CHUBB by Myat Hnin

CHUBB by Myat Hnin I am open and receptive to all the wealth that life offers me💕👨‍👩‍👦💕

ကိုကျော်သန်းထွန်းရဲ့စာကို ကူးယူဖော်ပြတာပါ။ ကျွန်တော်တို့ မကြာခဏပြောရလေ့ ကြားရလေ့ရှိတဲ့ Inflation နဲ့ Life Insurance ပါIn...
26/01/2023

ကိုကျော်သန်းထွန်းရဲ့စာကို ကူးယူဖော်ပြတာပါ။ ကျွန်တော်တို့ မကြာခဏပြောရလေ့ ကြားရလေ့ရှိတဲ့ Inflation နဲ့ Life Insurance ပါ

Inflation ငွေကြေးဖောင်းပွမှုနဲ့ အသက်အာမခံ

အာမခံ Life Insurance က လူတိုင်းအတွက်တော့ မလိုအပ်ပေမယ့် အိမ်ထောင်ဦးစီးတိုင်းအတွက်တော့ လိုအပ်ပါတယ်။ ခုကာလ ပိုတောင် လိုအပ်ပါတယ်။ အဓိက ဘယ်လို Plan မျိုးကို ရွေးချယ်မလဲ အရေးကြီးလာတာပါ။ အာမခံရဲ့ ရည်ရွယ်ချက်သည် ငွေကြေးအကာအကွယ်ပေးခြင်းပါ။

ဥပမာ - သိန်း ၁၀၀ အသက်အာမခံထားတယ်ဆို ခုချက်ချင်း သိန်း ၁၀၀ ပေးရတာ မဟုတ်ပါဘူး။ အသက်အာမခံက အနာဂတ်ကာလအတွက် ရည်ရွယ်ပြီး နည်းနည်းချင်းစီ ပရီမီယံ ပေးသွင်းစုဆောင်းပြီး ငွေကြေးအကာအကွယ် ယူထားတာပါ။ ခု လက်ထဲ သိန်း ၁၀၀ ရှိနေရင်တော့ Invest တစ်ခုခု လုပ်နိုင်ပါတယ်။ အသက်အာမခံနဲ့ မစုဘဲ လက်ထဲစုထားလည်း Inflation ရှိနေမှာပါပဲ။

ဒီလို အခြေအနေအတွက် ရွေးချယ်သင့်တာက အာမခံအကာအကွယ် ပိုရတဲ့ (Protection) Plan ကို ပိုယူထားသင့်တာပါ။ ဥပမာ - အသက်အာမခံ သိန်း ၁၀၀ ထားရင် သိန်း ၄၀၀/ ၅၀၀/ ၆၀၀ ထိ အကာအကွယ်ရမယ့် Plan မျိုးပေါ့။ Inflation ကြောင့် အသုံးစရိတ်တွေလည်း နှစ်ဆမက မြင့်တက်နေပါတယ်။ အဲ့ထဲမှာ ဆေးကုသစရိတ်တွေလည်း ပါပါတယ် (ဒီအတွက် ပြင်းထန်ရောဂါကုသမှု အာမခံမျိုး၊ မတော်တဆထိခိုက်မှုအာမခံမျိုး တွေ ထားထားသင့်ပါတယ်။)

အိမ်ထောင်ဦးစီး အတိမ်းအစောင်းဖြစ်သွားခဲ့ရင် Inflation အခြေအနေကြားထဲမှာ ကျန်ခဲ့မယ့် မိသားစုအတွက် ဘယ်လို ဖြစ်သွားမလဲ... မိသားစု လစဥ် အသုံးစရိတ်တွေ အရမ်းမြင့်တက်နေတဲ့အချိန်မှာ ဝင်ငွေရှာပေးနေတဲ့သူ မရှိတော့ဘဲ ပြန်လည်တည်ဆောက်နေရတဲ့ ကာလတစ်ခုအတွက် အာမခံအကာအကွယ်ယူထားတဲ့ အကျိုးခံစားခွင့် ငွေကြေးပမာဏက အများကြီး အကူအညီဖြစ်စေတဲ့ ထွက်ပေါက်တစ်ခု တံတားတစ်ခုပါ။

ဒီအတွက် ကိုယ် နေ့စဥ် သုံးနေတဲ့ အသုံးစရိတ်တွေထဲက အနည်းငယ်ဆီ ဖဲ့ပြီး စုဆောင်းဖြစ်တာမလို့ အသုံးစရိတ်ကိုလည်း ချွေတာပြီးသား ဖြစ်သွားစေပါတယ်။

ကိုယ်ပိုင် စီးပွားလုပ်တဲ့သူကလည်း စီးပွားရေးလုပ်လို့ ပိုလျှံတဲ့ငွေတွေကို အချို့ကို ပြန်လည်ရင်းနှီးမြုပ်နှံရပြီး အချို့ကိုတော့ မိသားစုအနာဂတ်အတွက် စုဆောင်းရတာပါပဲ။ ဒီထဲက အချို့အဝက်ကို အခြားနည်းလမ်းနဲ့ စုတာထက် Financial Protection အတွက်ပါ ထည့်စဥ်းစားပြီး
အသက်အာမခံထားပြီး ပြင်ဆင်ထားတာက မိသားစုအနာဂတ်အတွက် စိုးရိမ်သောက ကင်းစေပြီး စိတ်လုံခြုံအေးချမ်းစေပါလိမ့်မယ်။

အထူးသဖြင့် စီးပွားရေး မလုပ်ရဲ မလုပ်တတ်တဲ့ သူတွေကတော့ အများစု ဘဏ်မှာ/ လက်ထဲမှာ ကိုင်ထားကြတာပါပဲ။ ဒီနေရာမှာ အခြားရွေးချယ်စရာက အသက်အာမခံထားပြီး ငွေကြေးစီမံထားခြင်းဟာ မိသားစုအတွက် Risk Transfer လုပ်ပြီးသား ဖြစ်သွားတာပါပဲ။

လူတိုင်း အသက်အာမခံမထားကြသလို ... လူတိုင်း အသက်အာမခံထားဖို့လည်း မလိုအပ်ပါဘူး...

