E9Pay Myanmar

E9Pay Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from E9Pay Myanmar, Financial service, Seoul (Bongcheon-dong, Baekwang Building,, 803 Hwanro, Gwanak-gu, Nambusun, Seoul.

ကိုရီးယားရောက် မြန်မာများအတွက် လုံခြုစိတ်ချရပီး အသုံးပြုရလွယ်ကူသော ငွေလွှဲဝန်ဆောင်မှု
E9pay App ‌‌download link
Android : http://bit.ly/2KsvbiY
Iphone: https://apps.apple.com/us/app/e9pay/id1321773016?l=ko&ls=1

E9payရဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်ဖို့အတွက် အကောင့်ဖွင့်ရန် အချိန်5မိနစ်ပဲလိုပါတယ်နော်😍💸 E9PAY ငွေလွှဲဝန်ဆောင်မှု ...
31/07/2026

E9payရဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်ဖို့အတွက် အကောင့်ဖွင့်ရန် အချိန်5မိနစ်ပဲလိုပါတယ်နော်😍

💸 E9PAY ငွေလွှဲဝန်ဆောင်မှု 💸
🌟 အချိန်မရွေး၊ နေရာမရွေး
🌟 ယုံကြည်စိတ်ချစွာ
🌟 အလွယ်တကူ အသုံးပြုနိုင်ပါတယ်

📲 E9PAY နှင့်အတူ ငွေလွှဲခြင်းကို ပိုမိုလွယ်ကူစွာ ဆောင်ရွက်လိုက်ပါ။

#ကိုရီးယားရောက်မြန်မာများ

E9pay မှ ထိုင်းသို့ လွှဲလို့ရသည့် ဘဏ်အမည်များကို တင်ပေးလိုက်ပါတယ်ရှင့် kasikorn bank, bangkok bank, krung thai bank, sia...
28/07/2026

E9pay မှ ထိုင်းသို့ လွှဲလို့ရသည့် ဘဏ်အမည်များကို တင်ပေးလိုက်ပါတယ်ရှင့်

kasikorn bank, bangkok bank, krung thai bank, siam commercial bank, citi bank, cimb thai bank, bank of ayudhya, government saving bank, kiatnakin bank, bank for agriculture and agricultural ယခုဖော်ပြထားသည့် ဘဏ်10ခုသို့သာ လွှဲနိုင်ပါသည်

‼️ခုနောက်ပိုင်း မြန်မာက black list ထဲမှာ အန္တရာယ်အများဆုံး နိုင်ငံထဲမှာ ပါနေလို့ အရင်လို ချက်ခြင်းတန်းမရောက်ပဲ ထိုင်းဘက်က စစ်ပြီးမှ ရောက်တာမလို့ ကြာနိုင်ပါတယ်။ ‼️

‼️ထိုင်းဘက်က စစ်ဆေးတာခံရတဲ့အခါ တစ်ရက်ကနေ နှစ်ရက်ထိ ကြာနိုင်ပါတယ်ရှင့် ပိတ်ရက်ဆိုပိုကြာနိုင်ပါတယ်‼️

ကိုရီးယားမှာ အကြွေးဝယ်ကဒ်အကြောင်း မိတ်ဆက်ပေးပါ့မယ်E9pay 신한카드 처음1. နိုင်ငံခြားမှာလည်း ငွေပေးချေနိုင်ခြင်း2. တစ်နှစ်လျှင်အ...
24/07/2026

