Zippy Thoughts

Zippy Thoughts Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zippy Thoughts, Kamayut.

20/11/2024

ခေတ်ကာလအခြေအနေကြောင့် လူတွေဟာ စိတ်ဓာတ်ကျ၊ အထီးကျန်၊ လမ်းပျောက်တာတွေ ခံစားလာကြရတယ်။

အလုပ်လက္မဲ့၊ စားဝတ်နေရေးကျပ်တည်းတာတွေ ရင်ဆိုင်လာရတယ်။

လူတိုင်းလိုလို အဆင်မပြေမှုများစွာနဲ့ ကြုံရတယ်။

Christopher Reeve ဟာ " စူပါမင်း" သရုပ်ဆောင်နဲ့ ကမ္ဘာကျော်အောင်မြင်ခဲ့တယ်။

ဒီစူပါမင်းဟာ မြင်းပြိုင်ပွဲတစ်ခုမှာ မြင်းပေါ်ကနေမတော်တဆပြုတ်ကျပြီး အောက်ပိုင်းသေသွားခဲ့တယ်။

သူ့လက်ကျန်ဘဝကို ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ ဖြတ်သန်းခဲ့ရတယ်။

ညပေါင်းများစွာ သူအိပ်ရေးပျက်ခဲ့တယ်။

"ဒီမိုး လင်းနိုင်ပါဦးမလား" လို့ သူ့ကိုယ်သူအမြဲမေးခဲ့တယ်။

မိန်းမဖြစ်သူကို သူအများဆုံးပြောဖြစ်တဲ့စကားက " "ဒီဝဋ်ကနေ ငါအမြန် လွတ်မြောက်ပါရစေ" ဆိုတာပဲဖြစ်တယ်။

သူအဲဒီလို အဆိုးမြင်မနေအောင် မိန်းမဖြစ်သူက ကားမောင်းပြီး သူ့ကိုနေရာအနှံ့လိုက်ပို့ခဲ့တယ်။

တစ်ခါက ကွေ့ကွေ့ကောက်ကောက်လမ်းပေါ်မှာ ကားမောင်းနေတုန်း အကွေ့တစ်ခုရောက်တိုင်း " ရှေ့မှာလမ်းကွေ့ရှိသည်" ဆိုတဲ့ဆိုင်းဘုတ်ကို သူတွေ့မြင်ခဲ့ရတယ်။

အဲဒီစာလုံးတွေကအခေါက် ခေါက်အခါခါ သူ့ဦးနှောက်ကို လာရိုက်ခတ်ပြီး အသိတစ်ခု သူရလိုက်တယ်။

တကယ်တော့ လမ်း ဆုံးသွားတာမဟုတ်ဘူး...ကွေ့ချိန်တန်လာတာပါ။

အဲဒီနောက်ပိုင်း သူ ဇာတ်ညွှန်းတွေစရေးတယ်၊ ပရဟိတတွေလုပ်တယ်၊ စာအုပ်တွေရေးတယ်။

သူရဲ့ပထမဆုံးစာအုပ်ဖြစ်တဲ့ "Still Me” ဟာ ရောင်းအားကောင်းစာရင်းဝင်ခဲ့တဲ့စာအုပ်ဖြစ်ပြီး Time အပတ်စဉ်ဂျာနယ်က " ဆယ်နှစ်ကျော်ကာလမှာ သူဟာ စူပါမင်းဖြစ်နေဆဲပဲ” လို့ ချီးကျူးခဲ့တယ်။

" ကံမကောင်းခြင်းက ကိုယ့်အပေါ်ကျရောက်လာတဲ့အခါ ဒါဟာ လမ်းဆုံးသွားတာမဟုတ်ဘူး...

