LSO ပန်းသေးလူငယ်များ

LSO ပန်းသေးလူငယ်များ May Allah upon u all

14/05/2018
လက်တချောင်း ပြတ်ပြီဆိုရင် အဲဒီလက်ချောင်းကို ပလတ်စတစ်အိတ်ထဲမှာ လေလုံအောင် ထည့်ပါ။ လက်ထည့်ထားတဲ့ အိတ်ထဲကို ဘာမှမထည့်ပါနဲ့။...
09/05/2018

လက်တချောင်း ပြတ်ပြီဆိုရင် အဲဒီလက်ချောင်းကို ပလတ်စတစ်အိတ်ထဲမှာ လေလုံအောင် ထည့်ပါ။ လက်ထည့်ထားတဲ့ အိတ်ထဲကို ဘာမှမထည့်ပါနဲ့။ အဲဒီပလတ်စတစ်အိတ်ကို ရေခဲထည့်ထားတဲ့ အိတ်ကြီးထဲမှာ ပြန်ထည့်ပေးပါ။

- - - - - - - - - - - - - - - - - - - -

ပြတ်ထွက်သွားသည့်လက်ချောင်း၊ လက်အစိတ်အပိုင်းများကို ၃၆ နာရီအတွင်း နည်းစနစ်မှန်ကန်စွာ သယ်ဆောင်လာပါက အောင်မြင်စွာ ပြန်ဆက်ပေးနိုင်
------ ------ ------ ------ ------
မတော်တဆထိခိုက်မိ၍ လက်ချောင်းများ၊ လက်အစိတ်အပိုင်းများ ပြတ်တောက်သွားပါက ပြတ်ထွက်သွားသော အပိုင်းကို အချိန်မီ နည်းစနစ်မှန်ကန်စွာ သယ်ဆောင်လာလျှင် အောင်မြင်စွာ ပြန်ဆက်ပေးနိုင်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး လက်ပိုင်းဆိုင်ရာခွဲစိတ်မှုပညာဌာနမှ သိရသည်။

''လက်တွေပြတ်ရင် လက်ချောင်းလေးတွေပဲပြတ်ပြတ် လက်ရဲ့ဘယ်နေရာပဲပြတ်ပြတ် ကျွန်တော်တို့ဆီကို အမြန်ဆုံး အကြောင်းကြားပေးပါ။ ကျွန်တော်တို့ ဆက်ပေးနိုင်ပါတယ်။ လက်တချောင်းပြတ်ပြီဆိုရင် အဲဒီလက်ချောင်းကို ပလတ်စတစ်အိတ်ထဲမှာ လေလုံအောင်ထည့်ပါ။ လက်ထည့်ထားတဲ့အိတ်ထဲကို ဘာမှမထည့်ပါနဲ့။ အဲဒီပလတ်စတစ်အိတ်ကို ရေခဲထည့်ထားတဲ့ အိတ်ကြီးထဲမှာ ပြန်ထည့်ပေးပါ။ အဲဒါဆို လက်ကအေးပြီး ခြောက်သွေ့နေရင် လက်ချောင်းလေးတွေဆို ၃၆ နာရီအတွင်း ဆက်ပေးပါတယ်။ ကြွက်သားပါတဲ့ တံတောင်ဆစ်တို့၊ လက်ကောက်ဝတ်တွေပြတ်ပြီဆိုရင်တော့ ၁၂ နာရီအထိ ဆက် ပေးနိုင်ပါတယ်''ဟု အဆိုပါဌာနမှ ပါမောက္ခ၊ ဌာနမှူးဒေါက်တာခင်မောင်မြင့်က News Watch ကို ပြောကြားသည်။

