roetaunghline

roetaunghline ဘတ် ၁၀၀၀ ပို့သော် ၀န်ဆောင်ခ ၁၀ ဘတ်သာ
?

လယ်သမားအဖိုးကြီးတစ်ယောက် ဘဏ်မှာငွေချေးဖို့ ရောက်လာပါတယ်။ ဘဏ်အရာရှိက သူ့ကို မေးလိုက်တယ်။ "ဦးလေးက ပိုက်ဆံ ဘယ်လောက် ချေးချင...
02/10/2025

လယ်သမားအဖိုးကြီးတစ်ယောက် ဘဏ်မှာ
ငွေချေးဖို့ ရောက်လာပါတယ်။ ဘဏ်အရာရှိက
သူ့ကို မေးလိုက်တယ်။

"ဦးလေးက ပိုက်ဆံ ဘယ်လောက် ချေးချင်လို့လဲ"

"တစ်သိန်းပါ"

ဘဏ်အရာရှိဟာ ငွေချေးတဲ့ ပုံစံကို သူ့ကို
ထုတ်ပေးရင်း ခုလို မေးလိုက်ပြန်ပါတယ်။
"အဲဒီငွေက ဘာအတွက် သုံးမှာလဲ"

"မြို့က ပစ္စည်းတွေ ဝယ်ပြီး ရွာမှာ
အမြတ်နဲ့ ပြန်ရောင်းဖို့ပါ"

"ဦးလေးမှာ ဘာအပေါင်ပစ္စည်း ရွိလဲ"

"အပေါင်ပစ္စည်းဆိုတာ ဘာကို ပြောတာလဲ"

"အခု ချေးသွားတဲ့ ငွေတစ်သိန်းနဲ့ ညီမျှတဲ့
ပစ္စည်းတစ်ခုခုပေါ့။ ဦးလေးက ချေးထားတဲ့
ငွေကို ပြန်မဆပ်နိုင်ရင် အဲဒီပစ္စည်းကို
ဘဏ္က သိမ်းယူခွင့်ရှိပါတယ်"

"အော်၊ ဒီလိုလား။ ငါ့မှာ လက်ထွန်စက်
တစ်စီးတော့ ရှိတယ် အဟောင်းပေမယ့်
ငွေတစ်သိန်းမကတော့ တန်ပါတယ်"

"ဟုတ်ကဲ့။ အဲဒါဆို ရပါတယ်။ ဒီစာရွက်ပေါ်မှာ လက်မှတ်ထိုးပေးလိုက်ပါ။ ကျွန်တော်ငွေတစ်သိန်း ထုတ်ပေးလိုက်ပါမယ်။ အချိန်တန်လို့ ငွေပြန်
မဆပ်နိုင်ရင် အပေါင်ပစ္စည်းကို သိမ်းမှာနော်"

၂ လကြာတော့ လယ်သမားကြီးဟာ ဘဏ်ကို
ပြန်ရောက်လာတယ်။ စောစောက ဘဏ်အရာရှိနဲ့
ပြန်တွေ့တယ်။ သူဟာ အိတ်ကြီးထဲက ပိုက်ဆံတွေ
တစ်ထပ်ကြီးကို ဆွဲထုတ်လိုက်ပြီး အဲဒီထဲက ပိုက်ဆံအချို့ကို ရေတွက်ပြီး ဘဏ်အရာရှိကို ပေးရင်း ခုလို ပြောလိုက်တယ်။

"အရင်က ချေးထားတဲ့ ငွေတစ်သိန်းနဲ့
အတိုးအတွက်ပါ"

"ဦးလေးဆီမှာ ငွေတွေအများကြီးပါလား။
သူများ လု မှာ ဓါးပြတိုက်မှာ စိုးရိမ်ရတယ်လေ။
ကျွန်တော်တို့ ဘဏ်မှာ အပ်ထားလိုက်ပါလား"

"အဲဒီလို အပ်ထားတော့ ငါ့အတွက်
ဘာအကျိုးရှိမှာမို့လဲ"

"ဘဏ်က ဦးလေးရဲ့ ပိုက်ဆံတွေကို ထိန်းသိမ်း
ထားပေးမယ်လေ။ သူခိုးဓါးပြရန်လည်း ကင်းတယ်။
ဦးလေးက ပုံမှန်အတိုးလည်း ရနေမယ် ဦးလေးလိုချင်
တဲ့ငွေကို အချိန်မရွေး ပြန်ထုတ်ခွင့်လည်း ရှိပါတယ်"

"မင်းပြောသလိုဆိုရင် မဆိုးဘူးကွ ဒါနဲ့ မင်းတို့
ဘဏ်မှာ ဘာအပေါင်ပစ္စည်းရှိသလဲ။"

Right ... ! 😏😏😏😏

ကျွန်တော်တို့ ဘဏ်တွေမှာ ငွေသိန်းပေါင်း
များစွာ အပ်ထားကြတယ်။ ဘယ်သူမှ
လယ်သမားကြီးမေးတဲ့ မေးခွန်းမျိုးကို ဘဏ်ကို
မေးဖူးကြသလဲ။ စဉ်းစားစရာပါ။

မေးရမှာ

😊😊😊😊😊😊😊😊

Crd # # ဗန်းမော်သိန်းဖေ

လမ်းထွင်သူ(လယ်တွင်းသားစောချစ်)       သူငယ်အိပ်ဆိတ်ကြက်တွန်ပြီးသည်မှာကြာပေပြီ။ ရွာထဲတွင် ကလေးသံများ တိတ်နေပြီ။ ဟိုအိမ် ဒီ...
21/04/2025

လမ်းထွင်သူ

(လယ်တွင်းသားစောချစ်)

