Jiafa group trading company

Jiafa group trading company ထိုင်းဗီယက်နမ်အိန္ဒိယနိုင်ငံများမှ HONDA YAMAHA ဆိုင်ကယ်များတင်သွင်းရောင်းချသောကုမ္ပဏီ

ကိုဗစ် ပိုးဝင်ပြီးနောက် COVIDကာကွယ်ဆေးထိုးဖို့ ဘယ်အချက်တွေကို လိုက်နာ ရမလဲ? WHO နဲ့ CDC က ဘယ်လို အကြံပေးထားလဲ?.............
29/08/2021

ကိုဗစ် ပိုးဝင်ပြီးနောက် COVIDကာကွယ်ဆေးထိုးဖို့ ဘယ်အချက်တွေကို လိုက်နာ ရမလဲ?

WHO နဲ့ CDC က ဘယ်လို အကြံပေးထားလဲ?.................................................………………..

Covid ဖြစ်ပြီးပေမဲ့ နေကောင်းကျန်းမာနေပြီဆို စိတ်ချရတဲ့ဆေးရပြီဆိုတာနဲ့ ကာကွယ်ဆေးထိုးသင့်ပါတယ်။

ခုတလော လူတော်တော်များများက ကိုဗစ်ပိုး၀င်ပြီး ပြန်ကောင်းနေကြပြီ။

ဒါပေမယ့် အခု သူတို့တွေ စိတ်ထဲမှာ မသေချာတာက ကာကွယ်ဆေး ထိုးဖို့လိုသလား ၊ ဘယ်အချိန်ထိုးရမလဲ ၊ မထိုးပဲ နေလို့ရလား ဆိုပြီး ဖြစ်နေကြပါတယ်။

💉ကိုဗစ်ပိုး၀င်ပြီး COVID Vaccine ကာကွယ်ဆေး ထိုးဖို့လိုမလားဆိုတာကတော့ ထိုးရပါမယ်။

WHO ကပြောကြားချက်အရဆိုရင်တော့ ကိုဗစ်ပိုး ၀င်ပြီးရင် ပေါ်လာတဲ့ Immunity ကိုယ်ခံအား က ခန့်မှန်းခြေ ၃ လမှ ၆ လထိ ကြာနိုင်တယ် လို့ သတ်မှတ်ထားပေမယ့် တိကျတဲ့ research တော့မရှိသေးပါဘူး။ တချို့ လူတွေမှာ Reinfection ထပ်မံ ပိုး၀င်ရောက် မှုတွေ တွေ့ရပါတယ်။

Vaccine ကာကွယ်ဆေးထိုးခြင်းက Covid ပိုး တကြိမ် ၀င်ရောက် ပြီးတဲ့သူတွေမှာလည်း ကိုယ်ခံအားကို ရရှိ‌ စေနိုင်ပါတယ်။

⏱ ကိုဗစ်ဖြစ်ပွားပြီး ဘယ်အချိန် မှာ ထိုးရမှာလဲ?

American CDC ကပြောထားတာကတော့ ကာကွယ်ဆေး ရနိုင်တယ် ဆိုရင် သာမာန် လက္ခဏာ Mild Symptoms သို့ Asymptomatic လက္ခဏာမရှိသူတွေကတော့ သတ်မှတ်ထားတဲ့ Quarantine အချိန်ကျော်သွားရင် ထိုးလို့ရပါတယ်။

ပြင်းထန်အဆင့် ရှိတဲ့သူတွေက ၂၈ ရက်ကျော်ရင် ထိုးလို့ရပါပြီ။

သွေးရည်ကြည် ကုထုံး Convalescent Plasma (သို့ ) ပဋိဇီဝဆေး Monoclonal Antibody ကုသမှုခံယူထားတဲ့သူတွေကတော့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီး မှ ကာကွယ်ဆေး ထိုးရပါမယ်

လောလောဆယ် ကာကွယ်ဆေးထိုးဖို့မလွယ်ကူသေးရင်တော့ ကိုဗစ်ဖြစ်ပွားပြီး ၃ လ အတွင်းမှာတော့ ထိုးဖို့လိုပါတယ်။

👨‍🔬COVID ပိုး၀င်ပြီးရင်လည်း ဘာလို့ Vaccine ကာကွယ်ဆေးထိုးဖို့ လိုအပ်တာလဲ ??