ကွေ့ဖို့အချိန်တန်ပြီလို့ ကိုယ့်ကိုသတိပေးတာပဲဖြစ်တယ်" လို့ စူပါမင်းကပြောခဲ့တယ်။

ဒီကနေ့မှာ ကြုံရတဲ့ဆင်းရဲဒုက္ခက သင့်ကို
တွင်းနက်ကြီးထဲကနေ တစ်သက်လုံး လျှောက်လှမ်းထွက်ခွင့်မပေးမှာ မဟုတ်ပါဘူး။

ဆိုရိုးစကားတစ်ခွန်းက..

"တောင်ကိုကျော်လို့မရရင် လမ်းကွေ့ပြီးသွားလို့ရတယ်၊လမ်းမပေါက်ရင် လူဖောက်လို့ရတယ်၊
လူမရောက်ရင် စိတ်ကိုလှည့်ပြောင်းလို့ရတယ်" တဲ့။

ဘဝက အမြဲဖြောင့်ဖြူးနေမှာမဟုတ်ပါဘူး။

အခက်အခဲ၊ အတားအဆီးနဲ့ကြုံတဲ့အခါ
လှည့်ပတ်ကွေ့ပြောင်းလို့ရပါတယ်။

ဘဝရဲ့ကားငယ်လေးကို သင်မောင်းနှင်ရင်း မျှော်လင့်ချက်အသစ်တွေကို သင်အမြဲတစေရှာဖွေနေလို့ရတယ်။

ရင်ထဲမှာ လမ်းရှိရင် ဆူးညှောင့်ခလုတ်လည်း
မမူတော့ဘူး။ရင်ထဲမှာ အလင်းရှိရင် မိုးသက်လေပြင်းကျမှာကိုလည်း မကြောက်တော့ဘူး။

စိတ်ဓာတ်ပဲကျကျ၊ အထီးပဲကျန်ကျန် ရှေဆက်ရမယ့်လမ်းတွေအတွက် သင့်ရင်မှာ အလင်းရှိနေပါစေ၊ဘဝကို ချစ်မြတ်နိုးနေပါစေ၊မိုးပြင်းလေ
ပြင်းဒဏ်ကို ရင်ဆိုင်ရဲတဲ့သတ္တိတွေရှိနေပါစေ။

Credit

နိုင်းနိုင်းစနေ(ဘာသာပြန်သူ)

photo Google Images.

11/11/2024

ကျွန်မအမျိုးသားက အင်ဂျင်နီယာတစ်ယောက်ပါ။ အနေအေးပြီး တည်တည်ငြိမ်ငြိမ်လေးနေတတ်တဲ့ သူ့ပုံစံကြောင့် ကျွန်မ သူ့ကို ချစ်ခဲ့ရတယ်။ သူ့ရင်ခွင်ထဲ ခေါင်လေးတိုးဝင်လိုက်တိုင်း ကျွန်မရင်ထဲမှာ တလှပ်လှပ်နဲ့ နွေးခနဲပါပဲ၊ အဲဒီခံစားချက်ကို ကျွန်မ တော်တော်လေး သဘောကျခဲ့ရတယ်။

ဒါပေမဲ့ ချစ်သူရည်းစားဘဝ သုံးနှစ်၊ နောက်.. အခုလက်ရှိ အိမ်ထောင်သက် နှစ်နှစ်၊ စုစုပေါင်း.. အဲဒီငါးနှစ်ကျော်လာတော့ ကျွန်မသူ့အပေါ်မှာရော၊ သူ့နဲ့အတူ အိမ်ထောင်ရေးမှာရော တော်တော်လေးစိတ်ကုန်လာတယ်။ ကျွန်မဘက်ကလည်း ဒါကို ဝန်ခံရဲတယ်။ အရင့်အရင် သူ့အပေါ် ချစ်မိသွားအောင် နောက်ကနေ တွန်းတွန်းနေတဲ့ စိတ်တွေကပဲ အခုကျွန်မကို ဂနာမငြိမ်တာမျိုး မဖြစ်ဖြစ်အောင်လုပ်လာကြပြီ။ ပြောင်းလဲလာပြီ။

ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မကိုယ်တိုင်၌လဲ အချစ်နဲ့ ပတ်သက်လာရင် စိတ်ကူးယှဉ်ဆန်တဲ့သူ၊ နှလုံးသားရေးနဲ့ပတ်သက်လာရင် ထိလွယ်ရှလွယ် ဆတ်ဆတ်ထိမခံတဲ့သူပါ။ ငယ်ငယ်က.. သကြားလုံးတွေကို အငမ်းမရ စားတတ်သလိုပဲ၊ တစ်​ယောက်ယောက်နဲ့အတူ ရိုမက်တစ်ဆန်ဆန် နေရတာမျိုးဆိုရင် ကျွန်မ အရမ်းလိုချင်တယ်၊ မက်မောမိတယ်။

သူနဲ့.. ကျွန်မနဲ့ကျတော့ တကယ်ကို ဆန့်ကျင်ဘက်ပါပဲ။ သူ့ဆီမှာ ဘာစိတ်ကူးယဉ်စရာမှ မရှိဘူး၊ စိတ်ထဲ ကြည်နူးသွားစေမယ့် ပျော်စရာအခိုက်အတန့်ဆိုတာလဲ သူ့မှာ မရှိဘူး၊ မဖန်တီးတတ်ဘူး။ သူ အဲလို အေးအေးဆေးဆေး နေတာကပဲ အိမ်ထောင်ရေးအပေါ်မှာ ယုံကြည်ချက်တွေ ပိုမဲ့စေခဲ့တယ်။ ကျွန်မ သူ့အပေါ်မှာ တော်တော်ကို စိတ်ကုန်လာတာ။

တစ်နေ့သား ကျွန်မ သူနဲ့ ကွာရှင်းတော့မယ်ဆိုတာကို သူ့ကို ဖွင့်ပြောလိုက်တယ်။

“ ဘယ်လိုဘယ်လို ကွာရှင်းမယ် ဟုတ်လား.. ဘာလို့လဲ ” ရုတ်တရက် သွေးလန့်သွားတဲ့လေသံနဲ့ ကျွန်မကိုပြန်မေးတယ်။ သူမေးတော့ ကျွန်မပြန်ဖြေမိတယ်။ “ ရှေ့မဆက်ချင်တော့လို့.. ကျွန်မ ပင်ပန်းနေပြီ၊ လောကမှာ ဖြစ်ပျက်နေတဲ့ကိစ္စတိုင်းအတွက် အကြောင်းပြချက် ပေးနေစရာမှ မလိုတာလေနော်.. ”

ကျွန်မအဖြေကြားတော့ သူ့မျက်နှာပျက်သွားတယ်။ အဲဒီညတစ်ညလုံး ဘာစကားမှ သူမပြော၊ စီးကရက်လေး ဖွာရင်း တိတ်တိတ်ကလေး အတွေးနက်နေတာပဲ ထင်ပါရဲ့။ ကျွန်မကလဲ သူ့အပေါ်မှာ စိတ်ပျက်လက်စ စိတ်ပျက်နေတုန်းပဲ။

မြင်ယောင်ကြည့်၊ ယောက်ျားတစ်​ယောက် ဖြစ်နေပါရက်နဲ့ ဖြစ်နေတဲ့ပြဿနာကို ပြေလည်အောင် မရှင်းဘူး၊ အဲဒီလူဆီကနေ.. ကျွန်မ ဘာတွေများ မျှော်လင့်တောင့်တလို့ ရပါအုံးမလဲ။ အဲဒါနဲ့ နောက်ဆုံးကျမှ သူ စကားပြောလာတယ်.. “ မင်း.. စိတ်ကျေနပ်အောင် ဘာလုပ်ပေးရမလဲ ” တဲ့။