သူငယ်အိပ်ဆိတ်ကြက်တွန်ပြီးသည်မှာကြာပေပြီ။ ရွာထဲတွင် ကလေးသံများ တိတ်နေပြီ။ ဟိုအိမ် ဒီအိမ် ရေနွေးကြမ်းဝိုင်းမှ လူကြီးများ၏ စကားသံသဲ့သဲ့သာလျှင် တချက် တချက် ထွက်ပေါ်လာသည်။ ပို၍ ညဉ့်နက်လာသောအခါ လူကြီးသံများကိုပင်မကြားရတော့ပါ။
" အောက် အီး အီး အွတ်.... "
သက်ကြီး ခေါင်းချကြက်တွန်ပေပြီ။ အမေနှင့်အမများ အိပ်နေကြပြီ။ တင်ဝင်း တယောက် အိပ်၍ မပျော်သေး။ ရွာတောင်ဘက်ရှိနွားခြံမှ ကိုပိုင်၏ ပုလွေသံ သာယာသည် လေအသင့်တွင် လွင့်ပါလာ၏။
ယနေ့ည တင်ဝင်း အိပ်၍ မပျော်သည်မှာ ဝမ်းသာ၍ ဂုဏ်ယူ ကြည်နူး၍ ဖြစ်သည်။ ထိုညသည် တင်ဝင်း၏ ဘဝအတွက်အဆုံးအဖြတ် ညပင်ဖြစ်သည်။
* * * * *
စတုတ္ထတန်း အတန်းတင်စာမေးပွဲကို တင်ဝင်း အောင်မြင်ကြောင်း ၊ တမြို့နယ်လုံးမှာ ပထမရကြောင်း ၊ ဆရာမကြီးက အိမ်လာပြောသည်။
တင်ဝင်း ဝမ်းသာလွန်း၍ ထမင်းချက်နေသော အမေ့ကို သွားပြောသည်။ အမေက စိတ်ဝင်စားခြင်းမရှိ။
" အောင်ရင်ပြီးတာပဲ " ဟု လွယ်လွယ်ပြောလိုက်သည်။ တမြို့နယ်လုံးမှာ ပထမရကြောင်းကိုမပြောမိတော့ပါ။ ပြောလျှင်လည်း အမေစိတ်ဝင်စားမည်မထင်ပါ။
တဲထဲတွင် ယက်ကန်းခတ်နေသော အစ်မနှစ်ယောက်ထံ ပြေး၍ ပြောပြန်သည်။ အစ်မများကလည်း စိတ်ဝင်စားခြင်းမရှိ။ အစ်ကိုကြီးကိုပြောပြန်သည်။
"မြို့နယ်ပထမရပေမဲ့ ကျောင်းဆက်မတက်နိုင်တော့ အလကားပါပဲကွာ ... " အစ်ကိုကြီးက ညည်းညည်းညူညူပြောလိုက်သည်။
"ကျွန်တော် ကျောင်းဆက်မတက်ရဘူးလားအကိုကြီး" တက်ချင်လွန်းသော ဆန္ဒကြောင့်သာ အမှတ်တမဲ့ မေးလိုက်မိခြင်းဖြစ်သည်။ အမှန်စစ်စစ် ကျောင်းတက်နိုင်သော အခြေအနေမရှိသည်ကို တင်ဝင်းသိပြီးသားဖြစ်သည်။
" ဘယ်လိုဆက်တက်မလဲကွာ... ငါတို့မှာ စက်ဘီးတစီးဝယ်ဖို့မပြောနဲ့ ၊ ထမင်းတောင်မနည်းစားနေရတာဘဲ...."
အစ်ကိုကြီးဖြစ်သူ ကိုသက်ထွန်းက ညီငယ်ကို ကြည့်၍ စိတ်မကောင်းစွာပြောလိုက်သည်။
တင်ဝင်းကျောင်းဆက်တက်ချင်သည်။ ပညာဆက်သင်ချင်သည်။ သို့ရာတွင် တင်ဝင်းကျောင်းနေရန်မလွယ်။
ညတွင် တင်ဝင်းအိပ်၍မပျော်။ သက်ကြီးခေါင်းချကြက်တွန်ပြီး တအိမ်လုံးအိပ်မောကျကုန်ပြီ။ တင်ဝင်းမအိပ်နိုင်။ ဘယ်ပြောင်းညာလှိမ့်ဖြင့် ကျောင်းနေခွင့်ရအောင် အမျိုးမျိုး အကြံဉာဏ်ထုတ်နေမိသည်။
လေးတန်းအောင်ပြီးလျှင် စဉ့်ကိုင်မြို့ အစိုးရအထက်တန်းကျောင်းသို့သွားတက်ရမည်။ စဉ့်ကိုင်မြို့နှင့် ဝန်းသိုရွာ ခြောက်မိုင်ခန့်ဝေးသည်။
ဤခရီးကို နေ့စဉ်သွားရန်ဆိုလျှင် စက်ဘီးရှိမှ ဖြစ်လိမ့်မည်။ ရွာမှလက်ရှိကျောင်းတက်နေကြသော ကျောင်းသား ၁၂ ယောက် ရှိသည်။ အားလုံးစက်ဘီးကိုယ်စီရှိကြသည်။
ထိုကြောင့် စဉ့်ကိုင်ကျောင်းသို့ဆက်တက်နိုင်ရန်အတွက် စက်ဘီးတစီးလိုသည်။ တင်ဝင်း အရင်လေးတန်းအောင်ခဲ့သူတွေရှိသည်။ အတန်းထဲတွင် စာတော်ခဲ့ကြသည်။ ထူးချွန်စွာအောင်ခဲ့ကြသည်။ သို့သော်စက်ဘီးမဝယ်နိုင်၍ ကျောင်းဆက်မတက်နိုင်ခဲ့ကြ။ယခု လယ်ကူလီ ၊ နေ့စား အလုပ်သမားများ ဖြစ်နေကြပြီ။
စက်ဘီးဝယ်နိုင်မည့်နည်းလမ်းရှိသမျှ တင်ဝင်းရှာကြည့်သည်။ လုံးဝမတွေ့။ စက်ဘီး မဝယ်နိုင်၍ ပညာမသင်ရသည့်အဖြစ်ကို တင်ဝင်းမခံချင်။
စဉ့်ကိုင်ကို နေ့တိုင်းခြေကျင်သွားနိုင်မည်လား... တင်ဝင်းစဉ်းစားကြည့်သည်။မိုးတွင်းတုန်းက အစ်ကိုကြီးနှင့်အတူတူ စဉ့်ကိုင်သို့ဖြတ်လမ်းမှ နှစ်ခေါက်သွားဖူးသည်။ လမ်းရိုးမှ ဝန်းသိုမှ ဖလံဗိုလ်ရွာ၊ဖလံဗိုလ်ရွာမှ ကုန်းနီရွာ ၊ကုန်းနီရွာမှ စဉ့်ကိုင်သို့ ကွေ့ကောက်သွားရသည်။ ထိုကြောင့်ခြောက်မိုင်ခန့်ဝေး၏။
ဖြတ်လမ်းမှာ ဝန်းသိုရွာ၊ဖေါင်ဆင်း ရေလည်ကျောင်းနှင့်စဉ့်ကိုင်မြို့ကို တည့်တည့်ဖြတ်ထားသည်။ သို့ရာတွင် ခြေကျင်သာ သွား၍ ရသော လမ်းဖြစ်၏။ လူသွားလူလာသိပ်မရှိ။တောသမား အချို့သာ အသွားအလာရှိသည်။ ထိုလမ်းမှ သွားလျှင် တနာရီမျှနှင့်စဉ့်ကိုင်ရောက်နိုင်သည်။
ကျောင်းက မနက် ၈ နာရီတက်သည်။ တင်ဝင်း ရွာမှ ၆ နာရီခွဲ ထွက်ရမည်။ ဒါဟာ တနှစ်ထဲအလုပ်မဟုတ်.... ။ ငါ ဇွဲကောင်းကောင်းနှင့် တက်နိုင်ပါ့မလား။
တင်ဝင်း ထပ်၍ စဉ်းစားသည်။ ငါကျောင်း သိပ်နေချင်တယ်ဆိုရင်တော့ ဒီခရီးကိုခြေကျင်သွားဖို့နည်းပဲရှိတယ်... ဟုတ်ပြီ ။ဘာလို့မသွားနိုင်ရမှာလဲ... ငါကျောင်းသွားတက်မယ်...
တင်ဝင်းအခိုင်အမာဆုံးဖြတ်ချက်ချလိုက်သည်။ လင်းကြက်တွန်သံများကြားရပြီ။မကြာမီ အာရုဏ်ဦး၏ ရောင်ခြည်များပေါ်ထွက်လာတော့မည်။
* * * * *
နောက်တစ်နေ့တွင် တင်ဝင်းက သူ၏ဆုံးဖြတ်ချက်ကို အမေနှင့်အစ်မများအား ပြောပြသည်။ အမေနှင့်အစ်မများက ကန့်ကွက်ခြင်းလည်းမရှိ။ထောက်ခံခြင်းလည်းမပြု။
" ဘာဖြစ်လို့များ ဒီလောက်ကျောင်းနေချင်ရတာပါလိမ့်" ဟူ၍ အံ့ဩသောမျက်လုံးများနှင့်သာ တင်ဝင်းကိုကြည့်နေကြသည်။ ညနေတွင်တင်ဝင်းက အစ်ကိုကြီးကို ပြောပြပြန်သည်။ အစ်ကိုကြီးက စိတ်မကောင်းဖြစ်သည်။
" ငါ့ညီ ဒီလောက်တောင် ဆန္ဒပြင်းပြရင်တော့ တက်ပါ။ စာအုပ်ဖိုးလိုတာကိုတော့ အစ်ကိုကြီး ပြည့်စုံအောင်ရှာပေးပါ့မယ်။ စက်ဘီးကိုလည်း ဒီနှစ်မဟုတ်တောင် ရှေ့နှစ်လောက်မှာ ဝယ်ပေးနိုင်အောင် ကြိုးစားပေးပါ့မယ်... " ဟုဆိုသည်။
တင်ဝင်းကတော့ ကျောင်းနေခွင့်ပြုသည်ကိုပင်ဝမ်းသာလှပြီ။ တင်ဝင်း၏ဆုံးဖြတ်ချက်ကို ချီးကျူးဂုဏ်ပြု၍ ဆရာမကြီးမှ ဗလာစာအုပ် (၆) အုပ်နှင့် ဘောပင် (၄) ချောင်းပေးသည်။
အစ်မများက မနက်စောစောထ၍ ထမင်းချက်မပေးနိုင်။ ညတွင်ညဉ့်နက်အောင်ယက်ကန်းခတ်ရ၍ဖြစ်သည်။ အမေကလည်း မကျန်းမာ၍ ဘာမှမလုပ်နိုင်။ တင်ဝင်း မနက် (၅) နာရီထ၍ ထမင်းချက်ရသည်။ ပဲပြုတ်ရသည်။ ထမင်းအိုးတည်ထားစဉ် ပဲပြုတ်နေစဉ်စာကြည့်သည်။ ထမင်းကျက်သောအခါ ပဲပြုတ်နှင့်ဆီဆမ်းပြီး ချိုင့်ထဲထည့်သည်။ ၆ နာရီခွဲသည်နှင့် အိမ်မှထွက်သည်။
ကြာသောအခါ တင်ဝင်း၏ဖြတ်လမ်းကလေးမှာ တင်ဝင်း၏ ခြေရာတို့ကြောင့် ထင်ရှားသော လမ်းကလေးဖြစ်လာသည်။ သွားနေကျလမ်း၊ နားနေကျစခန်းလေးများနှင့် မြင်နေကျရူခင်းကလေးများမှာ ချစ်ခင်စရာဖြစ်လာသည်။ တင်ဝင်းသည် သူ့လမ်းကလေးကိုသူ သဘောကျနေသည်။ သွားရသည်ကိုလည်း ညောင်းသည်ဟုမထင်။ တနာရီနှင့်စဉ့်ကိုင်ရောက်သည်။ ညနေတွင် (၃) နာရီကျောင်းဆင်းသည်။ (၄) နာရီခန့်တွင် တင်ဝင်းရွာသို့ပြန်ရောက်သည်။ စက်ဘီးသမားများနှင့်ရှေ့ဆင့်နောက်ဆင့်မျှသာကွာသည်။ မိုးတွင်းအခါတွင်ဓါတ်မြေဩဇာထည့်သော ပလတ်စတစ်အိတ်ခွံကို ပက္ကလာသဖွယ် ခေါင်းတွင်ဆောင်း၍ တင်ဝင်းကျောင်းသွားသည်။ စက်ဘီးသမားများထက်ပင် ရွာသို့အရင်ရောက်အောင်ပြန်လေ့ရှိ၏။
" သိပ်ဇွဲရှိတဲ့ကောင်၊သိပ်ကြိုးစားတဲ့ကောင် အဆုယူထိုက်တယ်ဟေ့.... အချို့ကချီးကျူးကြသည်။
" ခဏပါကွာ..... တနှစ် ၊နှစ်နှစ်ဆိုလျှင် ဆက်တက်မှာမဟုတ်တော့ဘူး....။ အခုတော့ စိတ်ဓါတ်တက်နေတုန်းမို့ပါ..... ။ အချို့က အချီးမွမ်းမစောသင့်ကြောင်း ပြောဆိုသူကလည်းပြောသည်။
တင်ဝင်းကတော့မည်သူပြောသည်ကိုမှဂရုမစိုက်။ သူလုပ်ရမည့်အလုပ်ကိုသာ အကောင်းဆုံးဆက်လုပ်နေခဲ့သည်။ တင်ဝင်းစာကြိုးစားသည်။ အတန်းထဲမှာ ဆရာ၊ဆရာမများ စာသင်ချိန်တွင် အသေအချာ နားထောင်မှတ်သားသည်။ နေ့စဉ်သင်သောစာ နေ့စဉ်ရအောင် ကျက်မှတ်သည်။ ထိုကြောင့်တင်ဝင်းစာတော်သည်။ အတန်းထဲမှာ ပထမရသည်။
ရှစ်တန်းအောင်သည့်နှစ်တွင် တင်ဝင်းထွင်သောလမ်းကိုလျှောက်နေသူမှာ တင်ဝင်းတယောက်တည်းမဟုတ်တော့ပါပေ။ နောက်ထပ်ခြောက်ယောက်တိုးလာခဲ့ပြီ။ မိန်းကလေးနှစ်ယောက်ပင်ပါဝင်သည်။ စက်ဘီးမဝယ်နိုင်သည်နှင့် ပညာသင်ခွင့်မရသော အဖြစ်ကိုတင်ဝင်းကစတင်တော်လှန်လိုက်ခြင်းဖြစ်သည်။
ယခုဆိုလျှင် တင်ဝင်းထွင်သောလမ်းကို နောက်လူငယ်များပါရဲရဲလျှောက်နေကြပြီဖြစ်၏။ တင်ဝင်းတို့အဖွဲ့မှာ နေ့စဉ်လမ်းလျှောက်လေ့ကျင့်ခန်းရ၍ ကျန်းမာရေးပင် ပိုကောင်းလာကြသည်။
တင်ဝင်းတို့ဆယ်တန်းရောက်သောအခါ တင်ဝင်တို့အဖွဲ့တွင်အားလုံး ၁၂ ယောက်ဖြစ်လာခဲ့သည်။ ခက်ခက်ခဲခဲ ကျောင်းတက်ရသည်မို့ တင်ဝင်းတို့အဖွဲ့သည် ပညာကိုပို၍ကြိုးစားကြသည်။ စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်တွင် မြေပဲနှုတ်၊လယ်ရိတ်၊ပေါင်းပေါက် စသည့် နေ့စားလုပ်ငန်းများကို လုပ်ကြသည်။ နှစ်ရက်လုပ်ခသည် တပတ်စာ မုန့်ဖိုးငွေဖူလုံစေ၏။
ယခုဆိုလျှင် တင်ဝင်းခေါင်းဆောင်သော အဖွဲ့ကိုတရွာလုံးမှချီးကျူးနေကြပြီ။ တင်ဝင်းတို့ကလည်း သူတို့၏ ဘဝကို ဂုဏ်ယူသည်။ သဘောကျသည်။ ပညာကိုအစွမ်းကုန်ကြိုးစားရန် တယောက်နှင့်တယောက်တိုက်တွန်းကြသည်။ အကြံပေးကြသည်။ သွားရင်း နားရင်း မရှင်းသောစာများကို မေးကြ၊ဖြေကြ၊ဆွေးနွေးကြသည်။
ဆယ်တန်း စာမေးပွဲအောင်စာရင်းထွက်သောအခါ တင်ဝင်းနှစ်ချင်းပေါက်အောင်ခဲ့သည်။ ဂုဏ်ထူး သုံးခုပါသေးသည်။
တင်ဝင်းကိုတရွာလုံးက ချီးကျူးကြ၊ ဂုဏ်ပြုကြသည် တင်ဝင်း၏ အစ်ကိုကြီး ကိုသက်ထွန်းကလည်း ဝမ်းသာဂုဏ်ယူ၍ မဆုံးအောင်ဖြစ်နေသည်။ တင်ဝင်းပညာသင်လိုသည်ကို စိတ်ပျက်စရာအောက်မေ့ခဲ့သော အမေနှင့်အစ်မများပင် ရောယောင်၍ ဝမ်းသာနေကြသည်။
ကျေးရွာလူကြီးများကလည်း တင်ဝင်းကိုချီးကျူးဂုဏ်ပြုကြသည်။ လစ်လပ်နေသော ကျေးရွာစာရေးနေရာတွင် တင်ဝင်းကိုခန့်ထားမည်ဖြစ်ကြောင်း ကတိပေးကြသည်။ တင်ဝင်းဝမ်းသာအားရဖြစ်မိသည်။ ဆယ်တန်းအောင်၍ ပျော်ရွင်နေချိန်မှာ အလုပ်ရမည်ဆိုသောအခါ အတိုင်းထက်အလွန်ဖြစ်ရပြန်သည်။ညဉ့်နက်မှ တင်ဝင်းအိမ်ပြန်ရောက်ခဲ့၏။
အိပ်ရာဝင်၍ အိပ်သော်လည်း တင်ဝင်းအိပ် ၍မပျော်ပါ။ လုလင်ပြန်ကြက်တွန်ခဲ့ပြီ။ မကြာမီသန်းခေါင်ကြက်တွန်တော့မည်။
တင်ဝင်းသည် လွန်ခဲ့သော ခြောက်နှစ်က ယခုလိုညကို သတိရမိသည်။ ထိုညက အဆုံးအဖြတ် မှန်ကန်၍ ဇွဲလုံ့လရှိသောကြောင့် ယခုအောင်မြင်မှုကိုရရှိခြင်းဖြစ်သည်။ ရေ့ဆက်ရမည့် ခရီးလမ်းမှာ တင်ဝင်းအတွက် အခက်အခဲမရှိတော့ပါ။ ကျေးရွာကောင်စီရုံးစာရေးလုပ်ရင်း အမေနှင့် အစ်ကို၊အစ်မများကို လုပ်ကျွေးမည်။ တက္ကသိုလ်စာပေးစာယူသင်တန်းကို ဆက်တက်၍ ဘွဲ့တခုခုရအောင်ယူရမည်။ ပညာကိုဆုံးခန်းတိုင်အောင်သင်ကြားမည်။
ကိုယ်ထွင်သောလမ်းကြောင်းသည် နောက်လူတို့အတွက်ပါ လမ်းကောင်းဖြစ်နေသည်ကိုလည်း တင်ဝင်း ဝမ်းသာဂုဏ်ယူရပါ၏။
* * * * *
#လယ်တွင်းသားစောချစ်

