Mie Mie - JB BANK Myanmar

Mie Mie - JB BANK Myanmar မြန်မာနိုင်ငံသားများ JBဘဏ်မှ ငွေကြေးဝန်ဆောင်မှု့ ရယူရန် 010-8325-2606 ကို ဆက်သွယ်နိုင်ပါတယ်ရှင်

😊
20/02/2026

😊

ကိုရီးယားရောက် မြန်မာသူငယ်ချင်းများအတွက် ဘဏ်ဝန်ဆောင်မှု သတင်းကောင်း! 🇰🇷🇲🇲ကိုရီးယားနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်နေရင်း...
06/02/2026

ကိုရီးယားရောက် မြန်မာသူငယ်ချင်းများအတွက် ဘဏ်ဝန်ဆောင်မှု သတင်းကောင်း! 🇰🇷🇲🇲

ကိုရီးယားနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်နေရင်း ဘဏ်အကောင့်ဖွင့်တာ၊ ငွေလွှဲတာတွေအတွက် အခက်အခဲရှိနေပါသလား? ဘာမှစိတ်ပူစရာမလိုတော့ဘူးနော်။

Jeonbuk Bank (Jeonju Foreign Financial Center) ရဲ့ မြန်မာဝန်ထမ်း ကိုယ်တိုင် ဘဏ်နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေကို မြန်မာလို လွယ်လွယ်ကူကူ ရှင်းပြပေးနေပါပြီ။

ℹ️ ဘဏ်ငွေကြေးဝန်ဆောင်မှု့ နဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ အထွေထွေအကြံပေးခြင်း (Banking Guidance)

ဘာသာစကားအခက်အခဲမရှိဘဲ စိတ်အေးချမ်းသာစွာနဲ့ ဝန်ဆောင်မှုရယူဖို့ အခုပဲ ဆက်သွယ်လိုက်ပါ။

📞 ဖုန်းနံပါတ်: 010-8325-2606

📍 နေရာ: Jeonbuk Bank, Jeonju Foreign Financial Center

[ကိုရီးယားရောက် E-9 လုပ်သားများအတွက် ကိုရီးယားစာ သင်ကြားမှုစနစ် အပြောင်းအလဲသတင်း] 🇰🇷💼ကိုရီးယားရောက် EPS လုပ်သားတွေ လုပ်င...
01/02/2026

[ကိုရီးယားရောက် E-9 လုပ်သားများအတွက် ကိုရီးယားစာ သင်ကြားမှုစနစ် အပြောင်းအလဲသတင်း] 🇰🇷💼

ကိုရီးယားရောက် EPS လုပ်သားတွေ လုပ်ငန်းခွင်မှာ ပိုမိုအဆင်ပြေစေဖို့နဲ့ မတော်တဆမှုတွေ ကင်းဝေးစေဖို့အတွက် 산업인력공단 (HRD Korea) ကနေ အရေးကြီးတဲ့ သုတေသန အစီရင်ခံစာတစ်ခု ထုတ်ပြန်လိုက်ပါတယ်။ 📝

လက်ရှိ အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ နောင်မှာ ပြောင်းလဲလာမယ့် သင်ကြားရေး အစီအစဉ်တွေကို အနှစ်ချုပ် ဖော်ပြပေးလိုက်ပါတယ်။

၁။ လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲများ 🤔❌

• စာမေးပွဲအတွက်ပဲ အဆင်ပြေနေခြင်း: EPS-TOPIK အောင်ပြီးသား ဖြစ်ပေမဲ့ လက်တွေ့ လုပ်ငန်းခွင်ထဲက ခိုင်းစေတဲ့ စကားလုံးတွေ၊ ကိရိယာ အမည်တွေနဲ့ ဘေးကင်းလုံခြုံရေး ဝေါဟာရတွေကို နားလည်ဖို့ ခက်ခဲနေကြပါတယ်။

• သင်ရိုးညွှန်းတမ်း လိုအပ်ချက်: လက်ရှိစာအုပ်တွေက ယေဘုယျဆန်လွန်းပြီး စက်ရုံ/စိုက်ပျိုးရေး/ဆောက်လုပ်ရေး စတဲ့ ကဏ္ဍအလိုက် သီးသန့်သုံးတဲ့ စကားလုံးတွေ ပါဝင်မှု နည်းနေပါတယ်။

• စကားပြော အားနည်းခြင်း: ဖတ်ခြင်း/နားထောင်ခြင်းကိုပဲ အလေးပေး စစ်ဆေးတဲ့အတွက် အလုပ်ရှင်နဲ့ စကားပြော ဆက်သွယ်ရာမှာ အခက်အခဲ ရှိနေပါတယ်။

၂။ ရှေ့ဆက် ပြောင်းလဲလာမယ့် အစီအစဉ်များ ✅🚀
• လက်တွေ့သုံး သင်ရိုးများ: စက်ရုံထဲမှာ တကယ်သုံးနေတဲ့ ဝေါဟာရတွေကို ဗဟိုပြုပြီး သင်ရိုးတွေ ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။

