Forex Trader & Knowledge Sharing

Forex Trader & Knowledge Sharing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Forex Trader & Knowledge Sharing, Financial service, 62(A)လမ်း, 103×104ကြား, ချမ်းမြသာစည်မြို့နယ်, Mandalay.

 #အွန်လိုင်းခေတ်မှာ အွန်လိုင်းကနေ ငွေဝင် အောင် ဘာလုပ်ငန်းလုပ်ကိုင်သင့်လဲ ?ဘယ်အလုပ်လုပ်ရမလဲ ၊ ဘာစီးပွါးရေးလုပ်ရမလဲဆိုပီး ...
26/08/2024

#အွန်လိုင်းခေတ်မှာ အွန်လိုင်းကနေ ငွေဝင် အောင် ဘာလုပ်ငန်းလုပ်ကိုင်သင့်လဲ ?

ဘယ်အလုပ်လုပ်ရမလဲ ၊ ဘာစီးပွါးရေးလုပ်ရမလဲဆိုပီး တွေးပူနေပါသလား ?

[ လက်ရှိမှာ လူကြီး ၊ လူငယ်မရွေး လုပ်ကိုင်လို့ရတဲ့ အွန်လိုင်း စီးပွါးရေး အသင့်ရှိပါတယ်။ ]

[ ကိုယ်ကျွမ်းမှုရှိရင် ရှိသလို စျေးကွက်ကနေ အမြတ်ယူနေရုံပါပဲ ။ ]

[ ဟာ. အပြောက လွယ်လိုက်တာလို့ ထင်ပါလိမ့်မယ်။ ]

[ တကယ်လေ့လာကြည့်ပါ။ ] အပြောမဟုတ်မှန်းသိပါလိမ့်မယ်။

[ Trading နှင့် အပိုဝင်ငွေရှာဖွေနိုင်ခြင်း]

ဖွံဖြိုးပြီးသား နိုင်ငံတွေမှာဆိုရင် လူတိုင်းနီးပါး [ နိုင်ငံတကာငွေကြေးဈေးကွက်၊ စတော့ခ် ဈေးကွက် ] တို့ကို ရင်းနှီးကျွမ်းဝင်ကြပြီး အပိုဝင်ငွေ ရရှိနိုင်ဖို့ တစ်နိုင်တစ်ပိုင် ရင်းနှီးမြုပ်နှံကြလေ့ရှိပါတယ်။

အပိုဝင်ငွေတကယ် ရရှိ စေနိုင်မယ့် ဒီစျေးကွက်တွေကို ကြိုတင်လေ့လာထားတော့သူ များထက် ခြေတစ်လှမ်းပိုသာတာပေါ့။

[ အပိုဝင်ငွေရှာတော့မယ်ဆိုရင်လဲ လက်ရှိအ လုပ် တွေရှိတော့ အချိန်မပေးနိုင်တာမျိုး ဖြစ် တတ်ပါတယ်။ ]

ဒါဆို လက်ရှိကာလနဲ့ကိုက်ညီမှုရှိပြီး လက်ရှိအလုပ်နဲ့လဲ တွဲလုပ်နိုင်မယ့် လုပ်ငန်းမျိုးကိုရွေး ချယ်ဖို့လိုအပ်ပါမယ်။

ဒီလိုရွေးချယ်ဖို့ဆိုရင် [ နိုင်ငံတကာငွေကြေးစျေးကွက် နှင့် စတော့ခ်စျေးကွက်တွေမှာ ရင်း နှီးမြှုပ်နှံပီး အကျိုးအမြတ်ရှာတာက အသင့်တော်ဆုံးပါပဲ ။ ]

[ Trading Business က ငွေကြေးဖောင်းပွမှုကြောင့် ကိုယ့်ငွေတွေတန်ဖိုးလျော့သွားမှာလဲစိတ်မပူစရာမလိုတဲ့အပြင် ]

[ အချိန် အများကြီးပေးဖို့မလို, စိတ်ပင်ပန်းလူပင်ပန်းစရာမလိုပဲအပိုဝင် ငွေကိုရှာနိုင်တဲ့ လုပ် ငန်းတစ်ခုဖြစ်ပါတယ် ။ ]

အဲ့တာအပြင်[ internet ရရှိတဲ့ မည်သည့်နေရာ ဒေသမဆို အရောင်း / အဝယ် ပြုလုပ်နိုင်ပီး အ ကျိုးအမြတ်ရှာဖွေလို့ရပါတယ် ။ ]

အိမ်မှာအေးဆေးနေပီး [ စမတ်ကျကျ ဝင်ငွေတည်ဆောက်နိုင်တဲ့ စီးပွါးရေး တစ်ခုဆိုလဲ မမှားဘူးပေါ့ဗျာ ။ ]

[ Forex Trading Business ကိုစိတ်ဝင်စားတယ်စျေးကွက်ထဲ အရောင်းအဝယ်လုပ်ချင်တယ်ဆို ]

[ ကမ္ဘာ့ရွှေ သင်တန်းစုံစမ်းရန် ]
09401747709
Viber or telegram
သွယ်မေးမြန်းနိုင်ပါသည်။

Ko Shine
[ ကမ္ဘာ့ရွှေ ၊ ငွေ ၊ ရေနံ ၊ စတော့ခ် ၊ နိုင်ငံတကာငွေကြေးစျေးကွက် အရောင်း အဝယ်သင်တန်း ]

ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာကြီးတွေကို လေ့လာကြည့်မည်ဆိုပါက၇၀%လောက်ကEntrepreneurs(စွန့်ဦးတီထွင်သမားများ)တို့ဖြစ်ကြပြီး၊၂၀%...
25/08/2024

ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာကြီး
တွေကို လေ့လာကြည့်မည်ဆိုပါက
၇၀%လောက်ကEntrepreneurs(စွန့်
ဦးတီထွင်သမားများ)တို့ဖြစ်ကြပြီး၊
၂၀%လောက်ကInvestors(ရင်းနှီးမြှုပ်
နှံသူများ)တို့ဖြစ်ကြပြီး၊၇%လောက်
ကတော့ Athletes(အားကစားသမား
များ)တို့နှင့် ၃%လောက်က Artists(အနု
ပညာရှင်များ)တို့ ဖြစ်ကြပါသည်။ဝန်
ထမ်းလုပ်ခ လစာစားတွေကတော့ အ
ချမ်းသာဆုံးစာရင်းထဲ တယောက်မျှ
မပါဝင်ကြပါ။

#ကေနိူ

18/07/2024

18.7.2024ကမ္ဘာ့ရွှေအဖွင့်စျေး
1Oz=2461$
ကမ္ဘာ့ရွှေနဲ့နိုင်ငံတကာငွေကြေးစတော့ရှယ်ယာအရောင်းအဝယ်သင်တန်း viber or telegram
09401747709

18/07/2024

ကမ္ဘာ့ရွှေစျေး
11:00Am
1OZ=2467 ရွှေစျေးupdateကြည့်ရန် Tele 09401747709
https://t.me/+4ENZLWe7Z5cwOTFl

☀️ ကမ္ဘာ့အချမ်းသာဆုံး သူဋ္ဌေးကြီး Elon Musk က ဘာတွေကို Invest လုပ်ထားသလဲ? ☀️     လက်ရှိအချိန်၌ Elon Musk ဟာ အသားတင်ချမ်း...
10/07/2024

☀️ ကမ္ဘာ့အချမ်းသာဆုံး သူဋ္ဌေးကြီး Elon Musk က ဘာတွေကို Invest လုပ်ထားသလဲ? ☀️

လက်ရှိအချိန်၌ Elon Musk ဟာ အသားတင်ချမ်းသာ ကြွယ်ဝမှုတန်ဖိုး $209.9 ဘီလီယံဖြင့် ကမ္ဘာ့အချမ်းသာဆုံး နံပါတ် 1 နေရာ၌ ရှိနေကြောင်း Forbes ဘီလျံနာ စာရင်းအရသိရှိရပါသည်။ Elon Musk ဟာ ဒေါ်လာ 200 ဘီလီယံကျော်ကို တဦးတည်း ပထမဦးဆုံးပိုင်ဆိုင်သူအဖြစ် စံချိန်ချိုးထားသူလည်း ဖြစ်သည်။

Elon Musk ဟာ စတော့ဂရုကြီး ဝါရင်းဘတ်ဖက် လိုမျိုး စတော့ရှယ်ယာ ရင်းနှီးမြုပ်နှံမှု တမျိုးတည်းကိုပဲ တစိုက်မတ်မတ် အားထည့်ပြီး လုပ်ကိုင်တဲ့သူ မဟုတ်ပေမယ့်လည်း၊ သူပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတွေရဲ့ စတော့တွေ စျေးတက်ရင် တက်သလို ၊ သူ့ရဲ့ ချမ်းသာကြွယ်ဝမှု တန်ဖိုး က တက်တက်လာတာလည်း ဖြစ်သည်။ 2022 ခုနှစ်တုန်းက Tesla စတော့စျေးနှုန်း သက်တမ်းတလျှောက်အမြင့်ဆုံး စျေးသို့ ရောက်ရှိခဲ့တုန်းကဆိုရင် Elon Musk ရဲ့ ချမ်းသာကြွယ်ဝမှုတန်ဖိုးဟာ ဒေါ်လာ 300 ဘီလီယံ နီးပါးအထိ မြင့်တက်ခဲ့ဖူးသည်။

အမေရိကန်လို ဘဏ္ဍာရေးစျေးကွက် (Financial Market) ဖွံ့ဖြိုးတိုးတက် ကျယ်ပြန့်တဲ့ နိုင်ငံမှာ ဘီလျံနာတိုင်းဟာ စတော့စျေးကွက်နဲ့ မကင်းကြပေ။

Elon Musk ဟာ ဝါရင်းဘတ်ဖက်လို Publicly Traded Stock ပေါ်ဖိုလီယို ထုတ်ဖော်ပြသတာမျိုး မရှိပေမယ့် သူ့ရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ အက်ဆက်အမျိုးအစားတွေကိုတော့ သတင်းမီဒီယာတွေကနေ တဆင့် သိရှိနိုင်ပါသည်။

Elon Musk ရင်းနှီးမြှုပ်နှံထားတဲ့ အက်ဆက်အမျိုးအစားတွေကို အုပ်စု နှစ်မျိုး ခွဲကြည့်နိုင်ပါသည်။

