06/06/2026
. မီးအာမခံ
🔥🔥🔥🔥🔥
လူကြီးမင်းတို့ ပိုင်ဆိုင်ထားသော စက်ရုံ၊ အလုပ်ရုံ၊ အိုးအိမ်နှင့်ပစ္စည်းများ မတော်တဆမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့လျှင် ပျက်စီးဆုံးရှုံးမှုများအတွက်(ရင်းစားအနေဖြင့်) လျော်ကြေးပြန်လည်ရရှိစေနိုင်ရန် မီးအာမခံကို ထားရှိသင့်ပါတယ်ခင်ဗျာ။
မီးအာမခံသက်တမ်းကို (၁၀) ရက်မှ (၁) နှစ်အထိ ထားရှိနိုင်ပြီး အဆောက်အအုံ၊ ဆိုင်ခန်းများ၊ ကုန်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ ကုန်သွယ်မှုပစ္စည်းများ၊ အိမ်သုံး/ရုံးသုံး/လူသုံး/စက်ရုံသုံးပစ္စည်းများကို နှစ်ဦးသဘောတူသည့်စျေးနှုန်း (သို့မဟုတ်) ကာလပေါက်စျေးအတိုင်း အာမခံထားငွေသတ်မှတ်ပြီး အာမခံထားရှိနိုင်ပါတယ်ခင်ဗျာ။
အာမခံပရီမီယံနှုန်းထားကို အဆောက်အအုံ အမျိုးအစား၊ အဆောက်အအုံ အသုံးပြုပုံ၊ အဆောက်အအုံ ပတ်ဝန်းကျင် အခြေအနေနှင့်အာမခံထားရှိငွေ ပမာဏတို့ပေါ် အခြေခံတွက်ချက်ပြီး ကျသင့်ပရီမီယံကို ကောက်ခံပါတယ်ခင်ဗျာ။ အာမခံထားရှိသည့် တန်ဖိုးမှ အနည်းဆုံး (၀.၇)% မှ အများဆုံး (၃.၅)% ပရီမီယံကျသင့်နိုင်ပါတယ်ခင်ဗျာ။
မီးအာမခံထားရှိသော အဆောက်အအုံများအတွက် အောက်ပါအတိုင်း လောင်ကျွမ်းပျက်စီးလျှင် လျော်ကြေးအကျုံးဝင်ပါတယ် - -
(က) မတော်တဆ လောင်ကျွမ်းသောမီး။
(ခ) အခြားမှကူးဆက် လောင်ကျွမ်းသောမီး။
(ဂ) မိုးကြိုးပစ်ခြင်းကြောင့် လောင်ကျွမ်းသောမီး။
(ဃ) အိမ်သုံးဓါတ်ငွေ့ကြောင့် လောင်ကျွမ်းသောမီး။
(င) မီးငြိမ်းသတ်စဥ် ပျက်စီးခြင်း။
မီးအာမခံထားရှိသော ပစ္စည်းများအတွက် အောက်ပါအတိုင်း ပျက်စီးဆုံးရှုံးလျှင် လျော်ကြေးအကျုံးဝင်ပါတယ်ခင်ဗျာ - -
(က) မီးသတ်ရာတွင်အသုံးပြုသည့် မီးသတ်ဆေးဖြစ်စေ/ရေကြောင့်ဖြစ်စေ ပစ္စည်းများ ပျက်စီးခြင်း။
(ခ) မီးလောင်နေသည့် အဆောက်အအုံအတွင်းမှ ပစ္စည်းများရွှေ့ပြောင်းစဥ် ပျက်စီးခြင်း။
(ဂ) မီးသတ်ဝန်ထမ်းက တာဝန်အရ တရားဝင်ဆောင်ရွက်ရာမှ ပျက်စီးဆုံးရှုံးခြင်း။
(ဃ) မီးလောင်မှုကြောင့် အမိုး/ကြမ်းခင်း/နံရံများ ပြိုကျရာမှ ပျက်စီးခြင်း။