• ဘေးကင်းလုံခြုံရေး သင်တန်း: မတော်တဆမှုတွေ မဖြစ်အောင် အရေးပေါ် အခြေအနေ တုံ့ပြန်ပုံနဲ့ ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်တွေကို မဖြစ်မနေ သင်ယူရမှာပါ။ ⚠️

• Short-form Video များ: ဖုန်းနဲ့ အလွယ်တကူ ကြည့်လို့ရမယ့် ဗီဒီယိုတိုလေးတွေကတစ်ဆင့် လေ့လာနိုင်အောင် စီစဉ်ပေးပါမယ်။ 📱

• စကားပြောစာမေးပွဲ တိုးချဲ့ခြင်း: စကားပြောစွမ်းရည်ကို ပိုမိုအလေးပေး စစ်ဆေးလာမှာ ဖြစ်ပါတယ်။

• အဆင့်လိုက် သင်တန်းများ: ကိုရီးယား မလာခင်ကတည်းက စပြီး၊ ရောက်ပြီးနောက်ပိုင်းနဲ့ (Sungshil) သစ္စာရှိလုပ်သားတွေအတွက်ပါ အဆင့်မြင့် ကိုရီးယားစာ သင်တန်းတွေကို အဆက်မပြတ် ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

ကိုရီးယားမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားအားလုံး ဘေးကင်းပြီး အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ 🇲🇲🤝🇰🇷

မီမီ
010-8325-2606
JB Bank Jeonju

#ကိုရီးယားအလုပ်အကိုင် ုပ်သားများ #ကိုရီးယားဘာသာစကား

ကိုရီးယားမှာ နေထိုင်တဲ့အခါ "မသိလို့လုပ်မိတာပါ" ဆိုတဲ့ ဆင်ခြေက ဥပဒေမှာ အမြဲတမ်း အလုပ်မဖြစ်တတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ဗီ...
24/01/2026

ကိုရီးယားမှာ နေထိုင်တဲ့အခါ "မသိလို့လုပ်မိတာပါ" ဆိုတဲ့ ဆင်ခြေက ဥပဒေမှာ အမြဲတမ်း အလုပ်မဖြစ်တတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ဗီဇာကို မထိခိုက်စေဖို့နဲ့ ဒဏ်ငွေအမြောက်အမြား မဆောင်ရစေဖို့ သတိပြုရမယ့် ဥပဒေနဲ့ စည်းကမ်းများ ကို စုစည်းပေးလိုက်ပါတယ်ရှင်။

ကိုရီးယားမှာ ဗီဇာမပျက်အောင် မဖြစ်မနေ လိုက်နာရမယ့် ဥပဒေများ ⚖️🚨

၁။ အလုပ်နေရာ/ နေအိမ်လိပ်စာ ပြောင်းလဲမှုအား သတင်းမပို့ခြင်း (Failure to Report Change) 🏢

အလုပ်ရုံပြောင်းတဲ့အခါ ဒါမှမဟုတ် နေရပ်လိပ်စာ ပြောင်းတဲ့အခါ (၁၄) ရက်အတွင်း လူဝင်မှုကြီးကြပ်ရေး (Immigration) ကို သတင်းပို့ရပါမယ်။ ဒါကို ပျက်ကွက်ရင် ဒဏ်ငွေ ဝမ်သိန်းဂဏန်း ဆောင်ရရုံတင်မကဘဲ နောက်ပိုင်း ဗီဇာသက်တမ်းတိုးတဲ့အခါမှာပါ အခက်အခဲ ဖြစ်စေနိုင်ပါတယ်ရှင်။

၂။ အငှားယာဉ်မောင်းခြင်းနှင့် ပို့ဆောင်ရေးလုပ်ငန်း (Illegal Delivery/Driving) 🛵🚫

E-9 ဗီဇာ (သို့မဟုတ်) ကျောင်းသားဗီဇာနဲ့ နေထိုင်သူတွေဟာ အလုပ်ခန့်စာချုပ်ပါ အလုပ်ကလွဲပြီး ပြင်ပမှာ Baemin (စားသောက်ကုန်ပို့ဆောင်ခြင်း) ဒါမှမဟုတ် တရားမဝင် တက္ကစီမောင်းခြင်း တွေကို လုပ်ပိုင်ခွင့်မရှိပါဘူး။ အဖမ်းခံရရင် ဒဏ်ငွေအပြင် ပြည်နှင်ဒဏ် (Deportation) အထိ အရေးယူခံရနိုင်ပါတယ်ရှင်။

၃။ လောင်းကစားပြုလုပ်ခြင်း (Gambling) 🎰❌

ကိုရီးယားမှာ ကာစီနိုတွေ ရှိပေမဲ့ နိုင်ငံခြားသားတွေအနေနဲ့ အပျော်တမ်းကလွဲပြီး ငွေကြေးအမြောက်အမြားနဲ့ လောင်းကစားလုပ်တာ၊ အွန်လိုင်းလောင်းကစား (Online Game/Betting) လုပ်တာတွေဟာ တရားမဝင်ပါဘူး။ ရဲစခန်းမှာ လောင်းကစားမှုနဲ့ မှတ်တမ်းဝင်သွားရင် E-7-4 လိုမျိုး ကျွမ်းကျင်ဗီဇာ ပြောင်းဖို့ လုံးဝ မဖြစ်နိုင်တော့ပါဘူးရှင်။