ကိုရီးယားမှာ အကြွေးဝယ်ကဒ်အကြောင်း မိတ်ဆက်ပေးပါ့မယ်
E9pay 신한카드 처음
1. နိုင်ငံခြားမှာလည်း ငွေပေးချေနိုင်ခြင်း
2. တစ်နှစ်လျှင်အများဆုံး 8သိန်း4သောင်း
ပွိုင့်အထိရရှိနိုင်ခြင်း
ယခင်လအသုံးပြုမှုမှာ အနည်းဆုံးဝမ်3သိန်းအထက်ရှိရမည်
3. ဘတ်စ်ကား၊ ရထား၊ တက်စီ အစရှိသဖြင့် တစ်ကဒ်ထဲဖြင့် သုံးနိုင်ခြင်း
4. ပစ္စည်းများကို အရစ်ကျ ဝယ်ယူနိုင်ခြင်း
ယခင်လ အသုံးပြုငွေ (ဝမ် ၃၀၀,၀၀၀ နှင့်အထက် အသုံးပြုထားပါက) နှင့် ပွိုင့်/အကျိုးခံစားခွင့် စုဆောင်းနိုင်သည့် အများဆုံးကန့်သတ်ချက် စသည့် သက်ဆိုင်ရာ အသုံးပြုသတ်မှတ်ချက်များကို Shinhan Card ၏ ဝက်ဘ်ဆိုက်နှင့် စည်းမျဉ်းစည်းကမ်းများ (Terms & Conditions) တွင် စစ်ဆေးနိုင်ပါသည်။
[သတိပြုရမည့် အချက်များ]
E9pay 신한카드 처음အကြွေးဝယ်ကဒ် နှစ်စဥ်ကြေး : ပြည်တွင်း(Local) 15,000ဝမ်, ပြည်ပ(Mastercard) 18,000ဝမ် စာချုပ် မချုပ်ဆိုမှီ နှစ်စဉ်ကြေး စသည့် အသေးစိတ်အချက်အလက်များသည် ထုတ်ကုန်ရှင်းပြချက်, စည်းမျဉ်းတွင် စစ်ဆေးနိုင်ပါသည်။ ငွေကြေး အသုံးပြုသူသည် ငွေကြေး အသုံးပြုသူ ကာကွယ်ရေး ဥပဒေ ပုဒ်မ ၁၉ အခန် ၁ အရ အောက်ပါထုတ်ကုန် သို့ ဝန်ဆောင်မှုနှင့် ပတ်သက်၍ ရှင်းပြခြင်း ခံယူခွင့်ရှိပါသည်။
※အကြွေးလက်ကျန်ပေးချေရန် အတိုးနှုန်းသည် “သုံးစွဲသူအလိုက်, အသုံးပြုသော ထုတ်ကုန်အလိုက် သတ်မှတ်ထားသော အတိုးနှုန်း+ အများဆုံး နှစ်စဉ် 3%(အကောင်းဆုံး နှစ်စဉ်20%) အတွင်းတွင်သာ ဖြစ်ပါသည်။
သို့သော် ရက်လွန်ကြေး ဖြစ်ပေါ်ပါက သတ်မှတ်ထားသော အတိုးနှုန် မရှိခဲ့ပါလျှင် သတ်မှတ်ထားသော အတိုးနှုန်းသည် အောက်ပါ အတိုင်းဖြစ်ပါသည်။
တစ်ခါထဲငွေပေးချေမှုတွင် ရက်လွန်ပါက ငွေလွှဲသည့်အချိန်တွင် အရစ်ကျ အတိုးနှုန်း အနည်းဆုံး ကာလ (2လ)
အတိုးမဲ့အရစ်ကျ ငွေပေးချေမှုတွင် ရက်လွန်ပါက ငွေလွှဲသည့်အချိန်တွင် အရစ်ကျ စာချုပ်ကာလအတွက် တူညီသော အတိုးနှုန်း
