Hninn Hninn K- Forex Advisor

Hninn Hninn K- Forex Advisor ☎09767546913

30/10/2023

30.10.2023
ယနေ့ကမ္ဘာ့ရွှေအဖွင့်စျေး 1OZ=2001
စျေးနှုန်း အတက်အကျသိလိုပါက👇join👇
https://t.me/hnnink17

10/10/2023

10.10.2023
ယနေ့ကမ္ဘာ့ရွှေအဖွင့်စျေး 1OZ=1861
https://t.me/hnnink17

09/10/2023

9.10.2023
ယနေ့ကမ္ဘာ့ရွှေအဖွင့်စျေး 1OZ=1850
https://t.me/hnnink17

06/10/2023

6.10.2023
ယနေ့ကမ္ဘာ့ရွှေအဖွင့်စျေး 1OZ=1820
https://t.me/hnnink17

💡  စီးပွားရေးလောကကို ဝင်ရောက်ချင်သူတိုင်း စီးပွားရေပညာရပ်ကို မဖြစ်မနေ တက်ရောက်သင့်ပါတယ်.... 💡စီးပွားရေးပညာရပ်တစ်ခု သင်ကြ...
05/10/2023

💡 စီးပွားရေးလောကကို ဝင်ရောက်ချင်သူတိုင်း စီးပွားရေပညာရပ်ကို မဖြစ်မနေ တက်ရောက်သင့်ပါတယ်....

💡စီးပွားရေးပညာရပ်တစ်ခု သင်ကြားရာမှာ အသက်အရွယ် ကန့်သတ်ချက်မရှိပါ ..သို့သော် အချိန်သည် အရမ်းကို တန်ဖိုးရှိတဲ့အတွက် စီးပွားရေးပညာကို သင်ကြားရာမှာ အချိန်ဆွဲမနေသင့်ပါ...

💡မိမိသင်ကြားလေ့လာနေချိန်မှာ လူတချို့မှာ စီးပွားရေး ကိုယ်တိုင်လုပ်ကိုင်နေကြပါပြီး ...မိတ်ဆွေလည်း စိးပွားရေးပညာကိုလေ့လာရာမှာ ငွေဖြစ်မြန်ဆန်တဲ့Forex Trading Business ကို လေ့လာဖို့အကြံပေးပါရစေ..

🔆 Forex Trading Business အရောင်းအဝယ်သင်တန်းမှာ ဘာတွေသင်ကြားပေးမှာလဲ?

- Financial Market များအကြောင်း
- Forex Trading ဆိုတာဘာလဲ
- Forex Market မှာ ဘာတွေအရောင်းအဝယ်လုပ်လဲ
- ကမ္ဘာ့ရွှေနှင့်ငွေကြေး အတတ်အကျ ခန့်မှန်းနည်း
- Forex Market မှာအကျိုးအမြတ်ရှာပုံ
- Meta Trader 5 ကို ကျွမ်းကျင်စွာအသုံးပြုပုံ
- Market Chart၊ Candle Stick အလုပ်လုပ်ပုံ
- စတော့ရှယ်ယာ၊ World gold ၊ Exchange rate အလုပ်လုပ်ပုံများ၊ ​​စျေးကွက်ခန့်မှန်းသုံးသပ်ပုံ
- Indicator များ ထည့်သွင်း အသုံးပြုပုံ

📊သင်တန်းအမျိုးအစားတွေကတော့

✏ One By One -200,000 MMK

✏ Group Class -150,000 MMK

✏Online Video Class -100,000 MMK

🔆မိမိနဲ့အဆင်ပြေတဲ့ သင်တန်း ကိုရွေးချယ်တက်ရောက်နိုင်ပါတယ်....