တောင်ဒဂုံစက်မှုဇုံရှိ စက္ကူစက်ရုံတခုမှ လူငယ်လုပ်သားတဦး လုပ်ငန်းခွင်မတော်တဆမှုကြောင့် လက်ချောင်းများပြတ်ထွက်သွားခဲ့ရာ ရန်ကုန်ဆေးရုံကြီး လက်ပိုင်းဆိုင်ရာခွဲစိတ်မှုပညာဌာနသို့ နည်းစနစ်မှန်ကန်စွာ သယ်ဆောင်လာသဖြင့် အောင်မြင်စွာ ပြန်ဆက်ပေးနိုင်ခဲ့သော ဖြစ်စဉ်တခု ယခုနှစ် ၁၀ လပိုင်းက ဖြစ်ပွားခဲ့သည်။

''ဒီကလေးက အောက်တိုဘာလမှာ ဖြစ်ခဲ့တာ။ မွန်းလွဲ ၂ နာရီလောက်ပေါ့။ စက္ကူဖြတ်တဲ့စက်ထဲကို လက်ညှပ်သွားတာ။ ညာဘက်လက်က လက်ဖ၀ါးကနေ ပြတ်သွားတာ။ ဘယ်ဘက်က လက်ထိပ်လေးတွေပဲ ပြတ်သွားတာ။ ဖြစ်ဖြစ်ပြီးချင်း သင်္ဃန်းကျွန်းဆေးရုံကို သွားတယ်။ အဲဒီကနေမှ ကျွန်တော့်ဆီ ပို့လိုက်တာ။ ကျွန်တော့်ဆီရောက်လာတော့ ညနေ ၅ နာရီလောက်ရှိပြီ။ သူတို့က ပြတ်သွားတဲ့ လက်ကလေးတွေကို ရေခဲနဲ့ထုပ်လာတယ်။ အေးပြီး ခြောက်သွေ့နေတာပေါ့နော်။ အချိန်မီလည်းရောက်လာတယ်။ ညာ ဘက်လက်သုံးချောင်းကို အောင်မြင်စွာ ပြန်ဆက်ပေးနိုင်ခဲ့တယ်။ လက်သန်းလေးကတော့ ကြေသွားလို့ မရတော့ဘူးပေါ့'' ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ခွဲစိတ်မှုအား ညနေ ၅ နာရီမှ စတင်ပြုလုပ်ခဲ့ရာ နံနက် ၂ နာရီခွဲတွင် ပြီးဆုံးခဲ့၍ ကြာမြင့်ချိန် ၁၀ နာရီနီးပါးရှိခဲ့ကြောင်းနှင့် ခွဲစိတ်ဆရာဝန် သုံးဦး၊ မေ့ဆေးဆရာဝန်နှစ်ဦးတို့ဖြင့် ခွဲစိတ်ခဲ့ရကြောင်း သိရသည်။ လက်ရှိတွင် ထိုလူနာအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ်ထားရှိ၍ လက်လေ့ကျင့်ခန်းများ ပြုလုပ်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ပါမောက္ခဒေါက်တာဦးခင်မောင်မြင့်သည် ၁၉၉၈ ခုနှစ်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လက်ပိုင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်အဖြစ် ပထမဆုံးခန့်အပ်ခံရသော ဆရာဝန်ကြီးဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် လက်ကောက်ဝတ်ပြတ်သော လူနာတဦးအား ပထမဆုံးအောင်မြင်စွာခွဲစိတ်ပေးနိုင်ခဲ့ရာမှစ၍ ယခုလက်ရှိအချိန် ထိ ခွဲစိတ်မှုပေါင်းများစွာ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ လက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုပညာဌာနသည် ရန်ကုန် ဆေးတက္ကသိုလ်(၁)တွင်သာ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး လာမည့်နှစ်တွင် မန္တလေးဆေး တက္ကသိုလ်နှင့်ရန်ကုန်ဆေးတက္ကသိုလ်(၂) တို့တွင် တိုးချဲ့ဖွင့်လှစ်သွားနိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။

(နိုင်၊လတ်)
Via News Watch

သွေးကို ဖောက်စုပ်၍ ကုသပေးခြင်းသည် အလွန်ကောင်းမြတ်ပေသည်။သွေးကို ဖောက်စုပ်ပေးသည်။ကျေားပြင်ကိုပေါ့ပါးစေသည်။အမြင်အာရုံကို တိ...
06/05/2018