ပထမ အုပ်စုကတော့ စတော့ရှယ်ယာ လက်ဝယ်ထားရှိမှုပင် ဖြစ်သည်။ 2022 ခုနှစ်ထဲမှာတင် Elon Musk က ကမ္ဘာကျော် ဆိုရှယ်ပလက်ဖောင်းတခုဖြစ်တဲ့ တွစ်တာ (ယခု X) ကို ဝယ်ယူခဲ့ပြီး တွစ်တာရဲ့ ရှယ်ယာကို အများဆုံး ပိုင်ဆိုင်သူအဖြစ်ရှိနေသည်။ Elon Musk ပိုင်တဲ့ ကုမ္ပဏီတွေ ဖြစ်ကြတဲ့ SpaceX, Neuralink, The Boring, OpenAI, DeepMind တို့ဟာ ဆိုရင် စတော့အိတ်ချိန်းတင်ပြီး စတော့ရှယ်ယာ အရောင်းအဝယ်လုပ်လို့ ရတဲ့ Publicly traded company တွေ မဟုတ်ကြတဲ့အတွက် ပိုင်ဆိုင်မှု ရာခိုင်နှုန်းကိုတော့ မသိနိုင်ပေ။ Publicly traded ကုမ္ပဏီတွေဖြစ်ကြတဲ့ တွစ်တာ ရဲ့ရှယ်ယာ စုစုပေါင်းရဲ့ 74% ခန့်၊ Tesla ရှယ်ယာ စုစုပေါင်းရဲ့ 20.5% ခန့်၊ နှင့် SolarCity မှာ လည်း 22% ခန့်အထိ ရှယ်ယာပိုင်ဆိုင်မှု အများဆုံးအဖြစ် ရှိကြောင်းကို Forbes မှ ဖော်ပြချက်အရ သိရှိရပါသည်။

ဒုတိယ အုပ်စုကတော့ ခရစ်တိုငွေကြေး ရင်းနှီးမြှုပ်နှံမှုပင် ဖြစ်သည်။ Elon Musk ကိုယ်တိုင်က Bitcoin, Ethereum နှင့် Dogecoin တို့ကို လက်ဝယ်ထားရင်းနှီးမြှုပ်နှံထားကြောင်း ထုတ်ပြောထားတာတွေ ရှိပါသည်။ ဘယ်လောက်ပမာဏ လက်ဝယ်ထား ရင်းနှီးမြှုပ်နှံသလဲဆိုတာတော့ မသိနိုင်သော်လည်း 2022 ခုနှစ်တုန်းက Tesla ကုမ္ပဏီရဲ့ reserve ထားရှိမှု စာရင်းထုတ်ပြန်ခဲ့ရာမှာ Bitcoin အရေအတွက် 42,000 အထိ holding လုပ်ထားကြောင်း ဖော်ပြခဲ့ဖူးသည်။

crd
ကမ္ဘာ့ရွှေ၊စတော့ရှယ်ယာ နဲ့နိုင်ငံတကာငွေကြေးတွဲအရောင်းအဝယ်သင်တန်းကို တက်ရောက်လိုပါက
☎ 09401747709 နဲ့ page messenger မှါလာရောက်မေးမြန်းလို့ရပါတယ်။

My facebookpage link
https://www.facebook.com/profile.php?id

My Telegram link
https://t.me/KoShinegold

ပိုက်ဆံရှိဖို့ထက်ပိုက်ဆံရှိဖို့ထက် ပိုက်ဆံရှာနည်းသိဖို့က ပိုအရေးကြီးတယ်ချမ်းသာတဲ့ လူတွေဟာ ပိုက်ဆံရှိလို့ ချမ်းသာတာ မဟုတ်...
21/06/2024

ပိုက်ဆံရှိဖို့ထက်ပိုက်ဆံရှိဖို့ထက် ပိုက်ဆံရှာနည်းသိဖို့က ပိုအရေးကြီးတယ်

ချမ်းသာတဲ့ လူတွေဟာ ပိုက်ဆံရှိလို့ ချမ်းသာတာ မဟုတ်ပါဘူး။ ပိုက်ဆံရှာနည်းသိလို့ ချမ်းသာတာပါ။

ပိုက်ဆံရှာနည်းမသိတဲ့လူ ချမ်းသာလည်း သူရဲ့ ချမ်းသာမှုဟာ ခဏပါပဲ။ ပိုက်ဆံရှာနည်းမသိတဲ့အတွက် အဲ့ဒီပိုက်ဆံတွေ ကုန်သွားတဲ့အချိန်မှာ ပြန်ပြီး ဆင်းရဲရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပိုက်ဆံရှိဖို့ထက် ပိုက်ဆံရှာနည်း သိဖို့ကို ပိုပြီး ဦးစားပေး လုပ်ပါလို့ မိတ်ဆွေအားလုံးကို မှာချင်ပါတယ်။



Financial advisor တစ်ယောက်ကပြောဖူးပါတယ်။ ကျွန်တော်တို့ ပိုက်ဆံရှာနည်း မသိပါပဲနဲ့ ပိုက်ဆံရှာနေလို့ အပိုပါပဲ။

ကျွန်တော်တို့က ပိုက်ဆံကို ဘယ်လိုနည်းလမ်းများမှနေရှာကြမလဲ❓

လူကြီးမင်းတို့သိချင်ပါသလား၊ အကယ်၍သိချင်ပါက ဆက်ဖတ်ပေးပါ။

ဒီတော့ကျွန်တော်က ပိုက်ဆံတွေ ၊ဝင်ငွေစီးကြောင်းတွေဖန်တီးပေးနိုင်သည့် နည်လမ်းအချို့ကို ပြော‌ပြပေးချင်ပါတယ်🤗