𝐅𝐫𝐞𝐞 𝐃𝐚𝐢𝐥𝐲 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 -
https://t.me/hnnink17

ကိုယ်တိုင်ချည်းပိုက်ဆံရှာတာထက် ပိုက်ဆံရှာပေးမယ့်သူတွေကို စီမံခန့်ခွဲတတ်အောင်လုပ်ပါ◾Freelance စလုပ်တဲ့သူ၊ ကိုယ်ပိုင်လုပ်င...
05/10/2023

ကိုယ်တိုင်ချည်းပိုက်ဆံရှာတာထက် ပိုက်ဆံရှာပေးမယ့်သူတွေကို စီမံခန့်ခွဲတတ်အောင်လုပ်ပါ

Freelance စလုပ်တဲ့သူ၊ ကိုယ်ပိုင်လုပ်ငန်းစလုပ်သူအများစု ကြုံရတဲ့ပြဿနာက တစ်ကိုယ်တော်စွမ်းဆောင်ဖို့အားသန်ကြတာပဲ။ ကိုယ်တိုင် ကိုယ်ပဲ Founder၊ ကိုယ်ပဲ Managing Director၊ ကိုယ်ပဲ Marketer၊ ကိုယ်ပဲ Sales၊ ကိုယ်ပဲ Account & Finance ဆိုတာမျိုး အရာရာဟာ ကိုယ်ချည်းဖြစ်နေတတ်တယ်။ Business ကို မချဲ့ရဲလေ၊ ဝန်ထမ်းစရိတ်တက်လာမှာစိုးရိမ်လေ ကိုယ်တစ်ယောက်တည်းလုပ်နေမိလေပဲ။ ပြဿနာက အဲဒီလိုလုပ်နေမိသမျှ ခင်ဗျားလုပ်ငန်းကလည်း ကြီးထွားလာတော့မှာမဟုတ်ပါဘူး။

လူဟာ လုပ်နိုင်စွမ်း အကန့်အသတ်ရှိတယ်။ လူတစ်ယောက် တစ်ရက် ၂၄ နာရီထက်အချိန်ပိုမရသလို အလုပ်လုပ်နိုင်တဲ့ Energy ကလည်း အကန့်အသတ်ကိုကျော်လွန်လို့မရဘူး။ အကောင်းဆုံးကတော့ တစ်ယောက်တည်း အကုန်ပတ်လုပ်နေဖို့ထက် ကိုယ့်ကို ကူလုပ်ပေးမယ့်သူတွေလိုတယ်။ နေရာတကာဝင်ပါနေတာထက် တခြားသူတွေကို တာဝန်ခွဲပေး (Delegate လုပ်) နိုင်လေ အကျိုးရှိလေပဲ။

ကိုယ့်လုပ်ငန်းက ဘယ်လောက်သက်တမ်းရှိနေပါပြီဆိုတာထက် ကိုယ့်လုပ်ငန်းက ဘယ်လောက်ဝင်ငွေရှာနိုင်ပြီလဲ၊ ဘယ်လောက်အကျိုးအမြတ်ရှိနေပြီလဲကပဲ ပိုအရေးကြီးတာ။ ခင်ဗျားတစ်ယောက်တည်း တစ်လ ၁၀ သိန်းဝင်တာကို သိန်း ၁၀၀ ဝင်ချင်လို့ တစ်ရက် ၈ နာရီအလုပ်လုပ်ရာကနေ နာရီ ၈၀ လုပ်လို့မရဘူး။ တစ်ရက် ၈ နာရီအတွင်းမှာပဲ ခင်ဗျားလိုချင်တဲ့ ရလဒ်၊ ခင်ဗျားလိုချင်တဲ့ ဝင်ငွေရအောင်လုပ်ပေးနိုင်မယ့်သူတွေကို တာဝန်ပေးပြီး သူတို့နဲ့အတူအလုပ်လုပ်နိုင်ဖို့လိုတယ်။ အရေးကြီးတာက အမြော်အမြင်နဲ့ စီမံခန့်ခွဲမှု (Management)ပဲ။

Pepsi ဦးသိန်းထွန်းပြောတာလေး ပြန်ကိုးကားချင်ပါတယ်။ ချမ်းသာကြွယ်၀ဖို့ အဆင့် ၃ ဆင့်ရှိတယ်တဲ့။ ဘာတွေလဲဆိုတော့ -

၁။ ပိုက်ဆံရှာတဲ့ပညာကို သင်ပါ။
၂။ ပိုက်ဆံအုပ်ချုပ်တဲ့ပညာကို သင်ပါ။
၃။ မင်းအတွက် ပိုက်ဆံရှာပေးမယ့်သူတွကို ငှားရမ်းပါတဲ့။

to



𝐅𝐫𝐞𝐞 𝐃𝐚𝐢𝐥𝐲 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 -
https://t.me/hnnink17

