iCherry Insurance Agency

Call Directions Contact the business

iCherry Insurance Agency 🍒 Your Trusted Insurance Partner! Helping families secure their future through reliable insurance protection.

10/10/2026

မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံသက်တမ်း (၁) နှစ်ဖြင့် ရေယာဉ်ကိုယ်ထည်အာမခံထားရှိသည့် ဦးလူသော်ထွန်းပိုင် အောင်သီရိ ရေယာဉ် သည် အခြားရေယာဉ်ဖြင့် တိုက်မိ၍ထိခိုက် ပျက်စီး မှုရှိခဲ့ရာ အဆိုပါ ပျက်စီးမှုအတွက် လျော်ကြေးငွေကျပ် - ၇၅,၀၀၀,၀၀၀( ကျပ်သိန်း ခုနစ်ရာ့ ငါးဆယ်တိတိ) အား ၉-၁၀-၂၀၂၆ ရက်နေ့တွင် ပေးအပ်ခဲ့ပါသည်။

08/10/2026
03/10/2026

🌧️ ရေကြီးပြီး ကားရေမြုပ်ခဲ့ရင်…

“စက်ပြန်နှိုးကြည့်မယ်” မလုပ်ပါနဲ့နော် 🚗⚠️

မိုးသည်းပြီး ရေကြီးရေလျှံတဲ့အချိန်မှာ ကားပိုင်ရှင်တွေအနေနဲ့ ကားထဲရေဝင်ပြီး စက်သေသွားတာ ကြုံရနိုင်ပါတယ်။

ဒီအချိန်မှာ ပထမဆုံး သတိထားရမယ့်အချက်က—

🚫 စက်ကို ပြန်မနှိုးပါနဲ့။

ရေဝင်နေတဲ့ Engine ကို ပြန်နှိုးလိုက်ခြင်းက Engine အတွင်း ရေဝင်နေခဲ့ရင် ပိုမိုပြင်းထန်တဲ့ ပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။ ရေက Electrical System တွေကိုလည်း ထိခိုက်စေနိုင်တာကြောင့် ကျွမ်းကျင်သူ စစ်ဆေးပြီးမှသာ ပြန်အသုံးပြုသင့်ပါတယ်။

🚘 ကားရေမြုပ်ခဲ့ရင် ဘာလုပ်သင့်လဲ?

1️⃣ မိမိလုံခြုံရေးကို အရင်ဦးစားပေးပါ
ရေတက်နေဆဲဖြစ်ပြီး ကားထဲမှာ ရှိနေပါက ကားထက် လူ့အသက်ကို ဦးစားပေးပြီး အန္တရာယ်ကင်းတဲ့နေရာကို ရွှေ့ပါ။

2️⃣ Engine ကို ထပ်မနှိုးပါနဲ့
“စက်နှိုးကြည့်ရင် ရမလား” ဆိုပြီး မစမ်းပါနဲ့။ ရေဝင်မှုရှိနိုင်တဲ့ ကားကို စစ်ဆေးမပြီးမချင်း မမောင်းပါနဲ့။

3️⃣ ဓာတ်ပုံ၊ Video မှတ်တမ်းယူထားပါ 📸
ရေတက်ခဲ့တဲ့အမြင့်၊ ကားအပြင်အဆင်၊ အတွင်းပိုင်းနဲ့ ပျက်စီးမှုတွေကို ဖြစ်နိုင်သမျှ မှတ်တမ်းတင်ထားပါ။ Claim လုပ်ရာမှာ အသုံးဝင်နိုင်ပါတယ်။

4️⃣ အာမခံကုမ္ပဏီ / Agent ကို အမြန်ဆုံး အကြောင်းကြားပါ 📞
မိမိရဲ့ Policy အကျုံးဝင်မှုနဲ့ လုပ်ဆောင်ရမယ့်အဆင့်တွေကို မိမိအာမခံထားတဲ့ ကုမ္ပဏီထံ မေးမြန်းပြီး ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပါ။

