28/10/2024
Western Union (WU) မှတ်ပုံတင် ဖြင့်ငွေလွှဲနည်း..............
1. Hana EZ ထဲ ဝင်ပါ။ $ငွေလွှဲခြင်း ကို နှိပ်ပါ။
2. သဘောတူပါသည်---> အသစ်ငွေလွှဲရန်---> Just ငွေလွှဲခြင်း နှိပ်ပါ။
3. ငွေပို့သူ အမည်မှာ ကိုယ့်အမည် ဖြည့်ပါ ။ ပထမအကွက်မှာပဲ မိမိအမည်ဖြည့်ပါ။
(ဥပမာ ။ ။ SU HTET AUNG)
(သတိပြုရန်✖ ။ ။ အလယ်အမည်နဲ့ မျိုးရိုးအမည်မဖြည့်ရပါ။) ကျော်လိုက်ပါ။
🛑ငွေလက်ခံမည့်သူ
4. အမည်နေရာတွင် လက်ခံသူ၏ မြန်မာနိုင်ငံသား မှတ်ပုံတင်ထဲမှာ အမည်အတိုင်း အဂ်လိပ်လို မှန်ကန်စွာငွေလက်ခံသူမည့်သူ အမည် ပေါင်းထည့်ပါ။
(ဥပမာ။ ။ AUNG THUYA KYAW)
(သတိပြုရန်✖ ။ ။ အလယ်အမည်နဲ့ မျိုးရိုးအမည်မဖြည့်ရပါ။) ကျော်လိုက်ပါ။
5. အမှန်ခြစ်နှိပ်ပါ။ ✔
6.နောက်တကွက်တွင် USD ဖြည့်၍ ငွေလွှဲပါ။
🛑ငွေလွှဲ ပြီးပါက MTCN ကုတ်ရှာရန်
မာတိကာ--->ပြည်ပငွေလွှဲခြင်း အောက်က ၃ကွက်မြောက် ငွေလွှဲမှုအခြေအနေစစ်ရန် --->လက်ခံသူ အမည်နှိပ်ပါ--->နောက်တကွက်တွင် MTCN ဂဏန်း ၁၀ လုံး ေပါ်ပါမည်။ ပုံရိုက်၍ ကူးရေးပြီး လက်ခံသူကို ပေးပါ။ လက်ခံသူမှ ထို ဂဏန်း ၁၀ လုံးနှင့် မှတ်ပုံတင် ယူ၍ ငွေလွဲဲပြီး တစ်နာရီ ကြာရင် ဘဏ်တွင် ထုတ်နိုင်ပါပြီ။
🛑ေငွလွှဲလျှင်အထူးသတိပြုရန် အောက်ဖော်ပြပါ အချက်ကို သေချာဖတ်ပေးပါရန် ..........
ေငွပို့သူသည် အထူးသတိပြုရန် အချက်မှာ လက်ခံသူ၏ မှတ်ပုံတင်ထဲမှ အမည်အား အင်္ဂလိပ်စာဖြင့် သေချာ ဖြည့်ရပါမည်။ လက်ခံသူထံ အမည်အရင်း အင်္ဂလိပ်လို (in English) သေချာ မေးပြီးမှ လွှဲရန် အကြံပြုပါသည်။
အမည် မှားယွင်းပါက တစ်ဘက် ဘဏ်တွင် ငွေထုတ်ယူ၍ မရပါ။ ဟာနာဘဏ်တွင် အမည်ပြင်ရပါမည်။ အမည် ပြင်ပြီး (၃)ရက် မှ (၅)ရက် ခန့် စောင့်ဆိုင်းပြီးမှသာ ထုတ်ယူနိုင်ပါသည်။ ကျေးဇူးတင်ပါတယ်။
မစုထက်အောင်