ဒါကတော့ အားလုံးလည်းရင်းနှီးပြီးသားဖြစ်မှာပါ။ဒီနည်းလမ်းများကနေကွာနေသည့် စီးပွားရေးလုပ်ငန်းဆို မရှိသလောက်ပါပဲ။

ထိုအရာများက

✒️အိမ်ခြံမြေ လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံ ပြီးအကျိုးရှာသည့် ဝင်ငွေစီးကြောင်းတစ်ခု

✒️ အာမခံ လုပ်ငန်းများဖြင့် ဝင်ငွေစီးကြောင်းတစ်ခုဖန်တီးနိုင်

✒️ကုန်စည်တွေဖြစ်သည့်၊ စပါး၊ပဲ၊ပြောင်း၊နှံး စဖြင့် ရောင်းဝယ်ဖောက်ကားအကျိုးရှာနိုင်သည့် ဝင်ငွေစီးကြောင်းတစ်ခု

✒️ ကုမ္ပဏီ ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သည့် Share or Stock တွေရင်းနှီးမြုပ်နှံပြီး ဝင်ငွေရနိုင်သည့် ဝင်ငွေလမ်းကြောင်းတစ်ခု

အခုတစ်ခါကတော့ မြန်မာနိုင်ငံမှသာမက ကမ္ဘာ့တစ်ဝှမ်းလုံးက အများဆုံးလုပ်ကိုင်နေသည့် ဝင်ငွေလမ်းကြောင်းကြီးတစ်ခုရှိပါတယ်။

✒️ဒါကတော့ ကမ္ဘာ့ရွှေ၊ငွေ
ရေနံ နှင့် နိုင်ငံတကာ ငွေကြေးအတွဲများ ကို international online platform ကို အသုံးပြုပြီး ရောင်းဝယ် ပြုကာ အကျိုးအမြတ်ရယူနိုင်သည့် (Foreign exchange) နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်သည့် Forex trading business ဖြစ်ပါတယ်။

ဟုတ်ကဲ့ပါ။ အထက်ပါ ဝင်ငွေလမ်းကြောင်းများကတော့ ဘဏ္ဍာရေးဈေးကွက်လို့ခေါ်သည့် Financial market ထဲမှပါဝင်သော ငွေကြေးလည်ပတ်ရာ ‌များဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခုရှိတာသည် Financial market ထဲမှာ လွယ်လွယ်ကူကူနဲ့ လုပ်ငန်းစလို့ရတာကတော့ ကျွန်တော့တို့ရဲ့ Forex trading business ပဲဖြစ်ပါတယ်။

လုပ်ငန်းအကြောင်းသိလိုသည်ဖြစ်စေ၊
Forex business နဲ့ပတ်သတ်ပီးအသေးစိတ်သိလိုသည်ဖြစ်စေ
09401747709☎️ကို ဆက်သွယ်မေးမြန်းနိုင်ပါပြီ။

My facebookpage link
https://www.facebook.com/profile.php?id=100084936720070

My Telegram link
https://t.me/KoShinegold


09 401747709

"မှတ်သားဖွယ်ဘဝနေနည်းများ" တကယ့်တန်ဖိုးရှိတယ်စကားပါ။အောင်မြင်သူဟာ ဘယ်တော့မအားပါဘူးတယ်။၁။ ကိုယ့်မူ နဲ့ ကိုယ်နေပါ။ ၂။ အကောင...
21/06/2024

"မှတ်သားဖွယ်ဘဝနေနည်းများ"
တကယ့်တန်ဖိုးရှိတယ်စကားပါ။

အောင်မြင်သူဟာ ဘယ်တော့မအားပါဘူးတယ်။

၁။ ကိုယ့်မူ နဲ့ ကိုယ်နေပါ။

၂။ အကောင်းမြင်စိတ် မွေးပါ။ စိတ်ကောင်းထားပါ။

၃။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို မခံပါနဲ့။

၄။ ကိုယ့်ကိုယ်ကိုယ် သူများတွေနဲ့ မနိုင်းယှဉ်ပါနဲ့။
( အားငယ်စိတ်တွေ ဝင်တတ်သည်)

၅။ မှားခဲ့တဲ့ အမှားတွေကို ခနခနမတွေးပါနဲ့။( စိတ်ဆင်းရဲတတ်ပါတယ် )

၆။ မှားခဲ့တဲ့ အမှားတွေကို သင်္ခန်းစာယူပါ။

၇။ အရည်မရ အဖတ်မရတဲ့ အတင်းအဖျင်းပြောတာ ရှောင်ပါ။

၈။ အားနာတတ်တဲ့ အကျင့်ကို ဖျောက်ပါ။( ကိုယ်ကသာခံဘက်ကချည်းပဲမို့ )

၉။ မှားမှား၊ မှန်မှန်၊ အကျိုးမရှိရင် မငြင်းခုန်ပါနဲ့။
( ပြောနေလဲ ဘာမှမထူးဘူး )

၁၀။ ပိုက်ဆံကို ပစ္စုပ္ပန်မှာပဲအကုန်မသုံးပါနဲ့၊ အနာဂတ်အတွက်လည်း ချန်ထားပါ။( ကျန်းမားရေးကို မေ့မထားပါနဲ့ )

၁၁။ စီးပွားရေးကို ဖြတ်လမ်းကလိုက်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့။( အကျနာတတ်တယ် )

၁၂။ မအောင်မြင်ချင်နေပါစေ မကျရှုံးပါစေနဲ့။( စိတ်ဓာတ် )

