မြတ်သဒ္ဓါ သင်္ကန်း - Tai Loan

  • Home
  • Myanmar
  • Hsipaw
  • မြတ်သဒ္ဓါ သင်္ကန်း - Tai Loan

မြတ်သဒ္ဓါ သင်္ကန်း - Tai Loan GOOD

မိတ်ဟောင်း မိတ်သစ်များခင်ဗျာ အကြောင်းကြောင်းကြောင့် ပုံတွေမတင်ဖြစ်ပေမဲ့ ပုံမှန်တိုင်း မိတ်ဟောင်း မိတ်သစ်တို့အတွက် စဥ်ဆက်...
22/01/2025

မိတ်ဟောင်း မိတ်သစ်များခင်ဗျာ အကြောင်းကြောင်းကြောင့် ပုံတွေမတင်ဖြစ်ပေမဲ့ ပုံမှန်တိုင်း မိတ်ဟောင်း မိတ်သစ်တို့အတွက် စဥ်ဆက်မပျက် ကြိုးစားနေဆဲဖြစ်ကြောင်းပါ ခင်ဗျာ

မိတ်သစ် မိတ်ဟောင်းများ မန်းရွှေမြို့ မှာ ရယူနိုင်ပါတယ်နော်
09/07/2024

မိတ်သစ် မိတ်ဟောင်းများ မန်းရွှေမြို့ မှာ ရယူနိုင်ပါတယ်နော်

ငိၼ်းၸူမ်းၶွပ်ႈၸႂ်ထိုင်တီႈဢၼ်မႃးပၼ်ႁႅင်း          သၢင်ႇၵၢၼ်း ``တႆးလူင်´´ႁဝ်း​တေႉယဝ်ႉၶႃႈအများကြီးအားပေးကြလို့အများကြီးကျေ...
30/07/2023

ငိၼ်းၸူမ်းၶွပ်ႈၸႂ်ထိုင်တီႈဢၼ်မႃးပၼ်ႁႅင်း သၢင်ႇၵၢၼ်း ``တႆးလူင်´´ႁဝ်း​တေႉယဝ်ႉၶႃႈ

အများကြီးအားပေးကြလို့အများကြီးကျေးဇူးတင်
ပါတယ်ရှင့်

 #သင်္ကန်း အဓိပ္ပာယ်ကို သိလိုပါသည်။ဘုန်းဘုန်း ဘုရား၊ သင်္ကန်း၏ အဓိပ္ပာယ်နဲ့ ချုပ်လုပ်ပုံကို သိလိုပါသည် ဘုရား။ ဘုန်းဘုန်း...
04/06/2022

#သင်္ကန်း အဓိပ္ပာယ်ကို သိလိုပါသည်။

ဘုန်းဘုန်း ဘုရား၊ သင်္ကန်း၏ အဓိပ္ပာယ်နဲ့ ချုပ်လုပ်ပုံကို သိလိုပါသည် ဘုရား။ ဘုန်းဘုန်းတို့ ဝတ်ရုံသော သင်္ကန်းသည် မည်သို့ ပေါ်ပေါက် လာခဲ့ပါသနည်း။ မြတ်စွာ ဘုရားလည်း ယခုခေတ် ရဟန်း သံဃာများ ဝတ်ရုံတဲ့ သင်္ကန်းမျိုးကိုပဲ ဝတ်ရုံခဲ့ပါသလား။ နောက်ပြီး သီလရှင်ကို ဝါဆိုသင်္ကန်း ကပ်လှူလို့ ရနိုင် မရနိုင်ကိုလည်း သိလိုပါ သည် ဘုရား။

မြင့်မြတ်ဦး (နွေသစ္စာ)
------------------------

#အဓိပ္ပာယ်

'စီရတော ဝရံ စီဝရံ'အရ ရသေ့ အဝတ်ထက် မြတ်တဲ့အတွက် သင်္ကန်းလို့ ခေါ်တယ်။ တန်ဖိုးပျက်ခြင်း (အပိုင်းပိုင်း ဖြတ်ထားလို့)၊ နူးညံ့မှု ပျက်ခြင်း (စပ်ပြီး ချုပ်ထားလို့)၊ အရောင်းအဆင်း ပျက်ခြင်း (သစ်ခေါက် ဆေးနဲ့ ဆိုးထားရလို့) အဲဒီလို ဖျက်ထားတာ သုံးမျိုး ရှိတဲ့ အတွက် သင်္ကန်းကို 'ဘိန္န.ပဋ'လို့လည်း ခေါ်တယ်။ ရဟန္တာ ပုဂ္ဂိုလ်တို့ရဲ့ အလံတံခွန်နဲ့ တူလို့ ပါဠိလို 'အရဟတ္တ.ဓဇ'လို့လည်း ခေါ်တယ်။ သာမန် အနေနဲ့တော့ ဗုဒ္ဓသာသနာမှာ နေထိုင်တဲ့ ရဟန်း၊ ရဟန်းမ၊ သာမဏေ၊ သာမဏေမတို့ သုံးဆောင်တဲ့ အဝတ် အစားတွေကို သင်္ကန်း ခေါ်တယ်လို့ မှတ်ဖို့ပါ။

#သူ့တန်ဖိုး

အကျင့်အနေနဲ့ အဆင့်မြင့်ပေမယ့် သောတာပန် သကဒါဂါမ် အနာဂါမ် အရိယာအဆင့်ကို ရောက်နေတဲ့ လူဝတ်ကြောင်ဟာ သင်္ကန်းရဲ့ တန်ခိုးကြောင့် ယနေ့ ပြုသစ်စ ရှင်သာမဏေကို ရှိခိုး အရိုအသေ ပြုရတယ် (သုတ္တနိ-ဋ္ဌ ၁၊ ၂၆၁)။ ရဟန္တာကတော့ လူဝတ်ကြောင် အဖြစ်နဲ့ ကြာကြာ မတည်နိုင်ဘူး၊ ရဟန်းပြု ဒါမှမဟုတ် သက်တမ်း ကုန်ချိန်နဲ့ ကြုံရတယ်။ လမ်းဘေးမှာ စွန့်ပစ်ထားတဲ့ မစင်တွေ ပေကျံနေတဲ့ သင်္ကန်းကိုပင် လက်အုပ်ချီပြီး အရိုအသေ ပြုရမယ်။ ဘာလို့ဆို ပွင့်ပြီး ပွင့်ဆဲ ပွင့်လတံ့ ဘုရားရှင်တွေဟာ ဒီသင်္ကန်းကိုပဲ ဝတ်ရုံကြလို့ပါပဲ (အပဒါန ၁၊ ၅၂။ အပဒါန-ဋ္ဌ ၁၊ ၃၃၁)။