Vaccine ကာကွယ်ဆေးထိုးထားတဲ့သူတွေဟာ Covid ပိုး ၀င်ပြီး Antibody ရပြီးတဲ့ သူတွေထက်ပိုပြီး ကာကွယ်မှု Protection ရတယ်ဆိုတဲ့ လေ့လာမှုတွေ ရှိပါတယ်။

COVID Vaccine ထိုးခြင်းက နောက်တကြိမ် ကိုဗစ်ပိုး ၀င်ရောက်တဲ့အခါ ရောဂါပြင်းထန်မှု Severity နဲ့ Mortality ကို လည်း လျော့ချပေးနိုင်ပါတယ်။

Two doses Vaccine နှစ်ကြိမ်ထိုးရတဲ့ ကာကွယ်ဆေး တွေက ဒုတိယ အကြိမ်ထိုးပြီး နှစ်ပတ်အကြာမှ antibody တွေစ‌ ပေါ်လာမှာပါ

ကာကွယ်ဆေး ထိုးပြီးရင်လည်း Universal Precaution ဖြစ်တဲ့...

😷Mask တပ်ခြင်း
🤗လက်ဆေးခြင်း
⛔ခပ်ခွာခွာနေထိုင်ခြင်း

စတာတွေကို ဆက်လက် လုပ်ကိုင်နေဖို့ လည်း လိုအပ် နေပါ ‌‌သေး တယ်လို့ American CDC က ပြောထားပါတယ်။

JIAFA GROUP TRADING COMPANY မိသားစုမှ Oxygen (အောက်ဆီဂျင်) အိုးများကို လိုအပ်နေသည့်ပရဟိတအသင်းများအားလှူဒါန်းခြင်းမဟာ-လူမ...
21/08/2021

JIAFA GROUP TRADING COMPANY မိသားစုမှ Oxygen (အောက်ဆီဂျင်) အိုးများကို လိုအပ်နေသည့်ပရဟိတအသင်းများအားလှူဒါန်းခြင်း

မဟာ-လူမှုကယ်ဆယ်ရေးအဖွဲ့(MAHAR RESCUE)
Oxygen(အောက်ဆီဂျင်) 40L အိုး (၂၀)လုံး နှင့်PPE (၁၀)စုံ

ဗန်းမော်မြို့ ဇောတိကလူမှု့ကူညီရေးအသင်း
Oxygen (အောက်ဆီဂျင်) 40L အိုး (၅)လုံးနှင့်Flowmeter( ၅)ခု

ယခုလိုလှူဒါန်းရသော အလှူအတန်းများသည် ချစ်မိတ်ဆွေများအားလုံး၏ အားပေးမှုဖြင့် ရရှိလာသော အလှူအတန်းဖြစ်သောကြောင့် ပြုပြုသမျှကုသိုလ်များအားလုံး ထပ်တူထပ်မျှရရှိကာ သာဓုအနုမောဒနာခေါ်ဆိုနိုင်ကြပါစေရှင်🙏🙏🙏 ကပ်ရောဂါဘေးမှလည်း ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါသည်🙏🙏🙏

ကိုဗစ် အရေးကြီးလူနာများအတွက် 10 L  oxygen concentrator ရှိသော်လည်းမီးပျက်သည့်အချိန်တွင် မီးစက်လိုအပ်သည့်အတွက် မဟာလူမှု့က...
04/08/2021

ကိုဗစ် အရေးကြီးလူနာများအတွက် 10 L oxygen concentrator ရှိသော်လည်းမီးပျက်သည့်အချိန်တွင် မီးစက်လိုအပ်သည့်အတွက် မဟာလူမှု့ကယ်ဆယ်ရေးအသင်းထံ JIAFA GROUP TRADING COMPANY မှ မီးစက်၂ လုံး လှူတန်းခဲ့ပါသည် 🙏🙏🙏

