26/11/2020
'ဘဏ်ပိတ်ရက်များ အသိပေးကြေညာခြင်း'
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိသည် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ အများပြည်သူရုံးပိတ်ရက် (တန်ဆောင်တိုင်ရုံးပိတ်ရက်) အဖြစ်သတ်မှတ်ထားပါသဖြင့် အဆိုပါနေ့ရက်များတွင် CB Bank ၏ ရုံးချုပ်နှင့် ဘဏ်ခွဲများအားလုံး ပိတ်ထားမည်ဖြစ်ပါကြောင်း မိဘပြည်သူအပေါင်းအား လေးစားစွာဖြင့် ကြိုတင်အသိပေးကြေညာအပ်ပါသည်။
အဆိုပါ ဘဏ်ပိတ်ရက်များတွင် ငွေလွှဲ၊ ငွေထုတ်၊ ငွေလက်ကျန်စစ်ဆေးခြင်း၊ ဘီလ်ပေးဆောင်ခြင်းများ အပါအဝင် အခြားသောဘဏ်ဝန်ဆောင်မှုများကို CB Bank iBanking, CB Pay, ATM, CRM စက်များနှင့် CB Agent များကို အသုံးပြု၍ ပုံမှန်အတိုင်း ဆောင်ရွက်နိုင်ပါကြောင်းနှင့် ဘဏ်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုပါက CB Bank Official page တွင် (24/7) ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
Contact Centre: (+951) 2317770 (24/7)