မိသားစုတစ်စုမှာ တာဝန်ထမ်းထားတဲ့သူ၊ ဝင်ငွေရှာဖွေနေတဲ့သူ၊ ကိုယ့်ရဲ့ဝင်ငွေကို မှီခိုနေရသူတွေ ရှိနေတဲ့သူတွေက အဓိက လိုအပ်ပါတယ်။
ခုချိန်မှာ ဘယ်လို ရွေးချယ်သင့်လဲဆိုတော့ ...
ငွေကြေးအကာအကွယ် Protection ကို စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ Plan မျိုး၊ ပြင်းထန်ရောဂါကုသမှု Benefit ပါဝင်တဲ့ Product မျိုးတွေကိုလည်း စဥ်းစားရွေးချယ်သင့်ပါတယ်။

အသက်အာမခံ ရှိထားခြင်းဟာ ကိုယ့် Generation အတွက်
မချမ်းသာရင်နေမယ် ... လက်ရှိထက် မနိမ့်ပါးသွားအောင် ရည်မှန်းချက်တွေ ပျက်စီးမသွားအောင် ငွေကြေးအရ ကာကွယ်ပေးထားပါတယ်။

အသက်အာမခံထားရင်းနဲ့ ငွေကြေး စုဆောင်းဖြစ်သွားခြင်းက ကိုယ့်အတွက် မိသားစုအတွက် အပိုဆု တစ်ခုပါပဲ။

ဒါကြောင့် ကိုယ့်ဝင်ငွေနဲ့ ချင့်ချိန်ပြီး ကိုယ့်မိသားစုနဲ့ သင့်တော်မယ့် အသက်အာမခံအကာအကွယ် ဝယ်ယူထားခြင်းက ကိုယ့်မိသားစုရဲ့ အနာဂတ်ဘဏ္ဍာရေးလုံခြုံစိတ်ချရမှုအတွက် များစွာ အထောက်အကူ ရရှိစေပါတယ်။

📌 တစုံတရာ အသိ သုတ ရနိုင်ကြပါစေ။
📌 ကူးယူမျှဝေရင်း အကျိုးရှိနိုင်ကြပါစေ။

#ကျော်ကျော် (တောင်ငူ)
Life Insurance Consultant

Credit with THANKS: #ကျော်ကျော် (တောင်ငူ)
Copy from: #ကျော်ကျော် (တောင်ငူ)

Insurance မှာ ဆိုရိုးစကား တစ်ခုရှိတယ်ဗျ။"ဘယ်အမျိုးသမီးမှ သူတို့ခင်ပွန်း အသက်အာမခံ ထားဖို့လိုတယ် မထင်ဘူး။ဘယ်မုဆိုးမမှလည်း...
26/01/2023

Insurance မှာ ဆိုရိုးစကား တစ်ခုရှိတယ်ဗျ။

"ဘယ်အမျိုးသမီးမှ သူတို့ခင်ပွန်း အသက်အာမခံ
ထားဖို့လိုတယ် မထင်ဘူး။
ဘယ်မုဆိုးမမှလည်း သူ့ခင်ပွန်း အသက်အာမခံထားတာ
များသွားတယ်လို့ ငြီးလေ့ မရှိပါဘူး" တဲ့။

စကားက တည့်တည့်ပြောတော့ နည်းနည်းတော့
ကြမ်းကောင်း ကြမ်းသွားနိုင်ပေမယ့် ဒါက အမှန်တရားပါပဲ။ ဒါကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် အသက်အာမခံ၊ ကျန်းမာရေးအာမခံ ထားထားတာပါ။

ကားဘီးဆိုတာ နေ့တိုင်း ပေါက်နေတာမှ မဟုတ်တာဗျာ။
ဘာလို့ ကားထဲမှာ ဘီးအပိုတွေ နေ့စဉ် အလေးခံပြီး ဆောင်ထားကြသလဲ ဆိုတဲ့ Concept ကို ပြန်စဉ်းစားကြည့်ရင် သိမှာပါ။

ကျွန်တော်တို့ အပြင်ထွက်ရင် ကိုယ့်အိတ်ကပ်ထဲ ထည့်သွားတဲ့ ပိုက်ဆံအကုန် သုံးဖြစ်တာမှ မဟုတ်တာ.. သုံးမယ်ဆိုတာ
မသေချာတဲ့ ပိုက်ဆံအပိုတွေကို ဘာလို့ အိတ်ကပ်ထဲ
အလေးခံအပျောက်ခံပြီး ထည့်သွားသေးလဲဆိုတဲ့ အချက်လည်း ပြန်စဉ်းစားကြည့်လို့ ရပါတယ်။

တကယ်တော့ အသက်အာမခံဆိုတာ လူလတ်တန်းစားတွေအတွက် ပိုလိုအပ်ပါတယ်။ သူဌေးတွေက သူတို့မရှိရင် နောက်က သူ့မိသားစုအတွက် အထုပ်အထည်တွေနဲ့ မကြောင့်မကြအောင် ထားခဲ့နိုင်ပါသေးတယ်။ လူလတ်တန်းစားတွေမှာက လူကိုပဲ ရင်းပြီး မိသားစုကို ကျွေးနေရတာမို့ ကိုယ်မမျှော်မှန်းနိုင်တဲ့ ဖြစ်ရပ်တွေအတွက် ကိုယ့်မိသားစုကို အကာအကွယ် ယူထားသင့်ပါတယ်။

တိုးတက်တဲ့ နိုင်ငံတိုင်းမှာ အသက်အာမခံဆိုတာ မိသားစုအတွက် Family Financial Planning တစ်ခုအဖြစ်နဲ့ မထားမဖြစ်ကို ထားကြတာပါ။ သုတေသနစာတမ်းအရ အမေရိကန်နိုင်ငံမှာဆို လွန်ခဲ့တဲ့ နှစ်၂၀ အတွင်း (၁၉၉၈-၂၀၁၈) သူ့နိုင်ငံသားတွေ ဝယ်ထားတဲ့ စုစုပေါင်းအသက်အာမခံပေါ်လစီ အရေအတွက်က သန်း ၆၆၀ နီးပါး ရှိတယ်။ အမေရိကန် တစ်နိုင်ငံလုံး လူဦးရေစုစုပေါင်းမှ သန်း ၃၂၈ သန်းပဲ ရှိတာမို့ လူတစ်ယောက်ကို အနည်းဆုံး အသက်အာမခံ ပေါ်လစီ ၂ ခုနဲ့အထက် ရှိတဲ့သဘောပါပဲ။ ဒါတောင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကဝယ်ထားတဲ့ အသက်အာမခံအရေအတွက်ကိုပဲ ထည့်တွက်ထားသေးတာပါ။ ကမ္ဘာထိပ်သီး အမေရိကန်တွေ တုံးလို့၊ မတွက်တက်လို့ အသက်အာမခံ ထားထားကြတာမဟုတ်တာတော့ သေချာပါတယ်ခင်ဗျာ။ ပညာတတ်လေ၊ စဉ်းစားဉာဏ်ရှိလေ သူ့မိသားစုရဲ့ Family Financial Planning ကို စနစ်တကျ ချတတ်လေဆိုတဲ့ သဘောပါ။