#အပ်မအပ်

'ခုံချည်သင်္ကန်း၊ ဝါချည်သင်္ကန်း၊ ပိုးချည်သင်္ကန်း၊ သိုးမွှေးသင်္ကန်း၊ ဘန်ချည်သင်္ကန်း၊ အဲဒီ ချည်တွေကို ရောပြီး ရက်တဲ့ သင်္ကန်း'လို့ ဗုဒ္ဓ ခွင့်ပြုတဲ့ သင်္ကန်း ၆-မျိုး (ဝိ ၃ ၃၉၄)၊ ဒါ့အပြင် 'ဘွဲ့ဖြူသင်္ကန်း၊ ပဋုဏ္ဏအရပ် သောမာရ အရပ်မှာ လုပ်တဲ့ သင်္ကန်း၊ စိန့်တိုင်း (တရုတ်)ဖြစ် သင်္ကန်း၊ တန်ခိုးကြောင့် ဖြစ်တဲ့ သင်္ကန်း၊ နတ်လှူတဲ့ သင်္ကန်း'လို့ သံဂါယနာတင် မထေရ်တို့ရဲ သဘောတူချက်နဲ့ ဝတ်ရုံခွင့်ရှိတဲ့ အလားတူ သင်္ကန်း ၆-မျိုး (ဝိ-ဋ္ဌ ၃၊ ၃၈၅)။ အဲဒီ သင်္ကန်း ၁၂-မျိုးကို ရဟန်း သာမဏေတို့ ဝတ်ရုံကောင်းတယ်။

'သမန်းမြက် သင်္ကန်း၊ လျှော်တေ သင်္ကန်း၊ ပျဉ်ချပ် သင်္ကန်း၊ လူ့ဆံပင်နဲ့ ရက်တဲ့ သင်္ကန်း၊ သားမြီးနဲ့ ရက် တဲ့ သင်္ကန်း၊ သစ်နက်ရေနဲ့ လုပ်တဲ့ သင်္ကန်း၊ မရိုးမင်နဲ့ ရက်တဲ့ သင်္ကန်း၊ သစ်ပန်းမျှင်နဲ့ ရက်တဲ့ သင်္ကန်း၊ သားရေ သင်္ကန်း၊ သစ်ခေါက် သစ်ခွံ သစ်သားနဲ့ လုပ်တဲ့ သင်္ကန်း၊ နွယ်နဲ့ ရက်တဲ့ သင်္ကန်း၊ ငှက်ပျောလျှော် နဲ့ ရက်တဲ့ သင်္ကန်း၊ ဝါးနဲ့ လုပ်တဲ့ သင်္ကန်း .. စသည်'တွေကို မဝတ်ကောင်း (ဝိ ၃၊ ၄၂၃)။

အရောင်အနေနဲ့ 'လုံးဝ ညို ရွှေ နီ မောင်း မည်းနက်'တဲ့ အရောင်၊ ကင်းခြေများရဲ့ ကျောကုန်းရောင်၊ ပဒုမ္မာ ကြာရောင် စသည်ကို မဝတ်ရ (ဝိ ၃၊ ၄၂၂)။ ဒါပေမယ့် လုယက် ခိုးဝှက် ခံရနေစဉ်မှာတော့ သင်္ကန်း အားလုံးကို ဝတ်ရုံကောင်းတယ် (ခုဒ္ဒသိက္ခာ၊ ၅၇-ဂါထာ)။

#ချုပ်လုပ်ပုံ

ရာဇဂြိုဟ်မြို့မှ ဒက္ခိဏဂိရိ ဇနပုဒ်သို့ ကြွစဉ် ကန်သင်းရိုးတွေနဲ့ ၄-ထောင့်ကွက် ဖော်ထားတဲ့ လယ်ကွက် တွေကို နမူနာပြပြီး မြတ်ဗုဒ္ဓက အရှင်အာနန္ဒာကို သင်္ကန်း ချုပ်လုပ်စေတယ်။ ပညာရှိ အရှင်အာနန္ဒာက အနားပတ်၊ တရုတ်မြောင်းရှည်၊ တရုတ်မြောင်းတို၊ အခန်းကြီး၊ အခန်းငယ်၊ ခေါင်စပ် စသည်ထည့်ပြီး ခိုင်ခံ့ ပြီး ကြာရှည်ခံအောင် ချုပ်လုပ်တော်မူလို့ လက်ရှိ သင်္ကန်း ပုံသဏ္ဌာန်မျိုး ဖြစ်လာတယ် (ဝိ ၃၊ ၄ဝဝ)။ နောင်အခါ အရှင်အာနန္ဒာ ဆွမ်းခံဝင်စဉ် လေတိုက်လို့ သင်္ကန်း လွင့်တဲ့အတွက် ကမ္ပတ်သီး၊ ကမ္ပတ်ကွင်း၊ ကမ္ပတ်သီးအိမ်၊ ကမ္ပတ်ကွင်းအိမ်တွေကို ထည့်ချုပ်ဖို့ ခွင့်ပြုပြန်တယ် (ဝိ ၄၊ ၂၇၇)။

သင်္ကန်း ချုပ်တဲ့အခါ ပိတ်စကို အနည်းဆုံး ၅-ပိုင်း ဖြတ်ရတယ်။ မဖြတ်ရင် ဖြစ်စေ အဲဒီ ပမာဏနဲ့ အဖြတ် နည်းရင် ဖြစ်စေ မအပ် (ဝိ ၃၊ ၃၅၃)။ ကိုယ်ဝတ် သင်္ကန်း ဖြစ်ရင် အလျား ၅-တောင်နဲ့ တောင်ဆုပ်၊ အနံ ၃-တောင်နဲ့ တောင်ဆုပ် ရှိရတယ်။ သင်းပိုင် ဖြစ်ရင် အလျား တူပြီး အနံ ၂-တောင်ထွာ သို့မဟုတ် ၂-တောင် ရှိရတယ်။ အကြီးဆုံး အနေနဲ့ မြတ်စွာဘုရား သင်္ကန်းတော် ပမာဏ ရှိရတယ် (ဝိ-ဋ္ဌ ၂၊ ၂၂၆)။ မြတ်စွာ ဘုရားရဲ့ သင်္ကန်းတော်က မြတ်စွာဘုရား အထွာနဲ့ အလျား ၉-ထွာ (၄-တောင်ထွာ)၊ အနံ ၆-ထွာ ( ၃-တောင်) ရှိတယ်။

'ဘုရားတစ်ထွာ မဇ်သုံးထွာ' (ဗုဒ္ဓရဲ့ တစ်ထွာဟာ ယနေ့ လူသားရဲ့ တစ်တောင့်ထွာ ရှိတယ်) ဆိုတဲ့ အယူအဆကို မဟာဂန္ဓာရုံ ဆရာ တော်ကြီး နှစ်သက်တော် မမူ။ ယုတ္တိနဲ့ ဝေးလွန်းလို့ ဖြစ်ဖွယ်ရှိပါတယ်။ မြတ်ဗုဒ္ဓရဲ့ အထွာဟာ လူသာမန်တို့ထက် အတော်အတန် သို့မ ဟုတ် သိသိသာသာ ကြီးတယ်လို့ ယူရင်တော့ သိပ္ပံခေတ်မှာ အငြင်းပွားမှု နည်းမယ်လို့ ယူဆပါတယ်။