လူတစ်ယောက် ပြောဖူးတယ် “ လူတစ်ယောက်ရဲ့ပင်ကိုစရိုက်ကိုပြောင်းလဲဖို့ဆိုတာ.. တကယ်ဆိုရင် တော်တော်မလွယ်ကူနေဘူး ” တဲ့၊ သိပ်မှန်လိုက်တာ ရှင်။ ကျွန်မ သူ့ကို မယုံချင်တော့ဘူး။ ကျွန်မ သူ့မျက်လုံးကို ခပ်စူးစူးလေး ကြည့်ပြီး တစ်ခွန်းချင်း ပြောတယ်။

“ ရှင့်ကို ကျွန်မ တစ်ခုမေးမယ်၊ ရှင် ဖြေနိုင်ရင် မဟုတ်ဘဲ ကျွန်မနှလုံးသားကို နောက်တစ်ခေါက်.. ဖမ်းစားနိုင်တယ်ဆိုရင် ကျွန်မ စိတ်ကို ပြောင်းပေးမယ်၊ ရှင်နဲ့ မကွာရှင်းဘူးပေါ့လေ.. ”

“ ထားပါတော့၊ ကျွန်မက ချောက်ကမ်းပေါ်မှာ ပွင့်နေတဲ့ ပန်းတစ်ပွင့်ကို သိပ်လိုချင်တယ်၊ အဲဒီပန်းကို ရှင် သွားခူးရင် ရှင်သေသွားမယ်ဆိုတာ ရှင်ရောကျွန်မရော သိတယ်၊ အဲလိုဆို ကျွန်မအတွက်နဲ့ အဲဒီပန်းကို ရှင်.. သွားခူးပေးမှာလား.. ”

ခဏတော့ သူ ငြိမ်သွားတယ်။ ပြီးတော့မှ သူ ပြန်ဖြေတာက “ ကိုယ် မင်းရဲ့မေးခွန်းကို မနက်ဖြန်ကျရင် အ​ဖြေပေးမယ် ” တဲ့၊ သူ့စကားကြားတော့ ကျွန်မရဲ့ မျှော်လင့်ချက် တစ်စွန်းတစ်စတွေက သဲထဲရေသွန်သလို.. စုံစုံကြီး မြုပ်သွားတာပဲ။

တကယ်ဆို.. မင်းအတွက် ကိုယ့်အသက်ကိုတောင် ရင်းရဲတယ်၊ အဲဒီပန်းကို ရအောင်ခူးပေးမယ်လို့ သူ ဖြေသင့်တာလေ။ အေးဆေးတတ်လိုက်တာ ရှင်ရယ်။

နောက်တစ်နေ့ မနက်၊ ကျွန်မ အိပ်ရာက ထတော့ သူ မရှိဘူး။ ဖြစ်ကတတ်ဆန်း.. ဖြစ်သလိုလက်ရေးနဲ့ ရေးထားတဲ့ သူ့ရဲ့စာတစ်စောင်ကိုပဲ.. ထမင်းစား စားပွဲပေါ်က နို့ထည့်ထားတဲ့ ဖန်ခွက်အောက်မှာဖိပြီး ချန်ထားခဲ့တာကို တွေ့ရတယ်။

ကျွန်မ ဖတ်ကြည့်လိုက်တော့ “ ချစ်ဆုံးရေ.. ကိုယ်.. မင်းအတွက်နဲ့ အဲဒီပန်းကို ခူးပေးနိုင်မှာ မဟုတ်ဘူး၊ ပန်းခူးပြီး ကိုယ်လဲ အသေမခံနိုင်ဘူးလေနော်၊ ဘာလို့ အသေမခံနိုင်တာလဲဆိုတာကိုတော့ ကိုယ် မင်းကို ရှင်းပြမယ် ” သူ့စာရဲ့ပထမစာကြောင်းကို ဖတ်ဖတ်ချင်း ကျွန်မ အသည်းတွေ တစစီ ကွဲသလို ခံစားလိုက်ရတယ်။ ချစ်တဲ့ယောက်ျားက အဲလို ငြင်းတာ ဘယ်သူများ မခံစားနိုင်ဘဲ နေပါ့မလဲ ရှင်။

