Easy Pay Ramit ကိုးရီးယား - မြန်မာ ငွေလွှဲဝန်ဆောင်မှု

  • Home
  • South Korea
  • Seoul
  • Easy Pay Ramit ကိုးရီးယား - မြန်မာ ငွေလွှဲဝန်ဆောင်မှု

Easy Pay Ramit ကိုးရီးယား - မြန်မာ ငွေလွှဲဝန်ဆောင်မှု Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Easy Pay Ramit ကိုးရီးယား - မြန်မာ ငွေလွှဲဝန်ဆောင်မှု, Financial service, Seoul.

03/10/2025

ကိုရီးယား
https://audioclip.naver.com/channels/57 (ကိုရီးယားစာသင်နေတဲ့ လူတွေအတွက် ထုတ်ထားတဲ့ 외국인을 위한 한국어 읽기 series ကို အသံထွက်ဖတ်ပြထားတဲ့ website)

https://www.topikguide.com/6000-most-common-korean-words-1/ (TOPIK အတွက် စာလုံး ၆၀၀၀။ ဒီ website မှာပဲ topik test တွေ ရှာဖြေလို့ ရပါတယ်)

https://www.fluentin3months.com/free-online-korean-language-lessons/ (free lessons)

http://www.twoponds.co.kr/en/snu (ကိုရီးယားစာ ဖတ်စာအုပ်တွေ)

http://www.podbbang.com/ (ကိုရီးယား podcast တွေ)

http://www.joara.com/main.html (Webnovels)

http://atkmagazine.com/ (ကိုရီးယားယဉ်ကျေးမှုအကြောင်း လေ့လာဖို့ မဂ္ဂဇင်း site)

https://issuu.com/muslim-lady/stacks/1d162c6971c94363bca0f6521e73c043 (Children's books)

https://talktomeinkorean.com/ (Free lessons)

http://www.kebikids.com/ (Korean website for kids)

https://www.fluentu.com/blog/korean/easy-korean-short-stories/

28/11/2022

တောင်ကိုးရီးယားလူမျိုးတွေဟာ
ထမင်းစားရင် ဘာလို့ ထမင်းကို
ပန်းကန်လုံးလေး တစ်လုံးစာကိုပဲ
ထည့်စားပါသလဲ...?

>< ဆိုင်တွေမှာ ရောင်းရင်လည်း ထမင်း
တစ်ပွဲစာဟာ တစ်လုပ်စာ သာသာမျှသာရှိတဲ့ ပန်းကန်လုံးလေး တစ်လုံးစာပဲ ရှိပါတယ်။

>< ဒါဟာဘာလို့လဲဆိုရင် ကိုးရီးယားတွေဟာ ထမင်းကို အရမ်းတန်ဖိုးထားလို့ပါ။ ဒီပန်းကန်လုံးလေးထဲက ထမင်းဟာ လူတစ်ယောက်အတွက် အကုန်မစားနိုင်စရာ အကြောင်းမရှိပါဘူး။ အရမ်းဗိုက်ဆာနေလို့ ဒီလိုထမင်း ဆယ်လုံးစားရင်လည်း သူတို့ မငြိုငြင်ပါဘူး။ သူတို့စိုးရိမ်တာက ထမင်းကို မကုန်ဘဲ လွှင့်ပစ်မှာကို စိုးလို့ပါ တဲ့။

>< တောင်ကိုးရီးယား နိုင်ငံသားတွေဟာ
ထမင်းလွှင့်ပစ်တတ်တဲ့ လူတွေကို
မျက်စောင်းထိုးပါတယ်။ မျက်စောင်းထိုးတယ်ဆိုတာ ကိုးရီးယားနိုင်ငံသားတွေ တော်ရုံတန်ရုံ အပြစ်မျိုးကို ကျူးလွန်ရင်တောင် မျက်စောင်းမထိုးတတ်ပါဘူး။ မျက်စောင်းထိုး ခံရတဲ့လူဟာ အင်မတန် ဒေါသထွက် အမြင်ကတ်စရာ ကောင်းတဲ့လူပါ။ ဒါ့ကြောင့် ကိုးရီးယားနိုင်ငံသားတွေဟာ လူတစ်ယောက်ယောက်က မျက် စောင်းထိုးပြီး ကြည့်မှာကို အလွန်အင်မတန် စိုးရိမ်ကြပါတယ်။

>< ကိုးရီးယားနိုင်ငံသားတွေ ထမင်းကို
တန်ဖိုးထားရတဲ့ အကြောင်းအရင်းကိုပြောပါမယ် ကိုးရီးယားနိုင်ငံဟာ ၁၉၄၅ ခုနှစ်က ဂျပန်လက်အောက်က လွတ်လပ် ရေးရခဲ့တာပါ။ ဂျပန်လက်အောက် မှာ အဖိနှိပ်ခံ ဘဝနဲ့ အစာရေစာငတ် ဆင်းဆင်းရဲရဲ နေခဲ့ကြရပါတယ်။ ထမင်းအစား ပြောင်းဆန်များကို ပြုတ်ပြီး စားကြရပါတယ်။ ဒါ့ကြောင့် ခုချိန်ထိ ဂျပန်ဆိုရင် စိတ်ထဲမှာ အသေမုန်းပါတယ်။ ကိုးရီးယားနိုင်ငံဟာ ၁၅ ရက် ၈လ ၁၉၄၅ ခုနှစ်က ဂျပန် တွေရဲ့လက်အောက်က လွတ်မြောက်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံထက် ၂ နှစ်ကျော် စောပြီး လွတ်လပ်ရေးရခဲ့တာ ဖြစ်ပေမယ့် တိုင်းပြည်ဟာ
လုံး၀မငြိမ်းချမ်းခဲ့ပါဘူး။ တောင်နဲ့မြောက် သဘောထား ကွဲလွဲမှုတွေ
ဖြစ်လာပြီး လွတ်လပ်ရေး ရပြီး ၅ နှစ်အကြာ ၁၉၅၀ ခုနှစ်မှာတော့
တောင်နဲ့မြောက်စစ်ပွဲ စတင်ပါတော့တယ်။ ၁၉၅၀ ခုနှစ်ကနေ ၁၉၅၃ခုနှစ်ထိ ၃ နှစ်ဆက်တိုက် စစ်တွေအပြန်အလှန် တိုက်လိုက်ကြတာ နဂိုကတည်းကမှ ဆောင်းရာသီဆို ဘာအပင်မှ မဖြစ်ထွန်းတဲ့
ကြားက နိုင်ငံစစ်ကြောင့် ဘာဆန်စပါးမှ မစိုက်ပျိုးရဲ စိုက်ပျိုးမြေလည်း နည်းပါးတဲ့ နိုင်ငံမှာ လူတွေအကုန်လုံး မြက်ခြောက်စားရတော့မယ့် ဘဝကို ရောက်လာပါတော့တယ်။

>< ဒါတွေကို မကြည့်ရက်တော့လို့ နိုင်ငံတစ်ကာက
ဆန်စပါးတွေ ထောက်ပံ့တာကျွန်တော်တို့ မြန်မာနိုင်ငံကလည်း စပါး
တင်း သိန်းပေါင်းများစွာ အကူညီပေးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကိုးရီးယားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့တွေမှာ အလံတွေ စိုက်ထူရင် မြန်မာနိုင်ငံ အလံလည်း ကျေးဇူးရှင် နိုင်ငံအဖြစ် အခုချိန်ထိသတ်မှတ်ပြီး စိုက်ထူထားလေ့ ရှိပါတယ်။

>< ဒီလို တိုင်းပြည်တစ်ခုလုံး အငတ်ဘဝကို ကျရောက်ခဲ့ဖူးတော့
ထမင်းတစ်လုံး ထမင်းတစ်လုပ်ရဲ့တန်ဖိုးကို ကိုးရီးယားနိုင်ငံသားတွေက ပိုပြီးတန်ဖိုး သိတတ်ကြတာပါ။ အခုတော့ စိုက်ပျိုးမြေတွေတိုးချဲ့ အထွက်တိုးစေတဲ့ နည်းပညာကောင်းတွေနဲ့ နိုင်ငံခြားအထိ ဆန်တွေတင်ပို့ နိုင်ခဲ့ပါပြီ။ ဒါပေမယ့် သူတို့တွေဟာ ထမင်းတစ်လုပ်
ဆန်တစ်စေ့ရဲ့ တန်ဖိုးကို မမေ့ပစ်ကြပါဘူး။
အလဟသတ် မဖြစ်အောင် မလွှင့်ပစ်ရအောင် စီမံပြုလုပ်ကြပါတယ်။ ဒါတွေဟာ အတုယူစရာပါ။

>< ကိုးရီးယား တစ်ယောက်က ပြောဖူးတာကတော့ ...
ဒီထမင်းပန်ကန်လုံး သေးသေးလေးတွေကိုမြင်တိုင်း
ငါတို့စိတ်ထဲမှာ မခံချင်စိတ်တွေ ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာ
တယ်တဲ့ ။ ဗဟုသုတ အနေနဲ့ ကြားဖူးနားဝ ရှိသလောက် တင်ပြတာပါ ကောင်းတဲ့ အယူအဆဆို အတုယူနိုင်ကြပါစေ...။

Crd:
#헨리 🌼🇰🇷💗
#크레딧 🖤

29/10/2022

နိုင်ငံခြားသွားမယ့် ညီလေးသို့
_________________________

သို့/ညီလေး

မင်း နိုင်ငံခြား လာမလို့ဆို။ နိုင်ငံခြားလာမယ်ဆိုလို့ ကို ဝမ်းသာနေတာ။ ကြိုလည်း ကြိုဆိုတယ်ကွာ။ ဒါပေမဲ့ ကြိုမှာစရာလေးတွေတော့ ရှိသေးတယ်။ ငါ့ညီ သေချာမှတ်ပေးပါ။

ခုဆိုရင် ငါ့ညီအသက်ဟာ (၂၀)လည်း ကျော်လာပြီဆိုတော့ အရမ်းလည်း မငယ်တော့ဘူးပေါ့။ မိဘနဲ့ မိသားစုကို ခွဲပြီး ပတ်ဝန်းကျင်အသစ်မှာ လုပ်ကိုင်ဖို့အတွက် ငါ့ညီအသက်အရွယ်ဟာ အသင့်တော်ဆုံး အချိန်ပဲ။

တစ်ခုတော့ ကြိုမေးထားချင်တယ်ကွာ။ ငါ့ညီ နိုင်ငံခြား လာမယ်ဆိုတာက ငွေရှာအောင် လာမှာမဟုတ်လား။ ဒီလိုမေးလို့ ကို့ကို စိတ်တော့ မခုစေချင်ဘူး။

ကိုတို့မြန်မာနိုင်ငံမှာက ကိုတို့လို တောသူတောင်သားတွေအနေနဲ့ တစ်လကုန်လို့ တစ်သိန်းကြွင်းဖို့ မသေချာတဲ့ ကာလကြီးမှာ ငါ့ညီ နိုင်ငံခြားလာမယ်ဆိုတော့ ကို ဝမ်းသာပါတယ်ကွာ။

ငါ့ညီ နိုင်ငံခြား ​ရောက်ရင် အလုပ်လုပ်ပြီး ပိုက်ဆံရှာမယ်ဆိုတဲ့ မူလရည်မှန်းချက်တော့ မပျောက်စေနဲ့ကွာ။ နိုင်ငံခြား ရောက်နေတဲ့ လူတချို့ကို တွေ့ဖူးတယ်။ လာတုန်းကတော့ ငွေရှာအောင် ဆိုပြီး လာခဲ့တာ။ နိုင်ငံခြားရောက်တော့ ကိုယ်တိုင်အလုပ်အကိုင် လေးတွေ ရပြီးတဲ့နောက်ပိုင်း ငွေလေး ရွှင်လာတော့ အိတ်ဖောင်းတော့ စိတ်ပြောင်းတယ်ဆိုတဲ့ စကားလိုပဲ တချို့တချို့တွေက ရည်မှန်းချက်တွေ ပြောင်းသွားတတ်ကြတယ် ငါ့ညီ။

မြန်မာနိုင်ငံတုန်းက အရက်ကလေး သောက်တတ်လာခဲ့တော့ နိုင်ငံခြားလည်း ရောက်ရော ငွေလေး လက်ထဲရတာနဲ့ အရက်သောက်ဖို့လောက်ပဲ တွေးနေတော့တာ။ အရက်သောက်တော့ ဘာဖြစ်သလဲမေးရင် ပိုက်ဆံလည်း ကုန်သေး၊ အလုပ်လည်း ပုံမှန် ဆင်းနိုင်တာ မဟုတ်ဘူးရယ်။ ဒီလိုနဲ့ အလုပ်ပျက်တဲ့ ရက်တွေက များများလာပြီး နောက်ဆုံး အလုပ်ထုတ်ခံရတာမျိုးတွေ နိုင်ငံခြားမှာ ရှိတယ် ငါ့ညီ။