၄။ ခိုက်ရန်ဖြစ်ပွားခြင်းနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း (Assault) 👊

အရက်သောက်ရင်းဖြစ်စေ၊ လမ်းမှာဖြစ်စေ ရန်ဖြစ်တဲ့အခါ ကိုယ့်ဘက်က အရင်စတာ မဟုတ်ရင်တောင် တစ်ဖက်လူကို ထိခိုက်အောင်လုပ်မိရင် "ကိုယ်ထိလက်ရောက်ကျူးလွန်မှု" နဲ့ အရေးယူခံရပါတယ်။ ကိုရီးယားမှာ ဒဏ်ငွေ ဝမ် ၃ သန်း ထက်ကျော်ရင် ဗီဇာသက်တမ်းတိုးပေးဖို့ ငြင်းဆိုခံရတတ်လို့ ဘယ်လိုအခြေအနေမျိုးမှာမဆို ရန်ပွဲတွေကို ရှောင်ကြဉ်ပါရှင်။

၅။ အခြားသူ၏ ID ကတ် သုံးစွဲခြင်း (Identity Theft) 🆔⚠️

သူငယ်ချင်းရဲ့ ID ကတ်ကို ငှားသုံးတာ၊ ဆေးရုံသွားရင် သူများနာမည်နဲ့ ပြတာမျိုးတွေဟာ ပြင်းထန်တဲ့ ရာဇဝတ်မှု ဖြစ်ပါတယ်။ အထူးသဖြင့် ဆေးဖိုးသက်သာအောင် သူများအာမခံကတ်ကို ယူသုံးမိရင် အာမခံလိမ်လည်မှုနဲ့ပါ အရေးယူခံရနိုင်လို့ ကိုယ့်ကတ်ကိုပဲ ကိုယ်တိုင် သုံးစွဲပါရှင်။

💡ကိုရီးယားမှာ ဥပဒေကြောင်းအရ အခက်အခဲ ကြုံလာရရင် သက်ဆိုင်ရာ တာဝန်ရှိသူများ ဒါမှမဟုတ် 1345 (Foreigner Information Center) ကို ဖုန်းဆက်ပြီး အကြံဉာဏ် တောင်းခံနိုင်ပါတယ်ရှင်။

မီမီ
010-8325-2606
JB Bank Jeonju

ကိုရီးယားရောက် မြန်မာလုပ်သားများအတွက် လစာကိစ္စနှင့် အလုပ်သမားအခွင့်အရေးများ မြန်မာလို တိုင်ပင်နိုင်ပြီ! 🇰🇷🇲🇲ကိုရီးယားမှာ...
10/01/2026

ကိုရီးယားရောက် မြန်မာလုပ်သားများအတွက် လစာကိစ္စနှင့် အလုပ်သမားအခွင့်အရေးများ မြန်မာလို တိုင်ပင်နိုင်ပြီ! 🇰🇷🇲🇲

ကိုရီးယားမှာ အလုပ်လုပ်ရင်း လုပ်အားခ မရတာ၊ အလုပ်ထုတ်ခံရတာ၊ ခွင့်ကိစ္စတွေနဲ့ ပတ်သက်ပြီး အခက်အခဲ ကြုံနေရပါသလား? ဘာသာစကား အခက်အခဲကြောင့် အားမငယ်ပါနဲ့တော့။

အလုပ်အကိုင်နှင့် အလုပ်သမားရေးရာ ဝန်ကြီးဌာန (MOEL) မှ “AI အလုပ်သမားဥပဒေ တိုင်ပင်ဆွေးနွေးမှု ဝန်ဆောင်မှု” ကို ဘာသာစကား ၃၄ မျိုး (မြန်မာဘာသာ အပါအဝင်) ဖြင့် စတင်လည်ပတ်နေပါပြီ။

✨ ဘယ်လိုအချက်တွေက ထူးခြားသလဲ?

• 🌐 မြန်မာဘာသာဖြင့် တိုင်ပင်နိုင်ခြင်း: ကိုရီးယားစကား ခက်ခဲနေသူများအတွက် မြန်မာလို မေးမြန်းနိုင်ပြီး AI မှ မြန်မာလို ပြန်လည်ဖြေကြားပေးပါတယ်။

• ⏰ ၂၄/၇ ဝန်ဆောင်မှု: နေ့ရောညပါ အချိန်မရွေး (PC/Mobile) နှစ်မျိုးလုံးဖြင့် အသုံးပြုနိုင်ပါတယ်။

• 🛡️ ယုံကြည်စိတ်ချရမှု: နောက်ဆုံးပေါ် အလုပ်သမားဥပဒေများ၊ တရားရုံးစီရင်ထုံးများနှင့် ဥပဒေအကြံပေး (Labor Attorneys) ၁၇၃ ဦး မှ စိစစ်ထားသော အချက်အလက်များပေါ် အခြေခံထားပါတယ်။

• 👤 လုံခြုံစိတ်ချရမှု: အကောင့်ဖွင့်စရာမလို၊ နာမည်ပေးစရာမလိုဘဲ အမည်မဖော် (Anonymous) ဘဲ တိုင်ပင်နိုင်လို့ ကိုယ်ရေးအချက်အလက်အတွက် စိတ်ပူစရာမလိုပါ။

💡 ဘယ်လိုအကြောင်းအရာတွေ မေးလို့ရလဲ?