ဒါပေမဲ့ စာကို ဆက်ဖတ်ကြည့်လိုက်တယ်။

“ ဒီမယ် မိန်းမရေ.. မင်း ကွန်ပျူတာ သုံးတိုင်း ဆော့ဝဲတွေနဲ့ရှုပ်ယှက်ခတ်လို့ ဘာလုပ်ရမယ်မှန်းမသိဘဲ ငိုနေတဲ့အခါ မင်းရဲ့ ဆော့ဝဲတွေကို နေရာတကျ ပြန်ထားပေးဖို့ ကိုယ့်ရဲ့ လက်ချောင်းလေးတွေ ရှိနေဖို့လိုတယ် ”

“ မိန်းမ..၊ မင်း အပြင်တွေ ဘာတွေသွားရင် အိမ်သော့ကို ခဏခဏ မေ့တယ်လေ။ ဒီ့အတွက်ပဲ.. မင်းလာရင် တံခါးလေး ပြေးဖွင့်ဖို့ ကိုယ့်ရဲ့ခြေထောက်တွေ သန်မာနေဖို့ လိုတယ် ”

“ မင်းက ခရီးတွေ ပတ်သွားရတာ ပျော်တတ်သလောက် နေရာသစ်တွေ ရောက်ရင် အမြဲလိုလို လမ်းပျောက်တတ်တယ်၊ ဒီအတွက်ကြောင့် မင်းကို ကောင်းကောင်း လမ်းပြပေးဖို့ ကိုယ့်မျက်လုံးတွေပါ ကောင်းနေမှ ရမယ် ”

“ မင်းက ရာသီလာလို့ရှိရင် အမြဲတမ်း နာကျင်နေတတ်တဲ့သူလေ၊ အဲဒီအချိန် မင်းရဲ့ချက်နားတစ်ဝိုက်ကို ဆေးလေးလူးဖို့ ကိုယ့်လက်ဖဝါးတွေလဲ ကောင်းနေမှပဲ ရလိမ့်မယ် ”

“ အိမ်ထဲမှာ အိမ်တွင်းအောင်းရတာကြိုက်တဲ့ မင့်အတွက် မပျင်းအောင် မငြီးအောင် ရယ်စရာ ဟာသလေးတွေပြောဖို့ ကိုယ့်ပါးစပ်လဲ ရှိနေမှ ဖြစ်လိမ့်မယ် ”

“ မင်းက ကွန်ပျူတာဆို စိုက်ကြည့်တတ်တယ်။ ဒီအကျင့်က မင့်မျက်လုံးအတွက် မကောင်းဘူး၊ ဒါ့ကြောင့်ပဲ တို့နှစ်ယောက် အရွယ်လင့်လို့ အိုလာတဲ့အခါ မင်းရဲ့လက်သည်းတွေကို ညှပ်ဖို့၊ မင်းရဲ့ ဆံပင်ဖြူတွေကို.. ကိုယ် နှုတ်ပေးဖို့ ကိုယ့်ရဲ့ မျက်လုံးတစ်စုံကို ကောင်းအောင် လုပ်ထားရအုံးမယ်.. ”

“ နောက်ပြီး နေခြည်နုနုနဲ့ သဲသောင်ပြင်ကြီးကို ခံစားကြဖို့ တို့ ကမ်းခြေမှာ လမ်းလျှောက်အခါ ပန်းပွင့်လေးတွေရဲ့အရောင်ကြောင့် မင်းမျက်နှာ ဝင်းလက်နေတဲ့အကြောင်းကို တယုတယပြောပြဖို့ ကိုယ်ရှိနေနှင့်မှပဲ ဖြစ်ပါလိမ့်မယ် ”