5️⃣ ကျွမ်းကျင်တဲ့ Technician နဲ့ စစ်ဆေးပါ 🔧
Engine, Air Intake, Fluids, Battery, Electrical System, Brakes နဲ့ အခြား Mechanical Parts တွေကို စစ်ဆေးဖို့လိုပါတယ်။ ရေမြုပ်ထားတဲ့ကားကို ကျွမ်းကျင်သူ စစ်ဆေးပြီး ဘေးကင်းကြောင်း မသေချာမချင်း မမောင်းသင့်ပါဘူး။

6️⃣ EV / Hybrid ကားဆို ပိုပြီး သတိထားပါ ⚡
High-voltage battery ပါဝင်တဲ့ EV/Hybrid ကားတွေ ရေမြုပ်ခဲ့ရင် မိမိဘာသာ Battery သို့မဟုတ် Electrical System ကို မကိုင်တွယ်ဘဲ သက်ဆိုင်ရာ ကျွမ်းကျင် Technician / Dealer ထံ ဆက်သွယ်ပါ။ ရေဝင်ထားတဲ့ High-voltage system တွေမှာ လျှပ်စစ်ရှော့ခ်နဲ့ မီးလောင်မှုအန္တရာယ် ရှိနိုင်ပါတယ်။

🛡️ ကားရေမြုပ်ပြီးမှ အာမခံကို စဉ်းစားတာထက်

မဖြစ်ခင်ကတည်းက ကိုယ့် Policy ကို နားလည်ထားဖို့ ပိုအရေးကြီးပါတယ်။

Motor Insurance တစ်ခုရှိရုံနဲ့ ရေကြီးရေလျှံမှုတိုင်း အလိုအလျောက် အကျုံးဝင်တယ် လို့ မယူဆသင့်ပါဘူး။

မိမိဝယ်ထားတဲ့ Policy မှာ Act of God အကာအကွယ် ပါဝင်ထားသလဲ၊ ဘယ်လိုအခြေအနေတွေမှာ အကျုံးဝင်/မဝင်သလဲဆိုတာ Policy Terms & Conditions အတိုင်း နားလည်ထားဖို့ လိုပါတယ်။

🍒 iCherry Insurance Agency အနေနဲ့ မော်တော်ယာဉ်ပိုင်ရှင်များအတွက် အာမခံအကာအကွယ်အကြောင်း မေးမြန်းဆွေးနွေးနိုင်အောင် ဂရုတစိုက် မျှဝေပေးနေပါတယ်။

မိုးကို တားလို့မရပါဘူး။
ရေကြီးမှုကိုလည်း ကြိုတင်မသိနိုင်ပါဘူး။
ဒါပေမယ့် မမျှော်လင့်ထားတဲ့ဆုံးရှုံးမှုအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။ 🛡️

🍒 iCherry Insurance Agency
Protection You Can Trust.

📞 09250258085

26/09/2026

✨ GGI Agent Appreciation Dinner 2026 ✨

အာမခံဝန်ဆောင်မှုလုပ်ငန်းမှာ Client များအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် ကြိုးစား လုပ်ဆောင်နေတဲ့ iCherry Insurance Agency အနေနဲ့ GGI Agent Appreciation Dinner သို့ တက်ရောက်ခဲ့ပါတယ်။ 🍒🤝

ဒီလိုအခမ်းအနားတွေက Agent များရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုခြင်းအပြင်
🤝 အတွေ့အကြုံတွေ မျှဝေခြင်း
💡 အတွေးအမြင်အသစ်တွေ ရရှိခြင်း
🌱 ရှေ့ဆက်ဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်အောင် လေ့လာခြင်း
အတွက်လည်း တန်ဖိုးရှိတဲ့ အချိန်ကောင်းတစ်ခု ဖြစ်ပါတယ်။

အာမခံဆိုတာ Policy တစ်စောင် ရောင်းချခြင်းထက် ပိုပါတယ်။
Client များရဲ့ ပိုင်ဆိုင်မှု၊ ကျန်းမာရေး၊ မိသားစုနဲ့ အနာဂတ်အတွက် လိုအပ်တဲ့ အကာအကွယ်ကို မှန်ကန်စွာ နားလည်ရွေးချယ်နိုင်အောင် ကူညီပေးခြင်းလည်း ဖြစ်ပါတယ်။ 🛡️

🙏 Thank you, GGI

🍒 iCherry Insurance Agency
Protection You Can Trust.

