Shwe Taung Fertilizer Trading

Shwe Taung Fertilizer Trading ✅ပုလဲမြေဩဇာများ ၊ ကွန်ပေါင်းမြေဩဇာများ ၊ ဆာလဖာ ၊ ပိုတက်•မြေဆီအမျိုးမျိုးတို့ကို ဝယ်ယူနိုင်ပါတယ်။

မင်္ဂလာပါ 🙏ရွှေတောင်ရောင်းဝယ်ရေးမှကြိုဆိုပါတယ်။🌈 Rainbow အမှတ်တံဆိပ် UREA  (ပုလဲဓာတ်မြေသြဇာ) လေးနဲ့ မိတ်ဆက်ပေးပါရစေ ခင်ဗ...
24/08/2025

မင်္ဂလာပါ 🙏ရွှေတောင်ရောင်းဝယ်ရေးမှကြိုဆိုပါတယ်။

🌈 Rainbow အမှတ်တံဆိပ် UREA (ပုလဲဓာတ်မြေသြဇာ) လေးနဲ့ မိတ်ဆက်ပေးပါရစေ ခင်ဗျာ။

💁🌈ရိန်းဘိုး အမှတ်တံဆိပ် UREA (ပုလဲဓာတ်မြေသြဇာ) တွင် နိုက်ထရိုဂျင် (၄၆ %) အဓိကပါဝင်သည့်အတွက် -

✅ပင်ပွားထွက်ရှိမှုနှုန်း မြန်ဆန်ခြင်း

✅သီးနှံပင်များ ကြီးထွားမှုအားကောင်းပြီး အစာချက်လုပ်မှု အားကောင်းစေခြင်း

✅ရေတွင်ပျော်ဝင်မှု မြန်ဆန်ပြီး သီးနှံပင် လိုအပ်သော အာဟာရဓာတ်ကို အလွယ်တကူ စုပ် ယူစားသုံး နိုင်ခြင်း

✅တစ်နှံပါအစေ့အရေအတွက် ပေါများအောင်လုပ်ဆောင်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။

👉 ပုလဲဓာတ်မြေသြဇာကျွေးတဲ့အခါ စနစ်တကျမရှိပါက အပင်မှ ရရှိမှုနည်းပြီး လေလွင့်ဆုံးရှုံးမှု ပိုများနိုင်တာကြောင့် အောက်ပါအချက်လေးတွေကို ဂရုတစိုက် ဆင်ခြင်သင့်ပါတယ်။

💁 ပုလဲဓာတ်မြေသြဇာကို ဆုံးရှုံးမှုအနည်းဆုံးဖြစ် အောင် အပူချိန်နိမ့်သော မနက်ခင်းပိုင်းနှင့် ညနေခင်းပိုင်းတွင် ကြဲပက်ပေးပါ။
💁မိုးအုံ့ပြီး အပူချိန်နိမ့်ပါက နေ့လည်ပိုင်းတွင် ကြဲပက်နိုင်ပါသည်။
💁ပုလဲမြေသြဇာမကြဲပက်ခင် ပုလဲမြေသြဇာ (၁) အိတ်ကို မြေဆွေး (၃) အိတ်ဖြင့် ရောစပ်၍ သမအောင် မွှေ‌ကာ လုံအောင်ဖုံးထားပြီး တစ်ညနှပ်ထားပေးပါ။ နောက်တစ်နေ့မနက်မှ ကြဲပက်ပေးပါက အပင်အတွက် အာဟာရဓာတ်များ ပိုမိုရရှိစေမှာ ဖြစ်ပါတယ်ခင်ဗျာ။

👉 သီးနှံအမျိုးအစားနှင့် မြေအမျိုးအစားကိုလိုက်ကာ တစ်ဧကလျှင် (၅၀ ကီလို) ၁ အိတ်ကနေ ၂ အိတ်အထိ အသုံးပြုနိုင်ပါတယ်။
မြေဧကနှင့် စိုက်ပျိုးတဲ့သီးနှံအပေါ်မူတည်ပြီး အသုံးပြုရမည့် ပမာဏလည်း ပြောင်းလဲသွားနိုင်ပါတယ်ခင်ဗျာ။

👉 ဒီတော့ စိုက်ပျိုးမြေများနှင့် ဥယျာဥ်ခြံမြေသီးနှံများအတွက် အကိုက်ညီဆုံးဖြစ်တဲ့
🌈. ရိန်းဘိုးအမှတ်တံဆိပ် UREA (ပုလဲဓာတ်မြေသြဇာ) ရဲ့ ကောင်းကျိုးအားသာချက်တွေကို လိုချင်တယ်ဆိုရင်တော့
ရွှေတောင်ဓာတ်မြေသဩဇာရောင်းတယ်ရေး ကိုဆက်သွယ်လိုက်ပါခင်ဗျာ။