တချို့က ဖဲရိုက်တာပါ ဝါသနာပါသေးတာ။ လောင်းကစားလောကအကြောင်း ငါ့ညီလည်း သိသင့်သလောက်တော့ သိမှာပါ။ အစမှာ နိုင်တတ်ပေမဲ့ အဆုံးကျရင် ကိုယ့်ဘက်ကပဲ အမြဲရှုံးတတ်တာမျိုး။ အလုပ်တစ်ရက်ဆင်းမှ ဘတ်(၄၀၀)ဝန်းကျင် ရချိန်မှာ ဖဲလေးရိုက်ပြီး မတော်တဆ နိုင်သွားတော့ တစ်နေ့ကို ဘတ်(၁၀၀၀)ဆိုလည်း ရနေတာပဲ။ တချို့က ဒါကို အဟုတ်မှတ်ပြီး အလုပ်မလုပ်ဘဲ ဖဲရိုက်ပြီး ငွေရှာနေတဲ့လူမျိုးတွေလည်း ရှိသေးတာ။ ငါ့ညီ သိထားဖို့ ပြောတာပါ။ နောက်ဆုံးတော့ သူတို့လည်း ရှုံးတာပါပဲ။

နောက် ရှိသေးတယ်။ နိုင်ငံခြားဆိုတာက ကိုယ့်နိုင်ငံထက် အစစအရာရာ ပေါများတာ ငါ့ညီ သိတယ်မလား။ ကောင်းတာတွေလည်း ပေါသလို မကောင်းတာတွေလည်း စုံလို့ပဲ။ လူဆိုတဲ့အမျိုးက အိတ်ဖောင်းရင် စိတ်ပြောင်းချင်ကြတာ ဓမ္မတာပဲ ညီလေး။ အပျော်အပါး မိန်းမ လိုက်စားတဲ့ နေရာတွေလည်း တစ်ပုံကြီးပဲ။ ကိုယ့်နိုင်ငံထက် ငွေရှာလို့ ကောင်းတဲ့ နိုင်ငံမှာ ကိုယ့်နိုင်ငံထက် အပျော်ရှာဖို့လည်း အများကြီးပဲဆိုတာ သတိထားပါ ညီလေး။ တစ်လလောက် ​ချွေးထွက်အောင် ရှာထားရတဲ့ ငွေဟာ တစ်ညအတွင်းပဲ ကုန်သွားနိုင်တယ်ဆိုတာလည်း ငါ့ညီ သိထားသင့်တယ်။

လာတုန်းကတော့ အိမ်က မိန်းမဆီ၊ မိသားစုဆီ ငွေလွှဲမယ်ဆိုပြီး လာခဲ့သူတွေချည်းပဲ။ ဒီရောက်ရင် ရည်မှန်းချက်တွေ ပျောက်ပြီး ငွေလွှဲနိုင်ဖို့နေနေသာသာ ဟိုလူ့ဆီက ချေး၊ ဒီလူ့ဆီက ချေးနဲ့ အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ လူမျိုးတွေလည်း ဒုနဲ့ဒေး ညီလေး။

အိမ်မှာ ကျန်ခဲ့တဲ့ မိဘတွေ၊ မိသားစုတွေကတော့ လကုန်ခါနီး​တိုင်း မျှော်နေကြမှာပေါ့။ ငါ့အိမ်သား ဘယ်လောက်များ လွှဲလေမလဲ၊ ငါ့သားလေး ဘယ်လောက်များ လွှဲလေမလဲဆိုပြီး။

နိုင်ငံခြားမှာက သူစိမ်းတွေနဲ့ နေရတာမို့ ဘယ်သူမှ ကိုယ့်ကို အမုန်းခံပြီး လာပြောကြမှာ မဟုတ်ဘူး။ ပြောမရရင် လွှတ်ထားမယ့် လူတွေချည်းပဲ ညီလေး။

အဲတော့ကာ မလာခင်ကတည်းက ကိုယ့်စိတ်ကို သေချာ ပြန်မေးပါ။ ငါ ငွေရှာအောင် သွားမှာလား၊ အပျော်ရှာအောင် သွားမှာလားလို့။ ခု ကို ရောက်နေတဲ့ ထိုင်းမှာ​ မရဘူးဆိုရင်တောင်မှ တစ်လကို ခုနစ်သိန်း၊ ရှစ်သိန်းလောက်ကတော့ လူတိုင်းနီးပါး ရနေကြတာ။ ရတဲ့လူတွေဆိုရင် ဆယ်သိန်းကျော်တောင် ရကြတာ။ ကိုတို့မြန်မာနိုင်ငံမှာ ဒီလောက်ရဖို့ ဘယ်လွယ်လေမလဲ။

ခုလိုတွေ ပြောလို့ နိုင်ငံခြား ရောက်နေသူတွေတိုင်းကို ပျက်နေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော် ညီလေး။ နိုင်ငံခြားမှာ ကိုယ့်အလုပ်ကို ပုံမှန်လုပ်ပြီး မြန်မာပြည်က မိသားစုဆီလည်း ငွေလွှဲ၊ နိုင်ငံခြားမှာ တတ်နိုင်သ​မျှ အလှူအတန်းတွေ လုပ်နေတဲ့ လူတွေလည်း အများကြီးပဲ။ အဲလို လူတွေကို ငါ့ညီ အတုယူရမှာ။

ငွေရှိရင် ဘာမဆို လုပ်လို့ရတယ် ညီလေး။ ဒါပေမဲ့ မကောင်းတာတွေ မလုပ်မိဖို့တော့ လိုတာပေါ့ကွာ။ ငါ့ညီတစ်ယောက် နိုင်ငံခြားမှာ အလုပ်လုပ်ရင် ငါ့ညီမိသားစု မြန်မာပြည်မှာ အေးဆေး ထိုင်စားလို့ ရတယ်။ ခေတ်ကာလကြီးက မကောင်းတဲ့အထဲ ကုန်စျေးနှုန်းတွေကလည်း ကြီး၊ ငွေကြေးတန်ဖိုးတွေကလည်း ကျ၊ သွားရေးလာရေးကစ အန္တရာယ်များလွန်းနေတဲ့အချိန်မှာ နိုင်ငံခြားကို အလုပ်လာလုပ်တာ ကြိုဆိုပါတယ် ညီလေး။

မင်းသာ နိုင်ငံခြားရောက်ပြီး အလုပ်အကိုင် အတည်တကျနဲ့ ဝင်ငွေရှိပြီဆိုရင် မင်းကို တစ်သက်လုံး ကျွေးမွေးလာတဲ့ မိဘတွေကိုလည်း တဖန်ပြန်ပြီး ကြည့်ရှုထောက်ပံ့နိုင်တာပေါ့ကွာ။

စာရှည်သွားပြီ ညီလေးရေ။ နောက်မှ ဆက်ရေးကြသေးတာပေါ့။

Cr

ကျောင်းပြီးအလုပ်အကိုင်အခွင့်အရေးအကြောင်းကိုရီးယားမှာ ကျောင်းတက်တဲ့အခါကျောင်းလခအချိန်ပိုင်းလခလူနေမှုအဆင့်အတန်းအစားအသောက် ...
29/10/2022

ကျောင်းပြီးအလုပ်အကိုင်အခွင့်အရေးအကြောင်း

ကိုရီးယားမှာ ကျောင်းတက်တဲ့အခါ
ကျောင်းလခ
အချိန်ပိုင်းလခ
လူနေမှုအဆင့်အတန်း
အစားအသောက် အားလုံးနီးပါးက အဆင့်အတန်းမြင့်ပြီး အဆင်ပြေပေမယ့် ကျောင်းပြီး အလုပ်အကိုင် အခွင့်အရေး မှာတော့ နောက်ဆုံးမှာ ရှိနေပါတယ်။
ညီမ တစ်ခါတစ်လေ နောက်ပြီး တင်တာမျိုးတွေရှိတယ် ကိုရီးယားမှာ ကျောင်းပြီးဘွဲ့ရလို့ ဗီဇာ Support လိုချင်ရင်

၁။ ဖုန်းရောင်းရင်ရောင်း
၂။ မရောင်းရင်ငွေချေး
၃။ မချေးရင်ငွေလွှဲ
၄။ မလွှဲရင်စကားပြန်လုပ်
၅။ မလုပ်ရင် ကိုရီးယားနဲ့ ယူဆိုပြီး ရွေးစရာ ၅ မျိုးရှိပါတယ်။

ဟိုတစ်နေ့က ပို့စ်မှာတင်ထားသလိုမျိုး ကိုရီးယားမှာ ရှိတဲ့ မြန်မာ အလုပ်သမား ၂ သောင်းကျော် ၃ သောင်းကို Target ထားတဲ့ ကုမ္ပဏီတွေ ဘဏ်တွေ e-commerce site တွေ ရှိပါတယ်။ အဲ့တော့ ကိုရီးယားမှာ ရှိတဲ့ ကျောင်းပြီးအလုပ်အကိုင်တွေရဲ့ ၈၀% ကျော်က ဒီမှာ ရှိတဲ့ မြန်မာ တွေကိုပဲ ဝန်ဆောင်မှုပေးရတာမျိုးပါ။

၁။ ဖုန်းရောင်း ( Telecom Sales Manager)

အလုပ်ရဖို့ အလွယ်ဆုံးပေမယ့် အခက်ဆုံး stress အများဆုံး ပြဿနာ အများဆုံး အလုပ်ပါ။ လခက တော့ E-7 မလို့ အောက်ထစ် သိန်း၂၅ လောက်ရပြီး ရောင်းရတာပေါ်မူတည်ပြီး ပိုရတာမျိုးတွေလည်းရှိပါတယ်။

၂။ ငွေချေး ( Financial Consultant)

ကိုရီးယားမှာ နိုင်ငံခြားသား အလုပ်သမားတွေ အတွက် ငွေချေးပေးတဲ့ ဘဏ်တွေရှိပါတယ်။ ဂျောင်ဘု ဘဏ်၊ ဒယ်ဂူးဘဏ် အစရှိသဖြင့်
အတိုးနှုန်းတွေကတော့ ကိုရီးယားတွေ အတွက်တော့ မျက်လုံးပြူးစရာပေမယ့် မြန်မာတွေအတွက် ကတော့သိပ်မကွာပါဘူး။ စဉ်းစားကြည့်လေ လိုင်းဖုန်းလျှောက်တဲ့အခါ ယုံသလိုလို မယုံသလိုလို နဲ့ ဆက်တဲ့ အကိုတွေ ငွေချေးတဲ့ဆီများဆက်ရင် ချိုသာ နေတာ၊ လူရှာရတဲ့ အပိုင်းက နည်းနည်းခက်ကောင်းခက်ပေမယ့် အလုပ်အပိုင်းကတော့ ရှင်းပါတယ်။

3။ ငွေလွှဲ ( Multi-National Company)
ရုံးခွဲ နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ ရှိတယ်ဆိုရင် အဲ့လူက ငွေလွှဲ ကုမ္ပဏီမှာ လုပ်နေတာဖြစ်ဖို့ များပါတယ်။ ကိုရီးယားမှာ Hanpass , GME, Gmoney Trans, E-9 pay နောက်ပြီး Sentbe ကတော့ မြန်မာ ရှိမရှိမသိပေမယ့် ငွေလွှဲကုမ္ပဏီတွေမှာ Marketing, Operation ,Sales ဘက်မှာ လုပ်နေတဲ့ သူတွေရှိပါတယ်။ Marketing မတရား ဆင်းဖို့လိုပြီး နောက်ပိုင်း ငွေလွှဲ ကုမ္ပဏီတွေက ငွေချေးတာရော၊ဆင်းကဒ်ရော အကုန်လုပ်ပါတယ်။ ပင်ပန်းပြီး Stress လည်း သူ့အနေအထားနဲ့သူရှိပါတယ်။

၄။ စကားပြန် ( Consultant)

အလုပ်အကိုင် Pyramid မှာ ဘာလို့မှန်းတော့မသိပေမယ့် စကားပြန်တွေကထိပ်ဆုံးမှာပါ။ အများဆုံးကတော့ အလုပ်သမားရုံး၊ နိုင်ငံခြားသား ကူညီရေးရုံးက စကားပြန်တွေပါ။ စကားပြန်အလုပ်က တရားဝင် စင်တာတွေမှာဆိုရင်လခ နည်းလို့ ယောကျာ်းလေး တော်တော်များများမလုပ်ကြပါဘူး။ သိန်း ၂၀ ဝန်းကျင်လောက်ပဲ ရတယ်လို့ကြားဖူးပါတယ်။ နောက်ပြီး Master'sပြီးဖို့လိုပါတယ်။ နောက်ပြီး သူလည်း စင်တာကို လူလာဖို့ လုပ်ရတာမျိုးတွေရှိတော့ ဂယောင်ဂီဒိုဘက်ကရုံးတွေရယ် အောက်ပိုင်း မှာဆို ဂင်မဲနဲ့ဘူဆန်မှာ ပဲ အမြဲတမ်း၀န်ထမ်း ခန့်နိုင်ပါတယ်။ပြီးရင် ဆေးရုံးက စကားပြန်၊ ရှေ့နေရုံးမှာ အမှုအပ်ဖို့ ဗီဇာပြောင်းဖို့ အတွက်ဆွေးနွေးပေးတဲ့ စကားပြန်တွေလည်းရှိပါတယ်။