Orange Acc မှ

ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်ဓါးထစ်လည်းခံ၊ နေလျှံလည်းတိုက်လေပြင်းခိုက်လျက်၊ မငိုက်ဦးခေါင်းနွေ...
18/02/2025

ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
ဓါးထစ်လည်းခံ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျက်၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်
အသင် ယောင်္ကျားကောင်း တကား

ဆရာမင်းသုဝဏ်။ ပျဉ်းမငုတ်တို ကဗျာမှ

Watercolor
Chit Hnin Eain
22”15”

အညတရ သူငယ်ချင်း------------------------လယ်သမားတစ်ယောက်တွင် မြင်းတစ်ကောင်နှင့် ဆိတ်တစ်ကောင်ရှိသည်။ တစ်နေ့တွင် မြင်းသည် နေ...
08/11/2024

အညတရ သူငယ်ချင်း
------------------------
လယ်သမားတစ်ယောက်တွင် မြင်းတစ်ကောင်နှင့် ဆိတ်တစ်ကောင်ရှိသည်။

တစ်နေ့တွင် မြင်းသည် နေမကောင်းဖြစ်နေသောကြောင့် လယ်သမားသည် တိရစ္ဆာန်ကု ဆရာဝန်ကိုခေါ်ပြီး မြင်းကို ပြသသည်။ တိရစ္ဆာန် ဆရာဝန်က မြင်းကို စမ်းသပ်ကြည့်ပြီးနောက်

“ခင်ဗျား မြင်းမှာ ဗိုင်းရပ်စ်တစ်မျိုး ဝင်နေတယ်” ဟုဆိုလိုက်သည်။

တိရစ္ဆာန်ဆရာဝန်က မြင်းကိုတိုက်ရန်အတွက် ဆေးသုံးခွက်စာပေးပြီးနောက်

“ကျွန်တော် နောက်နှစ်ရက်ကြာရင် တစ်ခါပြန်လာကြည့်ပါ့မယ်” ဟု ပြောလိုက်သည်။

မြင်းပိုင်ရှင်က မေးသည်

“ဆရာ ပြန်မကောင်းရင် ဘယ်လိုလုပ်မလဲ”

“သုံးရက်နေလို့မှ မသက်သာရင်တော့ ခင်ဗျားမြင်းကို သူခံစားနေရတဲ့ဝေဒနာ သက်သာရာ သက်သာ စေကြောင်း သတ်ပစ် လိုက်ရမှာပဲ” ဟုဆိုလိုက်သည်။

လယ်သမားနှင့် တိရစ္ဆာန်ဆရာဝန်တို့ ပြောနေသည်ကို ဘေးနားတွင်ရှိနေသည့် ဆိတ်ကကြားလိုက်သည်။

လယ်သမားက မြင်းကို ဆေးတိုက်ပြီး သူ့အလုပ်ကို သူသွားလုပ်သည်။ ဆိတ်က မြင်းနားကို ချဉ်းကပ်ပြီး

“သူငယ်ချင်း တောင့်ထားကွ။ မင်း ဒီလိုကြီး လှဲမနေနဲ့လေ။ ထူထူထောင်ထောင်ဖြစ်အောင် ကြိုးစားစမ်း။ မင်းဒီလိုကြီး လှဲနေရင် သူတို့က မင်းကို သတ်ပစ်လိုက်လိမ့်မယ်”

ဆိတ်က သူ့သူငယ်ချင်းမြင်းကို ဦးခေါင်းဖြင့်ထိုးကာ အကြိမ်ကြိမ် သတိပေးပြီးပြန်ထခိုင်းသည်။ သို့သော်မြင်းက မထနိုင်ရှာပေ။

ဒုတိယနေ့တွင် လယ်သမားက မြင်းကို ဆေးတစ်ကြိမ်တိုက်ပြန်သည်။ လယ်သမားမရှိချိန်တွင် ဆိတ်ကရောက် လာပြီး

“သူငယ်ချင်း ထစမ်းပါကွယ် ... မင်းကိုကြည့်ရတာ အားမရလိုက်တာ။ မင်း ဒီလိုချည်းပဲ လှဲနေမယ်ဆိုရင် သေလိမ့်မယ်။ မင်း နေကောင်းပြီဆိုတာ သိအောင် ထပြီးတော့ ပြေးပြလိုက်စမ်းပါ”

သို့သော် မြင်းက မထနိုင်။

နောက်တစ်နေ့တွင် လယ်သမားက သူ့မြင်းကို နောက်ဆုံး ဆေးတစ်ခွက်တိုက်ပြီးနောက် စိတ်မချမ်းသာစွာဖြင့် ကြည့်နေသည်။ ထိုနေ့တွင် တိရစ္ဆာန်ဆရာဝန်က လာကြည့်သည်

“ဒီနေ့နောက်ဆုံး စောင့်ကြည့်ရမှာပဲ ... မနက်ဖြန်မှ မသက်သာဘူး ဆိုရင်တော့ ရွာထဲက အခြားမြင်းတွေကို မကူးစက်နိုင်အောင် သူ့ကို သတ်ပစ်လိုက်ရတော့မှာပဲ” ဟုဆိုလိုက်သည်။

ထိုစကားကို ဆိတ်ကကြားသည့် အခါတွင် မြင်းထံကို ပြေးသွားပြီး

“ဟေ့ကောင် ထစမ်း ... ထလေကွာ။ အရင်ကလိုပဲ ပြေးလိုက်စမ်း ... ဟီလိုက်စမ်း။ မင်းဘဝဟာ ဒီနေ့ နောက်ဆုံးနေ့ပဲကွ။ မင်း အရင်ကလို မပြေးနိုင်၊ မထနိုင်ဘူးဆိုရင်တော့ မနက်ဖြန် မင်းသေပြီလို့သာ မှတ်လိုက်။ ပြေးလိုက်စမ်းပါ သူငယ်ချင်းရယ် ... ဟုတ်ပြီ ထလိုက်စမ်း ... တစ် ... နှစ် ... သုံး”