သွေးကို ဖောက်စုပ်၍ ကုသပေးခြင်းသည် အလွန်ကောင်းမြတ်ပေသည်။

သွေးကို ဖောက်စုပ်ပေးသည်။ကျေားပြင်ကိုပေါ့ပါးစေသည်။
အမြင်အာရုံကို တိုးပွားစေသည်။

နှလုံး၊ သွေးတိုး၊ သွေးပေါင်ကျ၊ ရင်အောင့်၊ သွေးတွင်းအဆီဓါတ်များခြင်း၊ သွေးလည်ပတ်မှုကျဆင်းခြင်း၊ လေဖြတ်ခြင်း၊ တက်ခြင်း၊ ဝက်ရူးပြန်ခြင်း၊ ခေါင်းကိုက် ၊ညာဏ်ရည်မမှီ၊ထုံကျင်နာ၊ depression၊ အိပ်မပျော် မှတ်ညာဏ်အားနည်းခြင်း၊ အလွန်အိပ်ခြင်း ပန်းနာရင်ကြပ်၊ ချောင်းဆိုး.အစာအိမ်နှင့်ပတ်သပ်သောရောဂါများ လိပ်ခေါင်း၊ပျို့အန်၊ဝမ်းချုပ်၊ဝမ်းလျေား.အဝလွန်၊အပိန်လွန်၊အစားအသောက်ပျက်၊ အသဲရောင်၊ကျီးပေါင်းမျိုးစုံ၊ ခါးကြောမြက်၊ကိုယ်လက်ကိုက်ခဲ၊ခါးနာ ဒူးနာ၊ကြွက်တက်၊လေးဘက်နာ၊ဂေါက်၊နုံးချိ၊တင်ပါးစုံနာ၊အမျိုးသမီးရောဂါများ အိမ်ထောင်ရေးနှင့်ပါတ်သပ်တဲ့ရောဂါများ၊အရည်ပြားရောဂါများ ........ကုသလို့ရပါတယ်။

တစ်​ခါသုံးခွက်​များနှင့်​ တစ်​ခါသုံးအပ်​များအသုံးပြုပါသည်
မနာဘူး တစ်ခုခုနဲ့ ခြစ်သလို ယားကျိကျိတော့ဖြစ်မယ်
ဆေးထိုအပ်ကိုတော့ ကျနော်လည်း ကြောက်တက်တယ်။😉😉

ဟုတ်ကဲ့ လာမယ်ဆိုရင် ကြိုတင် အချိန်ယူပေးပါ ခင်ဗျ။
တစ်ချို ရှောင်ရမယ့် အရာလေးတွေရှိ့လို့ပါ။
ဖဂျရ် အပြီးကနေ စပြီး တနေ့ကုန်ရှိ့နေပါတယ်။ကုသမှု့ခံယူလိုတယ်ဆိုရင်တော့ ကျိုတင်ပြီး ဖုန်းနှင့်သော် လည်းကောင်း မက်​ဆေ့နှင့်သော်လည်းကောင်း ဆက်သွယ်ပေးပါ။ တချို့ အခြေအနေတွေမှာ hijamah ကုသမှု့ခံယူလို့ မရပါဘူး။

Hijamah ပြုလုပ်လိုသူများသည် အောက်ပါအချက်များနှင့် ကိုက်ညီရပါမည်။

၁။ အစာစားပြီး Hijamah ပြုလုပ်ခံ၍ မရပါ အနည်းဆုံး (၃)နာရီခန့်မျှ အစားအစာနှင့် ခြားပြီးမှသာ Hijamah ကုသမှု့ခံယူနိုင်ပါမည်။

၂။ အရည်နှင့် (၁)နာရီ ခြားရပါမည်။

‌၃။ ရေချိုးထားလျှင် အနည်းဆုံး (၁)နာရီ ခြားရပါမည်။ သိုမှသာHIJAMAH ကုသမှု့ ခံယူနိုင်ပေမည်။