၅။ ကိုရီးယားနဲ့လက်ထပ်

ဗီဇာမရလို့ ကိုရီယား နဲ့ယူတာ ကမြန်မာလူမျိုးတွေထဲမှာနည်းပေမယ့် တချို့လူမျိုးတွေကျတော့ Plan ချပြီးတော့ကိုယူတာတွေရှိပါတယ်။ကိုရီးယားနဲ့ ယူရင် အပေါ်က အလုပ်တွေ မလုပ်ရတော့ဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။ F ဗီဇာ ကိုင်ထားပြီးလည်း ဖုန်းရောင်း၊ ငွေချေး၊ အလုပ်သမားရုံး စကားပြန်၊ Online ကနေ ဈေးရောင်း၊ အာမခံရောင်း၊ မဟုတ်လည်း ထမင်းဆိုင်ဖွင့် ထမင်းတွေဟင်းတွေရောင်းနေရတာပါပဲ၊ အဲ့လိုမရောင်းချင်ရင် E-9 တွေလုပ်သလို စက်ရုံ အလုပ်ရုံ မှာ လုပ်ရတာများပါတယ်။ လက်ချိုးရေလို့ရတဲ့ လူအနည်းငယ်ပဲ ကိုရီးယားမှာ ရှိတဲ့ မြန်မာတွေကို ဗဟိုပြုတာမဟုတ်ပဲ တခြားလွတ်လွတ်ကင်းကင်း Professionalကျကျ အလုပ်တွေလုပ်ကြတာပါ။Professionalအလုပ်ရှာရခက်လို့ ခုဆို ကောလိပ်၊ နဲ့ တက္ကသိုလ်ကနေ Engineering ဘွဲ့ရတွေကို စက်ရုံတွေမှာ ရိုးရိုးအလုပ် ပေးလုပ်မယ်ဆိုပြီး ကြေငြာထားတာရှိပါတယ်။ ‌ကျောင်းပြီး တဲ့လူတွေပဲ အလုပ်အကိုင် အခွင့်အလမ်းမကောင်းတာလားဆိုတော့ ကျောင်းသားတွေဆိုလည်း On Campus part time job / international chain ဥပမာ Uniqlo Starbucks Macdonald တို့မှာ အချိန်ပိုင်း အလုပ်မရပါဘူး။ ရိုးရိုးစားသောက်ဆိုင်နဲ့ ပင်ပန်းတဲ့ နေရာတွေမှာပဲရတာပါ။
အဲ့တော့ ကိုရီးယားမှာ ကျန်တာအားလုံး ကောင်းပေမယ့် အလုပ်အကိုင်အခွင်အလမ်းက နည်းပါတယ်။ ညီမသိသလောက်တော့ အလုပ်တစ်ခုကို ကိုရီးယားလည်း လုပ်လို့ရတယ် နိုင်ငံခြားသားလည်း လုပ်လို့ရတယ်ဆိုရင် ကိုရီးယားတွေက နိုင်ငံခြားသားခန့်ဖို့ လုံးဝ ကို မစဉ်းစားပါဘူး။နောက်ပြီး ကိုရီးယား တက္ကသိုလ်တွေက ဘွဲ့လွန်တွေ အတွက် Scholar ပေးတာကြ Reaear Paper အတွက်ပေးတာဖြစ်ပြီး Bachelor အတွက်ကကျ သူတို့တက္ကသိုလ်တွေ အထူးသဖြင့် နယ်ဘက်နဲ့ ကောလိပ်တွေမှာက ကျောင်းသား ရှာရခက်နေပါပြီ။ ကိုရီးယား Professor အငယ်တွေတောင် ကျောင်းပိတ်ရက်တွေဆို ကျောင်းသားလူစုပေးတာမျိုးတွေ လုပ်ရပါတယ်။
ဒီပို့စ် စိတ်ဓာတ်ကျဖို့ပြောတာ မဟုတ်ပါဘူး။ မလာခင်စဉ်းစားပြီး ကြိုသိထားစေချင်လို့ I am just reporting ပါ။

Crd; https://m.facebook.com/story.php?story_fbid=1401465943639502&id=263857247400383

"ကိုရီးယား သဒ္ဒါပေါင်းချုပ် (၂၈၉ မျိုး)"🇰🇷Korean Grammar🇲🇲1. N + 입니까? / 입니다. = ဖြစ်ပါသလား / ဖြစ်ပါတယ်။2. N + 이에요.(အသတ်ပါ...
29/10/2022