📌 မြေဆီစျေးနှုန်းများသည်လည်း နေ့စဉ်နေ့အမျှ အပြောင်းလဲရှိတာကြောင့် ၊ အောက်ပါ ဖုန်းနံပါတ်များကို စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ ။

🏡 Office / Store - 31st 85-86 , ChanAye Tharzan Township, Mandalay

☎️ 02-4032514 ☎️ 02-4065085
☎️ 02-4060626 📞 09-765260359

🏡 ဆွယ်တော်ကားကြီးကွင်းတောင်ဘက် 67st 146E . 📞09-402590389

#ရိန်းဘိုးပုလဲ #ရိန်းဘိုးယူရီးယား
#ရွှေတောင်ဓာတ်မြေဩဇာ

13/10/2024
မင်္ဂလာပါ📍ရွှေတောင်ရောင်းဝယ်ရေးမှကြိုဆိုပါတယ်။သီးနှံစိုက်ခင်းတိုင်းအတွက် နိုက်ထရိုဂျင်ဓာတ်က မရှိမဖြစ် အာဟာရတစ်မျိုးဖြစ်ပ...
28/05/2024

မင်္ဂလာပါ📍ရွှေတောင်ရောင်းဝယ်ရေးမှကြိုဆိုပါတယ်။

သီးနှံစိုက်ခင်းတိုင်းအတွက် နိုက်ထရိုဂျင်ဓာတ်က မရှိမဖြစ် အာဟာရတစ်မျိုးဖြစ်ပါတယ်....

နိုက်ထရိုဂျင်ဓာတ် ချို့တဲ့ရင်တော့ ပင်ပိုင်းကြီးထွားမှု အားနည်းပြီး အပင်မှ အစာချက်လုပ်နိုင်မှုလျော့ကျနိုင်ပါတယ်....

အစာချက်လုပ်အား လျော့ကျသွားရင် အပင်ဖြစ်ထွန်းမှုအားနည်းသွားတဲ့အတွက် အထွက်နှုန်းကို ထိခိုက်သွားစေပါတယ်....

ဒါကြောင့် "ယူရီးယား" ကိုမဖြစ်မနေထည့်ပေးသင့်တာပေါ့....

"အာမိုယူရီးယား" မှာဆိုရင် နိုက်ထရိုဂျင်ဓာတ် ၄၆ % ပါဝင်ပြီး သီးနှံမျိုးစုံမှာ အသုံးပြုနိုင်ပါတယ်...

----------------------------------------------------------------------

“အာမိုယူရီးယား” ပုလဲအလုံးကြီးကို အပင်ကြီးထွားချိန်၊ ပန်းပွင့်ချိန်၊ သီးကင်းဝင်ချိန် (၃) ကြိမ်ခွဲကျွေးပါ

သီးနှံအလိုက် တစ်ဧက "အာမိုယူရီးယား" ပုလဲအလုံးကြီး (၁-၂) အိတ် အသုံးပြုပါ...

📌 မြေဆီစျေးနှုန်းများသည်လည်း နေ့စဉ်နေ့အမျှ အပြောင်းလဲရှိတာကြောင့် ၊ အောက်ပါ ဖုန်းနံပါတ်များကို စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ ။

💁🏻‍♂️ရုံးဖွင့်ချိန် နံနက် ၈:၀၀ မှ ညနေ ၅:၀၀ ထိ

🏡 Office / Store - 31st 85-86 , ChanAye Tharzan Township, Mandalay

☎️ 02-4032514 ☎️ 02-4065085
☎️ 02-4060626 📞 09-765260359

🏡 ဆွယ်တော်ကားကြီးကွင်းတောင်ဘက် 67st 146E . 📞09-402590389

A member of CDSG : Capital Diamond Star Group

ရွှေတောင်ဓာတ်မြေဩဇာရောင်းဝယ်ရေး  22.5.2024 ဗုဒ္ဓဟူးနေ့ တစ်ရက် ဆိုင်ပိတ်ပါတယ် 🙏 ရွှေတောင်ဓာတ်မြေဩဇာရောင်းဝယ်ရေး  22.5.202...
21/05/2024