#သင်္ကန်း ၁၁-မျိုး
သင်းပိုင်၊ ကိုယ်ရုံ၊ ဒုကုဋ် (နှစ်ထပ်သင်္ကန်း)လို့ မူလခွင့်ပြု သင်္ကန်း ၃-မျိုး၊ ရေသနုပ် (မိုးရေခံသင်္ကန်း)၊ နိသီဒိုင် (ထိုင်းတဲ့အခါ ခင်းတဲ့ သင်္ကန်း)၊ အိပ်ရာခင်း သင်္ကန်း၊ အနာလွှမ်း သင်္ကန်း၊ မျက်နှာသုတ် သင်္ကန်း (မျက်နှာသုတ် ပဝါ)၊ ပရိက္ခရာစောဠ (ရေစစ်၊ သပိတ်အိတ် စတဲ့ အဝတ်စ အတိုအထွာ)လို့ နောက်ခွင့်ပြု သင်္ကန်း ၆-မျိုး။ ပေါင်း သင်္ကန်း ၉-မျိုး ရှိတယ် (ဝိ ၃၊ ၄၁၁)။

ဒါ့အပြင် .. ရဟန်းမိန်းမတို့ အတွက် သီးသန့် ခွင့်ပြုတဲ့ ဥတုနှီးသင်္ကန်း (ဓမ္မတာပေါ်စဉ် ဝတ်တဲ့ သင်္ကန်း)၊ ရင်လွှမ်း သင်္ကန်း (ညှပ်ရိုး အောက်၊ ချက်အထက် နေရာကို ဖုံးရန် ခွင့်ပြုတဲ့ သင်္ကန်း)လို့ သင်္ကန်း ၂-မျိုး (ဝိ ၂၊ ၃၉၉။ ၄၆၁)။ ဒါကြောင့် ရဟန်း ယောက်ျားအဖို့ သင်္ကန်း ၉-မျိုး၊ ရဟန်းမိန်းမအဖို့ သင်္ကန်း ၁၁-မျိုးလို့ မှတ်နိုင်တယ်။

#သင်္ကန်းဦး

မြတ်ဗုဒ္ဓ ဝါနှစ်ဆယ် မတိုင်ခင်က ရဟန်းတွေ ပံသုကူသင်္ကန်း (သုသာန် စသည်မှာ လူတွေ စွန့်ထားတဲ့ အဝတ်အပိုင်း အစတွေကို စပ်ချုပ်ထားတဲ့ သင်္ကန်း)ကိုပဲ သုံးဆောင်တယ်။ ဝါနှစ်ဆယ် ကျော်မှ ဆေးဆရာ ဇီဝက တောင်းပန်လို့ လူတွေ လှူတဲ့ သင်္ကန်း (ဂဟ.ပတိ.စီဝရ)ကို ခွင့်ပြုတော်မူတယ် (ဝိ ၃၊ ၃၉၂)။ ဒက္ခိဏာ ဝိဘင်္ဂသုတ် အဖွင့် (မ-ဋ္ဌ ၄၊ ၂၁၉) အရ မြတ်ဗုဒ္ဓ ရဟန်းတစ်ဝါ အရမှာ မိထွေးတော် ဂေါတမီက မြတ်ဗုဒ္ဓ အတွက် သင်္ကန်လျာ အဝတ် တစ်စုံကို ကိုယ်တိုင် ရက်ချုပ် လှူဒါန်းတယ်။ 'ဒုဿယုဂ' (= အဝတ် တစ်စုံ' လို့ ဆိုတဲ့ အတွက် အပေါ်ဝတ်နဲ့ အောက်ဝတ် ဖြစ်ဖွယ်ရှိတယ်။

ဒါကြောင့် 'ဂဟ.ပတိ.စီဝရ'ကို ခွင့်မပြုခင် အဦးဆုံး သင်္ကန်း လှူသူဟာ လူသား အနေနဲ့ မိထွေးတော် ဖြစ်ဖွယ် ရှိပြီး၊ ခွင့်ပြုပြီးမှ သင်္ကန်း လှူသူတွေအနက် ဆေးဆရာ ဇီဝကဟာ အဦးဆုံး ဖြစ်ဖွယ် ရှိတယ်။

#ဗုဒ္ဓသင်္ကန်း

မြတ်ဗုဒ္ဓ တောထွက်လာစဉ်က ဃဋိကာ ဗြဟ္မာလှူတဲ့ သင်္ကန်းရဲ့ ပုံသဏ္ဌာန် ချုပ်ပုံချုပ်နည်း အရောင် အတိုင်းအတာ စသည်ကို ကျမ်းဂန် မှာ ရှာဖွေဆဲပါ။ အတိအကျ မတွေ့ဖူးပေမယ့် ရဟန်းတွေရဲ့ သင်္ကန်းနဲ့ ပရိဗိုဇ် တွေရဲ့ ဝတ်ရုံ ခွဲခြားမရ ဖြစ်ဖူးတဲ့ သာဓက (ဝိ ၂၊ ၁၅၈) အရ အဲဒီ ခေတ်အချိန်က တောထွက်ပြီး မောက္ခကို ရှာကြတဲ့ သူတော်စင်တို့ရဲ့ ဝတ်ရုံမျိုး ဖြစ်မယ်လို့ပဲ ယူဆပါတယ်။ ပံသုကူ သင်္ကန်း ကိုပဲ ဝတ်ရုံကြတဲ့ ဗုဒ္ဓသာသနာ ပထမ နှစ်နှစ်ဆယ်အတွင်း ရဟန်းတော်တွေရဲ့ သင်္ကန်းဟာ အတိုင်းအတာ ချုပ်စပ်ပုံ မတူတာ ရှိနိုင်ပေ မယ့် အရောင် အနေနဲ့တော့ နီးစပ်စွာ တူညီဖွယ်ရှိတယ်။ 'ဂဟ.ပတိ.စီဝရ'ကို ခွင့်ပြုပြီး နောက်မှ ပုံစံကျပြီး ယနေ့ခေတ် သင်္ကန်း ပုံစံမျိုး အနီးစပ်ဆုံး ဖြစ်လာတဲ့အတွက် မြတ်ဗုဒ္ဓလည်း အဲဒီပုံစံကျ သင်္ကန်းကို ဝတ်ရုံခဲ့ဖွယ် ရှိမယ်လို့ ယူဆပါတယ်။

#သင်္ကန်းလှူကျိုး

တဘော်ဆင်မြန်း၊ ဝတ်သင်္ကန်းကို၊ လှူဒါန်းသည့်သူ၊ အဆင်းလှူတည့်၊ နတ်လူတို့ဘောင်၊ ဖြစ်တိုင်းနောင်ဝယ်၊ အခေါင်ဦးစွန်း၊ ကိုယ်ရောင် ထွန်း၍၊ တုကျွန်းလွတ်ကွာ၊ မယ်ဥမ္မာနှင့်၊ ပဘာဝတီ၊ နတ်တပြည်သို့၊ အညီနှိုင်းရှိ၊ လှခေါင်ထိလိမ့် (မဃဒေဝ၊ ပိုဒ်-၅ဝ၇)။ ကိံဒဒသုတ်နဲ့ ယင်းအဋ္ဌထကာနှင့် အညီဖွဲ့ဆိုတဲ့ စာပါ (သံ ၁၊ ၂၉။ သံ-ဋ္ဌ ၁၊ ၇၈)။ အဓိပ္ပာယ် ပေါ်လွင်ပါတယ်။