• လုပ်အားခ မပေးချေခြင်း (Unpaid Wages)

• နှစ်စဉ်ခွင့် ခံစားခွင့် (Annual Leave)

• အလုပ်ထုတ်ခံရမှုအတွက် လျော်ကြေး (Dismissal Notice)

• အလုပ်သမား လျော်ကြေး (Severance Pay) နှင့် အခြား အလုပ်သမားဥပဒေဆိုင်ရာ အခွင့်အရေးများ။

📲 အသုံးပြုနည်း (အရမ်းလွယ်ကူပါတယ်)

၁။ အောက်ပါ Link သို့ တိုက်ရိုက်ဝင်ရောက်ပါ-

🔗 Website: https://ai.moel.go.kr

၂။ သို့မဟုတ် ပိုစတာ/လက်ကမ်းစာစောင်ရှိ QR Code ကို စကင်ဖတ်ပြီး ချက်ချင်း အသုံးပြုနိုင်ပါသည်။

📞 ထပ်မံအကူအညီလိုပါက
MOEL တိုင်ပင်ရေးစင်တာ 1350 (အခကြေးငွေရှိ)
ရုံးချိန် – 9:00 - 18:00

※ ဤသတင်းအချက်အလက်ကို မိမိနှင့် သိကျွမ်းသော ကိုရီးယားရောက် မြန်မာလုပ်သားများထံသို့ Share ပေးခြင်းဖြင့် ကူညီပေးကြပါရန် တိုက်တွန်းအပ်ပါသည်။ အခွင့်အရေး ဆုံးရှုံးမှုများမှ ကာကွယ်ကြပါစို့။

#မြန်မာလုပ်သား #အလုပ်သမားဥပဒေ #ကိုရီးယားရောက်မြန်မာများ #မြန်မာလုပ်သားအခွင့်အရေး

ကိုရီးယားမှာ အလုပ်ကြိုးစားနေကြတဲ့ မြန်မာမိတ်ဆွေများရှင်... ဒီရက်ပိုင်းမှာ  #ဘဏ်အကောင့်ပိတ်ခံရတဲ့ ပြဿနာတွေ အရမ်းများနေလို...
10/01/2026

ကိုရီးယားမှာ အလုပ်ကြိုးစားနေကြတဲ့ မြန်မာမိတ်ဆွေများရှင်... ဒီရက်ပိုင်းမှာ #ဘဏ်အကောင့်ပိတ်ခံရတဲ့ ပြဿနာတွေ အရမ်းများနေလို့ #전북은행 ဘဏ်ဝန်ထမ်းတစ်ဦးအနေနဲ့ အသေးစိတ် ရှင်းပြပေးချင်ပါတယ်ရှင်။

"ငါက ဘာမှမလုပ်ထားဘဲ၊ ဘယ်သူနဲ့မှလည်း ပြဿနာမရှိဘဲ ဘာလို့ အကောင့်ပိတ်ခံရတာလဲ?" ဆိုတဲ့ မေးခွန်းအတွက် အဖြေက ဒီမှာပါရှင်။

🚨 ၁။ ဘာကြောင့် အကောင့်အပိတ်ခံရတာလဲ? (အဓိက အကြောင်းရင်း ၃ ချက်)

က။ တိုင်ကြားသူရှိ၍ ပိတ်ခြင်း (Direct Report):

လိမ်လည်ခံရသူတစ်ဦးက သင့်အကောင့်ထဲကို ငွေလွှဲမိတယ်ဆိုပြီး ဘဏ်ကို တိုင်ကြားလိုက်တာပါ။ ဒါက Voice Phishing နဲ့ တိုက်ရိုက်ပတ်သက်သွားတာပါ။

ခ။ ဘဏ်စနစ် (FDS) မှ အလိုလိုပိတ်ခြင်း (System Auto-Block):

ဘယ်သူမှမတိုင်ပေမယ့် သင့်အကောင့်ရဲ့ ငွေအဝင်အထွက်က ပုံမှန်မဟုတ်ရင် (ဥပမာ - ငွေအများကြီး ရုတ်တရက်ဝင်လာတာ၊ ဝင်ပြီးချင်း အကုန်ပြန်ထုတ်တာ) ဘဏ်ရဲ့လုံခြုံရေးစနစ်က သံသယရှိလို့ ယာယီပိတ်လိုက်တာပါ။

ဂ။ ဆက်စပ်အကောင့်ဖြစ်ခြင်း (Chain Reaction):

ဒါက အဖြစ်အများဆုံးပါ။ သင့်ကို ငွေလွှဲပေးလိုက်တဲ့သူ (ဥပမာ - အပြင်က ငွေလဲပေးတဲ့သူ) ရဲ့ အကောင့်က Voice Phishing နဲ့ ပတ်သက်ပြီး ပိတ်ခံရရင်၊ အဲ့ဒီအကောင့်နဲ့ ဆက်စပ်နေတဲ့ သင့်အကောင့်ကိုပါ ဘဏ်စနစ်က လိုက်ပိတ်တာမျိုး ဖြစ်တတ်ပါတယ်ရှင်။

🔍 ဘယ်သူမှမတိုင်ဘဲ ဘာလို့ ပိတ်ခံရတာလဲ?