မြင်းက ထရပ်သည်။ ထို့နောက် တဖြည်းဖြည်း တစ်လှမ်းချင်း လှမ်းလိုက်သည်။ မြင်းဇောင်းအပြင်ကို ထွက်လိုက်သည်။ လယ်ကွင်းတွေထဲကို ပြေးကြည့်သည်။

“ဟေး ... ဒါမှ ငါ့သူငယ်ချင်းကွ ... မင်း မသေတော့ဘူး ... မင်းမသေတော့ဘူး” ဟု ဆိတ်က ဝမ်းသာအားရ ပြောကာ ခုန်ပေါက်ပြီး ပျော်နေသည်။

မြင်းက လယ်ကွင်းထဲတွင် ပြေးနေသည်ကို လယ်သမားရော တိရစ္ဆာန် ဆရာဝန်ပါ မြင်သွားသည်။

“ဟာ ... ဆရာ ကျွန်တော့်မြင်း ကောင်းသွားပြီဗျ ... ပြေးတောင် ပြေးနေပြီ”

“အေးဗျာ ... အံ့ရောပဲ”

“ဝမ်းသာလိုက်တာဆရာ ... ဒီည ကျွန်တော့် မြင်း ပြန်ကောင်းတဲ့ အထိမ်းအမှတ်အနေနဲ့ ရွာသားတွေနဲ့ ပျော်ပွဲလေး တစ်ပွဲလောက် လုပ်မယ်ဗျာ။ ဆရာက မြင်းကို ပျောက်အောင် ကုပေးထားတာဆိုတော့ ဆရာ ဆက်ဆက် ကြွလာခဲ့ရမယ်”

“ကောင်းပါလေ့ဗျာ ... လာရမှာပေါ့ ... သောက်စရာလေးများ ထည့်လိုက်ရင် ပိုတောင် မြိုင်သွားဦးမယ် ထင်တယ်ဗျ”

“အလိုဗျာ ... ဘယ်လစ်ဟင်းပါ့မလဲ။ ပါရမှာပေါ့”

ထိုညတွင် လယ်သမားကြီး၏ လယ်တဲ၌ သောက်ကြ စားကြ ပျော်ကြ ပါးကြသည်။

ထိုညအတွက် အထူး ဟင်းလျာကား ဆိတ်ကောင်လုံးကင် ဖြစ်လေသည်။

ဘဝဆိုသည်မှာ ထိုနည်းအတိုင်းပင်

ထူထူထောင်ထောင် ဖြစ်စေရန် အားပေးသူကို မည်သူမျှမသိ

သူငယ်ချင်းကောင်းတွေ အထောက်အပံ့ကောင်းတွေကို မည်သူမျှမသိ

ကိုယ်သည် သူ့အတွက် စတေးပေးရမည့်သူ ဖြစ်မှန်းမသိသော်လည်း၊ သူ ကောင်းစားရေးအတွက် စွန့်လွှတ် အနစ်နာခံပေးနေရသူတွေ လောကတွင် များစွာရှိနေသည်။

(အိန္ဒိယပုံပြင်လေးတစ်ပုဒ်ဖြစ်သည့် Unknown Friend ကို မြန်မာမှု ပြုထားခြင်းဖြစ်ပါသည်။)

တင်ညွန့်

၈.၁၁.၂၀၂၂

09/09/2024

ပိုက်ဆံရှိတိုင်းချမ်းသာသလား
----------------------------
မကြာသေးမီက Facebook ပေါ်တွင် အင်တာဗျူးတစ်ခုကို ကြည့်လိုက်ရပါသည်။ ပဲခူးမှ ရုပ်ရှင်မင်းသား သန်းအောင်နှင့် အင်တာဗျူးဖြစ်သည်။ ယခုအခါ ဦးသန်းအောင်မှာ အဘိုးကြီးဖြစ်နေပြီ။ အသက်လည်း ၈၀ ကျော်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။

သူ့အင်တာဗျူးကိုကြည့်ရင်း တစ်ခုသတိထားလိုက်မိသည်မှာ သူငယ်စဉ်၊ နုပျိုစဉ်က အခြေအနေနှင့် သူ၏ယခု အခြေအနေတို့သည့် လုံးဝကွာခြားသွားပြီဆိုခြင်းပင်။

ယခင် ကျွန်တော်တို့ ငယ်စဉ်ကဆိုလျှင် သူသည် ပဲခူးရုပ်ရှင်မင်းသားအဖြစ် နာမည်ကျော်ပါသည်။ သူ့ကို ပန်းလှိုင်ရပ်ကွက်ထဲတွင် မကြာခဏတွေ့ရသည်။ သူတို့ဘိုးဘွားပိုင် ဆေးလိပ်ခုံကြီးကလည်း နာမည်ကျော် ဖြစ် သည်။ ကျွန်တော်သည် အထက ၅ တွင်လည်း ကျောင်းတက်ဖူးသည်ဖြစ်ရာ သူတို့ပိုင်သည့် ခြံထဲက ကျောင်းကို သွားရသည်။ ဆေးလိပ်ခုံခြံကြီးကပင် တကယ့်အင်ပါယာကြီးတစ်ခု ဖြစ်ခဲ့ပါသည်။

ဦးသန်းအောင် ငယ်စဉ်ကဆိုလျှင် ကားထည်လဲစီးသည်။ အပြင်ထွက်လည်း တပည့်တပန်းတွေက နောက်က လိုက်ပြီး တောက်တောက်ပြောင်ပြောင်နှင့် လူသိလည်းများလှပေသည်။ သူ့ကို ကျွန်တော်တို့ ပိုပြီး သတိထား မိသွားသည့် အချက်မှာ ရုပ်ရှင်ထဲက ဆိုခြင်းထက် အပြင်တွင် စတန့်ထွင်ခြင်းတို့ကြောင့်ဖြစ်သည်။

ပဲခူးမြစ်ထဲတွင် ပထမဆုံး ရေလွှာလျှောစီးခြင်းကို သူက မော်တော်စပိဘုတ် အသေးစားလေးနှင့် သူကိုယ်တိုင် စီးပြပြီး သူ့ကို လူသိအောင်လုပ်သည်။ ပဲခူးကြိုးတံတားပေါ်တွင် ထိုစဉ်ကကြည့်သူတွေ ကြိတ်ကြိတ်တိုး ဖြစ်ခဲ့သည်။

၈၈ အရေးတော်ပုံကြီးတုန်းကလည်း မှတ်မိနေသေးသည်။ ဗီဒီယိုရိုက်သည့်ကင်မရာတွေ ရှားပါးနေချိန်၌ သူက ဂျစ်ကားတစ်စီးနှင့် အရေးတော်ပုံကာလတစ်လျှောက်လံး ဗီဒီယိုလိုက်ရိုက်နေသည်။ သူက မိဘကလည်း ဆေးလိပ်ခုံထောင်ထားသဖြင့် ချမ်းသာသူဖြစ်ရာ ကျွန်တော် ကျောင်းဆရာဖြစ်ချိန်အထိပင် ချမ်းသာသည့် ဂုဏ်ကို ထိန်းထားနိုင်သေးသည်ဟု ဆိုရမည်။

ယခုမှ သူ့ဘဝအခြေအနေကို အင်တာဗျူးတစ်ခုကြောင့် သိလိုက်ရသည့်အခါတွင် သူ့ကိုကြည့်ပြီး အတော်လေး စိတ်မကောင်းဖြစ်မိသည်။ သူသည် ယခုအခါ သာမန်ဘဝလေးနှင့် အသက် ၈၀ ကျော်ဘဝကို ဖြတ်သန်း နေရသည်။

ကျွန်တော် မေးခွန်းတစ်ခု ထုတ်ကြည့်သည်။

“ချမ်းသာတာ ပိုက်ဆံကြောင့်လား"

ပိုက်ဆံရှိတိုင်း ချမ်းသာသည်ဟု မပြောနိုင်ပါ။

ကျွန်တော်နားလည်သည့် ချမ်းသာခြင်းဆိုသည်မှာ ကိုယ့်လက်ထဲတွင် ရှိသည့်ငွေကို ရင်းနှီးမြှုပ်နှံကာ တိုးပွားအောင် လုပ်နိုင်ခြင်းဖြစ်သည်။ လက်ထဲတွင် ရှိသည်ငွေကို ထိုင်ပြီး သုံးဖြုန်းခြင်းကို ချမ်းသာခြင်းဟု မမြင်ပါ။

ကျွန်တော် နားလည်သည်မှာ

- အလုပ်ဘယ်လောက် ကြိုးစားသည်ဖြစ်စေ မချမ်းသာပါ

- လခဝင်ငွေ မည်မျှကောင်းသည်ဖြစ်စေ မချမ်းသာပါ

- ကိုယ့်လက်ထဲမှာ သန်းချီပြီး ပိုက်ဆံတွေ ရှိနေသည်ဆိုစေ မချမ်းသာပါ

သန်းကြွယ် သူဌေးကြီးတွေ ဖြစ်ပြီးမှ မွဲသွားသူတွေလည်း သာဓကယူစရာ များစွာရှိပါသည်။

ဥပမာပြောရလျှင်

ကမ္ဘာ့နာမည်ကျော် လက်ဝှေ့သမား မိုက်တိုင်ဆန်ကို ပြရမည်ဖြစ်သည်။

သူအောင်မြင်ကျော်ကြားမှုတွေရပြီး ပွဲတိုင်းနိုင်ကာ လက်ဝှေ့လောက၌ သရဖူဆောင်းနေချိန်တွင် သူငွေမည်မျှ ရခဲ့သနည်းဆိုသော် ဒေါ်လာ သန်း ၄၀၀ ကျော်ရခဲ့ပါသည်။ လက်ဝှေ့ဖြင့် သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်ခဲ့ပါ သည်။ သို့သော် နှစ်များစွာ မကြာမီမှာပင် သူသည် လူမွဲအဖြစ် ကြေငြာခြင်း ခံရပြီး ဒေါ်လာ ၂၃ သန်း အကြွေး တင်သွားလေတော့သည်။

ငွေဆိုသည်မှာ မာယာများသည်။ လှည့်ပတ်တတ်သော သဘောလည်းရှိကြောင်း အခြေမခိုင်ဘဲ ချမ်းသာ လာသူတွေ သိကြမည်မထင်ပါ။ ကိုယ့်လက်ထဲကို ရောက်လာသည့်ငွေကို မည်သို့သုံးရမည်ဆိုခြင်းကို ဗျူဟာနည်းကျကျ စီမံခန်ခွဲနိုင်ခြင်း မရှိသူများ၊ စည်းမရှိကမ်းမရှိ ထင်သလို သုံးဖြုန်းနေသူများမှာ လူမိုက်နှင့်ငွေ အတူမနေဆိုသလို ဖြစ်သွားတတ်ပါသည်။

