International remittance for myanmar - RIA Shwe Bank

International remittance for myanmar - RIA Shwe Bank Money Transfer to Myanmar " Ria " SHWE Bank

❤ချစ်ခင်ရသော...Customer များရှင့်....❤နိုင်ငံတကာမှ Ria ဖြင့်ငွေလွှဲပေးပို့လိုက်သော ..လွှဲပို့ငွေများအား .ယခုလို ..COVID-...
15/05/2020

❤ချစ်ခင်ရသော...Customer များရှင့်....❤

နိုင်ငံတကာမှ Ria ဖြင့်ငွေလွှဲပေးပို့လိုက်သော ..လွှဲပို့ငွေများအား .ယခုလို ..COVID-19 ကာလအတွင်း..ချစ်ခင်ရသော.. Customerများအား.. လွဲပို့ငွေများကို...လုံခြုံစိတ်ချစွာဖြင့်. အိမ်အရောက်ဝန်ဆောင်မှုပေး​နေသည့် ...SHWE Bank - 09-950656660 သို့..ဖုန်းဆက်အကြောင်းကြားလိုက်ရုံနှင့်... လူကြီးမင်းတို့ အိမ်အရောက်... ဝန်ဆောင်မှုပေးနေ ပါသည်ရှင်...Ria ဖြင့်လွဲပို့လာသည့်..
☎️လွှဲပို့ငွေများအားထုတ်ယူလိုပါက.. မိမိနေအိမ်၌ နေ၍. ..ဖုန်းဆက်လိုက်ပါနော်...☎️

25/02/2020

ရွှေဘဏ်ရဲ့...အိမ်အရောက်ဝန်ဆောင်မှုရှိပါတယ်နော်...

30/12/2019

💲💲💲မြန်မာနိုင်ငံသို့ငွေလွှဲပေးပို့ရန် ( Ria )

သင်နှင့်အနီးဆုံး Ria ဆိုးဘုတ်တပ်ဆင်ထားသောဆိုင်သို့ သွားပြီး ငွေပို့ပုံစံတွင် အချက်အလက်များကို ဖြည့်ပါ။

❄️❄️❄️ငွေလွှဲပေးပို့နိုင်သောနည်းလမ်းများ

- ငွေသားထုတ်ရန်( Cash Pick-up)
သို့မဟုတ်
‌- ရွှေဘဏ်စာရင်းသွင်းရန် (Account Deposit)

- ထို့နောက် သင်၏ နိုင်ငံကူးလက်မှတ် ( Passport) နှင့် အလုပ်လုပ်ကိုင်ခွင့် စာရွက်များကိုတင်ပြပါ။

- လွှဲပို့မည့်ငွေအတွက် မလေးရှားရင်းဂစ်(MYR) ကို Riaကောင်တာသို့ သေချာစွာရေတွက်အပ်နှံပါ။

- Ria စနစ်မှ အလိုလျှောက်ထုတ်ပးသည့် ဂဏန်း(၁၁) လုံး (Pin နံပါတ်) ပါ၀င်သည့် ပြေစာကိုရယူပါ။

- ငွေသားထုတ်ရန် (Cash Pick-up) ဖြစ်ပါက မြန်မာနိုင်ငံမှ ငွေလက်ခံမည့်သူထံသို့ငွေထုတ်ရန်အကြောင်းကြားပါ။
🤫🤫🤫လွှဲပို့ငွေကိုမထုတ်မချင်း ၎င်းဂဏန်း(၁၁)လုံးကို လျှို့၀ှက်ထားရန်ပြောပါ။

‌- ရွှေဘဏ်စာရင်းသွင်းရန် (Account Deposit) ဖြစ်ပါက ၎င်းဂဏန်း(၁၁)လုံးကို အကြောင်းကြားရန်မလိုပါ။

☃️☃️ Remittance Amount ( ပို့နိုင်သည့်ငွေပမာဏ)

ငွေသားဖြင့်တစ်ရက်လျှင် အများဆုံး ရင်းဂစ် (၁၀,၀၀၀)လွှဲပို့နိုင်ပြီး တစ်လလျှင်
အများဆုံး ရင်းဂစ် (၃၀,၀၀၀) ဖြစ်ပါသည်။

☃️☃️ Remittance Fees (ငွေလွှဲပေးပို့ခ)