"ကိုရီးယား သဒ္ဒါပေါင်းချုပ် (၂၈၉ မျိုး)"
🇰🇷Korean Grammar🇲🇲

1. N + 입니까? / 입니다. = ဖြစ်ပါသလား / ဖြစ်ပါတယ်။
2. N + 이에요.(အသတ်ပါလျှင်) = ဖြစ်ပါတယ်။
N+ 예요.(အသတ်မပါလျှင်) = ဖြစ်ပါတယ်။
3. N + 이/가 있다 = ရှိသည်။
4. A/V + ㅂ니다. / ㅂ 니까? = (A/V) ပါတယ် / ပါသလား? (အသတ်မပါလျှင် သုံးသည်။)
A/V + 습니다. / 습니까? = (AV) ပါတယ် / ပါသလား? (အသတ်ပါလျှင် သုံးသည်။)
5. A/V + 아/어/여요 /-? = (AV) ပါတယ် / ပါသလား?
6. V + (을) ㄹ 거예요 = (V) မယ် / လိမ့်မယ်။ (အနာဂါတ်ကာလတွင် သုံးသည်။)
7. V + 고 있다 = (V) နေသည်။
8. N + 이/가 아니다 = မဟုတ်ပါဘူး။
9. AV + 지 않다 (or) 안 + A/V = မ ……..ပါဘူး (않다 သည် 안하다 ၏ အတိုဖြစ်သည်။)
10. V + 지 못하다 (or) 못 + N = မ………နိုင်ပါဘူး။
11. N+ 이/가 = သည် / က (ကတ္တားနောက်ဆက် စကားလုံး)
12. N + 은/는 = ကတော့ / ကရော (ကတ္တားနောက်ဆက် စကားလုံး)
13. N + 을/를 = ကို (ကံနောက်ဆက် စကားလုံး)
14. N + 하고, 과/와, 랑/이랑 = …နှင့် /နဲ့ (အသတ်ပါလျှင် 과 နှင့် 이랑 /အသတ်မပါလျှင် 와 နှင့် 랑)
15. N + 의 = ရဲ့
16. N (နေရာ/အချိန်) + 에 = ကို /သို့ / မှာ
17. N (နေရာ) + 에서 = မှာ၊ မှ၊ ကနေ
18. N (အချိန်) + 부터 = ကနေ/ ကစပြီး
19. N (နေရာ/အချိန်)+ 까지 = အထိ/ ထိအောင်/ တိုင်အောင်
20. N + 에게/ 한테/ 께 = ဆီသို့ / ဆီကို / ထံသို့ /ထံကို
21. N + 도 = လည်း / လည်းပဲ /ကော
22. N + 만 = ပဲ ၊ သာပဲ
23. N + 밖에 = အပြင် ၊ ကလွဲပြီး
24. N + 로 / 으로 = ကို ၊ သို့ ၊ ဖြင့် ၊ နဲ့ ၊ လို့ (အသတ်မပါလျှင် 로 / ပါလျှင် 으로)
25. N + 나 / 이나 = ဖြစ်ဖြစ် ၊ သို့မဟုတ် (အသတ်မပါလျှင်나 / ပါလျှင်이나 )
26. N + 쯤 = ခန့် ၊ လောက်
27. N + 처럼 / 같이 = ကဲ့သို့ ၊ လို
28. N + 보다 (더) = ထက် (ပိုပြီး)
29. N + 마다 = တိုင်း
30. A/V 고 = ….. ပြီး
31. V + 거나 = (V) တာပဲဖြစ်ဖြစ်
32. A/V 지만 = ….. ပေမဲ့၊ သော်လည်း
33. AV+는데, Q/V +(은)ㄴ데 = …… ပြီးတော့ ၊ မှာမို့ ၊ ပေမဲ့
34. V + 았, 었 , 했 는데 = (V) ခဲ့ပြီးတော့ ၊ ခဲ့မှာမို့ ၊ ခဲ့ပေမဲ့ (있다 နှင့် 없다 သည် 는데)
35. N + 인데 = ဖြစ်ပြီး၊ ဖြစ်လို့ ၊ ဖြစ်ပေမဲ့
36. N + 전에 = မတိုင်ခင်
37. V + 기 전에 = မ…. ခင် ၊ မတိုင်ခင်
38. N + 후에 = ကြာပြီးနောက်မှာ ၊ ပြီးနောက်မှာ
39. V + (은) ㄴ 후에 = (V) ပြီးတဲ့နောက်(မှာ)
40. V + (은)ㄴ 다음에 = (V) ပြီးနောက်မှာ။
41. V + 고나서 = (V) ပြီးတဲ့နောက်
42. V + 아 / 어 / 해서 = (V) ပြီး ၊ လို့
43. N + 때 = တဲ့အခါ ၊ တဲ့အချိန် ၊ တုန်းက
44. A/V + (을) ㄹ 때 = ….. မယ့်အခါ ၊ မယ့်အချိန် (အနာဂါတ်အသုံး)
45. V + (으) 면서 = (V) ရင်းနဲ့
46. N + 중이다 = နေတုန်း ၊ နေဆဲ ဖြစ်သည်။
47. V + 는 중이다 = (V) နေတုန်း ၊ နေဆဲ ဖြစ်သည်။
48. N + 동안 = အတောအတွင်း
49. AV + 는 동안 = ….. နေစဉ် ၊ နေတုန်း ၊ အတောအတွင်း
50. V + (은)ㄴ 지 = (V) ခဲ့တာ
51. V + (을)ㄹ 수 있다 / 없다 = (V) နိုင်သည် ၊ ရသည် / မ….နိုင်ဘူး ၊ မ…..ရဘူး
52. V + (을)ㄹ 줄 알다 / 모르다 = (V) တဲ့နည်းကို သိသည် / မသိဘူး
53. V + (으)세요 / N + (이)세요 = (V) ပါ
54. V + 지 마세요 = မ….. ပါနဲ့
55. AV+ 아/어/해야 되다 / 하다 = …….မှာ ရမည် /မှာဖြစ်သည်
56. AV + 아/어/해도 되다 = ….. လို့(လည်း)ရသည်။
57. AV + 지 않아도 되다 / 안+ AV + 아/어도 되다 = မ……..လို့(လည်း)ရသည်။
58. V + 고 싶다 = (V) ချင်သည်။
59. AV + 았 / 었 / 했 으면 = …… ခဲ့ရင်
60. AV + (으)니까 = …… လို့ ၊ လိုက်တော့ ၊ တဲ့အခါ
61. N + 때문에 = ကြောင့်
62. AV + 기 때문에 = …… လို့ ၊ တဲ့အတွက်ကြောင့်
63. V + 아 / 어 / 해 주세요 = (V) ပေးပါ
64. V + 아 / 어 / 해 주시겠어요 = (V) ပေးပါ့မယ်၊ ပေးပါ့လား
65. V + 아 / 어 / 해 줄게요 = (V) ပေးမယ်
66. V + 아 / 어 / 해 줄까요? = (V) ပေးရမလား
67. V + 아 /어 / 여 보다 = (V) ကြည့်သည်။
68. V + (을)ㄹ 까요 = (V) ရမလား(မလဲ)၊ ရင်ကောင်းမလား(မလဲ)၊ မလား(မလဲ)။
69. V + 자 (or) V + (읍) ㅂ 시다 = (V) ကြစို့ ၊ ရအောင်
70. V + 시겠어요 = (V) ပါလား၊ မလား။
71. V + (을)ㄹ 래요 = (V) မလား ၊ မယ်
72. AV + 겠어요 = ….. ပါမယ်၊ မှာပဲ
73. V + (을) ㄹ 게요 = (V) မယ် (Q မသုံးရ)
74. V+ (으)러 가다 / 오다 = (V) ဖို့သွားသည်။ ဖို့လာသည်။
75. V + (으)려고 = (V) ဖို့ (မလို့)
76. V + (으) 려고 하다 = (V) ဖို့ (မလို့) လုပ်သည်။
77. N + (을) 를 위해서 = အတွက်
78. V + 기 위해서 = (V) ဖို့အတွက်
79. AV +(으) 면 = …… ရင်
80. V + (으)려면 = (V) ချင်ရင်တော့ ၊ မယ်ဆိုရင်
81. V + 아 / 어 / 해 도 = (V) လည်းပဲ
82. AV + 는 /ှ QV နဲ့ အတိတ်ကာလဆို (은)ㄴ 것 같다 = … တယ်နဲ့တူတယ် ၊ ခဲ့တယ်နဲ့တူတယ်
83. V + (을)ㄹ 것 같다 = (V) မယ်နဲ့တူတယ်
84. AV + 는 / QV (은)ㄴ = …. တဲ့သော
85. V + (은)ㄴ = (V) ခဲ့တဲ့
86. V + (을)ㄹ = (V) မယ့်
87. AV + 기 = … ခြင်း
88. V + (음)ㅁ = (V) ခြင်း၊ မှု
89. AV + 게 = … စွာ၊ အောင်
90. V + 아 / 어 / 해 있다 = (V) နေသည်၊ ထားသည်
91. QV + 아 / 어 / 해 지다 = … လာသည်။
92. V + 게 되다 = (V) ဖို့ဖြစ်လာသည်။
93. AV + 는지 / QV + (은)ㄴ 지 = ….. လား၊ လဲ ဆိုတာ ၊တယ်ဆိုတာ
94. V + 았 / 었 / 했 는지 = (V) ခဲ့ (လား၊ လဲ၊ တယ်)ဆိုတာ
95. AV + 지요 = …. တယ်မဟုတ်လား၊ တယ်နော်
96. AV + 는 군요 / QV နဲ့ အတိတ်ဆိုရင် 군요 = …. လိုက်တာ ၊ ပါလား
97. AV + 네요 = … လိုက်တာ၊ ပါလား
98. QV + (은)ㄴ 가요? / V + 나요 = … လား၊ လဲ
99. A(QV) / V (은)ㄴ /는 데요 = … တယ်လေ
100. V + 았 / 었 / 했 는데요 = (V) ခဲ့တယ်လေ
101. N + (이)라고 하다 = လို့ ခေါ်ပါတယ်၊ လို့ ပြောပါတယ်။
102. V + (으)라고 하다 = (V) ပါလို့ ပြောသည်။
103. N + (이) 래요 = တဲ့
104. V + (는) ㄴ / QV + 다고 하다 = (V) တယ်လို့ ဆိုပါတယ်၊
105. V + 았 / 었 / 했 다고 하다 = (V) ခဲ့တယ်လို့ ဆိုပါတယ်။
106. V + (는)ㄴ / QV + 대요 = (V) တယ်တဲ့။
107. V + 았 / 었 / 했대요 = …. ခဲ့တယ်တဲ့။
108. V + 겠 다고 / V + (을) ㄹ 거라고 하다 = (V) မယ်လို့ဆိုပါတယ်။
109. V + 겠 대요 / 겠답니다 = (V) မယ်တဲ့။
110. V + (을)ㄹ 거래요 / 거랍니다 = (V) မယ်တဲ့။
111. V + 자고 하다 = (V) ကြစို့ ၊ ရအောင်လို့ ဆိုတယ် ။
112. V + 재요 / 잡니다 = (V) ကြရစို့ ၊ ကြရအောင် တဲ့။
113. V + 지 말라 고 하다 = မ ….. ပါနဲ့လို့ ပြောသည်။
114. V + 지 말래요 = မ …. ပါနဲ့တဲ့။
115. V + 아 / 어 / 해 달라고 하다 = (V) ပေးပါလို့ ပြောသည်။
116. V + 아 / 어 / 해 달래요 = (V) ပေးပါတဲ့။
117. N + 이 / 가 있다 / 없다 = ရှိသည်။/ မရှိပါ။
118. V + 아 / 어 본 적이 있다 / 없다 = (V) ကြည့်ဖူးတယ်။ / ကြည့်ဖူးဘူး။
119. V + (은)ㄴ 적이 있다 / 없다 = (V) ဖူးသည် /ဖူးဘူး။
120. N + (으) 로 하다 = နဲ့ ၊ ကို လုပ်သည်။
121. N + (이) 지요? = မဟုတ်လား။
122. AV + 아 / 어 서는 안 되다 = (AV) လို့တော့ မရဘူး။
123. V + 기를 바라다 = (V) ပါစေလို့ ဆုတောင်းပါတယ်။
124. V + 아 / 어 야겠다 = (V) မှ ရတော့မယ်။
125. N + (으)로 주다 = နဲ့ ပေးသည်။
126. AV + 고말고요 = .. တာပေါ့ ၊ ရမှာပေါ့။
127. V + 아 / 어 보이다 = (V) တဲ့ပုံပေါ်သည်။ တဲ့ပုံပဲ။
128. V + (을)ㄹ 테나까 = (V) မှာမို့လို့။
129. V + 다가 = (V) ရာက ၊ ရာမှ
130. V + 았/었 다가 = (V) ခဲ့ရာမှ ၊ ခဲ့ရာက
131. N + (이)라서 = ဖြစ်လို့။
132. 거의 +V + 지 않다 = မ …(V)… သလောက်နီးပါးပါပဲ ။
133. N + 중에서 = (နှစ်ခု) ထဲက။
134. V + (을)ㄹ 지도 모르다 = (V) မလားတောင်မသိဘူး။
135. V + 는 법 = (V) တဲ့နည်း။
136. AV + 는 것 = ..တဲ့ဟာ။
137. N + 에따라 = ကို လိုက်ပြီး ၊ ပေါ်မူတည်ပြီး။
138. V (음)ㅁ 에 따라 = (V) ခြင်းပေါ်မူတည်ပြီး
139. N + 과/와 같다 = နဲ့တူသည်။
140. 별로 AV + 자않다 = … သိပ် မ……ပါဘူး။
141. V + 지 말고 = မ (V) ပဲ(ဘဲ)။
142. V + 아 / 어 놓다 = (V) ထားသည်။
143. N + (이) 든지 = မဆို ၊ ဖြစ်ဖြစ်။
144. AV + 잖아요 = ….တယ် မဟုတ်လား။
145. V + 도록 하다 = (V) အောင် ၊ ဖြစ်အောင်လုပ်သည်။
146. V + (을)ㄹ 줄 알다 / 모르다 = (V) တဲ့နည်းကို သိသည်။ မသိပါ။
147. V + 기가 쉽다 / 어렵다 = (V) ရတာ လွယ်သည်။/ ခက်သည်.။
148. V + 아 / 어 / 해 두다 = (V) ထားသည်။
149. V + 느라고 = (V) နေလို့ ၊ နေရတာနဲ့၊ နေရလို့ ၊ နေတာနဲ့။
150. AV + (으) 면 큰일이 나다 = … ရင် ဒုက္ခရောက်မယ်။
151. V + 아/어서 큰일이다 = (V) လို့ ဒုက္ခပဲ(ပြဿနာပဲ)
152. 마무리 AV + 아 / 어 도 = ဘယ်လောက်ပဲ ……… လည်းပဲ။
153. AV + 아/ 어 서 그래요 =…..လို့ အဲဒီလိုဖြစ်တာပါ။
154. AV +았 / 었 던 것 같다 = …. ခဲ့တယ်နဲ့ တူတယ်။
155. AV +았 / 었 는데도 = ….ခဲ့ပေမယ်လည်း
156. N + 인데도 = ဖြစ်ပေမဲ့လည်း
157. AV (는) / QV(은)ㄴ 데도 = ….. ပေမယ့်လည်း။
158. AV + (은)ㄴ / 는 것이 좋다 = ….တာက ကောင်းသည်။
159. V + 았 / 었 어야 하는데 (했는데) = (V) ခဲ့ရမှာကို။
160. V + 아 / 어 버리다 = (V) ပစ်သည် ၊ သွားသည်။
161. N + 인지 알다 / 모르다 = ဖြစ်(လား ၊ လဲ ၊ တယ် )ဆိုတာ သိသည်/ မသိဘူး။
162. AV + (은)ㄴ / 는 편이다 = ….တယ်လို့ပြောလို့ရတယ် ၊ တဲ့သဘောရှိတယ်။
163. N + (은)는요 = ကတော့ရော။
164. AV + (을)ㄹ 텐데 = ….မှာမို့လို့။
165. 안 그래도 = ….အဲဒီလိုမဟုတ်လည်း။
166. V + (으) 려던 참이다 = (V) မလို့ လုပ်နေတုန်းပါ.
167. N + 과 / 와 달리 = နဲ့ မတူပဲ။
168. V + (을)ㄹ 예정이다 = (V) မယ့်အစီအစဉ်ရှိသည်။
169. N + 에(게) 좋다 = အတွက် ကောင်းသည်။
170. V + 는 날 = (V) တဲ့နေ့
171. N + 대신 (에) = အစား
172. 하도 + AV +아 / 어 서 = ….. လွန်းလို့
173. AV + (으)면 어떻게 하지요? = …… ရင် ဘယ်လိုလုပ်မလဲ။
174. N + 통해(서) = ကတစ်ဆင့်
175. AV (는) / QV (은)ㄴ 모양이다 = …… တဲ့ ပုံပေါ်တယ်။
176. V + (은)ㄴ 모양이다 = (V) ခဲ့တဲ့ ပုံပေါ်တယ်။
177. V + (을)ㄹ 모양이다 = (V) မယ့် တဲ့ ပုံပေါ်တယ်။
178. V + 기는 하지만 (or) V + 기는 +V + 지만 = (V) တာတော့ (V) ပေမယ့်
179. AV + (은)ㄴ / 는 반면에 = (AV) တာမှန်ပေမယ့်။
180. V + (은)ㄴ 반면에 = (V) ခဲ့တာမှန်ပေမယ့်။
181. AV + (을)ㄹ 까봐 = (AV) မလားဆိုပြီး။
182. AV + (을)ㄹ 까봐요 = (AV) မလားဆိုလို့။
183. AV + 고자 하다 = (AV) ဖို့ မှန်းထားတယ် (ရည်ရွယ်ထားတယ်)
184. AV + 고자 하다면 = (AV) ဖို့ မှန်းထားတယ်ဆိုရင် (ရည်ရွယ်ထားတယ်ဆိုရင်)
185. V + (을)ㄹ 경 = (V) ရင်း(နဲ့)
186. N + 만하다 = လိုပဲ။
187. V + 거든 = (V) ရင်
188. N + 뿐만 아니라 = တင်မကဘူး ။
189. V + (을)ㄹ 뿐만 아니라 = (V) ရုံတင်မကဘူး ။
190. V + (을)ㄹ 뿐이지 = (V) ရုံပဲ ၊ တာ
191. V + (을)ㄹ 뿐더러 = (V) ရုံးတင်မကဘူး
192. N + 조차 = တောင်မှ
193. N + 마저 = တောင်မှ
194. N + 만해도 = တောင်
195. N + 정도 = ခန့် ၊ လောက်
196. V + (을)ㄹ 정도로 = (V) လောက်အောင်ကို။
197. AV + 는 / QV (은) 만큰 = AV တဲ့အတွက်
198. N + (이)라도 = ဆိုရင်လည်း
199. N + 만에 = ကြာပြီးနောက်
200. AV + 아 / 어 가지고 = AV ပြီး ၊ လို့
201. V + 고서 = (V) ပြီးမှတော့
202. V + 고 보니 (까) = (V) ကြည့်လိုက်တော့လည်း
203. V + 다 보니 (까) = (V) ရင်းနဲ့ပဲ
204. V + (은)ㄴ 채(로) = (V) ထားပြီးတော့ ၊ လျှက်နဲ့
205. N + 대로 = အတိုင်း
206. V + (는) 대로 = (V) တဲ့အတိုင်း
207. V + (을)ㄹ 대로 = (V) မယ့်အတိုင်း
208. N + 스럽다 = စရာကောင်းသည်. စဖွယ်ကောင်းသည်။
209. N + 답다 = ပီသသည်။
210. N + (이)야말로 = ကမှ
211. V + 았 / 었 던 = (V) ခဲ့ဖူးတဲ့ (ခဲ့တဲ့)
212. V + (으)나 마나 = (V) လုပ်လုပ် မလုပ်လုပ်
213. V + (으)나 마나 예요 = (V) လုပ်လုပ် မလုပ်လုပ် မထူးဘူး
214. V + 다 보면 = (V) တာနဲ့ အမျှ ၊ လုပ်နေရင်းနဲ့
215. V + 았 / 었 더라면 = (V) ခဲ့မယ်ဆိုရင်
216. V + (을) ㄹ 뻔했어요 = (V) တော့မလို့ (ကိစ္စတစ်ခုသည် မကောင်းသောအခြေအနေကို ဆိုက်ရောက်မည့်ဆဲဆဲတွင် သုံးသည်)
217. V + 곤 하다 / V + 고 는 하다 = (V) လေ့ရှိသည်။
218. AV는 / QV (은 ) 척하다 = AV (တဲ့) ဟန်ဆောင်သည်။
219. V + 기 는요 = (V) ဒီလောက်(မလိုအပ် ၊ မဟုတ်)ပါဘူး
220. AV + 느니 = (AV) မယ့်အစား
221. V + 고 있느니 = (V) နေ့မယ့်အစား
222. V + (을)ㄹ 바에야 = (V) မယ့်အစား
223. V + (은)ㄴ 다니 = (V) တယ်ဆိုတော့
224. N + 에 의하면 = အရဆိုရင်တော့
225. N + 인바 = ဖြစ်သလို
226. AV + (은)ㄴ 바에야 = (AV) မှာတော့
227. N + (으)로 안해서 = ကို အကြောင်းပြုပြီး ၊ ကြောင့်
228. AV + 는 통에 = (AV) နေတာကြောင့် ၊ နေတာနဲ့
229. V + 느니 만큼 = (V) ဖြစ်တာနဲ့အညီ
230. 마무리 + V + 기로서는 =.. ဘယ်လောက်ပဲ ………တယ် ပြောပြော
231. 기에 망정이지 = …လို့ တော်သေးတာပေါ့ နို့မို့ဆိုရင်
232. V + (은)ㄴ 이상 = (V) တယ်လို့ (သဘောထား ၊ ယူဆ)ရင်တော့
233. N + (음)ㅁ 으로써 = ခြင်းဖြင့်
234. V + 기에는 = (V) ဖို့ရာတော့ ၊ ဖို့ဆိုရင်တော့
235. V + 기에 = (V) လို့ ၊ သောကြောင့် ၊ ဖို့ရာ၊ ဖို့ဆိုရင်
236. V + 길래 = (V) တာနဲ့
237. V/A + 더라도 = … နေစေဦးတော့ ၊ နေဦးတော့
238. V + (을)ㄹ 지라도 = (V) နေရင်တောင်မှ
239. N + (인)ㄴ 들 = ဖြစ်စေဦးတော့
240. AV 는 / QV(은)ㄴ 셈치고 = (V) လို့ သဘောထားပြီး
241. V + 자마자 (or) V + 기가 무섭게 = (V) လုပ်လျှင်လုပ်ခြင်း၊ လုပ်လုပ်ခြင်း
242. V + 자 = (V) တာနဲ့ (ချက်ခြင်း)
243. AV + (을)ㄹ 라치면 = (AV) ဖို့(မယ်)ပြင်လိုက်ရင်
244. N + 나름이다 / V + 기 나름이다 = အပေါ်မူတည်သည်။
245. N + 나름이지만 / V + 기 나름이지만 = ပေမဲ့
246. AV + 는 / QV (은) 김에 = (AV) (လုပ်)လက်စနဲ့
247. V + (은)ㄴ 김에 = (V) (လုပ်ခဲ့)လက်စနဲ့
248. V + 건마는 = (V) ပေမဲ့လည်း
249. V +고도 = (V) ပြီးတာတောင်မှ
250. V + 듯(이) = (V) သလို
251. V + 다시피 = (V) တဲ့အတိုင်း
252. V + 거니와 = (V) တဲ့အပြင်
253. V + 기는 커녕 = (V) ဖို့ နေနေသာသာ ၊ နေနေသာသာ
254. N + 은/는 커녕 = ဖို့ နေနေသာသာ ၊ နေနေသာသာ
255. V + 되 = … တာတော့ ၊ ပါရဲ့( သို့သော်လည်း 았/었 /했 တွေနဲ့ လုံးဝဆက်မသုံးပါ)
256. N + 을 / 를 비롯해서 = မှ အစပြုပြီး ၊ ကစပြီး
257. V + 기(가) 일쑤이다 = (V) တာ ဖြစ်နေကျပဲ ၊ တာ ဖြစ်တက်ပါတယ်
258. AV + 는 둥 마는 둥하다 = AV မလိုလို ……မလိုလို လုပ်သည်
259. V + 다 못해 = မ (V) နိုင်တဲ့အဆုံး ၊ လို့ မရတဲ့အဆုံး
260. V + (는)ㄴ 다 는 것이 = (V) မယ်ဆိုတာက(လုပ်မလို့ဆို အခြားတခုခုကိုလုပ်ဖြစ်သွားတယ်)
261. AV + (을) 려 들면 = (AV) ပြီဆိုရင်
262. V + (으) 려 다가 = (V) မလို့ကြံရွယ်နေရင်းက ၊ မလိုကြံနေရင်းက
263. AV 는 / QV (은)ㄴ 듯마는듯 = (AV) လုပ်သလို မလုပ်သလို
264. V + (을)ㄹ 듯마듯 하다 = (V) လုပ်သလို မလုပ်သလိုကို လုပ်သည်။
265. V + (은)느 듯마듯 = (V) လုပ်ပြီးသလို ၊ မပြီးသလို
266. V + (을)ㄹ 법하다 = (V) မှာပဲ ၊ မှာပါ
267. V + (을)ㄹ 리가 없다 = (V) စရာအကြောင်းမရှိဘူး
268. V + 기 십상이다 = (V) (အခြေအနေ)ဖြစ်တော့မယ်
269. V + 기 마련이다 = (V) တာသဘာဝပဲ
270. V + 는 법이다 /QV + (은 )ㄴ 법이다 = (V) တာ သဘာဝပဲ
271. N + 인 법이다 = ဖြစ်တာသဘာဝပဲ
272. V + 는 / QV + (은)ㄴ 가 하면 = (V) သလို
273. V + 았 /었 는 가 하면 = (V) ခဲ့သလို
274. V + (으)랴 ….. V + (으)랴 = (V) ရ (V) ရနဲ့
275. N + (이) 며……N + (이)며 = ပဲ ဖြစ်ဖြစ်….ပဲဖြစ်ဖြစ်
276. V + (은)ㄴ 끝에 = (V) တဲ့အဆုံးမှာ ၊ ပြီးတဲ့အဆုံးမှာ
277. AV + 아/어 내다 = လိုက်တာ၊ လိုက်တာပဲ (ယင်းလှုပ်ရှားမှုကို လုပ်လိုက်သည်ဟုသောအဓိပ္ပါယ်)
278. AV + 데요 = (AV) တယ်တဲ့
279. V + 았/었 데요 = (V) ခဲ့တယ်တဲ့
280. V + 는 마당에 / QV + ( 은)ㄴ 마당에 = (V) တဲ့အခြေအနေမှာ ၊ တဲ့အနေအထားမှာ
281. N + 인 마당에 = ဖြစ်တဲ့အခြေအနေမှာ ၊ ဖြစ်တဲ့အနေအထားမှာ
282. N + 치고 = ဆိုပြီးတော့
283. V + 기가 이를 데 없다 = (V) တာ မဖော်ပြနိုင်အောင်ပဲ
284. V + (을)ㄹ 래야 ….(을)ㄹ 수없다 = (V) လုပ်ဆိုရင်တောင် မလုပ်နိုင်ဘူး
285. V + (으)므로 = (V) လို့၊ တဲ့အတွက် (기때문에 နှင့် ဆင်တူ)
286. V + (으) 며 = (V) ရင်း၊ တဲ့အပြင် ၊ ပြီး
287. V + 을)ㄹ 세라 = (V) (လေ)မလားဆိုပြီး