ကိုယ့်လက်ထဲရောက်လာသည့်ငွေကို သုံးဖို့ ဖြုန်းဖို့လောက်သာ စိတ်ရှိသူသည် မကြာမီ မွဲမည်သာ ဖြစ်သည်။ လက်ထဲ ရောက်လာသည့်ငွေကို မည်သို့ ရင်းနှီးမြှုပ်နှံပြီး အနာဂတ်အတွက် အကွက်မချနိုင်သူတို့မှာ ဆင်းရဲမည် သာဖြစ်သည်။

ငွေကို သုံးတတ်ခြင်းဆိုသည်မှာ ပညာနှင့်ဆိုင်သည်။

ငွေကို ဖြုန်းရန်အတွက်မူ ပညာမလိုပါ။

အသုံးနှင့် အဖြုန်းကို ပညာဖြင့်သာ ဆင်ခြင်နိုင်သည်။

ပညာမဲ့လျှင် စဉ်းစားမှုမဲ့သည်

စဉ်းစားမှုမဲ့လျှင် အမြင်မဲ့သည်

အမြင်မဲ့လျှင် ထင်ရာလုပ်သည်

ထင်ရာလုပ်လျှင် ရှိတာအကုန်ပြုတ်သည်။

ထိုနိယာမသဘောတရားကို နားလည်နိုင်မှချမ်းသာခြင်းလမ်းကို တက်လှမ်းနိုင်ပါသည်။

တင်ညွန့်

၉.၉.၂၀၂၄

ခိုင်းလို့ရပါတယ်
17/08/2024

ခိုင်းလို့ရပါတယ်

.သူတို့သည် ရွာကို..မရေမရာ..ရောက်လာကြသည်...သူတို့သည် ရွာမှ..မထင်မရှား..ပျောက်ကွယ်သွားကြသည်...crdတင်ညွန့်၃၃ မှ
02/08/2024

.
သူတို့သည် ရွာကို..

မရေမရာ..

ရောက်လာကြသည်...

သူတို့သည် ရွာမှ..

မထင်မရှား..

ပျောက်ကွယ်သွားကြသည်...
crd
တင်ညွန့်

၃၃ မှ

မတူတာ၁၀ မျိုး ရှာကြည့်ပါအပျော်သဘောပါcrdPhoto
27/07/2024

မတူတာ
၁၀ မျိုး ရှာကြည့်ပါ

အပျော်သဘောပါ

crd
Photo

`` စရိုက် ´´_______________တင်ညွှန့်အိမ်လေးနှစ်အိမ်က ပုံစံတူ သစ်သားအိမ်လေးတွေဖြစ်သည်။ ခြံလေးတွေကလည်း နှစ်အိမ်ကို ခွဲခြား...
27/07/2024

`` စရိုက် ´´
_______________
တင်ညွှန့်

အိမ်လေးနှစ်အိမ်က ပုံစံတူ သစ်သားအိမ်လေးတွေဖြစ်သည်။ ခြံလေးတွေကလည်း နှစ်အိမ်ကို ခွဲခြားခတ်ထား သည်။

သူငယ်ချင်းနှစ်ယောက် ဌာနတစ်ခုတည်းတွင် အမှုထမ်းခဲ့ကြသည်။ ခြံကျယ်ကြီးကို စုစပ်ပြီးဝယ်သည်။ နှစ်ခြမ်း အညီအမျှခွဲကာ အိမ်လေးတွေကိုလည်း ပုံစံတူ ဆောက်ပြီး နေထိုင်ကြသည်။

ဦးမြင့်အေး

သားသမီး သုံးယောက်ရှိသည်။ သူ့ဇနီးအပါအဝင် အိမ်တွင် မိသားစု ငါးယောက်ရှိသည်။

ဦးခင်စိုး

သားသမီး ငါးယောက်ရှိသည်။ သူ့ဇနီးအပါအဝင် အိမ်တွင် မိသားစု ခုနှစ်ယောက်ရှိသည်။

နံနက် ၅ နာရီထိုးပြီ။ ဦးခင်စိုးအိမ်တွင် မီးလင်းလာသည်။

“သမီးရေ ... ဖေဖေ လမ်းလျှောက်ထွက်ပြီ”

“ဟုတ်ကဲ့ဖေဖေ”

“ရေလာတုန်းလေး တင်ထားဦးနော်”

“သွားပါဖေဖေ ... သမီး လုပ်လိုက်ပါ့မယ်”

သမီးကြီးက ခြံရှင်းရင်း ရေမော်တာကို ဖွင့်သည်။ သူက ထမင်းအိုးကိုတည်ခဲ့ပြီးပြီ။

“ညီမလေးနုရေ”

“ရှင်မမ”

“ငါးပိအိုးလေး နွှေးထားလိုက်ဦးနော် ... မောင်လေးကို ထတော့လို့ပြော ... စာကျက်ခိုင်းဦး”

“ဟုတ်ကဲ့မမ”

“သီသီ ... မေမေ့ကို ဝိုင်းကူလိုက်ဦး ... မေမေက အိမ်နောက်ဖေးမှာ ချဉ်ပေါင်တွေ စိုက်နေတယ်”

“ဟုတ် မမ”

တစ်အိမ်လုံး ဗြောင်းဆန်အောင် လှုပ်ရှားနေချိန်တွင် ခေါင်းရင်း ဦးမြင့်အေးတို့အိမ်က အိပ်ကောင်းတုန်း ဖြစ်သည်။ မီးက မှောင်နေသည်။

သမီးကြီးက အမှိုက်တွေ မီးရှို့သည်။ မေမေက ဟင်းချက်သည်၊ သားတွေ သမီးတွေအတွက် ထမင်းဘူးတွေ အသင့်ပြင်ပြီးပြီ။

ထိုစဉ် ဦးခင်စိုး ပြန်ရောက်လာသည်။

“သား ... မောင်တိုး ... လာပါဦးကွ ... ဖေဖေ့ဆီက အကြော်အိတ်လာယူပါဦး”

မောင်တိုးက ပြေးသွားပြီး သူ့ဖခင် လက်ထဲမှ အကြော်အိတ်ကို ပြေးဆွဲသည်။
“ဖေဖေ သားကြိုက်တဲ့ ပဲကြော် ပါလား”

“ပါတယ် ... ဘူးသီးကြော် ... ပဲကြော် ... ကြက်သွန်ကြော် အားလုံးပါတယ် ... ဖေဖေ ခြေလက်တွေ ဆေးလိုက်ဦးမယ် ... မေမေ့ကို သွားပေးလိုက်”

ဦးခင်စိုးက ခြေလက်ဆေးသည်။ ထို့နောက် အိမ်ရှေ့တွင် အသင့်ချထားသည့် ပက်လက် ကုလားထိုင်ပေါ် ထိုင်ကာ သတင်းစာဖတ်သည်။

“ဖေဖေ ... နံနက်စာ အသင့်ဖြစ်ပြီ”

“အေး ... အေး ... လာပြီ”

မိသားစု ခုနှစ်ယောက်၏ ကြည်နူးဖွယ်ရာ နံနက်စာဖြစ်သည်။ အားလုံး စားပွဲဝိုင်းကြီးတွင် ဝိုင်းထိုင်ကြသည်။ ဤစားပွဲဝိုင်းသည် နံနက်ပိုင်း မိသားစု၏ ကွန်ဖရင့်စားပွဲဝိုင်းလည်း ဖြစ်သည်။

“ကဲ ... ကိုယ်ကြိုက်တဲ့အကြော် တစ်ယောက်တစ်ခုစီယူကြ”

သူတို့ မိခင် မီးဖိုးချောင်သခင်မကြီးက အမိန့်ပေးလိုက်သည်။

ပန်းကန်ထဲမှ အကြော် တစ်ယောက်တစ်ခု ယူကြသည်။ အလယ်တွင် ငါးပိရည်ပန်းကန်ကြီးက ဝင့်ထည်စွာ ရှိနေသည်။

“ဖေဖေ ... သား ဗလာစာအုပ်ကုန်ပြီ”

“ဖေဖေ့ကို မပြောနဲ့လေ မမဝယ်ပေးမှာပေါ့”

“ဆန်ကုန်တော့မယ်နော် ... ညစာအတွက်ပဲရှိတော့တယ်”

“အေးပါ ညနေ သွားဝယ်ပေးထားမယ်”

“ညစာကို ဘာလေးစားချင်ကြသလဲဟေ့”

“ပဲကုလားဟင်းချက်ပါမေမေ”

“သူ့ချည်းသာလော”

“သားက ဘာစားချင်လို့လဲ”

“ကြက်ရိုးလေးထည့်ရင် ပိုကောင်းပေါ့”

“အေးပါ ... အေးပါ ... သားကြိုက်တဲ့ တောင်ပံထည့်ချက်မယ်”

သူတို့ စားသောက်ပြီးသော် ပန်းကန်ဆေးသူဆေး၊ ထမင်းဝိုင်း သိမ်းသူသိမ်း၊ တံမြက်စည်း လှည်းသူလှည်း၊ ဘာမျှ မခိုင်းဘဲ ကိုယ့်တာဝန်ကိုယ်ယူကာ လုပ်ကြသည်။

နံနက် ၈ နာရီထိုးလောက်ကစပြီး ကြောင်အိမ်ပေါ်တွင် ပြင်ထားသည့် ထမင်းဘူးလေးတွေကို တစ်ယောက် တစ်လုံးဆွဲကာ သားသမီး ငါးယောက်က အိမ်မှ ထွက်ကြသည်။ ကျောင်းသွား၊ အလုပ်သွားကြခြင်းဖြစ်သည်။ ဦးခင်စိုး ပင်စင်စားကြီးကတော့ သတင်းစာဆက်ဖတ်ကာနေသည်။ သူ့ဇနီးကတော့ စက်ချုပ်နေသည်။

နံနက် ၁၀ နာရီထိုးပြီ

“ခင်စိုးရေ”

“ဟေ”

ခေါင်းရင်းအိမ်မှ သူငယ်ချင်း ဦးမြင့်အေးက ခေါ်ခြင်းဖြစ်သည်။ ထိုအချိန်မှ ဦးမြင့်အေးအိမ်မှ အသံလေးတွေ ကြားလာရသည်။

“ဒီနေ့ ရေမလာဘူးလားကွ”

“လာတယ်လေ ... ရေက ၇ နာရီအထိပဲပေးတာလေ ... ခု ၁၀ နာရီထိုးနေပြီ”