ရွှေတောင်ဓာတ်မြေဩဇာရောင်းဝယ်ရေး 22.5.2024 ဗုဒ္ဓဟူးနေ့ တစ်ရက် ဆိုင်ပိတ်ပါတယ် 🙏

ရွှေတောင်ဓာတ်မြေဩဇာရောင်းဝယ်ရေး 22.5.2024 တစ်ရက် ဆိုင်ပိတ်ပါတယ် 🙏 ကဆုန်လပြည့်နေ့
အခါသမယတွင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မင်္ဂလာပါ📍ရွှေတောင်ရောင်းဝယ်ရေးမှကြိုဆိုပါတယ်။✅စံပြ ၁၆+၁၆+၁၆ 50kg 💁🏻‍♂️မြေဩဇာသည် အပင်များ ကြီးထွားသန်မာပြီး အထွက်နှုန်းမ...
14/05/2024

မင်္ဂလာပါ📍ရွှေတောင်ရောင်းဝယ်ရေးမှကြိုဆိုပါတယ်။

✅စံပြ ၁၆+၁၆+၁၆ 50kg

💁🏻‍♂️မြေဩဇာသည် အပင်များ ကြီးထွားသန်မာပြီး အထွက်နှုန်းမြင့်မားရန်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရများ ပံ့ပိုးပေးရန်အတွက် အချိုးညီဖော်စပ်ထားသည့် အရည်အသွေးမြင့် မြေသြဇာဖြစ်ပါသည်။

ရာသီချိန်ကိုက် စိုက်ပျိုးထားသော သီးနှံအားလုံးအတွက် ရွေးချယ်သင့်သည့် မြေဩဇာအမျိုးအစားလည်းဖြစ်ပါသည်။

စံပြ ၁၆+၁၆+၁၆ မြေဩဇာကို ဟင်းသီးဟင်းရွက်များ၊ ဥယျာဉ်ခြံသီးနှံနှင့် ပန်းမာန်များအတွက် ရွေးချယ်အသုံးပြုနိုင်ပြီး တောင်သူများအနေဖြင့် ရေမြေသဘာဝပေါ်အခြေခံ၍ လိုအပ်သလိုအသုံးပြုနိုင်တာကြောင့် ရွေးချယ်အသုံးပြုသင့်သည့် မြေဩဇာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ခင်ဗျာ။

📌 မြေဆီစျေးနှုန်းများသည်လည်း နေ့စဉ်နေ့အမျှ အပြောင်းလဲရှိတာကြောင့် ၊ အောက်ပါ ဖုန်းနံပါတ်များကို စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ ။

💁🏻‍♂️ရုံးဖွင့်ချိန် နံနက် ၈:၀၀ မှ ညနေ ၅:၀၀ ထိ

🏡 Office / Store - 31st 85-86 , ChanAye Tharzan Township, Mandalay

☎️ 02-4032514 ☎️ 02-4065085
☎️ 02-4060626 📞 09-765260359

🏡 ဆွယ်တော်ကားကြီးကွင်းတောင်ဘက် 67st 146E . 📞09-402590389


#ရွှေတောင်ဓာတ်မြေဩဇာရောင်းဝယ်ရေး @

ဆာလ်ဖာဆိုသည်မှာ-ဆာလ်ဖာ(ကန့်) သည် အပင်များအတွက် မရှိမဖြစ် လိုအပ်သော ဒြပ်စင် ၁၇ မျိုးအနက်မှ တစ်မျိုးဖြစ်သည်။ ဆာလ်ဖာသည် သီး...
11/05/2024

ဆာလ်ဖာဆိုသည်မှာ-

ဆာလ်ဖာ(ကန့်) သည် အပင်များအတွက် မရှိမဖြစ် လိုအပ်သော ဒြပ်စင် ၁၇ မျိုးအနက်မှ တစ်မျိုးဖြစ်သည်။ ဆာလ်ဖာသည် သီးနှံပင်များ မူမှန်စွာ ကြီးထွား ဖွံ့ဖြိုးရေးအတွက် အထူးလိုအပ်သော ဒြပ်စင်ဖြစ်သည်။ စိုက်ပျိုးသူများအနေနှင့် ဆာလ်ဖာကို သီးနှံပင်များ လွယ်ကူထိရောက်စွာ ကျွေးနိုင်မည့် နည်းပညာများ လိုအပ်လျက်ရှိသည်။

မြန်မာနိုင်ငံ အရပ်ရပ်ရှိ စိုက်ပျိုးမြေများတွင် ဆာလ်ဖာချို့တဲ့လျက်ရှိသည်။ မည်သည့် စိုက်ပျိုးမြေမဆို သီးနှံစိုက်ပျိုးရာတွင် ဆာလ်ဖာ တစ်ဧကလျှင် (၆ ကီလိုမှ ၁၃ ကီလို) နှုန်းမဖြစ်မနေထည့်ပေးရန်လိုအပ်သည်။