288. ‘ㄷ’ မူမမှန်
‘ㄷ’ က ‘ㅇ’ နဲ့တွေ့ရင် ‘ㄹ’ ပြောင်း
긷다 , 걷다 , 깨닫다 , 묻다 , 싣다

289. “ㅂ” မူမမှန်
“ㅂ” က “ㅇ” နဲ့ တွေ့ရင် 우 ပြောင်း 돕다 နှင့် 곱다 သည် 우 မပြောင်း
반갑다, 고맙다, 덥다, 곱다, 돕다

Cr

29/10/2022

နိုင်ငံခြားသွားမယ့် ညီလေးသို့
_________________________

သို့/ညီလေး

မင်း နိုင်ငံခြား လာမလို့ဆို။ နိုင်ငံခြားလာမယ်ဆိုလို့ ကို ဝမ်းသာနေတာ။ ကြိုလည်း ကြိုဆိုတယ်ကွာ။ ဒါပေမဲ့ ကြိုမှာစရာလေးတွေတော့ ရှိသေးတယ်။ ငါ့ညီ သေချာမှတ်ပေးပါ။

ခုဆိုရင် ငါ့ညီအသက်ဟာ (၂၀)လည်း ကျော်လာပြီဆိုတော့ အရမ်းလည်း မငယ်တော့ဘူးပေါ့။ မိဘနဲ့ မိသားစုကို ခွဲပြီး ပတ်ဝန်းကျင်အသစ်မှာ လုပ်ကိုင်ဖို့အတွက် ငါ့ညီအသက်အရွယ်ဟာ အသင့်တော်ဆုံး အချိန်ပဲ။

တစ်ခုတော့ ကြိုမေးထားချင်တယ်ကွာ။ ငါ့ညီ နိုင်ငံခြား လာမယ်ဆိုတာက ငွေရှာအောင် လာမှာမဟုတ်လား။ ဒီလိုမေးလို့ ကို့ကို စိတ်တော့ မခုစေချင်ဘူး။

ကိုတို့မြန်မာနိုင်ငံမှာက ကိုတို့လို တောသူတောင်သားတွေအနေနဲ့ တစ်လကုန်လို့ တစ်သိန်းကြွင်းဖို့ မသေချာတဲ့ ကာလကြီးမှာ ငါ့ညီ နိုင်ငံခြားလာမယ်ဆိုတော့ ကို ဝမ်းသာပါတယ်ကွာ။

ငါ့ညီ နိုင်ငံခြား ​ရောက်ရင် အလုပ်လုပ်ပြီး ပိုက်ဆံရှာမယ်ဆိုတဲ့ မူလရည်မှန်းချက်တော့ မပျောက်စေနဲ့ကွာ။ နိုင်ငံခြား ရောက်နေတဲ့ လူတချို့ကို တွေ့ဖူးတယ်။ လာတုန်းကတော့ ငွေရှာအောင် ဆိုပြီး လာခဲ့တာ။ နိုင်ငံခြားရောက်တော့ ကိုယ်တိုင်အလုပ်အကိုင် လေးတွေ ရပြီးတဲ့နောက်ပိုင်း ငွေလေး ရွှင်လာတော့ အိတ်ဖောင်းတော့ စိတ်ပြောင်းတယ်ဆိုတဲ့ စကားလိုပဲ တချို့တချို့တွေက ရည်မှန်းချက်တွေ ပြောင်းသွားတတ်ကြတယ် ငါ့ညီ။

မြန်မာနိုင်ငံတုန်းက အရက်ကလေး သောက်တတ်လာခဲ့တော့ နိုင်ငံခြားလည်း ရောက်ရော ငွေလေး လက်ထဲရတာနဲ့ အရက်သောက်ဖို့လောက်ပဲ တွေးနေတော့တာ။ အရက်သောက်တော့ ဘာဖြစ်သလဲမေးရင် ပိုက်ဆံလည်း ကုန်သေး၊ အလုပ်လည်း ပုံမှန် ဆင်းနိုင်တာ မဟုတ်ဘူးရယ်။ ဒီလိုနဲ့ အလုပ်ပျက်တဲ့ ရက်တွေက များများလာပြီး နောက်ဆုံး အလုပ်ထုတ်ခံရတာမျိုးတွေ နိုင်ငံခြားမှာ ရှိတယ် ငါ့ညီ။

တချို့က ဖဲရိုက်တာပါ ဝါသနာပါသေးတာ။ လောင်းကစားလောကအကြောင်း ငါ့ညီလည်း သိသင့်သလောက်တော့ သိမှာပါ။ အစမှာ နိုင်တတ်ပေမဲ့ အဆုံးကျရင် ကိုယ့်ဘက်ကပဲ အမြဲရှုံးတတ်တာမျိုး။ အလုပ်တစ်ရက်ဆင်းမှ ဘတ်(၄၀၀)ဝန်းကျင် ရချိန်မှာ ဖဲလေးရိုက်ပြီး မတော်တဆ နိုင်သွားတော့ တစ်နေ့ကို ဘတ်(၁၀၀၀)ဆိုလည်း ရနေတာပဲ။ တချို့က ဒါကို အဟုတ်မှတ်ပြီး အလုပ်မလုပ်ဘဲ ဖဲရိုက်ပြီး ငွေရှာနေတဲ့လူမျိုးတွေလည်း ရှိသေးတာ။ ငါ့ညီ သိထားဖို့ ပြောတာပါ။ နောက်ဆုံးတော့ သူတို့လည်း ရှုံးတာပါပဲ။

နောက် ရှိသေးတယ်။ နိုင်ငံခြားဆိုတာက ကိုယ့်နိုင်ငံထက် အစစအရာရာ ပေါများတာ ငါ့ညီ သိတယ်မလား။ ကောင်းတာတွေလည်း ပေါသလို မကောင်းတာတွေလည်း စုံလို့ပဲ။ လူဆိုတဲ့အမျိုးက အိတ်ဖောင်းရင် စိတ်ပြောင်းချင်ကြတာ ဓမ္မတာပဲ ညီလေး။ အပျော်အပါး မိန်းမ လိုက်စားတဲ့ နေရာတွေလည်း တစ်ပုံကြီးပဲ။ ကိုယ့်နိုင်ငံထက် ငွေရှာလို့ ကောင်းတဲ့ နိုင်ငံမှာ ကိုယ့်နိုင်ငံထက် အပျော်ရှာဖို့လည်း အများကြီးပဲဆိုတာ သတိထားပါ ညီလေး။ တစ်လလောက် ​ချွေးထွက်အောင် ရှာထားရတဲ့ ငွေဟာ တစ်ညအတွင်းပဲ ကုန်သွားနိုင်တယ်ဆိုတာလည်း ငါ့ညီ သိထားသင့်တယ်။