တစ်နည်း .. အပဒါန် ပါဠိတော်အရ 'အသားအရေ ရွှေလိုဝင်းခြင်း အညစ်အကြေး ကင်းခြင်း၊ ကိုယ်က အရောင်ထွက်ခြင်း၊ ဘုန်းကြီးခြင်း၊ ကိုယ်လုံးကိုယ်နေ ပြေပြစ်ခြင်း၊ အဖိုးတန် အဝတ်များကို သုံးဆောင်ရခြင်း (အပဒါန ၁၊ ၃၅၈)'လို့ အကျိုး ၈-မျိုး။

တစ်နည်း .. အမျိုးသမီးတွေ ဝိသာခါနှင့် ဗန္ဓုလ စစ်သူကြီးရဲ့ဇနီး မလ္လိကာတို့လို 'မဟာလတာ'လို့ ခေါ်တဲ့ အဆင်တန်ဆာထူး တစ်မျိုးကို သုံးဆောင်ရတယ် (ဓမ္မပဒ-ဋ္ဌ ၁၊ ၂၄၉)၊ ယောက်ျားတွေ ဧဟိဘိက္ခု (ဗုဒ္ဓ ဘုရားတစ်ဆူက လာပါလို့ ခေါ်လိုက်တာနဲ့ အလိုလို ရဟန်း အသွင်ကို ရသွားသူ) ဖြစ်နိုင်တယ် (ဝဇိရ-ဋီ၊ ၃၅၁)။

#သီလရှင်

သီလရှင်ဟာ ရဟန်းမိန်းမ (ဘိက္ခုနီ) မဟုတ်ဘူး။ ခုခေတ် အမျိုးသားတွေ ဒုလ္လဘ ရဟန်းခံသလို အမျိုးသမီး တစ်ယောက် သိမ်ထဲဝင်၊ ပထမ တစ်ကြိမ် ရဟန်း ယောက်ျားတွေ ဝန်းရံပြီး ကမ္မဝါစာဖတ်၊ ဒုတိယ တစ်ကြိမ် ရဟန်းမိန်းမတွေ ဝန်းရံပြီး ကမ္မဝါစာဖတ်မှ ရဟန်း မိန်းမ ဖြစ်နိုင်တယ်။ ဆောက်တည်ရတဲ့ သိက္ခာပုဒ် အရေအတွက်နဲ့ ဝတ်ရုံ သုံးဆောင်တဲ့ သင်္ကန်း အရလည်း ရဟန်းမိန်းမနဲ့ မတူဘူး။ သီလရှင်ဟာ ဘိက္ခုနီမ တို့ရဲ့ ဖော်ပြပြီး သင်္ကန်း ၁၁-မျိုးကို မဝတ်ရုံနိုင်၊ အသုံး မပြုနိုင်။ ဒါကြောင့် တိုက်ရိုက် အဓိပ္ပာယ်အရ သီလရှင်ကို ဝါဆိုသင်္ကန်း ကပ်လှူတယ်လို့ မဆိုနိုင်။ ဒါပေမယ့် ..

#နားလည်မှု

ယုံကြည်မှုအရ သရဏဂုံ တည်ခြင်း၊ ကျင့်ကြံမှုအရ အနည်းဆုံး ၈-ပါးသီလ မြဲပြီး ဂန္ထဓုရ (ပရိယတ္တိကို သင်ယူခြင်း)နဲ့ ဝိပဿနာဓုရ (တရားဘာဝနာ ရှုမှတ်ခြင်း)ကို ဆောင်ရွက်ခြင်း၊ သွင်ပြင်အရ ဆံပင်ကို ရိတ်ဖြတ်ထားလို့ ရဟန်းအသွင် ရှိခြင်း၊ ဝတ်ရုံပုံအရ တစ်ရောင် တည်း တစ်ပုံစံတည်းနဲ့ ရိုးရှင်းခြင်း၊ အသက် မွေးမှုအရ အလှူခံပြီး ဘဝရပ်တည်ခြင်းတွေဟာ သီလရှင် တစ်ပါးမှာ ရှိတဲ့ ဗြဟ္မစရိယ (အကျင့်မြတ်)ရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ပျိုးမျစ် နုနယ်ချိန်မှာ အလှမာန် ဓနမာန် ပညာမာန် ဆိုတာတွေကို ခဝါချပြီး မြင့်မြတ်တဲ့ ဘဝနဲ့ မြတ်ဗုဒ္ဓ သာသနာတွင်းမှာ နေထိုင်ကြတဲ့ သီလရှင်များရဲ့ ဘဝဟာ ငြိမ်းချမ်းပြီး ကြည်ညိုစရာ လေးစား ပူဇော်စရာ ကောင်းပါ တယ်။ ကြည်ညိုတတ်သူ ဗုဒ္ဓဝါဒီ တစ်ဦးအနေနဲ့ သီလရှင် တစ်ပါးကို ဘိက္ခုနီ တစ်ပါးလို ရိုသေ ပူဇော်တာဟာ မွန်မြတ်ပါတယ်။

#အဖြေ

အထက်ပါ နားလည်မှုအရ .. သင်္ကန်း ၁၁-မျိုးမှာ မပါနိုင်ပေမယ့် အကျင့်မြတ်ကို ကျင့်နေတဲ့ သီလရှင်တို့ရဲ့ အဝတ်အစားကိုလည်း သင်္ကန်းနေရာမှာ တန်းတူထားပြီး ကြည်ညို ပူဇော်ခွင့်၊ သင်္ကန်းဆိုတဲ့ အသုံးကိုလည်း အနည်းဆုံး ဗြဟ္မစရိယရဲ့ သင်္ကေတ ဖြစ်လို့ သုံးနှုန်းခွင့် ရှိနိုင်တာပေါ့။ ရဟန်းတွေ ဝါဆိုသလို သီလရှင်တွေမှာ ဝါဆိုစရာ မလိုပေမယ့် ရဟန်းတွေ ဆွမ်းခံ ထွက်သလို သီလရှင် တွေလည်း ဝါတွင်းကာလမှာ ဆွမ်းဆန်စိမ်းခံ ထွက်ရလို့ ရဟန်းတွေကို ဝါဆိုသင်္ကန်း ကပ်လှူသလို ဝါတွင်းနဲ့ ဝါကြိုကာလတွေမှာ သီလရှင် ဝတ်စုံသစ်တွေကို သင်္ကန်းအမှတ်နဲ့ ဝါဆိုသင်္ကန်း လှူဒါန်းတယ် ဆိုရင် ငြင်းသာမယ်လို့ မထင်ဘူး။
🙏🙏🙏
✍️🙏✍️အရှင်ကေလာသ
ဇူလိုင် ၂၈၊ ၂ဝ၁၆။