ကိုရီးယားဘဏ်တွေရဲ့ စနစ်မှာ FDS (Fraud Detection System) ဆိုတာ ရှိပါတယ်ရှင်။ ဘယ်သူကမှ လာမတိုင်ပေမယ့် အောက်ပါအချက်တွေနဲ့ ငြိရင် စနစ်က အလိုလို အကောင့်ကို လှမ်းပိတ်လိုက်တာပါ။

ပုံမှန်မဟုတ်တဲ့ ငွေအဝင်အထွက်:
ဥပမာ - အရင်က တစ်လကို ဝမ် ၁ သိန်း၊ ၂ သိန်းပဲ သုံးရာကနေ ရုတ်တရက် ဝမ် သိန်းချီ၊ သန်းချီ ဝင်လာတာမျိုး၊ ဒါမှမဟုတ် ငွေဝင်ပြီးတာနဲ့ ချက်ချင်း ATM ကနေ အကုန်ပြန်ထုတ်တာမျိုးဆိုရင် စနစ်က "ဒါဟာ ငွေခဝါချမှု (သို့) လိမ်လည်မှု ဖြစ်နိုင်တယ်" လို့ ယူဆပြီး ယာယီပိတ်လိုက်တာပါ။

ပတ်သက်နေတဲ့ အကောင့်များ (Chain Reaction):
သင့်ကို ငွေလွှဲပေးလိုက်တဲ့သူရဲ့ အကောင့်က Voice Phishing နဲ့ ပတ်သက်ပြီး ပိတ်ခံရရင်၊ အဲ့ဒီအကောင့်ကနေ ငွေစီးဆင်းသွားတဲ့ တခြားအကောင့်တွေကိုပါ ဘဏ်စနစ်က လိုက်ပိတ်တာမျိုး ရှိတတ်ပါတယ်ရှင်။ (ဒါကြောင့် ကိုယ်က ဘာမှမလုပ်ပေမယ့် ကိုယ့်ဆီ ငွေလွှဲတဲ့သူက ပြဿနာရှိရင် ကိုယ်ပါ ရောပါသွားတာပါ)။

အိုင်ပီ (IP Address) သံသယဖြစ်ဖွယ်ဖြစ်ခြင်း:
ကိုရီးယားပြင်ပ (သို့မဟုတ်) VPN အသုံးပြုပြီး App ထဲကို ခဏခဏ ဝင်တာမျိုး၊ ပုံမှန်မဟုတ်တဲ့ နေရာကနေ ငွေလွှဲတာမျိုးဆိုရင်လည်း လုံခြုံရေးအရ ပိတ်တတ်ပါတယ်။

❌ အယူအဆအမှား - “အချိန်ကြာသွားရင် အလိုလို ပြန်ပွင့်တယ်"

ဒါဟာ လုံးဝ (လုံးဝ) မဟုတ်ပါဘူးရှင်။ ဘာမှမလုပ်ဘဲ ငြိမ်နေရင် -
• ငွေများ ဆုံးရှုံးခြင်း: ၂ လအတွင်း ကန့်ကွက်လွှာ မတင်ရင် ငွေများဆုံးရှုံးနိိုင်ပါတယ်။ထို့ပြင်

• Blacklist အသွင်းခံရခြင်း: ငွေကြေးရာဇဝတ်မှုမှာ ပါဝင်ပတ်သက်သူအဖြစ် အမည်ပျက်စာရင်းဝင်သွားပြီး နောက်ပိုင်း ကိုရီးယားမှာ ဘဏ်လုပ်ငန်းနဲ့ ပတ်သတ်သော ဝန်ဆောင်မှု့တွေ လုံးဝ မရတော့ပါဘူး။

🛠️ ၂။ အပိတ်ခံရရင် ဘယ်လိုဖြေရှင်းရမလဲ?

စာတိုက်ကနေ အကြောင်းကြားစာ (지급정지/채권소멸) ရောက်လာရင် မကြောက်ပါနဲ့၊ အောက်ပါအတိုင်း အမြန်လုပ်ပါရှင်။

1. ဘဏ်ကို လူကိုယ်တိုင်သွားပါ: ID ကတ်ယူပြီး ဘဏ်ခွဲမှာ "ဘာကြောင့် ပိတ်တာလဲ" ဆိုတာ အရင်စစ်ဆေးပါ။ နစ်နာသူ တိုင်ကြားလို့ ပိတ်တာလား (지급정지)" ဒါမှမဟုတ် "စနစ်က လုံခြုံရေးအရ ယာယီပိတ်တာလား (사고신고/거래제한)" ဆိုတာကို အရင်ခွဲခြားပါ။