တစ်ခြားသော ကိစ္စများတွင် စီးပွားရေးဥပဒေအရ သတ်မှတ်ထားသော ကုန်သွယ်မှု ဥပဒေများနှင့် အပြန်အလှန် ငွေကြေးလွှဲပြောင်းမှုများအတွက် အပြင့်ဆုံး အတိုးနှုန်းကို အသုံးပြုမည် ဖြစ်ပါသည်
ကိုရီးယားဘဏ်မှ လစဥ်ထုတ်ပြန်သော လတ်တလော ဘဏ်မဟုတ်သည့် ငွေကြေးအဖွဲ့အစည်း၏ ပျမ်းမျှငွေချေးနှုန်း(ချေးငွေအသစ်များအပေါ် အခြေခံ၍)
အကြွေးဝယ်ကဒ် ထုတ်ပေးရန် မသင့်လျော်သော အခြေအနေ (ကိုယ်ပိုင်ခရက်ဒစ်ရမှတ်နည်းပါခြင်း၊ အကြွေး(ကာလတိုအပါအဝင်) အစရှိသည့် အကြောင်းအရာများ ကဒ်ထုတ်ပေးခြင်းကို ကန့်သတ်ထားနိုင်ပါသည်။
ကဒ်အသုံးပြုခနှင့် ဆက်စပ်အခကြေးငွေအားလုံးကို ဝယ်ယူသူမှ သတ်မှတ်ထားသည့် ငွေပေးချေသည့်နေ့စွဲဖြင့် ပြန်လည်ပေးချေရမည်ဖြစ်သည်။
※ အသုံးပြုနိုင်သည့် ပမာဏထက် အကြွေးဝယ်ကဒ် အသုံးပြုထားသည့် ငွေပမာဏ ကျော်လွန်နေပါက သင့်၏ ကိုယ်ပိုင် ခရက်ဒစ်ရမှတ်ကိုကျဆင်းစေနိုင်ပါသည်
※ သင့်ကိုယ်ပိုင် ခရက်ဒစ်ရမှတ်များ ကျဆင်းသွားပါက ဘဏ္ဍာရေးဆိုင်ရာ ငွေလွှဲမှုများနှင့် ဆက်စပ်သော ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါသည်
※ အချိန်အတိုင်းအတာတစ်ခုအထိ အကြွေးဝယ်ကဒ် ငွေပေးချေမှု‌ နောက်ကျပါက သတ်မှတ်ရက်တွင် ငွေပေးချေခြင်းမရှိသော အကြွေးဝယ်ကဒ်၏ ကုန်ကျစရိတ်အားလုံးကို ပြန်ဆပ်ရမည့် တာဝန်များ ပေါ်ပေါက်လာနိုင်ပါသည်။
E9PAY သည် Shinhan Cardကုမ္ပဏီ၏ အကြွေးကဒ် ဖိတ်ခေါ်ရေးလုပ်ငန်းကို ကိုယ်စားလှယ်နှင့်
အလယ်အလတ်အဖြစ် ဆောင်ရွက်သည်။
E9PAY သည် များစွာသော အကြွေးကဏ္ဍ နိုင်ငံရေးကုမ္ပဏီများကို ကိုယ်စားလှယ်နှင့် အလယ်အလတ်အဖြစ် ဆောင်ရွက်သည်။
E9PAY သည် Shinhan Cardကုမ္ပဏီ၏ ဘဏ္ဍာရေးထုတ်ကုန်များအတွက် စာချုပ်ချုပ်ဆိုခွင့်မရှိပါ။
E9PAY သည် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေများအရ Shinhan Cardကုမ္ပဏီနှင့် အပ်နှံစာချုပ်ကို ချုပ်ဆောင်ပြီး ဘဏ္ဍာရေးထုတ်ကုန်ရောင်းချမှုကို ကိုယ်စားလှယ်နှင့် အလယ်အလတ်အဖြစ် ဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ပါသည်။
여신금융협회 심의필 제2026-C1h-05263호(2026.04.14~2027.04.13)