ပြန်လည်မျှဝေပါသည်.
📚📚📚ဦးသိန်း

❝ သဒ္ဓါဖြစ်ပြီလား ❞💞💞💞💞💞💞📒 မိမိစိတ်ထဲမှာ       သဒ္ဓါတရား ဖြစ်လာတာနဲ့ တစ်ပြိုင်နက်      ကုသိုလ်ကောင်းမှု အလုပ်တွေမှာ     ...
31/05/2022

❝ သဒ္ဓါဖြစ်ပြီလား ❞
💞💞💞💞💞💞

📒 မိမိစိတ်ထဲမှာ
သဒ္ဓါတရား ဖြစ်လာတာနဲ့ တစ်ပြိုင်နက်
ကုသိုလ်ကောင်းမှု အလုပ်တွေမှာ
စိတ်ဝင်စားလာတယ် …

📗 ဘာလှူရင်ကောင်းမလဲ ဆိုပြီး
စိတ်က လှူဖို့တန်းဖို့ ကြံစည်လာတယ် …

📕 သီလဆောက်တည်ဖို့
ဥပုသ်စောင့်ဖို့ ကမ္မဌာန်းအားထုတ်ဖို့
စိတ်ကူးလာတယ် …

📘 အဲ့ဒီ စိတ်ကူးလေး
ကိုယ့်ရဲ့သန္တာန်မှာဖြစ်လာရင်
❝ သဒ္ဓါဖြစ်ပြီ ❞ လို့ မှတ်ရပေတော့မည်။

သာသနာနှင့် အပ်စပ်သော အသုံးအဆောင်များ++++++++++++++💥 #သပိတ်နှင့်စပ်_မှတ်ဖွယ်💥 (နှာ ~ ၃၁၀ - ၃၁၆) 🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️ ...
28/05/2022

သာသနာနှင့် အပ်စပ်သော အသုံးအဆောင်များ
++++++++++++++

💥 #သပိတ်နှင့်စပ်_မှတ်ဖွယ်💥 (နှာ ~ ၃၁၀ - ၃၁၆) 🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️ သပိတ်ဟူသည် ရှင်ရဟန်းတို့အတွက် ဆွမ်းခံရန်နှင့်ဆွမ်းဘုဉ်း ပေးရန် ခွက်တစ်မျိုးပင်ဖြစ် သည်။ ဘုရားရှင်ခွင့်ပြုသော သပိတ်သည် သံသပိတ်၊မြေသပိတ်အားဖြင့် နှစ်မျိုးရှိ၏၊ အရွယ် အစားအားဖြင့်အကြီး, အလတ်, အငယ်ဟု သုံးမျိုးရှိ၏။ ယခုခေတ်၌ မြေသပိတ်ကို အသုံးမပြုသလောက် ဖြစ်သွားပါပြီ၊ အချို့နေရာ၌ သုံးကြသေး၏။ ရှေးခေတ်၌ သံသပိတ်ကိုသစ်စေးသရိုးတို့ဖြင့် စီမံထား သည်။ ထိုသပိတ်ကို အသုံးပြုခဲ့ကြသည်။ ယခုအသုံးနည်းပါသည်။ သပိတ်နှင့် သပိတ်ဖုံးတို့ ကွာပျက်ကျိုးပျက်လွယ်သောကြောင့် ဖြစ်သည်။ သပိတ် ကို မည်းနက်အောင် မူလကမီးဖုတ်၍ အသုံးပြုကြသည်။ မြေသပိတ်ကို မီး ၂-ကြိမ် ဖုတ်ရ၍ သံသပိတ်ကို မီး ၅-ကြိမ် ဖုတ်ရပါသည်၊ ထိုသို့ ဆိုရာ၌ ရည်ရွယ်ချက်မှာ ဖြူကြောင် ကြောင် အဆင်းမရှိစေဘဲ ညိုမှောင်မှောင်အဆင်း ရှိစေလိုခြင်း ဖြစ်သည်။ သို့ဖြစ်၍ ကင်္ခါအဋ္ဌကထာ၌ မီးဖုတ်သည့်အကြိမ်ကို မပြတော့ဘဲ “သမဏသာရုပ္ပေန ရဟန်းတို့အား လျောက်ပတ်သောအား ဖြင့်၊ ပက္ကံ - ကျက်ပြီးသော”ဟု မိန့်သည်။ ညိုမှောင်သောအဆင်းအရောင်ရှိလျှင် သပိတ်အရာဝင်ပြီ၊ အဓိဋ္ဌာန်တင် ဝိကပ္ပနာပြုနိုင်ပြီဟု မှတ်ပါ။ 💓(ပါတိမောက်ဘာဋီ၊ ၁၈၉)💓 ယခုအခါ ကြွေရည်သုတ်သပိတ်နှင့် စတီးသပိတ်ကို အသုံးပြုကြ သည်။ အများစုကား ကြွေရည်သုတ်သပိတ်ကို အသုံးပြုကြသည်။ စတီး သပိတ်များကို နှမ်းဆီနှင့်သုတ်၍ မီးဖုတ်လျှင် မည်းနက်ပါသည်။ အချို့က အဖြူအတိုင်းလည်း အသုံးပြုကြသည်၊ ဆေးသုတ်၍လည်း အသုံးပြုကြသည်။ နဂိုကပင် ဆေးသုတ်ထားသော စတီးသပိတ်များလည်း ရှိပါသည်။ မည်းနက်နေသော သပိတ်က သာ၍ သမဏသာရုပ္ပဖြစ်ပါသည်။ ရဟန်းတော်တို့နှင့် သာ၍ လျောက်ပတ်ပါသည်။ အဓိဋ္ဌာန်တင်၍အသုံးပြုလောက် လျှင် အဓိဌာန်တင် အသုံးပြု၍ အဓိဋ္ဌာန်တင်၍ အသုံးမပြုလောက်လျှင် သာမန်ခွက်အနေဖြင့် အသုံးပြုကောင်းပါသည်။ ရဟန်းတော်များ သပိတ်သစ်ရလာလျှင် အဓိဌာန်တင်ရသည်၊ အဓိဋ္ဌာန်မတင်ဘဲ ၁၀-ရက်လွန်သွားလျှင် ထိုသပိတ် နိဿဂ္ဂိ ထိုက်၍ ရဟန်း ပါစိတ်အာပတ် သင့်ပါသည်။ အရွယ်အစားအနေဖြင့် အကြီးဆုံးသပိတ်က ချက်ပြီးထမင်း (ဆွမ်း) ၂-ပြည်နှင့် ပဲဟင်းတစ်ခွက်သား, အသားဟင်းတစ်ခွက်သားအားဖြင့် ထမင်း(ဆွမ်း) ဟင်း ၃-ပြည် ဆန့်ပါသည်။ အလတ်စားသပိတ်က ဆွမ်း၊ဆွမ်းဟင်းအစုံ ၃-ခွက်သား ဆန့်ပါသည်။ အငယ်စားသပိတ် ကား ဆွမ်းဆွမ်းဟင်းအစုံ ၃-စလယ် ဆန့်ပါသည်။