“ ချစ်ဆုံးရေ.. မင်းအပေါ် ကိုယ့်ထက်ပို ချစ်ပေးနိုင်မယ့်လူ ရှိမရှိ ကိုယ်မသိဘူး.. ဒီလို မသေချာဘဲနဲ့ အဲဒီပန်းကို ခူးပြီး ကိုယ် မသေပါရစေနဲ့.. အသေမခံပါရစေနဲ့.. ”

ကျွန်မ မျက်ရည်စက်တွေ စာရွက်ပေါ် ကျသွားတယ်။ သူ့စာပေါ်က မင်နဲ့ရေးထားတဲ့စာလုံးတွေဆို မင်ကွက်ကြီးပါ ဖြစ်လို့။ စာမဆုံးသေးတော့ ကျွန်မ ဆက်ဖတ်နေတုန်းပဲ။

“ ကယ်.. မိန်းမ၊ ဒါ ကိုယ့်ရဲ့ အဖြေပါ။ ကိုယ့်စာကို ဖတ်ပြီးသွားလို့ ကိုယ့်အ​ဖြေကို မင်းသဘောကျတယ်ဆိုရင် တံခါးဖွင့်ထားပေးပါနော်၊ ကိုယ် မင်းကြိုက်တတ်တဲ့ ပေါင်မုန့်နဲ့ နွားနို့လဲ ဝယ်လာပေးတယ်။ ” ကျွန်မ လက်ထဲက စာကို ချပြီး တံခါးနား အပြေးသွားလိုက်တယ်။

တံခါးလေး ပွင့်လာတော့ သူ့မလယ် မျက်နှာငယ်လေးနဲ့။ သူ့လက်ထဲမှာလဲ နွားနို့နဲ့ပေါင်မုန့်ကို တင်းတင်းလေး ကိုင်ထားတာ.. တွေ့ရတယ်။ အခု.. ကျွန်မ နားလည်သွားပါပြီ၊ သူ့လောက်.. ကျွန်မအပေါ်မှာ ဘယ်သူမှ မချစ်ပေးနိုင်ဘူးဆိုတာ ကျွန်မသဘောပေါက်သွားပြီ။

ချောက်ကမ်းပါးပေါ်မှာ ပွင့်နေတဲ့ ပန်းကိုလည်း ကျွန်မ ဒီတိုင်းထားဖို့ ဆုံးဖြတ်လိုက်တယ်။ တကယ်တမ်း အချစ်ဆိုတာမျိုးက ပုံစံအမျိုးမျိုးနဲ့ ရှိနေတတ်တာမျိုးပါ။ ပျင်းစရာကောင်းတဲ့ အချစ်မျိုးလဲ ရှိသလို၊ အမြဲလိုလို စိတ်လှုပ်ရှားနေရင်လဲ အချစ်မဟုတ်ဘူး။

ပန်းတွေပေးတာ၊ ရိုမက်တစ်ဆန်တဲ့အခိုက်အတန့် ဖန်တီးတာမျိုးက အိမ်ထောင်တစ်ခုမှာ တကယ်ဆိုရင် အပေါ်ယံအလွှာပဲ ရှိသေးတယ်။ အဲဒီအပေါ်ယံတွေရဲ့ အောက်မှာ.. အချစ်စစ်ရဲ့ ဒေါက်တိုင်ဆိုတာ ရှိတယ်။ သေးသေးမွှားမွှားဂရုစိုက်တာကစ နောက်ဆုံးအချိန်ထိ အတူတူ မျှဝေခံစားသွားရမယ့် အရာတွေအဆုံး။

တကယ်တော့ အချစ်ဆိုတာ တစ်ယော​က်နဲ့တစ်ယောက် အနိုင်ရဖို့ သူအပြိုင် ကိုယ်အ​ပြိုင် ငြင်းခုန်နေရတဲ့ စကားတွေထက် အများကြီး ပိုသာပါတယ်။