မန္တလေးမြို့🚑medical cover သမားများ အသုံးပြုရန်အတွက် စိန်ပန်း #မဟာလှုမှု့ရေးအသင်း ထံ🏍ဆိုင်ကယ်တစ်စီးလှူတန်းလိုက်ပါတယ်။ ဖေ...
28/03/2021

မန္တလေးမြို့🚑medical cover သမားများ အသုံးပြုရန်အတွက် စိန်ပန်း #မဟာလှုမှု့ရေးအသင်း ထံ
🏍ဆိုင်ကယ်တစ်စီးလှူတန်းလိုက်ပါတယ်။
ဖေဖော်ဝါရီလဆန်းတွင် ၃၃လမ်း ၈၁ လမ်းဒေါင့်ရှိYAMAHA ဆိုင်ကယ်အရောင်းပြခန်း နှင့် ၅၉ လမ်းဂျာဖာဆိုင်ကယ်အရောင်းပြခန်းအားပိတ်ထားပါသည် ။ ၃၇လမ်း ၈၄-၈၅လမ်းကြားရှိjiafa group trading company ရုံးခန်းကိုသာဖွင့်လှစ်ထားပါသည်။ Facebook CB မှတဆင့်ဖြေကြားမေးမြန်းခြင်းကိုလည်းပိတ်ထားပါတယ်။
ကညန၊အုံနာဘုတ် နံပါတ်ပြားထုတ်ယူလိုပါက ရုံးချိန်အတွင်း မနက် ၉:၀၀ မှ ညနေ ၃:၀၀ အတွင်းဆက်သွယ်ပေးကြပါရန်
☎️09259282101
☎️09259282102
☎️09259282103

❗️❗️🙀မဖြစ်နိုင်တဲ့ ဈေးတွေ ဖြစ်ကုန်ပြီ ❗️❗️ဒီထပ် 💰ဈေးမကျနိုင်တော့ပါ 🏍စီးသူ တန်ပြီလေ        💯 #ဆိုင်ကယ်အာမခံကလည်း #၁နှစ်(သ...
20/01/2021

❗️❗️🙀မဖြစ်နိုင်တဲ့ ဈေးတွေ ဖြစ်ကုန်ပြီ ❗️❗️
ဒီထပ် 💰ဈေးမကျနိုင်တော့ပါ
🏍စီးသူ တန်ပြီလေ

💯 #ဆိုင်ကယ်အာမခံကလည်း #၁နှစ်(သို့မဟုတ်) #ကီလို၁၂၀၀၀ ပေးထားပါတယ်။ 💯
✅စျေးနူန်းတွေကိုအသေးစိတ်သိရှိလိုပါက Chat Box ထဲဝင်ပြီး #ယနေ့ဆိုင်ကယ်စျေး ကိုနှပ်လိုက်ပါ။ 📺နေ့စဉ် ထိုင်း🇹🇭၊ဗီယက်နမ်🇻🇳၊အိန္ဒိယ 🇮🇳ဆိုင်ကယ် 💰ပေါက်စျေးလေးကိုသိရှိလိုပါက Page ကို Like 👍 လုပ်ထားကြပါ📣
🙏ကျေးဇူးပြုပြီး သူငယ်ချင်း မိတ်ဆွေတွေကို Like & Share လုပ်ပြီး ☀️လင်းပေးကြပါစို့။
MOTORCYCLE SHOWROOM
အမှတ်(226 )37လမ်း , 84လမ်းနှင့် 85 လမ်းကြား ☎️09259282101 မန္တလေးမြို့

#ဂျာဖာဆိုင်ကယ်အရောင်းပြခန်း (59 )
59 လမ်း - 107လမ်းနှင့် 107 A လမ်းကြား
☎️09448189707, ☎️097672215191 မန္တလေးမြို့