25/09/2026

GGI TOKIO MARINE GENERAL INSURANCE AGENT APPRECIATION DINNER 💙

ကံတရားက သင့်ဘက်မှာ မရှိရင်တောင် 🥰🍒 iCherry Insurance AgencyProtection You Can Trust. 🛡️
15/09/2026

ကံတရားက သင့်ဘက်မှာ မရှိရင်တောင် 🥰

🍒 iCherry Insurance Agency
Protection You Can Trust. 🛡️

🌧️ သစ်ပင်ကြီးလဲကျတာက သဘာဝဘေး… ဒါပေမယ့် ထိခိုက်ဆုံးရှုံးမှုကို ဘယ်သူတာဝန်ယူမလဲ?လေတွေပြင်း၊ မိုးတွေသည်းလာတဲ့အချိန်မှာ နှစ်...
14/09/2026

🌧️ သစ်ပင်ကြီးလဲကျတာက သဘာဝဘေး… ဒါပေမယ့် ထိခိုက်ဆုံးရှုံးမှုကို ဘယ်သူတာဝန်ယူမလဲ?

လေတွေပြင်း၊ မိုးတွေသည်းလာတဲ့အချိန်မှာ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တဲ့ သစ်ပင်အိုကြီးတွေ လဲကျနိုင်ပါတယ်။ 🌳

သဘာဝဘေးဆိုတာကလည်း နေ့တိုင်းဖြစ်နေတဲ့အရာ တော့ ဟုတ်မနေပါဘူး😌

“ဒီနေ့ဖြစ်မယ်” လို့လည်း ဘယ်သူမှ မမျှော်လင့်ထားကြပါဘူး။

ဒါပေမယ့် တစ်နေ့မှာ မမျှော်လင့်ဘဲ…

🌳 သစ်ပင်ကြီးက ကိုယ့်ကားပေါ် လဲကျခဲ့ရင်?
🏠 ကိုယ့်အိမ်၊ ကိုယ့်လုပ်ငန်းပိုင်ဆိုင်မှုကို ထိခိုက်ခဲ့ရင်?
👨‍👩‍👧 ကိုယ်တိုင် ထိခိုက်ဒဏ်ရာရခဲ့ရင်?
💰 အဲဒီနောက် ဖြစ်လာမယ့် ငွေကြေးဆိုင်ရာ အခက်အခဲတွေကို ဘယ်လို ဖြေရှင်းမလဲ?

“ဘယ်သူ့ကို အပြစ်တင်ရမလဲ?” ဆိုတာထက် “ဒီလိုဖြစ်လာရင် ငါ့မှာ ဘာအကာအကွယ်ရှိထားလဲ?” ဆိုတာကို ကြိုတင်စဉ်းစားထားဖို့ ပိုအရေးကြီးပါတယ်။ 🛡️

တစ်ခါတလေ ဘဝမှာ “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ" ဆိုသလို ပြဿနာတစ်ခုနောက်မှာ နောက်ထပ် ငွေကြေးဆိုင်ရာပြဿနာတွေ ဆက်တိုက်ရောက်လာနိုင်ပါတယ်။

အရာအားလုံးကို ပြန်လည်ကောင်းမွန်အောင် မလုပ်ပေးနိုင်ရင်တောင် ကြိုတင်ပြင်ဆင်ထားတဲ့ အကာအကွယ်တစ်ခုက ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျော့ကျစေနိုင်ပါတယ်။