2. ကန့်ကွက်လွှာ တင်သွင်းပါ: သင်ဟာ အပြစ်မရှိဘူးဆိုရင် 2 လအတွင်း ဘဏ်မှာ "ကန့်ကွက်လွှာ (이의제기 신청서)" သွားတင်ရပါမယ်။ အကြောင်းရင်း မှန်ကန် ခိုင်လုံပါက သက်ဆိုင်ရာတာဝန်ရှိသူ ဘဏ်ဝန်ထမ်းက စစ်ဆေးပြီး ပြန်ဖွင့်ပေးပါလိမ့်မယ်။

3. အထောက်အထားပြပါ: အဲ့ဒီငွေတွေက ဘယ်ကရတာလဲဆိုတာ ရှင်းပြရပါမယ်။ (ဥပမာ - အလုပ်ရှင်က ပေးတဲ့လစာဆိုရင် အလုပ်စာချုပ်၊ ပစ္စည်းရောင်းရငွေဆိုရင် ရောင်းဝယ်မှုမှတ်တမ်း၊ Chat list)

🛡️ 3. အပိတ်မခံရအောင် ဘယ်လိုနေထိုင်ရမလဲ? (ကာကွယ်နည်း)

• ဘဏ်ကတ် လုံးဝ မငှားပါနဲ့: ဘယ်လောက်ရင်းနှီးတဲ့သူဖြစ်ဖြစ် ကိုယ့်အကောင့်ကို မငှါးပါနဲ့။

• တရားဝင်လမ်းကြောင်းမှသာ ငွေလဲပါ: အပြင်က အလွတ်တန်း ငွေလဲသူတွေဟာ လုံခြုံမှုမရှိတာကြောင့် တရားဝင် Remittance App တွေကိုပဲ သုံးပါ။

• မရင်းနှီးသူဆီက ငွေအဝင်ကို သတိထားပါ: ကိုယ့်အကောင့်ထဲ မသိတဲ့သူဆီက ငွေဝင်လာရင် အသုံးမပြုပါနဲ့။ ဘဏ်ကို ချက်ချင်း အကြောင်းကြားပါ။

💡အကောင့်ပိတ်ခံရတဲ့စာ ရောက်လာရင် ကြောက်ပြီး ငြိမ်မနေပါနဲ့ရှင်။ အချိန်မီ ဖြေရှင်းမှာသာ ငွေဆုံးရှုံးမှု့မဖြစ်မှာပါ။

ကိုရီးယားမှာ ရှိနေတဲ့ မြန်မာမိတ်ဆွေများအားလုံး စိတ်ချမ်းသာစွာနဲ့ အလုပ်လုပ်ကိုင်နိုင်ကြပါစေရှင်။ သိချင်တာရှိရင် Comment မှာ မေးခဲ့လို့ ရပါတယ်နော်။ 🙏🇲🇲🤝🇰🇷

မီမီ
010-8325-2606
JB Bank Jeonju

ကူးယူဖော်ပြခြင်း ခွင့်မပြုပါ။

⚠️ #ဘဏ်အကောင့်အပိတ်ခံရခြင်းနှင့် ပတ်သက်၍ သိထားသင့်သမျှ

#ဘဏ်

ကိုရီးယားမှာ နေထိုင်တဲ့အခါ "မသိလို့လုပ်မိတာပါ" ဆိုတဲ့ ဆင်ခြေက ဥပဒေမှာ အမြဲတမ်း အလုပ်မဖြစ်တတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ဗီ...
09/01/2026

ကိုရီးယားမှာ နေထိုင်တဲ့အခါ "မသိလို့လုပ်မိတာပါ" ဆိုတဲ့ ဆင်ခြေက ဥပဒေမှာ အမြဲတမ်း အလုပ်မဖြစ်တတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ဗီဇာကို မထိခိုက်စေဖို့နဲ့ ဒဏ်ငွေအမြောက်အမြား မဆောင်ရစေဖို့ ထပ်မံသတိပြုရမယ့် ဥပဒေနဲ့ စည်းကမ်းများ" ကို စုစည်းပေးလိုက်ပါတယ်ရှင်။

ကိုရီးယားမှာ ဗီဇာမပျက်အောင် မဖြစ်မနေ လိုက်နာရမယ့် ဥပဒေများ ⚖️🚨

၁။ အလုပ်နေရာ/ နေအိမ်လိပ်စာ ပြောင်းလဲမှုအား သတင်းမပို့ခြင်း (Failure to Report Change) 🏢

အလုပ်ရုံပြောင်းတဲ့အခါ ဒါမှမဟုတ် နေရပ်လိပ်စာ ပြောင်းတဲ့အခါ (၁၄) ရက်အတွင်း လူဝင်မှုကြီးကြပ်ရေး (Immigration) ကို သတင်းပို့ရပါမယ်။ ဒါကို ပျက်ကွက်ရင် ဒဏ်ငွေ ဝမ်သိန်းဂဏန်း ဆောင်ရရုံတင်မကဘဲ နောက်ပိုင်း ဗီဇာသက်တမ်းတိုးတဲ့အခါမှာပါ အခက်အခဲ ဖြစ်စေနိုင်ပါတယ်ရှင်။

