forex Trading
Forex Business မှာ ဘယ်လို၀င်ရောက် လုပ်ကိုင်နိုင်ကြောင်း

💁Online Trading
Online ကိုအသုံးပြုပြီး အရောင်း၀ယ် ပြုလုပ်ခြင်းဆိုရာ နည်းပညာများအကြောင်း

💁Meta Trader 4
ဈေးကွက်ထဲလက်တွေ့အရောင်း၀ယ်လုပ်ရတဲ့ Meta Trader 4 Software အကြောင်းအသေးစိတ်

စသည့်တို့ကို စာတွေ့ရော လက်တွေ့ပါ နားလည်သည် အထိ စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
🌟Class (2)မျိုးရှိပါတယ်။🌟

1️⃣ပထမတမျိုးက Group Class ပါ။ Group လိုက် သင်ကြားရမှာ ဖြစ်ပြီး ရက်အကန့်အသတ်ရှိတဲ့ အတွက် သတ်မှတ်ရက်တွင်သာ တက်ရောက်ရမှာ ဖြစ်ပါတယ်။
သင်တန်းကြေး = (၁သိန်း ၂သောင်း) ကျပ်။

2️⃣ဒုတိယတမျိုးက One By One Classပါ။ special class ဖြစ်တဲ့အတွက် အချိန်ညှိနှိုင်းနိုင်ပါတယ်။
laptop or phone လိုအပ်ပါမယ်။
သင်တန်းကြေး = (၁သိန်း၅သောင်း)ကျပ်။

(သင်တန်းအပ်နှံလိုပါက)
Chat Boxတွင်လာရောက်စုံစမ်းနိုင်ပါသည်။




 #1, November 2022✅My View on XAUUSD‼️Confirmယူပြီးမှအရောင်းအဝယ်ပြုလုပ်ကြပါခင်ဗျာ။အားလုံးပဲအကျိူးအမြတ်များစွာရရှိကြပါစေ🙏...
01/11/2022

#1, November 2022

✅My View on XAUUSD

‼️Confirmယူပြီးမှအရောင်းအဝယ်ပြုလုပ်ကြပါခင်ဗျာ။

အားလုံးပဲအကျိူးအမြတ်များစွာရရှိကြပါစေ🙏

နေ့စဉ် Forex Trading Analysisများကို ဖတ်ရှုလိုပါက ကိုစွမ်းရဲ့ Page ကိုLike and Followလုပ်ထားနိုင်ပါတယ်ခင်ဗျ❤️

https://www.facebook.com/Profit-Trading-With-SMK-107326708416813/

Forex Tradingကို စိတ်ဝင်စား၍ သင်တန်းတက်ရောက်လိုသည်ဖြစ်စေ၊ စုံစမ်းမေးမြန်းလို၍ဖြစ်စေ
ကိုစွမ်းရဲ့Messangerမှာ လာရောက်ဆက်သွယ်
ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။





Address

62 A Street, Bet 103 & 103 A
Mandalay
05041

Telephone

+959770709380

Website

Alerts

Be the first to know and let us send you an email when Profit Trading With SMK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share