ရင်းဂစ် ( ၁ မှ ၃,၀၀၀ ထိ) ငွေလွှဲပို့ခ (၁၂ ရင်းဂစ်)
ရင်းဂစ် (၃,၀၀၀ မှ ၅,၀၀၀ ထိ) ငွေလွှဲပို့ခ ( ၂၄ ရင်းဂစ်)
ရင်းဂစ် (၅,၀၀၀ မှ ၈,၀၀၀ ထိ) ငွေလွှဲပို့ခ ( ၃၆ ရင်းဂစ်)
ရင်းဂစ် (၈,၀၀၀ မှ ၁၀,၀၀၀ ထိ) ငွေလွှဲပို့ခ ( ၄၈ ရင်းဂစ်)

👉👉မှတ်ချက်။ငွေလွှဲပေးပို့သူမှ ငွေလွှဲပို့ခအားပေးဆောင်ရပါမည်။

☃️☃️‌ရွှေဘဏ်စာရင်းသို့ငွေပို့လွှဲလက်ခံခြင်း (Account Deposit)

- ငွေလွှဲစာရင်းပါ အချက်အလက်များကို ရွှေဘဏ်တွင်တိုက်ဆိုင် စစ်ဆေးအတည်ပြုပါမည်။

- အချက်အလက်များကိုက်ညီမှန်ကန်ပါက ချက်ချင်း (Account Deposit) နည်းဖြင့် သက်ဆိုင်ရာဘဏ်စာရင်းသို့ လွှဲပို့ငွေအားထည့် သွင်းပေးပါမည်။

(၁) ရွှေဘဏ်ခွဲများတွင်‌ရွှေဘဏ်၏ ငွေစုဘဏ်စာရင်းမှ စာရင်းပိုင်ရှင်ကိုယ်တိုင်သော် လည်းကောင်း၊ ယင်းစာရင်းပိုင်ရှင်မှ ကြိုတင်ကိုယ်စားလှယ် လွှဲအပ်ပေးထားသောသူမှ သော်လည်းကောင်း ‌ငွေစုဘဏ်စာအုပ်နှင့် အတူငွေသားထုတ်ယူနိုင်ပါသည်။

(၂) ရွှေဘဏ်၏ MPU Card ရှိပါက မည်သည့်အခြားဘဏ်ရှိ ATM စက်များ (သို့မဟုတ်) မြန်မာနိုင်ငံတ၀ှမ်းရှိ ရွှေဘဏ်၏ Agent များတွင် အချိန်မရွေးငွေသားထုတ်ယူနိုင်ပါ သည်။

🏃‍♀️🏃‍♀️🏃‍♀️လွှဲပို့ငွေကိုအိမ်တိုင်ရာရောက်စနစ်ဖြင့် ဆောင်ရွက်ပေးခြင်း

- ပထမဦးစွာ ရွှေဘဏ်တွင်ငွေစုဘဏ်စာရင်းတစ်ခုဖွင့်လှစ်ထား ရမည်။
- ယင်း‌ငွေစုဘဏ်စာရင်းမှ မိသားစုထံသို့ ငွေထုတ်ပေးစေရန်အတွက် ငွေပေးအမိန့် (Standing Order) ဖြင့် ရွှေဘဏ်သို့ ကြိုတင်ဖြည့်စွက် လျှောက်ထားရမည်။
- ယင်းငွေစုစာရင်းသို့ နိုင်ငံခြားမှပေးပို့ငွေ ၀င်ရောက်လာပါက ငွေပေးအမိန့်တွင် ကြိုတင်သက်မှတ်ပေးထားသော မိသားစုထံသို့ ဆက်သွယ်၍ လွှဲပို့ငွေကို‌ရွှေဘဏ် ၏ကိုယ်စားလှယ်မှ အိမ်တိုင် ရာရောက် ပေးပို့မည်ဖြစ်ပါသည်။
- ‌ငွေပေးအမိန့် (Standing Order) တွင်ပါ၀င်သော ငွေပမာဏ (သို့မဟုတ်) ငွေလက်ခံမည့်သူ ပြောင်းလဲလိုပါက ရွှေဘဏ်သို့ အနည်းဆုံး (၁) လ ကြိုတင်၍ ငွေစုစာရင်းပိုင်ရှင်ကိုယ်တိုင် ‌ရွှေဘဏ်၏ သတ်မှတ်ပုံစံဖြင့်လျှောက်ထားရမည်။
- အိမ်တိုင်ရာရောက်ငွေထုတ်ပေးရာတွင် ၀န်ဆောင်ခအနေဖြင့် ရန်ကုန်မြို့တွင်း ကျပ် (၁,၀၀၀) ၊ နယ်မြို့ကြီးများအရောက် ကျပ်(၂,၀၀၀) နှင့် ကျေးရွာများ အရောက် ကျပ်(၃,၀၀၀) ကို လွှဲပို့ငွေမှ နှုတ်ယူမည်ဖြစ်ပါသည်။