21/07/2026

မင်္ဂလာပါရှင်🙏🏻 E9PAY MYANMAR မှဖြစ်ပါတယ်ရှင်။

Kakaotalk ကနေ စာပို့ ဖုန်းခေါ်တာတင်မဟုတ်ပဲ ကိုယ်ချစ်ရတဲ့သူတွေကိုပါ လက်ဆောင်ပေးလို့ရတယ်ဆိုတာ သိပြီးကြပြီးလား 🧐

အကယ်၍ မသိသေးတဲ့ သူတွေရှိတယ်ဆိုရင် Kakaotalk ကနေ လက်ဆောင်ပေးလို့ရတဲ့နည်းလမ်းလေးကို အခု ဗီဒီယိုမှာ ရှင်းပြပေးထားတာမလို့ အဆုံးထိ ကြည့်ရှုပြီး လက်ဆောင်လေးတွေ ပေးလို့ရပါပြီနော် 💕

E9Pay မှာဆိုရင် ပြည်တွင်းပြည်ပ ငွေလွှဲဝန်ဆောင်မှုအပြင် ယခုလို ဝမ် ၅သောင်းအထက် ပစ္စည်းတွေကို အရစ်ကျ ရှင်းရာမှာ အသုံးပြုနိုင်မယ့် အကြွေးဝယ်ကတ်လေးတွေကိုပါ တစ်ပါတည်း လျှောက်ထားန်ိုင်ပြီး ဖြစ်တာကြောင့် စိတ်ပါဝင်စားပါက E9Pay Myanmar Messenger ကနေဖြစ်ဖြစ်၊ ရုံးဖုန်းနံပါတ် 1877-6718 ကို ဖုန်းခေါ်ပြီး ဖြစ်ဖြစ် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။

ဂေါ်ဂျယ်က ရွှေမြန်မာ စားသောက်ဆိုင် နှင့် စောဂူက အမိမြေ မြန်မာစားသောက်ဆိုင်မှာ E9payမှ ဝန်ထမ်းများ ရောက်နေပါပီနော် အကောင်...
18/07/2026

ဂေါ်ဂျယ်က ရွှေမြန်မာ စားသောက်ဆိုင် နှင့် စောဂူက အမိမြေ မြန်မာစားသောက်ဆိုင်မှာ E9payမှ ဝန်ထမ်းများ ရောက်နေပါပီနော်

အကောင့်ဖွင့်ချင်တာပဲဖြစ်ဖြစ် တစ်ခြားသိချင်တာရှိရင် ဆိုင်မှာ ဒီနေ့ ည8နာရီထိ ရှိပါတယ်ရှင့် သိချင်တာတွေရှိရင်လည်း ဆိုင်မှာ လူကိုယ်တိုင်တွေ့ပီး မေးလို့ရပါတယ်နော်😍😍

ဂေါ်ဂျယ် နဲ့ စောဂူကို မရောက်ဖြစ်လို့ အကောင့်ဖွင့်ချင်တယ်ဆိုရင်လည်း E9PAY Myanmar page နဲ့ ဖုန်းနံပါတ် 1877-6718 မှာ ဆက်သွယ်ပီး ဖွင့်လို့ရပါတယ်ရှင့် 😍

ရွှေမြန်မာ စားသောက်ဆိုင်လိပ်စာ
👇👇👇
경상남도 거제시 거제대로 3433-1, 2 층

အမိမြေ မြန်မာစားသောက်ဆိုင်လိပ်စာ
👇👇👇
인천 서구 오류동 1659-3

#ကိုရီးယားရောက်မြန်မာများ #미얀마식당

အကြွေးဝယ်ကဒ်နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက  E9pay Myanmar page နဲ့ ဖုန်းနံပါတ် 1877-6718 ကို ရုံးချိန် မနက်...
14/07/2026

အကြွေးဝယ်ကဒ်နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက E9pay Myanmar page နဲ့ ဖုန်းနံပါတ် 1877-6718 ကို ရုံးချိန် မနက် 10နာရီမှ ည 10နာရီအတွင်း ဆက်သွယ်ပီးမေးမြန်းနိုင်ပါတယ်ရှင်📞
#ကိုရီးယားရောက်မြန်မာများ #한국생활

08/07/2026

မိမိဘာသာ အလွယ်တကူ ဖွင့်လို့ရအောင် E9pay အကောင့်ဖွင့်နည်းလေး တင်ပေးလိုက်ပါတယ်

👉အကောင့်ဖွင့်တာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက E9pay Myanmar page နဲ့ ဖုန်းနံပါတ် 1877-6718 ကို ရုံးချိန် မနက် 10နာရီမှ ည 10နာရီအတွင်း ဆက်သွယ်ပီးမေးမြန်းနိုင်ပါတယ်ရှင်👈

E9PAY အသုံးပြုသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်🙏
#ကိုရီးယားရောက်မြန်မာများ #한국생활

05/07/2026

E9pay appမှ မြန်မာနိုင်ငံ Wave Money အကောင့်ထဲသို့ ငွေလွှဲနည်းလေးတင်ပေးလိုက်ပါပီရှင့်

ငွေလွှဲကြာချိန် 5မိနစ်

ငွေလွှဲနိုင်သောပမာဏ
တစ်ခါလွှဲလျှင် မြန်မာငွေ ကျပ်သိန်း50အထိ လွှဲလို့ရပါသည်။

👉အသေးစိတ်သိရှိလိုပါက E9pay Myanmar page နဲ့ ဖုန်းနံပါတ် 1877-6718 ကို ရုံးချိန် မနက် 10နာရီမှ ည 10နာရီအတွင်း ဆက်သွယ်ပီးမေးမြန်းနိုင်ပါတယ်ရှင်👈