05/10/2023

5.10.2023
ယနေ့ကမ္ဘာ့ရွှေအဖွင့်စျေး 1OZ=1821
https://t.me/hnnink17

🌟နာမည်ကျော် American ရုပ်သံတင်ဆက်သူ Mr. Steve Harvey ရဲ့ ဘဝအောင်မြင်တိုးတက်ဖို့ မှတ်သားစရာ စကားတချို့🌟🌟 💢 မင်းဘယ်လို ဆုံ...
12/09/2023

🌟နာမည်ကျော် American ရုပ်သံတင်ဆက်သူ Mr. Steve Harvey ရဲ့ ဘဝအောင်မြင်တိုးတက်ဖို့ မှတ်သားစရာ စကားတချို့🌟🌟

💢 မင်းဘယ်လို ဆုံးဖြတ်မယ်ဆိုတာ မင်းနဲ့ပဲဆိုင်တယ်...
အဲဒါမင်း အပိုင်ပါပဲ..မင်းဟာခေါင်းဆောင် ၊ မင်းဟာ ညွှန်ကြားသူ ၊မင်းဟာ ကပ္ပိတိန်ပါပဲ...မင်းသာ အဓိကပါပဲ...

💢 မင်း ဘယ်လို စဥ်းစားဆုံးဖြတ်သင့်တယ်ဆိုတာ..ကိုဘယ်တော့မှ တစ်ခြားသူ ကို ထိန်ချုပ်ဆုံးဖြတ်ခွင့်မပေးလိုက်ပါနဲ့..

💢 Social Media ရဲ့ Newsfeed ထိုင်ကြည့်နေမယ့်အစား..
မင်းဘဝရဲ့အမှန်တကယ်တိုးတက်မယ့် လက်တွေ့လုပ်ရမယ့်အရာတွေပဲ စဥ်းစားပေးပါ...

💢 အောင်မြင်ချမ်းသာဖို့ အတွက် ဘာဂါထာ ၊ မန္တာန်ရားတွေ နဲ့မှ မန်းမှုတ်စရာ မလိုပါဘူး...

💢 ချမ်းချမ်းသာသာ နေနိုင်ဖို့ဆိုတာလည်း မင်းကိုယ်တိုင်ဆုံးဖြတ်ပြီး မင်းကိုယ်တိုင်ပြုလုပ်မှ ရမှာပါ..

💢 ပထမဆုံးသိရမယ့် အချက်က အောင်မြင်တဲ့လူနဲ့ ကျဆုံးတဲ့လူတွေကြားက ကွာခြားချက် တွေးခေါ်ပုံ
အောင်မြင် တဲ့လူက လည်း လူတွေကြားက လူဖြစ်တဲ့အတွက်...မင်းတကယ်အောင်မြင်ချင်တယ်ဆိုရင် မင်းရဲ့ တွေးခေါ်စဥ်းစားပုံကို ပြောင်းလဲပစ်ရပါမယ်..

💢 ပြောပြရမယ်ဆိုရင်...တကယ်တော့ ကိုယ့်ကို ကို ယုံကြည်မှုမရှိလို့သာ ခက်ခဲတယ်လို့ပြောနေကြတာ...

💢 တကယ်တော့ လုံးဝအောင်မြင်ဖို့ဖြစ်နိုင်တယ် လုံးဝကို လုပ်လို့ရတယ် ဒါပေမယ့် ကိုယ်တိုင်ပြောင်းလဲမှရမယ်....

💢 ကိုယ်လုပ်နေကြတိုင်း ပုံမှန်လုပ်နေမယ်ဆိုရင်..ပုံမှန်ပဲရနေမှာပါ.. မင်းဘဝမှာ နေရာ ၁ နေရာ ရနေတာတောင် မကျေနပ်သေးရင် မင်းပြောင်းလဲမှရပါ့မယ်...

💢 ဒါပေမယ့် မင်းပြောင်းလဲမယ့် အရာကိုတော့ မင်းသေချာစဥ်းစာချင့်ချိန် ဆုံးဖြတ်မှရမယ်..

💢 ဒီလို ပြောင်းလဲဖို့အတွက် မင်းဘယ်သူကိုမှ မှီခိုစရာအာရုံစိုက်စရာ မလိုပါဘူး ..