 #သင်ဟာ၂၁ရာစုရဲ့လူငယ်တယောက်ဖြစ်ခဲ့မယ်ဆိုရင်Naked bike 🏍တွေရဲ့🤴ဘုရင် YAMAHA MT09 ရဲ့ ညီလေး Mini MT09 လို့ခေါ်တဲ့ MT15 လေး...
19/01/2021

#သင်ဟာ၂၁ရာစုရဲ့လူငယ်တယောက်ဖြစ်ခဲ့မယ်ဆိုရင်

Naked bike 🏍တွေရဲ့🤴ဘုရင် YAMAHA MT09 ရဲ့ ညီလေး Mini MT09 လို့ခေါ်တဲ့ MT15 လေးကိုလည်းကြိုက်နှစ်သက်မယ်လို့ထင်ပါတယ် 😇

🤩စိတ်ဝင်စားလို့ review ကြည့်ချင်ရင်တော့ ဒီလင့်လေးကို👇ထောက်ပြီးဝင်ကြည့်လိုက်ပါ
https://fb.watch/36NhMz3sSb/

#ဆိုင်ကယ်အာမခံကလည်း #1နှစ် (သို့) #ကီလိုမီတာ 𝟏𝟐,𝟎𝟎𝟎 ပေးထားသလို

🌈အရောင်လေးတွေကလည်း #အနက် ၊ #အပြာ #အဖြူ ဆိုပြီး 3️⃣ရောင် ရှိပါတယ်

🏍ဆိုင်ကယ်စျေးနူန်းကိုလည်း #2020 model ကိုမှ💰3500000 ကျပ်ဖြင့်ရောင်းချပေးနေပြီနော့်🆗

Yamaha Motorcycle Showroom (KYAW) ၈၁လမ်း ×၃၃လမ်းထောင့်၊ မန္တလေးမြို့
☎️09259282102၊ ☎️09259282103

MOTORCYCLE SHOWROOM
အမှတ်(226 )37လမ်း , 84လမ်းနှင့် 85 လမ်းကြား ☎️09259282101 မန္တလေးမြို့

#ဂျာဖာဆိုင်ကယ်အရောင်းပြခန်း (59 )
59 လမ်း - 107လမ်းနှင့် 107 A လမ်းကြား
☎️09448189707, ☎️097672215191 မန္တလေးမြို့



🇮🇳🇮🇳🇮🇳

🛑သင့်ရဲ့ YAMAHA အိမ်မက်တွေကို Aeon Microfinance/Mo Mo Finance/Rent 2 Own တို့နဲ့ ချိတ်ဆက်ကာ အရစ်ကျဝယ်ယူရင်း အကောင်အထည်ဖေ...
19/01/2021

🛑သင့်ရဲ့ YAMAHA အိမ်မက်တွေကို Aeon Microfinance/Mo Mo Finance/Rent 2 Own တို့နဲ့ ချိတ်ဆက်ကာ အရစ်ကျဝယ်ယူရင်း အကောင်အထည်ဖော်လိုက်ကြရအောင် 🛑
👉🏻YAMAHA ရဲ့ R15 V3 ဆိုတာက အရည်အသွေးပိုင်းရော၊ အသွင်အပြင်ပိုင်းမှာပါ အထူးကောင်းမွန်တာကြောင့် ဆိုင်ကယ်ချစ်သူများအထူးနှစ်ခြိုက်ကြတဲ့ ဆိုင်ကယ်တစ်စီးဖြစ်ပါတယ်👈🏻
အခုဆိုရင် မန္တလေးမြို့ပေါ်မှာ YAMAHA ဆိုင်ကယ်ကိုလက်ငင်း‌ရော အရစ်ကျစနစ်နဲ့ပါ ဝယ်ယူမောင်းနှင်ပြီး အိပ်မက်တွေကို အကောင်အထည်ဖော်နေကြပြီနော်