မူရင်း Elite reader ရဲ့ ဝတ္ထုကို ဆီလျော်အောင် ဘာသာပြန်ထားတာပါ။

ဘုန်းမောင်ဦး
နိုဝင်ဘာ ၁၁၊ ၂၀၂၄။

#ချောက်ကမ်းပါးပေါ်မှာ_ပွင့်တဲ့ပန်း

02/11/2024
30/10/2024
28/10/2024
အသီးကို ကြိုက်သလိုအရွက်ကိုလည်း ကြိုက်တယ်။ကျန်းမာရေးအတွက်ဒီလောက်အကျိုးပြုမှန်းခုမှသိတယ်။
25/10/2024

အသီးကို ကြိုက်သလို
အရွက်ကိုလည်း ကြိုက်တယ်။
ကျန်းမာရေးအတွက်
ဒီလောက်အကျိုးပြုမှန်းခုမှသိတယ်။

✅ ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး ✅✅

ကြက်ဟင်းခါးသီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။
✅ ရေဓာတ်
✅ ပရိုတင်း
✅ အဆီ
✅ ကာဗိုဟိုက်ဒရိတ်
✅ အမျှင်ဓာတ်
✅ ကယ်လ်ဆီယမ်
✅ သံဓာတ်
✅ မဂ္ဂနီဆီယမ်
✅ ဖော့စဖရိတ်
✅ ပိုတက်ဆီယမ်
✅ ဆိုဒီယမ်
✅ ဇင့်
✅ ဗီတာမင် C တို့ ပါဝင်နေပါတယ်။

အရသာ ခါးသက်သက်ရှိတဲ့ ကြက်ဟင်းခါးသီးက ဝိတ်ကျစေနိုင်တယ်။
ကြက်ဟင်းခါးသီးက ၁၀၀ ဂရမ်မှာမှ ကယ်လ်လိုရီ ၁၇ ရာခိုင်နှုန်းပဲပါဝင်တာဖြစ်ပြီး နေ့တိုင်းစားရင်တောင် အဆီမတက်စေနိုင်ပါဘူး။ အစာခံတာကြောင့် ခဏခဏစားမိတာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါ။ ကြက်ဟင်းခါးသီးကို တစ်လဆက်တိုက်စားပေးမယ်ဆိုရင် ခါးဆိုဒ် ၁.၃ စင်တီမီတာအထိကျနိုင်ပါတယ်၊ လို့ လေ့လာမှုတစ်ရပ်အရသိရပါတယ်။

✅ ကင်ဆာ ကာကွယ်ပေးနိုင်တယ် ✅
ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ free radicals ကြောင့် ထိခိုက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကြက်ဟင်းခါးသီးအရည်က ပန်ကရိယကင်ဆာ နဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။
အရိုးဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးတယ်
ကြက်ဟင်းခါးသီးမှာ ဗီတာမင် K နဲ့ ဗီတာမင် C တို့ပါဝင်နေတာကြောင့် ကယ်လ်ဆီယမ်စုပ်ယူမှုကောင်းစေပြီး အရိုးတွေကို ကျန်းမာစေနိုင်ပါတယ်။ အရိုးသိပ်သည်းဆကို ကောင်းစေပြီး အရိုးပွတာ၊ အရိုးပါးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

✅ ဆီးချို ကာကွယ်ပေးတယ် ✅
ကြက်ဟင်းခါးသီးကြိတ်ရည်က သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။ အင်ဆူလင်တုံ့ပြန်မှုကိုကောင်းစေနိုင်တယ်။ ဒါကြောင့် ဆီးချိုကို ကုသဖို့အတွက်ရော ကာကွယ်ဖို့အတွက်ပါ ကြက်ဟင်းခါးသီးကို သုံးပေးလို့ရပါတယ်။

✅ ကိုလက်စထရော ထိန်းညှိပေးတယ် ✅
ကြက်ဟင်းခါးသီးရဲ့ အဆီအနှစ်က သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေပြီး အကျိုးပြုကိုလက်စထရောပမာဏကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။