မင်းအမေဘယ်လို ထင်သလဲဆိုတာလည်း အရေးမကြီးသလို မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အထင်အမြင်လည်း အရေးမကြီးဘူး မင်းရဲ့မောင်နှမတွေနဲ့ မင်းရဲ့သားသမီးတွေဘယ်လို ထင်လဲမြင်လဲ အရေးမကြီးဘူး ဘယ်ဟာမှ မလိုပါဘူး...

💢 သူတို့တွေနဲ့ မင်းလုပ်မယ့်အရာတွေကဘာမှ မဆိုင်ပါဘူး..မင်းကိုယ်တိုင်ပဲ မင်းလုပ်ရမယ့်အရာတွေကို ဆုံးဖြတ်ရမှာပါ.....

12,2023
.Steve Harvey

𝐅𝐫𝐞𝐞 𝐃𝐚𝐢𝐥𝐲 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 -
https://t.me/hnnink17

နေ့စဥ် ဗဟုသုတစာပေများ နှင့် ကမ္ဘာ့ရွှေ နှင့် နိုင်ငံတကာငွေကြေး စျေးနှုန်းအတတ်အကျများကို သိရှိ လေ့လာလိုပါက 👇👇Page ကို Like & Follow လုပ်ထားနိုင်ပါတယ်ရှင့်
https://www.facebook.com/profile.php?id=100095107260855&mibextid=ZbW

အကြီးမားဆုံးစွန့်စားမှုဟာ ဘာမှစွန့်စားမှုမလုပ်ခြင်းပဲမိတ်ဆွေတစ်ယောက် အလုပ်ကထွက်ပြီးချိန်မှာ ဘာလုပ်ရင်ကောင်းမလဲ လာတိုင်ပင...
08/09/2023

အကြီးမားဆုံးစွန့်စားမှုဟာ ဘာမှစွန့်စားမှုမလုပ်ခြင်းပဲ

မိတ်ဆွေတစ်ယောက် အလုပ်ကထွက်ပြီးချိန်မှာ ဘာလုပ်ရင်ကောင်းမလဲ လာတိုင်ပင်တယ်။ သူက အသက်ရွယ်အားဖြင့်လည်း ၄၀ လောက်ရှိပြီ။ သူ သိတာ၊ တတ်တာတွေက အတော်များတယ်။ အတွေ့အကြုံကလည်း မနည်းဘူး။ အလုပ်လုပ်ရင်းလည်း တစ်ပိုင်တစ်နိုင်လေးတွေ ရောင်းဖူးတယ်။ ငွေကြေးပိုင်ဆိုင်မှုအရလည်း ကိုယ်ပိုင်လုပ်ငန်းတစ်ခုကောင်းကောင်းစလို့ရတယ်။

ဒါနဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု စလုပ်ပါလား ဆိုတော့ ကျွန်တော် လုပ်တော့လုပ်ချင်တယ်၊ ဒါပေမဲ့ ရှုံးမှာကြောက်တယ်တဲ့။ အခုတော့ သူ ကုမ္ပဏီတစ်ခုမှာ ဝင်လုပ်နေတယ်ပြောတယ်။ ဒါပေမဲ့ ဝန်ထမ်းဘ၀က လွတ်ချင်ပြီလို့လည်း တစ်ခါတစ်ရံပြောသေးတယ်။

လူအများစု ဘ၀မှာ အောင်မြင်ချင်ကြတယ်။ Financial Freedom ဆိုတဲ့ ငွေကြေးကျပ်တည်းမှုကင်းလွတ်တဲ့ဘ၀ကို ရချင်ကြတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့အတွက် စွန့်စားရမှာကြောက်ကြတယ်။ ဒီလိုနဲ့ ဘ၀မှာ ဘာမှဟုတ်တိပတ်တိဖြစ်မလာကြတာများတယ်။

ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်တယ်၊ မပြည့်စုံသေးလို့။ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တယ် ဆုံးရှုံးမှာကြောက်လို့။ ဒီအကြောင်းပြချက်တွေနဲ့တင် လုပ်ရင်းသုံးရင်း Rat Race မှာ သံသရာလည်နေကြတယ်။

