SuperStar Tyre Trading

SuperStar Tyre Trading Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SuperStar Tyre Trading, ပပ/၂၂၊ယောမင်းကြီးလမ်းနှင့်၆၆လမ်းထောင့်၊စက်မှု့(၁), Mandalay.

9.00R20 West lake   CR 926
04/05/2016

9.00R20 West lake CR 926

10.00R20 Agate
04/05/2016

10.00R20 Agate

10.00R20 SAILUN S-917
04/05/2016

10.00R20 SAILUN S-917

17/04/2016
17/04/2016

မနက်ဖြန် နှစ်ဆန်း၂ရက်နေ့ဆိုင်ပြန်ဖွင့်ပါပြီခင်ဗျာ့...

တာယာအမျိုးအစားအစုံရှိပါသည်  :)
16/03/2016

တာယာအမျိုးအစားအစုံရှိပါသည် :)

တာယာမျိုးစုံဂွေမျိုးစုံလက်လီ လက္ကားဖြန်ချီရောင်းချပေးနေပါပီ😄
12/03/2016

တာယာမျိုးစုံဂွေမျိုးစုံလက်လီ လက္ကားဖြန်ချီရောင်းချပေးနေပါပီ😄

*** ကားတစ်စီးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေထဲက ကားတာယာ *** တာယာနဲ့ပတ်သက်ပြီး ထိုးရမယ့်လေပေါင်, တပ်ဆင်ရမယ့်ဂွေနဲ့ တာယာအရ...
12/03/2016

*** ကားတစ်စီးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေထဲက ကားတာယာ ***

တာယာနဲ့ပတ်သက်ပြီး ထိုးရမယ့်လေပေါင်, တပ်ဆင်ရမယ့်ဂွေနဲ့ တာယာအရွယ်အစား, တာယာမှာရေးထားတဲ့အညွှန်းကိန်းနှင့်အက္ခရာများ, ပြောင်းလဲတပ်ဆင်နိုင်တဲ့ဂွေနဲ့ တာယာအရွယ်အစား, စတာတွေကိုပြောခဲ့ပြီးပါပြီ။

*ဘီးများကိုပြောင်းပေးခြင်း*
ကားတစ်စီးမှာ ရှေ့ဘီးများဟာ အချိုးအကွေ့လုပ်ဆောင်ရတာကြောင့် ယက်ဘီးများဟာ ဝန်ရုန်းရတာကြောင့် ပွန်းစားမှုပိုများပါတယ်။ ဒါကြောင့် ပွန်းစားမှုညီအောင် အချိန်မတိုင်မှီ လျင်မြန်စွာပျက်စီးမှုမဖြစ်အောင် ဘီးများကိုပြောင်းပေးရပါတယ်။

Honda Fit ကားလေးတွေကို 10000 km (JP owner's manual မှာ 5000km) ပြည့်တိုင်း ဘီးတွေကိုပြောင်းပေးဖို့ ပြုပြင်ထိန်းသိမ်းမှုဇယားမှာ ညွှန်ကြားထားပါတယ်။ ဒီလိုပြောင်းရာမှာ ရှေ့ဘီယက် နောက်ဘီးယက် လေးဘီးယက်ကားလား, တာယာမှာ လည်ဘက်ညွှန်းပါမပါ, တာယာအရွယ်တူမတူ, အပိုတာယာပါမပါနဲ့ အရွယ်တူဟုတ်မဟုတ်, တာယာအသစ်ထည့်တဲ့အခါ အကုန်တပြိုင်တည်းထည့်မလား နှစ်လုံးပဲထည့်မလား စတဲ့အချက်တွေပေါ်မူတည်ပြီး ပြောင်းနည်းအမျိုးမျိုးရှိပါတယ်။ Owner's manual မှာ front to rear နဲ့ forward cross ပြောင်းနည်းနှစ်မျိုးကိုပဲ ညွှန်ထားပါတယ်။

ရှေ့နောက်
front to rear ပြောင်းခြင်း
(လည်ဘက်ညွှန်းပါ အရွယ်တူတာယာ)

ရှေ့ဘယ်->နောက်ဘယ်,
ရှေ့ညာ->နောက်ညာ,
နောက်ဘယ်->ရှေ့ညာ,
နောက်ညာ->ရှေ့ဘယ်
forward cross ပြောင်းခြင်း
(ရှေ့ဘီးယက် လည်ဘက်ညွှန်းမပါ အရွယ်တူတာယာ)

တကယ်လို့ လေးဘီးယက်ဖြစ်မယ် (သို့) ရှေ့နောက် တာယာအရွယ် မတူဘူးဆိုရင် အောက်ပါပြောင်းနည်းတွေကိုလည်း သုံးနိုင်ပါတယ်။

ရှေ့ညာနောက်ဘယ်,
ရှေ့ဘယ်နောက်ညာ
X-pattern ပြောင်းခြင်း
(နောက်ဘီးယက်နှင့် လေးဘီးယက် လည်ဘက်ညွှန်းမပါ အရွယ်တူတာယာ)

နောက်ဘယ်->ရှေ့ဘယ်,
နောက်ညာ->ရှေ့ညာ,
ရှေ့ဘယ်->နောက်ညာ,
ရှေ့ညာ->နောက်ဘယ်
rearward cross ပြောင်းခြင်း
(နောက်ဘီးယက်နှင့် လေးဘီးယက် လည်ဘက်ညွှန်းမပါ အရွယ်တူတာယာ)

ရှေ့ဘယ်ရှေ့ညာ,
နောက်ဘယ်နောက်ညာ
side to side ပြောင်းခြင်း
(လည်ဘက်ညွှန်းမပါ အရွယ်မတူတာယာ)

X-pattern ပြောင်းခြင်းကို ရှေ့ဘီးယက်အတွက်လည်း သုံးနိုင်ပါတယ်။ အရွယ်တူအပိုဘီးပါရင်တော့ forward cross ပြောင်းခြင်းကိုပဲ ရှေ့ညာ->နောက်ညာ အစား ရှေ့ညာ->အပိုဘီး, အပိုဘီး->နောက်ညာ ဆိုပြီး ဖြည့်ပြောင်းရပါမယ်။

ကားတာယာအားလုံးကို တပြိုင်တည်းမလဲပဲ နှစ်လုံးစီပဲ လဲမယ်ဆိုရင်တော့ ပန်းအသင့်သင့်ကျန်ချိန်မှာ နောက်ဘီးနှစ်လုံးကို တာယာအသစ်လဲရပါမယ်။ တာယာအသစ်နှစ်လုံးကို နောက်မှာပဲထည့်သင့်ပါတယ်။ တာယာလေးလုံးစလုံး တပြိုင်တည်းမလဲဘဲ နှစ်လုံးစီလဲဖို့ရည်ရွယ်ရင် တာယာလေးလုံးစလုံး ပန်းကုန်တဲ့ထိမမောင်းဘဲ တာယာနှစ်လုံးကို ပန်းအတန်အသင့်ကျန်အောင်စီစဉ်ပါ။ တာယာနှစ်လုံး ပန်းအတန်အသင့်ကျန်ချိန်မှာ တာယာအသစ်နှစ်လုံးကို နောက်ကိုထည့်တွဲပါ။

Address

ပပ/၂၂၊ယောမင်းကြီးလမ်းနှင့်၆၆လမ်းထောင့်၊စက်မှု့(၁)
Mandalay

Telephone

092023558

Website

Alerts

Be the first to know and let us send you an email when SuperStar Tyre Trading posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share