လာတုန်းကတော့ အိမ်က မိန်းမဆီ၊ မိသားစုဆီ ငွေလွှဲမယ်ဆိုပြီး လာခဲ့သူတွေချည်းပဲ။ ဒီရောက်ရင် ရည်မှန်းချက်တွေ ပျောက်ပြီး ငွေလွှဲနိုင်ဖို့နေနေသာသာ ဟိုလူ့ဆီက ချေး၊ ဒီလူ့ဆီက ချေးနဲ့ အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ လူမျိုးတွေလည်း ဒုနဲ့ဒေး ညီလေး။

အိမ်မှာ ကျန်ခဲ့တဲ့ မိဘတွေ၊ မိသားစုတွေကတော့ လကုန်ခါနီး​တိုင်း မျှော်နေကြမှာပေါ့။ ငါ့အိမ်သား ဘယ်လောက်များ လွှဲလေမလဲ၊ ငါ့သားလေး ဘယ်လောက်များ လွှဲလေမလဲဆိုပြီး။

နိုင်ငံခြားမှာက သူစိမ်းတွေနဲ့ နေရတာမို့ ဘယ်သူမှ ကိုယ့်ကို အမုန်းခံပြီး လာပြောကြမှာ မဟုတ်ဘူး။ ပြောမရရင် လွှတ်ထားမယ့် လူတွေချည်းပဲ ညီလေး။

အဲတော့ကာ မလာခင်ကတည်းက ကိုယ့်စိတ်ကို သေချာ ပြန်မေးပါ။ ငါ ငွေရှာအောင် သွားမှာလား၊ အပျော်ရှာအောင် သွားမှာလားလို့။ ခု ကို ရောက်နေတဲ့ ထိုင်းမှာ​ မရဘူးဆိုရင်တောင်မှ တစ်လကို ခုနစ်သိန်း၊ ရှစ်သိန်းလောက်ကတော့ လူတိုင်းနီးပါး ရနေကြတာ။ ရတဲ့လူတွေဆိုရင် ဆယ်သိန်းကျော်တောင် ရကြတာ။ ကိုတို့မြန်မာနိုင်ငံမှာ ဒီလောက်ရဖို့ ဘယ်လွယ်လေမလဲ။

ခုလိုတွေ ပြောလို့ နိုင်ငံခြား ရောက်နေသူတွေတိုင်းကို ပျက်နေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော် ညီလေး။ နိုင်ငံခြားမှာ ကိုယ့်အလုပ်ကို ပုံမှန်လုပ်ပြီး မြန်မာပြည်က မိသားစုဆီလည်း ငွေလွှဲ၊ နိုင်ငံခြားမှာ တတ်နိုင်သ​မျှ အလှူအတန်းတွေ လုပ်နေတဲ့ လူတွေလည်း အများကြီးပဲ။ အဲလို လူတွေကို ငါ့ညီ အတုယူရမှာ။

ငွေရှိရင် ဘာမဆို လုပ်လို့ရတယ် ညီလေး။ ဒါပေမဲ့ မကောင်းတာတွေ မလုပ်မိဖို့တော့ လိုတာပေါ့ကွာ။ ငါ့ညီတစ်ယောက် နိုင်ငံခြားမှာ အလုပ်လုပ်ရင် ငါ့ညီမိသားစု မြန်မာပြည်မှာ အေးဆေး ထိုင်စားလို့ ရတယ်။ ခေတ်ကာလကြီးက မကောင်းတဲ့အထဲ ကုန်စျေးနှုန်းတွေကလည်း ကြီး၊ ငွေကြေးတန်ဖိုးတွေကလည်း ကျ၊ သွားရေးလာရေးကစ အန္တရာယ်များလွန်းနေတဲ့အချိန်မှာ နိုင်ငံခြားကို အလုပ်လာလုပ်တာ ကြိုဆိုပါတယ် ညီလေး။

မင်းသာ နိုင်ငံခြားရောက်ပြီး အလုပ်အကိုင် အတည်တကျနဲ့ ဝင်ငွေရှိပြီဆိုရင် မင်းကို တစ်သက်လုံး ကျွေးမွေးလာတဲ့ မိဘတွေကိုလည်း တဖန်ပြန်ပြီး ကြည့်ရှုထောက်ပံ့နိုင်တာပေါ့ကွာ။

စာရှည်သွားပြီ ညီလေးရေ။ နောက်မှ ဆက်ရေးကြသေးတာပေါ့။

Credit:မောင်ခေမိန်(မကွေး)

ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများ မဖြစ်မနေ သေချာဖတ်ကြည့်ကြပါကိုရီးယား အလုပ်ရှင်တွေ အီး-၉ (EPS )အလုပ...
29/10/2022

ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများ မဖြစ်မနေ သေချာဖတ်ကြည့်ကြပါ