⚙️• 155cc အင်ဂျင်ပါဝါကြောင့် ရုန်းဆွဲအားကောင်းတယ်ဆိုတာ အားလုံးသိကြမယ်ထင်ပါတယ် 💧• Liquid Cooled အမျိုးအစားဖြစ်တဲ့အပြင်
• Delta Box Frame ပါတပ်ဆင်ပေးထားတာဖြစ်လို့ စက်ရဲ့ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေပါတယ်။
• LCD ဒိုင်ခွက်အပြင် ဂီယာ ၆ ချက်၊ ဗား၄ချောင်း ပါဝင်မှာပဲ ဖြစ်ပါတယ်
• အဆင်မြင့်နည်းပညာဖြစ်တဲ့ VVA (Variable Valve Actuation) ကို အသုံးပြုထားတာဖြစ်လို့ စွမ်းအင်ဆုံးရှုံးမှုကို ကာကွယ်ပေးတဲ့အပြင် အမြန်နှုန်းနဲ့ အင်ဂျင်အတွင်း လောင်စာလောင်ကျွမ်းခြင်းကို ထိန်းညှိပေးပါတယ်။
• R15 V3 model အသစ်တွေမှာ အင်ဂျင်ပါဝါ ၁၈% ပိုမိုကောင်းမွန်လာတာဖြစ်သလို ပိုမိုမြင့်မားတဲ့ ဖိအားအချိုးအစားကို ရရှိစေပါတယ်။ လောင်စာဆီထိရောက်မှုကို ၄.၇% ပိုမိုတိုးမြှင့်ပေးထားတာဖြစ်ပါတယ်။
🎨အရောင်ကတော့ - အပြာ ၊ နက်ခြောက်၊ ခဲနက်
• လူငယ်အကြိုက် Racing Type ဖြစ်ပြီး အထူးသင့်လျော်တဲ့ စျေးနှုန်းနဲ့ ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။
• ဈေးနှုန်းကတော့ 4,000,000 ကျပ် သာကျပြီး အရည်အသွေးကောင်းတဲ့ ဆိုင်ကယ်ဖြစ်ပြီး နိုင်ငံတကာမှာလည်း review ကောင်းများစွာရရှိထားတာဖြစ်ပါတယ်။
စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့
Yamaha Motorcycle Showroom (KYAW) ၈၁လမ်း ×၃၃လမ်းထောင့်၊ မန္တလေးမြို့
ဖုန်းနံပါတ် ☎️09259282102၊ ☎️09259282103 ကိုဆက်ပြီး ဒီ့ထက်အသေးစိတ်မေးလို့ရတယ်”





🤩“ဟာ ဟေ့ရောင်...မင်း Yamaha 🏍ဆိုင်ကယ်က လန်းလှချည်လား...🤔ဈေးတော်တော်ကြီးမှာပဲနော်”🗣“ဘယ်ကသာ ဒါ Yamaha FZN V3 ကွ။ 💰2,350,00...
11/01/2021

🤩“ဟာ ဟေ့ရောင်...မင်း Yamaha 🏍ဆိုင်ကယ်က လန်းလှချည်လား...🤔ဈေးတော်တော်ကြီးမှာပဲနော်”

🗣“ဘယ်ကသာ ဒါ Yamaha FZN V3 ကွ။ 💰2,350,000 ကျပ်ပေးရတယ်”

“ဒီလို Sport Type Design နဲ့ Yamaha တံဆိပ်ကို 💰2,350,000 ကျပ်ပဲပေးရတယ်ဆိုတော့ 🆒မိုက်တာပေါ့ကွ”

😎“မိုက်ရုံတင်မကဘူး သားကြီးရေ...ပေးရတဲ့ ဈေးနှုန်း၊ ပြန်ရတဲ့ Quality၊ Design နဲ့ Performance တို့ကတော့ ရှယ်ပဲကိုယ့်လူရ”

👉“ ညွှန်းလှချည်လားဟ ဆိုစမ်းပါဦး သူ့အကြောင်းလေး”

📣“FZN V3 မှာကွာ အင်ဂျင်ပါဝါ 150cc ရှိတဲ့ အင်ဂျင်ကိုတပ်ဆင်ထားပြီး ဆီစားနှုန်းသက်သာစေဖို့အတွက် Yamaha ရဲ့ Blue Core System၊ လူကြိုက်များတဲ့ EFI စနစ်နဲ့ ECO Indicator ဒိုင်ခွက်တို့ ထည့်သွင်းထားတယ်။

