08/07/2026
စောင့်မျှော်နေတဲ့ ဟန်မြစ်ရေကစားကွင်း စတင်ဖွင့်လှစ်ခဲ့ပါပြီ။ 💦
ဟန်မြစ်ရဲ့ မြင်ကွင်းကိုကြည့်ပြီး ရေကစားရင်း
အခင်းလေးခင်းပြီး ခေါက်ဆွဲစားတာ နွေရာသီမှာ မဖြစ်မနေလုပ်ရမယ့်အရာဆိုတာ သိတယ် မဟုတ်လား🏖️
ဒီတစ်ခေါက်မှာ ဂွမ်နာရူးရေကစားကွင်းကိုလည်း အသစ် ဖွင့်လှစ်လိုက်ပါပြီ!
၂၀၂၆ ခုနှစ်အတွက် ဟန်မြစ်ပန်းခြံ ရေကူးကန်များနှင့် ရေကစားကွင်းများအကြောင်းကိုအသေးစိတ်ဖော်ပြပေးထားလို့
ဒီပို့စ်ကို သိမ်းထားပြီး ဒီနွေရာသီကို အကောင်းဆုံးအသုံးချလိုက်ရအောင်!✨
🌊 Hangang Park ရေကူးကန်နှင့် ရေကစားကွင်း
|ဖွင့်လှစ်သည့် နေရာများ | တုဆောင်း- ယောအွီဒိုရေကူးကန်၊ နန်းဂျီ. ယန်းဟွာ. ဂွမ်နာလူ. ဂျမ်ရှီလ်း ရေကစားကွင်း
| ဖွင့်လှစ်သည့် နေ့ရက် | 2026.06.19(သောကြာ) ~ 2026.08.30(တနင်္ဂနွေ)
| ဖွင့်လှစ်သည့် အချိန် | [နေ့အချိန်] မနက် 9:00 –ညနေ 6:00 | [ညအချိန်] ညနေ 6:00 မှ 10:00 နာရီ
※ 7လပိုင်း3ရက်နေ့မှစတင်ပြီး ညအချိန်ရေကစားကွင်းကိုဖွင့်လှစ်မှာ ဖြစ်ပါတယ်
※ ယန်းဟွာ နှင့်ဂွမ်နာလူ ရေကစားကွင်းကို ညဘက်မှာ မဖွင့်ပါဘူး
| ဝင်ကြေး | ရေကူးကန် 3,000ဝမ်– 5,000ဝမ် | ရေကစားကွင်း - 1,000 ဝမ်– 3,000ဝမ်
| လိပ်စာအပြည့်အစုံ |
📌တုဆောင်းရေကူးကန် - ဆိုလ်း ဂွမ်းဂျင်းဂူ ဂျာရန်းဒုံး ၁၁၂
뚝섬수영장- 서울 광진구 자양동 112
-မြေအောက်ရထား လိုင်းနံပတ် ၇၊ တုဆောင်းယူဝေါန်းဂျီဂိတ် ထွက်ပေါက်နံပါတ် ၂မှ ၅မိနစ်ခန့် လမ်းလျှောက်လာရန် (뚝섬유원지역)
📌ယောအွီဒိုရေကူးကန် - ဆိုလ်းယောင်းဒင်းဖိုဂူ ယောအွီဒိုဒုံး ၈၂-၃
여의도수영장- 서울 영등포구 여의도동 82-3
-မြေအောက်ရထား လိုင်းနံပတ် ၉၊ ဂုခွယ်အွီဆာဒန်းဂိတ် ထွက်ပေါက်နံပါတ်၁ မှ ၁၅မိနစ်ခန့် လမ်းလျှောက်လာရန် (국회의사당역)
📌နန်းဂျီရေကစားကွင်း - ဆိုလ်း မာဖိုဂူ ဆန်းအန်းဒုံး ၄၈၂-၁၈၂
난지 물놀이장- 서울시 마포구 상암동 482-182
- မြေအောက်ရထား လိုင်းနံပတ်၆၊ ဝေါလ်ကပ်ဂရောင်းဂျီဂျန်းဂိတ် ထွက်ပေါက်နံပတ်၁မှ မိနစ် ၃၀-၄၀ခန့် လမ်းလျှာက်လာရန် (월드컵경기장역)
📌ရမ်းဟွာရေကစားကွင်း - ဆိုလ်း ယောင်းဒင်းဖိုဂူ ရမ်းဟွာဒုံး ၁-၄
양화 물놀이장- 서울 영등포구 양화동 1-4
-မြေအောက်ရထား လိုင်းနံပတ် ၉၊ ဆောင်းယူဒိုဂိတ် ထွက်ပေါက်နံပတ်၂မှ မိနစ် ၂၀ခန့် လမ်းလျှာက်လာရန် (선유도역)
📌ဂွမ်နာလူရေကစားကွင်း- ဆိုလ်း ဂန်ဒုံးဂူ ချောင်ဟိုးဒုန် 321
광나루 물놀이장- 서울 강동구 천호동 321
-မြေအောက်ရထား လိုင်းနံပတ် ၅၊ ဂွမ်နာလူဂိတ် ထွက်ပေါက်နံပတ်၂မှ ၁၀မိနစ်ခန့် လမ်းလျှာက်လာရန်(광나루역)
📌ဂျမ်ရှီလ်း ရေကစားကွင်း- ဆိုလ်း ဆုံဖာဂူ ဂျမ်ရှီလ်းဒုံ 1-1
잠실 물놀이장- 서울 송파구 잠실동 1-1
-မြေအောက်ရထား လိုင်းနံပတ် ၂၊ ဂျမ်ရှီလ်းနာလူဂိတ် ထွက်ပေါက်နံပတ်၂မှ ၁၀မိနစ်ခန့် လမ်းလျှာက်လာရန်(잠실나루역)
⚠️အသိပေးချက်
※ဂျမ်ဝမ်း ရေကူးကန်ကတော့ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းကြောင့် 2026 ~ 2027ခုနှစ်အထိ ဖွင့်လှစ်မှာ မဟုတ်ပါဘူး။