၁၃။ သူများပြောတိုင်း ယုံတတ်တဲ့ အကျင့်ကို ဖျောက်ပါ။

၁၄ ။ဆိုဆုံးမလို့ မရတဲ့သူကို အာညောင်းခံပြီး ပြောမနေပါနဲ့။

၁၅။ ရင့်ကျက်တည်ငြိမ်သူဖြစ်အောင် ကြိုးစားပါ။
( စာများများ ဖတ်ပါ )

၁၆။ မလိုအပ်ပဲ စကားများများပြောခြင်းကို ရှောင်ပါ။

၁၇။ ပျော်ပျော်နေပါ ပေါတောတော မနေပါနဲ့။

၁၈။ အမှတ်ထားပါ၊ အငြိုးအာဃာတ မထားပါနဲ့။



My facebookpage link
https://www.facebook.com/profile.php?id=100084936720070

My Telegram link
https://t.me/KoShinegold



09401747709

☀️ စျေးကြီးတာနဲ့ တန်ဖိုးကြီးတာ ဘယ်အရာကို ယူမလဲ? ☀️      လက်ရှိ အချိန်မှာ ကမ္ဘာ့နံပါတ် အဆင့် 6 အချမ်းသာဆုံး ဘီလျံနာကြီး ဖ...
21/06/2024

☀️ စျေးကြီးတာနဲ့ တန်ဖိုးကြီးတာ ဘယ်အရာကို ယူမလဲ? ☀️

လက်ရှိ အချိန်မှာ ကမ္ဘာ့နံပါတ် အဆင့် 6 အချမ်းသာဆုံး ဘီလျံနာကြီး ဖြစ်သည့် စတော့ဂုရုကြီး ဝါရင်းဘတ်ဖက်က

“Price is what you pay. Value is what you get.” လို့ ဆိုထားပါတယ်။

"စျေးနှုန်း" ဆိုတာ ကိုယ်ကပေးရတဲ့အရာဖြစ်ပြီး၊ "တန်ဖိုး" ဆိုတာကတော့ ကိုယ်က ရရှိစံစား ရမယ့်အရာ ဖြစ်တယ်။

"စျေးနှုန်း" နဲ့ "တန်ဖိုး" တို့အကြားက ကွာဟချက်ကို ကွဲကွဲပြားပြား နားလည် သဘောပေါက်နိုင်ကြဖို့ ဝါရင်းဘတ်ဖက်က သတိပေးပြောကြား ထားခဲ့တာလည်း ဖြစ်ပါတယ်။

"စျေးနှုန်း" ဆိုတာ ငွေကြေးပမာဏဖြစ်ပြီး ကိုယ်က ပစ္စည်း တခုခုကို ရယူပိုင်ဆိုင်ချင်တာဆိုရင် အဲဒီ ပစ္စည်းအတွက် ထိုက်တန်တဲ့ စျေးနှုန်း ပမာဏကို ပေးရမှာ ဖြစ်ပါတယ်။

"တန်ဖိုး" ဆိုတာကတော့ ပစ္စည်းတခုကိုရယူပိုင်ဆိုင် ထားပြီးတဲ့အခါမှာ ရရှိနိုင်မယ့် ကောင်းကျိုးတန်ဖိုး ကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

ဥပမာလေးနဲ့ ပြောရရင် - စျေးတန်တဲ့ ဖိနပ်တရံကို ဝယ်ဖို့ရာ ဇဝေဇဝါဖြစ်နေတယ် ဆိုပါစို့။ တကယ်တမ်း အဲဒီဖိနပ်ကို စီးနင်းတဲ့အခါ ဘယ်လိုကောင်းကျိုးရှိနိုင်မလဲဆိုတာ အရင်တွေးကြည့်ဖို့လိုပါတယ်။ စီးထားရတာ သက်တောင့်သက်သာ ရှိတယ်၊ ရာသီဥတု မရွေးစီးနင်းနိုင်မယ်၊ အရောင်မမွဲသွားဘူး၊ ရေစိုလည်းခံတယ်၊ စတိုင်လ်လည်းမိုက်တယ်၊ ခန္ဓာကိုယ်ဝိတ်ကိုလည်း ဟန်ချက်ညီအောင်ထိန်းပေးနိုင်တယ်၊ ချော်မလဲစေနိုင်ဘူး၊ စသဖြင့် ကောင်းကျိုးများစွာ ရှိနေရင် အဲဒီကောင်းကျိုးတန်ဖိုးကို ခံစားရဖို့အတွက်စျေးနှုန်းတရပ်ကိုတော့ ပေးရမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်အပေါ် ကောင်းကျိုးများစွာ ပြန်ပေးနိုင်မယ့် အရာတွေမှာ "စျေးနှုန်း" ထက် "တန်ဖိုး"ကို မြင်အောင် ကြည့်တတ်ဖို့ လိုပါတယ်။

တခုသတိထားရမှာက စျေးကြီးတိုင်းလည်း ၊ ထိုက်တန်တဲ့ တန်ဖိုး မရနိုင်တာ ရှိကြသလို၊ စျေးသက်သာတိုင်းလည်း တန်ဖိုးမနည်းတာမျိုးတွေ များစွာ ရှိနိုင်တာကြောင့် အခြေခံအားဖြင့်တော့ ဆင်ခြင်သုံးသပ်နိုင်တဲ့ ဉာဏ်ဖြင့်ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။

crd


My facebookpage link
https://www.facebook.com/profile.php?id=100084936720070

My Telegram link
https://t.me/KoShinegold

ပိုက်ဆံရှိအောင်လုပ်•••••••••••••••••••••••••17June2024(Monday)စကားသာမပြောတာ သူ့ကြောင့်နဲ့ အသံတိတ်သွားရတဲ့ အမှန်တရားတွေအမ...
19/06/2024