ဒါကြောင့် အာမခံဆိုတာ မဖြစ်တော့ဘူးလို့ ယုံကြည်ပြီး မထားတာမဟုတ်ပါဘူး။

“ဖြစ်လာရင် ဘယ်လိုရင်ဆိုင်မလဲ” ဆိုတဲ့ မေးခွန်းအတွက်
ကြိုတင်စီမံထားတာပါ။

🛡️ မမျှော်လင့်ထားတဲ့အရာကို မတားဆီးနိုင်ပေမယ့် မမျှော်လင့်ထားတဲ့ ငွေကြေးအခက်အခဲအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။

မိမိရဲ့ ကား၊ အိမ်၊ လုပ်ငန်း၊ ပိုင်ဆိုင်မှုနဲ့ မိသားစု အတွက် ဘယ်လိုအာမခံအကာအကွယ်တွေ လိုအပ်နိုင်မလဲဆိုတာ ကိုယ့်ဘာသာ ခန့်မှန်းဆုံးဖြတ်မယ့်အစား…

🍒 iCherry Insurance Agency နဲ့ အသေးစိတ် တိုင်ပင်ဆွေးနွေးပြီး မိမိရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အကာအကွယ်ကို စနစ်တကျ ရွေးချယ်ထားလိုက်ပါ။

အန္တရာယ်ကို ကြိုတင်မသိနိုင်ပါဘူး။
ဒါပေမယ့် အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်နိုင်ပါတယ်။ ❤️🛡️

🍒 iCherry Insurance Agency
Protection You Can Trust.

📞 09250258085

🌧️ မိုးများပြီး ရေကြီးရေလျှံတဲ့အချိန်… မိမိ ကားအတွက် အာမခံအကာအကွယ် ရှိပါသလား?မနေ့က ရန်ကုန်မှာ မိုးများပြီး နေရာတော်တော်မ...
08/09/2026

🌧️ မိုးများပြီး ရေကြီးရေလျှံတဲ့အချိန်… မိမိ ကားအတွက် အာမခံအကာအကွယ် ရှိပါသလား?

မနေ့က ရန်ကုန်မှာ မိုးများပြီး နေရာတော်တော်များများမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်။ 🌧️🚗

ဒီလိုအချိန်မှာ ကား ပိုင်ရှင်တွေအနေနဲ့ မေးစရာတစ်ခုရှိပါတယ်

“မိုးများပြီး သဘာဝတရားကြောင့် ရေကြီးရေလျှံဖြစ်လို့ ကိုယ့်ကားပျက်စီးသွားရင် အာမခံအကာအကွယ် ရနိုင်ပါသလား?”

Answer 🤗 မိမိထားရှိထားတဲ့ Policy ရဲ့ အကျုံးဝင်မှုနဲ့ Additional Cover တွေအပေါ် မူတည်ပါတယ်။

🛡️ Act of God – Additional Cover ကို မိမိရဲ့ Motor Insurance Policy မှာ ထပ်ဆောင်းအကာအကွယ်အဖြစ် ထည့်သွင်းထားပြီး၊ Policy Terms & Conditions အရ အကျုံးဝင်တဲ့ သဘာဝဘေးအန္တရာယ်ဖြစ်ရပ် ဖြစ်ပါက ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်တဲ့ ဆုံးရှုံးမှုအတွက် အာမခံအကာအကွယ် ရရှိနိုင်ပါတယ်။

ဒါပေမယ့် အရေးကြီးတဲ့အချက်တစ်ခု ရှိပါတယ်။

⚠️ ရေကြီးရေလျှံနေကြောင်း သိရှိနေပါလျက်နဲ့ ရေထဲကို တမင်တကာ ဖြတ်မောင်းခြင်း၊ အန္တရာယ်ရှိတဲ့အခြေအနေကို ဆက်လက်မောင်းနှင်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးမှုတွေဟာ Policy Terms & Conditions အရ Claim ငြင်းပယ်ခံရနိုင်ပါတယ်။