၎။ သွေကျဲစေသော ဆေးဝါးများ မှီးဝဲနေရပါမူ HIJAMAH ပြုရန် အနည်းဆုံး တစ်ပါတ်ခန့် ဆေးဖြတ်ထားရပါမည်။

Hijamah Cupping သည် (စွန္နသ်)လည်းဖြစ်သလို ရှေးအကျဆုံး ကုထုံး တစ်မျိုးလည်းဖြစ်ပါတယ်။

နေရာ။ ၁။ အမှတ်​ ၂၂၇၊ ၈၁လမ်း ၂၀×၂၁လမ်းကြား၊ ​အောင်​​မြေသာစံမြို့နယ်​၊ မန္တ​လေး။
နေရာ။ ၂။ အမှတ်​ ၂၃၄ ပထမထပ် ၊ မဂိုလမ်း အလယ်ဘလောက်၊ ရန်​ကုန်​တိုင်း​ဒေသကြီး။

ဖုန်း ။ ။09974344223 / 09259699785
, Wechat, viber နှင့် whats appတို့မှာလည်း
ဆက်သွယ် စာရင်း​ပေးသွင်းနိုင်ပါတယ်။

မှတ်ချက်။ ။ စုပ်ခွက်ဘူးဖိုး +သဒ္ဓါကျေး သာယူပါတယ်။

(ရှယ်ပေးခြင်းဖြင့် ကူညီပေးကြပါ။)
Jazakallahu

( မိမိသိလိုသည်​များကို ဖုန်းဆက်​​မေး​ပေးပါ ​ကျေးဇူးတင်​ပါသည်​။ )

**ဇိကိရ်ဖတ်၍ မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ရန်**↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔မွစ်လင်မ်တို့အနေဖြင့် ညထူးညမြတ်များ၊ နေ့ထူး၊ အချိန်ထူ...
01/05/2018

**ဇိကိရ်ဖတ်၍ မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ရန်**
↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔
မွစ်လင်မ်တို့အနေဖြင့် ညထူးညမြတ်များ၊ နေ့ထူး၊ အချိန်ထူးများတွင် လွယ်ကူစွာဖြင့် ကုသိုလ်များစွာကို အရယူနိုင်ရန်အတွက် တိုတောင်းလွယ်ကူသော ဇိကိရ်များကို သိမှတ်သလောက် စုစည်းတင်ဆက်လိုက်ပါသည်။

မိတ်ဆွေတို့အနေဖြင့် မည်သည့်အချိန်အခါတွင်မဆို ဖတ်ရွတ်နိုင်ပါသည်။ ကုသိုလ်ပိုရမည်ဟု မိန့်ထားသောကာလများတွင်ဖတ်ပါကလည်း များစွာသော ကုသိုလ်ကို အချိန်အနည်းငယ်အတွင်း ရယူနိုင်ပါသည်။ ထို့အတူ နေ့စဉ်ဖတ်ပါကလည်း မိမိ၏ အာခိရသ်အတွက် ကုသိုလ်စုပြီးသားဖြစ်ပါမည်။ ထို့ကြောင့် တစ်နေ့ တစ်ည တစ်ရက်တည်းသာ မဟုတ်ဘဲ နေ့စဉ်ဖတ်ပါရန် ပန်ကြားအပ်ပါသည်။

ဤဇိကိရ်ပုံများကို မည်သူမဆို share နိုင်ပါသည်။ မိမိ၏ အကောင့်သို့ ရှဲပါက မိမိ၏ မိတ်ဆွေများကိုလည်း Tag တွဲပေးပါ၊ Tag တွဲပေးခြင်းဖြင့် ထိုသူလည်း ဖတ်ဖြစ်သွားမည်။ ဖတ်သမျှသူအားလုံး၏ ကုသိုလ်ကို ဖတ်ရန်ပို့ပေးသူများလည်း ရရှိပါမည်။ save ၍လည်း မျှဝေပေးနိုင်ပါသည်။
ချစ်ခင်လေးစားမြတ်နိုးရသော မွစ်လင်မ်များအားလုံး လွယ်ကူစွာဖြင့် ကုသိုလ်အကျိုးရယူနိုင်ရန် ရည်ရွယ်ပါသည်။