ဆာလ်ဖာ လိုအပ်မှုများသော သီးနှံများ

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကွမ်း၊ မုန်ညင်း၊ ဆီထွက် သီးနှံများ ပဲမျိုးနွယ်များမှာ ဆာလ်ဖာလိုအပ်မှု ပိုများသည်။ စိုက်ပျိုးသီးနှံများတွင် ဆာလ်ဖာ ထည့်သွင်းပေးခြင်းကြောင့် သီးနှံများ အနံ့၊ အရောင်အသွေးထူးကဲစေပြီး သီးနှံအလေးချိန်တိုးစေသည်။

ဥပမာ - ကြက်သွန်ဖြူ/ နီများတွင် ဆာလ်ဖာထည့်သွင်းပေးခြင်းကြောင့် စူးရှသော အနံ့ပိုမိုကောင်းမွန်စေသည်။

ဆာလ်ဖာလုပ်ဆောင်မှု

ဆာလ်ဖာသည် အပင်အတွင်း ပရိုတင်း၊ အင်ဇိုင်း၊ ကလိုရိုဖီးလ် ဖြစ်ပေါ်ရေးအတွက် အရေးကြီးသည်။ ဆာလ်ဖာသည် အစေ့များအတွင်း ဆီဖြစ်ပေါ်မှုအတွက် လိုအပ်သည်။ဆာလ်ဖာသည် သီးနှံပင်များ၏ အာဟာရတန်ဖိုးနှင့် အရည်အသွေးကို ဖြစ်ပေါ်စေသည့်အပြင် သီးနှံပင်တွင်ကျရောက်တတ်သည့် ပိုးမွှားအန္တရာယ်ကို ခံနိုင်ရည်ရှိစေသည်။

နိုက်ထရိုဂျင်နှင့် ဆာလ်ဖာ ဆက်စပ်မှု

သီးနှံပင်များ အထွက်နှုန်းကောင်းစွာရရှိနိုင်ရေးအတွက် နိုက်ထရိုဂျင် နှင့် ဆာလ်ဖာသည် အလွန်အရေးကြီးသည်။ မြေဆီလွှာအတွင်းမှ နိုက်ထရိုဂျင်ဓာတ် စုပ်ယူမှုတွင် ဆာလ်ဖာသည် အထောက်အကူများစွာဖြစ်စေသည်။ မြေဆီလွှာအတွင်း ဆာလ်ဖာ လုံလောက်မှုမရှိပါက အပင်မှ နိုက်ထရိုဂျင်ဓာတ်စုပ်ယူရာတွင် အခက်အခဲဖြစ်စေသည်။

ဆာလ်ဖာလုံလောက်စွာ မရှိပါက နိုက်ထရိုဂျင်များမှာ နိုက်ထရိတ်အဖြစ် စိမ့်ယိုပျောက်ဆုံးသွားပြီး အငွေ့ပျံခြင်းလည်း ဖြစ်နိုင်ပါသည်။ထို့ကြောင့်နိုက်ထရိုဂျင်နှင့်ဆာလ်ဖာတို့ကိုပေါင်းစပ်၍အသုံးပြုခြင်းသည် နိုက်ထရိုဂျင် အသုံးပြုမှုကို အဆင်ပြေချောမွေ့စေပြီး ထိရောက်မှုကို ပိုစေသည်။ ထို့ပြင် မြေဆီလွှာအတွင်းမှ နိုက်ထရိုဂျင်ဓာတ် ဆုံးပါးမှုကိုလည်း လျော့နည်းစေသည့်အပြင် မြေသြဇာအသုံးပြုမှုအတွက် ကုန်ကျစရိတ်ကို သက်သာစေသည်။

ဆာလ်ဖာ သွင်ပြင်လက္ခဏာများ

ဆာလ်ဖာများကို မြေသြဇာအဖြစ် အသုံးပြုရာတွင် အသွင်နှစ်မျိုးအဖြစ် တွေ့ရှိနိုင်သည်။

ပထမ တစ်မျိုးမှာ အမိုးနီးယမ်းဆာလ်ဖိတ်၊ ပိုတက်စီယမ်ဆာလ်ဖိတ် တို့ကဲ့သို့သော ဆာလ်ဖိတ်အုပ်စုဖြစ်သည်။ ဆာလ်ဖိတ်များမှာ အပင်များကလွယ်ကူလျင်မြန်စွာ စုပ်ယူစားသုံးနိုင်သော အသွင်မျိုးဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော ဆာလ်ဖိတ်မျိုးကို အသုံးပြုပါကအာနိသင်ပြုမှုမြန်သည်။