ဒါကြောင့် ရေကြီးနေတဲ့အချိန်မှာ—

❌ ရေထဲကို အတင်းမဖြတ်မောင်းပါနဲ့။
❌ ကားစက်ရပ်သွားရင် ပြန်စက်နှိုးဖို့ မကြိုးစားပါနဲ့။
✅ အန္တရာယ်ကင်းတဲ့နေရာမှာ ရပ်ထားပါ။
✅ ဖြစ်စဉ်ကို ဓာတ်ပုံ/ဗီဒီယို မှတ်တမ်းတင်ထားပါ။
✅ မိမိအာမခံထားတဲ့ ကုမ္ပဏီကို အမြန်ဆုံး အကြောင်းကြားပါ။
✅ အာမခံကုမ္ပဏီရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်ပါ။

🚗 “ကားတန်ဖိုးရှိလို့ အာမခံထားတာ” ထက် "အန္တရာယ်ဖြစ်လာတဲ့အချိန်မှာ ဘာတွေ အကာအကွယ်ရမလဲ” ကို သိထားဖို့ ပိုအရေးကြီးပါတယ်။

မော်တော်ယာဉ်အလုံးစုံအာမခံထားရှိခြင်း၊ Act of God Additional Cover ပါဝင်မှု၊ အကျုံးဝင်မှုနဲ့ ခြွင်းချက်တွေကို မိမိ Policy အတိုင်း သေချာနားလည်ထားခြင်းက မမျှော်လင့်ထားတဲ့ အခြေအနေတွေမှာ အရေးကြီးပါတယ်။

🍒 iCherry Insurance Agency မှာတော့ မိမိရဲ့ မော်တော်ယာဉ်တန်ဖိုး၊ အသုံးပြုပုံနဲ့ လိုအပ်တဲ့ အကာအကွယ်အလိုက် Motor Insurance အကြောင်း အသေးစိတ် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

သဘာဝဘေးကို ကြိုတင်မတားဆီးနိုင်ပေမယ့်
အန္တရာယ်အတွက် ကြိုတင်စီမံထားနိုင်ပါတယ်။ 🛡️

🚘 သင့်ကားကို ဒီနေ့ကတည်းက ကာကွယ်ထားပါ။

🍒 iCherry Insurance Agency
Protection You Can Trust.

📞 09250258085

မိဘတိုင်းရဲ့ ရင်ထဲမှာ ဆုတောင်းတစ်ခုတော့ ရှိတတ်ပါတယ်…“ငါ့သားသမီးလေးတွေ ပညာကောင်းကောင်းသင်ပြီးသူတို့ရဲ့ အိပ်မက်တွေကို အကော...
04/09/2026

မိဘတိုင်းရဲ့ ရင်ထဲမှာ ဆုတောင်းတစ်ခုတော့ ရှိတတ်ပါတယ်…

“ငါ့သားသမီးလေးတွေ ပညာကောင်းကောင်းသင်ပြီး
သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါစေ…” 🤍

ဒီနေ့ ကျွန်တော်တို့ ကြိုးစားပြီး စုဆောင်းထားတဲ့ ငွေကြေးတွေဟာ သားသမီးတွေရဲ့ မနက်ဖြန်မှာ—

🎓 ကျောင်းကောင်းကောင်းတက်နိုင်ဖို့
📚 လိုအပ်တဲ့ ပညာရေးကို ဆက်လက်သင်ယူနိုင်ဖို့
🌏 သူတို့ရဲ့ အိပ်မက်ရှိတဲ့ ပညာရေးလမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို့

အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လာပါတယ်။

ဘဝမှာ ဝင်ငွေ၊ အသုံးစရိတ်နဲ့ မမျှော်လင့်ထားတဲ့ အခြေအနေတွေ က အမြဲတမ်း ကိုယ်စီမံထားသလို ဖြစ်နေမယ်လို့ မသေချာပါဘူး။

ဒီအတွက် သားသမီးရဲ့ ပညာရေးအတွက် ငွေကြေးကို စနစ်တကျ ကြိုတင်စီမံထားခြင်း က မိဘတစ်ယောက်အနေနဲ့ ပြုလုပ်ပေးနိုင်တဲ့ တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ 🛡️