ဆိုတော့ဗျာ
"ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုရင် တရားဓမ္မ အားထုတ်ပါ။"
"သင့်မိသားစုကို ချစ်တယ်ဆိုရင် အသက်အာမခံ ထားထားပါ။"

အပေါ်ဆုံးက ဆိုရိုးစကားလေးကို မမေ့ပါနဲ့။

"ဘယ်အမျိုးသမီးမှ သူတို့ခင်ပွန်း အသက်အာမခံ လိုအပ်တယ် မထင်ဘူး၊ ဘယ်မုဆိုးမမှလည်း သူ့ခင်ပွန်း အသက်အာမခံထားတာ များသွားတယ်လို့ ငြီးလေ့မရှိပါဘူး" တဲ့။

Credit with THANKS: Thet Oo Shwe
Copy from Thet Oo Shwe


အာမခံ (Insurance) က ဘယ်အရာတွေကို ကာကွယ်ပေးတာလဲ။- မသေဆုံးအောင်- ရောဂါဘယတွေ မဖြစ်အောင်- မတော်တဆထိခိုက်မှု မဖြစ်အောင်- မီးမ...
10/01/2023

အာမခံ (Insurance) က ဘယ်အရာတွေကို
ကာကွယ်ပေးတာလဲ။

- မသေဆုံးအောင်
- ရောဂါဘယတွေ မဖြစ်အောင်
- မတော်တဆထိခိုက်မှု မဖြစ်အောင်
- မီးမလောင်အောင်
- Car Accident မဖြစ်အောင်

ဒါတွေကို တစ်ခုမှ ကာကွယ်မပေးနိုင်ပါဘူး။
အာမခံမှ မဟုတ်ဘူး ... ခေတ်မီသိပ္ပံပညာရပ်တွေနဲ့တောင်မှ
မတားဆီးနိုင်ပါဘူး။

ဒါဆို အာမခံက ဘာကို ကာကွယ်ပေးတာလဲ။
အထက်ပါ အချက်တွေ မမျှော်လင့်ဘဲ ကြုံတွေ့လာခဲ့ရင် နောက်ဆက်တွဲ ပေါ်ပေါက်လာမယ့် ငွေကြေးဆုံးရှုံးမှုတွေကို ကာကွယ်ပေးတာပါ။

မသေအောင်လို့ မလုပ်ပေးနိုင်ဘူး...
သေဆုံးခဲ့ရင်တော့ ကိုယ့်ကို မီခိုနေရတဲ့ မိသားစုတွေ
ငွေကြေးကြောင့် ဒုက္ခဆင်းရဲမဖြစ်အောင်၊ ခြေလွတ်လက်လွတ် မဖြစ်အောင်၊ သားသမီးအတွက်
ရည်မှန်းချက်တွေ မပျက်သွားအောင် ကာကွယ်ပေးတယ်။

ရောဂါဘယနဲ့ မတော်တဆမှု မဖြစ်အောင် မလုပ်ပေးနိုင်ဘူး။
ဖြစ်လာခဲ့ရင်တော့ ဆေးကုသကုန်ကျစရိတ်အတွက် မပူပန်ရအောင်၊ စုဆောင်းထားတဲ့ငွေကြေးတွေ ထုတ်မသုံးရအောင်၊ ပိုမိုကောင်းမွန်တဲ့ ကုသမှုအစီအစဥ် ရွေးချယ်နိုင်အောင်၊
တစ်ပူပေါ် တစ်ပူမဆင့်ရလေအောင် ကာကွယ်ပေးနိုင်တယ်။

မီးမလောင်အောင် မကာကွယ်ပေးနိုင်ဘူး။
ဒါပေမယ့် မီးလောင်ခဲ့လို့ ကြုံတွေ့ရမယ့်
ငွေကြေးဆုံးရှုံးမှုတွေကို ကာကွယ်ပေးနိုင်တယ်။ လုပ်ငန်းကို နောက်ဆံမတင်းရဘဲ လုပ်ကိုင်နိုင်တယ်။

Car Accident မဖြစ်အောင် မလုပ်ပေးနိုင်ဘူး။
ဖြစ်လာခဲ့ရင် ကားပြင်ဆင်စရိတ်အတွက်
စုဆောင်းထားတာတွေ ထုတ်မသုံးရဘူး၊ လုပ်ငန်းကို
အရှိန်မပျက် အမြန်ဆုံး ပြန်လည်ထူထောင်နိုင်စေတယ်။

အချုပ်ဆိုရရင် -
သင့်ရဲ့ ပိုင်ဆိုင်မှု ကြီးထွားအောင်၊ ဝင်ငွေတိုးလာအောင် သင့်ရဲ့ ကြိုးစားမှုနဲ့ပဲ သက်ဆိုင်ပါတယ်။

ဒါပေမယ့် ဘယ်အရာမှ သေချာမှု မရှိတဲ့ လောကမှာ
ဘေးပယောဂတွေကြောင့် သင့်ရဲ့ ပိုင်ဆိုင်မှုတွေနဲ့
ရှင်သန်မှုဟာ နေ့ချင်းညချင်း ပြောင်းလဲသွားနိုင်ချေလည်း
ရှိနေပါတယ်။

ဒါတွေကို ထိန်းထားနိုင်အောင်၊ အခြေမပျက်အောင်
မိသားစုရဲ့ အနာဂတ်တွေ ပျက်စီးမသွားအောင် ငွေကြေးနဲ့ပဲ တည်ဆောက်ရတာမလို့ အထက်ပါ
ငွေကြေးဆုံးရှုံးနိုင်မှုတွေကို အာမခံ
အကာအကွယ်ပေးနိုင်ပါတယ်။