ဤဇိကိရ်များကို تحفئےخواتین မှ ကောက်နှုတ်ဖော်ပြပါသည်။

အလ်မုဖီးဒ်

29/04/2018

ယှဗေဗရာအသ်နေ့ ( ၂.၅.၁၈-ဗုဒ္ဓဟူးနေ့)
အတွက်ရိုဇာစောင့်ထိန်းမည့်သူတော်စင်များ
☪☪☪☪☪☪☪☪☪☪☪☪
စဲဟ်ရီ ဝါပိတ်ချိန် - ၄နာရီ၂၁မိနစ်
ဖဂျရ်အဇာန်-၄း၂၅ မိနစ်
ဝါဖြေချိန်-၆း၂၈ မိနစ်

ဝါချည်နီယသ် -(နဝိုင်းသုအန် အစူးမဃဒါန်း
မိန်ရှဟ်ရိ ရှအ်ဗာန်)

ဝါဖြေဒုအာ- (အလ္လာဟွမ်းမ -လကဆွမ်သု-
ဝဘိက -အာမန်သု -ဝအလားရိဇ်ကိက -
အဖ်သရ်သု)
ရှယ်ပေးခြင်းဖြင့်ကုသိုလ်ပါဝင်ကြပါ။

ရိုဇာဥပုသ်စောင့်ထိန်းရတဲ့ အချိန်ဟာမြန်မာပြည်အတွက် မနက် ၄ နာရီကနေ ညနေ ၇ နာရီ ဝန်းကျင်အထိ စောင့်ထိန်းရပါတယ်...။၁၅ နာရီတိတိ...
27/04/2018