💭 ဒီနေ့ မိဘက စီမံထားတဲ့ အရာတစ်ခုက မနက်ဖြန်မှာ သားသမီးရဲ့ အိပ်မက်ကို ဆက်လက်ရှင်သန်ခွင့်ပေးနိုင်ပါတယ်။

ပညာရေးအာမခံဆိုတာ ငွေကြေးအတွက်ပဲ မဟုတ်ပါဘူး။

သားသမီးရဲ့
💜အိပ်မက်…
🩵အခွင့်အရေး…
💙အနာဂတ်…

အတွက် မိဘတစ်ယောက်က ဒီနေ့ကတည်းက ကြိုတင်စီမံပေးထားခြင်းလည်း ဖြစ်ပါတယ်။ ❤️

🍒 iCherry Insurance Agency မှာ မိသားစုရဲ့ လက်ရှိအခြေအနေ၊ ငွေကြေးရည်မှန်းချက်နဲ့ သားသမီးရဲ့ ပညာရေးအနာဂတ်ကို ထည့်သွင်းစဉ်းစားပြီး မိမိတို့နဲ့ သင့်တော်တဲ့ ပညာရေးအာမခံအကာအကွယ်ကိုနားလည်ရွေးချယ်နိုင်အောင် အသေးစိတ် ဆွေးနွေးအကြံပေးပေးပါတယ်။

သားသမီးရဲ့ အနာဂတ်ကို ကံတရားပေါ်ပဲ မထားပါနဲ့။
မိဘတစ်ယောက်အနေနဲ့ ဒီနေ့ကတည်းက စီမံထားပါ။ 🌱

❓ သားသမီးရဲ့ ပညာရေးအတွက် မိဘတစ်ယောက်အနေနဲ့ ဘယ်လိုအနာဂတ်ကို တည်ဆောက်ပေးချင်ပါသလဲ?

💬 Comment မှာ သင့်ရဲ့ အမြင်ကို မျှဝေပေးခဲ့ပါဦး။

🍒 iCherry Insurance Agency
🛡️ Protection You Can Trust.

📞 09250258085

03/09/2026

🚍 မော်တော်ယာဉ်အာမခံဆိုင်ရာ အသိပညာပေးဟောပြောပို့ချခြင်း

မြန်မာ့အာမခံလုပ်ငန်း မှ Yangon Bus Public Company Limited က ဖွင့်လှစ်ပို့ချသည့် YBS ယာဉ်ကြီးမောင်းသင်တန်း (၈/၂၀၂၆) တွင် သွားရောက်၍ မော်တော်ယာဉ်အာမခံနှင့် သူတစ်ပါးထိခိုက်မှုအာမခံ (Third Party Liability Insurance) ဆိုင်ရာ အသိပညာပေးဟောပြောပို့ချခဲ့ပါသည်။

အဆိုပါ သင်တန်းတွင် မော်တော်ယာဉ်အာမခံထားရှိခြင်း​၏အကျိုးကျေးဇူးများ၊ မော်တော်ယာဉ်မတော်တဆမှုများ ဖြစ်ပွားပါက နစ်နာသူများအတွက် သူတစ်ပါးထိခိုက်မှုအာမခံ၏ အရေးပါမှုနှင့် အာမခံအကျိုးခံစားခွင့်များအကြောင်းကို YBS ယာဉ်မောင်းများ ပိုမိုသိရှိနားလည်နိုင်စေရန် ရှင်းလင်းပို့ချခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် ပြည်သူများအကြား အာမခံအသိပညာ ပိုမိုမြင့်မားလာစေရန်နှင့် မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့် မော်တော်ယာဉ်အာမခံနှင့် သူတစ်ပါးထိခိုက်မှုအာမခံဆိုင်ရာ အကျိုးခံစားခွင့်များ၊ တာဝန်များကို သိရှိနားလည်နိုင်စေရန် အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

Address

Dawbon

Telephone

+959943144107

Website

Alerts

Be the first to know and let us send you an email when iCherry Insurance Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to iCherry Insurance Agency:

Shortcuts

Share