အာမခံ (Insurance) အကာအကွယ်ရှိထားခြင်းဟာ
ငွေကြေးအကာအကွယ်အပြင် စိတ်အေးချမ်းမှု ရရှိစေခြင်း၊ နောက်ဆံမတင်းရခြင်း၊ စိုးရိမ်ပူပန်နေရမှု ကင်းခြင်း တို့
ရရှိစေလို့ ...
သင့်အနေနဲ့ အာမခံစနစ်ကို ဘယ်လို အသုံးချမလဲ
ဆိုတာပဲ အရေးကြီးတာပါ။

crd #ကျော်ကျော် (တောင်ငူ)

"လက်ရှိ သိန်း ၁၀၀ ရှိမနေပေမယ့် ငါ့မိသားစု နောင်ရေးအတွက် သိန်း ၅၀/၁၀၀ စီစဥ်ထားပြီးသား"ဆိုတဲ့ စိတ်လုံခြုံမှုမျိုး ဝမ်းသာပီ...
10/01/2023

"လက်ရှိ သိန်း ၁၀၀ ရှိမနေပေမယ့် ငါ့မိသားစု နောင်ရေးအတွက် သိန်း ၅၀/၁၀၀ စီစဥ်ထားပြီးသား"ဆိုတဲ့ စိတ်လုံခြုံမှုမျိုး ဝမ်းသာပီတိမျိုး ခံစားကြည့်ကြည့်ပါ။
အဲဒီ ခံစားမှုမျိုးဟာ အသက်အာမခံနဲ့ Financial Planning လုပ်ပြီး
ငွေစုထားခြင်းကသာ ရရှိနိုင်ပါတယ်။

တစ်ရက် ၃၀၀၀/၅၀၀၀ စသဖြင့် အသုံးစရိတ်ချွေတာလိုက်ပြီး စုနိုင်ရုံနဲ့ အကောင်အထည် ဖော်နိုင်ပါတယ်။
ဒါ့အပြင် ဥပဒေအရလည်း ဝင်ငွေခွန် ကင်းလွတ်ခွင့်ရတယ်။
စီးပွားရေးကိစ္စ အမှားအယွင်းဖြစ်လို့ တရားရုံးက ကြွေးဝရမ်းကပ်ခံရတဲ့အဖြစ်မျိုးမှာတောင် အသက်အာမခံစုငွေဟာ ဥပဒေအရ ကြွေးဝရမ်းကပ်ခံရခြင်းမှ ကင်းလွတ်ခွင့်ရတယ်။

ကိုယ်မရှိခဲ့ရင်တောင် ...
ကိုယ့်စုငွေထက် ပိုတဲ့ နှစ်ဆအကျိုးခံစားခွင့်ကို အခြားသူတွေ ဝင်ရောက်စွက်ဖက်ခွင့် မရှိဘဲ ကိုယ် လွှဲပေးထားတဲ့ အကျိုးခံစားခွင့်ရှိသူ သား/သမီး/ ဇနီး / မိဘတို့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် လက်ထဲ ရောက်ရှိစေတယ်။
ဘယ်လောက်ထိ စိတ်ချလုံခြုံမှုရရှိစေတဲ့ မိဘတွေရဲ့ Feeling မျိုးလဲ။

တန်ဖိုးထားရတဲ့ သူတွေရဲ့ အနာဂတ်တွေကို အခက်အခဲတွေကနေ ကင်းဝေးစေတယ်။
ဒီ Feeling ဒီခံစားချက် ဒီလို စိတ်လုံခြုံ အေးချမ်းမှုမျိုးကို ကျွန်တော် ရသလို အခြားသူတွေလည်း ရစေချင်တယ်။
ဒါကြောင့် ဒီ Career အသက်မွေးဝမ်းကြောင်း (အသက်အာမခံ အကြံပေး/ဝန်ဆောင်မှု)မှာ လုပ်ကိုင်ရင်း ကိုယ့်ပတ်ဝန်းကျင်ကို ကူညီပေးနေရတာ ဂုဏ်ယူမိတယ်။

Credit: ကျော်ကျော် (တောင်ငူ)

လူတိုင်းအတွက် အာမခံ အကာအကွယ်ဆိုတာ တကယ်လိုအပ်တာပါ ။ လာမဲ့နှစ်သစ်မှာ စိတ်အေးချမ်းဖို့ အာမခံနဲ့ အကာကွယ်ယူကြစို့။ သူ​ဌေးကြီး...
09/01/2023

လူတိုင်းအတွက် အာမခံ အကာအကွယ်ဆိုတာ တကယ်လိုအပ်တာပါ ။ လာမဲ့နှစ်သစ်မှာ စိတ်အေးချမ်းဖို့ အာမခံနဲ့ အကာကွယ်ယူကြစို့။

သူ​ဌေးကြီးဂျက်မား​ပြောတာမှတ်သားစရာပါ

- အာမခံဝယ်လိုက်လို့ သင့်ဘဝက ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ဒါ​ပေမယ့် အကြောင်းကြောင်း​ကြောင့် ပြောင်းလဲသွားနိုင်တဲ့ သင့်ဘဝ အပြောင်းအလဲကိုတော့အာမခံဝယ်ယူထားခြင်းက ကာကွယ်ပေးနိုင်ပါတယ်။

- နေမကောင်းလို့ ကျန်းမာရေးချို့တဲ့လာရင် ကုသစရိတ်က သင်တစ်သက်လုံး ရှာဖွေထားသမျှ စုဆောင်းထားသမျှကို ကုန်သွားစေမှာပါ။

- အာမခံဝယ်လိုက်လို့ သင်ဟာ ဆင်းရဲမွဲတေသွားမှာ မဟုတ်ပါဘူး။ မဝယ်ထားမိရင်တော့ သင့်ချစ်ရသူတွေဆင်းရဲမွဲတေမှုကို ခံစားသွားရနိုင်ပါတယ်။

# Jack Ma
Credit to Original Writer

Declaration Myself 2023 🤍💛🧡 " ကိုယ့်ကိုယ်ကိုယ်ချစ်ရင် "“If you love yourself....”၁) မနက်အိပ်ယာနိုးတိုင်း ငါအသက်ရှင်နေပါသ...
02/01/2023

Declaration Myself 2023 🤍💛🧡

" ကိုယ့်ကိုယ်ကိုယ်ချစ်ရင် "
“If you love yourself....”