ကိုရီးယား အလုပ်ရှင်တွေ အီး-၉ (EPS )
အလုပ်သမား ဘယ်လိုခေါ်ရသလဲ
++++++++++

လေ့လာနိုင်ဖို့ထပ်မံတင်ပေးရပါတယ်

ကိုရီးယား အလုပ်ရှင်များအနေဖြင့် အီး-၉ လုပ်သားခေါ်ယူရာမှာ အဆင့် ၇ ဆင့် အတိုင်း ဆောင်ရွက်ရပါတယ် ။ ၄င်းတို့မှာ -
- ဦးစွာ ပြည်တွင်း(ကိုရီးယား) လုပ်သားများကို ဦးစားပေးခေါ်ယူရခြင်း
- နိုင်ငံခြားသားလုပ်သားခေါ်ယူခွင့်လျှောက်ထားရခြင်း
- နိုင်ငံခြားသားအလုပ်သမားငှားရမ်းခွင့်လက်မှတ်ရရှိခြင်း
- အလုပ်စာချုပ် (အကြမ်း) ချုပ်ဆိုခြင်း
- ဗီဇာ(ထုတ်ပေးရန်) သက်သေခံလက်မှတ်လျှောက်ထားရယူခြင်း
- နိုင်ငံခြားသားအလုပ်သမားကိုရီးယားသို့ ရောက်ရှိခြင်းနှင့် သင်တန်းတက်စေရခြင်း
- အလုပ်ခိုင်းစေခြင်း ၊ ဗီဇာ(နေထိုင်ခွင့်)လျှောက်ထားပေးခြင်း
၁။ ဦးစွာ ပြည်တွင်း(ကိုရီးယား)လုပ်သားများကို ဦးစားပေးခေါ်ယူရခြင်း
ကိုရီးယားလုပ်ငန်းရှင်တစ်ဦးဟာ သူ့ရဲ့ အလုပ်မှာ လိုအပ်တဲ့အလုပ်သမားရရှိဖို့ ပြည်တွင်း (ကိုရီးယား) အလုပ်သမားများကို ဦးစွာ ဦးစားပေးခေါ်ယူခိုင်းစေရပါတယ် ။ ထိုသို့ ခေါ်ယူသော် လည်း ၁၄ ရက် (သတင်းစာ ၊ တီဗီစသည်ဖြင့် ကြော်ငြာပါက ၇ ရက်) အတွင်း ကိုရီးယား လုပ်သမားများက လျှောက်ထားမှုမရှိခြင်း ၊ လျှောက်ထားသူရှိသော်လည်း အလုပ်ရှင် အလုပ်သမား ငှားရမ်းရန် သဘောတူညီမှု မရရှိခြင်းတို့ကြောင့် ကိုရီးယားလုပ်သားများ ခေါ်ယူမရရှိနိုင် ဟူသော အကြောင်းပြချက်ဖြင့် ပြည်ပ(နိုင်ငံခြား) အလုပ်သမား ငှားရမ်းခွင့် လျှောက်ထားခွင့်ရရှိမှာဖြစ်ပါတယ် ။
၂။ နိုင်ငံခြားသားလုပ်သားခေါ်ယူခွင့်လျှောက်ထားရခြင်း
ပြည်တွင်းလုပ်သားခေါ်ယူခဲ့သော်လည်း မရရှိဟူသောအကြောင်းကြောင့် သက်ဆိုင်ရာ အလုပ်ရှာဖွေရေးဆင်တာ (고용센터) များမှာ ၃ ရက်အတွင်း နိုင်ငံခြားသား အလုပ်သမားခေါ်ယူခွင့်လျှောက်ထားရပါတယ် ။ (၃ ရက်ကျော်သွားသဖြင့် မလျှောက်မိပါက ၊ နောက်ထပ် ပြည်တွင်းလုပ်သမားခေါ်ယူခွင့်ထပ်မံလျှောက်ထားရပြန်ပါတယ် ။ အလုပ်သမား မခေါ်ယူမှီ ၂လ အတွင်း ကိုရီးယား အလုပ်သမားတစ်ဦးဦးကို အလုပ်ထုတ်ထားတာမျိုးမရှိရပါဘူး။ နိုင်ငံခြားသားအလုပ်သမားခေါ်ယူခွင့်လျှောက်ထားခြင်းမပြုမှီ ၅ လအတွင်း လစာမပေးနိုင်သော အမှုတိုင်ကြားခံရတာမျိုးမရှိစေရပါဘူး။)
၃။ နိုင်ငံခြားသားအလုပ်သမားငှားရမ်းခွင့်လက်မှတ်ရရှိခြင်း
ကိုရီးယားအလုပ်ရှင်က နိုင်ငံခြားသားအလုပ်သမားခေါ်ယူခွင့်လျှောက်ထားပါက ၊ သက်ဆိုင်ရာ အလုပ်ရှာဖွေရေးဆင်တာ (고용센터) ကနေပြီး ၊ လျှောက်ထားတဲ့ အလုပ်သမား အရေအတွက် ရဲ့ ၃ ဆသော လုပ်သားလောင်းများအမည်စာရင်းကို ချပြပါတယ် ။ အလုပ်ရှင်ဟာ ဆင်တာကို တိုက်ရိုက်သွားရောက်၍ ဖြစ်စေ ၊ အောန်လိုင်းမှ တစ်ဆင့်ဖြစ်စေ လျှောက်ထား နိုင်ပါတယ် ။ ဆင်တာမှ ချပြသော လုပ်သားလောင်းများအနက် မိမိနှစ်သက်ရာ အလုပ်သမားလောင်းကို ရွေးချယ်ခြင်းဖြင့် ၊ အလုပ်သမားငှားရမ်းခွင့်ရရှိမှာဖြစ်ပါတယ် ။
ယခင်က အများဆုံး ၁ နှစ်အထိသာ ငှားရမ်း ခွင့်ရှိသော်လည်း ၊ ၂၀၁၀-ဧပြီ-၁၀ မှ စတင်ပြီး ၂ဖက်သဘောတူပါက ပြည်ဝင်သည်မှ ၃ နှစ်ထိ ငှားရမ်းခွင့်ပေးထားပါတယ် ။
၄။ အလုပ်စာချုပ် (အကြမ်း) ချုပ်ဆိုခြင်း
နိုင်ငံခြားသားအလုပ်သမားငှားရမ်းခွင့်ရရှိတဲ့ အလုပ်ရှင်ဟာ စံပြုအလုပ်စာချုပ်(표준근로계약서) ပုံစံကိုဖြည့်စွက် (အဆိုပြုစာချုပ်ချုပ်) ပြီးတင်ပြရပါတယ် ။ အဲသည်စာချုပ်(အကြမ်း)ကို ကိုရီးယား လူ့အရင်းအဖြစ်ဖွံ့ဖြိုးရေးဌာန(한국산업인력공단:HRD) မှ တစ်ဆင့် သက်ဆိုင်ရာ နိုင်ငံအလုပ်သမားဝန်ကြီးဌာန (ပြည်ပအလုပ်အကိုင်အေဂျင်စီ) သို့ ပို့ဆောင်ပါတယ် ။ ပြည်ပအလုပ်အကိုင်အေဂျင်စီက သက်ဆိုင်ရာ အလုပ်သမားကို အကြောင်းကြားပြီး စာချုပ်ချုပ်ဆိုဖို့ ကူညီဆောင်ရွက်ပေးရပါတယ် ။ စံပြုအလုပ်စာချုပ်မှာ သက်ဆိုင်ရာ အလုပ်သမားက လက်မှတ်ရေးထိုးပြီးပါက ၄င်းစာချုပ်ကို လာရာလမ်းကြောင်းအတိုင်း သက်ဆိုင်ရာ အလုပ်ရှင်ထံပြန်လည်ပို့ဆောင်ရပါတယ် ။ အလုပ်ရှင်အလုပ်သမား သဘောတူညီမှုမရလျင်ဖြစ်စေ ၊ အလုပ်သမားဖက်မှ ပြင်ဆင်ရန် အချက်အလက် တစ်ခုခုရှိလျင်ဖြစ်စေ ၊ ကိုရီးယားလူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနအနေဖြင့် အလုပ်ရှင်၏ သဘောတူညီချက်ကို ရယူပြီး အတည်ပြုပေးရပါတယ်။
၅။ ဗီဇာ(ထုတ်ပေးရန်) သက်သေခံလက်မှတ်လျှောက်ထားရယူခြင်း
ကိုရီးယားအလုပ်ရှင်သည် အလုပ်သမားလောင်းက လက်မှတ်ရေးထိုးပြီး ပြန်ပို့လာသော စံပြုအလုပ်စာချုပ် (ပြန်လည်) ရရှိပါက ၊ အိပ်ခ်ျအာရ်ဒီမှတစ်ဆင့်ဖြစ်စေ မိမိကိုယ်တိုင်ဖြစ်စေ ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနတွင် အလုပ်သမားအတွက် ဗီဇာ(ထုတ်ပေးရန်)လက်မှတ် (사증발급인정서:CCVI) ကိုလျှောက်ထား ရယူပြီး ၊ သက်ဆိုင်ရာ အလုပ်သမားထံသို့ သတ်မှတ် လမ်းကြောင်းအတိုင်း ပို့ဆောင်ပေးရပါသည် ။
၆။ နိုင်ငံခြားသားအလုပ်သမားရောက်ရှိခြင်းနှင့် သင်တန်းတက်စေရခြင်း
သက်ဆိုင်ရာ အလုပ်သမားသည် သက်ဆိုင်ရာ ပြည်ပအလုပ်သမားအေဂျင်စီ၏ ဦးဆောင်လမ်း ညွှန်မှုဖြင့် ၊ ဗီဇာလက်မှတ်ကို အထောက်အထားပြု၍ ဆိုင်ရာ ကိုရီးယားနိုင်ငံသံရုံးတွင် အလုပ်ဗီဇာ (비전문취업 E-9) လျှောက်ထားရယူခြင်း ၊ ကိုရီးယားသို့ အင်ချောန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် ဝင်ရောက်ခြင်း ၊ အလုပ်အကိုင်လေ့ကျင့်ရေးဌာနတွင် နာရီ ၂၀ သင်တန်း တက်ရောက်ပြီးပါက ၊ အလုပ်လုပ်ကိုင်ရန် ကျန်းမာရေးနှင့် မညီသူ မဟုတ်လျင် ၊ သက်ဆိုင်ရာ အလုပ်ရှင်ထံ လွဲပြောင်း ပေးအပ်ပါတယ် ။
၇။ အလုပ်ခိုင်းစေခြင်း ၊ ဗီဇာ(နေထိုင်ခွင့်) လျှောက်ထားပေးခြင်း
အလုပ်ခွင်ကိုရောက်လာပြီဆိုရင်တော့ ၊ အလုပ်ခိုင်းစေရုံပါပဲ ။ ကိုရီးယားနိုင်ငံအတွင်း ရက်ပေါင်း ၉၀ ထက်ကျော်လွန်ပြီး နေထိုင်မည့် နိုင်ငံခြားသားတစ်ဦးဦးဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၃၁ (출입국관리법 제 31 조) အရ ရက် ၉၀ အတွင်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးမှာ နိုင်ငံခြားသားအဖြစ် မှတ်ပုံတင်ရမှာဖြစ်ပါတယ် ။ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့် လျှောက်ထားသူသို့ နိုင်ငံခြားသားမှတ်ပုံတင်ကတ်(외국인등록증:Alien Registration Card) ထုတ်ပေးမှာဖြစ်ပါတယ် ။ နိုင်ငံခြားသားမှတ်ပုံတင်ကတ်မှာ နေထိုင်ခွင့်ကာလကိုပါ သတ်မှတ်ပေး လိုက်တာ ဖြစ်ပါတယ် ။ အဲသည်သတ်မှတ်ပေးချက်ဟာ မူလဗီဇာ (နိုင်ငံကူးလက်မှတ်ပါ နေထိုင်ခွင့်ကာလ)နှင့် ကွဲလွဲနိုင်တာကို သတိပြုဖို့လိုပါမယ် ။
အထက်အပိုဒ် ၄ ကိုကြည့်မယ်ဆိုရင် ကိုရီးယား အလုပ်ရှင်က တောင်းဆို လျှောက်ထားတဲ့ အခါမှာ ၊ ကိုရီးယား အလုပ်ရှာဖွေရေးဆင်တာ အနေဖြင့် အလုပ်ရှင်က စိတ်ကြိုက် မဟုတ်တောင် နည်းနည်း ရွေးချယ်ခွင့်ရှိစေဖို့ အလုပ်ရှင်က တောင်းဆိုထားတဲ့ အလုပ်သမားဦးရေ ရဲ့ ၃ ဆကို ချပြပေးရပါတယ် ။ အဲသည် ၃ ဆသော အလုပ်သမားစာရင်းထဲကမှ ၁ ဆကို ရွေးချယ်ယူရတာကို သတိပြုကြစေချင်ပါတယ် ။ အဓိပ္ပါယ်ကတော့ စာမေးပွဲအောင်သူ ၃ ယောက်ထဲက ၁ ယောက်ပဲ ရွေးမယ်ဆိုတဲ့သဘောပါပဲ ။ တစ်နည်းအားဖြင့် စာမေးပွဲအောင်သူ ၃ ယောက်မှာ ၂ ယောက်ကတော့ အဖယ်ခံရမယ့်သဘောပါ ။
ခုနောက်ပိုင်း အလုပ်သမားခေါ်ယူရမယ့်ကာလကို သတ်မှတ်ပြီး တစ်ပြိုက်နက်တည်း လျှောက်ကြရတာကိုပါ ထည့်တွက်ကြဖို့ပါ။ အလုပ်ခေါ်ရာသီတစ်ခုမှာ တစ်ကြိမ်သာ အရွေးခံရမှာ ဖြစ်ပြီး သည် ရာသီမှာ အရွေးမခံရတဲ့ ၂ ယောက်ကတော့ နောက်အလုပ်ခေါ်ရာသီထိ စောင့်ရပါလိမ့်မယ် ။
နောက်ပြီး ကိုရီးယားအလုပ်ရှင်တွေ အလုပ်သမားခေါ်ယူတာဟာ မြန်မာ တစ်နိုင်ငံတည်းက မဟုတ်ဘူး ၊ အခြား ၁၅နိုင်ငံရှိနေပါသေးတယ် ။ အခြားသော အလုပ်သမား ခေါ်ယူမှုစံနစ် တွေလည်း ရှိနေသေးတယ်ဆိုတာရယ် ၊ အလုပ်ရှင်အနေဖြင့် မြန်မာ မဟုတ်ဘဲ အခြားသော နိုင်ငံခြားသားများကိုလည်း စိတ်ကြိုက်ရွေးချယ်ခွင့်ရှိနေတယ်ဆိုတာကိုလည်း သတိပြုကြစေချင်ပါတယ် ။
နောက်ပြီး အီးပီစနစ်မှာ နိုင်ငံအလိုက်ခွဲတမ်း ပုံသေ သတ်သတ်မှတ်မှတ်ပေးမထားပါဘူး ။ ကိုရီးယားအလုပ်ရှင်တွေက များများကြိုက်တဲ့ နိုင်ငံသားတွေကို များများ ရွေးခေါ်ပါလိမ့်မယ် ။ ကိုရီးယားအလုပ်အကိုင်ထောက်ပံ့ရေးဌာနအနေဖြင့် အလုပ်ရှင်များကို မေတ္တာရပ်ခံ တိုက်တွန်းရုံမှ တစ်ပါး အမိန့်ပေး ညွှန်ကြားပြီး ရွေးချယ်စေခွင့်မရှိသလို ၊ ဘယ်သူကို ရွေးပါဆိုပြီး ချပြပေးလို့မရပါဘူး ။ ကွန်ပြုတာမှာ ရမ်ဒမ်(ကျဘမ်း) စနစ်ဖြင့် ပေါ်ချင်သလို ပေါ်လာတဲ့ သူတွေကိုပဲ ချပြပေးတယ်ဆိုတာကိုလည်း ဂရုပြုကြစေလိုပါတယ် ။
****
အလုပ်ဝင် သင်တန်း တက်ရောက်ခြင် း
ကိုးရီးယားသို့ ရောက်ရှိပြီး ၊ အလုပ်သမားရေးရာ သင်တန်းကျောင်း (취업교육기관) မှာ အလုပ်သမားရေးရာ သင်တန်း (사전교육) ကို အနည်းဆုံး နာရီ ၂ဝ တက်ရောက်ရမှာ ဖြစ်ပါတယ် ။
အဆိုပါ သင်တန်းကို ကိုရီးယား အလုပ်သမားရေးရာ ဝန်ကြီးဌာန ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး ဌာန (한국산업인력공단) နှင့် သက်ဆိုင်ရာ ( HRD, Labor, Foreing Affair, Culture etc.) တို့က ညှိနှိုင်းပို့ချမှာ ဖြစ်ပါတယ် ။ သင်တန်း စရိတ်ကို အလုပ်ရှင်က ကျခံရမှာ ဖြစ်ပါတယ် ။ သင်တန်း မတက်မှီ အလုပ်ခွင် လုံခြုံရေးနှင့် ကျန်းမာရေး အက်ဥပဒေ (산업안전보건법) အရ ကျန်းမာရေး ဆေးစစ်ခံရမှာ ဖြစ်ပါတယ် ။ ဆေးမအောင်လျင် ပြည်ပြန်ပို့ခံရမှာ ဖြစ်ပါတယ် ။ ( ပြန်ပို့ခံရဖူးသော ဖြစ်စဉ်များ ရှိပါတယ် ။ တကယ် မကျန်းမာသူများ လျှောက်ထားရန် မသင့်ပါ ။ ) သင်တန်းပြီးလျင် သင်တန်းဌာနမှ မူလ အလုပ်ရှင်ထံ ပြန်လည် လွဲအပ်မှာ ဖြစ်ပါတယ် ။