သို့သော် ဆာလ်ဖိတ်များမှာ မြေဆီလွှာအတွင်းမှ လျင်မြန်စွာ စိမ့်ယိုပျောက်ဆုံးသဖြင့် အသုံးပြုရာတွင် လေလွင့်ဆုံးပါးမှုများသည်။ သီးနှံပင်၏ သက်တမ်းတစ်လျှောက်လုံးအတွက် လုံလောက်သော ဆာလ်ဖာကို ထောက်ပံ့ပေးနိုင်ခြင်းမရှိပါ။ အကယ်၍ စိုက်ပျိုးချိန်တွင် ထည့်ထားသောဆာလ်ဖိတ်များ သီးနှံပင်၏ အမြစ်ဝန်းကျင်တွင် မရှိတော့သောအခါ သီးနှံပင်များ၏ အရင့်ပိုင်းကာလတွင် ဆာလ်ဖာချို့တဲ့မှုကို ဖြစ်စေမည်ဖြစ်သည်။ ရေပျော်လွယ်သော ဆာလ်ဖိတ်များကို အမြစ်များက လွယ်ကူလျင်မြန်စွာ စုပ်ယူနိုင်သော်လည်း အမြစ်များက မစုပ်ယူနိုင်သော ဆာလ်ဖိတ်များမှာ မြေဆီလွှာအောက်ဘက်ဆီသို့ စိမ့်ယိုပျောက်ဆုံးသွားမည် ဖြစ်သည်။ သဲဆန်သောမြေ၊ မိုးများသော ရာသီများ၌ ဆာလ်ဖာ ဆုံးရှုံးမှု ပိုများစေသည်။

ဒုတိယတစ်မျိုးမှာ ဆာလ်ဖာဒြပ်စင် ဖြစ်သည်။ ၎င်းသည် ဆာလ်ဖိတ် ပုံစံနှင့် မတူညီပါ။ သီးနှံပင်များသည် ဆာလ်ဖာကို တိုက်ရိုက်စားသုံးနိုင်ခြင်းမရှိပါ။ မြေဆီလွှာအတွင်း ဓာတ်တိုးပြီး ဆာလ်ဖိတ်အဖြစ်သို့ရောက်မှသာ သီးနှံပင်များက စုပ်ယူစားသုံးနိုင်သည်။ ဆာလ်ဖာဒြပ်စင်များကို မြေဆီလွှာအတွင်းရှိ အနုဇီဝရုပ်များကဆာလ်ဖိတ်အဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။ ဇီဝဓာတ်ပြုမှု၊ ဓာတုဓာတ်ပြုမှုဖြင့် ဆာလ်ဖာဒြပ်စင်မှ ဆာလ်ဖိတ်အဖြစ်သို့ ပြောင်းရန်မှာ ဆာလ်ဖာအမှုန်များ၏ အရွယ်ပမာဏအပေါ် များစွာမူတည်နေသည်။ ဆာလ်ဖာအမှုန် သေးငယ်လေလေ၊ ဆာလ်ဖိတ် အဖြစ်သို့ ပြောင်းရန် လွယ်ကူလေဖြစ်သည်။

ဆာလ်ဖာအမှုန့်များကို အသုံးပြုခြင်းမှာ မြေဆီလွှာအတွင်း လွယ်ကူစွာမဆုံးရှုံးနိုင်သော်လည်း သီးနှံပင်က အချိန်မီစားသုံးနိုင်သော အခြေအနေသို့ ရောက်ရှိရန် အချိန်ကြာမြင့်စေသည်။ ထို့ကြောင့် အာနိသင်ပြမြန်သော ဆာလ်ဖိတ်မြေသြဇာများနှင့်အာနိသင်ပြနှေးသော ဆာလ်ဖာဒြပ်စင်များကို လိုအပ်သလိုသုံးစွဲသင့်ပေသည်။

ဆာလ်ဖာချို့တဲ့လျှင်

ဆာလ်ဖာကို လုံလောက်စွာ မစားသုံးရသော သီးနှံပင်များတွင် အထက်ပိုင်းအရွက်များ ဝါခြင်း၊ ကြီးထွားနှုန်းနှေးပြီး အပင်ပုခြင်း၊ ပန်းပွင့်၏ ပွင့်ဖက်များ အရောင်ဖျော့ခြင်းတို့ဖြစ်ပေါ်စေသည်။ အရွက်များ ဝါခြင်းကြောင့် အပင်အတွက် အစာချက်လုပ်မှုအားနည်းစေသည်။