🌲 #ဆောင်။ ။သုံးပြည် သုံးခွက်၊ သုံးစလယ်ချက်၊ဆွမ်းကျက် ဟင်းစုံခတ်။ဥက္ကဋ္ဌ် မဇ္ဈ၊ ဩမက၊ ဝင်ကြ စဉ်တိုင်းမှတ်။ မြတ်စွာဘုရား ခွင့်ပြုတော်မူထားသော အကြီးစားသပိတ်ထက်ပိုကြီးသောသပိတ်, အငယ်စားသပိတ်အောက် ပိုငယ်သောသပိတ်တို့သည် အဓိဋ္ဌာန်တင်၍ သုံးစွဲထိုက်သော သပိတ်မဟုတ်ပါ။ သာမန်ခွက် အနေဖြင့်သာ အသုံးပြုနိုင်ပါသည်။ အချို့ ပလပ်စတစ်ဖြင့် ပြုလုပ်ထားသော သပိတ်(ကော်သပိတ်) များကိုကား ဆရာတော်များက အသုံးမပြုစေကြပါ။ သံသပိတ်, မြေသပိတ် အမျိုးအစားတို့တွင် မပါဝင်၍ တားမြစ်ကြသည်။ အချို့ကတွင်းထွက်ပစ္စည်းဖြစ်၍ မြေနှင့်အလားတူ ယူဆအသုံးပြုကြပါသည်။ နှီးလက်ဖက်ခွက် (ယွန်းခွက်)များကိုလည်း အသုံးမပြုကောင်းပါ။ ယခုအခါ ဒုလ္လဘ ရှင်, ရဟန်း ၁၀၀/၁၀၀၀-စသည်ဖြင့် များစွာ ပြုကြရာ ပေါ့ပေါ့လွယ်လွယ် ပရိက္ခရာများကို စီစဉ်၍ ပလပ်စတစ်(ကော်)သပိတ်, ကော်ဓားအတု, သားရေနွယ်(နေရာထိုင်) အစား စက္ကူ ဆေးဆိုးထားသည့်အတု, ရေစစ်အတု စသည်ဖြင့် ပုံစံပျက် ဆောင်ရွက်ကြ, လှူဒါန်းကြသည်။ တစ်ခဏနေသော ဒုလ္လဘရဟန်း သာမဏေတို့ အတွက် အပေါစား လွယ်လွယ်စီစဉ် ဆောင်ရွက်ရာမှ ထာဝရ နေသော ရဟန်း,သာမဏေများအတွက်ပါ အညံ့စား အပေါစား သင်္ကန်း, သပိတ်, ပရိက္ခရာများကို ဆောင်ရွက်လာကြသည်။

💥 #သပိတ်အိတ်💥 🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️ သပိတ်အိတ်ကိုလည်း အသုံးပြုကြသည်။ ဘုရားလက်ထက်တော်အခါက သပိတ်အိတ်ကား ကျောင်းမှ ရွာထဲသို့ ဆွမ်းခံအသွား ထည့်ယူသွားသော လွယ်အိတ်တစ်မျိုး ဖြစ်၏၊ ရွာထဲဝင်ခါနီး သပိတ်ကိုထုတ်၍ သပိတ်ဖြင့် ဆွမ်းခံကြ၏၊ ယခုခေတ်၌လည်း သပိတ်အိတ်ကို ဘုရား လက်ထက်ပုံစံ မဟုတ်သည့် ပုံစံတစ်မျိုးချုပ်၍ အသုံး ပြုနေကြသည်။ ဘုရားလက်ထက်က ပုံစံနှင့်တော့ မတူနိုင်ပါ၊ အမြဲသပိတ်အိတ်တပ်လျက် အသုံးပြုသော သပိတ် ဆွမ်းခံချိန်၌လည်း ချွတ်စရာမလို၊ ကြည်ညိုဖွယ်-သမဏသာရုပ္ပဖြစ်၍ ဆွမ်းခံရာ၌လည်း သက်သာသည်။ မြန်မာသပိတ် အိတ် အမျိုးမျိုးနှင့် ထိုင်းသပိတ် အိတ် များလည်း ရှိသည်။

💥 #သင်ဓုန်းဓား💥 🕳️🕳️🕳️🕳️🕳️🕳️🕳️ သင်ဓုန်း(ခေါင်းရိတ်ဓား)ကို ယခုအခါ ဘလိတ်ဓားဖြင့် အစားထိုး အသုံးပြုလာကြသည်၊ သင်ဓုန်းဓားကို အနည်းအကျဉ်းသာ အသုံးပြုကြတော့၏။ ဘလိတ်ဓားကား လွယ်လွယ်ကူကူပင် ရနိုင်၍ အသုံးပြုရလွယ်၏၊ တစ်ခါသုံးပြီး စွန့်ပစ်လိုက်လျှင် ပြီး၏၊ အခြားသူများသို့ ကူးစက်ရောဂါများလည်း မကူးစက်နိုင်တော့ပါ။

💥 #အပ်နှင့်အပ်ချည်💥 🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️ ရှေးအခါက သင်္ကန်းများကို ရဟန်းတော်များ ကိုယ်တိုင် တိုင်းထွာဖြတ်တောက်၍ လက်ဖြင့် ချုပ်ကြ၏၊ ဆိုးကြ၏။ ယခုအခါ အများအားဖြင့် စက်ချုပ်သင်္ကန်းများကိုသာ အသုံးပြုကြသည်၊ စုတ်ပြဲလျှင်လည်း လက်ဖြင့်ချုပ်တာ နည်း၍ စက်ဖြင့်သာ အချုပ်များကြသည်။

💥 #ခါးပန်းကြိုး💥 🕳️🕳️🕳️🕳️🕳️🕳️🕳️ မြန်မာနိုင်လွန်ခါးပန်းကြိုး, ထိုင်းခါးပန်းကြိုး-ဟု အမျိုးမျိုး ရှိကြ သည်။ မြို့ထဲ ရွာထဲသို့ကြွသည့်အခါ ခါးပန်းကြိုးပတ်၍ ကြွရသည်။ ခါးပန်းကြိုးမပတ်ဘဲ ရွာထဲ မြို့ထဲသွားလျှင်ဒုက္ကဋ်အာပတ် သင့်ပါ၏။ ခါးပန်းပြား, ဝက်အူသဏ္ဌာန် အတွင်းမှာအခေါင်းရှိသော ခါးပန်းလုံး - ဟု ၂-မျိုး ရှိ၏။ ကြိုးကိုလည်း ခါးပန်းကြိုး လုပ်ကောင်းပါ သည်။ ပန်းပြောက်စသည်နှင့် ပုစွန်မျက်လုံး, ဆင်၏မျက်လုံးနှင့်တူသည့် အပြောက်စသည်ကို ထည့်ပြီး နှစ်ထပ်ချုပ်ထားသည့် ခါးပန်းပြားသည် မအပ်စပ်ပါ၊ ခါးပန်းကြိုးလှပအောင် နှစ်ထပ်သောချည်ကို ထိုထိုနေရာမှ ရက်ခြင်းသည်လည်း မအပ်ပါ။ ယခုအခါ အဝတ်စ(ပိတ်စ)ကိုပင် သင်္ကန်း အရောင် ခါးပန်းကြိုးများ စီစဉ်ဆောင်ရွက်လာကြ၏၊ သင့်လျော်ပါ၏။

