11/08/2025
#ရွှေတွက်နည်း နဲ့ #စိန်တွက်နည်း
--------------------------------------
#ရွှေတွက်နည်း
ဥပမာ
ရွှေဈေးတစ်ကျပ်သား = ၇၀၀၀၀၀ိ နှုန်းနဲ့
၁ ကျပ် - ၈ ပဲ - ၄ ရွေး ကို ဘယ်လောက်ပေးရမလဲသိချင်ရင် ။
[ (၄÷၈) + (၈÷၁၆) + ၁ ] × ၇၀၀၀၀၀ိ = ၁၀၇၁၈၇၅ ကပွှပါ။
[(ရွေး ÷ ၈)+(ပဲ ÷ ၁၆)+ ကျပ်]×ရွှေပေါက်ဈေး
ဖြစ်ပါတယ်။
* ၁ိ မှာ ၁၆ ပဲ ။ ၁ပဲ မှာ ၈ရွေး
ရှိတာကြောင့် အားလုံးကိုကျပ်ဖွဲ့ပြီး တစ်ကျပ်သား ပေါက်ဈေးနဲ့ မြှောက်လိုက်တာပါ။
စိန်တွေ ၊ ရွှေတွေကို ကိုယ်တိုင် ကိုယ်ကျ ဆော့ဝဲနှင့်တွက်ချက်နိုင်မယ့် ဆော့ဝဲ
Download (1) - https://clk.bz/mgncc
Download (2) - https://clk.bz/Goldcalculator
#တစ်ခုချင်းစီတွက်ကြည့်ရအောင်
(၁) ၁ိ အတွက် = ၇၀၀၀၀၀
(၂) ၈ ပဲ အတွက်
(၈ ÷ ၁၆) × ၇၀၀၀၀၀ = ၃၅၀၀၀၀ ကျပ်
(၃) ၄ ရွေး အတွက်
(၄ ÷ ၈ ÷ ၁၆) × ၇၀၀၀၀၀ =၂၁၈၇၅ ကျပ်
(၁)+(၂)+(၃) =
၇၀၀၀၀၀+၃၅၀၀၀၀+၂၁၈၇၅ = ၁၀၇၁၈၇၅ ကျပ်။
#၈ ပဲ ၄ ရွေး အတွက်ပဲ သိချင်ရင်
(၄ ÷ ၈) + (၈ ÷ ၁၆) × ၇၀၀၀၀၀
= ၃၇၁၈၇၅ ကျပ်။
- - - - - - - - - - - - - - - - - - - - -
#ရွှေအရည်အလိုက်ပေါက်ဈေးသိချင်ရင်
*၁၆ ပဲ ရွှေရည်ဈေး = ၇၀၀၀၀၀ိ
*၁၅ ပဲ ရွှေရည်ဈေး =
(၁၅÷၁၆)×၇၀၀၀၀၀ = ၆၅၆၂၅၀ိ
*၁၄ ပဲ ရွှေရည်ဈေး =
(၁၄÷၁၆)×၇၀၀၀၀၀ = ၆၁၂၅၀၀ိ
*၁၃ ပဲ ရွှေရည်ဈေး =
(၁၃÷၁၆)×၇၀၀၀၀၀ = ၅၆၈၇၅၀ိ
*၁၂ ပဲ ရွှေရည်ဈေး =
(၁၂÷၁၆)×၇၀၀၀၀၀ = ၅၂၅၀၀၀ိ
- - - - - - - - - - - - - - - - - - - - -
#ကမ္ဘာ့ရွှေဈေး + ဒေါ်လာပေါက်ဈေးနဲ့ ယှဉ်ပြီး မြန်မာရွှေပေါက်ဈေးကို မှန်းကြည့်ချင်ရင်
ဥပမာ
ကမ္ဘာ့ရွှေဈေး ၁အောင်စ = ၁၁၀၈ $
ဒေါ်လာပေါက်ဈေး = ၁၂၈၃ိ ဈေ့း
ဆိုပါစို့
မြန်မာ့ရွှေဈေး = ၁၁၀၈ ÷ ၁•၈၇၅ × ၁၂၈၃ိ
= ၇၅၈ ၁၆၇ + လမ်းစားရိတ် ၅၀၀၀ိ
= ၇၆၃ ၁၆၇ ကျပ် ရပါတယ်။
(12-9-15 နေ့ အတွက်
ဒေါ်လာဈေး = 1283 k
ကမ္ဘာ့ရွှေပေါက်ဈေး = 1108.7 $
မြန်မာရွှေဈေး = 763400 k )
*ကမ္ဘာ့ ရွှေဈေး နဲ့ မြန်မာ့ရွှေဈေး က အမြဲတမ်း