(င) မီးလောင်နေစဥ် အဆောက်အအုံအတွင်းမှ ပစ္စည်းများ ပြင်ပတွင်စုပုံထားရှိစဥ် မိုးရေကြောင့်ဖြစ်စေ/ရာသီဥတုကြောင့်ဖြစ်စေ ပျက်စီးဆုံးရှုံးခြင်း။
အထက်ပါ မီးအာမခံပါ အကာအကွယ်များနှင့် တွဲဖက်ပြီး အောက်ဖော်ပြပါ အပိုအကာအကွယ်များကိုလည်း မိမိတို့စိတ်ကြိုက် ထပ်မံရွေးချယ်ဝယ်ယူထားနိုင်ပါတယ်ခင်ဗျာ - -
၁။ အဓိကရုဏ်း၊ သပိတ်မှောက်ခြင်းနှင့်မသမာဖျက်စီးမှု။
( ပရီမီယံ = ၀.၀၆% )
၂။ လေယာဥ်ကြောင့် ထိခိုက်ပျက်စီးခြင်း။
( ပရီမီယံ = ၀.၁၀% )
၃။ ကုန်းလမ်းသွားယာဥ်ကြောင့် ထိခိုက်ပျက်စီးခြင်း။
( ပရီမီယံ = ၀.၁၀% )
၄။ မြေကျွံခြင်း၊မြေပြိုခြင်း။
( ပရီမီယံ = ၀.၁၀% )
၅။ မြေငလျှင်ကြောင့် မီးလောင်ခြင်း၊ ပြိုအက်ပျက်စီးခြင်း။
( ပရီမီယံ = ၀.၁၀% )
၆။ ပေါက်ကွဲပျက်စီးမှု။
( ပရီမီယံ = ၀.၁၀% )
၇။ အလိုလျောက် မီးစွဲလောင်မှု။
( ပရီမီယံ = ၀.၀၈% )
၈။ လေပြင်းမုန်တိုင်း အမျိုးမျိုး။
( အဆောက်အအုံ၊ စက်ပစ္စည်း၊ ပရိဘောဂ၊ ကုန်ပစ္စည်း ပရီမီယံ = ၀. ၂၀% )
( ရေကြောင့်ပျက်စီးလွယ်သည့် ကုန်ပစ္စည်း
ပရီမီယံ = ၀.၂၅% )
၉။ ရေကြီးခြင်း၊ ရေလျှံခြင်း။
( ပရီမီယံ = ၀.၁၀% )
၁၀။ ဖောက်ထွင်းခိုးယူမှု။
( ပထမတန်းစား အဆောက်အအုံ ပရီမီယံ = ၀. ၂၅% )
( ဒုတိယတန်းစား အဆောက်အအုံ ပရီမီယံ = ၀.၅၀% )
( တတိယတန်းစား အဆောက်အအုံ ပရီမီယံ = ၀.၇၅% )
( စတုတ္ထတန်းစား အဆောက်အအုံ ပရီမီယံ = ၁% )
၁၁။ စစ်ဘေးအန္တရာယ်။
(ပရီမီယံ = ၀.၁၀% )
မီးအာမခံထားရှိသော အဆောက်အဦးရဲ့ မြေတန်ဖိုး၊ ပိုင်ဆိုင်မှုတို့နှင့် မသက်ဆိုင်ဘဲ အမှန်တကယ်ဆောက်လုပ်ကုန်ကျစရိတ်(PAE)၊ ကုန်ပစ္စည်းများ၏ လက်ရှိကာလပေါက်စျေးများကိုသာ အခြေခံပြီး တွက်ချက်ပါတယ်ခင်ဗျာ။
မီးအာမခံထားရှိပြီးသော်လည်း အလုပ်အကိုင်ပြောင်းလဲခြင်း၊ အဆောက်အအုံပြောင်းလဲခြင်း၊ အာမခံနှုန်းထားပြောင်းလဲခြင်း၊ ပိုင်ဆိုင်မှု ပြောင်းလဲခြင်း၊ အာမခံသက်တမ်း ပြောင်းလဲခြင်း၊ ကိုယ်စားလှယ်ပြောင်းလဲခြင်း၊ အကာအကွယ်ပြောင်းလဲခြင်း၊ ပေါ်လစီဖျက်သိမ်းခြင်း၊ အာမခံတန်ဖိုး ပြောင်းလဲခြင်း၊ ကုန်ပစ္စည်း အတိုးအလျှော့ပြောင်းလဲခြင်းများအတွက် အဆိုလွှာပါအချက်အလက်များကို အာမခံကုမ္မဏီအား အကြောင်းကြား၍ ပြောင်းလဲနိုင်ပါတယ်ခင်ဗျာ။