၁) မနက်အိပ်ယာနိုးတိုင်း ငါအသက်ရှင်နေပါသေးလားလို့ ကျေးဇူးတင်ပါ။
When you wake up every morning, be grateful that you are alive.

၂) ရင်ထဲဘာတွေခံစားနေရပါစေ အိပ်ယာကထ
အ၀တ်အစားသပ်သပ်ရပ်ရပ်၀တ် သွားဖို့တာ၀န်ရှိတဲ့ နေရာကို
ရောက်အောင်သွားပါ။
Regardless of how you’re feeling in your heart, get up, dress up, and show up.

၃) သူများနဲ့မနှိုင်းယှဉ်ဘဲ ကိုယ့်အားသာချက်ကို ကိုယ်ရှာဖွေပါ
အသုံးချပါ။
Without comparing yourself with others, find out your trump card, and use it to your advantage.

၄) အားကစားကို ဆယ်မိနစ်ကနေ မိနစ်သုံးဆယ်လောက်လုပ်ပေးပါ။
Work out for about ten to thirty minutes a day.

၅) ရေ နှစ်လီတာတော့ သောက်ဖြစ်အောင်သောက်ပါ။
Make sure to drink about two liters of water per day.

၆) ဆယ်မိနစ်လောက် ငြိမ်သက်စွာ လေရှုသွင်း ရှုထုတ်လုပ်ပေးပါ။
Breathe quietly: inhale and exhale for about ten minutes a day.

ရ) မနက်စာကို ဘုရင်လို အားရပါးရ စားပါ။ နေ့လည်စာကို
လျော့စားပါ။ ညစာကို နည်းနည်းလေးပဲစားပါ။
Have a hearty breakfast early in the morning. Have a light lunch. Eat very little for dinner.
(Eat breakfast like a King, lunch like a prince, and dinner like a pauper. မနက်စာကို ဘုရင်ကြီးလိုစား၊ နေ့လည်စာကို မင်းသားလိုစားပြီး ညစာကိုတော့ လူမွဲလိုစားပါဆိုတဲ့ အဂ်လိပ် ဆိုရိုးစကားရှိပါတယ်။)

၈) အားအင်အပြည့်ထည့်ပြီး စိတ်ပါလက်ပါနဲ့ သူတပါးကို စာနာတဲ့စိတ်နဲ့တကိုယ်ကောင်းမဆန်ပဲ အလုပ်လုပ်ပါ။
Do your work energetically, willingly, sympathetically and selflessly.

၉) အားပါးတရ ပြုံးပါ ရယ်လိုက်ပါ။
Smile broadly. Laugh heartily.

၁၀) အသစ်အဆန်းတွေကို အမြဲလေ့လာနေပါ။
Always try to learn something new.

၁၁) အသက်အရွယ်က အရေးမကြီးပါဘူး။ပျော်ပျော်ပါးပါးနေပါ။
Age is just a number. Enjoy your life.

၁၂) ကိုယ့် ပျော်ရွှင်မှုကို ကိုယ်ပဲပိုင်ပါတယ်။
သူများ နှောက်ယှက်လည်း ကိုယ့်ခံယူမှုသာအဓိကပါ။
You own your life and your happiness.
Even if someone disturbs you, your conviction is what matters.

၁၃) နေ့စဉ် အနည်းဆုံး တွေ့တဲ့ လူသုံးယောက်ကို ပြုံးပြီး ချီးကျူးစကားပြောပေးပါ။
Every day, smile and say a few words of praise to at least three people you meet.

၁၄) မလိုတော့တဲ့ ပိုလျံနေတဲ့ ပစ္စည်းတခုခုကို နေ့စဉ် လှူပေးပါ။
Give away some extra stuff every day.

၁၅) ဒဏ်ရာဟောင်းတွေကို မစဉ်းစားဘဲ လက်ရှိဘ၀ကို ပျော်အောင်နေပါ။
Live in the moment without dwelling on the old wounds.

၁၆) ဖြစ်လာတဲ့ပြသနာတွေကို သေချာစဉ်းစားပြီးဖြေရှင်းပါ။
၀မ်းနည်းအားငယ်ရှက်ရွံ့မနေပါနဲ့။
Solve any problem that arises carefully. Don’t feel sad or depressed.

၁၇) အတင်းအဖျင်းပြောတဲ့သူတွေနဲ့ပေါင်းပြီး အချိန်ကုန်မခံပါနဲ့။
Don’t waste your time with gossip-mongers.

၁၈) အလုပ်နဲ့သူငယ်ချင်းကြား အလုပ်နဲ့ကျန်းမာရေးကြားမျှတအောင်နေပါ။
Maintain a good balance between work and friends, work and health.

၁၉) အလုပ်ဘယ်လောက်များများ မိဘမောင်နှမတွေ ကို
မကြာခဏ ဆက်သွယ်ပေးပါ။
No matter how busy you are, keep in touch with your parents and siblings.

၂၀) အသက် ၇၀ ကျော်တွေ အသက် ၆ နှစ်အောက်တွေနဲ့
အချိန်ပေး စကားပြောပေးပါ။
Spend some time talking with those who are above 70 years and below 6 years old.

၂၁) စိတ်ရှုပ်စေမဲ့ ပစ္စည်းတွေ မလှတော့တဲ့ ကွဲသွားပဲ့သွားတဲ့
အသုံးအဆောင်တွေ ကို ရှင်းပေးပါ။
Declutter your home and your life.

၂၂) ကျက်သရေမရှိတဲ့အတွေးအခေါ်တွေ ကို ချက်ခြင်းထုတ်လိုက်ပါ။ ကောင်းတာပဲ စဉ်းစားပါ။
Banish those negative thoughts at once, and keep your mind busy with positive thoughts.

၂၃) လူမှုကွန်ယက်မှာကျက်သရေ ရှိတာပဲ Share ပါ။
Share only what is pleasant on social networking sites.

၂၄) သူများတွေ ငါ့ဘာထင်မလဲ ဆိုတာ အရေးမကြီးဘူး။
မထိခိုက်သမျှ လုပ်စရာရှိတာလုပ်ပါ။
It doesn’t matter what others think of you.
Do what you’ve got to do as long as it doesn’t harm anyone.