တော့ ကွက်တိမဖြစ်တတ်ပေမယ့် အများကြီးတော့ ကွာဟ သွားလေ့မရှိပါ။
************************************************
#စိန်တွက်နည်း
*စိန်ကို (ရတီ), (ဘီ) , (အပိုင်း) တို့နဲ့
ချိန်ပါတယ်။
စံချိန်ခွင်မှာ ချိန်တဲ့အခါ
_
ရတီ = R , ဘီ = B , အပိုင်း = --- လို့
၈
ရေးပါတယ်။
# ၁ ရတီ = ၂၀ ဘီ
၁ ဘီ = ၈ ပိုင်း ပါ ။
(စိန်ကိုလဲရွှေတွက်သလိုဘဲတွက်လို့ရပါတယ်။)
#ဥပမာ
စိန် ၁ ရတီကို ၅၀၀၀၀၀ိ နှုန်းနဲ့
၂ ရတီ ။ ၄ ဘီ ။ ၄ ပိုင်း အတွက် ဘယ်လောက်ပေးရမလဲတွက်ကြည့်ရအောင်။
တစ်ခုချင်းစီ ခွဲတွက်ရင် ။
(1) ၂ ရတီဖိုး
= ၂ ရတီ × ၅၀၀၀၀၀ိ = ၁၀၀၀၀၀၀ိ
(2) ၄ ဘီဖိုး
= (၄ ဘီ ÷ ၂၀)
= ၀.၂ ရတီ × ၅၀၀၀၀၀ိ= ၁၀၀၀၀၀ိ
(၃) ၄ ပိုင်းဖိုး
= (၄÷၈)÷၂၀
= ၀.၀၂၅ ရတီ × ၅၀၀၀၀၀ိ = ၁၂၅၀၀ိ
1+2+3 = ၁၀၀၀၀၀၀ိ+၁၀၀၀၀၀ိ+၁၂၅၀၀ိ
= ၁၁၁၂၅၀၀ိ ရပါတယ်။
#ဈေးကွက်ထဲမှာသုံးတဲ့တွက်နည်းက
*[ ( ၄ ÷ ၈ )+( ၄ ÷ ၂၀) + ၂ ]× ၅၀၀၀၀၀ိ
= ၁၁၁၂၅၀၀ိ ကပွှပါ။
Friends တို့လည်း စိတ်ဝင်စားရင် တွက်ကြည့်နိုင်ပါတယ်။
Special Thanks to Sayer Saw Lwin who wrote this articles and posts.
( ရွှေတွက်နည်း Post မှာ
နိုင်ငံတကာ ပေါက်ဈေး နဲ့ ယှဉ်ပြီး
မြန်မာ့ ရွှေပေါက်ဈေးကို တွက်ကြည့်ချင်ရင်
မြန်မာ့ရွှေဈေး =
နိုင်ငံတကာပေါက်ဈေး ÷ 1.875 × ဒေါ်လာပေါက်ဈေး + လမ်းစားရိတ် ၅၀၀၀ိ လို့ရေးတော့
#1.875 က ဘယ်က ရောက်လာတာလဲ လို့ မေးကြတယ်။
အဲဒီဂဏန်းက Troy အောင်စ ကနေ
ကျပ် ပြောင်းဖွဲ့လို့ ရလာတာပါ။
ကမ္ဘာ့ရွှေဈေးကို Troy ounce အပေါ်
အခြေခံပြီး သတ်မှတ်ပါတယ်။
(ရိုးရိုး အောင်စ မဟုတ်ပါ)
1troy ounce မှာ 31.1034768 ဂရမ် ရှိပါတယ်။
၁ ကျပ်သားမှာ 16.606 gm နဲ့တွက်မှာမို့အဲဒါကို ကျပ်ပြန်ဖွဲ့ ဖို့ 16.606 နဲ့စားရင်31.1034768 ÷ 16.606 = 1.873ရပါတယ်။
အဲဒါကို ဒသမကိန်း 1.875 ယူပြီးတွက်ကြတာပါ။
#1.875ကဘယ်ကရောက်လာတာလဲ လို့
မေးကြတဲ့ Friends တွေ နားလည်နိုင်ကြပါစေ။)
#ရေးသားသူလေးစားစွာ credit ပေးပါတယ်