🚀Sport Type ဆိုင်ကယ်ဖြစ်တဲ့အတွက် Safety အပိုင်းမှာ ပိုအရေးကြီးလို့ ABS (Anti-Lock Brake System) ထည့်သွင်းထားပြီး ရှေ့နောက်တွင်လည်း မြင်ကွင်းကို ကောင်းစွာ မြင်နိုင်စေမယ့် LED မီးတွေပါလို့ နေ့ဘက်ပဲမောင်းမောင်း၊ ညဘက်ပဲမောင်းမောင်း အန္တရာယ်ကင်းစွာမောင်းလို့ရတယ်။

✅နောက်ပြီးတော့ ဆိုင်ကယ်ကို စီးနင်းသူကော လိုက်ပါသူပါ comfortable ဖြစ်စေမယ့် ထိုင်ခုံ၊ ဆိုင်ကယ် အလေးချိန်ကိုပါထိန်းညှိပေးတဲ့ အလျားတို ဒီဇိုင်းမိုက်တဲ့ အိတ်ဇောပိုက်တို့ကြောင့် တကယ့်ကို မြင်သူတိုင်းငေးမယ့် Sporty look အပြည့်ရနေတာ မင်းအမြင်ပဲ။

🎤ဒီလောက်မိုက်တဲ့ဆိုင်ကယ်ရဲ့ 🏷ဈေးနှုန်းထားကို ကြည့်ပြန်တော့လည်း 💰2,350,000 ကျပ်တည်းဖြစ်တာမို့ Yamaha Brand လည်းဖြစ် Sport Type ဆိုင်ကယ်တွေချစ်သူတွေအတွက် အလွန်တန်တဲ့ ဈေးနှုန်းတစ်ခုလို့ပြောလို့ရတာပေါ့”

🆗“ကောင်းပြီကွာ မင်းညွှန်းလို့ငါလည်းဝယ်ချင်စိတ်တွေ တဖွားဖွားပေါ်လာပြီ...မင်း ဘယ်မှာဝယ်တာလဲ”

😍“ငါက Yamaha Motorcycle Showroom (မန္တလေး)၊ ၈၁ ×၃၃လမ်းထောင့်၊ မန္တလေးမြို့
မှာဝယ်ခဲ့တာ...ဖုန်းနံပါတ် ☎️09259282102၊ ☎️09259282103 ကိုဆက်ပြီး ဒီ့ထက်အသေးစိတ်မေးလို့ရတယ်”




ဝယ်ယူအားပေးကြသော customers အားလုံး မကြာခင်ရောက်ရှိလာမည့် နှစ်သစ်မှာ မင်္ဂလာအပေါင်း နှင့် ပြည့်စုံပြီး ကျန်းမာပျော်ရွှင်သ...
31/12/2020

ဝယ်ယူအားပေးကြသော customers အားလုံး
မကြာခင်ရောက်ရှိလာမည့် နှစ်သစ်မှာ မင်္ဂလာအပေါင်း နှင့် ပြည့်စုံပြီး ကျန်းမာပျော်ရွှင်သော မိသားစု ဘ၀ကို ပိုင်ဆိုင်ကာ အောင်မြင်မှုများ ဆက်လက် ရရှိနိုင်ပါစေကြောင်းနှင့် ၂၀၂၀ ခုနှစ် နှစ်ကုန်အခါသမာယ၌ ပျော်ရွှင်ဖွယ် အားလပ်ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…❤️❤️❤️❤️