E9PAY အသုံးပြုသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်🙏
#ကိုရီးယားရောက်မြန်မာများ #한국생활

မင်္ဂလာပါ E9 Pay Myanmar မှ ဖြစ်ပါတယ်။နွေရာသီအားလပ်ရက်မှာ အလည်အပတ် သွားဖို့ စဥ်းစားနေတဲ့ ညီအကိုမောင်နှမတွေအတွက် ဒီတပတ်မှ...
03/07/2026

မင်္ဂလာပါ E9 Pay Myanmar မှ ဖြစ်ပါတယ်။

နွေရာသီအားလပ်ရက်မှာ အလည်အပတ် သွားဖို့ စဥ်းစားနေတဲ့ ညီအကိုမောင်နှမတွေအတွက် ဒီတပတ်မှာတော့ စရိတ်စက သက်သာစွာနဲ့ နွေရာသီမှာ သွားလို့ အဆင်ပြေမယ့် ပြည်တွင်းခရီးစဥ်တွေကို စုစည်းတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

၁။ Gangneung 강릉

နွေရာသီ၊ အထူးသဖြင့် ဇူလိုင်နဲ့ သြဂုတ်လတွေမှာ၊ ခရီးသွားဖို့အတွက် ကိုရီးယားခရီးသွားတွေကြားမှာ အစဥ်အမြဲ ရေပန်းအစားဆုံးကတော့ Gangneung 강릉 ပဲ ဖြစ်ပါတယ်။
Gangneung 강릉 ဟာ ကမ်းခြေဒေသ ဖြစ်တာနဲ့အညီ 강릉 ရဲ့ လှပကြည်လင်တဲ့ ကမ်းခြေအလှတွေကို ခံစားရင်း ကိုရီးယားရဲ့ ပူပြင်းတဲ့ နွေရာသီအပူချိန်ကနေ ခေတ္တ ရှောင်နိုင်မှာဖြစ်ပါတယ်။ 강릉 ကို တကယ်လို့ မရောက်ဖူးသေးဘူးဆိူရင် ဒီနွေမှာတော့ အလည်တခေါက် သွားရောက်ဖို့ အချိန်ကောင်းပါပဲ။

강릉 ရဲ့ အဓိက အားသာချက်ကတော့ လှပတဲ့ ကမ်းခြေတွေဖြစ်ပြီး အထူးသဖြင့် ကိုရီးယားရဲ့ အရှေ့ဘက်ခြမ်း ကမ်းခြေတွေက ကြည်လင်ပြီး လှပတယ်လို့ နာမည်ကျော်ပါတယ်။ 강릉 ရဲ့ နာမည်အကျော်ဆုံး ကမ်းခြေကတော့ ဂယောင်းဖိုကမ်းခြေ (경포해수욕장) ဖြစ်ပြီး ကမ်းရိုးတလျှောက် လမ်းလျှောက်တာ, ရေကူးတာ, နေပူစာလှုံတာတို့ လုပ်ကြတဲ့ ခရီးသွားများစွာကို မြင်တွေ့ရမှာပါ။ တခြားကမ်းခြေတွေထဲကဆိုရင် နာမည်ကျော် BTS Bus Stop ရှိတဲ့အပြင် ကိုရီးယားဒရာမာ ရိုက်ကွင်းနေရာထဲ ပါတတ်တဲ့ 주문진해변၊ လှပတဲ့ ကမ်းခြေနောက်တခုဖြစ်တဲ့ 사천해변 တို့ကလည်း နာမည်ကြီးပါတယ်။

강릉 ကို ခရီးသွားဖို့ ရွေးချယ်သင့်တဲ့ နောက်ထပ်အကြောင်းပြချက်တခုကတော့ လှပတဲ့ ကော်ဖီဆိုင်လေးတွေ ရှိတာကြောင့် ဖြစ်ပြီး 안목 카페거리 လို့ ခေါ်တဲ့ ချစ်စရာကောင်းတဲ့ ကော်ဖီဆိုင်လေးတွေ ရှိတဲ့ လမ်းက နာမည်ကြီးပြီး ဓာတ်ပုံရိုက်ဖို့ကောင်းတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