အချုပ်ဆိုရသော် မြန်မာနိုင်ငံရှိစိုက်ပျိုးမြေအခြေအနေများအရ ဆာလ်ဖာ သည် မဖြစ်မနေလိုအပ်သည့် ဓာတ်တစ်မျိုးဖြစ်သည်။ ထို့ကြောင့် သီးနှံပင်သက်တမ်းတလျှောက်တွင် ဆာလ်ဖာကို ပမာဏနည်းနည်းဖြင့် အကြိမ်ရေများစွာကျွေးပေးသင့်သည်။

သီးနှံပင်များအတွက် NPK ကွန်ပေါင်းများ အပြင် ဆာလ်ဖာပါဝင်သော ဓာတ်မြေဩဇာအသုံးပြုပါက အပင်အတွက် ဆာလ်ဖာဓာတ် ရရှိရုံသာမက နိုက်ထရိုဂျင် အသုံးပြုမှုကို ပိုမိုထိရောက်စေပြီး မြေဩဇာ လေလွင့်ဆုံးရှုံးမှုနည်းပါးစေပါသည်။ ၎င်းအပြင် စိုက်ပျိုးမှုအတွက် မြေဩဇာ ကုန်ကျစရိတ်သက်သာစေပြီး အရည်အသွေးကောင်းမွန်သော အထွက်နှုန်းများကို ရရှိစေသည်။

မင်္ဂလာပါ📍ရွှေတောင်ရောင်းဝယ်ရေးမှကြိုဆိုပါတယ်။ရွှေတောင်မှ ရရှိနိုင်သော ၁၅:၁၅:၁၅ မြေဆီများ ✅Yara mila 15R 50kg✅အာမို ဝါကြ...
10/05/2024

မင်္ဂလာပါ📍ရွှေတောင်ရောင်းဝယ်ရေးမှကြိုဆိုပါတယ်။

ရွှေတောင်မှ ရရှိနိုင်သော ၁၅:၁၅:၁၅ မြေဆီများ

✅Yara mila 15R 50kg
✅အာမို ဝါကြား 15R 50kg
✅MC 15R 50kg
✅Cp 15R 50kg
✅ဇာမဏီ ခရမ်း 15R 50kg
✅အာမို 365+ 50kg
✅Yara Growhow 15R 50kg
✅စံပြ 15R 50kg
✅လှည်းယဉ် 15R 50kg

📌 မြေဆီစျေးနှုန်းများသည်လည်း နေ့စဉ်နေ့အမျှ အပြောင်းလဲရှိတာကြောင့် ၊ အောက်ပါ ဖုန်းနံပါတ်များကို စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ ။

🏡 Office / Store - 31st 85-86 , ChanAye Tharzan Township, Mandalay

☎️ 02-4032514 ☎️ 02-4065085
☎️ 02-4060626 📞 09-765260359

🏡 ဆွယ်တော်ကားကြီးကွင်းတောင်ဘက် 67st 146E . 📞09-402590389

#စံပြ၁၅ပတ်လည် #ရွှေတောင်ဓာတ်မြေဩဇာ #ဇာမဏီ15R

မင်္ဂလာပါ 🙏ရွှေတောင်ရောင်းဝယ်ရေးမှကြိုဆိုပါတယ်။💁🏻‍♂️ယနေ့ တောင်သူဦးကြီးတွေ မိတ်ဆက်ပေးချင်တာကတော့  ရွှေနဂါးအမှတ်တံဆိပ်ပါမြ...
05/05/2024

မင်္ဂလာပါ 🙏ရွှေတောင်ရောင်းဝယ်ရေးမှကြိုဆိုပါတယ်။

💁🏻‍♂️ယနေ့ တောင်သူဦးကြီးတွေ မိတ်ဆက်ပေးချင်တာကတော့ ရွှေနဂါးအမှတ်တံဆိပ်ပါမြေဩဇာများဖြစ်ပါတယ်။

✅ရွှေနဂါးပေါင်း 25kg
✅ရွှေနဂါး ပေါင်းသေပင်တတ် 40kg
✅ရွှေနဂါး ပုလဲသာ 50kg
✅ရွှေနဂါး စပါးသီးသန့်အားဆေးမြေဩဇာ 25kg
✅ရွှေနဂါး top one စပါးထွက်တိုး 50kg ရွှေနဂါး 20:0:12