၂၅) အနိုင်ဆိုတာ အမြဲမရဘူး။ ညှိနှိုင်းယူတတ်အောင်လေ့ကျင့်ပါ။
You don’t always win. Learn to negotiate.

၂၆) မရှိတာအတွက် စိတ်ဆင်းရဲမနေပါနဲ့။ ရှိနေတာကိုပဲ တန်ဖိုးထားပါ။
Don’t feel despair for the thing you don’t have. Try to appreciate what you do have.

၂၇) ည ၁၁ နာရီနောက်ဆုံးထားအိပ်ပေးပါ။
Go to bed by 11 p.m. at the latest.

၂၈) ဘုရားရှိခိုးပါ။ ဘုရားက ခွန်အားကိုပေးပါတယ်။
Say your prayers. Prayers bring you strength.

၂၉) အိမ်ကို ရှင်းနေအောင်ထားပါ။ အိမ်အလုပ်ကူလုပ်ပေးပါ။
Keep your house clean. Help with household chores.

၃၀) ထမင်းကို သေချာခူးခပ်စားပါ။ပြီးပြီးရော ဇလုံနဲ့ထည့်မစားပါနဲ့။
Eat your meals properly at the dining table. Do not fill a bowl with food and eat out of it.

မြန်မာ စာသား - Credit to the original uploader
English Translation by Dr.Soe Than

26/12/2022

ဘာကြောင့် Insurance ကို အခြေခံလိုအပ်ချက်ထဲမှာ
ပါဝင်တယ် လို့ပြောကြတာလဲ???

ဖွံ့ဖြိုးတိုးတက်ပြီးသား နိုင်ငံတွေမှာ Insurance က
လူတစ်ယောက်ချင်းစီတိုင်းအတွက် မဖြစ်မနေ လိုအပ်တဲ့ထဲမှာ ပါပါတယ်...ဘာကြောင့်လဲဆိုတော့ Risk တွေကို
လျော့ကျစေဖို့အတွက် Risk Management ကို
အရမ်းဂရုစိုက်ပြီး နိုင်ငံအတွင်းမှာ နေထိုင်သည့်တစ်ဦး
တစ်ယောက်ချင်းစီတိုင်းရဲ့ Life တွေကို Struggle
မဖြစ်ရအောင် Structure ကျကျ Financial planning တွေလုပ်ပေးထားကြတယ်

ကျွန်မတို့ နိုင်ငံမှာရော ဒါမျိုး Financial Planning တွေ
မလုပ်နိုင်ဘူးလားလို့မေးစရာရှိပါတယ် ကျွန်မတို့တွေ
အနေနဲ့လည်း ကျွန်မတို့ချစ်တဲ့ မိသားစုအတွက်
Financial Planning လုပ်ကို လုပ်ထားနိုင်ပါတယ်။

😓Insurance ကို ကျွန်မတို့တွေ မှားယွင်းစွာ
နားလည်ထားကြတာရှိပါတယ်.....

ဆိုတာ ဆုံးပါးသွားမှရတာပါ
ဆိုတာ ပိုက်ဆံရှိမှထားလို့ရတာလို့သိထားတွေက မှားယွင်းနေပါတယ်..Insurance ကိုလိုအပ်တဲ့နေရာမှာ ဘယ်လိုအသုံးရမလဲဆိုတာသိ ရင်ရပါပြီ

နောက်တစ်ခုက တန်ဖိုးကြီးတဲ့ ပိုင်ဆိုင်မှု Asset ဖြစ်တဲ့
ကားတွေ အိမ်တွေ ကိုတော့ Insurance ဆိုတဲ့ အကာအကွယ်တွေ ယူထားကြတယ်
အရမ်းဝမ်းနည်းဖို့ကောင်းတာက အရမ်းတန်ဖိုးကြီးတဲ့ ငွေ ထုတ်စက်ဖြစ်တဲ့ မိမိကိုယ်တိုင်အတွက်ကို
မေ့ထားကြခြင်းပါပဲ... မိသားစုအတွက် တန်ဖိုးရှိတဲ့
မိမိကိုယ်တိုင်ရော အကာအကွယ် မယူထားသင့်ဘူးလား

ဒါဆိုရင် ကိုယ့်ဝင်ငွေရဲ့ ဘယ်လောက်အပေါ်မှာ
ငွေစု ရင်းနဲ့ အကာအကွယ် ယူမလဲ

ကျွန်မတို့ ပုံမှန်ဝင်ငွေရဲ့ 100% ပေါ်မှာတွက်ကြည့်ကြပါစို့...

- 50% -ကိုယ့်ရဲ့ လိုအပ်တာတွေသုံးဖို့ 50% ဖယ်ထားပါ

- 30% - ကိုယ်လိုချင်တဲ့ပစ္စည်းတွေ ဝယ်ဖို့အတွက် 30% ဖယ်ထားပါ

- 20% - ကိုယ့်ရဲ့ Saving and Protection ကို 20% စုရင်ပဲ Financial Planning ကို
ကောင်းကောင်း ဆွဲလို့ရပါပြီရှင့်

ကိုယ့်အပါ်မှာ မှီခိုနေရတဲ့ မိသားစုဝင်တွေ
ရှိသူတိုင်းအတွက် ... Family Protection/
Income Protection လိုပါတယ်

သားသမီးငယ်လေးများ ရှိနေတဲ့ မိဘများအတွက်
Children Education Plan

Single များ အတွက် ... Emergency Planning /Retirement Planning

လုပ်ငန်းရှင်များ အတွက်... Risk Management/
Tax Planning/ Investment Planning/
Financial Planning

ပြည့်စုံကြွယ်ဝပြီးသား မိသားစုများအတွက် မိမိတို့
ကလေးများအတွက် စိတ်ချရစေရန် Estate Planning ဆိုတဲ့ တရားဝင်မှုရှိတဲ့အမွေ ဆက်ခံမှု စသည့်ဖြင့် Planning
အမျိုးမျိုးနဲ့ Insurance ကိုခွဲခြမ်းစိတ်ဖြာပြီး
အသုံးပြုသင့်ပါ တယ်ရှင်...

Education Endownment Saving &
Double Benefit, Double Protection Plan & Financial Planning စသည်ဖြင့် အပေါ်မှာ ဖော်ပြထားတဲ့ planning များကို စီမံထားချင်သူများ (သို့)
ဆွေးနွေးချင်သူများ အသေးစိတ် စုံစမ်းနိုင်ပါတယ်ရှင့်.....