✅ ချွဲပျော်စေတယ် ✅
ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် အသက်ရှူလမ်းကြောင်း တလျှောက်နဲ့ အဆုတ်ထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

✅ ဝမ်းချုပ်တာ သက်သာစေတယ် ✅
ကြက်ဟင်းခါးသီးမှာ အမျှင်ဓာတ် နဲ့ ရေဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဝမ်းချုပ်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

✅ အစာခြေစနစ် ကျန်းမာစေတယ် ✅
အမျှင်ဓာတ် ကြွယ်ဝမှုက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေနိုင်သလို အစာခြေစနစ် ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

✅ အစာစားချင်စိတ် တိုးစေနိုင်တယ် ✅
ကြက်ဟင်းခါးသီးရဲ့ ခါးသက်သက် အရသာက အစာစားချင်စိတ်ကို တိုးစေနိုင်ပြီး ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

✅ အစာကြေစေနိုင်တယ် ✅
အမျှင်ဓာတ် ပါဝင်နေသလို ရေဓာတ်လည်း ပါဝင်နေတာကြောင့် အစာကြေစေနိုင်ပါတယ်။

✅ အသည်း ကျန်းမာစေတယ် ✅
ရေဓာတ် ကြွယ်ဝမှုက အသည်း ကျန်းမာစေဖို့ ထောက်ကူပေးသလို ဇင့်ဓာတ် ကြွယ်ဝတာကလည်း အသည်းကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

✅ ဝမ်းပျက်ဝမ်းလျှော သက်သာစေတယ် ✅
ကြက်ဟင်းခါးသီး ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုက ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်တာပါ။

✅ အော့အန်တာ သက်သာစေတယ် ✅
အော့အန်တာ၊ အစားမှားတာကြောင့် ပျို့အန်တာကို သက်သာစေဖို့ဆိုရင်လည်း ကြက်ဟင်းခါးသီးကို စားပေးလို့ ရပါတယ်။

✅ လေဖြတ်နိုင်ခြေ နည်းစေတယ် ✅
သွေးကြောတွေကို ကျန်းမာစေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပြီး လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

✅ သွေးသန့်စေတယ် ✅
အခါးဓာတ်ပါတဲ့ ကြက်ဟင်းခါးသီးက သွေးသန့်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

✅ သွေးတွင်းသကြားဓာတ် ထိန်းပေးနိုင်တယ် ✅
အခါးဓာတ်ပါတဲ့ ကြက်ဟင်းခါးသီးက သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပြီး ဆီးချိုကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဆီးချိုနောက်ဆက်တွဲ ကျန်းမာရေပြဿနာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

✅ အရိုးတွေ သန်မာစေတယ် ✅
ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေနိုင်ပါတယ်။

✅ အရေပြား ကျန်းမာစေတယ် ✅
ဗီတာမင် C ကြွယ်ဝတာက အရေပြားကို ကျန်းမာစေနိုင်ပါတယ်။

✅ ကင်ဆာ ကာကွယ်ပေးတယ် ✅
ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာက ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

✅ ရေဓာတ် ပြည့်ဝစေတယ် ✅
ရေဓာတ် ကြွယ်ဝတာကြောင့် ကိုယ်တွင်းရေဓာတ်ကို ပြည့်ဝစေနိုင်ပါတယ်။

✅ ကိုယ်ခံအား ကောင်းစေတယ် ✅
ဗီတာမင် C နဲ့ ဇင့်ဓာတ်ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

✅ ✅ ဒါကြောင့် တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ်လောက်တော့ ဆေးဖြစ်ဝါးဖြစ် ကြက်ဟင်းခါးသီးလေးကို စားပေးဖို့ တိုက်တွန်းပါရစေ။ ✅ ✅

hellosayarwon မှ ကူးယူမျှဝေပါသည်။

#ကြက်ဟင်းခါးသီး

Address

Kamayut

Website

Alerts

Be the first to know and let us send you an email when Zippy Thoughts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share