ပိုက်ဆံရှိအောင်လုပ်
•••••••••••••••••••••••••
17June2024(Monday)

စကားသာမပြောတာ သူ့ကြောင့်နဲ့ အသံတိတ်သွားရတဲ့ အမှန်တရားတွေအများကြီးရှိတယ်။

သုညလေးတစ်လုံးတိုးသွားတာနဲ့ တန်ဖိုးက ဟိုးအမြင့်ဆုံးကိုရောက်သွားတာပဲ ဒါပေမယ့် သုညလေးတစ်လုံးတည်းဆိုရင်တော့
ဘဝကဘာတန်ဖိုးမှမရှိတော့ဘူး။

မျက်နှာပွင့်ဆေးဆိုတာ သူ့ကိုပြောတာနေမှာ
ပိုက်ဆံမျက်နှာက ဘယ်လောက်မှမကြီးပေမယ့် ပိုက်ဆံရှိရင် အလိုလို လူချစ်လူခင်များနေတာကိုက သာဘာဝလိုဖြစ်နေပြီ။

အသက်တစ်ချောင်းက ငွေရှင်ကြေးရှင်တွေဆီမှာ ကျန်မာရေးအရ ဘာတန်ကြေးမှမရှိပေမယ့် သာမာန်လူတန်းစားဘဝတွေမှာ သူက သေမင်းတမန်ပါပဲ။

ငွေရှိလို့ ပျော်ရတယ် မဟုတ်ပေမယ့်
ငွေမရှိလို့ မပျော်ရတဲ့ ဘဝတွေမှာ ပြုံးနေရတဲ့ ဘဝတွေရှိတယ်။

စည်းစိမ်ဆိုတာ မိသားစုဘဝလောက်အရေးမကြီးပေမယ့် တစ်ချို့တစ်ချို့တွေရဲ့ ဘဝက ပျော်ရွှင်တဲ့မိသားစုဘဝလေးရဖို့
ငွေဆိုတဲ့အရာနောက်ကို နေ့မနားညမနားရုန်းရင်ကန်ရင်းလိုက်နေကြရတယ်။

အချစ်ရေးဆိုလည်း ဒီလိုပဲ...
(အချစ်စစ်မေတ္တာစစ်တွေမပါ)ငွေကြေးမပြည့်စုံလို့ အကြောင်းပြချက် ကြီးကို သိသိသာသာကြီးတစ်ခြား အလင်ကာတွေဖွဲ့ပြီး ပစ်ချသွားတာ သိပ်ပြီးသိသာလွန်းတယ်။

အိမ်ထောင်ရေးလား???မပြည့်စုံပဲ အိမ်ထောင်ပြုလိုက်တဲ့အခါ အခက်အခဲ နဲ့ဒုက္ခတွေကိုပဲ လက်ဖွဲ့အဖြစ်ပြန်ရတတ်ပါတယ်(တစ်ချို့တွေမပါ)တစ်ခြားဆွေမျိုးညာတိ မောင်နှမကိစ္စတွေမပါသေးဘူး မောင်တစ်ထမ်း မယ်တစ်ရွက်မှမဟုတ်ရင်
အိမ်ထောင်ရေးသာယာဖို့မပြောနဲ့ လက်မှတ်ထိုးထားတဲ့လက်ထပ်စာချုပ် မှင်မခြောက်သေးဘူး လမ်းခွဲကြ တာပါပဲ။

ပြောချင်တာက ဘဝတစ်သက်လုံး
ပျော်ချင်တယ်ဆိုရင် ကိုယ်ပိုင်ဝင်ငွေရအောင်လုပ်ပြီး ပိုက်ဆံစုပါ ကိုယ့်ခွန်အားနဲ့ရတဲ့ ငွေကမှ ဘဝအာမခံချက်ရှိတာပါ ခုခေတ်ကစားနေကြတဲ့ Gameကြော်ငြာတွေထဲကလိုတော့ ထိုင်နေရင်းနဲ့နေ့ချင်းညချင်းသူဌေးမဖြစ်ပါဘူးနော် ကိုယ့်ဘဝကိုယ့်တက်လမ်းအတွက် ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်ရှိပြီး ကိုယ်ပိုင်ဝင်ငွေရှာနိူင်တဲ့သူက ချစ်သူရှာဖို့ အချိန်မရှိဘူး ဒါပေမယ့် သူ့အချစ်ကို လိုချင်တဲ့သူတွေအများကြီးရှိတယ်ဆိုတာ မမေ့နဲ့။

ဒါကြောင့် ချစ်တာတွေ မေတ္တာတွေလုပ်မနေနဲ့ ပိုက်ဆံရှိအောင်လုပ် ပိုက်ဆံရှိရင် လူတကာချစ်တယ် ။


My facebookpage link
https://www.facebook.com/profile.php?id

My Telegram link
https://t.me/KoShinegold

မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့အခြေအနေဟာ ကမ္ဘာမှာ တကယ်မရှိဘူး။ မယုံရင် ဆက်ဆံရေးတစ်ခုကနေ ဘယ်သူ့ကိုမှ ဘာမှမပြောဘဲ မင်းတိတ်တိတ်လ...
16/04/2024

မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့အခြေအနေဟာ ကမ္ဘာမှာ တကယ်မရှိဘူး။
မယုံရင် ဆက်ဆံရေးတစ်ခုကနေ ဘယ်သူ့ကိုမှ ဘာမှမပြောဘဲ

မင်းတိတ်တိတ်လေး စွန့်ခွာသွားကြည့်လိုက်။
မင်းထွက်သွားခါစမှာတော့
မင်းကိုသတိရတာတွေ ဘာတွေဖြစ်ကောင်းဖြစ်လိမ့်မယ်။

အချိန်ကာလတစ်ခုရောက်တဲ့အခါမှာတော့
အားလုံးက ပုံမှန်လိုပဲ။ မင်းမရှိလည်း သူတို့
အဆင်ပြေနေလိမ့်မယ်၊ ဒါမှမဟုတ်
မင်းနေရာမှာ အခြားတစ်ယောက်ရှိနေလိမ့်မယ်။

"မင်းမရှိလို့မဖြစ်ဘူး"ဆိုတာ
စကားလုံးသက်သက်ပဲ၊ တကယ်မရှိဘူး။
မင်းမရှိလည်း အရာရာဟာသူ့နည်းသူ့ဟန်နဲ့ ပုံမှန်လည်ပတ်နေမှာပဲ။


#အကြည်တော်

My facebookpage link
https://www.facebook.com/profile.php?id=100084936720070

My Telegram link
https://t.me/KoShinegold

ကားအဲယားကွန်းဖွင့်စီးသူများ သတိထားသင့်တဲ့ အချက်များ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~အဲယားကွန်း (Air ...
12/04/2024

ကားအဲယားကွန်းဖွင့်စီးသူများ သတိထားသင့်တဲ့ အချက်များ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အဲယားကွန်း (Air Con) ဟာ အခန်းတွင်းအပူချိန်ကို စုပ်ယူလျှော့ချပေးတဲ့ တီထွင်ဆန်းသစ်မှုတခုဖြစ်ပါတယ်။
စတင်တီထွင်ခါစက နေအိမ်တိုက်ခန်းများအတွက်သာ အသုံးပြုခဲ့ပြီး၊ ၁၉၅၃ ခုနှစ်ဝန်းကျင်က စတင်ကာကားများတွင်ပါ အဲယားကွန်းတပ်ဆင် အသုံးပြုလာနိုင်ခဲ့ပါတယ်။
ထိုစဉ်က ဇိမ်ခံဆလွန်းကားများ၊ ဈေးကြီးပေးဝယ်ရသော ကားအကောင်းစားများတွင်သာ တပ်ဆင်ပေးနိုင်ခဲ့သော်လည်း နောက်ပိုင်းမှာတော့ ကားအကြီးအသေးအမျိုးမျိုးတွင် အဲယားကွန်း မပါသောကားဟူ၍ မရှိတော့ပေ။

ကားအဲယားကွန်းရဲ့ ကောင်းကျိုးမှာ ပူအိုက်ခြင်း၊ လေလုံ၍အသက်ရှူကျပ်ခြင်းကနေ ကာကွယ်နိုင်တဲ့အပြင် မိုးတွင်းအခါ မိုးရွာတဲ့အချိန် ကားမှန် အလုံပိတ်မောင်းသောအခါ အတွင်းမှအပူငွေ့ပြန်ပြီး မှန်များမှုန်ဝါးကာ ပြင်ပသိုကောင်းစွာမမြင်ရခြင်းကိုပါ အကာအကွယ်ပေးပါတယ်။

အပူပိုင်းဒေသများတွင် အလွန်နေပူပြင်းသောအချိန် ကားအဲယားကွန်း ဖွင့်စီးသူများမှာ အေးနေရာမှ ရုတ်တရက် တံခါးဖွင့်ပြီး အဆင်းတွင် ပြင်ပအပူရှိန်ကြောင့်ရုတ်တရက် ရုတ်တရက် မူးလာကာ လဲကျသူ၊ သတိလစ်သူ၊ သက်ကြီးရွယ်အိုများတွင် အပူ အအေး တုံပြန်မှုကြောင့် ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးရသူများ ရှိလာသည်အထိ အန္တရာယ်လည်း ရှိနေပါတယ်။

ညပိုင်းအဲယားကွန်း ဘတ်စ်ကားကြီးများဖြင့် ခရီးသွားသူများတွင်လည်း ပါးတစ်ခြမ်းရွဲခြင်း၊ မျက်နှာနှင့် ကိုယ်တစ်ခြမ်းလေဖြတ်ခြင်းများပါ တွေ့ကြုံလာရခြင်းကို ဆေးရုံ၊ ဆေးခန်းများတွင် တွေ့လာရတတ်ပါတယ်။

အခြားဆန့်ကျင်ဘက် အဖြစ်အပျက်မှာ နေပူထဲမှလာပြီး အဲယားကွန်းဘတ်စ်ကားစီးသူ သက်ကြီးရွယ်အိုတဦးမှာ ကားထဲတွင်ပင် သတိလစ်ပြီး စကားမေးမရသဖြင့် ကားမောင်းသူနှင့်တာဝန်ရှိသူများမှ ဆေးရုံကြီးသိုပိုပေးရာ အပူအအေး ဆန့်ကျင်ဘက်ကြောင့် Heat Stroke ရပြီး ဦးနှောက်သွေးကြောပေါက်ကာ အသက်ဆုံးရှုးခဲ့ရမှုလည်း တွေ့ကြုံခဲ့ရဖူးပါတယ်။
အဲယားကွန်း ကားစီးမယ့်သက်ကြီးရွယ်အိုများ ကျန်းမာရေးမကောင်းသူများနှင့် အထူးသဖြင့်သွေးတိုးရောဂါအခံရှိသူများ သတိထားသင့်တဲ့ အချက်ပါပဲ။