ရင်းနှီးမြှုပ်နှံမှုမှာတော့ Principle တစ်ခုရှိတယ်။ “Low Risk, Low Return. High Risk, High Return” တဲ့။ နည်းနည်းစွန့်စားရင် နည်းနည်းပဲပြန်ရမယ်။ များများစွန့်စားရင် မျာများပြန်ရမယ်။ မာ့ခ်ဇူကာဘတ်ကတော့ ပြောတယ်။ “အကြီးမားဆုံးစွန့်စားမှုဟာ ဘာစွ့န်စားမှုမှမလုပ်ခြင်းပဲ” တဲ့။

to
Zaw

𝐅𝐫𝐞𝐞 𝐃𝐚𝐢𝐥𝐲 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 -
https://t.me/hnnink17

ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်မလားတခြားသူတွေအိပ်မက်ကို အကောင်အထည်ဖော်ပေးမလား◾ဒီရက်ပိုင်း မိတ်ဆွေတစ်ယောက်နဲ့ စကားလက်ဆ...
05/09/2023

ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်မလား
တခြားသူတွေအိပ်မက်ကို အကောင်အထည်ဖော်ပေးမလား

ဒီရက်ပိုင်း မိတ်ဆွေတစ်ယောက်နဲ့ စကားလက်ဆုံကျတော့ တစ်ချိန်မှာ သူဆိုင်လေးတစ်ဆိုင်ဖွင့်ချင်တဲ့အကြောင်းပြောတယ်။ သူက လက်ရှိ ကုမ္ပဏီတစ်ခုမှာ Management Role မှာတာဝန်ယူလုပ်ကိုင်နေတာဖြစ်ပြီး လစာအရရော ရာထူးအရပါ အတော်အသင့်အဆင်ပြေတယ်လို့ ပြောလို့ရတယ်။

လစာတွေ၊ ရာထူးတွေ အဆင်ပြေပေမဲ့ လက်ရှိလုပ်နေတာတွေဟာ သူရဲ့အိပ်မက်တွေတော့မဟုတ်ဘူးလို့ဆိုတယ်။ “ဝင်ငွေကတော့ မဆိုးပါဘူးဗျာ။ ဒါပေမဲ့ သူများအလုပ်ဆိုတော့လည်း ကိုယ့်စိတ်တိုင်းကျတော့ဘယ်ဟုတ်မလဲ”

လက်ရှိ သူ့အသက် ၄၀ ကျော်ပြီ။ တောက်လျှောက် ဝန်ထမ်းလုပ်လာတယ်။ အလုပ်တွေပြောင်းတယ်။ သူကြိုးစားတဲ့အလျောက် တစ်နှစ်ထက်တစ်နှစ် လစာနဲ့ ရာထူးအပြောင်းအလဲတွေလည်း ခံစားခွင့်ရပါတယ်။ ဒါပေမဲ့ ဝန်ထမ်းလုပ်လာတဲ့သက်တမ်းတစ်လျှောက် ပိုင်ရှင်တွေဖြစ်ချင်တာပဲ သူလုပ်ပေးခဲ့ရတာဖြစ်ပြီး သူ တကယ်လုပ်ချင်တဲ့ သူ့အိပ်မက်အလုပ်တွေကို အခုထိ မလုပ်ဖြစ်ခဲ့တဲ့အတွက် သူ့ကိုယ့်သူ အားမရတဲ့စိတ်က ပိုပိုကြီးထွားလာတယ်တဲ့။

လူတစ်ဦးချင်းစီမှာတော့ အိပ်မက်တွေရှိကြတာပဲ။ အလုပ်တွေလုပ်ရင်းလည်း အိပ်မက်တွေကို အကောင်အထည်ဖော်နေကြတာပါပဲ။ စကားတစ်ခွန်းတော့ရှိတယ်။ “မင်း အိပ်မက်တွေကို အကောင်အထည်ဖော်ပါ၊ မဟုတ်ရင် သူများအိပ်မက်တွေကို အကောင်အထည်ဖော်ပေးရလိမ့်မယ်။”

to



𝐅𝐫𝐞𝐞 𝐃𝐚𝐢𝐥𝐲 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 -
https://t.me/hnnink17