💥 #ရေစစ်💥 🕳️🕳️🕳️🕳️🕳️ ရဟန်းတော်များ ပိုးကောင်, ဖုန်, အမှုန် သန့်ရှင်းစေဖို့ ရေကိုစစ်ပြီးမှ သောက်ကြရသည်။ ကတော့ (အချွန်း)ရေစစ်, ဓမ္မကရိုဏ်ရေစစ် - ဟုရှိ၏။ ခရီးသွားလျှင် ရေစစ်ပါရသည်။ ယခုအခါ သောက်ရေသန့်များကား ပိုးကောင်,ဖုန်,အမှုန်သန့်ရှင်းအောင် ဆောင်ရွက်ထားသည်။

💥 #ထီး💥 🕳️🕳️🕳️🕳️🕳️ ပရိက္ခရာ ၁၂-ပါးတွင် ပါဝင်သည့် ထီးကို ရှေးက ဝါး, ချည်, အဝတ် (ပိတ်စ)စသည်ဖြင့်ပြုလုပ်သည်။ အချို့ဆရာတော်များက ဝိနည်း ၌ ဝါးထီးကိုသာ ခွင့်ပြုထား၍ ဝါးထီးမှ အပ်သည်ဟု ယူဆကြ၏။ အချို့ဆရာတော်များက ယခုခေတ်ထီးများလည်း ပယ်သည့်အထဲ၌ မပါ၍အပ်သည်ဟု ယူဆကြ၏။ ဝါးထီးများ၌ ချည်အရောင်အမျိုးမျိုးဖြင့် ပြုလုပ် ထားသော ထီးသည် မအပ်စပ်ပါ။ အရောင်အနေဖြင့် သင့်လျော် သော အညိုရောင်ဖြစ်စေ အဝါရောင်ဖြစ်စေ အနီရောင်ဖြစ်စေ အရောင် တစ်မျိုးတည်းဖြင့်သာ ပြုလုပ်ထားသော ထီး သည် အပ်စပ်၏။ထီးရိုးထိပ်၌ ပွတ်လုံး (အရစ်), ခြင်္သေ့ရုပ်, ကျားရုပ်, သားရဲရုပ်ကြာသွတ်အိုးသဏ္ဌာန်များပါက မအပ်ပါ၊ ဓားဖြင့် ရွှေ၍, ခြစ်ပစ်၍,ဖြတ်၍ အသုံး ပြုရမည်။ ထီးအဝိုင်း၌ မကာရ်းသွားသဏ္ဌာန် (အနားတွန့်) စသည် ပါလျှင်လည်း မအပ်ပါ၊ လခြမ်းသဏ္ဌာန် (ဝိုက်နေ)ချိုင့်နေလျှင်လည်း မအပ်ပါ၊ ဝိုင်းနေမှ အပ်ပါသည်။ ရှေးအခါက ဝါးထီး(ပုသိမ်ထီး, အိမ်တော်ရာထီး)ကို အသုံးပြုခဲ့ကြသော်လည်း ယခုအခါ ခေတ်ပေါ် ထီးအမျိုးမျိုးကို အသုံးပြုနေကြပါပြီ။ အနည်း အကျဉ်းမျှသာ ဝါထီး(ပုသိမ်ထီး, အိမ်တော်ရာထီး)ကို အသုံးပြုကြတော့၏။

💥 #ဖိနပ်💥 🕳️🕳️🕳️🕳️🕳️ မဇ္ဈိမဒေသ (အိန္ဒိယ)၌ အထပ် ထပ်ဖြစ်သော ဖိနပ်အသစ် မအပ် ပါ။ တစ်ကြိမ်မျှ အသုံးပြုပြီး၍ အဟောင်းဖြစ်လျှင် အပ်ပါ သည်။တစ်ထပ်တစ်လွှာရှိသောဖိနပ်ကို မဇ္ဈိမဒေသအတွက် ခွင့်ပြုတော်ပြီး မြန်မာနိုင်ငံကဲ့သို့သော ပစ္စန္တရစ်အရပ်များ၌ အထပ်အလွှာများသော ဖိနပ်တို့ကို စီးနင်းရန် ခွင့်ပြုတော်မူပါ သည်။ အလုံးစုံညိုသောဖိနပ်,ဖြူသောဖိနပ်, နီရဲသောဖိနပ်, နောက်ပိတ် ခြေဖမိုးဖုံးဖိနပ်, ခုံဖိနပ်စသည်များ မအပ်ပါ။ ခုံအပြင်သားရေ၊ သဲကြိုးသားရေတို့၌ ဆိုးထားသောအရောင်ကို အဝတ်ပိုင်းဖြင့် ပွတ်တိုက်၍ အဆင်းကိုဖျက်ပြီး အနည်းငယ်မျှ အဆင်းပျက်လျှင်ပင် အပ်ပါသည်။ အဆန်းတကြယ် ချုပ်ထားသောဖိနပ်၏ကြိုးများကို ဖြေနိုင်လျှင် ဖြေ၍ မဖြေနိုင်လျှင် အတော် အတန်ပျက်အောင် ဖျက်ပြီးမှ စီးသင့်သည်။ အရောင်ဖျက်ရာ၌ ဖျက်၍မရအောင် အရောင်ခိုင်နေလျှင် သားရေနှင့် သဘောတူဟု ယူဆ၍ သံသယမရှိဘဲ စီးနိုင်သည်၊ ဆရာတို့ကား ပွတ် ဖျက်၍မရလောက်အောင် စွဲနေသောအရောင်များကို သဲကြိုးချုပ်ရိုးများ၌ အဆင်းဖျက်ရာရောက်အောင် မင်စသည်ဖြင့်ခြစ်၍ အနည်းငယ် ဖျက်ကြပါသေးသည်။ 💓(ခုဒ်ဒသိက်ခာဘာဋီ-၂၅၀)💓 💥

#ယပ် 💥 🕳️🕳️🕳️🕳️🕳️ ထန်းရွက်ယပ်, ဝါးယပ် (နှီးယပ်) ဥဒေါင်းမြီးယပ်, သားရေယပ် များ အပ်စပ်ပါသည်။ ယခုအခါ ထန်းရွက်ယပ်နှင့် အဝတ်ယပ်များကို အသုံးပြုနေကြပါသည်။