မြေဧကနှင့် စိုက်ပျိုးတဲ့သီးနှံအပေါ်မူတည်ပြီး အသုံးပြုရမ
📌 မြေဆီစျေးနှုန်းများသည်လည်း နေ့စဉ်နေ့အမျှ အပြောင်းလဲရှိတာကြောင့် ၊ အောက်ပါ ဖုန်းနံပါတ်များကို စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ ။

🏡 Office / Store - 31st 85-86 , ChanAye Tharzan Township, Mandalay

☎️ 02-4032514 ☎️ 02-4065085
☎️ 02-4060626 📞 09-765260359

🏡 ဆွယ်တော်ကားကြီးကွင်းတောင်ဘက် 67st 146E . 📞09-402590389

#ရွှေနဂါးပေါင်း #ပုလဲသာ #ရွှေနဂါးtopone #ပေါင်းသေပင်တတ် #စပါးထွက်တိုး
#ရွှေတောင်ဓာတ်မြေဩဇာ

မင်္ဂလာပါ 🙏ရွှေတောင်ရောင်းဝယ်ရေးမှကြိုဆိုပါတယ်။💁🏻‍♂️ဖြိုးမောက် ပုလဲ N : 46% 50kg💁🏻‍♂️ဖြိုးမောက် မိုးသီး N : 46% 50kg မြေ...
03/05/2024

မင်္ဂလာပါ 🙏ရွှေတောင်ရောင်းဝယ်ရေးမှကြိုဆိုပါတယ်။

💁🏻‍♂️ဖြိုးမောက် ပုလဲ N : 46% 50kg

💁🏻‍♂️ဖြိုးမောက် မိုးသီး N : 46% 50kg

မြေဧကနှင့် စိုက်ပျိုးတဲ့သီးနှံအပေါ်မူတည်ပြီး အသုံးပြုရမ
📌 မြေဆီစျေးနှုန်းများသည်လည်း နေ့စဉ်နေ့အမျှ အပြောင်းလဲရှိတာကြောင့် ၊ အောက်ပါ ဖုန်းနံပါတ်များကို စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ ။

🏡 Office / Store - 31st 85-86 , ChanAye Tharzan Township, Mandalay

☎️ 02-4032514 ☎️ 02-4065085
☎️ 02-4060626 📞 09-765260359

🏡 ဆွယ်တော်ကားကြီးကွင်းတောင်ဘက် 67st 146E . 📞09-402590389

#ဖြိုးမောက်ပုလဲ #ဖြိုးမောက်ယူရီးယား
#ရွှေတောင်ဓာတ်မြေဩဇာ

မင်္ဂလာပါ📍ရွှေတောင်ရောင်းဝယ်ရေးမှကြိုဆိုပါတယ်။ဂျစ်ပဆမ်ဆိုတာ ဆားပေါက်မြေတဲ့ ကို ပြုပြင်ပေးနိုင်ပြီး အချဉ်ပေါက်မြေတွေမှာ ဖ...
03/05/2024

မင်္ဂလာပါ📍ရွှေတောင်ရောင်းဝယ်ရေးမှကြိုဆိုပါတယ်။

ဂျစ်ပဆမ်ဆိုတာ ဆားပေါက်မြေတဲ့ ကို ပြုပြင်ပေးနိုင်ပြီး အချဉ်ပေါက်မြေတွေမှာ ဖြစ်တတ်တဲ့ အလူမီနီယမ်အဆိပ်သင့်ခြင်းကို ကုစားပေးနိုင်ပြီး သဲဆန်သော မြေများအတွက် ရေထိန်းသိမ်းမှုအားကောင်းစေပါတယ်….

"အာမိုဂျစ်ပဆမ်"မှာ ကယ်လ်ဆီယမ် - ၂၃ % နဲ့ ဆာလ်ဖာ - ၁၇ % ပါဝင်ပြီး သီးနှံစုံအတွက် အသုံးပြုနိုင်ပါတယ်....

အထူးသဖြင့် မြေပဲတွင် စွယ်ချချိန်အသုံးပြုပါက စွယ်ဆင်းအားကောင်းမွန်စေပြီး အစေ့အဆန် ဖြစ်တည်မှုကို အထူးကောင်းမွန်စေသည်။

မည်သည့်သီးနှံမဆို အစေ့အဆန် အလေးချိန် တိုးပွားစေပြီး အရည်အသွေးကောင်းမွန်သော အထွက်နှုန်းများကို ရရှိစေသည်။ ဆီထွက်သီးနှံများတွင် ဆီထွက်ပိုမိုစေသည်။