“အေးကွာ ... ရေမဖွင့်လိုက်မိလို့ မင်းရေတင်ထားရင် ငါ့ကို တစ်စည်လောက် မျှပေးပါဦး”

“ယူလေကွာ”

ဦးမြင့်အေးက

“ဇော်ဇော်ရေ ... ဟိုဘက်ခြံမှာ ရေသွားဆွဲ”

“အဖေ့သားက ခုထိ မထသေးဘူး”

“ဟာ ဒီခွေးမသား ... ကန်နှိုးလိုက်”

“သူ့ကိုကန်လို့ရှိရင် ထထိုးမှာပေါ့”

“ထထိုးရင် အဲဒီမအေမျိုး ငါနဲ့တွေ့မယ်”

“ဇော်ဇော် ... အဖေခေါ်နေတယ်”

“ဟာ ညက ဘောလုံးပွဲကိုက်ထားတာ ... အိပ်ချင်ရတဲ့အထဲ ... ဘာလဲ”

“ဟိုဘက်အိမ်မှာ ရေသွားဆွဲ”

“ဝုန်း ... ဒိုင်း ... ဂလုံး ... ဂလွမ်း”

အိမ်ထဲတွင် ဆူညံသံတွေပေါ်လာသည်။

“ဟဲ့ မိမိ ... မိမိ ... ထတော့လေ”

ဦးမြင့်အေးက သူ့မိန်းမကို အော်နှိုးနေသည်။

“အမေက ခေါင်းကိုက်လို့တဲ့”

“ခေါင်းကိုက်ရင် ဆေးသောက်”

ထိုစဉ် အိမ်သာရှေ့မှ သမီးတစ်ယောက်က

“မမ ... မြန်မြန်ထွက်လေ ... ဒီမှာ ဗိုက်နာနေပြီ”

“ဗိုက်နာရင် ... ဟိုဘက်အိမ်ကိုသွား ... ငါ ခုမှဝင်တာ”

“မမက အကျင့်ယုတ်တာ ... သူများဝင်မယ်လုပ်မှ ဝင်တာ ... အကျင့်ယုတ်ကြီး”

“အောင်မှာ နင်ကများ နေဦး ... ငါထွက်လာမှတွေ့မယ်”

“ဟဲ့ ... ဘာဖြစ်နေကြတာလဲ ... စောစောစီးစီး”

စောစောစီးစီးသာဆိုသည် ဆယ်နာရီခွဲပြီ။

နံနက် ၁၁ နာရီထိုးပြီ

“ထမင်းကြမ်းရှိလား”

“မရှိဘူး ... ညက ပိုတာတွေ လွှင့်ပစ်လိုက်ပြီ”

“ဟာ ဒီမနက် ဘာစားသွားရမှာလဲ ... စောစောလည်း ဘာမှ ထမချက်ထားဘူး”

“နင် မျိုဆို့ရအောင် ချက်ဖို့ နင့်အစေခံလား”

“မမ အကြီးဖြစ်ပြီး အကြောကြီးနဲ့ မပြောနဲ့ ... အဖေ ... ဘာမှမရှိဘူးတဲ့ ပိုက်ဆံပေး ... သားဘာသာ လမ်းက ဝယ်စားသွားမယ်”

“ကဲ ... ကဲ ... စကားများမနေကြနဲ့ အားလုံး အတူတူ ထွက်စားကြမယ် ... နင့်အမေကို ခေါ်လိုက်”

သူတို့ မိသားစု ငါးယောက် ၁၁ နာရီကျော်မှ နံနက်စာစားရန် အပြင်ထွက်ကြသည်။

လက်ဖက်ရည်ဆိုင်ထိုင်ကြသည်။ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ထမင်းကြော် အသီးသီး မှာစားကြသည်။

“ဘယ်လောက်ကျသလဲဟေ့ ရှင်းမယ်”

စားပွဲထိုးလေးကလာသည်။ တွက်ချက်ပြီး

“အားလုံး ၃၂၀၀ ကျပါတယ်”

“မိန်းမ မင်းဆီမှာ ၁၂၀၀ လောက်ပါလား”

“မပါဘူး”

“ဟေ့ ... ဒီမှာ ၂၀၀၀ ယူထားလိုက် ... ၁၂၀၀ ကတော့ နောက်နေ့မှယူ”

“ ဦးမြင့်အေး ... အကြွေးတွေက များနေပြီ”

“ပေးမှာပေါ့ကွာ ... မပေးဘဲ နေလို့လား ... မင်းတို့ဆိုင် နေ့တိုင်း လာပြီးအားပေးနေတာကို”

သားသမီးတွေ ကိုယ်စီ ကိုယ်စီ ထွက်သွားကြသည်။ ဒေါ်မိမိက

“ကံစီလာဦး ... ဒီနေ့ ဘာဂဏန်းကောင်းလဲ”

“၆ တစ်လုံးကတော့ အပိုင်ပဲအစ်မ”

“၆၈ နဲ့ ၈၆ နှစ်ကွက်ပေးဟာ”

“ဘယ်လောက်ဖိုးယူမှာလဲ အစ်မ”

“၁၀၀၀ ဖိုးစီ”

“အစ်မ အကြွေးမရဘူးနော် ... အစ်မ အရင်ကြွေးက တစ်သိန်းကျော်နေပြီ”
“တိုးတိုးပြောပါ ... ငါ့ယောက်ျား ကြားသွားမယ် ... ပေးမှာပေါ့ ... ဒီနေ့ ပေါက်ရင် နင့်အကြွေး အကုန်ဆပ်မယ် … ငါညက အိပ်မက်ရထားတယ် ... ရော့ ဒီနေ့ လက်ငင်းထိုးတာ”

ထိုအချိန်တွင် ဦးမြင့်အေးက ဘောလုံးလောင်းနေသည်။

သူတို့ လင်မယားပြန်လာသည့် အခါတွင် ဦးခင်စိုးက သူ့ခြံလေးထဲတွင် ပေါက်တူးတစ်လက်နှင့် အလုပ်ရှုပ်နေ သည်။

“ခင်စိုး ဘာတွေ လုပ်နေသလဲ”

“ကြက်သွန်မြိတ်ပင်တွေ မြောင်းပေါင်ဖော်နေတာ”

“မင်းကွာ ၁၀၀ ဖိုးဝယ်ရင် အများကြီးရတာ”

“ဝယ်မစားချင်လို့ပေါ့ကွာ”

“အဖေကြီးကလည်း သွားပြောမနေနဲ့ ... ကပ်စေးတွေကို”

ညနေခင်းတွင် မိသားစုတွေ အားလုံး ပြန်ဆုံကြသည်။

ဦးခင်စိုးအိမ်

“ဖေဖေ ... ဖေဖေစားဖို့ ရွှေပုစွန် နံကထိုင်တစ်ထုပ်ဝယ်လာတယ်”

“ဈေးကြီးပါတယ် သမီးကြီးရယ် နောက်ဝယ်မလာနဲ့”

“ဖေဖေကလည်း အားရှိအောင်တော့ စားရမှာပေါ့”

သမီးအလတ်မက သူ့မိခင်ကို

“မေမေရေ ... မနက်ဖြန်အတွက် လက်ဆွဲအိတ် အလုံး ၂၀ အော်ဒါပါတယ်”

“ဟုတ်လား ... သမီး မနက်ကယူသွားတဲ့ ငါးလုံးကုန်သွားပြီလား”

“အဲဒီဆိုင်ကပဲ ယူလိုက်တာမေမေ ... နောက်ထပ် ၂၀ ထပ်မှာတာ”

သူတို့မိခင်ကြီးက လက်ဆွဲအိတ်လေးတွေကို ဒီဇိုင်းဆန်းဆန်းလေးတွေ ချုပ်တတ်သည်။ သမီးလတ်က ဈေးထဲတွင် ဆိုင်ကြီးတစ်ဆိုင်၏ အရောင်းဝန်ထမ်းဖြစ်ပြီး သူ့မိခင် အိတ်လေးတွေကို လိုက်စပ်ရောင်းပေး သည်။

“အိတ် ၂၀ ဆိုရင် ဒီည ပြီးပါ့မလားမသိဘူး”

“သမီးတို့လည်း ဝိုင်းချုပ်မှာပေါ့မေမေ”

“ကဲ ... ထမင်းစားပြီးရင် အလုပ် လုပ်ကြမယ်”

“ချက်ပြီးပြီလား မေမေ”

“အားလုံးအသင့် ... နင်တို့ အဖေကြီးကို ရေချိုးခိုင်းတော့”

ညထမင်းဝိုင်း ကွန်ဖရင့်တွင် သူတို့မိသားစု လိုအပ်ချက်များ၊ ပြောစရာများကို ပွင့်လင်းစွာ ဆွေးနွေးရင်း ပျော်ရွှင်နေစဉ်

“ခင်စိုးရေ” ဟုခေါ်သံကြားလိုက်သည်။

“ဟ ... မြင့်အေး ... လာ ထမင်းစားရအောင်”

“နေပါကွာ”

“စားပြီးပြီလား ကိုမြင့်အေး”

“ဒီအချိန် ညစာစားဖို့လား အဝေးကြီး”

“ကိုမြင့်အေးတို့ မချက်ရသေးဘူးလား”

“နင်လည်း သိသားနဲ့ တို့အိမ်က နံနက်စာနဲ့ နေ့လယ်စာ ပေါင်းစားတာ”

“ကိုမြင့်အေးရယ် ... နေ့တိုင်းဆိုင်ထွက်စားတာ ပိုမကုန်ဘူးလား”

“ကုန်တာပေါ့ ... ဒီမနက်ဆို သုံးထောင်ကျော်”

“သုံးထောင်ကျော်ဆိုရင် ကျွန်မတို့ အိမ်မှာ နှစ်ရက်ဟင်းချက်စရာဖိုးပဲ”

“နင်ကလည်း သိသားနဲ့ ငါ့မိန်းမက ၁၀ နာရီ ၁၁ နာရီတောင် နှိုးမှထတာ”

ဦးခင်စိုးက လက်ဆေးပြီး

“လာသူငယ်ချင်း အပြင်သွားထိုင်ရအောင်”

ဧည့်ခန်းတွင် သူတို့ ထိုင်ပြီးနောက်

“မြင့်အေး ဘာကိစ္စရှိသလဲပြော”

“ခင်စိုးရေ ... ငါ့ကို ငွေ ငါးသောင်းလောက် ချေးပါကွာ”

“ဘာဖြစ်လို့လဲကွ”

“ဘောပွဲရှုံးထားတာ ပေးရမှာ”