💯💰💰ဘဏ်ခွဲတွင်ငွေသားထုတ်ယူခြင်း ( Cash Pick-up)

- ရွှေဘဏ်ခွဲသို့ သွားရောက်၍ ငွေလွှဲလက်ခံ ပုံစံတွင် ငွေလွှဲအချက်အလက်နှင့် PIN နံပါတ် (၁၁)လုံးတို့ကို ဖြည့်စွက်တင်ပြပါ။
- ငွေလွှဲလက်ခံသူ၏ မှတ်ပုံတင်ကတ်ပြား (သို့မဟုတ်) သက်သေခံအထောက် အထား တစ်ခုခုကို တင်ပြပါ။
- အချက်အလက်များ ကိုက်ညီမှန်ကန်ပါက လွှဲပို့ထားသော မြန်မာကျပ်ငွေကို ချက်ချင်း ငွေသားလက်ခံရယူနိုင်ပါပြီ။

28/12/2019

Shwe Bank တွင်နိုင်ငံတကာဘဏ်လုပ်ငန်းဝန်ဆောင်မှုများအားရယူနိုင်ပါသည်။

Foreign Currency Account Opening(စာရင်းဖွင့်လှစ်ခြင်း)
(၁) တဦးချင်းစာရင်း ပူးတွဲစာရင်း
(၂)ကုမ္ပဏီစာရင်း
(၃)အသင်း အဖွဲ့များ၊ သံရုံးများ
USD,SGD,EURO Account များဖွင့်လှစ်နိုင်ပါ
သည်။

Telegraphic Transfer(TT)
(၁)ပြည်ပနိုင်ငံများသို့ ငွေလွဲပေးပို့ခြင်း(Outward TT)
(၂)ပြည်ပနိုင်ငံမှ ငွေလွှဲဝင်ခြင်း(Inward TT)
လွှဲပို့နိုင်သောအမျိုးအစားများမှာ Trade,Non-Trade တို့ဖြစ်ပါသည်။

ဘဏ်အာမခံ( Bank Guarantee)လုပ်ငန်းများဆောင်ရွက်ခြင်း
(၁)Shipping Guarantee(သ​င်္ဘောတင်အာမခံ)
(၂)Original Bill မရောက်မှီ ပစ္စည်းရွေးယူခွင့်ပြုသည့်အာမခံ
(၃)Bid Bond Guarantee(ဈေးပြိုင်တင်ဒါအာမခံ)
(၄)Performance Guarantee(လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်နိုင်မှုအာမခံ)

သွင်းကုန်လုပ်ငန်း(Import)
(၁)Import Letter of Credit ဖွင့်လှစ်၍သွင်းကုန်လုပ်ငန်းဆောင်ရွက်ခြင်း
(၂)Import Bill လုပ်ငန်းများဆောင်ရွက်ပေးခြင်း

ပို့ကုန်လုပ်ငန်း (Export)
(၁)Export Letter of Credit
ဖွင့်လှစ်၍ပို့ကုန်လုပ်ငန်းဆောင်ရွက်ခြင်း
(၂)Export Bill လုပ်ငန်းများဆောင်ရွက်ပေးခြင်း စသည့်ဝန်ဆောင်မှုများအား ရယူနိုင်ပါသည်။

အသေးစိတ်သိရှိလို့ပါက Call Center (01-2306910,01-2306911,01-2306975,01-2306912,01-9252000,01-9252021,01-9252020) သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်ခင်ဗျာ။

Shwe Bank For Your Future Glory!

သင့်မိသားစုထံမှ Ria Money Transfer ဖြင့် သင့်ဆီသို့ငွေလွှဲဝင်လာပါသလား?"099 506 56660"ကိုဆက်သွယ်လိုက်ရုံဖြင့် Shwebank ကကိ...
10/12/2019

သင့်မိသားစုထံမှ Ria Money Transfer ဖြင့် သင့်ဆီသို့ငွေလွှဲဝင်လာပါသလား?