ရိုဇာဥပုသ်စောင့်ထိန်းရတဲ့ အချိန်ဟာမြန်မာ

ပြည်အတွက် မနက် ၄ နာရီကနေ ညနေ ၇

နာရီ ဝန်းကျင်အထိ စောင့်ထိန်းရပါတယ်...။

၁၅ နာရီတိတိပေါ့...။ လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့

အစာချေဖျက်ပေးတဲ့ ဗိုင်းရပ်စ်တွေက အစာ

ချေဖျက်ရင်း ခွန်အားစွမ်းအင်ကို ကိုယ်ခန္ဓာဆီ

ကို ပြန်ပို့ပေးကြရတယ်...။ လူတစ်ယောက်စား

ထားတဲ့ အစာတွေကို ချေဖျက်တာ အလွန်ဆုံး

၁၀ နာရီဆို ကုန်သွားပါပြီ..။ နောက် ၅ နာရီမှာ

တော့ ခန္ဓာကိုယ်အကြိုအကြားမှာရှိနေတဲ့ အစာ

ဟောင်းတွေကို ဆက်ပြီးချေဖျက်ပါတယ်..။

ကင်ဆာဖြစ်စေမယ့် ပိတ်ဆို့နေတဲ့

ဆဲလ်သေတွေ ! အဆီအခဲတွေကို ဆက်ပြီးချေ

ဖျက်ပေးတာကြောင့် ကင်ဆာရောဂါနဲ့တစ်ခြား

ရောဂါတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်

သွားစေပါတယ်...။ ၁ ရက် ၂ ရက် စောင့်ထိန်း

ရတာမျိုး မဟုတ်ပဲ တစ်လလုံး စောင့်ထိန်းရတဲ့

အတွက် ကိုယ်ခန္ဓာသန့်စင်ပြီးသားလည်း ဖြစ်

သွားပါတယ်..,။ ဒါက ကျမ်းမာရေးဆိုင်ရာ ရှု

ထောင့်က ကောင်းကျိုးတွေပါ....။

ဒေါက်တာတွေတောင် ခွဲစိပ်မယ့် လူနာတွေကို

အစားရေစားမစားပဲ၇နာရီ ၈နာရီး နေခိုင်တယ်

လူကိုယ်ထဲမှာအစားမရှိဘူးဆိုရင်ခွဲစိပ်ဖို့လွယ်တယ်

လူနာတွေကိုတောင်ဆေးကုဖို့အစားရှောင်ခိုင်တယ့်ဆိုရင်

ကျွန်တော်တို့ ၁၁လလုံးလုံး နေခြင်သလိုနေပြီး

လုပ်ခြင်တွေလုပ်ခဲ့တယ့် ကျွန်တော် အပြစ်တွေဆေး

ကြောဖို့အလ္လာဟ်ကကျွန်တော်တို့ရိုဇာထားခိုင်စေတာပါ

မွတ်စလင်အားလုံး ရိုဇာတစ်လလုံး စောင့်ထိန်း

နိုင်တဲ့စွမ်းအား Allah ချီးမြှင့်တော်မူပါစေ။

Credit 👉Tun Tun Aye

24/04/2018

စအူဒီ(ဆော်ဒီ)နိုင်ငံနဲ့ပတ်သက်တဲ့ မှတ်သားစရာ
အချက်လေးတွေ တစ်ချို့ကို ဒီမှာစုစည်းထားတယ်။

၁။ ။စအူဒီမှာ ဓာတ်ဆီထက်ကို ရေကပိုပြီးဈေးကြီးတယ်။

၂။ ။စအူဒီမှာ လူဦးရေ လေးကုဋေ သာရှိပြီး ကားအစီးပေါင်း ကိုးကုဋေ ရှိတယ်။

၃။ ။စအူဒီမှာ အစားစာ အမျိုးပေါင်း ၂၂၀၀ နေ့စဉ် ချက်ပြုတ်ကြလေ့ရှိတယ်။

၃။ ။စအူဒီမှာရှိတဲ့ လမ်းတွေ ဈေးတွေ မှတ်တိုင်တွေကို အမျိုးသားတွေ ထက်စာရင် အမျိုးသမီးတွေက ပိုကျွမ်းကျင်ကြတယ်။အဝယ်အခြမ်း စတာတွေကို ပရ်ဒဟ် အပြည့်ဝတ်ဆင်ထားကြတဲ့ အမျိုးသမီးတွေ ကိုယ်တိုင် လုပ်ကြလေ့ရှိတယ်။

၎။ ။မက္ကဟ်မြို့က ထွက်တဲ့ အမှိုက်သရိုက်တွေကို မြို့နဲ့ ကီလိုမီတာ ၇၀ မကဝေးတဲ့ တောင်တွေကြားကို သယ်ယူသွားကြပြီး မြုပ်နှံပစ်ကြတယ်။

၅။ ။မက္ကဟ်တစ်မြို့ထဲမှာပဲ တနေ့ကို ကြက်အကောင် သုံးသိန်းခန့် ပျှမ်းမျှစားသုံးမှုရှိတယ်။