“မရှိပါဘူးကွာ ... မင်းနဲ့ ပင်စင်အတူတူ ယူတာပဲ ... ပင်စင်ငွေလေးနဲ့ ထိုင်စားနေရတာ ဘယ်က ငါးသောင်း ရှိမှာလဲ”

“မင်းက စုမိ ဆောင်းမိ ရှိပါတယ်ကွာ ... ငါ အသုံးပြတ်နေလို့ပါ”

“မရှိပါဘူးကွာ”

“မင်းကွာ သူငယ်ချင်း အချင်းချင်း အကူအညီလာတောင်းတာကို”

“အေးပါကွာ ... မင်းလည်း မိသားစုအတွက် ရပ်တည်နေရတာ ... ငါလည်း မိသားစုအတွက် ရပ်တည်နေရတာ အတူတူပါပဲကွာ ... ငါ့မှာ ရှိလည်း ငါ့မိသားစုအတွက် မနက်ဖြန်ဆိုတာရှိတယ်။ မနက်ဖြန်အတွက် သူတို့မှာ အာမခံချက်လေးတွေရှိအောင် ငါသိမ်းထားပေးရမယ်။ မင်းရော ငါပါ အသက်ကြီးလာပြီကွ။ ၆၀ ကျော်လာပြီ။ ဒီအတိုင်း နေချင်မှ နေရမှာ။ ကျန်းမာချင်မှ ကျန်းမာမှာ။ ကျန်းမာရေးအတွက်လည်း သိမ်းထားရသေးတယ်ကွ”

“အပိုတွေ မပြောပါနဲ့ကွာ ... ချေးမှာလား ... မချေးဘူးလား”

“ငါ့မှာ မရှိပါဘူးကွာ”

ဦးမြင့်အေးက စိတ်ဆိုးကာ ဆင်းသွားသည်။

ဦးမြင့်အေးအိမ်

“အမေရေ ... စက်ဘီး ဘယ်ရောက်သွားလဲ”

“သွားပေါင်ထားတယ်”

“ဟာ ... သားစက်ဘီးကို ဘာဖြစ်လို့ သွားပေါင်ရတာလဲ”

“မရှိလို့ဟေ့ ... မရှိလို့”

“နှစ်လုံးထိုးဖို့ မရှိတာ မဟုတ်လား”

“စကားမများနဲ့ နင်တို့ မျိုဖို့ ဆို့ဖို့မရှိလို့ ... သွား ... လမ်းထိပ်မှာ ထမင်းငါးထုပ်နဲ့ ဟင်းသွားဝယ်”

ဦးမြင့်အေးက ဝင်ပြောသည်

“ထမင်းက နင်ချက်တော့ ဘာဖြစ်မှာလဲ ... ခလုတ်နှိပ်ပြီး ချက်ရတာကို”

“အေး ... အဲဒီလို ခလုတ်နှိပ်ဖို့ မီးလာမှဖြစ်မှာ ... တော်ကြာ မီးပျက်တော့မှာ”

“တစ်နေ့လုံး အိပ်နေ ညစာလေးတော့ ထမင်းလေးတစ်လုံး တည်ဖို့တောင် စိတ်မဝင်စားကြဘူး”

“အလို ... ရှင်ကျရော ဘာလုပ်နေလို့လဲ ... တစ်နေကုန် ရုပ်ရှင်ထိုင်ကြည့်နေပြီးတော့”

“ငါ့ဘာသာ ရုပ်ရှင်ကြည့်တာ ဘာဖြစ်လဲ”

“ကျွန်မလည်း အိပ်တာဘာဖြစ်သလဲ”

“ဝုန်း ... ဒိုင်း” ဆူညံ သောသောညံ

ထိုအချိန်တွင် ဦးခင်စိုးအိမ်မှ မိသားစုအားလုံးက ဘုရားစင်ရှေ့ထိုင်ကာ လက်အုပ်လေးတွေချီပြီး ရွတ်ဆိုနေကြ သည်မှာ

“တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ
နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ” ဟု ရွတ်ဆိုကာ ဘုရားရှိခိုးသံကို အရပ်ထဲကလည်း တစ်ချိန်တည်း တွင် ကြားနေရသည်။

(အနက် - ခြိုးခြံစွာကျင့်ခြင်း၊ မြတ်သောအကျင့်ကိုကျင့်ခြင်း၊ အရိယာသစ္စာတရားကို သိမြင်ရခြင်း၊ နိဗ္ဗာန် ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ မှတ်လော့)

Crd -တင်ညွန့်

၂၁.၁၂.၂၀၂၀

နှလုံးသားအဟာရပြည့်ဝဘို့ ရသစာပေဖတ်ကြပါစို့။
မေတ္တာဖြင့်.........

ဆရာတင်ညွန့် စုစည်းမှုများ (၈၃) ပုဒ်၁။ ရိုးမပေါ်မှာ ကျတဲ့မျက်ရည် (အစ/အဆုံး)https://www.facebook.com/100070723514638/posts...
02/07/2024

ဆရာတင်ညွန့် စုစည်းမှုများ (၈၃) ပုဒ်

၁။ ရိုးမပေါ်မှာ ကျတဲ့မျက်ရည် (အစ/အဆုံး)
https://www.facebook.com/100070723514638/posts/434306215603492/?app=fbl

၂။ အညတရချစ်ပြုံး
https://www.facebook.com/100029331673935/posts/552543975733320/?app=fbl

၃။ မီး
https://www.facebook.com/100029331673935/posts/385665372421182/?app=fbl

၄။ စိုးမောင်ပြန်မလာတော့ပါ
https://www.facebook.com/100029331673935/posts/781878279466554/?app=fbl

၅။ လူရည်ချွန်ဖြစ်ဖို့ သူ မကြိုးစားပါ
https://www.facebook.com/100029331673935/posts/545224333131951/?app=fbl

၆။ အဖြူရောင်မုသား
https://www.facebook.com/100029331673935/posts/1055325755455137/?app=fbl

၇။ မိန်းမတွေကိုသတိထား
https://www.facebook.com/100029331673935/posts/1034869314167448/?app=fbl

၈။ မာန
https://www.facebook.com/100029331673935/posts/847479199573128/?app=fbl

၉။ ပြစ်ဒဏ်
https://www.facebook.com/100029331673935/posts/571624007158650/?app=fbl

၁၀။ ဧည့်သည်တော်ကြီးသို့
https://www.facebook.com/100029331673935/posts/551506225837095/?app=fbl

၁၁။ အဖေ့အမွေ
https://www.facebook.com/100029331673935/posts/795345714786477/?app=fbl

၁၂။ အိုပယ်
https://www.facebook.com/100029331673935/posts/1050445782609801/?app=fbl

၁၃။ မနက်ဖြန်
https://www.facebook.com/100029331673935/posts/470777383909980/?app=fbl

၁၄။ သူဌေးဝါဒ
https://www.facebook.com/100029331673935/posts/759417811712601/?app=fbl

၁၅။ လက်တွေ့ကျကျ
https://www.facebook.com/100029331673935/posts/1051410215846691/?app=fbl

၁၆။ သူလိုလူးစား အများကြီးလိုသည်
https://www.facebook.com/100029331673935/posts/686499639004419/?app=fbl

၁၇။ သူ့အရပ်နဲ့ သူ့ဇာတ်
https://www.facebook.com/100029331673935/posts/604431757211208/?app=fbl

၁၈။ နားထိုင်းရွာကျောင်း
https://www.facebook.com/100029331673935/posts/550895052564879/?app=fbl

၁၉။ လျှာနဲ့သွားများ
https://www.facebook.com/100029331673935/posts/490524865268565/?app=fbl

၂၀။ ချစ်သူများ
https://www.facebook.com/100029331673935/posts/774058186915230/?app=fbl

၂၁။ ဘဝထဲကို အခက်အခဲတခု ထည့်ထားပါ
https://www.facebook.com/100029331673935/posts/707586556895727/?app=fbl

၂၂။ အပ်နဲ့ထွင်သော်ရ၏
https://www.facebook.com/100029331673935/posts/733885940932455/?app=fbl

၂၃။ စရိုက်
https://www.facebook.com/100029331673935/posts/681899979464385/?app=fbl

၂၄။ အငှားအတွေး
https://www.facebook.com/100029331673935/posts/849216129399435/?app=fbl

၂၅။ ဘွဲ့ရနှင့် ငါးစိမ်းသည်
https://www.facebook.com/100029331673935/posts/493183271669391/?app=fbl

၂၆။ တဖက်ပိတ်ပင်လယ်
https://www.facebook.com/100029331673935/posts/1077234733264239/?app=fbl

၂၇။ ဆရာ့ဆရာ
https://www.facebook.com/100029331673935/posts/466750094312709/?app=fbl

၂၈။ ဘူးသီး
https://www.facebook.com/100029331673935/posts/600888047565579/?app=fbl

၂၉။ မျှော်လင့်နေသောစာ
https://www.facebook.com/100029331673935/posts/686972815623768/?app=fbl

၃၀။ မေတ္တာအမှန်
https://www.facebook.com/100029331673935/posts/565224317798619/?app=fbl

၃၁။ ကျောက်စာတိုက်ရွှေချ ခေတ်မီဖွိ့ဖြိုးတိုးတက်အောင်လုပ်ကြခြင်း
https://www.facebook.com/100029331673935/posts/594139264907124/?app=fbl

၃၂။ ခေတ်ပြောင်း စိတ်ပြောင်း
https://www.facebook.com/100029331673935/posts/698715117782871/?app=fbl

၃၃။ ဗိုလ်လား ပိုလ်လား
https://www.facebook.com/100029331673935/posts/629538281367222/?app=fbl

၃၄။ သူရဲကောင်းတို့နှလုံး
https://www.facebook.com/100029331673935/posts/698869101100806/?app=fbl

၃၅။ သူရဲကောင်းဆိုသည်မှာ
https://www.facebook.com/100029331673935/posts/690933251894391/?app=fbl

၃၆။ ထိုက်တန်စွာဆုံးမနည်း
https://www.facebook.com/100029331673935/posts/780467862940929/?app=fbl

၃၇။ သံကွင်းစွပ်တရား
https://www.facebook.com/100029331673935/posts/496057948048590/?app=fbl

၃၈။ ပါလေရာနံသူကြီး
https://www.facebook.com/100029331673935/posts/521499222171129/?app=fbl

၃၉။ အထင်တော်လွဲသည်မို့
https://www.facebook.com/100029331673935/posts/701938210793895/?app=fbl