Foodie တွေအတွက်ဆိုရင်လည်း 강릉 က တကယ့် နေရာကောင်းတခုဖြစ်ပြီး 강릉 ဒေသဟာ လတ်ဆတ်တဲ့ပင်လယ်စာတွေကြောင့် နာမည်ကြီးပြီး 초당두부 လို့ ခေါ်တဲ့ တို့ဖူးပျော့ကလည်း နာမည်ကြီးတဲ့ ဒေသစာဖြစ်တာကြောင့် မြည်းစမ်းသင့်တဲ့ အစားအစာတခု ဖြစ်ပါတယ်။

강릉 ကို ခရီးသွားမယ်ဆိုရင် KTX နဲ့တင် သွားနိုင်မှာဖြစ်ပြီး ဆိုးလ်ကနေ သွားမယ်ရင် ၂နာရီ ဝန်းကျင်သာ ကြာမှာ ဖြစ်ပါတယ်။

ဒါကြောင့် စရိတ်စကလည်း သက်သာသလို သွားရတာလည်း လွယ်ကုတဲ့ 강릉 ခရီးစဥ်ဟာ ၁ညအိပ် ၂ရက် ပေါ့ပေါ့ပါးပါး ခရီးသွားလိုသူတွေအတွက် ရွေးချယ်သင့်တဲ့ ခရီးစဥ်တခုလို့ ဆိုရမှာ ဖြစ်ပါတယ်။

၂။ Sokcho 속초

နွေရာသီရောက်လာပြီဆိုတာနဲ့ ကိုရီးယားတွေ ‌ခရီးသွားဖို့ ရွေးချယ်တဲ့ နောက်ထပ်တနေရာကတော့ Gangwon ပြည်နယ်မှာ ရှိတဲ့ Sokcho 속초 ပဲဖြစ်ပါတယ်။ ရေပြင်ကြည်လင်တဲ့ ပင်လယ်ကမ်းရိုးတန်းအပြင် Seoraksan အမျိုးသားဥယျာဥ် တည်ရှိတဲ့ တောင်တန်းဒေသ ဖြစ်တာကြောင့် လှပတဲ့ သဘာဝတရား အပြင် လတ်ဆတ်တဲ့ လေကောင်းလေသန့်ကိုပါ ခံစားနိုင်မှာပါ။ ဒါ့အပြင် ခရီးသွားရင်းနဲ့ ဘုရားဖူးလိုတဲ့ အကိုတွေအတွက်လည်း Seoraksan အနားမှာ ရှိတဲ့ Sinheungsa (신흥사) ဘုရားကျောင်းတော်မှာ ရှိတဲ့ ‌ဗုဒ္ဓရုပ်ပွားတော်ကို ဝင်ရောက်ဖူးမြော်နိုင်မှာပါ။

Sokcho ခရီးစဥ်မှာ ပေါ်ပြူလာအဖြစ်ဆုံးနေရာကတော့ Sokcho ကမ်းခြေ (속초해수욕장) ဖြစ်ပြီး အထူးသဖြင့် ဇူလိုင်နဲ့ သြဂုတ်လတွေမှာဆိုရင် လာရောက်လည်ပတ်တဲ့ မိသားစုတွေ၊ စုံတွဲတွေနဲ့ စည်ကားပါတယ်။ တခြား ကြီးမားတဲ့ ကမ်းခြေတွေနဲ့ မတူတာကတော့ Sokcho ကမ်းခြေဟာ ပိုမိုတိတ်ဆိတ်ငြိမ်သက်တယ်လို့ နာမည်ကြီးသလို အထူးသဖြင့် Sokcho ရဲ့ နေထွက်အလှဟာလည်း လာရောက်လည်ပတ်သူတွေကြား နာမည်ကျော်ပါတယ်။