Crd # Juwel Moon

Myat Hnin Aye

📞09 444068602


အများစုက အရင်က အသိနဲ့ အသက်အာမခံဆိုတာ ကိုယ်အတွက်မဟုတ် နောက်လူစားဖို့ချည်း ။ ဘာအတွက်ကြောင့် ထားစရာလိုမလဲ။ နမိတ်မရှိ နမာမရှ...
17/12/2022

အများစုက အရင်က အသိနဲ့ အသက်အာမခံဆိုတာ ကိုယ်အတွက်မဟုတ် နောက်လူစားဖို့ချည်း ။
ဘာအတွက်ကြောင့် ထားစရာလိုမလဲ။
နမိတ်မရှိ နမာမရှိတဲ့။

မမျှော်လင့်တဲ့ ဆိုးကံတွေ ကြုံလာတဲ့အခါ အကာအကွယ်မရှိရင် အဆမတန်ထိခိုက်မိမှာစိုးလို့ မိသားစုရဲ့ ပူပန်သောကတွေ ဖြေလျော့နိုင်ဖို့ အသက်အာမခံဆိုတာ လူတိုင်း လိုအပ်ပါတယ်။
မော်တော်ကားရှိသူတိုင်း မော်တော်ကားအာမခံ ဘာလို့ထားလဲ။ အလားတူပါပဲ။ အသက်ရှိသူတိုင်း အသက်အာမခံ ထားလေ့ရှိတယ် နိုင်ငံခြားမှာ ပြောတာပါ။
ကိုယ့်မှာ အိမ်မက်တွေ ရည်မှန်းချက်တွေရှိတယ်။
အဲဒါတွေ ဖြစ်လာဖို့ အရင်ဆုံးလုပ်ရမှာက ပိုက်ဆံစုတာပါ။

တိုးတက်လာတဲ့ ခေတ်ကြီးမှာ ကျယ်ကျယ်လောင်လောင်ပြောလာကြတာက Risk Management ပဲ။ ဘယ်လောက်ကြိုးစားကြိုးစား မမြင်နိုင်တဲ့ Risk တွေကို ကြိုတင် Management မလုပ်နိုင်ရင် ပလိုင်းပေါက်နဲ့ ဖားကောက်ဖြစ်နေအုံးမှာ။ ခေတ်မှီတဲ့ အသက်အာမခံရဲ့ သဘောက ကိုယ်က ကိုယ့်ရဲ့ ရည်မှန်းချက် ရဖို့ ကြိုးစားနေချိန်မှာ မြင်းကောင်းခွာလိပ်မဖြစ်စေဖို့ အသက်အာမခံက Emotional Support ပေးသလို Financial Support လည်းလိုအပ်သလို ပေးပါတယ်။
Insecure စိတ်မလုံခြုံမှုတွေ ကိုလည်း ထပ်မဖြစ်စေပဲ လုံခြုံနွေးထွေးမှုပေးပါတယ်။ နောက်ဆုံးမှာ စုငွေက Financial Freedom ရစေမှာပါ။
အသက်အာမခံထားခြင်းအားဖြင့် အကျိုးရှိတာ တစ်ခုထက်မကမို့ သေချာဆွေးနွေး မှုကို လိုအပ်ပါတယ်။
ဒီမှာတော့ အသေးစိတ်ရေးရင် စာက အတော်ရှည်သွားမှာ မို့ အဓိက အချက်ကိုပဲ Short to the point ပြောပြတာပါ။
လူတစ်ဦးနဲ့ တစ်ဦး ပိန်တာ ၀တာကွာသလို ခံယူချက်ကလည်း ကွာတာမို့ အာမခံကို စိတ်၀င်စားရင် အရင်ဆုံး မေးပါ ဆွေးနွေးပါ တိုင်ပင်ပါ။

အာမခံကို စိတ်၀င်စားပါပြီ အာမခံကုမ္ပဏီက ယုံရပါ့မလားလို့ ထင်ကြေးပေးနေကြတဲ့ သူငယ်ချင်းတွေအတွက် ပိုပြီး စိတ်ရှင်းအောင် ရှင်း ပြချင်ပါတယ်။

၁) အာမခံ ကုမ္ပဏီ ဆိုတာ ဘဏ်တွေလိုပဲ Financial Institutions တွေ ဖြစ်ပါတယ်။

၂) အာမခံ ကုမ္ပဏီ ဆိုတာ ဘဏ်တွေလိုပဲ တိကျတဲ့ Insurance Business Law 2016 , Insurance Business Rule 2017 လို ဥပဒေ ခိုင်ခိုင်မာမာရှိပါတယ်။

၃) အာမခံ ကုမ္ပဏီ ဆိုတာ ဘဏ်တွေလိုပဲ ဘဏ်တွေကို Central Bank of Myanmar ကကြီးကြပ်သလို အာမခံ ကုမ္ပဏီကို Insurance Business Supervisory Board ကကြီးကြပ်ပါတယ်။

၄) အာမခံ ကုမ္ပဏီ ဆိုတာ ဘဏ်တွေလိုပဲ Business License လိုပါတယ်။ တစ်နှစ်တစ်ခါ Renew လုပ်ရပါတယ်။ အကယ်၍ လိုက်နာစရာရှိတာတွေကို မလိုက်နာဘူးဆိုရင် License ရုတ်သိမ်းခြင်းခံရမှာပါ။

၅) ဘဏ်တွေက CBM မသိပဲ ဘာမှလုပ်၍ မရသလို အာမခံ ကုမ္ပဏီကလည်း IBSB မသိပဲ ဘာမှလုပ်၍ မရပါ။

၆) ဘဏ်တွေက စုငွေလက်ခံသလို အာမခံ ကုမ္ပဏီ က စုငွေလက်ခံပါတယ်။

၇) ဘဏ်တွေက ချေးငွေပေးသလို အာမခံ ကုမ္ပဏီ ချေးငွေပေးပါတယ်။

၈) ဘဏ်တွေက စုငွေအပေါ် အတိုးပေးသလို အာမခံ ကုမ္ပဏီ က စုငွေအ‌ပေါ် အသက်ကို အကာအကွယ်ပေးပါတယ်။