*****
အီးပီအက်စ် လုပ်သားလောင်းများ လိုအပ်သည့် အရည်အချင်း
တောင်ကိုရီးယားတွင် အလုပ်လျှောက်ထားလိုသည့် လုပ်သားလောင်းများအနေဖြင့် အောက်ပါ အချက်အလက်များနှင့် ညီညွတ်စေရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားပါတယ် -
- အသက် ၁၈ နှစ် ပြည့်ပြီးသူဖြစ်စေရခြင်း ၊ ( အများဆုံး အသက်ကန့်သတ်ချက်အနေဖြင့် အချို့နိုင်ငံက ၃၈ နှစ် ဖြစ်ပြီး ၊ အချို့နိုင်ငံ ၄၀ နှစ် ဖြစ်ကြောင်း တွေ့ရပါတယ် ။ နှစ် နိုင်ငံအစိုးရ သဘောတူထားသော နားလည်မှု စာချွန်လွှာပါ သတ်မှတ်ချက်အတိုင်း ဖြစ်ပါမည် ။)
- သက်တမ်းမကုန်သေးသော နိုင်ငံကူးလက်မှတ် ရှိစေရခြင်း ၊
- ပြစ်မှုကင်းရှင်းသူဖြစ်စေရခြင်း ၊ (အထူးသဖြင့် ကိုရီးယားနိုင်ငံတွင် တရားမ၀င် နေထိုင်ဖူးသူများ ကိုရီးယားပြည်အ၀င်၌ ကွန်ပြူတာမှတ်တမ်းအရ ၊ ပြည်၀င်ခွင့် တားမြစ်ခြင်း ခံရပါမည် ။)
- ကိုရီးယားစကားပြော အရည်အချင်းစစ်စာမေးပွဲ (한국어능력시험) အောင်မြင်ပြီးသူဖြစ်စေရခြင်း ၊ ( ကိုရီးယား စကားပြော အရည်အချင်းစစ် စာမေးပွဲကို ၂၀၀၅ ခုနှစ်မှ အစပြုလျက် သတ်မှတ် ပြဋ္ဌာန်း ထားပြီး ဖြစ်ပါသည် ။ စာမေးပွဲ၀င်ကြေးမှာ အမေရိကန်ဒေါ်လာ ၂၄ ဖြစ်ပါသည် ။ စာမေးပွဲ မအောင်သူများ လျှောက်ထားခွင့် ရှိမည် မဟုတ်ပါ ။ )
- ကျန်းမာ သန်စွမ်းသူ ဖြစ်စေရခြင်း ( ကိုယ်ရော စိတ်ပါ ရောဂါကင်းရှင်းသူဖြစ်စေရခြင်း ။)
- အမှတ်ပေးစနစ်ဖြင့်အလုပ်ခန့်ထားသည့်စနစ်(Recruitment Point System) စာမေးပွဲ အောင်မြင်သူဖြစ်ရမည် ။
****
အမှတ်ပေးစနစ်ဖြင့်အလုပ်ခန့်ထားသည့်စနစ်(Recruitment Point System)တွင် အောက်ပါ အဆင့် ၃ ဆင့် ပါဝင်ပါသည် -
- ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) အောင်မြင်ရခြင်း။
- ကျွမ်းကျင် သန်စွမ်းမှု စစ်ဆေးခြင်း(Skill Test) အောင်မြင်ရခြင်း။
- လုပ်ကိုင်နိုင်မှုစွမ်းရည်စစ်ဆေးခြင်း (Competency Test) အောင်မြင်ရခြင်း ။
*********
အကြိုသင်တန်းများတက်ရောက်ရခြင်း
လုပ်သားလောင်းများဟာ ကိုရီးယား အလုပ်သမား၀န်ကြီးဌာနနှင့် အလုပ်သမားစေလွတ်မည့် သက်ဆိုင်ရာ နိုင်ငံ အစိုးရတို့၏ ညှိနှိုင်းမှုဖြင့် စီစဉ်ပို့ချမည့် အကြိုပညာပေးသင်တန်းများ (사전취업교육) ကိုတက်ရောက်သင်ကြားရမှာဖြစ်ပါတယ် ။ အဲသည် သင်တန်းအစီအစဉ်ကို မူလက နာရီပေါင်း ၁၅၀ သတ်မှတ်ထားပါတယ် ။ ၂၀၀၅ ခုနှစ် မှာတော့ ကိုရီးယား စကားကျွမ်းကျင်မှု သင်တန်း တိုးလာတဲ့အတွက် သင်တန်းချိန်ကို ၈၅ နာရီသို့ လျှော့လိုက်ပါတယ် ။ သင်တန်းမှာ ကိုရီးယားစကားပြော ၊ ကိုရီးယားယဉ်ကျေးမှု ၊ အီးပီအက်စ် အကြောင်း သိကောင်းစရာ ၊ လုပ်ငန်းခွင် လုံခြုံရေး နှင့် ထိခိုက်မှု အန္တရာယ်ကာကွယ်ရေး စသည်တို့ပါဝင်မှာ ဖြစ်ပါတယ် ။
လျှောက်ထား ခေါ်ယူမည့် နည်းစဉ်များ
နိုင်ငံခြားအလုပ်သမား အသုံးပြုလိုသည့် ကိုရီးယားလုပ်ငန်းရှင်များအနေဖြင့် ၊ မိမိလုပ်ငန်းတွင် အလုပ်သမားများ အလိုရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ၏ အလုပ်အကိုင် ရှာဖွေရေးဌာန (고용센터) မှတစ်ဆင့် ၊ ကိုရီးယားအလုပ်သမားများအား အနည်းဆုံး ၇ ရက် ဦးစားပေး ရှာဖွေကြရပါမယ် ။ ၄င်းနောက် လျှောက်ထားသော ကိုရီးယားများ မရှိသည့်အခါမှသာ နိုင်ငံခြားသား အလုပ်သမား ခေါ်ယူလိုကြောင်း ကိုရီးယား လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာန (한국산업인력공단) ထံသို့ ၃ ရက်အတွင်း လျှောက်ထားရပါမယ် ။ နိုင်ငံခြားသား အလုပ်သမားခေါ်ယူလိုကြောင်း စတင်လျှောက်ထားသည့် နေ့မှ ၃ လအတွင်း ရွေးချယ် ခေါ်ယူနိုင်ရပါမယ် ။ ( ၃ လအတွင်း မခေါ်ယူနိုင်လျင် အစမှပြန်ပြီး လျှောက်ထား ကြရမှာ ဖြစ်ပါတယ် ။ ) မိမိခေါ်ယူလိုသည့် အလုပ်သမားနှင့် ၃ လအတွင်း အလုပ်စာချုပ် (근로계약) ချုပ်ဆိုနိုင်ရပါမယ် ။
ကိုရီးယား လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာန ဟာ အီးပီအက်စ် စနစ်အရ နိုင်ငံခြားသား အလုပ်သမားများကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရေး အတွက်ကူညီ ပံ့ပိုးပေးလျက်ရှိပြီး ၊ ပြည်တွင်း အလုပ်သမားများ၏ အလုပ်အကိုင်များကိုလည်း ကာကွယ်စောင်ရှာက်မှုပေးကာ ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအသင်း မှ အလုပ်သမားများ လိုအပ်နေသော ပြဿနာကို ဖြေရှင်း ပေးသွားပါမယ်လို့ ကြေညာထားပါတယ် ။ ကိုရီးယား လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာန အနေဖြင့် နိုင်ငံခြားသား အလုပ်သမားအလိုရှိကြောင်း လျှောက်ထားခြင်း ၊ အလုပ်သမားခေါ်ယူခွင့် သက်သေခံလက်မှတ် ထုတ်ပေးခြင်း တို့အတွက် တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ် ။
အလုပ်သမားစေလွတ်မည့် နိုင်ငံ အစိုးရ အနေဖြင့် ထိုနိုင်ငံသားများအနက် ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်လိုသူများ အမည်စာရင်းကို ပြုစု၍ နားလည်မှု စာချွန်လွှာအရ သဘောတူ သတ်မှတ်ထားသော အဖွဲ့အစည်း (송출기관) မှတစ်ဆင့် ကိုရီးယား အစိုးရထံ ပေးပို့ရမှာ ဖြစ်ပါတယ် ။ ကိုရီးယား အစိုးရ (ကိုရီးယားလူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန) အနေဖြင့် နိုင်ငံခြားသား အလုပ်သမားများအမည်စာရင်းကို ကွန်ပျူတာဖြင့် မှတ်ပုံတင် တန်းစီပေးထားမှာ ဖြစ်ပါတယ် ။
အလုပ်သမားအလိုရှိပြီး ၊ နိုင်ငံခြားသား အလုပ်သမား ငှားရမ်းခွင့်ရရှိထားတဲ့ ကိုရီးယားလုပ်ငန်းရှင်များက အလုပ်သမားတောင်းဆိုလာတဲ့အခါမှာ ၊ ကိုရီးယား လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနဟာ တန်းစီထားသော လုပ်သားလောင်းအမည်စာရင်းများမှ ကျဘမ်းစနစ်ဖြင့် ရွေးချယ်ပြီး ၊ ကိုရီးယား လုပ်ငန်းရှင်များက လျှောက်ထားသော လုပ်သားဦးရေ ၃ ဆကို ချပေးပြီး ရွေးချယ်စေမှာ ဖြစ်ပါတယ် ။ လုပ်ငန်းရှင်များဟာ အဆိုပါ လုပ်သားလောင်း စာရင်းများကို ကြည့်ရှုပြီး မိမိကြိုက်နှစ်သက်ရာ ရွေးချယ်ခွင့်ရှိမှာ ဖြစ်ပါတယ် ။ ကြိုက်နှစ်သက်သူတွေ့လျင် အလုပ်စာ ချုပ် ချုပ်ဆိုရမှာ ဖြစ်ပါတယ် ။
ဗီဇာထုတ်ပေးရန် သက်သေခံလက်မှတ်
နိုင်ငံခြားသား အလုပ်သမားနှင့် အလုပ်စာချုပ် ချုပ်ပြီးသော သက်ဆိုင်ရာ ကိုရီးယား လုပ်ငန်းရှင်ဟာ သက်ဆိုင်ရာ လူ၀င်မှုကြီးကြပ်ရေးရုံးမှာ ဗီဇာထုတ်ပေးရန် သက်သေခံလက်မှတ် (사증발급증명서) ကို လျှောက်ထားရယူပြီး ၊ သက်ဆိုင်ရာ အလုပ်သမားထံ ပေးပို့ရမှာ ဖြစ်ပါတယ် ။ ၄င်းနောက် သက်ဆိုင်ရာ အလုပ်သမားဟာ သက်ဆိုင်ရာ ကိုရီးယားသံရုံးမှာ ပြဋ္ဌာန်းထားသော နည်းလမ်းများ အတိုင်း ကိုရီးယားပြည်ဝင်ဗီဇာကို လျှောက်ထားရယူပြီး ၊ ပြည်ဝင်ကိစ္စများကို ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ် ။
ရရှိမည့် ဗီဇာ အ မျိုးအစားမှာ အသက်မွေးဝမ်းကျောင်းပညာရှင် မဟုတ်သော အလုပ်ဗီဇာ (비전문취업 체류자격 E-9 ) ဖြစ်ပြီး ၊ သက်တမ်းမှာ ၁ နှစ်ဖြစ်ပါတယ် ။ အီးနိုင်းဗီဇာကို အများဆုံး သက်တမ်း ၃ နှစ်အထိ ခွင့်ပြုထားပါတယ် ။ ၁ နှစ်ပြီး ၁ နှစ် သက်တမ်းတိုးသွားရမှာ ဖြစ်ပါတယ် ။ စာချုပ်သက်တမ်းအရ တစ်ခါတည်း ၃ နှစ်ဗီဇာ ပေးလိုက်သည်များလည်း ရှိပါတယ် ။ သက်တမ်း တိုးသည့်အခါတိုင်း အလုပ်စာချုပ်အသစ် တင်ပြဖို့ လိုအပ်မှာ ဖြစ်ပါတယ် ။ ဗီဇာရဲ့ သက်တမ်းကိုတော့ ကိုရီးယား သို့စတင် ရောက်ရှိတဲ့ နေ့ မှ စပြီး ရေတွက်မှာ ဖြစ်ပါတယ် ။
အလုပ်ဝင် သင်တန်း တက်ရောက်ခြင်း
ကိုးရီးယားသို့ ရောက်ရှိပြီး ၁၅ ရက်အတွင်း အလုပ်သမားရေးရာ သင်တန်းကျောင်း (연수원) မှာ အလုပ်သမားရေးရာ သင်တန်း (사전취업교육:Pre-employment Training) ကို အနည်းဆုံး နာရီ ၂၀ တက်ရောက်ရမှာ ဖြစ်ပါတယ် ။
အဆိုပါ သင်တန်းကို ကိုရီးယား အလုပ်သမားရေးရာ ဝန်ကြီးဌာန ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ဌာန (한국산업인력공단: Human Resources Development Service of Korea) နှင့် သက်ဆိုင်ရာ တို့က ညှိနှိုင်း ပို့ချမှာ ဖြစ်ပါတယ် ။ သင်တန်း စရိတ်ကို အလုပ်ရှင်က ကျခံရမှာ ဖြစ်ပါတယ် ။ သင်တန်း မတက်မှီ အလုပ်ခွင် လုံခြုံရေး နှင့် ကျန်းမာရေး အက်ဥပဒေအရ ကျန်းမာရေး ဆေးစစ်ခံရမှာ ပါ ။ ဆေးမအောင်လျင် ပြည်ပြန်ပို့ခံရမှာ ဖြစ်ပါတယ် ။ သင်တန်းပြီးလျင် သင်တန်းဌာနမှ မူလ အလုပ်ရှင်ထံ ပြန်လည် လွဲအပ်မှာ ဖြစ်ပါတယ် ။
******
မှတ်စု
အီးပီလုပ်သားလောင်းများ စာမေးပွဲအောင်မြင်သည်မှ အလုပ်ဝင်သည်အထိ အဆင့် ၁၁ ဆင့်
၁။ အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားသည့် အရည်အချင်းစစ်စာမေးပွဲအောင်မြင်ရခြင်း
၂။ အလုပ်လျှောက်လွှာအမည်စာရင်းပေးပို့ခြင်း
၃။ အလုပ်လျှောက်လွှာအမည်စာရင်း လက်ခံခြင်း
၄။ လုပ်သားခေါ်ယူခွင့်ပြုခြင်း (အလုပ်ခေါ်စာရရှိခြင်း)
၅။ အလုပ်စာချုပ်ပေးပို့လာခြင်း
၆။ အလုပ်စာချုပ် လက်မှတ်ထိုးခြင်း
၇။ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရန်ခွင့်ပြုချက်ရရှိခြင်း
၈။ ကိုရီးယားသို့ ဝင်ရောက်ရမည့်နေ့ရက်(ခန့်မှန်း)ရရှိခြင်း
၉။ အမှန်တကယ်ဝင်ရောက်ရမည့်နေ့ရက် ထုတ်ပြန်ကြေညာခြင်း
၁၀။ လုပ်ငန်းခွင်သင်တန်းတက်ရောက်ခြင်း
၁၁။ လုပ်ငန်းခွင်သို့ ဝင်ရောက်ခြင်း
+++++

အားလုံး အဆင်ပြေကြပါစေ ။
မေတ္တာဖြင့်

Credit;

Address

Seoul

Website

Alerts

Be the first to know and let us send you an email when Easy Pay Ramit ကိုးရီးယား - မြန်မာ ငွေလွှဲဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share