ကမ်းခြေကနေ မလှမ်းမကမ်းမှာ တည်ရှိတာကတော့ ကိုရီးယားရဲ့ အလှပဆုံး အမျိုးစားဥယျာဥ်တွေထဲက တခုဖြစ်တဲ့ Seoraksan အမျိုးသားဥယျာဥ် (설악산 국립공원) ဖြစ်ပါတယ်။ အခုလို နွေရာသီမှာ ခရီးသွားဖို့အတွက်ဆိုရင်တော့ သစ်ပင်သစ်ရိပ်တွေ အုံ့ဆိုင်းပြီး တောင်တန်းထူထပ်တဲ့ Seoraksan က ရွေးချယ်စရာ တခုဖြစ်ပါတယ်။ ဒါ့အပြင် Seoraksan ကေဘယ်ကားလေး စီးရင်း တောင်တန်းနဲ့ ကမ်းခြေအလှတွေကို ခံစားနိုင်မှာပါ။

ဒီလို လှပတဲ့ Sokcho ကို အလည်သွားမယ်ဆိုရင်တော့ အဝေးပြေးကားနဲ့ အလွယ်တကူသွားနိုင်မှာဖြစ်ပြီး ဆိုးလ်ကနေ သွားမယ်ဆိုရင် သုံးနာရီ ဝန်းကျင်သာ ကြာမြင့်မှာလည်း ဖြစ်ပါတယ်။

၃။ YangYang 양양

ဒီနောက်ပိုင်းနှစ်တွေမှာ နွေရာသီအားလပ်ရက် ခရီးသွားဖို့အတွက် ရွေးချယ်စရာအဖြစ် နာမည်ကြီးလာတာကတော့ YangYang ကမ်းခြေ ဖြစ်ပါတယ်။ အထူးသဖြင့် surfing လုပ်ရတာကြိုက်သူတွေအတွက်တော့ YangYang က Surfing Capital လို့ ပြောရအောင်ကို နာမည်ကြီးပါတယ်။
အထူးသဖြင့် ဇူလိုင်၊ ဩဂုတ်လတွေမှာ ကိုရီးယားပြည်တွင်းခရီးသွားတွေအောင် surfing လုပ်ဖို့ လာကြသူတွေရှိသလို နွေရာသီအပူရှောင်ရင်း ပင်လယ်ကမ်းခြေအလှကို ခံစားနိုင်မယ့် ကော်ဖီဆိုင်လေးတွေမှာ ထိုင်ရင်း အပန်းဖြေဖို့ လာတဲ့သူတွေလည်း များပါတယ်။ ဒါကြောင့် နေ့စဉ်လုပ်ငန်းခွင် သို့မဟုတ် ရှုပ်ထွေးတဲ့ မြို့ပြမှာ နေထိုင်ရင်း ငြီးငွေ့နေသူတွေအတွက်တော့ ထည့်သွင်းစဉ်းစားသင့်တဲ့ ခရီးစဉ်တခုလည်း ဖြစ်ပါတယ်။

YangYang ဟာလည်း ကမ်းခြေဒေသလေး ဖြစ်တာနဲ့အညီ ပင်လယ်ရှုခင်းမြင်ရတဲ့ ကော်ဖီဆိုင်လေးတွေအပြင် ဒေသထွက် ပင်လယ်စာတွေကလည်း နာမည်ကြီးပါတယ်။ ကမ်းခြေအနီးအနားက စျေးတွေမှာ လည်ပတ်ရင်း ဒေသထွက်ကုန်တွေ၊ လက်ဆောင်တွေ ဝယ်နိုင်သလို စုံလင်တဲ့ အစားအစာတွေကိုလည်း မြည်းစမ်းနိုင်မှာပါ။ ဒါ့အပြင် ကမ်းခြေရဲ့ အနီးအနားမှာ ရှိတဲ့ Naksansa ဗုဒ္ဓဘာသာ ဘုရားကျောင်းတော်ကိုလည်း သွားရောက်လည်ပတ်ဖူးမြော်ရင်း သဘာဝအလှတွေကို ခံစားနိုင်ဦးမှာဖြစ်ပါတယ်။