ဆာလ်ဖာ ပါဝင်မှုကြောင့် သီးနှံများ မှိုရောဂါ ကျရောက်မှုနည်းပါးစေပြီး အနံ့၊ အရသာ နှင့် သီးနှံအရောင်အသွေးများ တောက်ပကောင်းမွန်စေသည်။

💁🏻‍♂️အသုံးပြုရန်နှုန်းထား

သီးနှံတိုင်းအတွက် အာမိုဂျစ်ပဆမ်တစ်ဧကလျှင် (၁) အိတ်မှ (၅) အိတ် နှုန်း

📌 မြေဆီစျေးနှုန်း💰များသည်လည်း နေ့စဉ်နေ့အမျှ အပြောင်းလဲရှိတာကြောင့် ၊ အောက်ပါ ဖုန်းနံပါတ်များကို စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ ။

🕰️ဆိုင်ဖွင့်ချိန် မှာ နံနက် 8 နာရီ မှ ညနေ ၅နာရီ ထိပါဗျ။

🏡 ဆိုင်လိပ်စာ - 31လမ်း 85-86 ကြား , ChanAye Tharzan Township, Mandalay

☎️ 02-4032514 ☎️ 02-4065085
☎️ 02-4060626 📞 09-765260359

🏡 ဆွယ်တော်ကားကြီးကွင်းတောင်ဘက် 67st 146E . 📞09-402590389

#ကျောက်မှုန့် #ဂျစ်ပဆမ် #ရွှေတောင်ရောင်းဝယ်ရေး

မင်္ဂလာပါ📍ရွှေတောင်ရောင်းဝယ်ရေးမှကြိုဆိုပါတယ်။✅ပင်ဂွင်း ( 15 : 5 : 5 ) 50kg ✅ကောမက် (10 : 10 : 5) 50kg✅အာမို (10 : 10 : ...
02/05/2024

မင်္ဂလာပါ📍ရွှေတောင်ရောင်းဝယ်ရေးမှကြိုဆိုပါတယ်။

✅ပင်ဂွင်း ( 15 : 5 : 5 ) 50kg
✅ကောမက် (10 : 10 : 5) 50kg
✅အာမို (10 : 10 : 5 ) 50kg
✅မြှားကမ္ဘာပြာ ( 12 : 13 : 0) 50kg
✅ဇာမဏီ ပြာ ( 10 : 10 : 5 ) 50kg
✅ဇာမဏီ ဝါ ( 13 : 5 : 7 ) 50kg
✅မြှားကမ္ဘာ ( 15 : 9 : 8 ) 50kg

ဈေးနှုန်းသက်သာပြီး သီးနှံပင်အမျိုးအစားမရွေး အသုံးပြုနိုင်တဲ့အပြင် ပင်ပိုင်းကြီးထွားမှုကောင်းမွန်ပြီး အသီးအပွင့်များအောင်မြင်ဖြစ်ထွန်းစေတဲ့အတွက် တောင်သူဦးကြီးတို့ရဲ့ စိုက်ပျိုးသီးနှံများအတွက် အသင့်တော်ဆုံး ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်

စိုက်ပျိုးသီးနှံပင်တွေ အရည်အသွေးနဲ့ အထွက်နှုန်းကောင်းမွန်စေဖို့အတွက် ပင်ဂွင်း ကွန်ပေါင်းဓာတ်မြေဩဇာ ကိုအခုပဲဝယ်ယူအသုံးပြုလိုက်ပါ။

📌 မြေဆီစျေးနှုန်း💰များသည်လည်း နေ့စဉ်နေ့အမျှ အပြောင်းလဲရှိတာကြောင့် ၊ အောက်ပါ ဖုန်းနံပါတ်များကို စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ ။

🕰️ဆိုင်ဖွင့်ချိန် မှာ နံနက် 8 နာရီ မှ ညနေ ၅နာရီ ထိပါဗျ။

🏡 ဆိုင်လိပ်စာ - 31လမ်း 85-86 ကြား , ChanAye Tharzan Township, Mandalay

☎️ 02-4032514 ☎️ 02-4065085
☎️ 02-4060626 📞 09-765260359

🏡 ဆွယ်တော်ကားကြီးကွင်းတောင်ဘက် 67st 146E . 📞09-402590389

#ပင်ဂွင်း1555 #ရွှေတောင်ဓာတ်မြေဩဇာ

Address

67st 146E စွယ်တော်ကားကွင်းတောင်ဘက်
Mandalay

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959765260359

Website

https://maps.app.goo.gl/C4XMQNDhiziVAfAU8?g_st=ic

Alerts

Be the first to know and let us send you an email when Shwe Taung Fertilizer Trading posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Taung Fertilizer Trading:

Share