၆။ ။စအူဒီနိုင်ငံဟာ ကမ္ဘာမှာ အချင်းချင်း ပြဿနာဖြစ်မှုနဲ့ ဒုစရိုက်မှု အနည်းဆုံးနိုင်ငံဖြစ်တယ်။မက္ကဟ်ရွှေမြို့တော် ကြီး ထဲမှာတော့ အချင်းချင်းခိုက်ရန်ဖြစ်တယ်ဆိုတာ မရှိသလောက်ကို ရှားပါးလွန်းလှပါတယ်တဲ့။ပြီးခဲ့တဲ့ ၂၀၁၆ တနှစ်ထဲမှာ အမေရိကန်နိုင်ငံထဲမှာ မုဒိန်းမှုပေါင်း ၃၀၀၀၀၀ သုံးသိန်းထိ စခန်းတွေမှာ တိုက်ချက်ဖွင့်ခြင်း ခံခဲ့ရပြီး အဲ့ဒီ မုဒိန်းမှုပေါင်း သုံးသိန်းဟာ တကယ်ဖြစ်ခဲ့တဲ့ မုဒိန်းမှု အရေအတွက်ရဲ့ ၄၀ % သာ ဖြစ်တယ်လို့ ဆိုပါတယ်။ဂျာမနီမှာတော့ ပြီးခဲ့တဲ့နယူးရီးရား ညတစ်ည ထဲမှာပဲ ဗာလင်မြို့တစ်မြို့ထဲမှာ မုဒိန်းမှုပေါင်း ၅၀၀ ကျော် စခန်းတွေမှာ တိုင်းတန်းခြင်းခံခဲ့ရပါတယ်။ဒါဟာ တစ်နိုင်ငံလုံး အတိုင်းတာနဲ့ဆို နယူးရီးရားညတစ်ညထဲမှာ တကယ်ဖြစ်ခဲ့တဲ့ မုဒိန်းမှုအရေအတွက်ရဲ့ ၁၀% မျှသာ ရှိပါလိမ့်မယ်။စအူဒီမှာတော့ လွန်ခံတဲ့ ရှစ်နှစ်အတွင်းမှာ မုဒိန်းမှုပေါင်း ၃၄ ခုသာ ဖြစ်ခဲ့ပါတယ်။

၇။ ။မက္ကဟ်မှာရှိတဲ့ ဇမ်ဇမ်ရေတွင်းက ဇမ်ဇမ်ရေကို စအူဒီတစ်နိုင်ငံလုံးနဲ့ တစ်ကမ္ဘာလုံးက စအူဒီကို ဝတ်ပြုဖို့ လာရောက်ကြတဲ့ မွစ္စလင်မ်တွေက တနှစ်ပတ်လုံး အသုံးပြု ကြပါတယ်။နှစ်ပေါင်းလေးထောင်ကျော်သွားသည့်တိုင် ဇမ်ဇမ်ရေတွင်းဟာ အနည်းငယ်မျှ လျှော့နဲသွားခြင်း
မရှိသေးပါဘူး။

၈။ ။စအူဒီနိုင်ငံထဲမှာ အိန္ဒိယနိုင်ငံသား သိန်းပေါင်း ၃၀ သုံးဆယ် ပါကစ္စတန်နိုင်ငံသား ၁၈ သိန်း၊ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၆ သိန်း အီဂျစ်နိုင်ငံသား ၄ သိန်း ယမန်နိုင်ငံ သား ၁ သိန်းနဲ့အခြားကမ္ဘာအရပ်ရပ်မှ လူပေါင်း ၃ သန်း အလုပ်လုပ်လျှက်ရှိပါတယ်။စအူဒီနိုင်ငံကိုအကြောင်းခံကာ မိသားစုပေါင်း မည်မျှကို အလ္လာဟ်အသျှင်မြတ်က ရိုဇီ ရိက္ခာ ချီးမြင့်နေသည်ကိုကားတွက်ချက်ရန်ပင်ခက်လှမည်။

၉။ ။မက္ကဟ်တစ်မြို့ထဲမှာပဲ AC အဲယားကွန်း အလုံးပေါင်း သိန်း ၇၀ ခန့်အသုံးပြုနေပါတယ်။

၁၀။ ။စအူဒီမှာ စွန်ပလွန်သီးကလွဲလို့ အခြားအသီးနှံများ ဟာ လုံးဝမထွက်သည့်နယ် အထွက်နည်းလှပါတယ်။ ဒါပေမဲ့ စအူဒီမှာ ဟင်းသီးဟင်းရွက်စုံ အသီးအနှံစုံတို့ကို တနှစ်ပတ်လုံး နေ့ညမပြတ် ရရှိနိုင်ပါတယ်။အချိန်ခါမဟုတ် ပဲလည်း အသီးအနှံ ဟင်းသီးဟင်းရွက်မျိုးစုံကို ရရှိနိုင်ပါ တယ်။

