01/10/2026
GME မှတဆင့် ပြည်ပငွေလွှဲတရားဝင်လမ်းကြောင်းဖြင့် KBZ Bank Account နဲ့ KBZPay Wallet အကောင့်သို့ ပြည်ပလွှဲငွေလက်ခံသည့်နည်းလမ်းဖြင့် ငွေလွှဲလက်ခံရရှိသော Customer များအတွက် ပြုလုပ်သော “ချက်ချင်းလွှဲ ချက်ချင်းရောက် ဆုကြီးတွေပေါက် Campaign” အစီအစဥ်ကာလကို ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက် နေ့မှစတင်၍ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ကျင်းပပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်ရှင်
၁။ GME ကနေတဆင့် KBZ Bank နဲ့ KBZPay တို့ကို ငွေလွှဲမယ်ဆိုရင် အောက်တိုဘာလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ (၃လတိုင်တိုင်) ငွေလွှဲတစ်ကြောင်းလျှင် ငွေလွှဲခ 2,500 ဝမ်သာ ကျသင့်မှာဖြစ်ပြီး လက်ခံသူ မိသားစုဘက်မှာ သိန်းထောင်ချီတန်ဖိုးရှိတဲ့ ဆုလက်ဆောင်တွေကို ကံစမ်းခွင့် ရရှိမှာပဲ ဖြစ်ပါတယ်။
၂။ Campaign ၏ရည်ရွယ်ချက်မှာ ပြည်ပရောက်မြန်မာလုပ်သားများ၏ လုပ်ခလစာများအား တရားဝင် လမ်းကြောင်းများမှတစ်ဆင့် Worker Remittance Transaction အဖြစ်လွှဲပို့လာသော ပြည်ပမှလွှဲပို့ငွေများအား ငွေလက်ခံရရှိသော Customer မိသားစုများအတွက် ဆုလက်ဆောင်များကံစမ်းရန် အခွင့်အရေးအား ပေးအပ်သွားမည်ဖြစ်ပြီး လစဉ်ဆုလက်ဆောင်များအပြင် Grand Prizes ဆုလက်ဆောင်များကို ပါ နှစ်ထပ်ကွမ်း ရရှိစေနိုင်ရန်ဖြစ်ပါတယ်။
၃။ ဤ Campaignတွင် ပါဝင်သည့် Customer များသည် လစဉ် Lucky Draw ကံစမ်းမဲများမှ ဆုလက်ဆောင်များရနိုင်မည့် အခွင့်အရေးရှိမည့်အပြင် ဇန်နဝါရီလ တွင်ပြုလုပ်မည့် Lucky Draw အခွင့်အရေးမှလည်း တန်ဖိုးကြီး Grand Prizes အထူးဆုကြီးများကိုပါ နှစ်ထပ်ကွမ်း ထပ်မံ၍ရနိုင်မည့်အခွင့်အရေးပါရရှိနိုင်မှာ ဖြစ်ပါတယ်။
(ဥပမာ- စက်တင်ဘာလ အတွက် ကံထူးရှင်များကို အောက်တိုဘာလ တွင်လည်းကောင်း၊ အောက်တိုဘာလ အတွက် ကံထူးရှင်များကို နိုဝင်ဘာလ တွင်လည်းကောင်း၊ နိုဝင်ဘာလ အတွက် ကံထူးရှင်များကို ဒီဇင်ဘာလ တွင်လည်းကောင်း၊ ဒီဇင်ဘာလ အတွက် ကံထူးရှင်များကို ဇန်နဝါရီလ တွင်လည်းကောင်း၊ အသီးသီး ရွေးချယ်၍ Grand Prize ဆုကြီးများ၏ ကံထူးရှင်များကိုလည်း ဇန်နဝါရီလတွင်သာ ထပ်မံရွေးချယ် သွားမည် ဖြစ်ပါသည်။)
၄။ ဤ Campaign ကာလ အတွင်း ပြည်ပမှ လွှဲပို့ငွေများကို လက်ခံရရှိသည့် Customer များသည် Campaign တွင် ပါဝင်ခွင့် ရရှိမည်ဖြစ်ပြီး လွှဲပို့ငွေပမာဏ များများ လက်ခံရရှိလေ ကံထူးရှင်ဖြစ်နိုင်ခွင့် အခွင့်အရေး များများရရှိလေဖြစ်ပါတယ်။
၅။ Campaign ကာလအတွင်း GME ရဲ့ Customer မိသားစုများသည် ပြည်ပမှ လွှဲပို့ငွေပမာဏ ၁ ကျပ် မှ ၃ သိန်း (၃၀၀,၀၀၀) ကျပ်အထိ လက်ခံရရှိတိုင်း Lucky Draw ကံစမ်းမဲ ၁ စောင်နှုန်း ရရှိမည် ဖြစ်ပါသည်။ ကံစမ်းမဲလက်မှတ် တွက်ချက်ပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁ ကျပ် မှ ကျပ် ၃၀၀,၀၀၀ – ကံစမ်းမဲ (၁) စောင်
၃၀၀,၀၀၁ ကျပ် မှ ကျပ် ၆၀၀,၀၀၀ ကျပ် – ကံစမ်းမဲ (၂) စောင်
၆၀၀,၀၀၁ ကျပ် မှ ကျပ် ၉၀၀,၀၀၀ ကျပ် – ကံစမ်းမဲ (၃) စောင်
(လွှဲပို့ငွေပမာဏ ကျပ် ၃ သိန်း တိုးလာသည်နှင့်အမျှ ကံစမ်းမဲလက်မှတ် တစ် (၁)စောင်စီ အချိုးကျ ထပ်မံတိုးတက် ရရှိသွားမည်ဖြစ်ပါသည်။)ဤ Campaign ကာလအတွင်း Customer တစ်ဦးလျှင် အများဆုံး ကံစမ်းမဲ အစောင်ရေ စုစုပေါင်း တစ်ရာ့ငါးဆယ် (၁၅၀) ထိသာ ပေးအပ်သွားမည်ဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များကို KBZ Bank ရဲ့ Official Website မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်
အသေးစိတ်ကြည့်ရှုရန် - https://bit.ly/4jhkLXe