မီးအာမခံလျော်ကြေးကို လုံးဝပျက်စီးဆုံးရှုံးမှု( Total loss) အတွက် အာမခံထားငွေကို ပေးလျော်မည်ဖြစ်ပြီး တစ်စိတ်တစ်ဒေသသာ ပျက်စီးပါက ပျက်စီးသည့် အစိတ်အပိုင်း ရာခိုင်နှုန်းအပေါ်တွင် ပေးလျော်ပါမည်။(လျော်ကြေးအတွက် ပျက်စီးဆုံးရှုံးမှုဖြစ်ပြီး ( ၂ )ပတ်အတွင်း အကြောင်းကြားရပါမည်။)
အာမခံသက်တမ်း (၁) နှစ်အတွင်း လျော်ကြေးတောင်းခံခြင်း မရှိခဲ့လျင် သက်တမ်းတိုးသည့်နှစ်အတွက် လျော်ကြေးမဲ့ဆု(No Claim Bonus)အဖြစ် မီးအာမခံ ပရီမီယံ၏ ( ၂၅ %) ကို လျော့ပေးမည် ဖြစ်ပါတယ်ခင်ဗျာ။
သက်တမ်းမဝင်ခြင်း၊ အကာအကွယ်အတွင်းမဝင်ခြင်း၊ ပရီမီယံပျက်ကွက်ခြင်း၊ အာမခံထားသော ပစ္စည်းများ မူလနေရာမှပြောင်းရွေ့ထားခြင်း၊ အဆိုလွှာနှင့် မကိုက်ညီခြင်း၊ သတ်မှတ်ကာလအတွင်း ပြည့်စုံစွာမတောင်းခံခြင်းစသည်ကိစ္စရပ်များသည် လျော်ကြေးအကျုံးမဝင်ပါသဖြင့် မီးအာမခံထားသူများအနေနှင့် အထူးသတိထားဆင်ခြင်သင့်ပါတယ်ခင်ဗျာ။
လူနေအိမ်များအတွက် အိမ်ငှားဖြစ်ပါက အိမ်ငှားစာချုပ်မိတ္တူ။
စက်ရုံ၊သိုလှောင်ရုံများအတွက် ငှားရမ်းအဆောက်အအုံဖြစ်ပါက အငှားစာချုပ်မိတ္တူ၊ မီးဘေးကာကွယ်ရေး စီမံချက်။
ကုန်ပစ္စည်း၊ စက်ပစ္စည်း၊ ပရိဘောဂများအတွက် ပစ္စည်းစာရင်းနှင့် အဝယ်ပြေစာများ လိုအပ်ပါတယ်ခင်ဗျာ။
( လူခိုးလို့မကုန် မီးခိုးမှကုန် ) ဆိုတဲ့ မြန်မာစကားပုံ တစ်ခုရှိပါတယ်ခင်ဗျာ။ မိမိတို့ကြိုးစားရှာဖွေ တည်ဆောက်ထားသော ရင်းနှီးမြုပ်နှံမှုများအတွက် ကြိုတင်မခန့်မှန်းနိုင်သော မီးဘေးအန္တရာယ်ကို မီးအာမခံအကာအကွယ် ယူထားပြီး နှလုံးစိတ်ဝှမ်း အေးချမ်းစွာဖြင့် လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် လုပ်ဆောင်နိုင်ကြပါစေ။
🙏🙏🙏🙏🙏
Arnt Bwe Oo
Insurance Services
Address (1) :
No.22(8-FL),Jasmine Road,Alone Township,Yangon,Myanmar.
Address (2) :
No.548(5B),Strand road,Kyintmyintaing Township,Yangon,Myanmar.
Phone _ 09-444438995 09-780004483, 09-420007195
Email _ [email protected]
💝 🫶 🥰 ဝန်ဆောင်မှုကို ဦးထိပ်ပန်လျက် ရှေ့ဆက်ပြီဆို A . B. O 💝 🫶 🥰 🇲🇲 🇲🇲 🇲🇲🏆🌏 🌍 🌎.