အလေ့အကျင့်တစ်ခုကိုပြောင်းဖို့ အကောင်းဆုံးနည်းလမ်း◾အလေ့အကျင့် တစ်ခုကို ပြောင်းရခက်တယ်ပြောင်းရခက်တယ်နဲ့ပြောကြတယ်။ တကယ်လည်း...
03/09/2023

အလေ့အကျင့်တစ်ခုကိုပြောင်းဖို့ အကောင်းဆုံးနည်းလမ်း

အလေ့အကျင့် တစ်ခုကို ပြောင်းရခက်တယ်ပြောင်းရခက်တယ်နဲ့ပြောကြတယ်။ တကယ်လည်း လူအများစုအတွက် တစ်ခုခုမှာအသားကျပြီးရင် ရုန်းထွက်ရခက်တယ်။ ဆေးလိပ်ကြိုက်သူက ဆေးလိပ်မသောက်ရရင် နေရထိုင်ရခက်တယ်။ ဒီလိုပဲ ညဉ့်နက်မှအိပ်ရာဝင်လေ့ရှိသူဟာ စောစောစီးစီးအိပ်ဖို့ မလွယ်တတ်ဘူး။

အလေ့အကျင့် (Habit) တစ်ခုကို ပြောင်းလဲပစ်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ တခြားအလေ့အကျင့်တစ်ခုနဲ့အစားထိုးလိုက်တာပဲတဲ့။

“အလေ့အကျင့်ဆိုတာမျိုးက ဖျောက်ဖျက်ပစ်ရတာမဟုတ်ဘူး၊ သူတို့နေရာကို အစားထိုးယူရတာပါ။” လို့ Power of Habit စာအုပ်မှာ Jack D. Hodge က ပြောတယ်။ ဆိုတော့ အလေ့အကျင့်ဆိုးတွေကို ဖျောက်ဖျက်ချင်ရင် အလေ့အကျင့်ကောင်းတွေနဲ့ အစားထိုးတာက အကောင်းဆုံးနည်းလမ်းပဲ။ အစားထိုးမယ့်အလေ့အကျင့်က ကိုယ့်ကိုစိတ်အားတက်ကြွစေတာမျိုးဆိုရင် ပိုပြီးထိရောက်တယ်။

ဆေးလိပ်သောက်တဲ့သူ ဆေးလိပ်ဖြတ်ဖို့ဆိုရင် အစားပိုစားတာ၊ ဒါမှမဟုတ် တခြားတစ်ခုခုလုပ်တာမျိုးအစားထိုးတတ်ကြတာ ဒီသဘောပဲ။ တစ်ခုပဲ ကိုယ်က အလေ့အကျင့်ဆိုးတစ်ခုကိုပြောင်းချင်လို့ နောက်အလေ့အကျင့်တစ်ခုကိုတည်ဆောက်တဲ့အခါ အလေ့ကျင့်သစ်ကလည်း မဆိုးဖို့လိုတယ်။ ဆိုပါတော့ ဆေးလိပ်ဖြတ်ဖို့ဆိုပြီး ကွမ်းစားလိုက်တာ ကွမ်းစွဲသွားတာမျိုးတွေ ရှိတယ်။

ကျွန်တော်ဆို အလုပ်ကနေအိမ်ပြန်ရောက်တဲ့အခါ ဖုန်းဆက်သုံးဖြစ်တာက အကျင့်ကြီးလိုစွဲနေတယ်။ နောက်ပိုင်း အဲဒီအကျင့်ကိုလျှော့ချဖို့ဆိုပြီး အလုပ်ကပြန်ရောက်ရင် ကိုယ်လက်လှုပ်ရားအားကစားလုပ်တာနဲ့ အစားထိုးပစ်လိုက်တယ်။ ဒါက မျက်စိကျန်းမာရေးအတွက်တင်မက ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအတွက်ပါ၊ ပြောရရင် ကိုယ်စိတ်ကျန်းမာရေးနှစ်ခုလုံးအတွက် အတော်ထိရောက်မှုရှိပါတယ်။

အလေ့အကျင့်တစ်ခုဟာ နောက်အလေ့အကျင့်တစ်ခုကို ချိုးနှိမ်ပေးတယ်။

to

Address

Mandalay

Telephone

+959767546913

Alerts

Be the first to know and let us send you an email when Hninn Hninn K- Forex Advisor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hninn Hninn K- Forex Advisor:

Share