💥 #သားရေနွယ်(နေရာထိုင်)💥 🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️ ရှေးအခါက သားရေနွယ်အခင်းကို ရဟန်းများ အသုံးပြုကြသည်။ ယခုခေတ်၌လည်း သားရေနွယ်အခင်း သို့မဟုတ် သားရေတု (လယ်သာ) အခင်းကို အသုံးပြုသော ရဟန်းများ ရှိသေး၏။ မအပ်သောအသားကြီး ၁၀-မျိုးတို့၏ အရေကို ချန်ထား ၍ ကျန်သတ္တဝါတို့၏ အရေကို သုံးနိုင်သည်။ ယခုခေတ်၌ အများစုက သားရေ နွယ်အစား အဝတ်နေရာထိုင်ကိုသာ အသုံးပြုကြပါသည်၊ နေရာ ထိုင် အသုံးပြုခြင်းကား သင်္ကန်းညစ်ပတ်ပေကျံမည်ကို စောင့် ရှောက်လိုခြင်းကြောင့်ဖြစ်သည်၊ သင်္ကန်းကို မရိုမသေသုံးလျှင် ဒုက္ကဋ်အာပတ်သင့်ပါသည်။ ထိုနေရာထိုင်ကို ပိတ်စအမျိုးမျိုး (အရောင်အမျိုးမျိုး)ဖြင့် ချုပ်ကြသည်။ သင်္ကန်းရောင်နေရာထိုင်များက သမဏသာရုပ္ပဖြစ်၍ ရဟန်းသံဃာတို့နှင့် သာ၍ သင့်လျော်ပါသည်။ 🌺 အရှင်ကုမာရ (ပဓာန နာယက) 🌺 🍀 သာသနာ့ဝန်ဆောင်ကျောင်းတိုက်များ (မှော်ဘီ) 🍀တိပိဋက မြန်မာပြန်

ပြောပါရစေ .....ဒကာကြီးနဲ့ဒကာမကြီးတို့...ရဟန်းသံဃာကိုမြတ်နိူးတယ်ဆိုရင်ကိုရင့်ကိုလည်း  မြတ်နိူးပေးကြပါနော် ။အစတုံးက ကိုရင်...
31/03/2022

ပြောပါရစေ .....

ဒကာကြီးနဲ့ဒကာမကြီးတို့...
ရဟန်းသံဃာကိုမြတ်နိူးတယ်ဆိုရင်
ကိုရင့်ကိုလည်း မြတ်နိူးပေးကြပါနော် ။

အစတုံးက ကိုရင်ကို ....
သံဃာထဲ မပါဘူးလို့ ထင်နေခဲ့တာ ။

ရဟန်းကိုပဲ သံဃာလို့ ထင်နေတာ။

တကယ်တော့ ....
ကိုရင်လည်း သံဃာထဲ ပါပါတယ် ။

ထင်ရှားတဲ့
သာဓကတစ်ခုကို ပြရရင်...

ဒကာတစ်ယောက်က
ကျောင်းတိုက်ကို သွားပြီး...

"သံဃာထဲမှ ....
ဆရာတော်တစ်ပါးကို ပေးပါ ။
ဆွမ်းကပ်လိုပါတယ်"လို့ လျှောက်တယ်။

အဲ့ဒီ ဒကာကို
ဆရာတော်မပေးဘဲ
ကိုရင်တစ်ပါး ပေးလိုက်တယ် ။

ဒကာကလည်း
သံဃာကို အာရုံပြုပြီး
ကိုရင်ကို ဆွမ်းကပ်တယ် ။

အဲ့ဒီအလှူဟာ ....
သံဃိကအလှူဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် ကိုရင်ဟာ
သံဃာထဲ ပါတယ်ဆိုတာသိနိုင်ပါတယ်။

နောက်ထပ်
သာဓက တစ်ခုကို ထုတ်ပြရရင် ....

ဒကာတစ်ယောက်က

"ဥဘတော သံဃဿ ဒေမ"

( ဘိက်ခုသံဃာ/ ဘိက်ခုနီသံဃာ
နှစ်ဘက်သံဃာအား လှူပါ၏ )လို့ ...
လျှောက်ထားပြီး လှူတဲ့အခါ
လှူဖွယ်ပစ္စည်းကို အညီအမျှ
ခွဲဝေ ယူရပါမယ် ။

အကယ်၍ ...
ရဟန်းသံဃာဘက်မှာ ရဟန်းမရှိဘဲ
ကိုရင်ပဲ ရှိနေရင်လည်း .....

အဲ့ဒီ ကိုရင်ကို ....
ရသင့်ရထိုက်တဲ့ ရဟန်းဝေစု
အကုန်လုံးကို ပေးရမယ်လို့ ဆိုပါတယ်။

ဒါကြောင့် ....
ရဟန်းသံဃာထဲမှာ ကိုရင်လည်း
ပါတယ်ဆိုတာ ထင်ရှားပါတယ် ။

ဘုရားရှင်လက်ထက်က
ရဟန်းတစ်ရာ တစ်ထောင်
အလှူ အတန်းတွေ ဖိတ်တဲ့အခါ
ကိုရင်တွေကိုပါထည့်သွင်း
ရေတွက်ကြောင်း
အဋ္ဌကထာဆရာက
မိန့်ဆိုထားပါတယ်။

ဒါဟာလည်း ....
ရဟန်းသံဃာထဲမှာ ကိုရင်လည်း
ပါတယ်ဆိုတာကို သိသာစေတဲ့
အချက်တစ်ခု ဖြစ်ပါတယ်။

ညောင်ရမ်းဆရာတော်ဘုရားကြီးကတော့..

" ကိုရင်ကို
သံဃာလို့ မမှတ်ထင်နိုင်တဲ့သူဟာ
(သံဃံ သရဏံ ဂစ်ဆာမိ)
သံဃသရဏဂုမ် မတည်" လို့တောင်
ပြင်းပြင်းထန်ထန်
မိန့်တော်မူထားတာ တွေ့ရပါတယ် ။

တကယ်တော့ ...
“ကိုရင်လေးတွေဟာလည်းသံဃာပါပဲ”

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
ကျမ်းညွှန်း ....
* ဥပရိပဏ္ဏာသအဋ္ဌကထာ၊ ၂၂၅ ၊
* ကင်္ခါအဋ္ဌကထာ၊ ၁၆၁ ၊
* ပါရာဇိကဏ်အဋ္ဌကထာ၊ ပ၊ ၂၀၅ ၊
* ညောင်ရမ်းဝိနိစ္ဆယပေါင်းချုပ်၊
၄၀၆ မှ ၄၁၄ အထိ ။
🙏Bhikkhu Abhayalankara 🙏
မဟာဝိဟာရ-လှည်းကူး၏ပို့စ်အား
နှစ်သက်ခံစား မျှဝေပါသည် ။ ။
AK O Lay

Address

Hsipaw

Website

Alerts

Be the first to know and let us send you an email when မြတ်သဒ္ဓါ သင်္ကန်း - Tai Loan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share