၂။ အငှားယာဉ်မောင်းခြင်းနှင့် ပို့ဆောင်ရေးလုပ်ငန်း (Illegal Delivery/Driving) 🛵🚫

E-9 ဗီဇာ (သို့မဟုတ်) ကျောင်းသားဗီဇာနဲ့ နေထိုင်သူတွေဟာ အလုပ်ခန့်စာချုပ်ပါ အလုပ်ကလွဲပြီး ပြင်ပမှာ Baemin (စားသောက်ကုန်ပို့ဆောင်ခြင်း) ဒါမှမဟုတ် တရားမဝင် တက္ကစီမောင်းခြင်း တွေကို လုပ်ပိုင်ခွင့်မရှိပါဘူး။ အဖမ်းခံရရင် ဒဏ်ငွေအပြင် ပြည်နှင်ဒဏ် (Deportation) အထိ အရေးယူခံရနိုင်ပါတယ်ရှင်။

၃။ လောင်းကစားပြုလုပ်ခြင်း (Gambling) 🎰❌

ကိုရီးယားမှာ ကာစီနိုတွေ ရှိပေမဲ့ နိုင်ငံခြားသားတွေအနေနဲ့ အပျော်တမ်းကလွဲပြီး ငွေကြေးအမြောက်အမြားနဲ့ လောင်းကစားလုပ်တာ၊ အွန်လိုင်းလောင်းကစား (Online Game/Betting) လုပ်တာတွေဟာ တရားမဝင်ပါဘူး။ ရဲစခန်းမှာ လောင်းကစားမှုနဲ့ မှတ်တမ်းဝင်သွားရင် E-7-4 လိုမျိုး ကျွမ်းကျင်ဗီဇာ ပြောင်းဖို့ လုံးဝ မဖြစ်နိုင်တော့ပါဘူးရှင်။

၄။ ခိုက်ရန်ဖြစ်ပွားခြင်းနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း (Assault) 👊

အရက်သောက်ရင်းဖြစ်စေ၊ လမ်းမှာဖြစ်စေ ရန်ဖြစ်တဲ့အခါ ကိုယ့်ဘက်က အရင်စတာ မဟုတ်ရင်တောင် တစ်ဖက်လူကို ထိခိုက်အောင်လုပ်မိရင် "ကိုယ်ထိလက်ရောက်ကျူးလွန်မှု" နဲ့ အရေးယူခံရပါတယ်။ ကိုရီးယားမှာ ဒဏ်ငွေ ဝမ် ၃ သန်း ထက်ကျော်ရင် ဗီဇာသက်တမ်းတိုးပေးဖို့ ငြင်းဆိုခံရတတ်လို့ ဘယ်လိုအခြေအနေမျိုးမှာမဆို ရန်ပွဲတွေကို ရှောင်ကြဉ်ပါရှင်။

၅။ အခြားသူ၏ ID ကတ် သုံးစွဲခြင်း (Identity Theft) 🆔⚠️

သူငယ်ချင်းရဲ့ ID ကတ်ကို ငှားသုံးတာ၊ ဆေးရုံသွားရင် သူများနာမည်နဲ့ ပြတာမျိုးတွေဟာ ပြင်းထန်တဲ့ ရာဇဝတ်မှု ဖြစ်ပါတယ်။ အထူးသဖြင့် ဆေးဖိုးသက်သာအောင် သူများအာမခံကတ်ကို ယူသုံးမိရင် အာမခံလိမ်လည်မှုနဲ့ပါ အရေးယူခံရနိုင်လို့ ကိုယ့်ကတ်ကိုပဲ ကိုယ်တိုင် သုံးစွဲပါရှင်။

💡ကိုရီးယားမှာ ဥပဒေကြောင်းအရ အခက်အခဲ ကြုံလာရရင် သက်ဆိုင်ရာ တာဝန်ရှိသူများ ဒါမှမဟုတ် 1345 (Foreigner Information Center) ကို ဖုန်းဆက်ပြီး အကြံဉာဏ် တောင်းခံနိုင်ပါတယ်ရှင်။

မီမီ
010-8325-2606
JB Bank Jeonju

ကိုရီးယားမှာ ဘဏ်အကောင့်သုံးရင် မေ့ထားလို့မရတဲ့ "နောက်ထပ်" အရေးကြီးအချက်များ 🏦💡ကိုယ့်ရဲ့ အကောင့်ကို အမြဲတမ်း Active ဖြစ်န...
09/01/2026

ကိုရီးယားမှာ ဘဏ်အကောင့်သုံးရင် မေ့ထားလို့မရတဲ့ "နောက်ထပ်" အရေးကြီးအချက်များ 🏦💡

ကိုယ့်ရဲ့ အကောင့်ကို အမြဲတမ်း Active ဖြစ်နေစေဖို့နဲ့ ငွေကြေးစီမံရတာ လွယ်ကူစေဖို့ ဒါလေးတွေကိုလည်း သတိပြုပေးပါနော်။