"099 506 56660"ကိုဆက်သွယ်လိုက်ရုံဖြင့် Shwebank ကကိုယ်စားလှယ်ကြီးများက သင့်ဆီသို့ အိမ်အရောက် ငွေပို့ပေးနေပါပြီ။

"အခုပဲ Ria Money Transfer နဲ့ ငွေလွှဲပေးပို့ရင်း
099 506 56660 ကို ဟဲလိုလုပ်လိုက်ကြရအောင်"

အသေးစိတ်သိရှိလိုပါက -
Call center ဖုန်းနံပါတ် ၀၁ ၂၃၀၆၉၇၇ နှင့် ၀၁ ၂၃၀၆၉၇၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံအိမ်အရောက် ငွေလွှဲပေးပို့နိုင်ပါပြီမလေးရှားနိုင်ငံရှိ Ria ငွေလွှဲကောင်တာများမှ မြန်မာနိုင်င...
05/12/2019

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံအိမ်အရောက် ငွေလွှဲပေးပို့နိုင်ပါပြီ

မလေးရှားနိုင်ငံရှိ Ria ငွေလွှဲကောင်တာများမှ မြန်မာနိုင်ငံ ရွှေဘဏ်သို့ ခုလွှဲခုရောက်စနစ်ဖြင့် ငွေလွှဲပေးပို့နိုင်ပါပြီ။ ဖုန်းနံပါတ် ၀၉၉ ၅၀၆ ၅၆၆၆၀ ကို ဖုန်းဆက်လိုက်တာနဲ့ မြန်မာနိုင်ငံ ဘယ်နေရာကိုမဆို အိမ်အရောက် ပေးပို့သွားမှာဖြစ်ပါတယ်။

ငွေလွှဲပေးပို့ရန်အတွက်
- အနီးစပ်ဆုံး Ria ဆိုင်းဘုတ်တပ်ထားတဲ့ အေးဂျင့်တွေရဲ့ ငွေပို့ပုံစံမှာ လိုအပ်တဲ့အချက်တွေဖြည့်ပါ
- လွှဲပို့မယ့်ငွေအတွက် ပေးသွင်းရမယ့်ငွေကို သေချာစွာရေတွက်အပ်နှံပါ
- Ria စနစ်မှ အလိုအလျောက်ထုတ်ပေးမည့် ဂဏန်း (၁၁) လုံးပါ ပြေစာကိုယူပါ
- အဆိုပါ ဂဏန်း (၁၁)လုံးကို မြန်မာပြည်မှ ငွေလက်ခံမယ့်သူထံ ပြောကြားပေးပါ

မြန်မာနိုင်ငံမှာငွေထုတ်ရန်အတွက်
ရွှေဘဏ်၏ဘဏ်ခွဲများသို့ သွားရောက်ပြီး လျှို့ဝှက်ဂဏန်း (၁၁) လုံးကို ပြောပြ၍ ငွေထုတ်ယူနိုင်ပါတယ် (သို့မဟုတ်) အိမ်သို့ ငွေလာပို့ခိုင်းနိုင်ပါတယ်
- ငွေထုတ်မည့်သူက ဖုန်းနံပါတ် ၀၉၉ ၅၀၆ ၅၆၆၆၀
- ကိုဖုန်းဆက်ပြီး ထုတ်ယူမည့်သူ၊ ငွေပမာဏနဲ့ နေရပ်လိပ်စာတို့ကိုပြောကြားပေးပါ
- ငွေထုတ်ပေးမည့်အေးဂျင့်ရောက်လာတဲ့အခါ ငွေလွှဲပေးတဲ့သူပြောတဲ့ ဂဏန်း (၁၁) လုံးကိုပြောပြီး လွှဲပို့ငွေကို ထုတ်ယူနိုင်ပါပြီ။

အိမ်အရောက် ငွေလွှဲထုတ်ယူရန်အတွက်
- ရန်ကုန်မြို့တွင်း (၁၀၀၀)ကျပ်
- ကျန်မြို့ကြီးများ (၂၀၀၀)ကျပ်နဲ့
- ကျေးရွာများကို (၃၀၀၀)ကျပ် ကောက်ခံမှာဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက -
Call center ဖုန်းနံပါတ် ၀၁ ၂၃၀၆၉၇၇ နှင့် ၀၁ ၂၃၀၆၉၇၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

04/12/2019

Address

Botataung

Opening Hours

Monday 09:30 - 15:00
Tuesday 09:30 - 15:00
Wednesday 09:30 - 15:00
Thursday 09:30 - 15:00
Friday 09:30 - 15:00

Telephone

+959950656660

Alerts

Be the first to know and let us send you an email when International remittance for myanmar - RIA Shwe Bank posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to International remittance for myanmar - RIA Shwe Bank:

Share