02/12/2020

😋လာပြီ...လာပြီ...Scoopyi လာပြီနော်🚀🚀 စောင့်ရတာအရမ်းကြာသွားပြီလား။ 🤔ဒါပေမဲ့ စျေးနူန်းတွေကသူများဆိုင်ထက်💸💸ကျပ်တစ်သိန်းလောက်ကွာတော့ ၂ရက်လောက်စောင့်ရကျိုးနပ် လိမ့်မယ်လို့ထင်ပါတယ် ။ ဒါတင်ပဲလား 💁🏼မဟုတ်ပါဘူး ပစ္စည်းကလည်း(ပါကင်)အသစ်စစ်စစ် ရနိုင်မည့်အပြင် 😍အင်ဂျင်အာမခံ-တနှစ်(သို့)ကီလို12000 ဝန်ဆောင်မှု့ပါအပြည့်ဝရရှိမှာပါ ။ ထိုင်းနိုင်ငံတွင်အသုံးပြုထားသော အရစ်ကျဆိုင်ကယ်ကို ကီလိုလျော့ပြီး အသစ်ပါကင်လုပ်ကာဘီးမျိုးရောနှောထားသည့် 🛵ဆိုင်ကယ်မျိုး🙅‍♂️🙅‍♂️လုံးဝ(လုံးဝ) တင်သွင်းရောင်းချခြင်းမရှိပါ ။ ဝယ်ယူသုံးစွဲတွေ 🙅🙅 #ဂျင်း ( #ဂျင်း ) ထည့်ရောင်းချခြင်းမရှိသည့် ကုမ္ပဏီဖြစ်ပါသည်။ ဝယ်ယူအားပေးလိုပါက #မန်းတလေးရဲ့37လမ်းယိုဒယားဆိုင်ကယ်ဝိုင်းပေါ်က JIAFA MOTORCYCLE SHOWROOM အမှတ်(226 )37လမ်း , 84လမ်းနှင့် 85 လမ်းကြား ဖုန်း-09259282101-09259282102,09259282103 မန္တလေးမြို့ #မန်းလေးမြိုရဲ့မနော်ဟရီ59လမ်းတရုတ်ယိုဒယားဆိုင်ကယ်ဝိုင်းပေါ်က ဂျာဖာ ဆိုင်ကယ်အရောင်းပြခန်း (59 ) 59 လမ်း , 107လမ်းနှင့် 107 A လမ်းကြား ဖုန်း- 09448189707, 097672215191 မန္တလေးမြို့

 #စျေးနူန်းတွေအရမ်းတန်နေပါပြီနော့်01-12-20202021 မော်ဒန် New Scoopyစပုတ် - 2600000 ဒလက် -2700000New Click 150- 3060000Ne...
30/11/2020

#စျေးနူန်းတွေအရမ်းတန်နေပါပြီနော့်
01-12-2020
2021 မော်ဒန်
New Scoopy
စပုတ် - 2600000
ဒလက် -2700000
New Click 150- 3060000
New Click 125- 2700000
2019-2020 မော်ဒန်
Scoopyi
စပုတ် - 2400000
Click 150- 2900000
Click 125- 2600000
ဒီစျေးနူန်းတွေဟာ အရမ်းပြောတဲ့ အကျိုးဆောင်ခ ၅ သောင်းကျပ်ထပ်ပေးအုန်းမှာပါ ။
ပါကင်အသစ်တွေစျေးနူန်းပါ။
အင်စတော်မင်တို့ အင်စတော်မင်ပါကင်တို့လုံးဝ(လုံးဝ)မရောင်းပါ။
#လိုင်စင်ပါပြီးစျေးနူန်းပါ

JIAFA MOTORCYCLE SHOWROOM
အမှတ်(228 )37လမ်း , 84လမ်းနှင့် 85 လမ်းကြား
ဖုန်း-09259282101 , 09259282102,09259282103
မန္တလေးမြို့

JIAFA MOTORCYCLE SHOWROOM (59 )
59 လမ်း , 107လမ်းနှင့် 107 A လမ်းကြား
ဖုန်း- 09448189707, 097672215191 မန္တလေးမြို့

Address

NO-228 37 လမ်း 84 လမ်း နှင့် 85 လမ်းကြား , မဟာအောင်မြေမြို့နယ် မန္တလေးမြို့
Mandalay
050031

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959259282101

Website

Alerts

Be the first to know and let us send you an email when Jiafa group trading company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jiafa group trading company:

Share