၉) ဘဏ်တွေက ငွေစုသူ သေဆုံးရင် စုထားတဲ့ amount အတိုင်း ပြန်ရမှာ ဖြစ်ပြီး အာမခံ ကုမ္ပဏီကတော့ အသက်အာမခံကို အကာအကွယ်ပေးထားသူမို့ သေဆုံးခဲ့ရင် ၂ဆ ပြန်လျော်ပေးမှာ ဖြစ်ပါတယ်။ ( I mean Chubb Life Insurance Policy)

၁၀) ဘဏ်စုငွေက အချိန်မရွေး ထုတ်သုံးလို့ ရနေတာကြောင့် မတိုးပွါးသော်လည်း အာမခံစုငွေက အချိန်တစ်ခုရောက်မှ ထုတ်သုံးလို့ ရတာကြောင့် စည်းကမ်းတကျငွေစုခြင်းကို လေ့ကျင့်ပေးပါတယ်။

၁၁) ဘဏ်စုငွေ က Present Time အတွက်ဖြစ်ပြီး အာမခံစုငွေက Future Time အတွက်ဖြစ်ပါတယ်။

၁၂) သင်သိပါသလား ။ ဘဏ်တွေရော အာမခံ ကုမ္ပဏီ တွေရောက Ministry of Finance and Planning ၀န်ကြီးဌာန တစ်ခုတည်းအောက်မှာ ရှိတယ်ဆိုတာ။


ဒါက Insurance Business Rule က Section 6 ပါ။ အသက်အာမခံ ကုမ္ပဏီ တစ်ခု လိုင်စင်ရဖို့ Paid up Capital ကနဦးရင်းနှီးမြှပ်နှံငွေ ကျပ်သန်းပေါင်း ၆,၀၀၀ လိုအပ်ပါတယ်။ အနည်းဆုံး ထည့်၀င်ငွေ ဒီလောက်ရှိရမှာပါ။ ဆိုတော့ Budget တောင့်တင်းမှုက ပြောစရာမလိုတော့ပါနော်။

ဒါကတော့ Insurance Business Law က Section 20 ဖြစ်ပါတယ်။ အကြောင်းတစ်စုံတစ်ရာကြောင့် ကုမ္ပဏီ ဖျက်သိမ်းခဲ့ရင် အရင်ဆုံးပေးရမှာက Policy Holder တွေရဲ့ Liability ပဲ ဖြစ်ပါတယ်။ Google မှာအလွယ်တကူရှာကြည့်နိုင်ပါတယ်။

ဒါကြောင့် ငါ့ငွေဆုံးမလားဆိုတဲ့ သံသယ ကိုအပေါ်က အချက်တွေနဲ့ ပြန်တိုက်ကြည့်ပါ။ တစ်ခုပဲ ကွေးသောလက် မဆန့်ခင် ဆန့်သောလက် မကွေးခင် တစ်စက္ကန့်ချင်း ဖြစ်ပျက်နေတဲ့ ရုပ်နာမ်ကို အသက် အာမခံ ကုမ္ပဏီ လို အာမခံပေးနိုင်တာ ဘယ်သူရှိလဲ စဥ်းစားကြည့်ဖို့ပါ။ တရားကို ဆန့်ကျင်တာမဟုတ်ပါနော်။ ဖြစ်လာရင် ထိခိုက်မှုတွေက အနည်းဆုံးဖြစ်အောင် အကာအကွယ်ပေးတာမျိုးပါ။ အိမ်မှာ ၀င်ငွေရှာပေးနေတဲ့သူ နာမကျန်းဖြစ်ရင် ၀င်ငွေနည်းသွားတာ လက်တွေ့ပဲမဟုတ်လား။
ဒီလိုအဖြစ်အပျက်ကနေ အကာအကွယ်‌ပေးနိုင်ဖို့ သင့်အတွက် သင့်မိသားစုအတွက် အာမခံ ကုမ္ပဏီက အဆင်သင့်ရှိနေတာပါ။

Myat Hnin Aye
Agency Manager
📞 09444068602




အက်ဆီးဒန့် အာမခံ(Accident Shield)သင်မျှော်လင့်မထားတဲ့ ထိခိုက်မှုတွေဖြစ်လာခဲ့သည်ရှိသော် ဘယ်သူတာ၀န်ယူပေးမှာလဲ?ဘယ်အတိုင်းအတ...
08/12/2022

အက်ဆီးဒန့် အာမခံ(Accident Shield)

သင်မျှော်လင့်မထားတဲ့ ထိခိုက်မှုတွေဖြစ်လာခဲ့သည်ရှိသော် ဘယ်သူတာ၀န်ယူပေးမှာလဲ?

ဘယ်အတိုင်းအတာလောက်ထိ တာ၀န်ယူပေးနိုင်မှာလဲ?

ကံမကောင်းစွာနဲ့ ဆုံးပါးခဲ့ရင်ရော?
. . . . . . . . . . . . . . . . . . . . . . . . . . . .

Accidentတစ်ခုခုဖြစ်လာခဲ့ရင် အထက်မှာဖေါ်ပြထားတဲ့မေးခွန်းတွေအတွက်အဖြေတွေကမသေချာပေမယ့်
CHUBB ရဲ့ Accident Shield လေးကတော့
သင့်ကိုကာကွယ်မှုအပြည့်အဝပေးမှာကတော့ သေချာပါတယ်

(အနည်းဆုံး)
35,000 တန်ယူထားလျှင်
သိန်း 50 အကျိုးခံစားခွင့်အကာအကွယ်ရမှာဖြစ်ပြီး

(အများဆုံး)
140,000 တန်ယူထားလျှင်
သိန်း 200 အထိ အကျိုးခံစားခွင့်
အကာအကွယ်ရမှာဖြစ်ပါတယ်

ကျွန်မတို့ Chubb Accident Shieldရဲ့ (၁)နှစ်စာအကာအကွယ်များစွာထဲမှ အနည်းဆုံးတန်ဖိုးနဲ့
အများဆုံးကို ဖေါ်ပြပေးထားခြင်းဖြစ်ပါတယ်...
အသေးစိပ်ကိုတော့ နောက်ဆုံးပုံမှာ
ဖော်ပြပေးထားပါတယ်ရှင်

တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
တန်ဖိုးထားချစ်ခင်စွာဖြင့်❤

Hnin Aye
Agency Manager
☎09444068602

Address

Ahlone

Website

Alerts

Be the first to know and let us send you an email when CHUBB by Myat Hnin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share