ရုတ်တရက် အပူအအေး အပြောင်းအလဲဟာ ဦးနှောက်သွေး ကြောပေါက်ပြီး သတိလစ် လေဖြတ်နိုင်တာကို သတိထားကြပါ။

ကားအဲယားကွန်းဖွင့်စီးသူများရဲ့ အနေအထားကို လေ့လာကြည့်ရင်…

🔹(၁) နေပူထဲမှ ကားထဲ ဝင်ပြီးနောက် အဲယားကွန်းဖွင့်စီးသူ
🔹(၂) ကားထဲမဝင်မီကပင် အဲယားကွန်း ကြိုတင်ဖွင့်ထားသော ကားအတွင်းသို နေပူထဲမှလာပြီး ဝင်ထိုင်လိုက်သူ
🔹(၃) နေအိမ်မှ ကားအဲယားကွန်းဖွင့် စီးလာပြီး နေပူပြင်းသော တနေရာအရောက်တွင် ကားထဲမှအပြင် ထွက်လိုက်သူ
စသည်ဖြင့် အခြေအနေမတူ ကွဲပြားမှုသုံးမျိုး ကိုတွေ့ရှိရပါတယ်။

ထိုသူများတွင် အသက်ငယ်သေးသူများမှာ ဘာမှမဖြစ်သော်လည်း အသက် ၄၀ ကျော်၊ ၅၀ နှစ်အတွင်း သက်လတ်ပိုင်းများတွင် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း ဝေဒနာခံစားရကြောင်း တွေ့ရပါတယ်။ အသက် ၆၀ ကျော် ၇၀ ခန့် လူကြီးများမှာ ခေါင်းမူးရုံမက ရုတ်တရက် လဲကျခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းများပါ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကားအဲယားကွန်း ဖွင့်စီးသူများအနေနဲ့…

🔸(၁) ကားအဲယားကွန်းမဖွင့်မီ စက်နှိးပြီး ကားတံခါးများအားလုံးဖွင့်ထားပါ။ ပြင်ပလေဝင်ပြီး နောက်မှ ကားအဲယားကွန်းကို အနိမ့်ဆုံးမှ စ၍ ဖွင့်ပါ။ ထိုနောက်မှ မှန်များပြန်တင်ပြီးစီးရင် အပူ၊ အေအး ရုတ်တရက် အပြောင်းအလဲ မဖြစ်စေနိုင်ပါ။
🔸(၂) နေပူချိန်အဲယားကွန်းသုံးသော ကားဖြင့် အပြင်သွားရင် ရေသန့်ဘူး ယူဆောင်သွားပါ။ နေပူပြင်းတဲ့နေရာမှာ ကားရပ်ပြီး အပြင်သိုမဆင်းမီ ရေကိုအတော်အသင့် သောက်ပြီးမှ ဆင်းပါက ရုတ်တရက်ဦးနှောက်သို သွေးဆောင့်တက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
🔸(၃) အဲယားကွန်း ကြိုတင်ဖွင့်ထားတဲ့ ဘတ်စ်ကားကြီးများပေါ်ကို နေပူထဲမှဝင်ရင်၊ တက်စီးလျှင် မတက်မီက ကြိုတင်ပြီး ရေအေးသောက်ထားပါ။
အချိုလူကြီးများဟာ ကားပေါ်တွင် ဆီးသွားချင်မည်စိုးသဖြင့် ရေမသောက်ဘဲ ခရီးသွားလေ့ရှိသည်မှာ အမှားဖြစ်ပါတယ်။

ထိုအတူပင် ညအိပ်ချိန်တွင် အဲယားကွန်း ဖွင့်အိပ်သူများမှာလည်း အိပ်ရာမဝင်မီ ရေအေးတစ်ခွက် သောက်ပြီးမှအိပ်ပါက ကိုယ်တွင်း (အစာအိမ်) က အပူနဲ့ ပြင်ပအဲယားကွန်းရဲ့ အအေးဓာတ်တို ဝိရောဓိဖြစ်ခြင်းမှ ကာကွယ်ရာရောက်ပါတယ်။

အထက်ဖော်ပြခဲ့သော အချက်တိုကို သတိပြုလိုက်နာခြင်းဖြင့် အဲယားကွန်းကားစီးသူများအပြင် အဲယားကွန်းအခန်းဖြင့် အိပ်စက်သူများပါ အပူ၊ အအေးဝိရောဓိ လွန်ကဲမှုကြောင့် လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ်ခြင်းဘေးမှကင်းဝေးစေနိုင်ကြောင်း သတိပေးတင်ပြအပ်ပါတယ်။

to orginal

My facebookpage link
https://www.facebook.com/profile.php?id=100084936720070

My Telegram link
https://t.me/KoShinegold

Address

62(A)လမ်း, 103×104ကြား, ချမ်းမြသာစည်မြို့နယ်
Mandalay
05041

Alerts

Be the first to know and let us send you an email when Forex Trader & Knowledge Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Forex Trader & Knowledge Sharing:

Share