၁၂။ ။မက္ကဟ်မြို့ထဲမှာ ကွာလတီမတူတဲ့ စွန်ပလွန်သီး အမျိုးပေါင်း နှစ်ရာခန့်ရှိပါတယ်။အစေ့လုံးဝမပါတဲ့ စွန်ပလွန်သီး တစ်မျိုးလည်းရှိပါသေးတယ်။

၁၃။ ။မက္ကဟ်မြို့ထဲမှာ အရည်အသွေးမမှီသောပစ္စများ အတုများကို ညာရောင်းခြင်း လုံးဝ လုံးဝ မရှိပါဘူး။

၁၄။ ။စအူဒီနိုင်ငံရဲ့အတွင်းပိုင်းမှာ မြစ် ချောင်း အင်း အိုင် လုံးဝမရှိပါဘူး။အဲ့ဒါတောင် တစ်နိုင်ငံလုံးက လူတွေဟာ ရေကို လောက်လောက်ငှငှ စိတ်တိုင်းကြ သုံးစွဲနေကြလျက် ပါပဲ။

၁၅။ ။မက္ကဟ်မြို့ထဲမှာ လျှပ်စစ်နဲ့ပတ်သက်တဲ့ ဝါယာကြိုး ဓာတ်ကြိုးစတဲ့ လျှပ်စစ်နဲ့ပတ်သက်တဲ့အရာအားလုံးဟာ မြေကြီးထဲမှာမြုပ်ထားပြီး မြေပေါ်မှာ ဓာတ်တိုင်တစ်တိုင်မှ မရှိပါဘူး။

၁၆။ ။မက္ကဟ်တစ်မြို့လုံးထဲမှာ ရေမြောင်း တစ်ခုမှ မရှိပါဘူး။

၁၇။ ။မက္ကဟ်မြို့တစ်မြို့လုံးဟာ တောင်တွေကြား တည်ထားတာတောင်မှ လမ်းတွေကို အနည်းဆုံးလေးလမ်း သွားကနေ ၁၂ လမ်းသွားအထိ ဖောက်လုပ်ထားပါတယ်။ တောင်တွေကို ထွင်းပြီး ဖောက်ထားတဲ့ လှိုင်းခေါင်း လမ်းတွေ ဟာလည်း ခြောက်လမ်းသွား ၈ လမ်းသွားတွေသာ ဖြစ်ကြပါတယ်။

၁၇။ ကမ္ဘာ့ အရည်အသွေး အကောင်းဆုံး ပိတ်စတွေ စအူဒီမှာရနိုင်ပါတယ်။

၁၈။ ။စအူဒီမှာ ကျောင်းသားတိုင်းကို နိုင်ငံတော်ဖက်မှ ရိယာလ် ၆၀၀ ကနေ ၈၀၀ရာ ထိ လစဉ်ပေးပါတယ်။

၁၉။ ဆော်ဒီမှာ နိုင်ငံနဲ့ မြို့ပြ တိုးတက်ရေးအတွက်အစိုးရဖက်ကချပေး
တဲ့ဘတ်ဂျက်အားလုံးကို တပြားတကျပ်မှလျှော့နဲမှုမရှိပဲ နိုင်ငံနဲ့မြို့ပြတိုး
တက်ဖို့အတွက်အသုံးပြုကြပါတယ်...

၂၀။ ဆော်ဒီရဲ့ တရားဥပဒေဟာ ကမ္ဘာမှာ အမျှတဆုံးဥပဒေဖြစ်ပါတယ်.

Copy

သမီးတွေနွေရာသီ အလကားမနေကြရ စက်ကမလုံလောက်သေးYGW ပရဟိတမိဘမဲ့ကျောင်းမန္တလေး0940269599909778334734
22/04/2018

သမီးတွေနွေရာသီ အလကားမနေကြရ

စက်ကမလုံလောက်သေး

YGW ပရဟိတမိဘမဲ့ကျောင်း
မန္တလေး

09402695999
09778334734

Address

Block ( 1 )
Lashio

Website

Alerts

Be the first to know and let us send you an email when LSO ပန်းသေးလူငယ်များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share