၁။ အလုပ်ရှင်ပြောင်းရင် ဘဏ်ကို အကြောင်းကြားဖို့ လိုပါသလား? 🏢

အလုပ်ရုံပြောင်းလိုက်တဲ့အခါ ဘဏ်ကို မဖြစ်မနေ အကြောင်းကြားဖို့ မလိုပေမယ့် အလုပ်ရုံသစ်က လစာထည့်ပေးမယ့် ဘဏ်အကောင့်က တစ်ခြားဘဏ်ဖြစ်နေရင်တော့ အဲဒီဘဏ်မှာ အကောင့်အသစ်တစ်ခု ထပ်ဖွင့်ရတတ်ပါတယ်။ အဲဒီအခါမှာ အရင်ဘဏ်က အကောင့်ထဲက ငွေတွေကို ဘယ်လိုစီမံမလဲဆိုတာ ကြိုတင်စဉ်းစားထားပါရှင်။ အကောင့်တွေ အများကြီးဖြစ်နေရင် စီမံရခက်တတ်လို့ပါနော်။

၂။ ဘဏ်ကတ် သက်တမ်းကုန်ဆုံးခြင်း (Card Expiry) 💳

မိမိရဲ့ ATM ကတ် (Check Card) ပေါ်မှာ သက်တမ်းကုန်ဆုံးမယ့် ရက်စွဲ (ဥပမာ - 12/26) ပါရှိပါတယ်။ သက်တမ်းကုန်ခါနီးရင် ဘဏ်ကနေ ဖုန်းဆက်တာ ဒါမှမဟုတ် စာပို့တာမျိုး လုပ်တတ်ပါတယ်။ သက်တမ်းကုန်သွားရင် ငွေထုတ်လို့၊ ဝယ်လို့ မရတော့တာမို့ သက်တမ်းမကုန်ခင် ဘဏ်ကိုသွားပြီး ကတ်အသစ်လဲလှယ်ဖို့ သတိပြုပါရှင်။

၃။ ငွေလွှဲဖြတ်ပိုင်း (Transfer Receipt) ကို သိမ်းထားပါ 🧾

အိမ်ကို ငွေလွှဲတဲ့အခါမှာဖြစ်ဖြစ်၊ တစ်ဦးတစ်ယောက်ဆီ ငွေလွှဲတဲ့အခါမှာဖြစ်ဖြစ် ရလာတဲ့ အွန်လိုင်းဖြတ်ပိုင်း (Digital Receipt) ဒါမှမဟုတ် ATM က ထွက်လာတဲ့ စက္ကူဖြတ်ပိုင်းကို ဓာတ်ပုံရိုက်ပြီး သေချာသိမ်းထားပါ။ အကယ်၍ ငွေမရောက်တာ ဒါမှမဟုတ် အငြင်းပွားစရာ တစ်ခုခုရှိလာရင် ဒါဟာ အခိုင်မာဆုံး သက်သေပါပဲရှင်။

၄။ ပိတ်ရက်တွေမှာ ဘဏ်ဝန်ဆောင်မှု အကူအညီလိုရင်? 📞

တနင်္ဂနွေနေ့တွေမှာ အရေးပေါ် ဘဏ်ကတ်ပျောက်တာ ဒါမှမဟုတ် အကောင့် Lock ကျသွားတာမျိုး ဖြစ်ရင် ဘဏ်ရဲ့ 24/7 Call Center တွေကို ဖုန်းဆက်ပြီး ချက်ချင်း အကူအညီတောင်းလို့ ရပါတယ်။ သက်ဆိုင်ရာ နိုင်ငံအလိုက် ဘာသာစကားပြော ဝန်ဆောင်မှုတွေလည်း ရှိတာမို့ အားမနာဘဲ ဆက်သွယ်ပါရှင်။

၅။ အိမ်ပြန်ခါနီး အကောင့်ပိတ်ခြင်း (Account Closing) ✈️

ကိုရီးယားကနေ မြန်မာပြည်ကို အပြီးပြန်တော့မယ်ဆိုရင် အကောင့်ထဲက ငွေတွေကို အကုန်ထုတ်ယူပြီး အကောင့်ကို စနစ်တကျ ပိတ်သွားဖို့ အကြံပြုလိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အကောင့်ထဲမှာ ငွေတွေကျန်ခဲ့ရင် မြန်မာပြည်ကနေ ပြန်ထုတ်ဖို့ ခက်ခဲတတ်လို့ပါရှင်။

ဘဏ်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ပြည့်စုံနေရင် မောင်လေးတို့၊ အစ်ကိုတို့ရဲ့ ကိုရီးယားနေထိုင်မှု့ ဘဝက ပိုပြီး စိတ်အေးရမှာပါ။ JB Bank Jeonju မြန်မာတာဝန်ခံ အနေနဲ့ လူကြီးမင်းတို့ရဲ့ ငွေကြေးလုံခြုံမှုအတွက် အမြဲတမ်း အစွမ်းကုန် ကြိုးစားပေးနေမှာပါရှင်။ ❤️

မီမီ
010-8325-2606
JB Bank Jeonju



💡မောင်လေးတို့၊ အစ်ကိုတို့ရော ကိုရီးယားမှာ ဘဏ်ကတ် သက်တမ်းကုန်လို့ အသစ်လဲဖူးကြလား? လွယ်လား၊ ခက်လား ပြောပြခဲ့ဦးနော်
…..

Address

팔달로208 전붓은행 경원동 지점2층
Jeonju
54329

Website

Alerts

Be the first to know and let us send you an email when Mie Mie - JB BANK Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category