၄၀။ အတုံ့အလှည့်
https://www.facebook.com/100029331673935/posts/701959610791755/?app=fbl

၄၁။ ကိုယ်နှင့်ထိုက်မှ ဝတ်ဆင်ကြ
https://www.facebook.com/100029331673935/posts/698809881106728/?app=fbl

၄၂။ ကယ်တင်ရှင် ရှာကီရာ
https://www.facebook.com/100029331673935/posts/700701180917598/?app=fbl

၄၃။ အညတရကဗျာဆရာ
https://www.facebook.com/100029331673935/posts/784823132505402/?app=fbl

၄၄။ ရန်ကုန်မြို့ကလူတွေအကြောင်း
https://www.facebook.com/100029331673935/posts/700191747635208/?app=fbl

၄၅။ အချိန်သူခိုးများ
https://www.facebook.com/100029331673935/posts/615132716141112/?app=fbl

၄၆။ မေတ္တာဟင်းပွဲ
https://www.facebook.com/100029331673935/posts/464597687861283/?app=fbl

၄၇။ မြေးနှင့်ဖိုး (၁)
https://www.facebook.com/100029331673935/posts/480783326242719/?app=fbl

မြေးနှင့်ဖိုး (၂)
https://www.facebook.com/100029331673935/posts/483074132680305/?app=fbl

၄၈။ သာသနာကို မည်သူဖျက်
https://www.facebook.com/100029331673935/posts/1050138539307192/?app=fbl

၄၉။ မီးမပျက်တာကျေးဇူးပါ
https://www.facebook.com/100029331673935/posts/544723789848672/?app=fbl

၅၀။ ငကန်းသေလို့ ငစွေပေါ်သော်
https://www.facebook.com/100029331673935/posts/552560672398317/?app=fbl

၅၁။ ချောတိုင်
https://www.facebook.com/100029331673935/posts/1084091419245237/?app=fbl

၅၂။ နေရာအလိုက်တန်ဖိုး
https://www.facebook.com/100029331673935/posts/462596541394731/?app=fbl

၅၃။ စုတ်ပြတ်သွားသောအနာဂတ်
https://www.facebook.com/100029331673935/posts/863995567921491/?app=fbl

၅၄။ မီးစက်သံများကြားက ပီတိများ
https://www.facebook.com/100029331673935/posts/1049211872733192/?app=fbl

၅၅။ ကိုးကွယ်ရာအစစ်
https://www.facebook.com/100029331673935/posts/464361601218225/?app=fbl

၅၆။ လူ့တန်ဖိုး
https://www.facebook.com/100029331673935/posts/1017659879221725/?app=fbl

၅၇။ ဘဝတန်ဖိုး
https://www.facebook.com/100029331673935/posts/598639031123814/?app=fbl

၅၈။ ကွာဆံယတွာ
https://www.facebook.com/100029331673935/posts/593057191681998/?app=fbl

၅၉။ ချမ်းသာခြင်းအစစ်အမှန်
https://www.facebook.com/100029331673935/posts/1050141295973583/?app=fbl

၆၀။ အလွဲ
https://www.facebook.com/100029331673935/posts/1095460408108338/?app=fbl

၆၁။ အိမ်တွင်းသူခိုး
https://www.facebook.com/100029331673935/posts/1011980866456293/?app=fbl

၆၂။ အမှိုက်ဘဝပြောင်းလိုက်ပါ
https://www.facebook.com/100029331673935/posts/1035398420781204/?app=fbl

၆၃။ မေတ္တာရောင်ပြန်
https://www.facebook.com/100029331673935/posts/614750916179292/?app=fbl

၆၄။ လက်ဦးဆရာ
https://www.facebook.com/100029331673935/posts/602227544098296/?app=fbl

၆၅။ ငါကွပါလ
https://www.facebook.com/100029331673935/posts/462337501420635/?app=fbl

၆၆။ ပညာသင်ပေးတဲ့ဆရာဆိုတာ
https://www.facebook.com/100029331673935/posts/756106395377076/?app=fbl

၆၇။ အခါတော်ပေးတာက
https://www.facebook.com/100029331673935/posts/515066846147700/?app=fbl

၆၈။ မထူးသော်လည်း ဆန်းကြသည်
https://www.facebook.com/100029331673935/posts/702468017407581/?app=fbl

၆၉။ စည်း
https://www.facebook.com/100029331673935/posts/462341718086880/?app=fbl

၇၀။ ရှေးလူကြီးများ
https://www.facebook.com/100029331673935/posts/464352461219139/?app=fbl

၇၁။ ဂွတ်တယ်ထက်ရင် ဒူးသာဒူး
https://www.facebook.com/100029331673935/posts/870531217267926/?app=fbl

၇၂။ တွင်းထဲကဖား
https://www.facebook.com/100029331673935/posts/514737166180668/?app=fbl

၇၃။ အောက်တန်းစား
https://www.facebook.com/100029331673935/posts/418883819099337/?app=fbl

၇၄။ အမေ့နေရာ
https://www.facebook.com/100029331673935/posts/462656001388785/?app=fbl

၇၅။ လူကြီးမင်းများ လက်ခုပ်မတီးပါနဲ့
https://www.facebook.com/100029331673935/posts/573370530317331/?app=fbl

၇၆။ ထီထိုး အိုးမှောက် နို့သောက်
https://www.facebook.com/100029331673935/posts/456622778658774/?app=fbl

၇၇။ ပြည်သူပေးတဲ့ဘွဲ့
https://www.facebook.com/100029331673935/posts/463107254676993/?app=fbl

၇၈။ ကျက်သရေလိုက်ဖမ်းနေသူများ
https://www.facebook.com/100029331673935/posts/691145628539820/?app=fbl

၇၉။ မင်္ဂလာတွေလာပြီ
https://www.facebook.com/100029331673935/posts/496672304653821/?app=fbl

၈၀။ ပန်းသီသူများ
https://www.facebook.com/100029331673935/posts/485824785738573/?app=fbl

၈၁။ ဘီလူးတရား
https://www.facebook.com/100029331673935/posts/604439687210415/?app=fbl

၈၂။ ဟိုတုန်းကလင်းတတွေ
https://www.facebook.com/100029331673935/posts/484371845883867/?app=fbl

၈၃။ ဗျိုင်းနားမင်းခေတ်
https://www.facebook.com/100029331673935/posts/496716214649430/?app=fbl

CRD

ရိုးမပေါ်မှာ ကျတဲ့မျက်ရည် (အစ/အဆုံး)

#တင်ညွန့်

အမှာစကား
https://m.facebook.com/story.php?story_fbid=433062049061242&id=100070723514638&mibextid=UyTHkb

အပိုင်း (၁)
https://m.facebook.com/story.php?story_fbid=433062049061242&id=100070723514638&mibextid=RtaFA8

အပိုင်း (၂)
https://m.facebook.com/story.php?story_fbid=433114712389309&id=100070723514638&mibextid=RtaFA8

အပိုင်း (၃)
https://m.facebook.com/story.php?story_fbid=433128059054641&id=100070723514638&mibextid=RtaFA8

အပိုင်း (၄)
https://m.facebook.com/story.php?story_fbid=433139815720132&id=100070723514638&mibextid=RtaFA8

အပိုင်း (၅)
https://m.facebook.com/story.php?story_fbid=433170499050397&id=100070723514638&mibextid=RtaFA8

အပိုင်း (၆)
https://m.facebook.com/story.php?story_fbid=433568042343976&id=100070723514638&mibextid=RtaFA8

အပိုင်း (၇)
https://m.facebook.com/story.php?story_fbid=433582162342564&id=100070723514638&mibextid=RtaFA8

အပိုင်း (၈)
https://m.facebook.com/story.php?story_fbid=433604269007020&id=100070723514638&mibextid=RtaFA8

အပိုင်း (၉)
https://m.facebook.com/story.php?story_fbid=433617425672371&id=100070723514638&mibextid=RtaFA8

အပိုင်း (၁၀)
https://m.facebook.com/story.php?story_fbid=433629925671121&id=100070723514638&mibextid=RtaFA8

အပိုင်း (၁၁)
https://m.facebook.com/story.php?story_fbid=433656372335143&id=100070723514638&mibextid=RtaFA8

အပိုင်း (၁၂)
https://m.facebook.com/story.php?story_fbid=433695178997929&id=100070723514638&mibextid=RtaFA8

အပိုင်း (၁၃)
https://m.facebook.com/story.php?story_fbid=433741855659928&id=100070723514638&mibextid=RtaFA8

အပိုင်း (၁၄)
https://m.facebook.com/story.php?story_fbid=434169992283781&id=100070723514638&mibextid=RtaFA8

အပိုင်း (၁၅)
https://m.facebook.com/story.php?story_fbid=434182242282556&id=100070723514638&mibextid=RtaFA8

အပိုင်း (၁၆)
https://m.facebook.com/story.php?story_fbid=434201482280632&id=100070723514638&mibextid=RtaFA8

အပိုင်း (၁၇)
https://m.facebook.com/story.php?story_fbid=434218955612218&id=100070723514638&mibextid=RtaFA8

အပိုင်း (၁၈)
https://m.facebook.com/story.php?story_fbid=434231118944335&id=100070723514638&mibextid=RtaFA8

အပိုင်း (၁၉)
https://m.facebook.com/story.php?story_fbid=434238948943552&id=100070723514638&mibextid=RtaFA8

အပိုင်း (၂၀)
https://m.facebook.com/story.php?story_fbid=434248432275937&id=100070723514638&mibextid=RtaFA8

အပိုင်း (၂၁)
https://m.facebook.com/story.php?story_fbid=434261568941290&id=100070723514638&mibextid=RtaFA8

အပိုင်း (၂၂)
https://m.facebook.com/story.php?story_fbid=434278495606264&id=100070723514638&mibextid=RtaFA8

အပိုင်း (၂၃) (ဇာတ်သိမ်းပိုင်း)
https://m.facebook.com/story.php?story_fbid=434293162271464&id=100070723514638&mibextid=RtaFA8

ဆရာကြီးဦးတင်ညွန့်အား အစဉ်ချစ်ခင်လေးစားလျက်....

ဆရာကြီးဦးတင်ညွန့်အား အစဉ်ချစ်ခင်လေးစားလျက်...

စာပေချစ်မြတ်နိုးသူများနှင့်တကွ ကမ္ဘာသူ/ကမ္ဘာ သား များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ...

Address

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အနီး
Kayan
MYAWADDY

Telephone

+959791854525

Website

Alerts

Be the first to know and let us send you an email when roetaunghline posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to roetaunghline:

Share