အပြင်မှာ ဖော်ပြခဲ့တဲ့ ခရီးစဉ်တွေလိုပဲ YangYang ဟာ သွားရလာရ လွယ်ကူတဲ့ ခရီးစဉ်တခုဖြစ်ပြီး ဆိုးလ်ကနေဆိုရင် အဝေးပြေးကားနဲ့ ၂နာရီကျော်ကျော်သာ ကြာမြင့်မှာဖြစ်တာကြောင့် နွေရာသီ အားလပ်ရက်မှာ သူငယ်ချင်းတွေနဲ့ အဖွဲ့လုပ် ခရီးသွားရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် တယောက်တည်း solo trip သွားရင်ပဲဖြစ်ဖြစ် ထည့်သွင်းစဉ်းစားသင့်တဲ့ ခရီးစဉ်တခုလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ E9Pay မှာဆိုရင် ပြည်တွင်းပြည်ပ ငွေလွှဲဝန်ဆောင်မှုအပြင် ယခုလို အားလပ်ရက် ခရီးသွားတဲ့အခါ လိုအပ်မယ့် လေယာဉ်/ရထား/အဝေးပြေးကား လက်မှတ်တွေ ဝယ်ယူတာအပြင် ခရီးစဉ်တလျှောက် သုံးရမယ့် ဟိုတယ်တည်းခိုစရိတ်၊ စားသောက်စရိတ်၊ အသုံးစရိတ်အထွေထွေကို ရှင်းရာမှာ အသုံးပြုနိုင်မယ့် အကြွေးဝယ်ကတ်လေးတွေကိုပါ တပါတည်း လျှောက်ထားန်ိုင်ပြီး ဖြစ်တာကြောင့် စိတ်ပါဝင်စားပါက E9Pay Myanmar Messenger ကနေဖြစ်ဖြစ်၊ ရုံးဖုန်းနံပါတ် ၁၈၇၇-၆၇၁၈ ကို ဖုန်းခေါ်ပြီးဖြစ်ဖြစ် ဆက်သွယ်စုံစမ်းမေးမြန်းပြီး လျှောက်ထားနိုင်ပါတယ်။

ကိုရီးယားကနေ မြန်မာကို ငွေလွှဲဖို့ စဥ်းစားနေပါသလား?ဒါဆိုရင်တော့ လုံခြုံစိတ်ချရပြီး အသုံးပြုရလွယ်ကူတဲ့ E9pay ရှိပါတယ်နော်...
03/07/2026

ကိုရီးယားကနေ မြန်မာကို ငွေလွှဲဖို့ စဥ်းစားနေပါသလား?

ဒါဆိုရင်တော့ လုံခြုံစိတ်ချရပြီး အသုံးပြုရလွယ်ကူတဲ့ E9pay ရှိပါတယ်နော်

ငွေလွှဲနိုင်သော ပမာဏ

တစ်ခါလွှဲလျှင် Wave Moneyအကောင့်ထဲသို့ မြန်မာငွေ ကျပ်သိန်း50အထိ လွှဲလို့ရပါသည်။

တစ်ခါလွှဲလျှင် KBZ ဘဏ်သို့ မြန်မာငွေကျပ်သိန်း60အထိ

CB ဘဏ်သို့ မြန်မာငွေကျပ်သိန်း100အထိ တစ်နေ့တာအတွက် လွှဲခအပါဝမ် သိန်း 100 အထိ လွှဲနိုင်မှာပါတယ်ရှင်

Kpay ထဲသို့ တစ်ခါလွှဲလျှင် မြန်မာငွေ
ကျပ်သိန်း50ထိလွှဲလို့ရပြီး တစ်ရက်တာအတွက်လည်း ကျပ်သိန်း50အထိ

အကောင့်မဖွင့်ရသေးတဲ့အကိုတွေ E9Pay Myanmar page လေးနဲ့ Ph no 1877-6718 တို့ကိုရုံးချိန် မနက် 10နာရီမှ ည 10နာရီအတွင်း ဆက်သွယ်ပြီး အကောင့်လေးတွေ ဖွင့်လို့ရပါတယ်နော်☺️

#ကိုရီးယားရောက်မြန်မာများ #한국생활

Address

Seoul (Bongcheon-dong, Baekwang Building,, 803 Hwanro, Gwanak-gu, Nambusun
Seoul
1793

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00

Telephone

+8218776718

Alerts

Be the first to know and let us send you an email when E9Pay Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to E9Pay Myanmar:

Shortcuts

Share